← Chapters

အခန်း (၈၅၃)

Vol. 58 Ch. 853

အခန်း (၈၅၃)

Vol. 58 Ch. 853

တောင်တစ်ရာတောတန်း၏ အတွင်းဘက်မှာတော့ လူသားနှင့်သားရဲများသည် ထိပ်တိုက် တိုက်ခိုက်လျက် ရှိနေကြ၏။ တိုက်ပွဲ၏ အခြေအနေသည် အလွန်တရာ ကြမ်းတမ်းလွန်း၏။ နှစ်ဘက်လုံးသည် ဘုရင်နှင့် အင်ပါယာအဆင့် တိုက်ခိုက်သူများပင် ဖြစ်ကြသည်။

ကံကောင်းစွာဖြင့် ချင်ပုတောင်နှင့် ချင်မိသားစုမှ ကျွမ်းကျင်သူများ အားလုံးသည် တောင်၏အပြင်ဘက်ဆီသို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်ဆိုသော်လည်း ဤမြင်ကွင်းကို ကိုယ်တိုင် မမြင်ရသော်လည်း အထဲတွင် ဖြစ်ပေါ်နေသော အခြေအနေများကို ဝိုးတဝါးတော့ ခန့်မှန်း၍ ရနေသည်။ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကိုတော့ သူတို့ သတိမပြုမိကြချေ။ အဘယ်ကြောင့် ဆိုသော် တိုက်ခိုက်မှု အရှိန်အဟုန်ကိုသာ မြင်နေရသောကြောင့်ဖြစ်၏။

ဟူး ဟူး ဟူး ….။

ချင်မိသားစုမှ လူများအားလုံးသည် ကိုယ်ကို ကွေးညွတ်၍ မောပန်းတကြီး အသက်ရှူနေကြသည်။ ၎င်းတို့ အားလုံးသည် ဤနေရာမှ လွတ်မြောက်လာသည့်အတွက် အလွန်ပင် ဝမ်းသာလျက်ရှိနေကြသည်။ ပြိုင်စံရှား ဂိုဏ်းသည် ၎င်းတို့ကို ကာကွယ်ရန်အတွက် ကျန်ရှိခဲ့သည်ဖြစ်ကြောင်းကို သူတို့ နားလည်ကြမိ၏။ ထို့ကြောင့် အလွန်တရာလည်း ကျေးဇူးတင်မိကြသည်။

“ညီလေး”

ချင်ပုတောင်သည် အပြင်ဘက်တွင် မတ်မတ်ရပ်ရင်း ဝမ်းနည်းတကြီးဖြင့် ပြောလိုက်၏။ “မင်းနဲ့ တပည့်တွေ လုံလုံခြုံခြုံနှင့် ပြန်ပြီးထွက်လာနိုင်ဖို့ မျှော်လင့်မိတယ်၊ တကယ်လို့ ဒဏ်ရာရသွားမယ်ဆိုရင် တောင် ကိစ္စမရှိဘူး၊ အကောင်းဆုံးသော သမားတော်တွေကို ငှားပြီးတော့ ကုသပေးမယ်၊ ကုန်ချင်သလောက် ကုန်ပါလေ့စေ”

အလွန်အားကောင်းလှသော စိတ်ဝိညာဉ်သားရဲပေါင်းများစွာနှင့် တိုက်ခိုက်နေရသည်ဖြစ်သည်မို့ ကျွင်းချောင်ရှောင်း အနေဖြင့် လုံလုံခြုံခြုံနှင့် အပြင်ဘက်သို့ ပြန်လည်ထွက်ခွာလာနိုင်မည်ဟု မထင်မှတ်မိချေ။ အချက်အလက်အားဖြင့် တောင်၏အတွင်းဘက်မှာတော့ ပြိုင်စံရှားဂိုဏ်းတပည့်များ အားလုံးသည် ငရဲပြည်မှ နတ်ဆိုးများကဲ့သို့ပင် တောင်တစ်ရာဘုရင်၏ နောက်လိုက်များကို သတ်ဖြတ်လျက်ရှိနေကြ၏။

ဘုန်း ဘုန်း …။

သိုင်းဘုရင်အဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော စိတ်ဝိညာဉ်သားရဲသည် မြေပေါ်သို့ လဲကျသွား၏။ သွေးနှင့် ခြေပြတ်၊ လက်ပြတ်များသည် နေရာအနှံ့တွင် ပြန့်ကျဲလျက်ရှိနေ၏။ လောကကြီးတစ်ခုလုံးသည် သားသတ်ရုံကဲ့သို့ပင် ပြောင်းလဲနေ၏။ သိုင်းဘုရင်အဆင့် စိတ်ဝိညာဉ်သားရဲများအားလုံးသည် ပြိုင်စံရှားဂိုဏ်းတပည့်များနှင့် ရင်ဆိုင်နေကြ၏။ သိုင်းအင်ပါယာအဆင့် စိတ်ဝိညာဉ်သားရဲများမှာတော့ ကျန့်ရာနှင့် တခြားသောသူများနှင့် တိုက်ခိုက် နေသည်။

အလယ်အလတ်အဆင့်ကိုး စိတ်ဝိညာဉ်သားရဲများမှာတော့ ငြိမ်ငြိမ်ဆိမ်ဆိမ် မနေရချေ။ အဘယ်ကြောင့်ဆိုသော် တင်းရှင်းဝမ်နှင့် ကုန်းစွန်းဟောင်ဟိုင်တို့သည် ၎င်းတို့၏ရှေ့မှနေ၍ ကြားဖြတ်ကာ ရှိရှိသမျှ အားလုံးကို တိုက်ခိုက်နေသောကြောင့်ဖြစ်သည်။ ပြိုင်စံရှားဂိုဏ်း၏ အားအကောင်းဆုံးသော တိုက်ခိုက်ရေးစွမ်းအင်များ သည် လှုပ်ရှားသက်ဝင်လာ၏။ ဤအချင်းအရာသည် ဟာသလုပ်စရာ မဟုတ်ချေ။ လက်ရှိအခြေအနေကို ကြည့်ရှု ရမည်ဆိုလျှင် တောင်တစ်ရာတောတန်းတွင် အားကောင်းလှသော စိတ်ဝိညာဉ်သားရဲများသည် တစ်ထောင်ကျော်ခန့် ရှိနေသေး၏။ ၎င်းတို့အားလုံးသည် ပြိုင်စံရှားဂိုဏ်းကို ဝင်ရောက်တိုက်ခိုက်လျှင်လည်း သက်ရောက် နိုင်လိမ့်မည် မဟုတ်ချေ။

ဝေါင်း ဝေါင်း

ရုတ်တရက်ဆိုသလိုပဲ တော၏ အတွင်းဘက်ဆီမှ အော်သံတစ်ခု ထွက်ပေါ်လာသည်။ မြေပြင်တစ်ခုလုံးသည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါသွားပြီးသည့်နောက် အမိန့်တစ်ခု၏အောက်တွင် ကြမ်းတမ်းလှသော စိတ်ဝိညာဉ် သားရဲ အမျိုးအစားအစုံသည် ထပ်မံ၍ ရောက်ရှိလာသည်။ ကြည့်ရသည်မှာ တောင်တစ်ရာဘုရင်သည် ဤလူသားများမှာ အလွန်အားကောင်းလှသည်ကို သိရှိပြီးဖြစ်၏။ ထို့ကြောင့် သားရဲများသက်သက်ဖြင့် ရင်ဆိုင် ရမည်ဆိုလျှင် ခက်ခဲမည်ဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သားရဲလှိုင်းကြီးတစ်ခုလုံးကို ထုတ်ဖော်ကာ အပြင်းအထန်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ခြင်းပင်ဖြစ်မည်။

“အစီအရင်” ရွှဲရမ်ကွေ့သည် အော်လိုက်၏။

ဆွစ် ဆွစ်

သားရဲစီးတပ်မှ အဖွဲ့ဝင်ငါးထောင်ကျော်တို့သည် ညီညီညာညာဖြင့် စီလိုက်တော့၏။

ဝေါင်း ဝေါင်း

မကြာခင်မှာပဲ ကြမ်းတမ်းလှသော စိတ်ဝိညာဉ်သားရဲများသည် ထွက်ပေါ်လာခဲ့ကြ၏။ ၎င်းတို့၏ မျက်လုံးများ သည် နီရဲလျက်ရှိပြီး ရူးသွပ်နေကြသူများကဲ့သို့ပင်ဖြစ်၏။

ကျုံးရီက အော်ဟစ်လိုက်၏။ “ထမင်းစားမယ်”

ဆွစ် ဆွစ်

သားရဲစီးအဖွဲ့ဝင်များအားလုံးသည် လက်ကိုယမ်းခါပြီးသည့်နောက်မှာတော့ လျှိုဝမ်ရှစ် ချက်ပြုတ် ပေးထားသော အားအင်တိုးတက်စေသည့် ထမင်းကြော်တစ်လုတ်စီကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်၏။ ပြီးနောက် မြန်မြန်ဆန်ဆန်ဝါးကာ မျိုချလိုက်တော့သည်။

ဤမြင်ကွင်းသည် အလွန်တရာ ထူးဆန်းလွန်းလှ၏။ တခြားသော သူများသာဆိုလျှင် အပြင်းအထန် တိုက်ခိုက်ရတော့မည်ဆိုလျှင် ဝိုင်ကိုသာ သောက်ပေလိမ့်မည်။ ပြိုင်စံရှားဂိုဏ်း တပည့်များမှာတော့ ထမင်းကြော်ကို စားလျက်ရှိ၏။

ကျုံးရီသည် သူ၏တိမ်ဖောက်ဓားမော့ကို အသာမြှောက်ကာဖြင့် ပြောလိုက်တော့သည်။ “ရန်သူတွေကို အနိုင်ယူ နိုင်စရာ တစ်ခုပဲ ရှိတယ်၊ ဒါက သတ်ဖြတ်ခြင်းပဲ”

“သတ် သတ်”

သားရဲစီးတပ်မှ အဖွဲ့သားငါးထောင်ကျော်တို့သည် ၎င်းတို့၏ ရှိရှိသမျှသော အားအင်များကို ထုတ်ဖော်လိုက်သည့် အချိန်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များသည် တဟုန်းဟုန်း တောက်ပလာခဲ့တော့သည်။ ၎င်းတို့သည် ကြမ်းတမ်း လှသော သားရဲတစ်သောင်းကျော်ဆီသို့ ဦးတည်ကာ ဝင်ရောက်သွားခဲ့ကြတော့သည်။

ကောင်းကင်မှ မော့ကြည့်မည်ဆိုလျှင် အလွန်အားကောင်းလှသော အော်ရာများကြောင့် သားရဲများ ဖိနှိပ်ခံထားရသည်ကို ရှင်းရှင်းလင်းလင်း မြင်ရပေလိမ့်မည်။ တည်နေရာကြီး တစ်ခုလုံးသည် သတ်ဖြတ်ပွဲ သတ်ကွင်းကြီးတစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့တော့၏။

သားရဲလှိုင်းများမှာလည်း ဘယ်နှင့်ညာဆီမှ အလုအယက် ပြေးဝင်လာလျက်ရှိ၏။ သားရဲစီးတပ်မှ အဖွဲ့ဝင်များ အားလုံးသည် သိုင်းစစ်သူကြီး အဆင့်ကိုသာ ရောက်ရှိကြသေးသည်ဆိုသော်လည်း ၎င်းတို့အားလုံးသည် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် ကျင့်ကြံသူများဖြစ်သည်။ ထို့အပြင် အလွန်ကောင်းမွန်လှသော လက်နက်များကို ကိုင်ဆောင်ထားသည့်အပြင် အားအင်တိုးတက်စေသော ထမင်းကြော်တစ်လုတ်ကို စားခဲ့ပြီဖြစ်၏။ ထို့ကြောင့် အားအင်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုးတက်နေပြီဖြစ်၏။ အချိန်အနည်းငယ် တိုက်ခိုက် ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်သားရဲ တစ်ထောင်ကျော်တို့သည် အညှာအတာကင်းမဲ့စွာဖြင့် သတ်ဖြတ် ခြင်းကို ခံခဲ့ရတော့သည်။

“သတ် သတ်”

ဇွိ ဇွိ

ဓားမော့နှင့် ဓားများမှာ စိတ်ဝိညာဉ်စွမ်းအင်များနှင့် လင်းလက်လျက်ရှိသည်။ အချိန်တိုအတွင်းမှာပဲ စိတ်ဝိညာဉ် သားရဲတို့သည် သတ်ဖြတ်ခံရသူက သတ်ဖြတ်ခံရ၊ ဒဏ်ရာရသူက ဒဏ်ရာရ ဖြစ်ကုန်ကြ၏။

ခရမ်းရောင်ဘုရင်၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ အတိတ်တုန်းကဆိုလျှင် သူ၏နောက်လိုက်များသည် ဤလက်နက်ပြည့် တပ်ဆင်ထားသော သားရဲစီးတပ်နှင့်အတူ တိုက်ခိုက်ခဲ့ဖူး၏။ လက်ရှိကြည့်ရမည်ဆိုလျှင် ၎င်းတို့သည် ယခင် ကထက် ပို၍အားကောင်းလာသည်ကို သူ နက်နက်နဲနဲ နားလည်မိလိုက်သည်။ ထပ်မံ၍ တိုက်ခိုက်မည် ဆိုလျှင် သူ၏နောက်လိုက်များအားလုံးသည် ဆိုးရွားစွာနှင့် သေဆုံးသွားမှာ သေချာသည်။

ကျွင်းချောင်ရှောင်းမှာတော့ သားရဲစီးအဖွဲ့ဝင်များ၏ ကြမ်းတမ်းမှုကို အံ့အားမသင့်ချေ။ ထိုအစား တွေးလိုက်မိ၏။ “ဒီလူတွေ အားလုံးကသာ သိုင်းအုပ်စိုးသူတွေ ဖြစ်မယ်ဆိုရင် လုပ်ချင်ရာကို လုပ်နိုင်စွမ်းရှိပြီပဲ”

................

အချိန်များကုန်လွန်သွား၏။ သတ်ဖြတ်ပွဲမှာတော့ ဆက်လက်ကာ ဖြစ်တည်လျက်ရှိနေသည်။ သားရဲများသည် အမှောင်ထဲမှ တဖြည်းဖြည်းချင်း တိုးဝင်လာသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များကို အသုံးပြု၍ ဝင်ရောက်တိုက်ခိုက် နေကြ၏။

ဝှစ် ဝှစ်

ရုတ်တရက်ဆိုသလိုပဲ တော၏ အတွင်းဘက်ဆီမှ လေအေးများ တိုက်ခတ်လာသည်။ အလွန်တရာ အားကောင်းလှပြီး ဘာမှန်းမသိသော ကြက်သွေးရောင်အမှုန့်များသည် လေနှင့်အတူ အားလုံးဆီသို့ ပျံ့လွင့်လာ၏။

“မကောင်းတော့ဘူး”

ကျုံးရီသည် ထအော်လိုက်မိ၏။ “ဒါ အဆိပ်တွေပဲ”

ကြက်သွေးရောင်အမှုန့်များသည် လေနှင့်အတူ ပါဝင်လာပြီး တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွား၏။ သားရဲစီး တပ်မှ အဖွဲ့ဝင်များသည် အမှုမဲ့ အမှတ်မဲ့ နေခဲ့ကြ၏။ ထို့ကြောင့် အဆိပ်၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်။ ၎င်းတို့၏ မျက်နှာ အမူအရာများသည် ပျက်ယွင်းသွားသည်။

“တကယ့်ကို အရှက်မဲ့တာပဲ”

ခရမ်းရောင်ဘုရင်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။ အတိတ်တုန်းကလည်း ဤကဲ့သို့ တိုက်ခိုက်ခံခဲ့ရဖူးသည်။ ဤအဆိပ်ကို မိပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အားနည်းသွားခဲ့ သည်။ ခြေလက်များပင် လှုပ်ချင်စိတ် မရှိခဲ့ချေ။

ဝေါင်း ဝေါင်း

ကြမ်းတမ်းလှသော သားရဲများသည် ထပ်မံကာ တိုးဝင်လာခဲ့ကြ၏။ သို့ပေမဲ့ အဆိပ်မိပုံပေါ်နေသော လူသားများ အားလုံးသည် ရုတ်တရက် ဆေးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်သည်။ ပြီးသည့်နောက် ၎င်းတို့၏ ကုတ်နေ သော မျက်ခုံးများသည် ပြန်လည်ပြေလျော့သွားသည်။ ပြီးသည့်နောက်မှာ လက်နက်များကို ကိုင်ကာဖြင့် ရှေ့သို့ တိုးဝင်သွားပြန်သည်။ သူတို့သည် အဆိပ် မမိခဲ့ကြပေ။

“သတ် သတ်”

သားရဲစီးအဖွဲ့ဝင်များအားလုံးသည် ပြန်လည်ကောင်းမွန်လာပြီးသည့်နောက်မှာ လက်နက်များကို မြှောက်ကိုင်ကာ ရှေ့သို့လှမ်းတက်လာကြ၏။ သားရဲရိုင်းများသည် အဆိပ်ကို အသုံးပြုကြသည်မှာ အံ့အားသင့် စရာဖြစ်၏။ သို့ပေမဲ့ အဆိပ်ကိုးပါးနန်းတော်နှင့် ရင်ဆိုင်ရပြီးနောက်မှာတော့ ၎င်းတို့သည် လုံလောက်သော အဆိပ် ဖြေဆေးများ ရှိသည်ဟု ဆိုရမည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ အကြည့်များမှာတော့ အေးစက်သွားခဲ့၏။ တစ်ဖက်လူသည် အလွန်ယုတ်ညံ့သော အဆိပ်ကိုပင် ထုတ်ဖော် အသုံးပြုခဲ့၏။ တခြားသော ဝှက်ဖဲများ ရှိနေမည်လားကို မည်သူသိနိုင်မည်နည်း။ အချက်အလက်အားဖြင့် ဆိုးယုတ်သည့်နည်းလမ်းဖြင့် ပြန်လည်တိုက်ခိုက်မည် ဆိုလျှင်လည်း အပြစ် မတင်သင့်ပေ။

“ရှောင်ကျီ”

ကျွင်းချောင်ရှောင်းသည် တီးတိုးပြောလိုက်၏။ “အမြှောက်ကြီးကို ပြင်ဆင်တော့”

“ကောင်းပါပြီ” ရှောင်ကျီသည် တိုက်ခိုက်လျက်ရှိသော သားရဲကြီးအား မြေပေါ်သို့ ရိုက်ချလိုက်ပြီးသည့်နောက် မှာတော့ နည်းနည်းမြင့်သည့် ကုန်းပေါ်သို့ ခုန်တက်လိုက်၏။ ပြီးသည့်နောက် အမြှောက်ကြီးကို ဆင့်ခေါ်လိုက် တော့၏။

“နောက်ဆုတ်” ကျုံးရီက အော်လိုက်သည်။

ဝှစ် ဝှစ်

သားရဲစီးတပ်မှ အဖွဲ့ဝင်ငါးထောင်ကျော်တို့သည် ၎င်းတို့၏ အကြားအာရုံကို စည်းခတ်လိုက်၏။ ပြီးသည့်နောက် မှာတော့ အနောက်ဘက်သို့ မြန်မြန်ဆန်ဆန် ဆုတ်ခွာလိုက်ဒ။

ခရမ်းရောင်ဘုရင်က ပြောလိုက်တော့သည်။ “တောဘုရင်ဆိုတဲ့ကောင်ရဲ့ နောက်လိုက်တွေက ဒီတစ်ကြိမ်မှာတော့ ကြီးကြီးမားမား ဒုက္ခခံရတော့မှာပဲ”

“ပစ်” ကျွင်းချောင်ရှောင်းက အေးစက်စက် ပြောလိုက်သည်။

ဘန်း

အမြှောက်ကြီးသည် တုန်ခါသွားခဲ့တော့၏။ အမြှောက်ဆန်သည် လေထုကို ထိုးခွင်းပြီးနောက်မှာတော့ အလွန် လျင်မြန်စွာဖြင့် သားရဲရိုင်းများ၏ အလယ်တည့်တည့်ဆီသို့ ကျရောက်သွားခဲ့သည်။

ဘုန်း

၎င်းတို့အားလုံးသည် အန္တရာယ်ရှိသည်ကို အာရုံခံစားမိလိုက်ကြ၏။ သို့ပေမဲ့ ဘာမှန်းမသိခင်မှာပဲ သေဆုံးသွားခဲ့ ကြတော့သည်။

......................

အမောဖြေရင်းလျက်ရှိနေကြသော ချင်မိသားစုမှ သိုင်းကျင့်ကြံသူများ အားလုံးသည် အပြင်ဘက်တွင် စိုးရိမ် ပူပန်စွာဖြင့် စောင့်လျက်ရှိနေကြသည်။ ၎င်းတို့အားလုံးသည် ပြိုင်စံရှားဂိုဏ်းသည် လုံလုံခြုံခြုံဖြင့် ပြန်လည် ထွက်ခွာလာစေရန် ဆုတောင်းနေကြ၏။ ရုတ်တရက်ဆိုသလိုပဲ ကျယ်လောင်လှသည့်အသံကြီးတစ်ခုကို ကြားလိုက်ရပြီးသည့်နောက် အားလုံးသည် မြေပေါ်သို့ လဲကျလုမတတ် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

“ကြည့်အုံး” တစ်ယောက်က ထအော်လိုက်၏။

ချင်ပုတောင်နှင့် ချင်မိသားစုမှ သိုင်းကျင့်ကြံသူများသည် ထကြည့် လိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးများသည် ပြူးကျယ်သွား၏။ ကောင်းကင်ယံတွင်တော့ အလွန်ကြီးမားလှသည့် တိမ်ပုံစံ ဖုန်လုံးကြီးတစ်ခု လှိုက်ကနဲ တက်လာသည်ကို မြင်လိုက်ရသည်။

ဘုန်း

ထိုအချိန်မှာပဲ နောက်ထပ် ကျယ်လောင်သည့်အသံကြီး ထွက်ပေါ်လာပြီး ၎င်းတို့၏ နားများပင် အူဝေသွားခဲ့၏။ ဒုတိယတိမ်ပုံစံ တိမ်ကြီး ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ တည်နေရာလှိုင်းများပင်လျှင် အက်ကွဲနေသည် ကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။

“ဒါက”

ချင်ပုတောင်သည် မျက်လုံးကို အသာပွတ်သပ်၍ တွေတွေဝေဝေနှင့် ပြောလိုက်မိသည်။ “ဒါ ဘာတွေ ဖြစ်နေတာလဲ”

………………….

ဟူး ဟူး ဟူး ဟူး.......

တောင်၏ အတွင်းဘက်မှာတော့ လှိုင်းလေများ တိုက်ခတ်လျက်ရှိနေတော့၏။ အရာအားလုံး တည်ငြိမ်ပြီးသည့် နောက်မှာတော့ မီတာသုံးရာခန့်နက်သည့် တွင်းကြီးနှစ်ခု ပေါ်နေပြီး ထိုအထဲတွင်တော့ များပြားလှသည့် သားရဲများ၏ ခြေပြတ်၊ လက်ပြတ်များ တည်ရှိလို့နေသည်။ မြေဆီလွှာ အားလုံးပင်လျှင် နီရဲလျက် ရှိနေတော့၏။

ရှောင်ကျီသည် မြန်မြန်ဆန်ဆန်ပဲ အမြှောက်ကျည်ဆန်နှစ်ခုကို ထပ်မံထည့်သွင်းကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ထပ်ပစ်ရမှာလား”

ကျွင်းချောင်ရှောင်းသည် လက်ကို အသာမြှောက်၍ မလိုတော့ဘူးဆိုသော အချက်ပြချက်ကို ပြုလုပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ တွင်းနက်ကြီးကို ကြည့်ကာ ပြုံးလိုက်သည်။ “ဘာလုပ်ချင်သေးလဲ၊ တကယ့်ကောင်ကတော့ ထွက်လာပြီပဲ”

တော၏အနက် အတွင်းပိုင်းမှာတော့ ဝတ်စုံရှည်တစ်ခုကို ဝတ်ဆင်ထားသော အဖြူရောင်ဆံပင်နှင့် ခါးကုန်းကုန်း အဘိုးအိုကြီးတစ်ယောက်သည် အတွင်းဘက်မှ ထွက်ခွာလာခဲ့သည်။ ၎င်း၏ မျက်လုံးများသည် စူးရှလျက်ရှိပြီး အလွန်အားကောင်းလှသော ရန်လိုမှုများနှင့် ပြည့်နှက်လျက်ရှိသည်။

ဤလူသည် တောတစ်ရာဘုရင်ပဲ ဖြစ်ရမည်။ သူသည် အလွန်နက်ရှိုင်းလှသော တွင်းကြီး၏ရှေ့တွင် မတ်မတ်ရပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ အမြှောက် ကြီးကို လှမ်းကြည့်ကာ မှုန်ကုတ်ကုတ်ဖြင့် ပြောလိုက်တော့သည်။

“ဒါ ဘာကြီးလဲ”

“ဒါက ကိစ္စမရှိပါဘူး၊ အရေးကြီးတာက ခင်ဗျားကျုပ်ကို ဒေါသထွက်အောင် လုပ်ခဲ့တာပဲ” ကျွင်းချောင်ရှောင်း သည် တည်ငြိမ်စွာပြောလိုက်၏။

ဒွီး

ရုတ်တရက်ဆိုသလိုပဲ သူ၏ရှေ့ရှိ တည်နေရာသည် အက်ကွဲသွားခဲ့၏။ မီတာတစ်ရာ အဝေးတွင်ရှိနေသော အဘိုးကြီးသည် ရုတ်တရက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်း၏ အရှေ့၌ ပေါ်လာသည်။ ပြီးနောက် သူ၏ ပိန်လှီ နေေ“မင်းကလည်း ငါ့ကို ဒေါသထွက်အောင် လုပ်ခဲ့တာပဲ”

All Chapters