← Chapters

အခန်း (၈၆၁)

Vol. 58 Ch. 861

အခန်း (၈၆၁)

Vol. 58 Ch. 861

ကျွင်းချောင်ရှောင်းသည် စုရှောင်မိုအား အထွန်းတောက်ဆုံးဖြစ်စေရန် ပံ့ပိုးပေးခြင်းဖြစ်၏။ ထိုမှသာလျှင် ထိုက်ရွမ် အအေးဂိုဏ်း၏ အဆင့်မြင့်ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် စုရှောင်မိုသည် အလားအလာကောင်းကို ပိုင်ဆိုင်သူ ဖြစ်ကြောင်း သိသာပေလိမ့်မည်။

အချက်အလက်အားဖြင့် စုရှောင်မိုသည် အစီအစဉ်ကြီးတစ်ခုလုံး၏ မင်းသားပင် ဖြစ်တော့သည်။ ပထမဦးဆုံးအနေဖြင့် သူသည် ထိုက်ရွမ်အအေးဂိုဏ်းတွင် သိုင်းဆရာကျင့်ကြံသူ တစ်ယောက်အဖြစ် ဟန်ဆောင်ခဲ့၏။

ထို့ကြောင့် လက်ရှိအချိန် ယွမ်လင်တောင်တန်းဆီသို့ ရောက်ရှိရာတွင် ရှိရှိသမျှ သားရဲများအားလုံးကို သူ၏ သေးငယ်လှသော ကျင့်ကြံခြင်း အဆင့်လေးဖြင့် တိုက်ခိုက်အနိုင်ယူ ခဲ့သည်ဆိုခြင်းမှာ အဓိပ္ပာယ်မရှိလှချေ။ ထို့ကြောင့် သူသည် ဇာတ်လမ်းကို ပြောင်းမှဖြစ်မည်။

မည်ကဲ့သို့ ပြောင်းလဲရမည်နည်း။ လက်ရှိအခြေအနေတွင် စွန်းရင်ချွမ်နှင့် ရှရွှေယွင်တို့ကလည်း တည်ရှိနေ၏။ ဤကဲ့သို့ အခြေအနေမျိုးတွင် သူသည် ရှေ့သို့လှမ်းတက်ပြီးသည့်နောက် တစ်ဖက်၏ တိုက်ခိုက်မှုကို ခံယူကာဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသလို ဟန်ဆောင်မှ ဖြစ်ပေလိမ့်မည်။ ဤအကြံအစည်သည် ပြည့်စုံလွန်းလှ၏။ သို့ပေမဲ့ ရက်စက်လွန်းလှသည့် အကြံအစည်တစ်ခုလည်း ဖြစ်တော့သည်။

ခရမ်းရောင်ဘုရင်သည် သူ၏မျိုးနွယ်စုများ သတ်ဖြတ်ခံလိုက်ရသည်ကို မြင်ရချိန်မှာတော့ ခံစားချက်ကို လုံးဝ မထိန်းချုပ်နိုင်တော့ချေ။ ထို့ကြောင့် သားရဲပေါင်း တစ်သောင်းကို စုစည်း ဆင့်ခေါ်ကာဖြင့် ထိုက်ရွမ်အအေးဂိုဏ်း၏ အပြင်စည်းတပည့်များကို တိုက်ခိုက်သတ်ဖြတ်ခဲ့သည်။

ဟောခန်းသခင်ကျိတို့ လုပ်ခဲ့သည်မှာ အလွန်တရာ ဆိုးဝါးလွန်းလှ၏။ ပို၍ ဆိုးရွားသည့်အရာမှာ ရှိသေးသည်။ အကြီးအကဲညိုသည် သူ၏ မူလခန္ဓာကိုယ်ကို ထုတ်ဖော်ပြသပြီးနောက် အကြီးအကဲစွန်းကို ရိုက်နှက်ခဲ့သေး၏။

အပြင်စည်းဂိုဏ်းသားတပည့် တော်တော်များများသည် ကြောက်လန့်တကြားဖြင့် တုန်ယင်လျက် ရှိနေကြတော့သည်။ ဤသို့သောအခြေအနေမျိုးတွင် ၎င်း၏ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းကို ထုတ်ဖော်အသုံးပြု၍လည်း မရနိုင်ချေ။ ထို့ကြောင့်သာလျှင် ပိုမိုကောင်းမွန်သည့် သရုပ်ဆောင်မှုများကို ထုတ်ဖော်ပြသရပေတော့မည်။

စုရှောင်မိုသည် မတ်တပ်ထရပ်လိုက်ပြီးသည့်နောက်မှာတော့ သူ၏လက်များသည် အောက်သို့တွဲကျလျက်ရှိသည်။ သူသည် တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “တကယ်လို့ ခင်ဗျားတို့ သတ်ချင်တယ်ဆိုရင် ကျုပ်ကိုသတ်၊ ကျုပ်ရဲ့ စီနီယာအစ်ကိုတွေကို မထိနဲ့”

သူ့အနေနှင့် ဇာတ်ညွှန်းပြောင်းလိုက်သည်သာမက အကောင်းမွန်ဆုံးသော အခြေ အနေတစ်ခုကို ထုတ်ဖော်ကာ သရုပ်ဆောင်မှ ဖြစ်ပေတော့မည်။ ထို့အပြင် ထိုက်ရွှမ်အအေးဂိုဏ်းသည် ထိပ်တန်းဂိုဏ်းများမှ တစ်ခုဖြစ်သည်မို့ အပြင်စည်းတပည့်များ တိုက်ခိုက်ခံရသည့်သတင်းကို ရရှိသည်ဆိုသည်နှင့် ချက်ချင်းပဲ တပ်ကူများ ရောက်ရှိလာမှာသေချာသည်။

ဟုတ်ပေသည်။ သူ့အနေနှင့် ဤအတောအတွင်းတွင် အချိန်ဆွဲထားချင်ယောင်ဆောင်မှဖြစ်မည်။ သို့ပေမဲ့ ဂိုဏ်းမှ ယွမ်လင်တောင်ဆီသို့ ရောက်ရှိဖို့ဆိုလျှင် အချိန်အနည်းငယ်ကြာမှဖြစ်မည်။

“ကုန်းရှန့်”

ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသော စွန်းရင်ချွမ်သည် ကြောင်အသွားမိ၏။ ဂျူနီယာညီလေးစုသည် ဤကဲ့သို့သော အခြေအနေမျိုးတွင် မားမားမတ်မတ် ရပ်တည်နေလိမ့်မည်ဟု သူမထင်မှတ်ခဲ့ချေ။ တခြား တစ်ဖက်က ကြည့်မည်ဆိုလျှင် သူနှင့် တခြားသောတပည့်များ အားလုံးသည် ထိတ်လန့်ကြောက်ရွံ့နေမိကြ၏။

ဘန်း ဘန်း

အကြီးအကဲညိုသည် ထပ်မံကာ ရိုက်နှက်လိုက်၏။

ဘုန်း

စုရှောင်မိုသည် နံရံနှင့်သွား၍ တိုက်မိသည်။ ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်၍ သူ၏ခန္ဓာကိုယ်ဆီမှ သွေးများကို ထုတ်ဖော်လိုက်၏။ ပြီးသည့်နောက်မှာတော့ တုန်ချိတုန်ချိဖြင့် ပြန်လည် ကုန်းထသည်။ သူ၏ မျက်လုံးများမှာတော့ တောက်ပလျက်ပင်ရှိသေး၏။ သူ၏ဆံပင်များမှာတော့ ရှုပ်ပွလျက်ရှိ နေသည်။

“လက်ဝါးရိုက်ချက် နှစ်ချက်နဲ့ ကျုပ်စီနီယာအစ်ကိုတွေရဲ့ အသက်နှစ်သက်ကို လဲလို့ရလား”

“ဂျူနီယာညီလေးစု” ထိုက်ရွမ်အအေးဂိုဏ်းမှ အပြင်စည်းတပည့်များသည် ဆွံ့အသွားကြ၏။

ဟား ဟား ဟား ဟား

မွန်းစတားကြီးညိုသည် ရယ်မောကာ ပြောလိုက်တော့သည်။ “ကောင်လေး... မင်းက တော်တော့ကို မာတာပဲ၊ ကောင်းပြီ၊ ဒီလိုဆိုတော့လည်း ကစားကြတာပေါ့၊ ငါ့ရဲ့လက်ဝါးရိုက်ချက်ကို ခံယူမယ်ဆိုရင် အသက်တစ်သက်ကို ဖယ်ပေးမယ်”

ကံကောင်းစွာဖြင့် ဤအဘိုးကြီးသည် ဇာတ်ညွှန်းအတိုင်း လိုက်လံ၍ ခင်းကျင်းနေ၏။ မဟုတ်ပါက သူ့အနေနှင့် ဆက်လက်သရုပ်ဆောင်၍ ရတော့မည် မဟုတ်ချေ။

ဟူး.............

စုရှောင်မိုသည် ကြိတ်ကာ သက်ပြင်းချလိုက်မိ၏။ သို့ပေမဲ့ သူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိချင်ယောင် ဆောင်နေရသောကြောင့် သူ၏မျက်နှာတစ်ခုလုံးသည် ရှုံ့တွထားရတော့သည်။

“လာ... လာခဲ့စမ်း”

သူ့အနေနှင့် သူလျှိုတစ်ယောက်အဖြစ် အရည်အသွေးပြည့်မီသည့် အပြုအမူများကို ပြုလုပ်ရမည်ဖြစ်သည်။ သူ့အား သရုပ်ဆောင်လောကသို့ ဝင်ခိုင်းမည်ဆိုပါက ကျိန်းသေပေါက် အော်စကာဆုပင် ရရှိပေလိမ့်မည်။ သူ၏ ပြောင်မြောက်လှသော သရုပ်ဆောင်စွမ်းရည်ကို ကြည့်ရှုပြီးသည့်နောက် ထိုက်ရွမ်အအေးဂိုဏ်းတပည့်များသည် အလုံးစုံယုံကြည်လျက်ရှိနေတော့သည်။

ကုန်းရှန့်သည် သူ၏ အသက်ကိုရင်းကာဖြင့် ထိုက်ရွမ်အအေးဂိုဏ်းမှ အကြီးအကဲများ ရောက်ရှိလာသည်အထိ အချိန်ဆွဲထားခြင်းဖြစ်ကြောင်း သူတို့အားလုံးက နားလည်မိကြ၏။

ဘုန်း

အဘိုးကြီးညိုသည် ထပ်မံကာ ရိုက်နှက်လိုက်ပြန်၏။ စုရှောင်မိုသည် လှပစွာဖြင့် လေထဲတွင် လွင့်မြောသွားပြီးနောက် မြေပေါ်သို့ ဘုတ်ကနဲ ပြုတ်ကျ၏။ သူ၏ခြေထောက်များထဲမှ တစ်ချောင်းဆိုလျှင် တဆတ်ဆတ်နှင့်ပင် တုန်ခါလျက်ရှိသည်။

အဘိုးကြီးညိုက တွေးလိုက်မိသည်။ “ဒီကောင် သရုပ်ဆောင် တော်တော်ကောင်းတာပဲ”

သူ့အနေနှင့် အားတော်တော်များများကို အသုံးပြုထားသည့်ပုံပေါက်သော်လည်း တကယ်တမ်း သာမန်သာ ရိုက်နှက်ခဲ့ခြင်း ဖြစ်၏။ သိုင်းတပည့်အဆင့် ကျင့်ကြံသူတစ်ယောက်ဆိုလျှင်ပင် ဤကဲ့သို့ ရိုက်ချက်မျိုး၌ နာကျင်လိမ့်မည် မဟုတ်ချေ။

ဝေါ့

စုရှောင်မိုသည် နောက်ထပ် သွေးတစ်လုတ်ကို အန်ထုတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ မနည်းကြိုးစားကာဖြင့် ရုန်းကန်ထခဲ့သည်။

စွန်းရင်ချွမ်နှင့် ရှရွှေယွင်တို့ နှစ်ယောက်လုံးသည် ကြောင်အသွား၏။ ဤမျှလောက် အကြိမ် ပေါင်းများစွာ ရိုက်နှက်ခံရပြီးသည့်နောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေမှာ သေချာသည်။ အဘယ်ကြောင့် ထပ်တလဲလဲ ထပ်မံ၍ ထနေရသနည်း။

ဟမ့်

အဘိုးကြီးညိုသည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ “မင်းက သိုင်းတပည့်လေးတစ်ယောက်ပဲ၊ ကြည့်ရတာ ဒီထက်ပိုပြီး အားသုံးမှ ဖြစ်လိမ့်မယ်”

ဤစကားသည် သူ့အနေနှင့် စုရှောင်မိုကို မသတ်ဖြတ်ချင်၍သာ ဤကဲ့သို့ ရိုက်နှက်နေခြင်းဖြစ်ကြောင်း ထိုက်ရွမ်အအေးဂိုဏ်းမှ တပည့်များအား သိစေချင်ခြင်းဖြစ်သည်။

“အဘိုးကြီးညို”

စုရှောင်မိုသည် အသံပို့လွှတ်လိုက်သည်။ “နည်းနည်းလေး ပြင်းပြင်းရိုက်အုံး၊ အရိုးတွေဘာတွေ ကျိုးသွားရင် အဆင်ပြေတယ်”

သူ့အနေနှင့် ဤကဲ့သို့ ရိုက်နှက်ခံရတာ ပြန်ထနိုင်မည်ဆိုလျှင် ကျိန်းသေပေါက် တစ်ဖက်လူများ ရိပ်မိသွားမှာဖြစ်သည်။ ထို့ကြောင့် ဇာတ်လမ်းအတိုင်း ဆော့ကစားမည်ဆိုမှတော့ ဇာတ်လမ်း အတိုင်း ဆော့ကစားရုံသာ ရှိတော့သည်။ အဘိုးကြီးညိုသည် လက်သီးတစ်လုံး ပစ်ထိုးလိုက်၏။

ဘုန်း

ဂျွတ်

နံရိုးကျိုးသည့်အသံသည် ကျယ်လောင်စွာ ပေါ်ထွက်လာခဲ့သည်။ စုရှောင်မိုသည် အနောက်ဘက်သို့ လွှင့်စင်သွားပြီး မြေပေါ်သို ဘုန်းကနဲ ပြုတ်ကျသွားသည်။

“ဂျူနီယာညီလေးစု” ဒဏ်ရာကြောင့် လဲလျက်ရှိသော စွန်းရင်ချျွမ်သည် လက်သီးကိုဆုပ်ကာဖြင့် အားရပါးရ အော်လိုက်တော့သည်။ လက်ရှိအခြေအနေမှာတော့ ထိုက်ရွမ်အအေးဂိုဏ်းမှ တပည့်များအားလုံး၏ မျက်လုံးများ သည်လည်း နာကျည်းစိတ်များနှင့် ပြည့်နှက်လျက်ရှိသည်။ ထို့အပြင် အားလုံးအတွက် ကုန်းရှန့်သည် စိတ်ဝိညာဉ် သားရဲကြီး၏ ထပ်တလဲလဲ ရိုက်နှက်ခြင်းကို ခံနေရသည် မဟုတ်လား။

“ခွေးကောင်ကြီး”

စွန်းရင်ချွမ်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ခင်ဗျားဆီမှာ သတ္တိရှိတယ်ဆို ဒီကိုလာခဲ့၊ ကျုပ်ရဲ့ ဂျူနီယာညီလေးကို မထိခိုက်စေနဲ့”

ဤလူငယ်သည် အနည်းငယ်မောက်မာလှသည်ဆိုသော်လည်း လက်ရှိ အခြေအနေတွင် စုရှောင်မို၏ သံမဏိကဲ့သို့ စိတ်ဓာတ်ကို မြင်ပြီးသည့်နောက်မှာတော့ ယောက်ျားစိတ်၊ ယောက်ျားမာန်များ ပေါ်ပေါက်လာ တော့သည်။ တခြားသောတပည့်များမှာတော့ သေခြင်းတရားကို ရင်ဆိုင်မည် ဆိုသည့် အမူအရာများ ဖြစ်ပေါ်လာကြသည်။

“မပူနဲ့”

မွန်းစတားကြီးညိုသည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ပြီးရင် မင်းအလှည့်ရောက်တော့မယ်”

စုရှောင်မိုသည် ခက်ခက်ခဲခဲဖြင့် မတ်တပ်ရပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ ခွေကာဖြင့် ဒူးတစ်ဖက်ထောက်ကာ ကျသွားတော့သည်။ သူ၏လက်တစ်ဖက်သည် မြေပေါ်တွင် ထောက်ထားပြီး အခြားလက်တစ်ဖက်မှာတော့ ရင်ဘတ်ပေါ်တွင် တင်ထား၏။ သွေးများသည် သူ၏ နှုတ်ခမ်းဆီမှ ကျဆင်းလျက်ရှိသည်။ သူသည် ခြင်တစ်ကောင် ကဲ့သို့ အသံမျိုးဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ကျုပ်.. ကျုပ်လဲကျမှာ မဟုတ်ဘူး”

“အဘိုးကြီးညို… ထပ်ပြီးနင်းလိုက်အုံး” သူ့အနေနှင့် အသံပို့လွှတ်လိုက်ပြန်သည်။ ထိုက်ရွမ်အအေးဂိုဏ်းမှ စစ်ကူများ‌ ရောက်ရှိလာမည်ကို သူသေသေချာချာ သိရှိနေ၏။ ထို့ကြောင့် ဖြစ်နိုင်သမျှ အချိန်ဆွဲထားသည့် ပုံစံမျိုး ဖြစ်အောင် လုပ်မှဖြစ်မည်။

“နားလည်ပြီ”

အဘိုးကြီးညိုသည် ရှေ့သို့လှမ်းလျှောက်လာပြီးသည့်နောက် အေးစက်စက် ကြည့်လိုက်သည်။ “မင်းက အသက်ကို ချမ်းသာပေးလို့ ကျေနပ်မယ့်ကောင်မျိုး မဟုတ်ဘူး”

သူသည် ခြေထောက်ကို မြှောက်ကာဖြင့် နင်းချလိုက်၏။

ဘန်း ဘန်း ဘန်း

ပြီးသည့်နောက်မှာတော့ ရူးရူးမူးမူး နင်းလေတော့သည်။

“ဂျူနီယာညီလေးစု” စွန်းရင်ချွမ်သည် ဒဏ်ရာသာ မရရှိခဲ့ပါက သေဆုံးနိုင်သည်ဆိုလျှင်တောင်မှ ရှေ့ဆုံးသို့ လှမ်းတက်ကာ ကာကွယ်ပေးခဲ့မည်ဖြစ်သည်။

ဘန်း ဘန်း ဘန်း

မွန်းစတားကြီးညိုသည် စုရှောင်မိုအား စိတ်လိုလက်ရ နင်းချေလျက်ရှိသည်။ ထိုက်ရွမ်အအေးဂိုဏ်းတွင်ရှိသော အခြားသော အပြင်စည်းတပည့်များ အားလုံးသည် ဒေါသတကြီးဖြင့် စိုက်ကြည့်နေကြ၏။ ၎င်းတို့အားလုံးသည် မထနိုင်ကြချေ။

“သူတို့မလာသေးဘူးလား” လူအုပ်ကြားထဲတွင် ရှိနေသော ရှရွှေယွင်သည် အနည်းငယ် အေးစက်သည့်ပုံစံမျိုး ရှိနေသည်ဆိုသော်လည်း စိတ်ထဲတွင်တော့ အလွန်တရာ ပူပန်လျက်ရှိနေသည်။

ဝှစ် ဝှစ် ဝှစ်

ရုတ်တရက် အဝေးတစ်နေရာရှိ ကောင်းကင်ပေါ်တွင် အလင်းတန်းများ ရာနှင့်ချီ ထွက်ပေါ်လာသည်။ ကောင်းကင် တစ်ခုလုံး အော်ရာများသည် ပျံ့နှံ့သွားခဲ့တော့သည်။

“အဘိုးကြီးညို”

ခရမ်းရောင်ဘုရင်က တီးတိုးပြောလိုက်သည်။ “ကျုပ်တို့ နောက်ဆုတ်ကြရအောင်”

“ကောင်းပါပြီ”

ချက်ချင်းပဲ အဘိုးကြီးညိုနှင့် တခြားသောစိတ်ဝိညာဉ်သားရဲများ အားလုံးသည် ချက်ချင်းပဲ နောက်ကို ဆုတ်သွား ကြတော့သည်။ အလွန်ကြမ်းတမ်းလှသော သားရဲရိုင်း တစ်သောင်းကျော်တို့သည် ငှက်များကဲ့သို့ ပျောက်ကွယ် သွားခဲ့ကြပြီဖြစ်တော့သည်။ ၎င်းတို့ ပျောက်ကွယ်သွားပြီးချင်းမှာပဲ ထိုက်ရွမ်အအေးဂိုဏ်းမှ ကျွမ်းကျင်သူများသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြ၏။

၎င်းတို့အားလုံးသည် သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။ သို့ပေမဲ့ တကယ့်အစစ်အမှန်တိုက်ပွဲ၌သာ လာရောက်ကယ်တင်မည်ဆိုပါက အားလုံးသည် ခရမ်းရောင် ဘုရင်၏ ရိုက်နှက်ခြင်းကြောင့် မြေပေါ်တွင် လဲကျနေမှာ သေချာသည်။

“မင်းတို့အားလုံး အဆင်ပြေရဲ့လား” သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်တစ်ယောက်က မေးလိုက်သည်။

“အကြီးအကဲရှန့်”

ရှရွှေယွင်က အလောတကြီးဖြင့် မြေပေါ်တွင်လဲလျက်ရှိသော စုရှောင်မိုကို လက်ညှိုးထိုးပြ လိုက်၏။ ပြီးသည့်နောက်‌ ပြောလိုက်သည်။ “ဂျူနီယာမောင်လေးစုက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားတယ်၊ မြန်မြန် ကုသဖို့ လိုအပ်တယ်”

ဤအမျိုးသမီးသည် အေးစက်သည့်ပုံ မပေါ်တော့ချေ။ စုရှောင်မိုမှာတော့ သဘောတကျဖြင့် မေ့မျောလျက် ရှိနေ သည်။ သူခက်ခက်ခဲခဲ သရုပ်ဆောင်ခဲ့ရသည်ဆိုသော်လည်း အောင်မြင်ခဲ့သည်ဟု ဆိုရမည်။ ထိုက်ရွမ် အအေးဂိုဏ်းသည် သူတို့အား ကယ်တင်ရန်အတွက် အမြန်ဆုံး ရောက်ရှိလာခဲ့တော့သည်။

……………

သတိလစ်ဟန် ဆောင်နေသော စုရှောင်မိုသည် ပြန်လည်နိုးထသည့်အချိန်မှာတော့ ထိုက်ရွမ်အအေးဂိုဏ်း၏ ဆေးကုသဆောင်ထဲတွင် ရောက်ရှိနေပြီဖြစ်သည်။

“ဂျူနီယာညီလေးစု”

စွန်းရင်ချွမ်သည် ပတ်တီးအဖွေးသားနှင့် ဖြစ်လို့နေ၏။ သူသည် အလောတကြီးဖြင့် ထကာ ပြောလိုက်သည်။ “မင်းနိုးလာပြီလား”

“စီနီယာအစ်ကိုစွန်း”

စုရှောင်မိုက ပြောလိုက်သည်။ “ဒါ… ဒါဘယ်နေရာလဲ”

တစ်ဖက်လူသည် သတိလစ်မေ့မျောနေပြီး မည်သည့်ကိစ္စများ ဖြစ်ပေါ်နေသည်ကို မသိရှိဘူးဆိုတာကို စွန်းရင်ချွမ် သိ၏။ ထို့ကြောင့်ပင် အလောတကြီးဖြင့် ရှင်းပြလိုက်တော့သည်။ “ဒီလိုလေ…”

“အခု အားလုံးက လုံခြုံသွားပြီကိုး”

စုရှောင်မိုသည် ခက်ခက်ခဲခဲဖြင့် ပြုံးကာ ပြောလိုက်သည်။ “ဒါ.. ဒါအရမ်း ကောင်းတယ်”

စွန်းရင်ချွမ်က ပြောလိုက်သည်။ “ဂျူနီယာညီလေးစု… မင်းက အန္တရာယ်ကြားထဲမှာ ရှေ့ကို တက်ပြီးတော့ အားလုံး အတွက် အချိန်ဆွဲပေးထားတာလေ၊ ငါ တကယ့်ကို ရင်ထဲမှာ မကောင်းဘူး”

“ဒါ.. ဒါက ကျုပ်လုပ်သင့်တဲ့ အရာပဲလေ”

အဟွတ် အဟွတ်

စုရှောင်မိုသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသူတစ်ယောက်လို ဆက်လက်ကာ ဟန်ဆောင်လျက်ရှိ နေတော့သည်။ ဘဝသည် ကစားပွဲတစ်ခုသာ ဖြစ်သည်။ သူ့အနေနှင့် အကောင်းဆုံး သရုပ်ဆောင်မှ ဖြစ်ပေလိမ့်မည်။

စွန်းရင်ချွမ်က အလောတကြီးဖြင့် ပြောလိုက်သည်။ “ဆက်မပြောနဲ့တော့၊ ဒဏ်ရာကြီးနဲ့ သက်သာ‌အောင် အရင်ဆုံး နားတော့”

ဘုတ် …။

ရှရွှေယွင်သည် ဆေးကုသဆောင်ထဲသို့ ဝင်ရောက်လာ၏။ ပြီးသည့်နောက်မှာတော့ စားပွဲပေါ်သို့ ပုလင်းတစ်လုံး တင်ကာဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ဒါက သူတော်စင်နှလုံးသား အအေးဆေးလုံး၊ ဒဏ်ရာတွေကို မြန်မြန် ကုသနိုင်စွမ်း ရှိတယ်”

ပြီးသည့်နောက်မှာတော့ သူမသည် လှည့်ကာ ထွက်သွားတော့သည်။

“ဒါက” စွန်းရင်ချွမ်သည် ကြောင်အသွားမိ၏။ သူတော်စင်နှလုံးသား အအေးဆေးလုံး ဆိုသည်မှာ ဂိုဏ်းထဲတွင် ရှိသော ထိပ်တန်းအဆင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးဖြစ်သည်။ ရရှိရန်လည်း အလွန်တရာ ခက်ခဲလွန်း လှ၏။ သို့ပေမဲ့ ဤအမျိုးသမီးသည် ပုလင်းလိုက်ကြီးပါ ယူချလာခဲ့၏။

…………

အဓိကဟောခန်းထဲတွင် ထိုက်ရွမ်အအေးဂိုဏ်း၏ အကြီးအကဲများသည် စကားပြောဆိုလျက်ရှိနေကြတော့၏။ ၎င်းတို့ ပြောနေသည့် အကြောင်းအရင်းများမှာ ယွင်လင်တောင်တန်းမှာ အဘယ်ကြောင့် သိုင်းအင်ပါယာအဆင့် သားရဲ ပေါ်ပေါက်လာသည့် အကြောင်းပင်ဖြစ်တော့သည်။

အကြီးအကဲရှန့်က ခန့်မှန်းလိုက်မိ၏။ “စောင့်ကြည့်ရေး မျှော်စင်က ခရမ်းရောင်ဘုရင် ပေါ်ပေါက်လာတဲ့အကြောင်းကို သတင်းပေးခဲ့ဖူးတယ်လေ၊ အဲ့ကောင် လုပ်တာပဲ ဖြစ်လိမ့်မယ်”

“ဒါက ဖြစ်နိုင်တယ်၊ ကြည့်ရတာ ဒီခရမ်းရောင်ဘုရင်ဆိုတဲ့ မွန်းစကားကို ရှာဖွေမတွေ့ဘူးဆိုရင် ထိုက်ရွမ် အအေး ဂိုဏ်းနဲ့ ကုန်းမြေတစ်ခုလုံးကို‌ ခြောက်ခြားစရာတစ်ခု ဖြစ်လာလိမ့်မယ်”

“ကျုပ်တို့လည်း ရှာခဲ့တာပဲ၊ ဒါပေမဲ့ အဲ့ကိစ္စက စောင့်ကြည့်ရေးမျှော်စင်ရဲ့ တာဝန်လေ၊ သူတို့ကို သွားပြီးတော့ အတင်းဖိအားပေးလို့ မဖြစ်ဘူး”

“ဟိုတပည့် နာမည်က ကုန်းရှန့် မဟုတ်လား”

“အင်း…. သူက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားတယ်ဆိုပေမယ့် လက်ရှိမှာ ကုသမှု ခံယူနေပြီ၊ အသက် အန္တရာယ်တော့ မရှိတော့ပါဘူး”

“ဒီလို သေခြင်းရှင်ခြင်း အခြေအနေမျိုးမှာ ကိုယ့်ရဲ့ ဂိုဏ်းတူညီအစ်ကိုဘက်ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပြီး အချိန်ကို ဆွဲထားနိုင်တယ်ဆိုတာ သူ့ရဲ့သတ္တိက ရွှေလို တန်ဖိုးရှိတယ်လေ၊ သူ့ကို ဆုချမှ ဖြစ်လိမ့်မယ်ထင်တယ်” အကြီးအကဲစွန်းက ပြောလိုက်သည်။

သူ၏ဘေးတွင်ရှိသော အကြီးအကဲရှန့်ကလည်း ပြောလိုက်သည်။ “ရွှေယွင်က ဖြစ်ပျက်သမျှ အရာအားလုံးကို ပြောခဲ့တယ်လေ၊ အဲတုန်းက အပြင်စည်းတပည့် ဂိုဏ်းသားတွေ အကုန်လုံး ကြောက်လန့်နေတယ်ဆိုပေမဲ့ သူက မားမားမတ်မတ် ရပ်တည်ပြီးတော့ အားလုံးရဲ့အရှေ့မှာ နေပြသွားတယ်တဲ့”

၎င်းတို့နှစ်ယောက်သည် စုကုန်းရှန့်၏ ကယ်တင်မှုကို ရရှိခဲ့ပြီဖြစ်သောကြောင့် ဂိုဏ်းသို့ ပြန်ရောက်သည့်အခါတွင် ပိုပိုသာသာဖြင့် ကုန်းရှန့်လုပ်ခဲ့သမျှကို အထက်လူကြီးများအား‌ ပြောဆိုပြလျက်ရှိနေတော့သည်။ ပိုမို၍ အခွင့် အာဏာရှိသော တတိယအကြီးအကဲသည် တစ်ချိန်လုံး ငြိမ်သက်နေ၏။ ပြီးသည့်နောက်မှာတော့ ပြောလိုက်တော့ သည်။ “ဒီတစ်ကြိမ် လေ့ကျင့်မှုက သားရဲရိုင်းတွေကြောင့် ပျက်စီးခဲ့ရတယ်ဆိုပေမယ့် စုကုန်းရှန့်က အနိုင်ရရှိသူ ပဲလေ၊ သူ့ကို သီလအမှတ် ငါးရာပေးလိုက်”

မည်သူမှသည် မငြင်းကြချေ။ အကယ်၍ စုကုန်းရှန့်သည်သာ သူ၏အသက်ကို စတေး၍ သားရဲများကို အချိန်မဆွဲ ထားနိုင်ဘူးဆိုပါက အပြင်စည်းတပည့်တစ်ရာကျော်တို့သည် ကျိန်းသေပေါက် သတ်ဖြတ်ခံရမှာဖြစ်၏။ ထို့ကြောင့် သီလအမှတ်များကို ရရှိရန် ထိုက်တန်သည်ဟု ဆိုရမည်။

…………….

“ဂျူနီယာညီလေးစု”

စွန်းရင်ချွမ်သည် ဆေးကုသဆောင်သို့ ရောက်ရှိလာပြီးနောက်မှာတော့ စိတ်လှုပ်တရှားဖြင့် ပြောလိုက်၏။ “ယွမ်လင်တောင်တန်းမှာ ပြသခဲ့တဲ့ မင်းရဲ့စွမ်းရည်ကြောင့် အကြီးအကဲတွေက ဆုံးဖြတ်ချက် ချလိုက်တယ်၊ မင်းအနေနဲ့ သီလအမှတ် ငါးရာတောင်ရမယ်”

စုရှောင်မို ကြောင်အသွား၏။ သူ၏ အစီအစဉ်တွင် ယွင်လင်တောင်တန်း၏ လေ့ကျင့်ခန်းတွင် ဘာတစ်ခုမှ တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ သူ့အနေနဲ့ အကြီးအကဲများနှင့် ပတ်သက်ဆက်ဆံနေသော တပည့်နှစ်ယောက်၏ မျက်နှာသာပေးမှုကို ရရှိရန် ကြိုးစားခဲ့ခြင်းတစ်ခုသာ ဖြစ်တော့သည်။ သို့ပေမဲ့ ဤကဲ့သို့ များပြားသည့် သီလ အမှတ်များကို ရရှိလိမ့်မည်ဟု မထင်ခဲ့ချေ။ ဤကဲ့သို့ ဆုရရှိခဲ့ခြင်းမှာ ခရမ်းရောင်ဘုရင်ကြောင့် သာဖြစ်တော့သည်။

သို့ပေမဲ့ တစ်ဖက်လူသည် စိတ်ဝိညာဉ်သားရဲခန်းမတွင် အကြီးအကဲညိုနှင့်အတူ မတ်တပ်ရပ်လျက်ရှိ၏။ သူတို့အား ကျွင်းချောင်ရှောင်းသည် အားရပါးရ ဆူပူလျက်ရှိနေသည်။ “အကြီးအကဲနှစ်ယောက်တို့… စုရှောင်မိုကို ကူညီပြီး တော့ ထွန်းတောက်အောင်လုပ်ပေးဖို့ ခိုင်းလိုက်တာလေ၊ ဘယ်လိုဖြစ်ပြီး သားရဲတွေခေါ်ပြီး အကုန်လုံးကို သွားတိုက်ခိုက်ရတာလဲ၊ ထိုက်ရွမ်အအေးဂိုဏ်းက သိုင်းအင်ပါယာတွေကို လွှတ်ပြီးတောင်မှ ကူညီခိုင်းခဲ့တယ်၊ တကယ်လို့ အမှားအယွင်းသာဖြစ်သွားပြီဆိုရင် ကျုပ်တပည့်ရဲ့ အခြေအနေတွေအားလုံးက ပေါ်သွားတော့မှာ မဟုတ်လား၊ ဒီတော့ ခင်ဗျားတို့ ဆယ်ခါပြန်သေရင်တောင်မှ အပြစ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

“အဲလောက်ကြီး အခြေအနေထိ ရောက်သွားတာလား”

ဝှစ်

ကျွင်းချောင်ရှောင်းသည် ထိုင်ချလိုက်ပြီးနောက် ရေနွေးတစ်ခွက်ကို ကောက်မော့ကာ ပြောလိုက်သည်။ “ဒီကိစ္စကို ခင်ဗျားတို့ ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့ဘူး၊ ဒါကြောင့်မို့ ဒီတစ်လအတွင်းမှာ ထမင်းကို တစ်ခါပဲစားရတော့ မယ်၊ ပြီးတော့ ခင်ဗျားတို့ ရရှိနိုင်မယ့် သားရဲဆေးလုံးတွေ တစ်ဝက်ပဲ ရတော့မယ်”

“အမ်”

All Chapters