← Chapters

အခန်း (၈၅၄)

Vol. 58 Ch. 854

အခန်း (၈၅၄)

Vol. 58 Ch. 854

တောင်တစ်ရာဘုရင်သည် အလွန်တရာ အားကောင်းလှသလို အလွန်တရာလည်း ဆိုးယုတ်လွန်းလှ၏။ သူ့အနေနှင့် သူ၏နောက်လိုက်များကို စေလွှတ်လိုက်သည့်အချိန်မှာပဲ နောက်ကွယ်မှ ဖုံးကွယ်၍ အခြေအနေတစ်ခုလုံးကို ချုပ်ကိုင်ထားခဲ့သေးသည်။ ထို့အပြင် အဆိပ်ကိုလည်း အသုံးပြုခဲ့သည်။

အဆိပ်ကိုးပါးနန်းတော်ထဲတွင် မတော်တဆမှုကို ကြုံတွေ့ပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အဆိပ် သုံးသည့်လူများနှင့်ပတ်သက်၍ အလွန်တရာ ရွံရှာမိ၏။ ထို့ကြောင့် ဤကဲ့သို့သော ပြုလုပ်မှုကို မြင်သည်နှင့် တစ်ပြိုင်နက် သူသည် မည်သို့မှ စဉ်းစားခြင်း မရှိတော့ဘဲ လက်နက်ကြီးများအား ထုတ်ဖော်ကာ အသုံးပြုခိုင်း ခဲ့ခြင်းပင်ဖြစ်တော့၏။

အမြှောက်ကြီးသည် လောင်ချာထက် ပိုမို၍ အားကောင်းလွန်းလှ၏။ ထို့ကြောင့် သားရဲများသည် ကြောက်မက် ဖွယ်ရာ အရေအတွက်နှင့် အတူ သေဆုံးခဲ့ကြသည်။ အနည်းဆုံး သားရဲပေါင်း နှစ်သောင်းမှ သုံးသောင်းနီးပါးတို့သည် တစ်ခါတည်း သေဆုံးခဲ့ကြသည်။

အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိနေသော တောတစ်ရာဘုရင်သည် သူ၏ နောက်လိုက်များ သေဆုံးသွား သည်ကို မြင်ရသည့်အချိန်မှာတော့ ထိုင်၍ မနေနိုင်ခဲ့ချေ။ ထို့ကြောင့် သူကိုယ်တိုင်ရောက်လာပြီး ဤလူသား ခေါင်းဆောင်ကို သူကိုယ်တိုင် သတ်ဖြတ်ပစ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်တော့၏။

ဟူး ဟူး

ပိန်လှီနေသောလက်တစ်ခု ထွက်ပေါ်လာပြီးသည့်နောက် ကြောက်မက်ဖွယ်ရာကောင်းသော အော်ရာများ ဖြစ်တည် လာခဲ့တော့သည်။ ကျွင်းချောင်ရှောင်းသည် အလွန်အားကောင်းလှသော အော်ရာမျိုး တည်ရှိနေ၏။ သိုင်းနယ်မြေ ကျင့်ကြံသူအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော စိတ်ဝိညာဉ်သားရဲနှင့် ရင်ဆိုင်တွေ့ရသည့်အချိန်မှာတော့ တစ်ချက် ကလေးမှ ကြောက်လန့်မသွားချေ။ သူသည် ရယ်ချင်စိတ်ပင် ပေါက်မိနေ၏။

ဒွီ

ရုတ်တရက်ဆိုသလိုပဲ သူ၏ရှေ့ရှိ တည်နေရာသည် ရုတ်တရက် တုန်ခါသွားသည်။ မိစ္ဆာသူတော်စင်ဝူကျူး၏ ပိန်လှီနေသော လက်တစ်စုံသည် အရှေ့သို့ ရောက်ရှိလာခဲ့သည်။

ဘုန်း …။

စိတ်ဝိညာဉ်စွမ်းအားများ ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက် အနောက်သို့ လေလှိုင်းများအဖြစ် ကန်တက်သွားခဲ့ တော့၏။

ရွှီး

တောင်တစ်ရာဘုရင်သည် အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။ ပြီးသည့်နောက်မှာတော့ သူ၏ မူလတည်နေရာသို့ ရောက်ရှိသွားခဲ့သည်။ သူသည် တည်နေရာရွေ့ပြောင်းရောက်ရှိလာသော အဘိုးအိုကို လှမ်းကြည့်ကာ တီးတိုး ပြောလိုက်၏။ “ခင်ဗျားက သိုင်းနယ်မြေလား”

“မဟုတ်ဘူး”

တင်းရှင်းဝမ်သည် လက်ချောင်းများကို ယမ်းခါကာဖြင့် အမှန်ပင်ပေးလိုက်၏။ “မိစ္ဆာသူတော်စင်ပဲ”

“မိစ္ဆာသူတော်စင် ဟုတ်လား၊ ဒါဆိုရင် မိစ္ဆာကျင့်ကြံသူပေါ့” တောင်တစ်ရာဘုရင်၏ မျက်လုံးများသည် ချာချာ လည်သွားတော့သည်။ သူသည် တစ်စုံတစ်ခုကို တွေးတောနေမိတော့သည်။

ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် ရယ်လိုက်၏။ “ကျုပ်သာ ပြင်ဆင်မထားဘူးဆိုရင် ဒီကို လာပြီးတော့ အသေခံသလို ဖြစ်နေမှာပေါ့”

“ခွေးကောင်လေး”

တောင်တစ်ရာဘုရင်၏ မျက်နှာသည် မဲမှောင်သွားခဲ့တော့၏။ “မင်းဆီမှာ အကူအညီတွေ ရှိနေတယ်၊ ဒါကြောင့်မို့လို ဒီလို လုပ်ရဲတာ မဟုတ်လား”

“မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က ဒီနေရာကိုလာတာ ခင်ဗျားကို ကျုပ်တပည့်အဖြစ် လက်ခံမလို့”

ဤအဆင့်စိတ်ဝိညာဉ်သားရဲကိုသာ ကျိန်းသေပေါက် သိမ်းသွင်းနိုင်မည်ဆိုပါက ရွှေလက်ချောင်းကြီး တစ်ချောင်းရမှာ သေချာ၏။

“ငါ့ကို သိမ်းသွင်းမှာ ဟုတ်လား”

တောင်တစ်ရာဘုရင်သည် နှာခေါင်းကိုရှုံ့ကာ ပြောလိုက်၏။ “ဖြစ်နိုင်မယ်လို့ မင်းထင်လို့လား”

ခရမ်းရောင်ဘုရင်သည်ပင်လျှင် သူ့အား အနိုင်မယူနိုင်ခဲ့ချေ။ ထို့ကြောင့် သူ့အနေနှင့် လူသားတို့၏ နောက်လိုက် မျိုးကို ဘယ်တော့မှ ပြုလုပ်မည် မဟုတ်ပေ။

“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလေ၊ ကျိန်းသေပေါက် ဖြစ်နိုင်တာပေါ့” ကျွင်းချောင်ရှောင်းသည် ရယ်လိုက်၏။ သူ၏ ရယ်သံသည် ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။

တွီ

ရုတ်တရက်ဆိုသလိုပဲ အလင်းတန်းများ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းနှင့် တခြားသူ များကို ဖုံးအုပ်သွားတော့သည်။

“အစီအရင်လား” တောင်တစ်ရာဘုရင်၏ မျက်နှာအမူအရာသည် ပျက်ယွင်းသွားတော့၏။

ရွီး

သူသည် တွေးနေရန် အချိန်မရတော့ပေ။ ချက်ချင်းပဲ အနောက်သို့ ဆုတ်လိုက်၏။ စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်ဖော်ကာ တည်နေရာအတားအဆီးအား ဖောက်ထွင်းရန် ကြိုးစားလိုက်သည်။

ဘုန်း …။

လက်သီးချက်၏ စွမ်းအင်များသည် ကြောက်မက်ဖွယ်ရာကောင်းလွန်း၏။ သို့ပေမဲ့ အစီအရင်သည် တုန်ခါသွား ရုံသာရှိ၏။ တစ်ခါတည်း ပျက်စီးမသွားခဲ့ချေ။

ဒွီ ဒွီ

အဝေးတစ်နေရာတွင် ရှိနေသော ကျန်းတယ်ကျွင်းမှာတော့ မျက်နှာကို အုပ်ကာ၍ အားရပါးရ ရယ်လျက်ရှိသည်။ “ကျုပ် စီရင်ထားခဲ့တဲ့ အစီအရင်ကို ချိုးဖြတ်ချင်တိုင်း ချိုးဖြတ်လို့ရတယ် ထင်နေတာလား”

ဤနေရာသည် ဖောက်ခွဲရေးသမားတစ်ယောက်၏ အကြိုက်ပင် ဖြစ်တော့သည်။ သူ့အနေနှင့် အစောကြီးကတည်းက ကိုယ်ပျောက် သလိုမျိုး ဖုံးကွယ်ကာ နေထိုင်ခဲ့၏။ မည်သူမှ သူ့အား သတိမထားမိခဲ့သော အချိန်မျိုးတွင် သူသည် အစီအရင်ကြီး တစ်ခုကို သေသေချာချာ ချမှတ်ခဲ့တော့သည်။

ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးသည် သားရဲများနှင့် တိုက်ခိုက်နေရစဉ်တွင် သူသည် ကျိန်းသေပေါက် လှုပ်ရှားခဲ့ခြင်းပင် ဖြစ်၏။ သူသည် နေရာအနှံ့ဆီသို့ သွားရောက်၍ အစီအရင်အလံများကို စိုက်သွင်းထားခဲ့သည်။ မည်သည့် အမျိုးအစား အစီအရင်မျိုးကို စီရင်ထားသနည်း။ နဂါးချုပ်နှောင်ခြင်း အစီအရင်ပင် ဖြစ်တော့သည်။ ဤအစီအရင် သည် ဆန်းကြယ်ဂိတ်တံခါး သုံးဆယ့်နှစ်၏ အထူးအစီအရင်များဆီမှ ရရှိခဲ့သော အစီအရင်ပင်ဖြစ်၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အစီအရင် စံသတ်မှတ်ချက်များအရ ပြောရမည်ဆိုလျှင် သူတော်စင်အဆင့် အစီအရင်ပင် ဖြစ်တော့၏။ ဟုတ်ပေသည်။ ဤအရာ၏ အကျိုးသက်ရောက်မှုသည် ပစ်မှတ်ဆယ်ခုကိုသာလျှင် ချုပ်နှောင်ထားနိုင်၏။ ထို့ကြောင့် ကျန်းတယ်ကျွင်းသည် ဤအစီအရင်ကို ရဲရဲဝံ့ဝံ့စီရင်ခဲ့ခြင်းပင်ဖြစ်၏။ ဆန်းကြယ် ဂိတ်တံခါးသုံးဆယ်နှစ်ဆီမှ အဆင့်မြင့် အစီအရင်တစ်ခုဖြစ်သည့်အပြင် သူ၏ လက်ရှိအားအင်အဆင့်သည် အစီအရင် အုပ်စိုးသူအဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ကျိန်းသေပေါက် ဤကဲ့သို့သော အစီအရင်မျိုးကို ဖန်တီးနိုင်သည်မှာ အံ့အားသင့်စရာတော့ မဟုတ်ချေ။

ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းကလည်း တောင်တစ်ရာဘုရင်ကို ထိန်းချုပ်နိုင်ရန်အတွက် ရှိရှိသမျှသော အားအင်များကို ထုတ်ဖော်အသုံးပြုထားခဲ့ခြင်းပင် ဖြစ်၏။

ဘုန်း

တောင်တစ်ရာဘုရင်သည် မယုံကြည်နိုင်ခဲ့ပေ။ သူသည် အားအင်များကို စုစည်းပြီး အစီအရင်ကို ဆက်တိုက်ဆို သလိုပဲ ဖျက်ဆီးခဲ့၏။ အဆုံးသတ်မှာတော့ သူသည် ဖျက်ဆီး၍ မရနိုင်ချေ။ ထို့ကြောင့် ဒေါသတကြီးဖြင့် အော်ဟစ် လိုက်သည်။ “ဆိုးယုတ်လိုက်တဲ့ လူသားတွေ”

ဟူး ဟူး

ထိုအချိန်မှာပဲ နောက်ဘက်ဆီမှ အအေးလေများ ဖြတ်တိုက်သွား၏။ တင်းရှင်းဝမ်သည် ဘေးသို့ ရောက်ရှိလာပြီး သည့်နောက် ရတနာငါးပါး လက်ဝါးကို ထုတ်ဖော်အသုံးပြုလိုက်၏။ ပစ်မှတ်သည် ထောင်ချောက်ထဲတွင် ရောက်ရှိ နေ၏။ ထို့ကြောင့် ထိန်းချုပ်နိုင်မလား၊ မထိန်းချုပ်ဘူးလား ဆိုသည်မှာ သူ၏အားအင်အဆင့်ပေါ်တွင် မူတည်လျက် ရှိသည်။

ဘုန်း ဘုန်း

မိစ္ဆာသူတော်စင် ဝူကျူးနှင့် တောင်တစ်ရာဘုရင်တို့သည် တိုက်ကွက် အနည်းငယ်လောက် တိုက်ခိုက်ခဲ့ကြ၏။ တစ်ယောက်သည် မိစ္ဆာသူတော်စင် တစ်ယောက်ဖြစ်ပြီး တခြားတစ်ယောက်မှာတော့ အဆင့်မြင့် စိတ်ဝိညာဉ် သားရဲဖြစ်၏။ ထို့ကြောင့် အချိန်အတိုင်းအတာ တစ်ခုအတွင်း မည်သူက ပိုပြီး ကောင်းမွန်သည်၊ တော်လှသည် ဆိုသည်ကို ပြောပြရန် ခက်ခဲလွန်းနေ၏။

“မင်းတို့နှစ်ယောက်လည်း သွားလိုက်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“ကောင်းပါပြီ” နဂါးလေးနှင့် ရှောင်မိုရှန်းတို့သည် ပျံသန်းသွားသည်။ ၎င်းတို့နှစ်ယောက်သည် အတူပူးပေါင်း၍ မတိုက်ခိုက်ချေ။ ထိုအစား ဘေးတစ်ဖက်ဆီမှ အသာရပ်ပြီး မည်ကဲ့သို့ တိုက်ခိုက်ရမည်ဆိုသည့် အခွင့်အရေးကို ရှာဖွေလျက်ရှိနေ၏။

ဘုန်း ဘုန်း

တစ်ချိန်တည်းမှာပဲ အစီအရင်ထဲတွင် ပိတ်မိလျက်ရှိနေသော စိတ်ဝိညာဉ်သားရဲ အကုန်လုံးသည် လီချင်းယန်၊ ရီရှင်းချန်နှင့် တခြားသောသူများ၏ နှိပ်စက်တိုက်ခိုက်ခြင်းကို ခံနေရတော့သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အလွန်အားကောင်းလှသော သားရဲများကို တစ်ခါတည်း မသတ်ပစ်ရန်နှင့် ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်း လျော့ကျ သွားသည်အထိ ဒဏ်ရာရရှိသွားအောင်သာ တိုက်ခိုက်ရန် မှာကြားထားသည်။

ဘုန်း

တင်းရှင်းဝမ်နှင့် တောင်တစ်ရာဘုရင်တို့အကြား ကြမ်းတမ်းလှသည့် တိုက်ပွဲသည် ဖြစ်တည်လျက် ရှိသည်။ ထို့ပြင် နှစ်ယောက်လုံးသည် သူတော်စင်အဆင့် ကျင့်ကြံသူများ ဖြစ်သည်မို့ ၎င်းတို့၏ တိုက်ခိုက်ရေးအားအင်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

“ရှောင်ကျီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လောင်ချာကိုပေး”

“ကောင်းပါပြီ”

လောင်ချာကြီးကို ဖမ်းဆီးပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပခုံးပေါ်တင်လိုက်၏။ ပြီးသည့်နောက်မှာတော့ တောင်တစ်ရာဘုရင်အား ချိန်ရွယ်လိုက်သည်။

“လူခွဲနိုင်ဖို့ အခွင့်အရေးကို ရှာထား၊ ငါပစ်လိုက်မယ်”

ဆွစ်

တင်းရှင်းဝမ်သည် အခွင့်အရေးကို အရယူပြီးသည့်နောက် အနောက်ဘက်သို့ ဆုတ်ခွာလိုက်၏။ ဤအရာမှာ အခွင့်အရေးပင်ဖြစ်သည်။ တစ်ချက်ကလေးမှ နှောင့်နှေးခြင်းမရှိဘဲ ကျွင်းချောင်ရှောင်းသည် အထူးအကျိုးသက်ရောက်မှု ကို အသက်သွင်းကာဖြင့် ပစ်လွှတ်လိုက်တော့သည်။ ဘန်း ဆိုသည့်အသံနှင့်အတူ ကျည်ဆံသည် တောင်တစ်ရာ ဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားခဲ့တော့သည်။

“မီးမိုး နည်းစနစ်”

“ကောင်းကင် ငှက်မွှေး”

အဘိုးကြီးတင်းက နောက်သို့ ဆုတ်ခွာသွားပြီး ၎င်း၏သခင်က တိုက်ခိုက်နေစဉ်မှာပဲ နဂါးလေးနှင့် ရှောင်မိုရှန်း တို့သည် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအင်များကို ထုတ်ဖော်ကြတော့သည်။

ဝှစ် ဝှစ်

များပြားလှသော မီးလုံးများသည် ကောင်းကင်ယံထက်မှ ကျဆင်းလာပြီးသည့်နောက်မှာတော့ ငှက်မွှေးကဲ့သို့ မြား များသည်လည်း အတူတကွ ကျဆင်းလာ၏။

ဘုန်း ဘုန်း

များပြားလှသည့် ပေါက်ကွဲမှုများ ဖြစ်တည်လာပြီး တောင်တစ်ရာဘုရင်သည် မီးခိုးငွေ့များကြားမှ ပျံသန်းထွက်ခွာ လာသည်။ သူသည် အားအင်များကို စုစည်းကာဖြင့် တည်နေရာ အတားအဆီးကြီးအား ထပ်မံကာ တိုက်ခိုက် လိုက်သည်။ သူ့အနေနှင့် များပြားလှသည့် တိုက်ခိုက်ချက်များကို ခံယူနေရသည်ဆိုသော်လည်း ကြီးမားသည့် ဒဏ်ရာကိုတော့ မရရှိခဲ့ချေ။ သို့ပေမဲ့ မနှေးမမြန်ဆိုသလို ဒုက္ခရောက်သွားနိုင်၏။ အရေးအကြီးဆုံးအရာမှာ ဤအတားအဆီးအား ချိုးဖြတ်ပြီး ထွက်ပြေးလွတ်မြောက်နိုင်ရန်ပင် ဖြစ်တော့သည်။

ကံဆိုးစွာဖြင့် သူ၏ လက်သီးချက်သည် အတားအဆီး အစီအရင်အား ဘာမှ မလုပ်နိုင်ချေ။ ထို့ကြောင့် တင်းရှင်းဝမ် နှင့်သာ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေရတော့၏။ နဂါးလေးနှင့် ရှောင်မိုရှန်းတို့မှာ အဝေးတစ်နေရာတွင် မတ်တပ်ရပ်လျက်ရှိသည်။ ကျွင်းချောင်ရှောင်းသည် တောင်တစ်ရာဘုရင်အား လောင်ချာကြီးနှင့် ချိန်ရွယ်ထားခဲ့ သည်။ ၎င်းတို့သုံးယောက်သည် အလွန်ပင် အရှက်မဲ့လွန်းစွာဖြင့် အလစ်ချောင်း တိုက်ခိုက်လျက် ရှိနေတော့သည်။

အားအင်အဆင့်အရဆိုလျှင် တောင်တစ်ရာဘုရင်သည် တင်းရှင်းဝမ်ကို လုံးဝကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ တစ်ဖက်သောသူများသည် အလစ်ချောင်းကာ ခဏခဏ တိုက်ခိုက်နေသည်။ သူ စိုးရိမ်ပူပန်မိလာ၏။

ဘုန်း ဘုန်း

အခြားတစ်ဖက်မှာတော့ စိတ်ဝိညာဉ်သားရဲ တစ်ဒါဇင်ကျော်တို့သည် လီချင်းယန်နှင့် တခြားသောသူများ၏ တိုက်ခိုက်ခြင်းကို ခံနေရ၏။ တောင်တစ်ရာဘုရင်သည် အလွန်ဒေါသထွက်နေသည်ဆိုသော်လည်း ဘာတစ်ခုမှ မလုပ်နိုင်ချေ။ သူ့အနေနှင့် အစီအရင်သည် တုန်ခါလျက်ရှိနေသည်ကိုသာ မြင်ရ၏။ သတ်မှတ်ထားသော အတိုင်း အတားတစ်ခုအတွင်း ချိုးဖောက်ဖျက်ဆီးဖို့ ဆိုသည်မှာတော့ မဖြစ်နိုင်ချေ။

“ချီးတဲ့မှ” သူသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မျဉ်းကြောင်းများ ဖြစ်တည်လာပြီးသည့်နောက် ကြီးမားလှသည့် လူထွားကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ဦးခေါင်းသည် အလွန်တရာကြီးမား၏။ သို့ပေမဲ့ မျက်နှာပေါ်တွင်တော့ မျက်လုံးတစ်လုံးသာရှိ၏။

“ဒါဆိုရင် ခင်ဗျားရဲ့ အစစ်အမှန်ပုံစံက မျက်လုံးတစ်လုံး မွန်းစတားပေါ့”

တင်းရှင်းဝမ်သည် နှာခေါင်းကို ရှုံ့ကာဖြင့် လက်စည်းသင်္ကေတတစ်ခုကို ပြုလုပ်လိုက်၏။ ရတနာငါးပါး၏ စွမ်းအင်များသည် လေထဲတွင် ဖြစ်တည်လာပြီး သည့်နောက် ကြီးမားလှသည့် လက်ဝါးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ လူသားပုံစံနှင့်ဖြစ်နေသော တောတစ်ရာဘုရင်သည် ရှောင်တိမ်းခြင်းကို မပြုလုပ်ခဲ့ချေ။ သူ၏ အစစ်အမှန်ပုံစံကို အသွင်ပြောင်းပြီးသည့်နောက် ခန္ဓာကိုယ်သည် တိုင်းတာလို့မရသည်အထိ ကြီးမားလာခဲ့သည်။ ထို့ကြောင့် တိုက်ခိုက်ခံရသည်ကို ရှောင်ရှား၍ မဖြစ်နိုင်ချေ။

ဝှစ် ဝှစ်

အခြားတစ်ဖက်မှာတော့ နဂါးလေးနှင့် ရှောင်မိုရှန်းတို့သည် ၎င်းတို့၏ စွမ်းရည်များကို ထုတ်ဖော်လာကြ၏။ ၎င်းတို့ သည် စိတ်လွတ်ကိုယ်လွတ် တိုက်ခိုက်နေကြသည်။ ထို့ကြောင့် ပစ်မှတ်များကို တိတိကျကျ ထိမှန်နေသည်။

ဘုန်း

ကျွင်းချောင်ရှောင်းသည် လောင်ချာနှင့် ထပ်မံပစ်လွှတ်လိုက်၏။ သူသည် အထူးအကျိုးသက်ရောက်မှု စွမ်းရည်ကိုပင် မဖွင့်လှစ်ခဲ့ချေ။ တိုက်ရိုက်ဆိုသလိုပင် တောင်တစ်ရာဘုရင်၏ ဦးခေါင်းတည့်တည့်ကို ပစ်လွှတ် လိုက်၏။ ပြီးသည့်နောက်မှာတော့ စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ခန္ဓာကိုယ်က ဒီလိုကြီး ကြီးသွားမယ်ဆိုရင် ပိုပြီးတော့ တိုက်ခိုက်ရ လွယ်နေမှာပေါ့၊ ဒီကောင်ကြီးက ရူးနေတာလား”

All Chapters