← Chapters

အခန်း (၈၆၂)

Vol. 58 Ch. 862

အခန်း (၈၆၂)

Vol. 58 Ch. 862

ယွမ်လင်တောင်တွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များ ပြီးသည့်နောက် စုရှောင်မိုသည် အကြီးအကဲများ၏ အသိအမှတ် ပြုမှုကို ရရှိခဲ့သည်။ ထို့ပြင် တစ်စုံတစ်ယောက်သည် အသက်ကိုစတေး၍ ဂိုဏ်းတူရောင်းရင်းများအားလုံးကို ကူညီသည်ဆိုသည်မှာ ရှားပါးလှသည့် ကိစ္စပင် ဖြစ်တော့သည်။

ပထမတုန်းက စွန်းရင်ချွမ်သည် သူ၏နောက်လိုက် အဖြစ်သာ စုရှောင်မိုကို သဘောထားခဲ့သူဖြစ်သည်။ လက်ရှိအချိန်မှာတော့ ညီအစ်ကိုတစ်ယောက်အဖြစ် သဘောထားလာခဲ့ပြီဖြစ်၏။ ဒဏ်ရာများ ပြန်လည်ကောင်းမွန်ပြီးသည့်နောက် သူသည် စုရှောင်မိုကို ခေါ်ကာဖြင့် ကြိတ်ကာ လျှို့ဝှက်သိုင်းကျမ်း တစ်ခုကို ပေးခဲ့၏။ ထ“ဂျူနီယာညီလေး... ဒါက ဂန္ဓာမာဓားအတတ် ဆယ့်နှစ်ကွက်ပဲ၊ သေသေချာချာယူပြီး လေ့ကျင့်ထား၊ ငါပေးတယ်လို့ တခြားသူတွေကို မပြောနဲ့နော်”

“ကျေးဇူးပါပဲ စီနီယာအစ်ကိုစွန်း”

စွန်းရင်ချွမ်သည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “မင်းက ငါ့ကို အပြင်လူတစ်ယောက်လို ဆက်ဆံနေတာပဲ”

“အင်း” စုရှောင်မိုသည် သွားဖြီးလိုက်၏။

“ငါ လွယ်ကူတဲ့ တာဝန်တစ်ခုကို ယူလာတယ်၊ အတူတူ သွားလုပ်ရအောင်”

“ကောင်းပါပြီ”

စွန်းရင်ချွမ်သည် စုရှောင်မိုအပေါ် အမူအကျင့်နှင့် စိတ်နေစိတ်ထားများ ပြောင်းလဲသွားခဲ့တော့၏။ ထို့အတူ တခြားသောတပည့်များသည်လည်း အဝေးမှ သူ့အား မြင်သည်ဆိုပါက နွေးနွေးထွေးထွေးနှင့် ပြုံးကာ နှုတ်ဆက် ကြတော့သည်။ ထိုသူများသည် အတိတ်တုန်းကဆိုလျှင် သူ့အား မမြင်ချင်ယောင် ဆောင်ခဲ့ကြသူများပင် ဖြစ်တော့သည်။

စုရှောင်မို သည် အကြီးအကဲများ အားလုံး၏ မျက်လုံးထဲတွင် လူကောင်းတစ်ယောက်လို ဖြစ်နေ၏။ သို့ပေမဲ့ တခြားသော တပည့်တော်တော်များများ၏ မျက်လုံးထဲမှာတော့ မျက်နှာလို၊ မျက်နှာရ လုပ်တတ်သူပင် ဖြစ်တော့သည်။ ထို့ကြောင့် တော်တော်များများသည် ကြိုက်နှစ်သက်ခြင်း မရှိကြချေ။

ယွမ်လင်တောင်ကိစ္စ ပြီးသွားပြီးသည့်နောက်မှာတော့ ၎င်းဂိုဏ်းတူရောင်းရင်းများ အားလုံးသည် စုရှောင်မို အဘယ်ကြောင့် လူချစ်လူခင်ပေါရသည် ဆိုသည့် အကြောင်းကို နားလည်သွားကြ၏။ ထို့ကြောင့် သူတို့သည် လက်သင့်ခံနိုင်ကြပြီ ဖြစ်တော့၏။

“အကြီးအကဲကျိနဲ့ တခြားသူတွေက ဘယ်လိုလုပ်ခဲ့တယ်ဆိုတာကို သေချာမသိဘူးဆိုပေမယ့် အရာအားလုံးက စီစဉ်ထားတဲ့အတိုင်း ဖြစ်သွားတာပဲ” စုရှောင်မိုသည် စားသောက်ခန်းဆီသို့ သွားရာလမ်းတွင် တွေးလိုက်မိ တော့သည်။

လက်ရှိအချိန်မှာတော့ သူသည် အပြင်စည်းဂိုဏ်းသား တပည့်များကြားတွင် အထွန်းလင်း အတောက်ပဆုံးသော လူတစ်ယောက် ဖြစ်နေခဲ့ပြီပဲဖြစ်၏။ သူ့အနေနှင့် သူ၏ ပါရမီနှင့် အားအင်အဆင့်ကို ဖြည်းဖြည်းချင်း ထုတ်ဖော် ပြသနိုင်မည်ဆိုလျှင် အနာဂတ်တွင် အတွင်းစည်းတပည့်တစ်ယောက် ဖြစ်လာရန်ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်တော့ချေ။

ထိုက်ရွမ်အအေးဂိုဏ်းကြီးကဲ့သို့ ဂိုဏ်းတစ်ခုတွင် မြှောက်ပင့် ပြောဆိုခြင်းနှင့် ဂုဏ်သိက္ခာ ကြီးမားလှသောသူများကို ကပ်ဖားရပ်ဖား လုပ်ရခြင်းသည် အကန့်အသတ် တစ်ခုအနေနှင့်သာ ရှိသည်။ ပိုမို အားကောင်းချင်သည်ဆိုလျှင် မိမိ၏ ကိုယ်ပိုင်အားအင်အဆင့်ကို အမှီအခို ပြုမှသာလျှင် ဖြစ်ပေလိမ့်မည်။

“ဘာပဲပြောပြော အထက်အကြီးအကဲပိုင်းတွေ သံသယဝင်တာကို ရှောင်ရှားနိုင်ဖို့ ခြေလှမ်းကြီးလှမ်းလို့ မဖြစ်ဘူး”

စုရှောင်မိုသည် ကုပ်ပိုးကို ပွတ်ကာဖြင့် တွေးလိုက်မိသည်။ “ငါ့အနေနဲ့ လုပ်စရာတွေ အများကြီး ရှိနေသေးတာပဲ”

“ဟေး”

ရုတ်တရက်ဆိုသလိုပဲ သူသည် အသံတစ်ခုကို ကြားလိုက်ရ၏။ လှည့်ကြည့်လိုက်သည့်အချိန်မှာတော့ ရှရွှေယွင်သည် သစ်ပင်တစ်ခုကို မှီကာဖြင့် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရ၏။ သူမက တည်ငြိမ်စွာ မေးလိုက်သည်။ “မင်း ဒဏ်ရာတွေ ပြန်ပြီးတော့ ကောင်းသွားပြီလား”

ဤမိန်းကလေးသည် ဆယ့်ရှစ်နှစ်၊ ဆယ့်ကိုးနှစ်လောက်သာ ရှိ၏။ သူမသည် အလွန်လှပလှသော မိန်းကလေး တစ်ယောက်မဟုတ်သော်လည်း ကြည့်ရှု၍ကောင်းလှသောသူတစ်ယောက်ပင် ဖြစ်တော့သည်။ သို့ပေမဲ့ မျက်နှာပေါ်တွင် အေးစက်သည့် အမူအရာများ ရှိနေသောကြောင့် ၎င်းနှင့် မိုင်တစ်ထောင်အဝေးဆီမှ ခပ်ဝေးဝေး ရှောင်ရှားတာ ကောင်းလိမ့်မည်ဟူသော စိတ်ခံစားချက်များ ရရှိစေသည်။

“ဒီလို အေးစက်တတ်တဲ့ အမူအကျင့်နဲ့ မိန်းကလေးတစ်ယောက် စပြီး စကားပြောလာပြီဆိုရင် မင်းက ခပ်ဝေးဝေးမှာ နေရမယ်၊ သူ့ကို ဖြစ်နိုင်သမျှ ရှောင်ရမယ်” အကြီးအကဲဝေ၏ စကားသံသည် စုရှောင်မို၏ နားထဲသို့ ဝင်လာသည်။

“ဒါဆိုရင် ကျွန်တော် သူမကို ဘယ်လိုဆက်ဆံရမလဲ”

“ဒီလို မိန်းကလေးတွေနဲ့ ဆက်ဆံတဲ့အချိန်မှာ ခပ်ခွာခွာနေ၊ ဒါမှ သူတို့က ပြန်ပြီးတော့ လာကပ်နေမှာလေ၊ သူတို့က ကပ်လေ၊ ကိုယ်က ခွာလေလုပ်မှ သူတို့က လိုက်လာတာ”

စုရှောင်မိုသည် အဘိုးကြီးဝေ ပြောခဲ့သော စကားများကို သေသေချာချာ ပြန်လည် စဉ်းစားလိုက်၏။ ပြီးသည့်နောက်မှာတော့ လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် စီနီယာအစ်မ... ဆေးပေးတဲ့အတွက်ကြောင့်ပါ”

ရှရွှေယွင်သည် ထူးမခြားနားသလို ပြောလိုက်သည်။ “စွန်းရင်ချွမ်ရဲ့ အတွေးက သိုင်းပညာလမ်းစဉ်ပေါ်မှာ ရှိတာ မဟုတ်ဘူး၊ သူ့နောက်ကို လိုက်မယ်ဆိုရင် မင်းအနေနဲ့ အနာဂတ်မှာ ပိုပြီးတော့ နှောင့်နှေး ကြန့်ကြာမှုတွေ ဖြစ်နိုင်တယ်”

ပြီးသည့်နောက်မှာတော့ သူမသည် လှည့်ထွက်သွားတော့သည်။

စုရှောင်မိုသည် ခဏလောက် တွေးလိုက်မိသည်။ ကျုပ်က ခင်ဗျားနောက် လိုက်ချင်တာလေ၊ ဒါပေမဲ့ ခင်ဗျားကမှ ဂရုမစိုက်တာ။

သူ့အနေနှင့် ယောက်ျားနှင့် မိန်းမအကြား ဆက်ဆံရေးကို အလေးထားချင်သောကြောင့် မဟုတ်ပေ။ တစ်ဖက်လူ၏ အဘိုးသည် ဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်နေ၏။ ထို့ကြောင့် ရှရွှေယွင် နှင့်သာ ကောင်းမွန် သည့်ဆက်ဆံရေးရှိသည်ဆိုပါက ထိုက်ရွမ်အအေးဂိုဏ်းထဲတွင် အကျိုးကျေးဇူးများ ရမှာသေချာ၏။

“ကုန်းရှန့်”

စွန်းရင်ချွမ်က သူ၏နောက်တွင်ပေါ်လာသည်။ ပြီးနောက် ပခုံးပေါ်သို့ လက်တင်ကာ ပြောလိုက်သည်။ “ရှရွှေယွင်နဲ့မင်း စကားပြောနေတာ ကြာပြီနော်၊ ငါမြင်ခဲ့တယ်”

“အင်း”

စုရှောင်မိုက ပြောလိုက်သည်။ “ဒဏ်ရာအကြောင်းကို မေးနေတာပါ”

“အင်း”

စွန်းရင်ချွမ်က ပြောလိုက်သည်။ “ဒီအေးစက်လှတဲ့ မိန်းကလေးက ဂျူနီယာညီလေးကိုတော့ ဂရုစိုက်သေး သားပဲ၊ ငါ သုံးသပ်နိုင်တာက”

သူသည် ခဏလောက် ရပ်တန့်ကာ ပြောလိုက်၏။ “သူမက မင်းကို စိတ်ဝင်စား နေတာလား မသိဘူး”

“စီနီယာအစ်ကိုစွန်း... မနောက်ပါနဲ့”

စုရှောင်မိုက ပြောလိုက်သည်။ “ကျုပ်က နိမ့်ကျလှတဲ့ နောက်ခံကနေ လာတာလေ၊ ပြီးတော့ အရည်အချင်းကလည်း သိပ်ပြီး မြင့်မားလှတာ မဟုတ်ဘူး၊ အစ်မရှလိုမျိုး ဂုဏ်ယူရလောက်တဲ့ မိန်းကလေးက ဘယ်လိုလုပ် လာကြိုက်မှာလဲ”

“ကိုယ့်ကိုယ်ကိုယ် အဲလောက် အထင်မသေးပါနဲ့”

စွန်းရင်ချွမ်သည် ပခုံးကို ပုတ်ကာဖြင့် ပြောလိုက်သည်။ “လာ... ထမင်းသွားစားကြရအောင်”

................

ထိုက်ရွမ်အအေးဂိုဏ်း၏ စားသောက်ခန်းသည် ပြိုင်စံရှားဂိုဏ်းထက် ပိုမို၍ ကြီးမား၏။ သို့ပေမဲ့ ချက်ပြုတ်ထား သော အစားအစာများအားလုံးသည် စုရှောင်မို၏ ပါးစပ်နှင့် အရသာမတွေ့လှချေ။ စားသမျှတိုင်းသည် ထမင်းကြမ်းခဲများကို ဝါးစားရသလို ဖြစ်နေ၏။ သို့ပေမဲ့ သူသည် အရသာရှိလှသလို ဟန်ဆောင်နေမိသည်။

“တုတုရဲ့ ဟင်းလက်ရာတွေကို လွမ်းလိုက်တာ”

စုရှောင်မိုသည် အကူအညီမဲ့စွာဖြင့် ထိုင်နေသည်။ သို့ပေမဲ့ သူသည် စားသောက်ရန် ပြင်နေစဉ်မှာပဲ ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်သွားသည် ခံစားချက်ကို ရရှိလိုက်ရ၏။ လှမ်းကြည့်လိုက်သည့်အချိန်မှာတော့ သူ၏အရှေ့တွင် လာရောက်ထိုင်နေသော ရှရွှေယွင်ကို မြင်လိုက်ရတော့သည်။

“ဟေး”

စွန်းရင်ချွမ်သည် အစားအစာများကို ယူဆောင်လာပြီးနောက် ပြောလိုက်သည်။ “အဲဒါ ငါ့ခုံလေ၊ ဘာလို့ ဒီမှာ ထိုင်နေရတာလဲ”

“ထိုင်ချင်လို့ပေါ့” ရှရွှေယွင်သည် ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်၏။

“အင်း... ထားလိုက်တော့၊ ယောက်ျားကောင်းတွေဆိုတာ မိန်းမတွေနဲ့ ရန်မဖြစ်ဘူး”

စွန်းရင်ချွမ်သည် တခြားသော ခုံတစ်လုံးဆီသို့ သွား၍ ထိုင်လိုက်သည်။ ပြီးနောက် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်၏။ “သူမက တစ်ယောက်တည်း အမြဲတမ်း စားနေတာ၊ ဘယ်လိုဖြစ်ပြီး ဒီနေ့မှ ကုန်းရှန့်ရှေ့ လာစားနေရတာလဲ”

“ဒီလို မိန်းကလေးတွေနဲ့ ရင်ဆိုင်တဲ့အချိန်မှာ မင်းအနေနဲ့ ခပ်ခွာခွာ နေသင့်တယ်၊ သူတို့က လိုက်လေ၊ မင်းက ပြေးလေ ဖြစ်ရမယ်” စုရှောင်မို၏ နားထဲသို့ အကြီးအကဲဝေ၏ စကားလုံးများသည် တိုးဝင်လျက်ရှိနေသည်။ သူသည် ခေါင်းကိုငုံ့ကာဖြင့် စားလျက်ရှိသည်။ တစ်ချက်ကလေးမှ မကြည့်ချေ။

အကြီးအကဲဝေ... ဒီအခြေအနေကို ဘယ်လို ပြောင်းလဲရမလဲ။

“ငါ တာဝန်တစ်ခုကို ယူထားတယ်၊ စားပြီးသွားရင် အတူတူ သွားလုပ်ရအောင်” ရှရွှေယွင်က ပြောလိုက်သည်။

ဘေးတစ်ဖက်တွင် စွပ်ပြုတ်သောက်လျက်ရှိနေသော စွန်းရင်ချွမ် သီးမလိုပင် ဖြစ်သွားတော့သည်။ သူ နားကြားပင် လွှဲနေသည်လား။ အမြဲတမ်း လောကကြီးနှင့် ခြားနားကာ သူတစ်ဦးတည်းနေတတ်သော အမျိုးသမီးသည် တာဝန် အတူတွဲလုပ်ရန် ကုန်းရှန့်အား စဦးပြောဆိုလျက်ရှိနေ၏။

စုရှောင်မိုသည် ခေါင်းကို ကုတ်ကာဖြင့် ပြောလိုက်၏။ “အစ်မရှ... စီနီယာအစ်ကိုစွန်းနဲ့ ချိန်းထားတာလည်း ရှိတယ်လေ၊ စားပြီးသွားရင် စိတ်ဝိညာဉ်အစီအရင်ထဲမှာ သွားပြီးလေ့ကျင့်ဖို့၊ ဒီတော့”

“မင်း သွားကို သွားရမယ်” ရှရွှေယွင်က ပြောလိုက်သည်။

“ဒါက” စုရှောင်မိုသည် ခပ်လှမ်းလှမ်းတွင် ရှိနေသော စွန်းရင်ချွမ်အား လှမ်း၍ကြည့်လိုက်သည်။

စွန်းရင်ချွမ်က လှမ်းပြောလိုက်၏။ “အစ်မရှက ရှားရှားပါးပါး အကူအညီလာတောင်းတာဆိုတော့ မင်း လိုက်သွားသင့်တယ်”

ဤအရာသည် အကူအညီလာတောင်းခြင်း မဟုတ်ချေ။ အမိန့်ပေးနေခြင်းသာ ဖြစ်တော့သည်။

“ကောင်းပြီ”

စုရှောင်မိုက ပြောလိုက်သည်။ “ဒါဆိုရင် စားပြီးတာနဲ့ သွားကြတာပေါ့”

ပြောပြီးသည့်နောက်မှာတော့ သူသည် တူကို ကောက်ကိုင်ကာ စတင်ကာ စားတော့၏။

ရှရွှေယွင်သည် ထူးမခြားသလို ပြောလိုက်၏။ “မင်းခုနက ခေါင်းကုတ်တုန်းက ဗောက်တွေ ပန်းကန်ပေါ်ကို ကျသွားသေးတယ်”

“ဟမ်” စုရှောင်မို၏ မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားတော့သည်။

...................

ယွမ်လင် တောင်တန်းထဲမှာတော့ ဤအရာသည် အလွန်ပင် မိစ္ဆာဆန်လွန်းသော နေရာဖြစ်၏။ လက်ရှိအချိန်မှာ စုရှောင်မိုသည် အရှေ့တွင် လျှောက်လျက်ရှိပြီး ရှရွှေယွင်မှာ နောက်မှ လျှောက်လျက်ရှိ၏။ ၎င်းတို့နှစ်ယောက်သည် စကားပြောဆိုခြင်း မရှိသလို ခပ်ဝေးဝေးမှပင် လှမ်းလျှောက်လျက်ရှိနေကြ၏။

“စီနီယာအစ်မ”

ခဏလောက် လျှောက်ပြီးသည့်အနောက်မှာတော့ စုရှောင်မိုသည် မနေနိုင်တော့ဘဲ မေးလိုက်မိ သည်။ “ဒီတစ်ခါလုပ်ရမယ့်တာဝန်က ဘာတာဝန်လဲ”

“ယင်လေဝံပုလွေဘုရင်ကို ဖျက်ဆီးပစ်ဖို့လေ”

“ဟမ်”

စုရှောင်မို မျက်လုံးပြူးသွားမိသည်။ “ဒါက သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်နဲ့ နှိုင်းယှဉ်လို့ရတဲ့ သားရဲ မဟုတ်လား၊ ကျုပ် မနိုင် နိုင်ဘူးလေ”

“မင်းက ဝံပုလွေတွေကို တခြားဆီကို အာရုံလွှဲပေးဖို့ပဲလိုတယ်၊ ကျန်တာ ငါ့ကိစ္စထားလိုက်” ရှရွှေယွင်က ပြောလိုက်သည်။

...............

စုရှောင်မိုသည် မျက်လုံးများ ချာချာလည်သွားတော့သည်။ ဤအမျိုးသမီးသည် သူ့အား ခေါ်ဆောင်လာသည်မှာ ဝံပုလွေများ အားလုံး သူ့နောက်သို့ လိုက်စေရန် ရည်ရွယ်ချက်နှင့်သာ ဖြစ်တော့သည်။

အာ ဝူး..... အာ ဝူး

ထိုအချိန်မှာတော့ ဝံပုလွေ သားရဲများ၏ အော်သံသည် တောနက်ထဲမှ ထွက်ပေါ်လာခဲ့တော့သည်။ တစ်ကောင်ပြီး တစ်ကောင် ရောက်ရှိပြီးသည့်နောက် အဆင့်ကိုး သိုင်းဆရာအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော ယင်လေဝံပုလွေများ သည် ထွက်လျှောက်လာခဲ့ကြတော့သည်။ ၎င်းတို့၏ မျက်လုံးများသည် အေးစက်လျက် ရှိနေ၏။

“သွားတော့”

ရှရွှေယွင်က ပြောလိုက်သည်။ “သူတို့ကို လမ်းကြောင်းပြောင်းသွားအောင် ခေါ်သွားတော့”

......................

စုရှောင်မိုသည် စိတ်ဓာတ်တကျ ဖြစ်နေသည်ဆိုသော်လည်း မိမိကိုယ်ကို အားတင်းကာဖြင့် အရှေ့သို့ လှမ်းလျှောက် သွား၏။ ပြီးသည့်နောက်မှာတော့ ဝံပုလွေသားရဲများအား စနောက်လိုက်တော့သည်။ “ငပေါတွေ... ငါ့ကို လိုက်ဖမ်းကြစမ်း”

အာ ဝူး... အာ ဝူး...

ဝံပုလွေသားရဲ ရာချီတို့သည် ရူးသွပ်သွားသူများကဲ့သို့ပင် ရှေ့သို့တက်လှမ်းကာ လိုက်လံကိုက်ခဲတော့၏။

“ကောင်းကင်ဘုံ” စုရှောင်မိုသည် လျင်လျင်မြန်မြန်ပဲ ထွက်ပြေးသွားတော့သည်။ သူ့အနေနှင့် အလွန်အမင်း ကြိုးစားကာ ထွက်ပြေးနေရသည့်ပုံပေါ်သော်လည်း ၎င်း၏ ခြေထောက်များမှာတော့ အလွန်လျင်မြန်လွန်းလှ၏။

ချလွမ်

ထိုအချိန်မှာတော့ ရှရွှေယွင်သည် သူမ၏ဓားကို ထုတ်ယူလိုက်၏။ ပြီးသည့်နောက်မှာတော့ ဆန်းကြယ်လှသည့် လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြုကာ အမှောင်ထဲသို့ ပြေးသွားတော့သည်။ သူမသည် အနောက်ဘက်တွင် ပုန်းအောင်းလျက်ရှိသော ယင်လေဝံပုလွေဘုရင်အား ရှာဖွေနေခြင်းပင်ဖြစ်သည်။

“ဒီမိန်းကလေးက အဆင်ခြင်မဲ့လွန်းတယ်”

စုရှောင်မိုသည် ဆွံ့အလျက်ရှိ၏။ သူသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် တောနက်ထဲသို့ အာရုံခံကြည့်ရှုနေသည်။ ထိုအချိန်မှာတော့ ယင်လေဝံပုလွေ တစ်ကောင်တည်းသာ မဟုတ်ဘဲ သိုင်းဆရာအဆင့်နှင့် နှိုင်းယှဉ်၍ရနိုင်သော တခြားများပြားလှသော စိတ်ဝိညာဉ်သားရဲများလည်း တည်ရှိ နေသည်ဖြစ်ကြောင်းကို တွေ့လိုက်ရ၏။

ဤနေရာသည် အထဲကို ဝင်သွားရန်လွယ်ပြီး အပြင်သို့ ပြန်လည်ထွက်ခွာ ရန် ခက်ခဲလှသောနေရာပင် ဖြစ်တော့သည်။

All Chapters