← Chapters

အခန်း (၈၆၃)

Vol. 58 Ch. 863

အခန်း (၈၆၃)

Vol. 58 Ch. 863

စုရှောင်မို မြင်ခဲ့သည့်အတိုင်းပင် ရှရွှေယွင်သည် တောနက်ထဲသို့ ဝင်ရောက်လိုက်သည့်အချိန်မှာတော့ ဝံပုလွေဘုရင် အပြင် တစ်ခြားသောသားရဲလေးကောင် ရှိနေသည်ကို မြင်လိုက်ရ၏။

အခြေအနေသည် လုံးဝမကောင်းတော့မှန်း သူမချက်ချင်းနားလည်လိုက်မိ၏။ ချက်ချင်းပင် နောက်သို့ဆုတ်ခွာရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ သူမထိုသို့တွေးလိုက်သည်နှင့်တပြိုင်နက် ဝံပုလွေသားရဲများ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံရတော့သည်။

ဝံပုလွေဘုရင်တစ်ကောင်တည်းဆိုရင်တောင် ရင်ဆိုင်ရသိပ်မလွယ်ဘူး။ အခု လေးကောင် တောင်ရှိနေတယ် ဆိုတော့ သွားပြီပဲ။

စုရှောင်မို တွေးလိုက်မိသည်။ ဒီမိန်းကလေးကတော့ ပြဿနာတက်ပြီ။ သူမကိုကယ်တင်ရမလား။ ထားလိုက်တော့။ ဘာဖြစ်မယ်ဆိုတာကို ငါစောင့်ကြည့်ရမယ်။

သူ၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်မှုအားကို ရုပ်သိမ်းပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တော အနားတဝိုက်ပတ်ဝန်းကျင်ဆီသို့ ဝံပုလွေသားရဲတစ်ရာကျော်ကို ဆက်လက်မြူဆွယ်ကာဆွဲခေါ်လာခဲ့တော့သည်။

သရုပ်ဆောင်နေသည့်အတွက်ကြောင့် သူသည် သိုင်းဘုရင်တစ်ယောက်ဟူသည့် ဂုဏ်သိက္ခာများကို ဘေးသို့ ဖယ်ချထားရတော့သည်။ အလွန်အမင်းအားနည်းနေပုံပေါ်ပြီး ဝံပုလွေသားရဲများ၏ လိုက်လံခြင်းကြောင့် လျှာထွက်နေ သည့်ဟန်ပန်မျိုးပင် ပြုလုပ်နေရ၏။

“ဘုန်း … ဘုန်း”

တော၏ အတွင်းဘက်ဆီမှ တိုက်ခိုက်နေသည့်အသံများ ထွက်ပေါ်လာတော့သည်။ လေထုထဲတွင်တော့ အေးစက်ပြီး ကြမ်းတမ်းသည့် လေများသည် ပျံ့နှံလျက်ရှိသည်။

ရှရွှေယွင်သည် အားကောင်းလှသည့် စိတ်ဝိညာဉ်သားရဲအနည်းငယ်နှင့် တိုက်ခိုက်လျက်ရှိ၏။ သို့ပေမဲ့ ၎င်းတို့သည် များပြားလွန်းသောကြောင့် သူမ၏အဆင့်အားအင်နှင့် အနိုင်ရယူနိုင်စွမ်းရှိသည့်အရာမျိုးမဟုတ်တော့ချေ။

ထို့ကြောင့် ခံစစ်စည်းအတွင်း ကျရောက်သွားတော့သည်။ ဤအရာသည် စူးရှောင်မို မျှော်လင့်ထားသည့် အတိုင်းပင်ဖြစ်တော့၏။ လက်ရှိအခြေအနေတွင် တပည့်အနည်းငယ်ပါလာသည်ဆိုရင်တောင်မှ ထိုသားရဲများကို ရင်ဆိုင်ရန်ခက်ခဲလှ၏။ သူမတစ်ယောက်တည်းဆိုလျှင် ပိုမို၍ ဆိုးရွားသေးသည်။

“ငါဆင်ခြင်မဲ့ခဲ့တာဘဲ။ မြန်မြန်နောက်ပြန်ဆုတ်ဖို့နည်းလမ်းကို ရှာရမယ်။”

ရှရွှေယွင်သည် သားရဲများနှင့်တိုက်ခိုက်နေစဉ်မှာပဲ လွတ်မြောက်ရန်နည်းလမ်းကို စဉ်းစားလျက်ရှိ၏။ သို့ပေမဲ့ ယင် လေဝံပုလွေဘုရင်သည် သူမ၏အတွေးကို နားလည်ပုံပေါ်၏။ ခေါင်းကိုမော့ပြီး အူလိုက်တော့၏။

ပြီးသည့်နောက်မှာတော့ သူ၏ နောက်လိုက်နှစ်ကောင်တို့သည် ထွက်ခွာသွားမည့်လမ်းကို လာရောက်၍ ပိတ်သည်။

“ချီး …”

ရှရွှေယွင်သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန်တစ်ခုသာရှိတော့သည်။

ရွှီ

ခဏလောက်ကြာပြီးသည့်နောက်ပါတော့ ယင် လေဝံပုလွေဘုရင်၏ ထက်ရှလွန်းသော လက်သည်းများသည် သူမ၏ လက်မောင်းကို ကုတ်ခြစ်မိသွား၏။ အပြင်ဘက်တွင် ပြေးလျက်ရှိသော စုရှောင်မိုသည် အထဲတွင်ဖြစ်ပျက်သမျှကို အာရုံစိုက်ကြည့်ရှုလျက်ရှိ၏။ ဤမိန်းကလေးဒဏ်ရာရရှိသွားသည်ကို မြင်သည့် နောက်မှာတော့ သူတွေးလိုက်မိ၏။ ဒီအချိန် သူမကိုမကယ်ဘူးဆိုရင်တော့ ကျိန်းသေပေါက်သေတော့မှာဘဲ။ ဘယ်လိုကယ်ရမလဲ။ ဒါကမှ တကယ့်ကို ပြဿနာပဲ။

ရွှီ ရွှီ

သွေးများသည် မြေပေါ်သို့ ကျဆင်းလျက်ရှိနေ၏။ ရှရွှေယွင်၏ နောက်ကျောတွင် ယင်လေဝံပုလွေဘုရင်၏ လက်သည်းချက်များဖြင့် ဒဏ်ရာများ ရရှိနေပြီဖြစ်တော့၏။ လက်ရှိအခြေအနေတွင် သူမသည် အောက်စည်းသို့ ကျရောက်လျက်ရှိနေတော့သည်။

“အင်း”

စုရှောင်မိုသည် ခဏရပ်တန့်ကာဖြင့် လက်ဝါးထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်၏။

ရှရွှေယွင်သည် အကြီးအကဲရှ၏ မြေးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူမ၏ အကူအညီ ဖြင့် အနာဂတ်တွင် ဂိုဏ်းထဲတွင် ပိုမိုကောင်းမွန်သည့်အခြေအနေတစ်ခုသို့ ရောက်ရှိသွားရန် သူမျှော်လင့်လျက်ရှိနေ၏။ သူမသာ ဤနေရာတွင် သေဆုံးသွားမည်ဆိုပါက သူ့အနေနှင့် ဂိုဏ်းထဲတွင် ပြဿနာတက်တော့မှာ သေချာသည်။

“အင်း။ ပြဿနာများလှတဲ့ မိန်းမပဲ။”

စုရှောင်မိုသည် လက်ကိုယမ်းခါလိုက်သည့်နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များသည် အပ်များ၏ အသွင်သဏ္ဍာန် ဖြင့် ပြောင်းလဲသွားတော့သည်။ သူသည် သူ၏သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် ဤဝံပုလွေ သားရဲများကို လွယ်လွယ်ကူကူနှင့် အနိုင်ယူတိုက်ခိုက်နိုင်စွမ်းရှိနေ၏။ အသံပင် ထွက်နိုင်မည်မဟုတ်ချေ။

သို့ပေမဲ့ စုရှောင်မိုပြင်လိုက်သည့်အချိန်မှာဘဲ ရှရွှေယွင်သည် ဆိုးဆိုးရွားရွားအခြေအနေအောက်မှာမှ ထ၍ ခုန်လိုက် တော့သည်။ ပြီးသည့်နောက်မှာတော့ သူမ၏ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာကောင်းလှသော အအေးဓာတ်များ သည် ထွက်ပေါ်လာတော့သည်။

ပတ်ဝန်းကျင်တည်နေရာများဆီသို့ အအေးဓာတ်များသည် ပျံ့နှံသွား၏။

မိုင်တစ်ထောင်အအေးဓာတ်

ဟူး ဟူး

အအေးလှိုင်းများသည် လေနှင့်အတူ ပျံ့နှံလာ၏။ ဖြစ်သွားသမျှအားလုံးသည် ရေခဲမှုန်များကပ်လျက်ရှိနေ၏။

ဖြောက် ဖြောက် ဖြောက်

ဖြောက် ဖြောက် ဖြောက်

ယင်လေဝံပုလွေဘုရင်နှင့် အခြားသော ဝံပုလွေသားရဲလေးယောက်တို့သည် အေးစက်လှသည့်လေထဲမှာပဲ ရေခဲရုပ် များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

စုရှောင်မိုသည် စိတ်ဝိညာဉ်စွမ်းအင်ကို ဖြန့်ကျက်ပြီးသည့်နောက်မှာတော့ အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒီမိန်းကလေးဆီမှာ ဝှက်ဖဲတွေရှိသေးတာဘဲ။ ဒါပေမဲ့ ဒါကသိပ်အလုပ်ဖြစ်ပုံမပေါ်ဘူး။”

ရှေရွှေယွင်သည် သွေးတစ်လုတ် အန်ထုတ်လိုက်တော့၏။ သူမမျက်နှာတစ်ခုလုံးသည် ဖြူလွန်းနေသည်။ သူမသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေပြီဖြစ်၏။

ရေခဲစည်းခတ်နိုင်သည့်အချိန်သည် အချိန်ကာလအကန့်အသတ်ဖြင့် တည်ရှိနေ၏။ ထို့ကြောင့်သူမသည် အသက်ရှုရန် အခွင့်အရေးမရှိခဲ့ချေ။ သူမခန္ဓာကိုယ်မှ ဒဏ်ရာများကို ဖိနှိပ်၍ အနောက်သို့ လျင်လျင်မြန်မြန် ဆုတ်လိုက်သည်။

“ငါသေတော့မယ်။ ငါသေတော့မယ်။”

သူထွက်လျှောက်လိုက်အချိန်မှာဘဲ လျှာထွက်မတက် သူ့ဆီသို့ ပြေးကာလာခဲ့သော စုရှောင်မိုကို မြင်လိုက်တော့၏။

“သွားကြရအောင်။”

ရှရွှေယွင်က အော်လိုက်သည်။ ပြောပြီးသည့်နောက်မှာတော့ သူမသည် ရှေ့မှဦးဆောင်ကာ ပြေးတော့သည်။ သို့ပေမဲ့ သူမခြေနှစ်လှမ်းသာ လှမ်းရသေးသည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ သူမသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေပြီဖြစ်သည်။

“အစ်မရှ”

စုရှောင်မိုသည် ချွေးသီးချွေးပေါက်များနှင့်အတူ ပြေးလွှားလာရင်းမေးလိုက်သည်။ “ဒဏ်ရာရထားတာလား။”

ပြောပြီးပြီးချင်းမှာဘဲ သူသည် ရှရွှေယင်ကို ကောက်ထမ်းကာဖြင့် အားရပါးရအော်၍ ထွက်ပြေးလေသည်။

…

ဟူး ဟူး

ယွမ်လင်တောင်တန်း၏ အပြင်ဘက်ရှိ လမ်းတစ်ခုထဲမှာတော့ စုရှောင်မိုသည် ခဏရပ်တန့်ပြီးသည့်နောက်မှာတော့ အသက်ကို မောကြီးပန်းကြီးရှုလျက်ရှိသည်။

သူ၏ ခြေထောက်များသည် ပင်ပန်းနွမ်းနယ်လွန်းသောကြောင့် တဆတ်ဆတ် ဖြင့် တုန်ခါနေ၏။ သူသည် သရုပ်ဆောင် ကောင်းမွန်လွန်းလှ၏။

“မင်းငါ့ကို ထပ်ပြီးဖက်ထားအုံးမှာလား။” ရှရွှေယွင်သည် အေးစက်စက်ပြောလိုက်သည်။

“ဟင်”

စုရှောင်မိုသည် သူမကို အောက်သို့ချပေးပြီးသည့်နောက် ရှင်းပြလိုက်သည်။ “အစ်မရှ ဒါအန္တရာယ်များတဲ့အခြေအနေမလို့ ကျုပ် ကျုပ်”

“သိတယ်။ ငါသိတယ်။ ထပ်မပြောနဲ့တော့။” ရှရွှေယွင်သည် အားပျော့စွာဖြင့် ပြောလိုက်သည်။

စုရှောင်မိုသည် အလျင်အမြန်ဘဲ သူမ၏ ပါးစပ်ကို ပိတ်လိုက်တော့၏။

အားဝူး အားဝူး

ထိုအချိန်မှာဘဲ ဝံပုလွေသားရဲများအားလုံးသည် အနောက်ဘက်ဆီသို့ ရောက်ရှိလာပြီး သူတို့ကို လိုက်လံကိုက်ခဲပြန်သည်။

ရှရွှေယွင်သည် မျက်မှောင်ကုတ်သွားသည်။ “သွားကြရအောင်။”

“ကောင်းပါပြီ။”

စုရှောင်မိုသည် သူမကို ထားခဲ့ကာဖြင့် အနောက်သို့ ချက်ချင်းလှည့်ပြေးတော့သည်။

“ဒီကောင်”

ရှရွှေယွင်သည် နှုတ်ခမ်းကို ကိုက်ကာဖြင့် ခက်ခက်ခဲခဲပြောလိုက်သည်။ “ပြန်လာအုံး။ ငါ့ကို ခေါ်အုံးလေ။”

“သြော် ….”

စုရှောင်မိုသည် လျင်လျင်မြန်မြန်ပဲ ပြန်ပြေးလာ၏။ ပြီးသည့်နောက်မှာတော့ သူမ၏ လက်ကိုဆွဲကာ ရှေ့သို့ ပြေးတော့ သည်။ နောက်ဆုံးမှာတော့ ဒဏ်ရာရရှိထားသည်မို့ ရှရွှေယွင်သည် သွေးများအန်ထွက်လာခဲ့၏။

“အစ်မရှ သွေးတွေအန်နေတာလား။”

“ပေါက်ကရတွေမပြောနဲ့။ ငါ့ကို ချီပြီးတော့ပြေး။”

“ကောင်းပြီ။ ကောင်းပြီ”

…

ညရောက်ချိန်မှာတော့ အလွန်တရာ ခြောက်ခြားပြီးတိတ်ဆိတ်လှသော လှိုင်ခေါင်းကြီးတစ်ခုထဲတွင် စုရှောင်မိုသည် ရစ်ငှက်တစ်ကောင်အား ကင်လျက်ရှိနေ၏။

ရှရွှေယွင်သည် အဝေးတစ်နေရာတွင် ခြေချိတ်ထိုင်ပြီးသည့်နောက် မျက်လုံးကို စုံမှိတ်ထား၏။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ရေခဲများနှင့် ဖုံးလွှမ်းနေ၏။ ကြည့်ရသည်မှာ ဒဏ်ရာများကို ပြန်လည်ကုသနေပုံပေါ်သည်။

အတော်ကြာပြီးသည့်နောက် ရစ်ငှက်သည် ကျက်သွားခဲ့ပြီ ဖြစ်၏။ သူမသည် မျက်လုံးပွင့်လာသည်။ သူမ၏ မျက်နှာသည် ဖြူလွန်းလျက်ရှိနေသည်ဆိုသော်လည်း ဒဏ်ရာများမှာတော့ အချိန်ကာလတစ်ခုအတွင်း သက်သာလှ ခဲ့ပြီဟု ဆိုရမည်။

“အင်း”

ရှရွှေယွင်က သက်ပြင်းချကာပြောလိုက်သည်။ “သူတော်စင် နှလုံးသား ရေခဲဆေးရှိရင်ကောင်းမှာပဲ။”

“ဒီမှာလေ။” စုရှောင်မိုက သေးငယ်လှသော ပုလင်းလေးတစ်ခုကို ပေးလိုက်၏။

ရှရွှေယွင်သည် လှမ်းကြည့်ကာဖြင့် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “မင်းဒါကို မသောက်ဘူးလား။”

“ဒီလောက်ဈေးကြီးတဲ့ဆေးလုံးကို ဘယ်လိုလုပ်သောက်ရမှာလဲ။” စုရှောင်မိုသည် ကြောင်တောင်တောင်ဖြင့် ပြန်ပြောလိုက်၏။

ရှရွှေယွင်သည် ဆေးပုလင်းကို ယူကာဖြင့် ဆေးလုံးကို ထုတ်ယူသည်။ ပြီးနောက်တစ်ခါတည်းမြိုချလိုက်တော့သည်။

ပြီးသည့်နောက်မှာတော့ သူမသည် ဒဏ်ရာများကို ပြန်လည်ကုစားနေတော့သည်။ စုရှောင်မိုမှာတော့ သူမနဘေးတွင် ထိုင်ပြီးသည့်နောက် မေးထောက်ကာ ကြည့်ရှုလျက်ရှိသည်။ ပြီးနောက်တွေးလိုက်မိ၏။ ဒီမိန်းကလေးက ရေခဲခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး ရေခဲဓာတ်သဘာဝကို လေ့ကျင့်တာလား။ ဒါကြောင့် အေးစက်လွန်း တာနေရမယ်။

ရုတ်တရက် သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကြည့်လိုက်သည့်နောက်မှာတော့ ယင်လေဝံပုလွေသည် ၎င်းတို့ရှိရာ လိုဏ်ဂူဆီသို့ ဝံပုလွေများနှင့်အတူ ချဉ်းကပ်လာသည်ဖြစ်ကြောင်းကို သိရှိလိုက်ရ၏။ ဤကောင်များသည် အမှန်ပင် စိတ်တိုစရာကောင်းလှ၏။

ဝှစ် ဝှစ်

ယင်လေဝံပုလွေသည် လေထဲတွင်ရှိသော အနံ့အသက်များကို တရှုပ်ရှုပ်နှင့် အနံ့ခံလျက်ရှိ၏။ လှိုဏ်ဂူသည် ဝံပုလွေ များနှင့် ဆယ်မိုင်အကွာအဝေးတွင် တည်ရှိနေသည်။

ထိုအချိန်မှာဘဲ အသံတစ်ခုထွက်ပေါ်လာခဲ့၏။ “ကိုယ့်တောင်ဆီကိုပြန်ကြတော့။”

ဂါး

ဝံပုလွေဘုရင်သည် ရုတ်တရက်ရပ်တန့်သွား၏။ ပြီးသည့်နောက်မှာတော့ သူ၏မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှု များနှင့် ပြည့်နှက်သွားတော့သည်။ ပြီးသည့်နောက်မှာတော့ အမြီးကိုကွေးကာဖြင့် တခါတည်းတန်း၍ ပြေးတော့သည်။

ထိုသူကို သူ မမြင်လိုက်ချေ။ သို့ပေမဲ့ ဤလူသည် အလွန်အားကောင်းလှသည်ဖြစ်ကြောင်း သိရှိလိုက်၏။ အသံကြားလိုက်ရုံနှင့်ပင် သူသည် အလွန်မင်းကြောက်လန့်သွား၏။

…

နောက်တစ်ရက်မှာတော့ ရှရွှေယွင်သည် ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာခဲ့တော့၏။ သို့ပေမဲ့ သူမသည် အချိန် အတိုင်းအတာတစ်ခုအတွင်း စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်အသုံးပြု၍ မရနိုင်ချေ။ ဤအရာမှာ ရေခဲဓာတ် သဘာဝသိုင်းကျင့်ကြံခြင်းနည်းစနစ်ခြင်းကို အသုံးပြု၍ ဝံပုလွေသားရဲများကို စည်းခတ်ခဲ့ရသည့်အတွက် ဖြစ်ပေါ်လာ သည့် ဘေးထွက်ဆိုးကျိုးပင်ဖြစ်သည်။

“အစ်မရှ”

စုရှောင်မိုသည် အပြင်ဘက်မှ ပြေးဝင်လာပြီးသည့်နောက်မှာတော့ ရေကိုကြာပန်းနှင့် ခပ်၍ ယူလာခဲ့သည်။ သူသည် ပြုံးကာပြောလိုက်၏။ “ဒီစမ်းရေက အရမ်းကိုချိုတယ်လေ။ သောက်ကြည့်ပါလား။”

“ငါရေမဆာဘူး။” ရှရွှေယွင်သည် တည်ငြိမ်စွာ ပြောလိုက်သည်။

“အင်း”

စုရှောင်မိုသည် ခေါင်းကို အသာမော့ကာဖြင့် ရေကို မော့သောက်လိုက်တော့၏။ ပြီးနောက် တွေးလိုက်မိသည်။ “အကြီးအကဲဝေပြောသလို ငါ့အနေနဲ့ ဒီလိုမိန်းမမျိုးနဲ့ ခပ်ဝေးဝေးရှောင်နေတာကောင်းမယ်နဲ့တူတယ်။”

ရှရွှေယွင်သည် သူ့ကို ကြည့်လိုက်၏။ သူမ၏ မျက်လုံးများသည် တောက်ပလျက်ရှိသည်။ သူမသည် အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်သည်။ “မင်းကြည့်တာ အရမ်းမြန်တာပဲ။”

စုရှောင်မို၏ နှလုံးခုန်သံများသည် မြန်ဆန်သွားသည်။ သူသည် တချိန်လုံးသရုပ်ဆောင်နေသည်ဖြစ်သော်လည်း အနည်းငယ်ဒုက္ခများသော အခြေအနေမျိုးကိုလည်း ရင်ဆိုင်ခဲ့ရသေး၏။ ဥပမာအားဖြင့် သူမကို ထမ်းခေါ်ကာ ပြေးရသည့် အခြေအနေမျိုးတွင်ဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးတွင် အရှိန်ကို မြန်အောင် သူသေသေချာချာ ပြေးခဲ့ရသေး၏။ သူမသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေသည်ဆိုသော်လည်း ဤသို့သောအခြေအနေကို သတိပြုမိခဲ့ပုံလည်းပေါ်သည်။ ထင်မှတ်ထားသည့် အတိုင်းပင် မိန်းကလေးများသည် အသေးစိတ်ကအစ သတိထားဂရုစိုက်တတ်သည့်သူ ဖြစ်နေတော့သည်။

စုရှောင်မိုနှင့်ရှရွှေယွင်တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်၏။

ကျွမ်းကျင်လှသော သူလျှိုတစ်ယောက်ဖြစ်သည်မို့ စုရှောင်မိုသည် ဤသို့သောအခြေအနေကို ကြံ့ကြံ့ခံနိုင်မလား ဆိုသည်မှာ စမ်းသပ်ချက်တစ်ခုပင်ဖြစ်လာတော့၏။ ခနလောက်ကြာပြီးသည့်နောက်မှာတော့ သူသည် ခေါင်းကိုကုတ် ကာ ပြောလိုက်သည်။ “ကျုပ် ဆီမှာပါရမီနှင့် အရည်အချင်းက မရှိဘူးဆိုပေမဲ့ တောင်တွေထဲမှာကြီးပြင်းခဲ့ရတာလေ။ ဒါကြောင့် မြန်မြန်ပြေးနိုင် တာပေါ့။”

ရှရွှေယွင်သည် သူ့အား တချိန်လုံးစိုက်ကြည့်လျက်ရှိ၏။ ပြီးနောက်မှာတော့ တိကျခိုင်မာစွာ ပြောလိုက်တော့၏။ “မင်း လိမ်နေတာပဲ”

All Chapters