← Chapters

အခန်း (၈၆၀)

Vol. 58 Ch. 860

အခန်း (၈၆၀)

Vol. 58 Ch. 860

“ဂျူနီယာညီလေးစု”

စွန်းရင်ချွမ်သည် ခေါင်းကို ခါယမ်းလိုက်၏။ ပြီးသည့်နောက်မှာတော့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလိုက်တော့သည်။ “သွားကြစို့... စီနီယာအစ်ကိုက မင်းကိုခေါ်ပြီးတော့ တချို့ သားရဲတွေကို သတ်ဖြတ်ပစ်မယ်”

စုရှောင်မိုသည် ထိုသူ၏ နောက်မှ လိုက်ပါသွားသည်။ ပြီးသည့်နောက်မှာတော့ မမေ့မလျော့နှင့် မြှောက်ပင့် ပြောဆို လိုက်သေးသည်။ “စီနီယာအစ်ကိုစွန်းက ဂန္ဓာမာဓားအတတ် ဆယ့်နှစ်ကွက်ကို အလုံးစုံ နားလည်နေပြီလို့ သတင်းကြားထားတယ်၊ ဒီတော့ ဂျူနီယာညီလေးက ဒီနေ့ မျက်မြင်တွေ့ချင်မိတယ်”

“ကောင်းပြီ” စွန်းရင်ချွမ်းသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်တော့၏။

“အစ်မရှ”

စုရှောင်မိုသည် လက်ကိုယမ်းခါကာ ပြုံးလိုက်မိသည်။ “အတူတူ သွားချင်လား”

“စိတ်မဝင်စားဘူး” ရှရွှေယွင်သည် ထူးမခြားနားသလို ပြောပြီးသည့်နောက် ၎င်းတို့နှစ်ယောက်ကို တစ်စက် ကလေးမှ ဂရုမစိုက်ဘဲ ထွက်ခွာသွားခဲ့တော့သည်။

စွန်းရင်ချွမ်သည် မျက်လုံးတွေ ချာချာလည်သွား၏။ ပြီးသည့်နောက်မှာ ထိုအမျိုးသမီးကို ကြည့်ကာ ပြောလိုက်သည်။ “သူမက အရမ်းကို အေးစက်လွန်းတယ်နော်၊ မသိရင် သူ့ဆီကနေပြီးတော့ ပိုက်ဆံတွေဘာတွေ ငါတို့က ချေးထားသလိုပဲ”

“စီနီယာအစ်ကိုစွန်း”

စုရှောင်မိုသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်မိသည်။ “စီနီယာအစ်မရှက အသေးစား ရေခဲ ကောင်းကင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်တယ်လေ၊ ဒီတော့ အေးစက်တယ်ဆိုတာကို နားလည်ပေးရမှာပေါ့”

“ဟမ့်”

စွန်းရင်ချွမ်၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားလျက်ရှိသည်။ ပြီးသည့်နောက် ပြောလိုက်တော့၏။ “အရင်တုန်းကလည်း ထိုက်ရွမ်အအေးနှလုံးသားခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖူးတဲ့ လူတစ်ယောက် ရှိတယ်လေ၊ ဒါပေမဲ့ ဒီလောက်အေးစက်တယ်ဆိုတာကို ငါမမြင်ခဲ့ဘူးပါဘူး”

“အဲလူက ဘယ်သူလဲ” စုရှောင်မိုက မေးလိုက်သည်။

စွန်းရင်ချွမ်သည် ခေါင်းကို အသာငဲ့စောင်းပြီး တီးတိုးပြောလိုက်၏။ “ဂိုဏ်းကနေ ထုတ်ပယ်ခံလိုက်ရတယ်၊ လုချင်းချင်းလို့ ခေါ်တယ်လေ၊ ဒါပေမဲ့ အဆင့်မြင့် အကြီးအကဲတွေက ဒီကိစ္စကို ထုတ်မပြောဖို့ မှာကြားထားတယ် လေ၊ ဒီတော့ မပြောနဲ့တော့”

“နားလည်ပါပြီ”

စုရှောင်မိုသည် အလျင်အမြန်ပဲ ခေါင်းညိတ်လိုက်၏။ ပြီးသည့်နောက် နှလုံသားထဲတွင် ရေရွတ် လိုက်တော့သည်။ စီနီယာအစ်မကြီးက အရမ်းအားကောင်းတဲ့ ခန္ဓာကိုယ်ရှိနေတာမို့လို့ ဆယ်မျက်နှာသေဆုံးခြင်း မျှော်စင်ထဲမှာရှိနေတဲ့ ရှေးခန္ဓာကိုယ်ကို စိတ်မဝင်စားတာ ဖြစ်ရမယ်။

သူသည် ဤနေရာတွင် သူလျှိုလုပ်နေသည့် အတိုင်းအတာအတွင်း များပြားလှသည့် ကိစ္စရပ်များကို နားလည်ခဲ့ပြီး ဖြစ်သည်။ ထိုက်ရွမ်အအေးဂိုဏ်းသည် ထိုက်ရွမ်အဘိုးအို ချန်ရစ်ခဲ့သော ထိုက်ရွမ်အအေးနှလုံးသား နည်းစနစ် အကြွင်းအကျန်ကို လေ့ကျင့်ရင်း ဖြစ်တည်လာခဲ့သော ဂိုဏ်းတစ်ခုဖြစ်၏။ အဓိက လမ်းစဉ်သည် များပြားလှသည် ဆိုသော်လည်း အဓိကအားဖြင့် အအေးဓာတ်စင် နည်းစနစ်ကိုသာ အဓိကထား၍ လေ့ကျင့်ကြ၏။ ထို့ကြောင့် အအေး ဓာတ်စင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်သော တပည့်တစ်ယောက်ဆိုလျှင် မည့်သည့်အဆင့်မှာပဲဖြစ်ဖြစ် သေသေချာချာ ပြုစုပျိုးထောင်ခြင်းကို ခံရမည်ဖြစ်၏။

ဥပမာအားဖြင့် ရှရွှေယွင်ပင်ဖြစ်သည်။ သူမ၏ အဘိုးသည် အကြီးအကဲတစ်ယောက်ဖြစ်ပြီး သူမသည် အသေးစား ရေခဲကောင်းကင်အဆင့်ကို ပိုင်ဆိုင်၏။ ထို့ကြောင့် အပြင်စည်းတပည့်နေရာတွင် ခဏသာ နေထိုင်ရမှာဖြစ်၏။ သူမ၏အားအင် တိုးတက်လာသည့်အချိန်တွင် ကျိန်းသေပေါက် တိုက်ရိုက်တပည့် သို့မဟုတ် အတွင်းစည်းတပည့် ဖြစ်လာမှာ သေချာသည်။

“စီနီယာအစ်ကိုစွန်း”

စုရှောင်မိုသည် မသိမသာဖြင့် မေးလိုက်တော့၏။ “ထိုက်ရွမ်အအေးနှလုံးသားခန္ဓာကိုယ်က အအေးဓာတ်စင် ခန္ဓာကိုယ်တွေထဲမှာ အားအကောင်းဆုံး ခန္ဓာကိုယ်တစ်ခုလေ၊ ဒီတော့ လုချင်းချင်းက အရမ်းအားကောင်း တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်တာ၊ ဘာလို့ဂိုဏ်းကနေ ထုတ်ပယ်ခံလိုက်ရတာလဲ”

“သူက စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့လို့ပေါ့” စွန်းရင်ချွမ်က ပြောလိုက်သည်။

“ဪ”

စုရှောင်မိုသည် အောက်ခြေအထိ ထပ်၍ မမေးမြန်းတော့ချေ။ အဘယ်ကြောင့်ဆိုသော် မေးမြန်းလွန်းပါများလျှင် တစ်ဖက်လူများ သူ့ကို သံသယဖြစ်သွားမည်ကို စိုးရိမ်မိ၏။

ဝေါင်း

ထိုအချိန်မှာပဲ အလွန်တရာကြမ်းတမ်းလှသည့် သားရဲရိုင်း၏ အော်သံကြီး ထွက်ပေါ်လာခဲ့ပြီး ကြီးမားလှသည့် ကျားသားရဲကြီးသည် ၎င်းတို့၏ အရှေ့သို့ ရောက်ရှိလာ၏။ ထိုကျားသားရဲကြီး၏ မျက်လုံးထဲတွင်တော့ ကြောက်မက်ဖွယ်ရာကောင်းလှသည့်အော်ရာများ တလက်လက် တောက်ပလျက်ရှိ၏။

“ဂျူနီယာညီလေးစု”

စွန်းရင်ချွမ်သည် သူ၏ဓားကိုအသာထုတ်ယူပြီးနောက် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ “ဒီနေ့မှာတော့ စီနီယာအစ်ကိုက ဂန္ဓာမာ ဓားတိုက်ကွက်ဆယ့်နှစ်ကွက်ကို သေချာပြမယ်”

“ကောင်းပါပြီ”

စုရှောင်မိုသည် အလောတကြီးဖြင့် ဘေးသို့ရှောင်ရှားလိုက်၏။ သူသည် အစောကြီးကတည်းက ထိုသို့ဖြစ်ရန် မျှော်လင့်ထားပြီးသားဖြစ်သည်။ သို့ပေမဲ့ ငြိမ်ငြိမ်သက်သက်ဖြင့် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက် လိုက်သည့်အချိန်မှာတော့ ရှရွှေယွင်သည် ၎င်းတို့၏ တော်တော်ဝေးဝေးဆီကို ရောက်ရှိသွားပြီကို တွေ့လိုက်ရ၏။

သူတွေးလိုက်မိသည်။ “ဂိုဏ်းချုပ်က တစ်စုံတစ်ယောက်ကို လွှတ်လိုက်တာလားလို့ သိချင်မိတယ်လေ”

“ကောင်လေး”

ရုတ်တရက်ဆိုသလိုပဲ ခရမ်းရောင်ဘုရင်၏ အသံသည် သူ၏နားထဲသို့ ဝင်ရောက်လာသည်။ “ငါရောက်လာပြီ၊ ဒီကောင်လေးကို သေစေချင်လား၊ ဒုက္ခိတဖြစ်စေချင်လား”

“.........” စုရှောင်မို၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားသည်။ ဤအရာသည် အပြင်စည်းတပည့်များ၏ အတွေ့အကြုံ ယူရာ နေရာပင်ဖြစ်၏။ အဘယ်သို့ သတ်ဖြတ်၍ ရနိုင်မည်နည်း။ ထို့အပြင် သူက အနောက်မှာ လိုက်ပါလာသေးသည်။ သေဆုံးသွားမည်ဆိုလျှင် သူ၏ အခြေအနေတစ်ခုလုံး ပြောင်းပြန်လန်သွားမှာ ကြောက်ရ၏။

“ဟောခန်းသခင်ကျိ”

စုရှောင်မိုသည် အသံပို့လွှတ်လိုက်၏။ “ငြိမ်ငြိမ်သက်သက်လေးနဲ့ ရပ်ပြီးကြည့်ပါအုံး”

“ကောင်းပါပြီ”

“ဂန္ဓာမာဓားပန်း၊ ဂန္ဓာမာဓားအက” စွန်းရင်ချွမ်သည် ဂန္ဓာမာဓားနည်းစနစ် ဆယ့်နှစ်ကွက်ကို ထုတ်ဖော်လိုက်၏။ ဓားအရိပ်အယောင်များသည် ကောင်းကင်ယံတွင် ပျံသန်းလျက်ရှိသည်။ လှုပ်ရှားမှုများသည် အလွန်ကြည့်ကောင်း လှသည်ဆိုသော်လည်း အားအင်အဆင့်အရဆိုလျှင် သာမန်သာဖြစ်တော့သည်။

ရွီး ရွီး

သူတို့၏လမ်းကို ပိတ်ဆို့ထားသော ကျားသားရဲကြီးသည် သိုင်းတပည့်အဆင့်သာ ရှိသည်မို့ ချက်ချင်းပဲ သတ်ဖြတ် ခံလိုက်ရတော့၏။

စုရှောင်မိုသည် ဘေးတစ်ဖက်တွင် လက်ခုပ်တီးကာ ချီးကျူးလိုက်၏။ “စီနီယာအစ်ကိုစွန်းရဲ့ ဓားနည်းစနစ်က အရမ်းကို သပ်ရပ်လွန်းတယ်၊ အံ့အားသင့်စရာပဲ”

ဆွစ် …။

စွန်းရင်ချွမ်သည် ဓားအား ဓားအိမ်ထဲသို့ထည့်ကာဖြင့် ဂုဏ်ယူစွာ ပြောလိုက်တော့သည်။ “ဒါက သွေးပူလေ့ကျင့်ခန်း လုပ်တာပဲရှိသေးတယ်လေ”

စုရှောင်မိုသည် ပြုံးကာဖြင့် ပြောလိုက်တော့သည်။ “စီနီယာအစ်ကိုရဲ့ ဓားနည်းစနစ်က ကြောက်ဖို့ကောင်းတယ်၊ ကျိန်းသေပေါက် ယွမ်လင်တောင်တန်းရဲ့ အတွေ့အကြုံပြိုင်ပွဲမှာ ပထမနေရာကို ရမှာသေချာတယ်”

“ကျိန်းသေတာပေါ့”

စွန်းရင်ချွမ်သည် လက်ကိုဝှေ့ယမ်းကာဖြင့် ပြောလိုက်သည်။ “သွားကြစို့”

အမှောင်ထဲတွင် ပုန်းအောင်းနေသော ခရမ်းရောင်ဘုရင်မှာတော့ သူ၏သားရဲအား ဤကောင်လေး သတ်ဖြတ်လိုက်သည်ကို မြင်လိုက်ရချိန်မှာတော့ မနေနိုင်ဘဲ ထ၍ ကန်ချင်စိတ်ပင် ပေါက်မိနေသည်။ သူ၏ စိတ်ကိုသာ လွှတ်ပေး လိုက်မည်ဆိုလျှင် ထိုကောင်လေးအား မြေပေါ်တွင် အသားပြားဖြစ်သည်အထိ နင်းချေသတ်ဖြတ်ပစ်မှာသေချာသည်။

“စိတ်ကို အေးအေးထား၊ စိတ်ကို အေးအေးထား၊ နောက်လစာအတွက် သားရဲဆေးလုံး မလျော့ကြသွားစေဖို့ ငါ ဟိုလူပေးထားတဲ့တာဝန်ကို ပြည့်စုံအောင် လုပ်ရမယ်၊ စုရှောင်မို ကို ပိုပြီးထင်ပေါ်လာအောင်လို့ ပြုလုပ်ပေးရမယ်”

............................

ဝေါင်း

ဘုန်း ဘုန်း ဘုန်း

ယွမ်လင်တောင်၏ အပြင်ဘက်မှာတော့ အပြင်စည်းတပည့် ငါးရာကျော်တို့သည် ၎င်းတို့၏ ငါးရက်တာတိတိ တိုက်ခိုက်ရေးအတွေ့အကြုံကို စတင်ကာ လုပ်ဆောင်နေကြပြီဖြစ်သည်။ တိုက်ခိုက်ခြင်းနှင့် သားရဲများကို သတ်ဖြတ်ခြင်းဆိုသည်မှာ နေရာအနှံ့တွင် ဖြစ်ပေါ်လျက်ရှိသည်။

ဤသားရဲများမှာတော့ ခရမ်းရောင်ဘုရင်၏ နောက်လိုက်များ မဟုတ်ကြချေ။ သို့ပေမဲ့ မျိုးနွယ်ချင်းမှာတော့ တူညီနေကြသေးသည်။ ၎င်းတို့အားလုံး တစ်ကောင်ပြီး သတ်ဖြတ်ခံနေရသည်ကို မြင်ရချိန်မှာတော့ ခရမ်းရောင်ဘုရင်၏ မျက်လုံးများသည် တဖြည်းဖြည်းနှင့် နီမြန်းလာ၏။

………

“ဂိုဏ်းချုပ်”

ပြိုင်စံရှားဂိုဏ်းထဲမှာတော့ လီချင်းယန်သည် အနည်းငယ် စိတ်လက်ပူပန်စွာဖြင့် ပြောလိုက်မိသည်။ “ဟောခန်းသခင်ကျိက သားရဲမျိုးနွယ်ပဲလေ၊ ထိုက်ရွမ်အအေးဂိုဏ်းရဲ့အပြင်စည်းတပည့်တွေက သားရဲတွေကို သတ်ဖြတ်ဖို့ အဓိက တာဝန်ယူထားတာ၊ ဒီတော့ တစ်စုံတစ်ခု ဖြစ်သွားမှာကို စိုးရိမ်မိတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလိုတော့ မဖြစ်နိုင်ပါဘူး၊ ဟုတ်တယ် မဟုတ်လား”

“တစ်စုံတစ်ခု တကယ်ကို ဖြစ်ခဲ့ပြီ”

လီလိုရှုသည် အထဲသို့ လျှောက်ဝင်လာပြီး ပြောလိုက်သည်။ “ဟောခန်းသခင်ကျိက အကြီးအကဲညိုကို ခေါ်ပြီးတော့ ယွမ်လင်တောင်တစ်ခုလုံးမှာ ပြဿနာရှာနေပြီ၊ လေ့ကျင့်မှုကို လာရောက်ပြုလုပ်ကြတဲ့ ထိုက်ရွမ်အအေးဂိုဏ်း တပည့်တွေအကုန်လုံးက ကြီးကြီးမားမား ကပ်ဘေးကြီးကို ကြုံနေရတယ်”

ကျွင်းချောင်ရှောင်းသည် ချက်ချင်း မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ “ဒီလူ တကယ့်ကို ပြဿနာရှာတာပဲ”

ဤအရာမှာ ပြဿနာရှာခြင်းထက်ပို၏။ ကောင်းကင်တစ်ခုလုံးကိုပင် မီးတက်ရှို့ခြင်းနှင့် တူညီနေသည်။ လက်ရှိ အခြေအနေမှာတော့ ယွမ်လင်တောင်တန်းအတွင်း၌ ကြမ်းတမ်းသည့် သားရဲပေါင်းတစ်သောင်းကျော်တို့သည် ထိုက်ရွမ်အအေးဂိုဏ်း၏ အပြင်စည်းတပည့်များအားလုံးကို နီမြန်းနေသည့် မျက်လုံးအစုံဖြင့် ဝိုင်းရံလျက် ရှိနေသည်။

အကြီးအကဲညိုသည် ရှေ့သို့လှမ်းလျှောက်လာပြီး အေးစက်စက်နှင့် ပြောလိုက်သည်။ “ငါတို့ မျိုးနွယ်တွေကို သတ်ဖြတ်ရဲတယ်ဆိုတော့ မင်းတို့အားလုံးက သေသင့်ပြီ”

လူအုပ်ကြားထဲတွင်ရှိနေသော စုရှောင်မိုသည် ဒဏ်ရာရရှိနေသော စွန်းရင်ချွမ်အား လက်တစ်ဖက်ဖြင့် အသာ ဖေးမရင်း စိတ်ထဲမှာတော့ အသာအော်ဟစ်နေမိသည်။ ဂိုဏ်းချုပ်.... ဘယ်လိုသတ္တဝါတွေကိုလွှတ်ပြီး သရုပ်ဆောင် ခိုင်းခဲ့တာလဲ၊ တကယ့်ကို ညံ့ဖျင်းတဲ့သူတွေပဲ။

အစီအစဉ်အရဆိုလျှင် ဟောခန်းသခင်ကျိသည် ထိုက်ရွမ်အအေးဂိုဏ်းတပည့်များ ဒုက္ခရောက်စေရန် အနည်းငယ် ဖန်တီးပေးရမည်ဖြစ်သည်။ ထိုသို့သော အရေးအကြောင်း အခြေအနေမျိုးတွင် သူသည် ရှေ့သို့ ပြေးထွက်လာပြီးသည့်နောက်မှာတော့ သူ၏ရောင်းရင်း ဂိုဏ်းတူဂိုဏ်းသားများနှင့် အကြီးအကဲများအားလုံး၏ မျက်မှာသာပေးမှုကို ရရှိရန်အတွက် စွန့်လွှတ်စတေးကာ ဝင်ရောက်တိုက်ခိုက်ရမည်ဖြစ်သည်။

သို့ပေမဲ့ အဆုံးသတ်မှာတော့ ပြဿနာများသာ ရောက်ရှိလာခဲ့၏။

ဟောခန်းသခင်ကျိသည် သားရဲပေါင်းတစ်သောင်းကျော်ကို ဦးဆောင်ပြီးသည့်နောက် သားရဲလှိုင်းလုံးကြီးများ ဖန်တီးကာဖြင့် ထိုက်ရွမ်အအေးဂိုဏ်းမှ အပြင်စည်းတပည့်များကို တိုက်ခိုက်ခဲ့သေးသည်။ အကြီးအကဲစွန်းသည် ပင်လျှင် ဒဏ်ရာ ရရှိပြီး ထွက်ပြေးသွားခဲ့ရသည်။ တပည့်ငါးရာကျော်တို့သည် တစ်ဝက်လောက်က သေဆုံးသူက သေဆုံး၊ ဒဏ်ရာရရှိသူက မြေပေါ်တွင် လဲလျက်ရှိနေကြသည်။

များပြားလှသော သားရဲရိုင်းများသည် ၎င်းတို့အားလုံးကို ဝိုင်းပတ်ထားခဲ့သည်။ အခြေအနေသည် အလွန်တရာ ကြမ်းတမ်းလွန်းလှ၏။ လက်ရှိအခြေအနေမှာတော့ သူ့အနေနှင့် ရှေ့သို့လှမ်းတက်ကာ အန္တရာယ်ကြားမှ ကာကွယ် ပေးမည့်ကိစ္စသည် ဘယ်လိုမှ ဖြစ်နိုင်မည့်ကိစ္စ မဟုတ်တော့ချေ။

“ကောင်လေး”

ခရမ်းရောင်ဘုရင်သည် အသံပို့လွှတ်လိုက်၏။ “ငါ မင်းဟန်ထုတ်လို့ရအောင် အခွင့်အရေး ပေးထား ပြီးပြီ၊ ထွက်လာပြီးတော့ ကောင်းကောင်း အစွမ်းပြလိုက်တော့”

ခင်ဗျားကြီးတော်ကြီးကို အစွမ်းပြပါ့လား၊ သားရဲပေါင်းတစ်သောင်းကျော်လောက်ရှိနေတာကို ကျုပ်ရဲ့ သိုင်းဆရာ အဆင့် ကျင့်ကြံခြင်းနဲ့ အပြင်ကိုထွက်ပြီး တိုက်ခိုက် အနိုင်ယူမယ်ဆိုရင် ယုတ္တိတန်ပါ့မလား။

“သွားပြီ၊ သွားပြီ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး”

“ငါတို့အားလုံးကတော့ သေပြီပဲ”

ထိုက်ရွမ်အအေးဂိုဏ်းတွင်ရှိနေသော များပြားလှသည့် တပည့်များ၏ မျက်လုံးထဲတွင်တော့ စိတ်ပျက်အားငယ်မှု များ ဖြစ်တည်နေကြသည်။ အရှေ့တွင် သားရဲတစ်ရာလောက်သာ ရှိမည်ဆိုပါက ၎င်းတို့သည် တန်ပြန်တိုက်ခိုက် နိုင်သေး၏။ သို့ပေမဲ့ သားရဲများမှာ တစ်သောင်းကျော်ရှိသည်။ အလွန်တရာ အားကောင်းလှသော သားရဲများသည် ၎င်းတို့၏ အကြီးအကဲထက်ပင် အားကောင်းလွန်းသော စိတ်ဝိညာဉ်သားရဲ အနည်းငယ်ပင် ပါဝင်နေသေး၏။ ထို့ကြောင့် ယနေ့တွင် ကျိန်းသေပေါက် သေဆုံးရပေလိမ့်မည်။

ဝေါ့

စွန်းရင်ချွမ်သည် သွေးတစ်လုတ် အန်ထုတ်လိုက်၏။ သူ၏မျက်နှာသည် ဖြူလျော်လျက်ရှိသည်။ ဤကောင်လေး သည် အကြီးအကဲညို၏ လက်သီးထိုးနှက်ခြင်းကို ခံခဲ့ရသူဖြစ်သည်။ မသေဆုံးဘူးဆိုသော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့၏။

“မစိုးရိမ်နဲ့၊ မစိုးရိမ်နဲ့”

စုရှောင်မိုသည် တည်ငြိမ်ဟန်ဆောင်လိုက်၏။ ပြီးသည့်နောက်မှာတော့ ပြောလိုက်သည်။ “ဂိုဏ်းက ကျိန်းသေပေါက် တစ်စုံတစ်ယောက်ကိုလွှတ်ပြီးတော့ ကျုပ်တို့ကို ကယ်မှာပဲ”

“ကယ်တင်မှာ ဟုတ်လား”

အကြီးအကဲညိုသည် ဟန်ပါပါဖြင့် ပြုံးလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ငါ အစောကြီးကတည်းက ပြောတယ်၊ မင်းတို့အားလုံး သေရမယ်”

ပြောပြီးသည့်နောက်မှာတော့ သူသည် လက်ကိုယမ်းခါပြီးသည့်နောက် တုန်ယင်နေသော ထိုက်ရွမ်အအေးဂိုဏ်း၏ တပည့်တစ်ယောက်ကို လှမ်းဆွဲလိုက်၏။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ “မင်းက ငါ့ရဲ့မျိုးနွယ်စု ခုနှစ်ကောင်ကို သတ်ဖြတ်ခဲ့တယ်။ ငါ သေသေချာချာ ရေထားတာကွ။ ဟားဟားဟား ….. သေစမ်း”

“မလုပ်နဲ့”

ဘန်း

အကြီးအကဲညိုသည် သူ၏လက်အားညှစ်ကာ ထိုအပြင်စည်းတပည့်အား တိုက်ရိုက်ဆွဲဖဲ့လိုက်တော့သည်။

စုရှောင်မိုသည် စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လျက်ရှိသည်။ ခင်ဗျား ဒီလိုမျိုး ဆက်သတ်နေရင် ကျုပ်က ဘယ်လိုလုပ် သွားကယ်ရတော့မှာလဲ။

“နောက်တစ်ယောက်”

အကြီးအကဲညိုသည် ထိုက်ရွမ်အအေးဂိုဏ်းတပည့်ဆီသို့ လှမ်းကြည့်ကာ အေးစက်စက် ပြုံးလိုက်၏။ “ဒီတစ်ခါ ဘယ်သူ့အလှည့်လဲ”

စုရှောင်မိုသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ရှေ့သို့လှမ်းလျှောက်လာ၏။ သူ၏ ခြေထောက်များမှာတော့ တုန်ခါနေဟန်ဆောင်ထားသည်။ ပြီးနောက် ပြောလိုက်သည်။ “တကယ်လို့ ခင်ဗျားသတ်ချင်တယ်ဆိုရင် ကျုပ်ကို သတ်၊ ကျုပ်ရဲ့ စီနီယာအစ်ကိုတွေကို မထိခိုက်စေနဲ့”

ဤအဖွဲ့သည် သရုပ်ဆောင်များ ဖြစ်သည်ဆိုသော်လည်း ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်ကြသည့်သူများ မဟုတ်ကြချေ။ ထို့ကြောင့် သူ့အနေနှင့် ဇာတ်ညွှန်းကို ပြောင်းလဲမှဖြစ်မည်။

လူအုပ်ကြားထဲတွင် ရှိနေသော ရှရွှေယွင်သည် ထူးဆန်းသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။ သူမသည် တီးတိုးပြောလိုက်၏။ “သူ သေမှာ မကြောက်ဘူးလား မသိဘူး”

အကြီးအကဲညိုသည် လက်ကိုမြှောက်ကာ အေးစက်စက် ပြောလိုက်၏။ “မင်းလို သိုင်းစစ်သူကြီး အဆင့်တောင် မရောက်သေးတဲ့ အမှိုက်တစ်စကို သတ်ဖြတ်ပစ်ဖို့ဆိုတာ ငါ့လက်ညစ်ပေတာပဲရှိမယ်”

ဘန်း

ရိုက်ချက်တစ်ခုသည် ၎င်း၏ မျက်နှာပေါ်သို့ ကျဆင်းလာ၏။ စုရှောင်မိုသည် ချက်ချင်းပဲ လွှင့်စင်သွားပြီးနောက် ကြီးမားသည့် ကျောက်တုံးကြီးတစ်ခုနှင့် တိုက်မိတော့သည်။

ဝေါ့

သူသည် သွေးတွေ အန်ထုတ်လိုက်တော့သည်။ သို့ပေမဲ့ သူ၏ နှလုံးသားထဲမှာတော့ စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လျက်ရှိ၏။ ဂိုဏ်းချုပ်....ဒီသတ္တဝါတွေ သရုပ်ဆောင်တာ ကြမ်းတယ်။ တကယ်ခံလိုက်ရသလိုပဲ။

All Chapters