အခန်း (၈၇၄)
Vol. 59 Ch. 874
စုရှောင်မိုသည် ထုံးစံအတိုင်း ထိုက်ရွှမ်အအေးဂိုဏ်းထဲတွင် အသွင်ယူ၍ သူလျှိုလုပ်လျက်ရှိနေတော့၏။
ကျွင်းချောင်ရှောင်းမှာတော့ ဂြိုလ်တိုက်ပွဲအတွင်း ဝင်ရောက်ရန်အတွက် တက်တက်ကြွကြွဖြင့် ပြင်ဆင်နေသည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် ငါးနှစ်အတွင်း ဂြိုလ်တိုက်ပွဲဆီသို့ ဝင်ရောက်ယှဉ်ပြိုင်ရမည်ကို သိရှိပြီးသည့် နောက်မှာတော့ မြို့တော်ဝန်မူကဲ့သို့သော သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူပင်တွင် မိမိကိုယ်ကို သေဆုံးမည်ဟု တွက်ထားလျက်ရှိနေ၏။ ထို့ကြောင့် သူ့အနေနှင့်တစ်စုံတစ်ခုကို ပြုလုပ်မှဖြစ်ပေလိမ့်မည်။ အရင်တုန်းကဆိုလျှင် သူသည် ပုဂ္ဂိုလ်ရေးရန်ငြိုး ကြောင့်သက်သက်ဖြင့် ထိုဂြိုလ်တိုက်ပွဲဆီသို့ ဝင်ရောက်ရန် စီစဉ်ခဲ့ခြင်းပင်ဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ သူသည် သူ၏ရည်မှန်းချက်ကို ပိုမိုကာ တိုးမြှင့်ခဲ့လိုက်တော့၏။
ဟုတ်ပေသည်။ ဤကဲ့သို့သော ရည်မှန်းချက်တိုးမြှင့်လိုက်သည်နှင့်တပြိုင်နက် အကျိုးခံစားမှုကလည်း လျော့ကျသွား လိမ့်မည်မဟုတ်ချေ။ ကျွင်းချောင်ရှောင်း ဤကဲ့သို့ တွေးနေသည်မှာလည်း အမှားမဟုတ်ချေ။
ကြယ်ကြွေကုန်းမြေတိုက်ကြီးအနေဖြင့် အံ့အားသင့်စရာဖြစ်ရပ်များကို တွေ့ကြုံချင်သည်ဆိုပါက ထိုင်၍ ဆုတောင်း နေရုံနှင့်မရချေ။ အနည်းဆုံးတော့ တစ်စုံတစ်ခုကို ပြုလုပ်မှဖြစ်ပေလိမ့်မည်။
ပြောနေစရာမလိုဘူး။ ကျွင်းချောင်ရှောင်းသည် အခန်းထဲရှိ မှန်ဘက်သို့ အသာလှည့်လိုက်၏။ သူ၏အလွန်ချောမောလှပသောမျက်နှာသည် ထင်ရှားစွာ ပေါ်လာ၏။ “ဂြိုလ်တိုက်ပွဲက အရမ်းကို အန္တရာယ်ကြီးတယ်လေ။ အဲ့ကိုလူတွေခေါ်သွားရင် အချိန်မရွေး သေဆုံးသွားနိုင်တယ်။ ဒီ့အတွက် အကျိုးကျေးဇူးတချို့တလေကို ပြန်လည်တောင်းခံတယ်ဆိုတာဟာ မများလွန်းဘူးမဟုတ်လား။”
ဝှစ်
သူသည် အဓိကဟောခန်းထဲက ထွက်ခွာသွားပြီးသည့်နောက်မှာတော့ အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေဆီသို့ ဝင်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ ကျင့်ကြံခြင်းအရှိန်အား ပိုမိုတိုးမြှင့်လိုက်၏။
လွန်ခဲ့သည့်နှစ်အတွင်း သူသည် အထူးတာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်သည်ဆိုသော်လည်း အချိန်ကာလမှာ မပြီးဆုံးသေးသောကြောင့် သူ၏ကျင့်ကြံခြင်းအဆင့်သည် တစ်လျက်ရှိခဲ့သည်။
သို့ပေမဲ့ သူသည် တားခြားသော နည်းစနစ်များကို နားလည်စေရန်အတွက် တတ်နိုင်သေးသည်။ ဥပမာအားဖြင့် နဂါးဆင်လက်ဝါးပင်ဖြစ်သည်။ ဤလက်ဝါးနည်းစနစ်သည် အဆိပ်ကိုးပါးနန်းတော်ကို ဖြိုချဖျက်ဆီးရာတွင် အသုံးပြု ခဲ့၏။ သို့ပေမဲ့ တိုက်ခိုက်နိုင်မှုစွမ်းအားသည် အလွန်တရာ နိမ့်ကျလွန်းနေသေးသည်။ ကျွင်းချောင်ရှောင်းအနေနှင့် ထိုအရာကို အသုံးမပြုသေးချေ။ လက်ရှိအနေနှင့် ပိုမိုအားကောင်းသည့် နားလည်မှုမျိုးကို ရရှိရန် လိုအပ်နေ၏။ ထိုမှသာလျှင် ကောင်းကင်နီဓားခုတ်ပိုင်းချက်ထက် ပိုမိုအားကောင်းသည့် တိုက်ခိုက်ချက်တစ်ခုဖြစ်လာမှာသေချာ၏။
ဝှစ် ဝှစ်
လျှို့ဝှက်နယ်မြေထဲမှာတော့ အလွန်တရာအားကောင်းလှသော လေလှိုင်းများဖြစ်တည်လာပြီးသည့်နောက်မှာတော့ နဂါး နှင့် ဆင် ဆယ်ကောင်စီ၏ ပုံရိပ်ယောင်များသည် ပေါ်ထွက်လာခဲ့ကြ၏။ ၎င်းပုံရိပ်ယောင်များသည် ရှေးကျပြီးတော့ ကြီးကျယ်ခမ်းနားလှသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
၎င်းသားရဲများသည် ရှေးသားရဲကြီးများကဲ့သို့ပင် လေဟာနယ်ထဲတွင် ခန့်ခန့်ငြားငြားနှင့် ရပ်လျက်ရှိသည်။ ကျွင်းချောင်ရှောင်းသည် လှံတစ်စင်းကဲ့သို့ ခပ်မတ်မတ်ရပ်နေ၏။ ပြီးသည့်နောက်မှာတော့သူသည် ညာဘက်လက်ကို အသာလှန်လိုက်၏။ “နဂါးဆင်လက်ဝါး”
ဝှစ် ဝှစ်
ဘုန်း ဘုန်း
ဆင်နှင့်နဂါးဆယ်ကောင်တို့သည် အထက်ဆီမှ ကျဆင်းလာခဲ့တော့၏။ လက်ရှိအချိန်တွင် ၎င်းတိုက်ခိုက်ချက်များ သည် မြေပြင်နှင့်ထိမှန်သွားသည့်အချိန်မှာတော့ ခပ်ဝေးဝေးတည်နေရာတွင် တည်ရှိနေသော လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများအားလုံးကိုပါ ထိတ်လန့်တုန်လှုပ်သွားစေ၏။
ကျွင်းချောင်ရှောင်းသည် နဂါးဆင်လက်ဝါးနည်းစနစ်ကို စတင်နားလည်စဉ်က သူသည် နဂါးဆင်တစ်ကောင်စီ၏ စွမ်းရည်ကိုသာ ထုတ်ဖော်နိုင်ခဲ့၏။ လက်ရှိအခြေအနေမှာတော့ ဆယ်ကောင်စီကို ထုတ်ဖော်နိုင်နေပြီဖြစ်သည်။
သူ၏ တိုးတက်မှုမှာ မြန်ဆန်သည်ဟုဆိုရမည်။ အချိန်အတော်ကြာ ဆက်လက်လေ့ကျင့်သွားမည်ဆိုလျှင် တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း စသည်ဖြင့် တိုးတက်သွားနိုင်၏။ သို့ပေမဲ့ နဂါးနှင့်ဆင်များ၏ ကြီးမားလှသော ခန္ဓာကိုယ်အရ ဆိုလျှင် ပုံရိပ်ယောင် အရေအတွက် ပိုမိုများပြားလေ တိုက်ခိုက်ရသည့် တည်နေရာနှင့် လောကကြီးသည် ပိုမိုကျယ်ပြောလေ ဖြစ်မှရပေလိမ့်မည်။
မဟုတ်ပါက နဂါးနှင့်ဆင်များသည် ကောင်းကင်ယံတွင် ပြည့်ကျပ်ညှပ်နေပေလိမ့်မည်။ တကယ်တမ်းမှာတော့ ဤကဲ့သို့ များများပြားပြား ထုတ်ဖော်အသုံးပြု၍ ရနိုင်စွမ်းရှိ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ လက်ရှိအဆင့်အရ ဆိုလျှင် ထိုသို့ပြုလုပ်နိုင်သည့် အရည်အချင်းမရှိသေးချေ။
ဟူး
သူသည် အော်ရာများကို ပြန်လည်သိမ်းဆည်းပြီးသည့်နောက် ပြောလိုက်သည်။ “ငါက နဂါးဆင်လက်ဝါးနည်းစနစ်ကို ဆယ်ကောင်စီပဲ နားလည်နိုင်သေးတယ်။ ဒါပေမဲ့ ကြည့်ရတာ ဒီထက်ပိုပြီးတော့ နားလည်နိုင်ဖို့ဆိုလျှင် သိုင်းနယ်မြေကျင့်ကြံသူအဆင့်ကို ချိုးဖြတ်ရောက်ရှိနိုင်ဖို့လိုအပ်တယ်။”
တစ်စုံတစ်ယောက်အနေနှင့် အားကောင်းလွန်းလှသော သိုင်းစွမ်းရည်များ ကို အဆင့်မြင့်ချင်သည်၊ နားလည်ချင်သည် ဆိုလျှင် အလွန်အားကောင်းလှသည့်ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်မှဖြစ်ပေလိမ့်မည်။
ဥပမာဆိုရမည်ဆိုလျှင် နဂါးစိမ်းလခြမ်းဓားမော့ကြီးဟာ အလွန်အားနည်းလှသော ကျောင်းတော်သား တစ်ယောက်ကို ကိုင်ဆောင်စေပါက ၎င်းအနေနှင့် မုတ်ဆိတ်ရိတ်ရန်သာ အသုံးပြုနိုင်ပေလိမ့်မည်။ တခြားသူများကို ခုတ်ရန်မပြော နှင့် ဆွဲမရန်ပင် သူ့အတွက် ခက်ခဲမှာဖြစ်၏။
အထူးတာဝန်ကို ဖွင့်၍ ကြည့်လိုက်သည့်နောက်မှာတော့ တာဝန်ပြည့်စုံရန်အတွက် ဆယ်ရက်ကျော်သာကျန်ရှိနေ သေး၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းလိုက်၏။ “ဒီတာဝန်ပြည့်စုံစေဖို့အတွက် ငါ့ရဲ့သက်တမ်းဆယ်ရက်ကို ပေးဆပ်ဆိုလည်း ပေးဆပ်လိုက်ချင်တယ်။”
“ဒါဆိုရင် ဆယ်နှစ်လောက်ဆိုရင်ရော။”
“ထားလိုက်တော့။ ငါဆယ်ရက်ကိုပဲ စောင့်လိုက်ပါတော့မယ်။”
အစတုန်းက ကျွင်းချောင်ရှောင်းသည် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေဆီသို့ သွား၍ မြန်မြန်ဆန်ဆန်နှင့် တာဝန် ကို ပြည့်စုံစေရန် စီစဉ်ခဲ့သေး၏။ သို့ပေမဲ့ ထိုထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ တာဝန်၏အရေအတွက်သည် ယခုအတိုင်းပင်ဖြစ်ပြီး လျော့ကျ သွားခဲ့ခြင်းမရှိခဲ့ပေ။ ထို့ကြောင့်သူ့အနေနှင့် ဤအရာကို အခွင့်ကောင်းယူ၍ မရတော့ချေ။
“အလျင်လိုစရာမလိုဘူး။”
ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူနှစ်သိမ့်လိုက်၏။ “မကြာခင်ဖြစ်လာမှာပဲလေ။”
…
နဂါးဆင်လက်ဝါးနည်းစနစ်ကို အသုံးပြုပြီးသည့်နောက်မှာတော့ သူသည် ဂိုဏ်းဆီသို့ ပြန်ရောက်လာခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ သိုင်းနည်းစနစ်အား ရေတွက်၍မရအောင် များပြားလှသော မိတ္တူများ ဆွဲ၍ လီချင်းယန်နှင့် တခြားသောသူများ အားလုံးကို ဖြန့်ဝေပေးလိုက်၏။
သို့ပေမဲ့ ၎င်းတို့အားလုံးသည် အဆင့်တက်ရန် အာရုံစိုက်ထားကြသည်ဆိုသောကြောင့် ကြီးကြီးမားမားနားလည်မှုကို တော့မဖြစ်ကြချေ။
လီချင်းယန်သည် သိုင်းဘုရင်ထိပ်ဆုံးအဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့ပြီဖြစ်ပြီး ၎င်းအနေနှင့် သိုင်းအုပ်စိုးသူအဆင့်သို့ ရောက်ရှိရန် အချိန်အတော်လိုအပ်နေသေး၏။ ထို့ကြောင့် ကျင့်ကြံရန်အချိန် ကျန်ရှိနေသေးသည်။
ထိုထဲတွင် အကောင်းမွန်ဆုံးသောလုပ်ဆောင်နိုင်မှုကို ပြသနိုင်သူမှာ ဟယ်ဝူတီ ပင် ဖြစ်တော့၏။ သူ၏အဆင့်သည် မြန်မြန်ဆန်ဆန်နှင့်တက်လျက်ရှိပြီး နဂါးဆင်လက်ဝါးကို ကျင့်ကြံရာတွင်လည်း ပုံရိပ်ယောင်လေးခုအထိ ထုတ်ဖော် နိုင်စွမ်းရှိနေပြီဖြစ်၏။
ရီရှင်းချန်မှာတော့ သိုင်းအုပ်စိုးသူအဆင့်သို့ ချိုးဖြတ်ရောက်ရှိရန် ခြေတစ်လှမ်းလိုအပ်နေသေး၏။ နဂါးဆင်လက်ဝါး နည်းစနစ်ကို နားလည်ပြီးသည့်နောက်မှာတော့ သူသည် နဂါးဆင်ပုံရိပ်ယောင်နှစ်ကောင်ကို ထုတ်ဖော်နိုင်ခဲ့၏။
လီချင်းယန်သည် မန္တန်ကို ရွတ်ဆိုပြီးသည့်နောက်မှာတော့ ရှေးကျလှသော အော်ရာများသည် သူ၏ ခန္ဓာကိုယ်မှ ဖြစ်တည်လာ၏။ နဂါး နှင့် ဆင်တစ်ကောင်စီ၏ ပုံရိပ်ယောင်သည် လေထုထဲတွင် ပေါ်လာသည်။ သို့ပေမဲ့ ၎င်း၏အော်ရာများသည် ကျွင်းချောင်ရှောင်း၏အော်ရာများနှင့် နှိုင်းယှဉ်လျှင်တော့ အလွန်အမင်း ကွာခြား နေသေးသည်။
ရှောင်ကျီ၊ လီဖေးနှင့် တခြားသူများသည်လည်း ဤနည်းစနစ်ကို နားလည်သွားခဲ့ကြ၏။ သို့ပေမဲ့ ၎င်းတို့၏ ပါရမီနှင့် အလုပ်ကြိုးစားမှုအပြင် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေ၏ အကူအညီကြောင့် ဤအားကောင်းလှသော ကျင့်ကြံခြင်းနည်းစနစ်ကို နားလည်ရန်ဆိုသည်မှာ ပြဿနာတစ်ခုမဟုတ်ပေ။
ကျန့်ရာ၊ နင်ညီအစ်ကိုနှင့် တခြားသောအကြီးအကဲများအားလုံးသည်လည်း နဂါးဆင်လက်ဝါးနည်းစနစ်ကို အရင်တုန်းကတည်းက ကျွမ်းကျင်နေကြပြီဖြစ်၏။ ၎င်းတို့၏တိုးတက်မှုမှာ တပည့်များထက် ပိုမို၍ မြန်ဆန်၏။
လက်ရှိအခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်း၏ အဆင့်မြင့်သိုင်းပညာရှင်များအားလုံးသည် အဓိကဂိုဏ်းများ၏ သိုင်းပညာရှင်များကဲ့သို့ လူဦးရေအရ မများပြားလှသည်ဆိုသော်လည်း တိုက်ခိုက်နိုင်စွမ်းမှာတော့ ပိုမို၍ အားကောင်း လွန်းလှ၏။
“ငါတို့ ဂြိုလ်တိုက်ပွဲဆီကို ရောက်သွားရင် တပည့်တွေက နဂါးဆင်လက်ဝါးတိုက်ခိုက်ရေးနည်းစနစ်တွေကို အကုန် တူတူစုပေါင်းပြီး တိုက်ခိုက်လိုက်ရင် ဘယ်လောက်လှလိုက်မလဲ။”
ကျွင်းချောင်ရှောင်းသည် ထိုအရာကို မျှော်လင့်နေမိ၏။
…
ဝှစ် ဝှစ်
အထူးတာဝန်ပြည့်စုံရန်အတွက် ငါးရက်တိတိလိုအပ်နေသည့်အချိန်မှာတော့ အလွန်အားကောင်းလှသော အော်ရာများ သည် အမျိုးသမီးတပည့်များ၏ အခန်းဆီမှ ထွက်ပေါ်လာ၏။
“ချင်းချင်း အဆင့်ချိုးဖြတ်သွားပြီကိုး။”
အခန်းထဲတွင် ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွား၏။ ဤမိန်းကလေးသည် အချိန်တိုင်း အေးစက်နေတတ်သည်ဆိုသော်လည်း ကြိုးကြိုးစားစားနှင့်ကျင့်ကြံလျက်ရှိနေသည်။ ထို့ကြောင့် သူမသည် ဟယ်ဝူတီ ပြီးသည့်နောက်မှာတော့ သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိနိုင်သော ဒုတိယမြောက်တပည့် ဖြစ်၍လာခဲ့သည်။ ထို့အပြင် သေချာစဉ်းစားလျှင်တော့ အံ့အားသင့်စရာမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် လုချင်းချင်းသည် ရေခဲအင်ပါယာ၏ အမွေအနှစ်ကို အမွေဆက်ခံရရှိထားသူမဟုတ်လား။
“ချီးတဲ့မှ”
ရီရှင်းချန်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “နောက်ထပ်တပည့်တစ်ယောက်က ငါ့ထက် ခြေတစ်လှမ်းဦးသွားပြန်ပြီ။”
ပြန်လည်မွေးဖွားလာသော သိုင်းအင်ပါယာတစ်ယောက်အနေနှင့် သူသည် သိုင်းပညာနှင့်ပတ်သက်သော အတွေ့ အကြုံများ အလွန်များပြား၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ဟယ်ဝူတီ နှင့်လုချင်းချင်းတို့၏ ကျော်တက်ခြင်းကို ခံလိုက်ရ၏။ ဤအရာသည် သူ့အား ရှက်ရွံ့စေမိ၏။
ဝှစ် ဝှစ်
လေအေးများတိုက်ခိုက်လာပြီးသည့်နောက်မှာတော့ ပူလောင်လှသည့် တည်နေရာကြီးတစ်ခုလုံးသည် အေးစက်သွား သလိုခံစားရ၏။
တပည့်များအားလုံးသည် အဝတ်ထူထူများကို ထပ်၍ ဝတ်လိုက်ကြ၏။ အေးစက်လှသည့် လေထုများ၏ လွှမ်းမိုးမှုအောက်မှာတော့ ၎င်းတို့အားလုံးသည် ဓာတ်ငါးပါးကောင်းကင်နည်းစနစ်၏ မီးဓာတ်သဘာဝများကို အသက်သွင်းကာဖြင့် ၎င်းတို့၏ခန္ဓာကိုယ်၏ အပူချိန်ကို ပိုမိုအားကောင်းအောင် ပြုလုပ်နေကြရသည်။
ဤအေးစက်သောလေများအားလုံးသည် တစ်နာရီလောက် ကြာမြင့်ပြီးသည့်နောက်မှာတော့ ပျောက်ကွယ်သွားခဲ့ရ တော့သည်။ အရာအားလုံးပုံမှန်ပြန်လည်ဖြစ်တည်ပြီးသည့်နောက်မှာတော့ ဂိုဏ်းထဲရှိ တပည့်များအားလုံးသည် ၎င်းတို့၏ အနွေးထည်များကို ပြန်၍ ချွတ်လိုက်ကြရ၏။
“မင်းအဆင့်ချိုးဖြတ်သွားပြီလား။”
“အဆင့်ချိုးဖြတ်သွားပါပြီ။”
လုချင်းချင်းသည် အကျင့်အတိုင်း တံခါးကိုမှီကာ လက်ပိုက်၍ ပြောလိုက်၏။ အဆင့်ချိုးဖြတ်ပြီးသည့်နောက် မှာတော့ သူမ၏အမူအရာနှင့် ကိုယ်ရောင်ကိုယ်သွေးများအားလုံးသည် ပိုမို၍ အေးစက်လာခဲ့၏။
ရှရွှေယွင်သည် နှစ်ပေါင်း(၁၀၀)လောက်အတွင်း အရည်မပျော်သွားနိုင်သော ရေခဲတုံးတစ်ခုဆိုလျှင် လုချင်းချင်း မှာတော့ နှစ်ပေါင်း(၁၀၀၀၀)လောက်အတွင်း အရည်ပျော်မသွားနိုင်သည့် ရေခဲတုံးကြီးတစ်ခုဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် စားပွဲထိပ်တွင် ထိုင်လျက်ရှိ၏။ ခနလောက်ကြာပြီးသည့်နောက် သူကပြောလိုက်၏။ “ရက်အနည်းငယ်အတွင်းမှာ ဂြိုလ်တိုက်ပွဲဆီကို သွားပြီးတော့ ယှဉ်ပြိုင်မယ်။ မင်းအနေနှင့် ပြင်ဆင်ထားတော့။”
“ကောင်းပါပြီ။”
လုချင်းချင်းက ပြောလိုက်သည်။ “ဂိုဏ်းချုပ် ဘာမှပြောစရာမရှိဘူးဆိုရင် အရင်ထွက်သွားတော့မယ်။”
“သွား သွား”
ကျွင်းချောင်ရှောင်းသည် လက်ကို ရမ်းခါလိုက်၏။ ပြီးနောက် တွေးလိုက်မိသည်။
သူမသည် အေးစက်လွန်းသည်ဆိုသော်လည်း သူမ၏ လေသံများမှာတော့ အနည်းငယ်ပို၍ နွေးထွေးလျက်ရှိသည်။ ဂိုဏ်းထဲရှိ အားလုံးသောသူများသည် လုချင်းချင်း၏ အေးစက်သည့် ကိုယ်ရည်ကိုယ်သွေး၊ အမူအကျင့်၊ ပြောဆိုဆက်ဆံပုံများအားလုံးကို အသားကျနေကြပြီးဖြစ်သည်။ ထို့ကြောင့် ထူးခြားသည့်ခံစားမှုကို မရကြချေ။
“ငါးရက်ပဲကျန်တော့တယ်။”
ကျွင်းချောင်ရှောင်းသည် ခုံကိုအသာမှီ၍ ပြောလိုက်မိသည်။ “မြန်မြန်လာစမ်း။ ငါဒီရက်ပိုင်းအတွင်း ထိုင်ရမလို ထရမလိုနဲ့ ဝမ်းချုပ်သလိုလိုတောင် ခံစားနေရတယ်။”