← Chapters

အခန်း (၈၇၁)

Vol. 59 Ch. 871

အခန်း (၈၇၁)

Vol. 59 Ch. 871

စုရှောင်မို၏ သူလျှိုတစ်ယောက် ခရီးစဉ်သည် မည်မျှအချိန်ကြာမြင့်ပြီး မည်သည့်အချိန်မှ ပြီးဆုံးမည် ကောင်းကောင်း မသိနိုင်ချေ။ သို့ပေမဲ့ စုရှောင်မို၏ ပါးနပ်လှသော ကိုယ်ရည်ကိုယ်သွေး၊ ၎င်း၏ စိတ်ဝိညာဉ်အမြစ် နှင့် ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်ပြသပြီးသည့်နောက်မှာတော့ စွန်းရင်ချွမ်၊ ရှရွှေယွင်နှင့် အကြီးအကဲ နှစ်ယောက်တို့၏ အကူအညီကြောင့် သူသည် အပေါ်အဆင့်ဆီသို့ တက်လှမ်းသွားရန် လုံလောက်သည့် အားအင်မျိုး ပိုင်ဆိုင်နေပြီဖြစ်တော့သည်။

“စီစဉ်ထားသမျှ ချောချောမောမော ဖြစ်သွားတာ၊ ဒါပေမဲ့ ဂိုဏ်းထဲမှာ ပြဿနာ ထပ်မဖြစ်အောင် ငါ သိုသိုသိပ်သိပ် နေမှ ဖြစ်မယ်”

ထိုက်ရွမ်အအေးဂိုဏ်း၏ အခြေအနေတစ်ခုလုံးသည် အလွန်တရာနက်နဲလွန်းလှ၏။ အပြင်စည်းဂိုဏ်းတပည့်များ နေရသည်မှာ ရေခဲတောင်ကြီးတစ်ခု၏ ထိပ်ပိုင်းမျှသာဖြစ်သည်။ ၎င်းတို့၏ အထက်တွင် အတွင်းစည်းတပည့်နှင့် အဓိကတပည့်များဟူ၍ ခွဲခြားထားသေး၏။ ထို့ကြောင့် ပေါ့ပေါ့ပါးပါးနှင့် နေထိုင်၍ မရသလို မောက်မောက်မာမာ နှင့် ဝံ့ကြွားနေ၍လည်း မရချေ။

ထို့အပြင် လတ်တလောအနေဖြင့် သူအနေနှင့် ရှရွှေယွင်နှင့်လည်း အကောင်းဆုံး ပြောဆိုဆက်ဆံထားရန် လိုအပ်နေသေး၏။ သို့ပေမဲ့ အကြီးအကဲဝေ၏ သင်ကြားပြသမှုများကို ခံယူပြီးသည့်နောက် စုရှောင်မိုသည် ဤကဲ့သို့ အေးစက်လှသည့် အမျိုးသမီးတစ်ယောက်နှင့် မည်ကဲ့သို့ ပြောဆိုဆက်ဆံရမည်ဆိုသည်ကို ကောင်းကောင်းနားလည်နေမိတော့၏။

“သွားရအောင်၊ တာဝန်တွေ သွားလုပ်ကြမယ်” တရက်မှာတော့ ရှရွှေယွင်သည် ထပ်မံကာ ပေါ်လာပြန်တော့၏။

“ဒါက... ကျုပ်”

“မင်းလိုက်ကိုလိုက်ရမယ်”

“ကောင်းပြီ”

ရက်အနည်းငယ် ကြာပြီးသည့်နောက် ၎င်းတို့နှစ်ယောက်သည် တာဝန်ခန်းမဆီ၌ ထပ်မံ၍ ပေါ်ပေါက်လာ၏။ ပြီးသည့်နောက်မှာတော့ တာဝန်ကို လက်ခံရယူ၍ အတူတကွ ထွက်ခွာသွားခဲ့ပြန်သည်။

ဟယ်ကျုံးဟင်သည် ရှုံးနိမ့် သွားပြီးသည့်နောက်မှာတော့ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ဤနေရာသည် သိုင်းကျင့်ကြံသူများသာ ဦးစားပေး တည်ရှိသောနေရာဖြစ်ပြီး ဤကဲ့သို့သော နေရာ၏ အားသာချက်သည် အားအင်အဆင့် သာလွန်ကောင်းမွန်သူများ အနေနှင့် ကြီးမားသည့်နေရာကို တက်လှမ်းနိုင်ခြင်းပဲ ဖြစ်တော့၏။ ထို့ကြောင့် ၎င်းအနေဖြင့် စုရှောင်မို၏ ရှေ့တွင် ထပ်မံကာ မပေါ်လာရဲတော့ချေ။

“ဂျူနီယာညီလေးစုနဲ့ ဂျူနီယာညီမလေးရှတို့က ပိုပိုပြီး နီးကပ်လာတယ်လို့ ထင်တယ်”

“စုကုန်းရှန့်က ရှရွှေယွင်နဲ့ မလိုက်ဖက်ဘူးလို့ ထင်ပေမယ့် သူ့ဆီမှာ အထူးအဆင့် ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ် အမြစ်က ရှိတယ်လေ၊ ပြီးတော့ ဒါကြောင့်မလို့ သူက ငါတို့ထက်ပိုပြီး အခွင့်အလမ်းကောင်းတယ်”

“ကျွတ် ကျွတ် ဂျူနီယာညီလေးစုက တကယ့်ကို ဖုံးကွယ်ထားခဲ့တာပဲ၊ သူ့အနေနဲ့ စီနီယာအစ်ကိုဟယ်ကို နိုင်မယ်လို့ ထင်တောင် မထင်ထားခဲ့ဘူး”

စုရှောင်မိုနှင့် ရှရွှေယွင်တို့သည် ပိုမိုကာ တပူးပူး တတွဲတွဲဖြင့် တာဝန်တွေကို ထမ်းဆောင်လျက်ရှိနေတော့သည်။ ထိုက်ရွမ်အအေးဂိုဏ်း၏ အပြင်စည်းတပည့်များသည် ထိုအရာနှင့်ပတ်သက်၍ နက်နက်နဲနဲ ဆွေးနွေးနေကြသည်။ တချို့သည့် ဤနှစ်ယောက်မှာ စုံတွဲများ ဖြစ်သွားကြလိမ့်မည်ဟုပင် ခန့်မှန်းနေကြ၏။ ထိုက်ရွမ်အအေးဂိုဏ်းသည် တပည့်များ ချစ်ခင်နှစ်သက်ခြင်းကို တားမြစ်မထားခဲ့ချေ။ ဤအရာနှင့်ပတ်သက်လျှင် လွတ်လပ်ကာ ပွင့်လင်းလွန်း သည်ဟု ဆိုရမည်။

စုရှောင်မိုသည် တခြားသောသူများ ပြောဆိုနေသည့် ဆွေးနွေးချက်များကို ကောင်းကောင်းကြားရ၏။ သူသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။ “သူမနဲ့ ငါ့ရဲ့ ဆက်ဆံရေးက အဲ့လို မဟုတ်ပါဘူး”

ရှရွှေယွင်၏ ပင်ကိုယ်အမူအကျင့်သည် အေးစက်ပြီးတော့ သီးခြားဆန်လွန်းလှ၏။ ၎င်းတို့နှစ်ယောက်သည် အတူတကွ တပူးပူး တတွဲတွဲနှင့် တာဝန်များကို ထမ်းဆောင်ခဲ့သည်ဆိုသော်လည်း စကားပြောဆိုသည့်အချိန် တောင်မှ သိပ်ပြီးမရှိလှချေ။ သူတို့ ပြောဆိုနေသည့် အကြောင်းများမှာလည်း သိုင်းကျင့်ကြံခြင်း အကြောင်းများသာ ဖြစ်တော့၏။

ဟုတ်ပေသည်။ စုရှောင်မိုသည် ဤမိန်းကလေးနှင့်ပတ်သက်၍ ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးမျိုး တည်ထောင် ထားချင်မိ၏။ ထို့အပြင် ၎င်းနှင့် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးကို ပိုင်ဆိုင်မှသာလျှင် အကြီးအကဲရှနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ပိုင်ဆိုင်မှာဖြစ်သည်။ ထိုသို့ဆိုလျှင် ဤဂိုဏ်းအတွင်းနေထိုင်ရင်း သူ၏ အနာဂတ်၌ ပိုမိုကောင်းမွန်သည့် အကျိုးကျေးဇူးများကို ရမှာ သေချာ၏။ သို့ပေမဲ့ သူ့အနေနှင့် ပြိုင်စံရှားဂိုဏ်း၏ တပည့် တစ်ယောက်သာဖြစ်၏။ အကယ်၍ ဤနေရာတွင် သူလျှိုလာလုပ်ပြီး သူမကိုသာ ချစ်ခင်နှစ်သက်သွားခဲ့သည် ဆိုပါက မည်သို့ လုပ်ရမည်နည်း။

“တောင်းပန်ပါတယ်၊ ကျုပ်က သူလျှိုတစ်ယောက်ပါ” ဟူ၍ အရှက်မဲ့သည့်စကားကို ပြောဆိုရမည်လား။ စုရှောင်မိုက တွေးလိုက်မိသည်။ “ဒီလိုမျိုး ပတ်သက်ဆက်နွယ်မှုမျိုးတွေ ဖြစ်လို့မဖြစ်ဘူး”

ပြိုင်စံရှားဂိုဏ်းနှင့် ထိုက်ရွမ်အအေးဂိုဏ်းတို့သည် ကြီးမားလှသည့် ရန်ငြိုးများ မရှိချေ။ သို့ပေမဲ့ ဤသို့သာ ဖြစ်သွားမည်ဆိုပါက ကျိန်းသေပေါက် ပြဿနာများပေလိမ့်ည်။ ထို့ကြောင့် ၎င်းအနေနှင့် သူ့ကိုယ်သူ ထိန်းသိမ်း ထားရန် ဆုံးဖြတ်လိုက်မိတော့၏။ မည်သည့်အနှောင်အဖွဲ့ အတားအဆီးကိုမှ မထားရှိခဲ့ပဲနှင့် တာဝန်ပြီးပါက သူ လွတ်လွတ်လပ်လပ် ထွက်ခွာသွားရန် စဉ်းစားထားသည်။

“ဘာတွေ စဉ်းစားနေတာလဲ” တာဝန်ထမ်းဆောင်ပြီး ပြန်လာရာလမ်းမှာတော့ ရှရွှေယွင်က သူ့အား ကြည့်လိုက်သည်။

“ဘာ ဘာမှမဟုတ်ပါဘူး”

“လက်ရှိမှာ မင်းရဲ့ငါ့ရဲ့အကြောင်းတွေက ဂိုဏ်းထဲမှာ သတင်းပျံ့နေတယ်လေ”

“အင်း.... ဟုတ်တယ်”

ရှရွှေယွင်သည် လှမ်းလျှောက်နေရာမှ ရပ်တန့်လိုက်ပြီးသည့်နောက် စုရှောင်မိုကို လှမ်းကြည့်ကာ ပြောလိုက်၏။ “ငါ့အနေနဲ့ မင်းကို ကူညီဖို့ ဆုံးဖြတ်ခဲ့တာက မင်းဆီမှာ အလားအလာ အများကြီး ပိုင်ဆိုင်နေတယ်လို့ ထင်လို့လေ၊ ဒီတော့ အပြင်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေကို ကြည့်ပြီးတော့ မင်းရဲ့ စိတ်ကူးတွေ ရိုင်းမနေနဲ့”

စုရှောင်မိုသည် ဆွံ့အသွားမိ၏။

“ဟုတ်တယ်”

ရှရွှေယွင်က ပြောလိုက်သည်။ “ဒါက မင်းအနေနဲ့ ငါနဲ့ မထိုက်တန်လို့ မဟုတ်ဘူး၊ ငါက ဒီလို ကိစ္စမျိုးတွေကို စိတ်မဝင်စားလို့” ပြောပြီးသည့်နောက်မှာတော့ သူမသည် ရှေ့ကိုပြန်ကာ တည့်တည့် လျှောက်သွားတော့သည်။

စုရှောင်မို၏ နှုတ်ခမ်းထောင့်များသည်လည်း တုန်ယင်လျက်ရှိ၏။ ငါသူမကို ကြိုက်နေတယ်လို့များ ထင်တာလား။

“စီနီယာအစ်မ”

သူသည် အလောတကြီးနှင့် သူမနောက်သို့လိုက်ပြီး လေးလေးနက်နက်နှင့် ပြောလိုက်၏။ “တကယ့်တော့ ကျုပ်ကလည်း အဲဒီချစ်ခြင်းမေတ္တာတွေကို စိတ်မဝင်စားဘူး”

“ဒါဆိုရင် အကောင်းဆုံးပဲ” ရှရွှေယွင်က ပြန်ပြောလိုက်၏။

................

ဘုန်း ဘုန်း

တောနက်ထဲမှာတော့ ကြီးမားလှသည့် အဆင့်ကိုးသားရဲကြီးသည် သူ၏လက်ကြီးများကို မြှောက်ကာဖြင့် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လျက်ရှိ၏။

“ရေခဲဓားအော်ရာ”

ဒင် ဒင် ဒင်

ရှရွှေယွင်သည် သူ၏ဓားကိုမြှောက်လိုက်၏။ ပြီးသည့်နောက်မှာတော့ ဓားအော်ရာများသည် ဖွဲ့တည်လာခဲ့သည်။ ထိုဓားအော်ရာများသည် ကျောက်တုံးကဲ့သို့ မာကျောလှသော သားရဲကြီး၏ အရေခွံကို ထိမှန်သွား၏ ချက်ချင်း ဆိုသလိုပဲ သံသံချင်း ထိမှန်သည့်အသံများ ထွက်ပေါ်လာခဲ့၏။

ဝေါင်း ဝေါင်း

ကြီးမားလှသည့်သားရဲကြီးသည် အော်ဟစ်လိုက်ပြီးသည့်နောက် ၎င်း၏ ကြီးမားလှသည့် အမြီးကြီးအား ယမ်းခါ လိုက်တော့သည်။

“မကောင်းတော့ဘူး” ရှရွှေယွင်၏ အမူအရာသည် ရုတ်တရက်ဆိုသလိုပဲ ပြောင်းလဲသွား၏။

"စီနီယာအစ်မ... သတိထား" ထိုအချိန်မှာတော့ စုရှောင်မိုသည် ဘေးတစ်ဖက်ဆီမှ ရောက်ရှိလာပြီးသည့်နောက် မရှောင်တိမ်းနိုင်တော့သော ထိုအမျိုးသမီးအား တွန်းဖယ်လိုက်တော့၏။ တစ်ဖက်သားရဲကြီး၏ အမြီးသည် သူ၏ ရင်ဘတ်ကို တည့်တည့်ရိုက်မိတော့၏။ သူသည် အနောက်ဘက်သို့ လွင့်စင်သွားပြီးသည့်နောက်မှာတော့ ကျောက်နံရံကြီးတစ်ခုနှင့်ပင် ရိုက်မိသွားခဲ့သည်။

ဝေါ့ …။

သွေးတွေ အန်ထွက်လာခဲ့တော့၏။ သူသည် အရိပ်လေကိုးပါးခြေလှမ်းကို အသုံးပြုပြီး အရှေ့သို့ လှမ်းတက်လိုက်၏။ ပြီးနောက် သူမ၏ ခန္ဓာကိုယ်ကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးသော ရှရွှေယွင်ကို အသာ ထမ်းကာဖြင့် တည်နေရာဆီမှ ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသွားခဲ့တော့၏။

..................

လှိုဏ်ဂူထဲတွင် မီးဖိုတစ်ခု ဖိုထားပြီး ရှရွှေယွင်သည် ဘေးတစ်ဖက်တွင် ထိုင်ကာ ရစ်ငှက်တစ်ကောင်အား အသာကင်လျက်ရှိ၏။ သို့ပေမဲ့ သူမကို ကြည့်ရသည်မှာ ကျွမ်းကျင်ပုံမပေါ်ပေ။

ဝေါ့

ပြန်လည်ကုစားလျက်ရှိနေသော စုရှောင်မိုသည် မဲနက်နေသော သွေးတစ်လုတ်ကို အန်ထုတ်လိုက်၏။ သူ၏ မျက်မှောင်များသည်လည်း ပြန်လည်ကာ ပြေလျော့သွားခဲ့သည်။

"မင်း အဆင်ပြေရဲ့လား" ရှရွှေယွင်က မေးလိုက်သည်။

စုရှောင်မိုက ပြန်ဖြေလိုက်၏။ "အင်း.... အဆင်ပြေပါတယ်"

ရှရွှေယွင်သည် မည်သည့်စကားမှ မပြောတော့ချေ။ ရစ်ငှက်ကို ထပ်ကာ ကင်လျက်ရှိနေတော့သည်။ အခြေအနေသည် ကြောင်အအ အခြေအနေသို့ ရောက်ရှိသွား၏။ စုရှောင်မိုသည် ဤကဲ့သို့ စကားမပြောဆိုရသည့် အခြေအနေ မျိုးကို မနှစ်သက်ချေ။ ထို့ကြောင့် အသာထသွားပြီးနောက် ပြောလိုက်တော့သည်။ "ဒါတွေအကုန်လုံးက မီးကျွမ်း တော့မယ်၊ ကျုပ်ပဲ ဆက်လုပ်ပါ့မယ်"

ရှရွှေယွင်သည် ဘေးတစ်ဖက်သို့ ရှောင်ပေးလိုက်၏။ စုရှောင်မိုသည် သန့်ရှင်းသော ရစ်ငှက်တစ်ကောင်ကို ယူပြီးနောက် ကျွမ်းကျင်စွာဖြင့် သစ်သားတုတ်ချောင်း၌ ထိုးစိုက်တော့၏။ ပြီးသည့်နောက်မှာ စတင်ကာ ကင်သည်။

ရှရွှေယွင်သည် မည်သည့်စကားမှ မဆိုချေ။ သို့ပေမဲ့ သူမ၏ မျက်လုံးများသည် သေသေချာချာ ကြည့်ရှုလျက်ရှိ၏။ ကြည့်ရသည်မှာ နောင်တစ်ချိန် သူမဘာသာ ပြုလုပ်နိုင်ရန်အတွက် လေ့လာသင်ယူနေခြင်းပင် ဖြစ်ပုံပေါ်၏။

"စီနီယာအစ်မ"

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ စုရှောင်မိုက ပြောလိုက်သည်။ "ခင်ဗျားက အရမ်း အလျင်လိုလွန်းတယ်လို့ ထင်တယ်၊ ဥပမာအားဖြင့် ယွမ်လင်တောင်မှာ တိုက်ခိုက်ခဲ့တုန်းကလည်း ဒီလိုပဲ၊ အခု ဒီတစ်ကြိမ် တိုက်ခိုက်ပြန်တော့လည်း ပစ်မှတ်ရဲ့အားအင်အဆင့်ကို သေချာ အတည်မပြုသေးဘဲ အလျင်စလို တိုက်ခိုက်ခဲ့တယ်"

"ငါ ဒီလိုလုပ်ရတာ ကြိုက်လို့လေ" ရှရွှေယွင်က ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်သည်။ သူမ၏ အမှားဖြစ်ကြောင်းကို ဤအမျိုးသမီးသည် နားမလည်နိုင်သေးချေ။ သူမအနေဖြင့် လက်ရှိအချိန်အထိ အသက်ရှင် နေထိုင်ရသည်ဆိုသည် မှာ ကံကောင်းသောကြောင့်သာ ဖြစ်ပေမည်။

အေးစက်လှသော အမျိုးသမီးများသည် စကားပြောဆိုရသည်မှာ အဆင်မပြေလှချေ။ ထို့ကြောင့် စုရှောင်မိုသည် စကားပြောဆိုခြင်းမှ ရပ်တန့်လိုက်၏။

"ဒီမှာ"

ဆယ့်ငါးမိနစ်လောက် ကြာပြီးသည့်နောက်မှာ သူသည် ကင်ထားသော ရစ်ငှက်တစ်ကောင်ကို လှမ်းပေးလိုက်သည်။ "စားလို့ရပြီ"

ရှရွှေယွင်သည် တစ်ချက်ကလေးမှ မနှောင့်နှေးဘဲ လှမ်းယူကာ စားသုံးတော့သည်။ စားသုံးပြီးသည့်နောက် သူမသည် အပြင်ဘက်ဆီသို့ လက်ညှိုးညွှန်ကာ ပြောလိုက်သည်။ "စည်းမျဉ်းစည်းကမ်းဟောင်း အတိုင်းပဲ"

"ကောင်းပါပြီ၊ ကောင်းပါပြီ" စုရှောင်မိုသည် မတ်တပ် ထရပ်လိုက်၏။ စည်းမျဉ်းစည်းကမ်းဟောင်းဆိုသည်မှာ ၎င်းတို့ တောနက်ထဲတွင် အိပ်ကျသည့်အချိန်မျိုးတွင် သူမသည် လှိုဏ်ဂူထဲတွင် အိပ်မည်ဖြစ်ပြီး စုရှောင်မိုမှာ အပြင်ဘက်တွင် အိပ်မည်ဟူသော စည်းကမ်းပင်ဖြစ်၏။ ထို့အပြင် ယောက်ျားနှင့် မိန်းမဆိုသည်မှာ ခြားနားလှသည် မဟုတ်လား။ အချက်အလက်အားဖြင့် လှိုဏ်ဂူထဲတွင် အတူတူ အိပ်မည်ဆိုပါက စုရှောင်မိုသည် အသာလှည့်၍ ကြည့်နေပေလိမ့်မည်။ ထိုသို့ဆိုလျှင် ရှရွှေယွင်သည် အမြဲတမ်းသတိအပြည့်ဖြင့် ကောင်းကောင်းအိပ်ရလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့်ပင် စုရှောင်မိုအနေနှင့် အကြောင်းပြချက်တစ်ခုကို ရှာကာဖြင့် အပြင်ဘက်သို့သွား၍ အိပ်သည့်အကျင့်ကို ပြုလုပ်ခဲ့တော့သည်။

ဘုတ်

သူ ထသွားပြီးသည့်နောက်မှာတော့ သေးငယ်၍ သပ်ရပ်လှသော ပုလင်းလေးတစ်ခုသည် သူ၏ ခါးပိုက်ဆောင်ထဲမှ အောက်သို့ ပြုတ်ကျသွားခဲ့၏။ ရှရွှေယွင်သည် တစ်ချက်လှမ်းကြည့်ပြီးနောက် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "ငါမင်းကိုပေးခဲ့တဲ့ သူတော်စင်နှလုံးသားအအေး ဆေးလုံးက ငါသောက်လိုက်တာပဲ မဟုတ်လား၊ ဘာလို့ မင်းဆီမှာ ပုလင်းက ရှိသေးတာလဲ"

စုရှောင်မိုသည် ပုလင်းကို အသာကောက်ယူကာဖြင့် အပေါ်တွင်တင်နေသော ဖုန်များအား အင်္ကျီဖြင့် သုတ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "စီနီယာအစ်မက ကျုပ်ကို လက်ဆောင်ပေးတဲ့ ပထမဦးဆုံး မိန်းကလေးပဲလေ၊ ဒီတော့ အမှတ်တရ အနေနဲ့ သိမ်းထားတာပေါ့"

ဤအချိန် အကြီးအကဲဝေသာ ရှိသည်ဆိုပါက ဘေးတစ်ဖက်ဆီမှ အသာလက်မထောင်ပြကာ ချီးကျူးမှာ သေချာ၏။ "ကောင်လေး... မင်းက သင်ပေးရကျိုးနပ်တယ်"

"အရူး"

ရှရွှေယွင်သည် အသာပြောလိုက်၏။ သို့ပေမဲ့ ရေခဲသို့ အေးစက်လွန်းလှသော သူမ၏ နှလုံးသားများသည် အနည်းငယ် အရေပျော်ကျသွားတော့သည်။

"ကျုပ် အပြင်ထွက်တော့မယ်"

"ပြန်လာခဲ့၊ တံခါးဝမှာပဲစောင့်တော့"

"ဒါက... အမ် ကောင်းပါပြီ"

ညသန်းခေါင်မှာတော့ စုရှောင်မိုသည် အကျင့်အတိုင်း ဘေးတစ်ဖက်ဆီသို့ လှည့်လိုက် တော့၏။ ပြီးသည့်နောက်မှာတော့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရေခဲများနှင့် ဖုံးလွှမ်းခြင်းကို ခံလိုက်ရတော့သည်။ ထိုအရာများ ပျောက်ကွယ်သွားပြီးသည့်နောက် သူသည် ချက်ချင်းပဲ ထကာဖြင့် လှိုဏ်ဂူ၏ အပြင်ဘက်ဆီသို့ ပြေးသွားမိ၏။ "ငါအစောကြီးကတည်းက အဲမှာ မအိပ်သင့်ဘူး"

All Chapters