အခန်း (၈၆၈)
Vol. 59 Ch. 868
လဝက်ခန့်ကြာပြီးနောက် ထိုက်ရွမ်အအေးဂိုဏ်းတပည့်များ၏ အပြင်စည်းစမ်းသပ်မှုနေ့၌ …
ကျွီ....
စုရှောင်မိုသည် တံခါးကို ဆွဲဖွင့်ပြီးသည့်နောက် အသစ်စက်စက် အပြင်စည်း ဂိုဏ်းတပည့်ဝတ်စုံကို ဝတ်ဆင်ကာ အရှေ့သို့ လှမ်းထွက်လိုက်သည်။
“ဂိုဏ်းချုပ်”
သူသည် ခါးစည်းအား သေချာပြုပြင်ပြီးသည့်နောက်မှာတော့ တောက်ပနေသည့် နေလုံးကြီးအား အသာကြည့်၍ တီးတိုး ပြောလိုက်တော့သည်။ “တပည့်က ဒီနေ့မှာ ကောင်းကောင်း ကစားတော့မယ်”
“ရှောင်မို”
ပြိုင်စံရှားဂိုဏ်းထဲမှာတော့ မနက်ခင်းလေ့ကျင့်ခန်းအား သူ၏တပည့်များနှင့်အတူ ပြုလုပ်ပြီးခဲ့ပြီ ဖြစ်သော ကျွင်းချောင်ရှောင်းသည် တစ်ယောက်တည်း မတ်တပ်ရပ်ကာဖြင့် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရှိသည်။ ၎င်းသည့် ဟန်ပါပါဖြင့် ပြောလိုက်၏။ “ဒီနေ့မှာ ထိုက်ရွမ်အအေးဂိုဏ်းရဲ့ အပြင်စည်းတပည့်တွေရဲ့ စမ်းသပ်မှုက စပြီ၊ ဒီတော့ ရှောင်မို မင်းအနေနဲ့ အစစ်အမှန်အားအင်ကို ထုတ်ဖော်ပြသရမယ့်အချိန် ရောက်ပြီ”
နေသည် ယခုမှစထွက်ခဲ့သည်ဆိုသော်လည်း ထိုက်ရွမ်အအေးဂိုဏ်း၏ အပြင်ဘက်ခြံဝန်းပေါ်ရှိ တိမ်လုံးကြီးမှာတော့ ထင်းလင်းပြီး အလွန်တရာ လှပလျက်ရှိသည်။ ပြိုင်စံရှားဂိုဏ်းသည် ထိုက်ရွမ်အအေးဂိုဏ်း နှင့် နှိုင်းယှဉ်မည်ဆိုလျှင် ရှည်လျားသော သမိုင်းကြောင်းကို မပိုင်ဆိုင်သည်ကလွဲ၍ ကျန်တာအားလုံးသည် အတူတူပင် ဖြစ်ပေလိမ့်မည်။
ထိုက်ရွမ်အအေးဂိုဏ်း ထဲမှာတော့ တပည့်တချို့သည် လေ့ကျင့်ရေးကွင်းပြင်ထဲ၌ ပေါ်လာပြီးသည့် နောက်မှာတော့ ညီညီညာညာနှင့် မတ်တပ်ရပ်လျက်ရှိသည်။ ဤလူများအားလုံးသည် ပွဲကြည့်ပရိသတ်များ ပင်ဖြစ်သည်။ တကယ်တမ်း ယှဉ်ပြိုင်ကြမည့်သူများမှာ အပြင်စည်းဂိုဏ်းတပည့် တစ်ရာကျော်ခန့်သာရှိ၏။ ၎င်းတို့အားလုံးသည် အရှေ့ဘက်တည်နေရာတွင် မတ်တပ်ရပ်လျက် ရှိနေကြ၏။
၎င်းတို့အားလုံးသည် အရှေ့ဘက်တည်နေရာတွင် မတ်တပ်ရပ်လျက်ရှိနေကြ၏။ သိုင်းဝတ်စုံများကို ဝတ်ဆင်ထား ကြပြီး အလွန်တရာ ရဲရင့်လှသော ဟန်ပန်အမူအရာမျိုးလည်း ရှိကြသည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ထိပ်ဆုံးဂိုဏ်းတစ်ခုအနေနှင့် ခေါ်ယူခဲ့သော တပည့်များအားလုံးသည် မတ်တပ်ရပ်နေသည်ဆိုသည်နှင့် သာမန်လူများ မဟုတ်ကြောင်း သိရှိနိုင်ကြသည်။ သို့ပေမဲ့ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တချို့သောတပည့်များ၏ မျက်လုံးများမှာတော့ လင်းလက်တောက်ပလျက်ရှိပြီး တချို့သော တပည့်များမှာတော့ ကြောက်ရွံ့လျက် ရှိနေ၏။
အပြင်စည်းဂိုဏ်းတပည့်များ၏ စမ်းသပ်မှုပြိုင်ပွဲသည် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိနေ၏။ ဤအရာသည် ဂိုဏ်းတစ်ခုလုံး၏ ပြိုင်ပွဲလောက် တန်ဖိုးထားခြင်း မခံရသော်လည်း အပြင်စည်းဂိုဏ်းတပည့်များအတွက်တော့ အရေးကြီးလှသည့် ပြိုင်ပွဲဖြစ်တော့၏။ ၎င်းတို့အနေနှင့် ဤစမ်းသပ်မှုတွင် ရလဒ်ကောင်းများကို ရရှိမည်ဆိုပါက များပြားလှသည့် သီလအမှတ်များကို ဆုလာဘ်အဖြစ် ရရှိမည်ဖြစ်ပြီး အကြီးအကဲများ၏ တန်ဖိုးထားခြင်းများ ကိုလည်း ခံရနိုင်၏။ ၎င်းတို့၏ ခံစားချက်သည် ရှုပ်ထွေးလျက်ရှိနေသည်။
စုရှောင်မိုသည် လူကြားထဲတွင် မတ်တပ်ရပ်လျက်ရှိ၏။ ၎င်း၏ပုံစံသည် ကြောက်ရွံ့သည့် ဟန်ပန်မျိုး ပြုလုပ်ပြ နေသည်ဆိုသော်လည်း ၎င်း၏ နှလုံးသားမှာတော့ တည်ငြိမ်လျက်ရှိသည်။ ပြိုင်စံရှားဂိုဏ်းကို မဝင်ခင်ကဆိုလျှင် သူသည် ဤကဲ့သို့ ကြောက်ရွံ့နေမှာ သေချာ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူသည် သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်သည့်လူတစ်ယောက် ဖြစ်နေသည့်အပြင် သေခြင်းနှင့် ရှင်ခြင်းတရားများကို ဂိုဏ်းတူ ညီအစ်ကိုများနှင့်အတူ များပြားစွာ ကျော်ဖြတ်ပြီးသည်မို့ သူ၏ တာအိုနှလုံးသားသည် ခိုင်မာလျက်ရှိနေတော့၏။
“ကောင်လေး”
ဂိုဏ်းတူရောင်းရင်း အနည်းငယ်နှင့် လူခွဲ၍ ရောက်ရှိလာသော ဟယ်ကျုံးဟင်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “မင်းတကယ်ပဲ ဒီကိုလာရဲတာလား”
“ကျုပ်က ပြိုင်ဖို့အတွက် စာရင်းပေးပြီးပြီလေ၊ ဒီတော့ လာကို လာရမှာပေါ့” စုရှောင်မိုသည် အပြစ်ကင်းစွာဖြင့် ပြောလိုက်သည်။
ဤအမူအရာ၊ ဤအပြုံးသည် ဟယ်ကျုံးဟင်အား ပိုမို၍ အေးစက်သွားစေ၏။ တခြားသော ပြိုင်ပွဲဝင်သူများသည် ထိုအချင်းအရာကို မြင်လိုက်သည့်အချိန်မှာတော့ စီနီယာအစ်ကိုဟယ်သည် အလွန်ဒေါသထွက်နေပြီဖြစ်ကြောင်း အားလုံးက သိရှိလိုက်ကြ၏။ ၎င်းတို့သည် ပြိုင်ပွဲတွင် ရင်ဆိုင်တွေ့ပြီဆိုပါက ဂျူနီယာညီလေးစု တစ်ယောက် ကျိန်းသေပေါက် ဆိုးရွားသည့် အခြေအနေ တစ်ခုကို ရင်ဆိုင်ရတော့မှာ တွေးလိုက်မိကြ၏။
“ဂျူနီယာမောင်လေး”
ရှရွှေယွင်သည် အဝေးဆီမှ အေးစက်စက် လှမ်းပြောလိုက်၏။ “ငါ့ကို စိတ်မပျက်စေနဲ့”
“ဒီမိန်းမ”
စုရှောင်မိုသည် စိတ်ဓာတ်တကျနှင့် ကြိတ်ကာ တွေးလိုက်မိ၏။ “သူမက ငါ့ကို သက်သက်မဲ့ လူအမြင်ကပ်အောင် လုပ်နေတာလား”
ဤအရာမှာ အမှန်ပင်ဖြစ်၏။ ဟယ်ကျုံးဟင်၏ မျက်လုံးထဲတွင်ရှိသော အေးစက်မှုများသည် ပိုမို၍ တင်းမာလာ ခဲ့၏။ ပါဝင်ယှဉ်ပြိုင်ကြသူများနှင့် ကြည့်ရှုနေကြသူများမှာလည်း ထိုကဲ့သို့ တွေးလိုက်မိကြသည်။
“အကြီးအကဲရှရဲ့ မြေးမက တစ်ဖက်လူကို စပြီးတော့ စကားပြောခဲ့တယ်၊ ဒီနှစ်ယောက်ကြားမှာ ဘာမှ မပတ်သက်ဘူးဆိုတာကို ဘယ်သူက ယုံမှာလဲ”
“အဟမ်း … အဟမ်း”
ထိုအချိန်မှာပဲ အပြင်စည်းဂိုဏ်းတပည့်များ၏ ပြိုင်ပွဲကို တာဝန်ယူထားသော တတိယ အကြီးအကဲသည် ဂိုဏ်း၏ ဟောခန်းထဲမှ လျှောက်ထွက်လာခဲ့တော့သည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ် ကာဖြင့် ကြေညာလိုက်သည်။ “အပြင်စည်းဂိုဏ်းသားတွေအတွက် စမ်းသပ်မှုက စပြီ၊ ပါဝင်ယှဉ်ပြိုင်သူတွေ အနေနဲ့ ကိုယ့်ရဲ့ပြိုင်ဘက်ကို ရွေးချယ်ဖို့ နံပါတ်စဉ်တွေကို မဲနှိုက်ကြရအောင်”
နှစ်စဉ်နှစ်တိုင်း ယှဉ်ပြိုင်ကြသူများသည် များပြားလှသောကြောင့် ဖွင့်ပွဲအခမ်းအနားတွင် တစ်ခါတည်း တိုက်ရိုက် ဆိုသလိုပဲ ကျင်းပခဲ့ခြင်းဖြစ်၏။
ရွှီး ရွှီး
ပြိုင်ပွဲဝင်တစ်ရာကျော်တို့သည် သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ လှမ်းတက်လိုက်ကြ၏။ ပြီးသည့်နောက် မှာတော့ ၎င်းတို့သည် နံပါတ်ကို ရွေးချယ်ရန်အတွက် နှိုက်ယူရမည့် သေတ္တာဆီသို့ လှမ်းလိုက်၏။
စုရှောင်မို သည်လည်း စင်ပေါ်သို့ တက်လိုက်သည်။ သို့ပေမဲ့ သူ ကံစမ်းမည့် နံပါတ်ပြားအား နှိုက်ရန်ပြင်လိုက်သည့် အချိန်မှာပဲ အသံတစ်ခု ထွက်ပေါ်လာသည်။
“အကြီးအကဲ”
ဟယ်ကျုံးဟင်က ပြောလိုက်၏။ “ဂျူနီယာညီလေးစုနဲ့ ကျွန်တော်နဲ့က စိန်ခေါ်ပွဲ ပြုလုပ်ထားတာ၊ ဒီတော့ နံပါတ်တွေကို မနှိုက်ခင် တိုက်ခိုက်လို့ရမလား”
“ရတာပေါ့” တတိယအကြီးအကဲက ခွင့်ပြုပေးလိုက်သည်။ ထိုက်ရွမ်အအေးဂိုဏ်းသည် တပည့်များကို သီးသန့် ရန်ဖြစ်တိုက်ခိုက်ခြင်းကို ခွင့်ပြုမထားချေ။ သို့ပေမဲ့ ပဋိပက္ခများကို ဖြေရှင်းရန်အတွက် ယခုကဲ့သို့ စိန်ခေါ် တိုက်ခိုက်ပွဲများကိုတော့ လက်ခံ၏။
တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်၏။ “ဂျူနီယာညီလေးစုက သူနဲ့ မတိုက်ခိုက်ခင် တခြားပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရင်း ထွက်သွားမှာကို စီနီယာအစ်ကိုဟယ်က စိုးရိမ်တယ်နဲ့တူတယ်”
“ဂျူနီယာညီလေးစုက ပထမအကျော့မှာတင် ထွက်ခွာသွားရမယ်လို့ ထင်လား”
များပြားလှသော တပည့်များ အားလုံးသည် စုရှောင်မိုအား ကိုယ်ချင်းစာနာစွာဖြင့် ကြည့်ရှုလိုက်ကြသည်။ ၎င်းတို့၏ နှလုံးသားထဲတွင်တော့ ဟယ်ကျုံးဟင်သည် အပြင်စည်းတပည့်များ၏ ဂိုဏ်းပြိုင်ပွဲတွင် ဗိုလ်စွဲရန် အတွက် ရေပန်းအစားဆုံးလူလည်းဖြစ်သည်။
“မင်းတို့က ဒီလိုမျိုး စိန်ခေါ်မှုရှိတယ်ဆိုမှတော့ စင်မြင့်ပေါ်ကို အရင်ဆုံး တက်လိုက်ကြ” တတိယ အကြီးအကဲက ပြောလိုက်သည်။
စုရှောင်မိုတစ်ယောက် အခန်းအောင်းတာ သီးသန့် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပြီးသည့်နောက် မည်မျှ တိုးတက်လာခဲ့သည်ကို သူကောင်းကောင်း သိချင်မိ၏။ ဤကောင်လေးသည် မထင်မှတ်ထားသည့် အံ့အားသင့်စရာများကို ယူဆောင်နိုင်မည်လား ဆိုသည်ကို သူ မျှော်လင့်နေမိ၏။
ဟယ်ကျုံးဟင်သည် ကြည့်ကောင်းလှစွာဖြင့် သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ ခုန်တက်လိုက်၏။ ပြီးသည့်နောက် ပြောလိုက်တော့သည်။ “ဂျူနီယာညီလေးစု… ကျေးဇူးပြုပြီး စင်မြင့်ပေါ်ကို တက်ပါ”
အားလုံး၏ အကြည့်အောက်မှာပဲ စုရှောင်မိုသည် အလွန်တရာ ကြည့်ကောင်းလှသည့် ဟန်ပင်ဖြင့် လှမ်း၍ တက်လိုက်သည်။ သို့ပေမဲ့ သူသည် နှိမ့်ချစွာဖြင့် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “စီနီယာအစ်ကိုဟယ်.. ကျေးဇူးပြုပြီးတော့ ညွှန်ပြပေးပါအုံး”
………….
အားလုံးသောသူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွားသည်။ ဤအရာသည် လက်ရည်စမ်းပွဲတစ်ခု မဟုတ်ပေ။ စိန်ခေါ်တိုက်ခိုက်ပွဲတစ်ခုဖြစ်၏။ ထို့အပြင် စီနီယာအစ်ကိုဟယ်သည် ချစ်ခြင်းမေတ္တာအတွက် တိုက်ခိုက်လိုခြင်း ဖြစ်သည်။ ထို့ကြောင့် တကယ်တမ်း တိုက်ခိုက်မည်ဆိုလျှင် အလွန်တရာ လေးလေးနက်နက်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှာသေချာ၏။ သို့ပေမဲ့ စုကုန်းရှန့်မှာတော့ လမ်းညွှန်ပြသပေးရန် တောင်းဆိုလျက်ပင် ရှိနေသေးသည်။ သွေးအေးလွန်းလှချေသည်တကား။
“ဂျူနီယာညီလေးစု အနေနဲ့ အများဆုံး တိုက်ကွက်ဆယ်ကွက်လောက်တော့ ခံနိုင်မယ်လို့ ငါလောင်းချင်တယ်”
“ဆယ်ကွက်ဆိုတာ အရမ်းများလွန်းတယ်လေ၊ လက်ရှိ စီနီယာအစ်ကိုဟယ်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် အများဆုံး တိုက်ကွက် သုံးကွက်ကနေ ငါးကွက်ကြားထဲမှာပဲ တစ်ဖက်လူ ကျရှုံးသွားရမယ်”
ကြည့်ရှုနေကြသော အပြင်စည်းတပည့်များသည် ဆွေးနွေးလျက်ရှိနေကြ၏။ ၎င်းတို့အားလုံးသည် စုရှောင်မို တစ်ယောက် မည်သည့်အချိန်အတိုင်းအတာမျိုးတွင် ရှုံးနိမ့်သွားမည်ဆိုခြင်းကို လောင်းကြေးထပ်လျက် ရှိနေ၏။
စုရှောင်မိုအား ယုံကြည်ကြသည့် လူများမှာ စွန်းရင်ချွမ်သာလျှင်ရှိ၏။ သူသည် အဆုတ်ကွဲမတတ် အော်ဟစ်လိုက်၏။ “ဂျူနီယာညီလေးစု… အကောင်းဆုံးလုပ်ပါ”
“ဂျူနီယာညီလေးစုက အခုမှ ဂိုဏ်းထဲကို ဝင်ရောက်တာလေ၊ သူက အကြီးအကဲစွန်းရဲ့သားကို အစ်ကိုလို့တောင် ခေါ်နေနိုင်ပြီ၊ အရည်အချင်း ရှိတယ်လို့တော့ ပြောရမယ်”
“ဘာကို အရည်အချင်း ရှိတာလဲ၊ တခြားသူတွေကို မျက်နှာလို မျက်နှာရနဲ့ ကပ်ဖားနေတဲ့ဟာကို၊ ဒါက တကယ့် အရည်အချင်းမှ မဟုတ်တာ”
စုရှောင်မို၏ မြှောက်ပင့်ပြောဆိုတတ်သည့် အမူအကျင့်နှင့်ပတ်သက်၍ သဘောမတွေ့ကြသည့် တချို့သော တပည့်များကလည်း ရှိလို့နေ၏။ ထိုက်ရွမ်အအေးဂိုဏ်းထဲတွင် ရှင်သန်နေထိုင်နိုင်ဖို့ ဆိုသည်မှာ မိမိ ကိုယ်ပိုင် စွမ်းရည်သည် တိုးတက်မြင့်မားနေရန် လိုအပ်နေ၏။ ထိုကဲ့သို့ အဆက်အဆံကောင်းလှသောသူများအား မြှောက်ပင့်ပြောဆိုတတ်သောလူများ အနေနှင့် နေရာ ရရှိလိမ့်မည် မဟုတ်သည်ကို သူတို့ကောင်းကောင်းသိ၏။
“စနိုင်ပြီ” တတိယအကြီးအကဲက ပြောလိုက်သည်။
ဆွစ်
ဟယ်ကျုံးဟင်သည် ပထမဦးဆုံး လှမ်းတက်လိုက်၏။ သူ၏ သိုင်းစစ်သူကြီးအဆင့် ကျင့်ကြံခြင်းကို ပြည့်စုံစွာဖြင့် ထုတ်ဖော်လိုက်၏။ ပြီးသည့်နောက်မှာတော့ ပြင်းထန်သည့် လက်သီးချက်ကို ထုတ်ဖော်လိုက်တော့၏။ သူ၏ ရှေ့ရှိ တည်နေရာတစ်ခုလုံးသည် တုန်ခါသွားသည်။
“လှိုင်းသုံးခု လက်သီးချက်” တပည့်တစ်ယောက်က ထအော်လိုက်သည်။ ဤအရာသည် ထိုက်ရွမ်အအေးဂိုဏ်း၏ အဆင့်မြင့် လက်သီးနည်းစနစ် တစ်ခုဖြစ်သည်။ ဤနည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်မည်ဆိုလျှင် တည်နေရာကြီးတစ်ခုလုံးပင် တုန်ခါသွားစေနိုင်၏။
“မဆိုးဘူးပဲ”
အကြီးအကဲတစ်ယောက်က ချီးကျူးလိုက်သည်။ “သူက ဒါကို တကယ့်ကို ပြည့်ပြည့်ဝဝ နားလည် နေတာပဲ”
ဆွစ်
ထိုအချိန်မှာတော့ စုရှောင်မို၏ ခန္ဓာကိုယ်သည် အနောက်ဘက်သို့ အသာလှည့်ကာ ရှောင်တိမ်းလိုက်သည်။ သူ၏ လှုပ်ရှားမှုသည် ကြည့်လို့ကောင်းလှသည်မဟုတ်သော်လည်း ဟယ်ကျုံးဟင်၏ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့၏။ သူ၏ ခြေလှမ်းများသည် မြေပြင်ပေါ်တွင် ကြည့်ကောင်းလှစွာဖြင့် လှမ်းတက်လျက်ရှိပြီး ထူးဆန်းသည့် ပုံပန်းသွင်ပြင်မျိုး ဖြစ်တည်နေသည်။
“အရိပ်လေကိုးမျိုးခြေလှမ်း” တတိယအကြီးအကဲနှင့် တခြားသော အဆင့်မြင့် အကြီးအကဲများသည် ကြောင်အ သွားမိကြ၏။
စုရှောင်မိုသည် ဤလှုပ်ရှားမှု နည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်သည်နှင့် တပြိုင်နက် သူတို့အားလုံးသည် သိရှိလိုက်ကြ၏။ ထို့အပြင် တစ်ဖက်လူသည် ထုတ်ဖော်အသုံးပြုလိုက်သည့်အချိန်တွင် ချောချောမွေ့မွေ့နှင့် အသုံးပြုနိုင်စွမ်းရှိနေ၏။ ဤအရာမှာ ကျွမ်းကျင်နေသည့်သဘောပင် ဖြစ်တော့သည်။
ဆွစ် ဆွစ်
အရိပ်လေကိုးမျိုးခြေလှမ်းကို အသုံးပြုလိုက်သည့် အချိန်မှာတော့ ပုံရိပ်ယောင်အရိပ်သုံးခုသည် တည်နေရာ ထဲတွင် ဖြစ်လျက် ကျန်ရစ်တော့သည်။ တိုက်ပွဲအား ကြည့်ရှုနေသည့် လူငယ်များအားလုံးသည် ဆွံ့အသွားကြ၏။
အေးစက်ပြီး မောက်မာလွန်းလှသော ရှရွှေယွင်ပင် မယုံကြည်နိုင်စွာ ဖြစ်မိသွား၏။ “သူတကယ်ပဲ ဒီနည်းစနစ်ကို ကျွမ်းကျင်အောင် ကျင့်ကြံနိုင်ခဲ့တာလား၊ ဒါက တကယ့်ကို အချိန်တိုလေးပဲ ရှိသေးတယ်လေ၊ သူ့ရဲ့ပါရမီနဲ့ နားလည်နိုင်မှုစွမ်းက ကျိန်းသေပေါက် သာမန်မဟုတ်ဘူးပဲ”
တတိယအကြီးအကဲနှင့် တခြားသောသူများသည်လည်း ဤအကြောင်းအရင်းကို ကောင်းကောင်း သုံးသပ်လိုက်မိကြသည်။ သူတို့သည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်မိ၏။ “ဒီကောင်လေးရဲ့ စိတ်ဝိညာဉ်အမြစ် က အလယ်အလတ်အဆင့် မဟုတ်နိုင်ဘူး”
ထိုက်ရွမ်အအေးဂိုဏ်းသည် တပည့်များကို လက်ခံသည့်အချိန်တွင် ပြိုင်စံရှားဂိုဏ်းနှင့် တူညီ၏။ ဝင်ခွင့်ဖောင်များ တွင် စိတ်ဝိညာဉ်အမြစ်များကို ရေးသွင်းထားရသည်။ စိတ်ဝိညာဉ်အမြစ်ဆိုသည်မှာ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို မည်သည့်အတိုင်းအတာအထိ ရောက်ရှိနိုင်မည်ဆိုသည်ကို ဆုံးဖြတ်ပေးနိုင်သည့်အရာ လည်းဖြစ်၏။ ထို့ကြောင့် စိတ်ဝိညာဉ်အမြစ်အားနည်းသော သူများသည် နောင်တစ်ချိန်တွင် ကြီးမားသည့် အောင်မြင်မှုကို မရရှိပေ။
သို့ပေမဲ့ ဂိုဏ်းတစ်ခုလုံးတွင် အဆင့်မြင့်စိတ်ဝိညာဉ်အမြစ်များကိုသာ ထားရှိ၍ မရနိုင်ချေ။ ဘက်စုံ ဟန်ချက် ညီအောင် လူငယ်လူရွယ်များကို စုစည်း၍ လေ့ကျင့်ပျိုးထောင်ရမည်မှာ သဘာဝပင် ဖြစ်သည်။ မဟုတ်ပါက ဂိုဏ်းတွင် လူနည်းနည်းလေးသာ ရှိနေပေလိမ့်မည်။
ဤနေရာတွင်တော့ ပြိုင်စံရှားဂိုဏ်း သည် ယုတ္တိမတန်လောက်အောင်ပင် ပြုမူဆောင်ရွက်ခဲ့ပြီးပြီဖြစ်တော့၏။ ၎င်းတို့ဂိုဏ်းတွင် များပြားလှသည့် အဆင့်မြင့်စိတ်ဝိညာဉ်အမြစ်ပိုင်ဆိုင်သည့်သူများ ရှိနေသည် မဟုတ်ပါလား။