← Chapters

အခန်း (၈၇၅)

Vol. 59 Ch. 875

အခန်း (၈၇၅)

Vol. 59 Ch. 875

အချိန်များသည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။ လီချင်းယန်နှင့် တခြားသောသူများသည် တက်တက် ကြွကြွနှင့် လေ့ကျင့်လျက်ရှိပြီး ဂြိုဟ်တိုက်ပွဲအတွင်းသို့ ဝင်ရောက်ရန်အတွက် ပြင်ဆင်နေကြသည်။

ကျွန်ုပ်တို့၏ ကျွင်းချောင်ရှောင်းမှာတော့ ဟိုနေရာမှာနေလိုက်၊ ဒီနေရာမှာနေလိုက် ကုန်းကုန်းကွကွဖြင့် ဖြစ်လျက်ရှိနေတော့ သည်။ သူသည် အိပ်ပင် မအိပ်နိုင်တော့ချေ။

“တစ်ရက်၊ တစ်နာရီ၊ တစ်မိနစ်၊ ငါးဆယ်စက္ကန့်၊ လေးဆယ်စက္ကန့်”

ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိပြီး သူ၏မျက်လုံးများမှာတော့ စနစ်အား သေသေချာချာ ကြည့်ရှုလျက်ရှိသည်။ အထူးတာဝန် ပြည့်စုံမည့် နောက်ဆုံးမိနစ်ကို သူသည် ရေတွက်လျက်ရှိနေ၏။

“ချီးတဲ့မှ... ငါ ဒါကိုပြည့်စုံအောင် တစ်နှစ်တိတိ စောင့်ခဲ့ရတာ၊ နှစ်တစ်သောင်းလောက်ကြာတယ်လို့ ခံစားရတယ်”

တွီ တွီ

အချိန်သည် တစ်စက္ကန့်ချင်းဆီ ရွေ့လျားလျက်ရှိနေသည်။ ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ပြီးနောက် သူ၏ လက်ကို အသာမြှောက်ကာဖြင့် နက်နက်နဲနဲနှင့် ပြောလိုက်တော့သည်။ “လာခဲ့... လာခဲ့တော့”

“ဒင်.... ဂိုဏ်းအဆင့်သည် အဆင့်လေးသို့ တိုးတက်ရောက်ရှိခဲ့သည်၊ ဂိုဏ်းလက်ရွေးစင်စာရင်းတွင်လည်း ထိပ်ဆုံး ရှစ်ဆယ်စာရင်းထဲသို့ ဝင်ရောက်ပြီး လိုအပ်ချက်ကို ကိုက်ညီစေခဲ့သည်၊ အထူးတာဝန်ပြည့်စုံသည်၊ တာဝန်ပြည့်စုံသည့်နှုန်းသည် ၁၂၅ ရာခိုင်နှုန်းဖြစ်သည်၊ လက်ခံသူအနေနှင့် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းအား ရရှိသည်”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၄၄၂၀၀ / ၅၀၀၀၀”

တာဝန်ပြည့်စုံရမည့်အချိန်သည် သုညအဖြစ်သို့ ရောက်ရှိသွားသည့်အချိန်မှာတော့ လှပသော သတိပေးချက်သည် သူ၏ နားထဲသို့ ပေါ်ပေါက်လာတော့သည်။ ကျွင်းချောင်ရှောင်း၏ မျက်နှာသည် အလွန်တရာ တည်ငြိမ်လျက် ရှိနေသည်။

“စိတ်မလောနဲ့၊ စိတ်မလောနဲ့”

ဤအရာသည် အစသာရှိသေး၏။ တကယ့် အစစ်အမှန်ရလဒ်များသည် နောက်ပိုင်းတွင် ဖြစ်ပေါ်လာတော့မှာ ဖြစ်သည်။ သူ့အနေနှင့် အထူးတာဝန်နှစ်ခု၏ ပြည့်စုံမှုအတွက် ရရှိမည့် ဆုလာဘ်များကို ရေတွက်ရတော့မည့် အချိန်ကို ရောက်ရှိနေပြီဖြစ်သည်။

“ဒင်... လက်ခံသူသည် အထူးတာဝန်ခုနှစ်ကို ပြည့်စုံစေသည့်အတွက် ဂုဏ်ယူပါသည်၊ အထူးပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည် ဆယ်ပုလင်း၊ အဆင့်နှစ် ကျန်းယန်ဖိနပ် ဖော်မြူလာ - တစ်၊ အဆင့်နှစ် ကျန်းယန် ဝတ်စုံ ဖော်မြူလာ - တစ်၊ အဆင့်နှစ် ကျန်းယန် မျက်နှာဖုံး ဖော်မြူလာ - တစ်၊ အဆင့်နှစ် စတီးတောင်ပံ ဖော်မြူလာ - တစ်”

တူညီသည့် နာမည်အမျိုးအစားနှင့် ပစ္စည်းပစ္စယနာမည်များကို ကြားသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ ကြည့်ရသည်မှာ ကျန်းယန်ဓားဖော်မြူလာနှင့် သက်ဆိုင်သော အရာများပင် ဖြစ်ပေလိမ့်မည်။ စတီး အတောင်ပံဆိုသည်မှာ သူ၏ စက်အတောင်ပံများနှင့် တူညီသည့်အရာ ဖြစ်နေသည်လား။

“ဒင်... လက်ခံသူသည် အထူးတာဝန်ရှစ်ကို ပြည့်စုံအောင် ပြုလုပ်နိုင်သည့်အတွက် ဂုဏ်ယူပါသည်၊ သူတော်စင် အဆင့် အဆင့်မြင့်ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည် ငါးပုလင်း၊ အလယ်အလတ်အဆင့် ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံး ဖော်မြူလာ၊ အလယ်အလတ်အဆင့် ဝိညာဉ်ဖြစ်တည်ခြင်းဆေးလုံး ဖော်မြူလာ၊ ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီ၊ အသစ်ဖန်တီးထားသော စည်းဓားမော့အဆောင် တစ်”

“ဒင်.... လက်ခံသူသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူအဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့သည်”

“ဒင်... ဒင်...”

သိုလှောင်လက်စွပ်ထဲတွင် ပစ္စည်းများ ပေါ်ပေါက်လာခဲ့ပြီး အလိုအလျောက် သူနှင့်သက်ဆိုင်ရာ ခန်းမများနှင့် လိုက်ဖက်ညီသွားခဲ့၏။ တချို့သောပစ္စည်းများသည် ပန်းပဲခန်းမဆောင်၏ ပစ္စည်းအသစ်များအဖြစ် ပေါ်လာလျက် ရှိပြီး ဆေးလုံးအမျိုးအစားများမှာတော့ ဆေးခန်းမဆောင်တွင် ပေါ်လာတော့သည်။

“ပြည့်စုံတယ်”

သတိပေးချက်များ ပြီးဆုံးသွားပြီးနောက် ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်တွင် လက်ထောက် လျက်ရှိ၏။ သူ၏ခန္ဓာကိုယ်သည် တဆတ်ဆတ်နှင့် တုန်ခါလျက်ရှိပြီး နတ်ဆိုးတစ်ကောင်ကဲ့သို့သော ရယ်သံနှင့် ရယ်လျက်ရှိသည်။ အထူးတာဝန်ကို ပြည့်စုံစေပြီးသည့်နောက် ဆုလာဘ်များသည် အလွန်အမင်း များပြားလွန်း လှ၏။ လိုအပ်သော ပစ္စည်းပစ္စယများအပြင် သူတော်စင်အဆင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်နှင့် အလယ်အလတ်အဆင့် ဝိညာဉ်ဖြစ်တည်ခြင်း ဆေးလုံးများပင် ပါဝင်လျက်ရှိနေသည်။ အံ့အားသင့်စရာ ကောင်းလွန်းလှ၏။

“တစ်နှစ်စောင့်ခဲ့ရတာ အလကားမဟုတ်ဘူး” ကျွင်းချောင်ရှောင်းသည် အလွန်အမင်း စိတ်ကျေနပ်လျက်ရှိသည်။

သူသည် ပန်းပဲခန်းမဆောင်ကို ဖွင့်ကြည့်ပြီးသည့်နောက် ကျန်းယန် လက်နက်ပစ္စည်းများကို နှိပ်ကြည့်လိုက် တော့သည်။ ထင်မှတ်ထားသည့်အတိုင်းပင် ဤအရာမှာ ကျန်းယန်ဓားနှင့် တစ်ပါတည်း အသုံးပြုရသည့် ပစ္စည်း များပင် ဖြစ်တော့သည်။ ဖိနပ်၊ ဝတ်ရုံနှင့် မျက်နှာဖုံးကို ဝတ်ဆင်ထားမည်ဆိုပါက အသုံးပြုသူ၏ အမြန်နှုန်း၊ ခုခံမှု နှင့် အားအင်များသည် နှစ်ဆယ်ရာခိုင်နှုန်း တိုးပွားပေလိမ့်မည်။

“နှစ်ဆယ်ရာခိုင်နှုန်းပဲလား” ကျွင်းချောင်ရှောင်းသည် အလိုမကျသလို ဖြစ်သွားမိ၏။ သူ့၏ အထင်အရဆိုလျှင် အနည်းဆုံး တစ်ရာရာခိုင်နှုန်း တိုးတက်မှ ပိုမို၍ ကောင်းမွန်မည်ဟု ခံစားမိ၏။

စနစ်က ဆွံ့အသွားမိသည်။ “ဒီအရာကို ဝတ်ဆင်နိုင်တဲ့လူက အနည်းဆုံး သိုင်းဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ရမယ်လေ၊ ဒီတော့ နှစ်ဆယ်ရာခိုင်နှုန်း တိုးတက်တယ်ဆိုတာ အံ့အားသင့်စရာ မဟုတ်ဘူးလား”

အဆင့်မြင့်ကျင့်ကြံသူများ ဖြစ်လာသည်နှင့်အမျှ ထုတ်ဖော်နိုင်သော အားအင်၏ တိုးတက်မှုသည် ရာခိုင်နှုန်း အနည်းငယ်လေးဆိုလျှင်တောင်မှ အလွန်သိသာလှသောအရာ ဖြစ်ပေလိမ့်မည်။

“ဂြိုဟ်တိုက်ပွဲမှာရှိတဲ့ တခြားသူတွေရဲ့ အားအင်အဆင့်က ကြယ်ကြွေကုန်းမြေတိုက်ကြီးက လူတွေထက် ပိုပြီး အားကောင်းတယ်လေ၊ တကယ်လို့ ကျန်းယန်ဝတ်စုံနှင့် လက်နက်ပစ္စည်းတွေကို ဝတ်ဆင်သွားမယ်ဆိုရင် ကျိန်းသေပေါက် အားမနည်းလောက်ဘူး” ကျွင်းချောင်ရှောင်း တွေးလိုက်မိသည်။

စနစ်က ပြောလိုက်၏။ “လက်ခံသူရဲ့ အဓိက တပည့်တွေက ခန္ဓာကိုယ်ကျင့်ကြံခြင်းနှင့် စိတ်ဝိညာဉ်ကြံခိုင်းခြင်း အားလုံးကို ပြုလုပ်လာခဲ့ကြတာ၊ ပြီးတော့ သူတို့ရဲ့ စိတ်ဝိညာဉ်အမြစ်တွေကလည်း အဆင့်မြှင့်တင်ထားပြီးသား၊ အဆုံးစွန်ထိတောင် ရောက်နေကြပြီ၊ နှစ်ဆယ်ရာခိုင်နှုန်း တိုးသွားတယ်ဆိုတာက တကယ့်ကို အထူးအဆင့်ကို ရောက်ရှိ သွားတာနဲ့ မတူဘူးလား”

ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ဒီပစ္စည်းတွေအားလုံးက ကျန်းယန်ဓား ပြုလုပ်ရမယ့် ပစ္စည်းတွေနဲ့ တူတူပဲလေ၊ အရေအတွက်က ကိစ္စတစ်ခုဖြစ်လာနိုင်တယ်၊ ဒါပေမဲ့ တိုက်ဆိုင်စွာနဲ့ သိုလှောင်လက်စွပ်ထဲမှာ ဒီပစ္စည်းတွေနဲ့ဆိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေ အကုန်ရှိနေတာပဲ၊ အရင်ဆုံး ဒါတွေကို သန့်စင်လိုက်မယ်”

သူသည် ပြုလုပ်နိုင်သည့်အရေအတွက်ကို နှိပ်ပြီးသည့်နောက် တစ်ခါတည်း သန့်စင်တော့သည်။ ပြီးသည့်နောက် မှာတော့ ကျွင်းချောင်ရှောင်းသည် စတီးအတောင်ပံဆိုသည့်အရာအား နှိပ်ကြည့်လိုက်တော့၏။

မိတ်ဆက်အရ ပြောရမည်ဆိုလျှင် ဤအရာသည် ပျံသန်းမှု အမြန်နှုန်းကို ပို၍ တိုးတက်စေမည့်အရာပင် ဖြစ်တော့သည်။ အသုံးတည့်သော ပစ္စည်းတစ်ခုဖြစ်သော်လည်း အသုံးဝင်မှုမှာ သိုင်းအုပ်စိုးသူအဆင့်သို့ ရောက်ရှိပြီးမှသာလျှင် ထိုအရာကို အသုံးပြုနိုင်စွမ်းရှိသည်။ ပြောရမည်ဆိုလျှင် ပျံသန်းရာတွင် အထောက်အကူပြုနိုင်သော အထောက် အကူပြုပစ္စည်း တစ်ခုပင် ဖြစ်လေသည်။

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ငါဝယ်ခဲ့တဲ့ စက်အတောင်ပံနဲ့ တော်တော် ကွာသေး တာပဲ”

ဤအရာမှာ ဆုလာဘ်တစ်ခုဖြစ်သည်။ စက်အတောင်ပံဆိုသည်မှာ ဂိုဏ်းစုဆောင်းမှတ်များနှင့် ဝယ်ယူရရှိခဲ့သော အရာဖြစ်၏။ ထို့ကြောင့် ကျိန်းသေပေါက် ခြားနားမှာဖြစ်၏။ ဆုလာဘ်များသည် စတိုးဆီမှ ဝယ်ယူရသည့် ပစ္စည်း များထက် ပိုမို၍ ကောင်းမွန်နေမည်ဆိုပါက မည်သူက စတိုးထဲဝင်၍ ဂိုဏ်းစုဆောင်းမှတ်များကို သုံးဖြုန်းတော့ မည်နည်း။

ပြောရမည်ဆိုလျှင် ပိုမိုအားကောင်းချင်သည်ဆိုပါက စတိုးထဲတွင် ဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြုရမှာ ဖြစ်သည်။ စနစ်၏ ဆောင်ပုဒ်သည် ပိုက်ဆံမရှိပါက လူရာမဝင်ဆိုသည့် ဆောင်ပုဒ်ပင် ဖြစ်တော့မည်။ စတီး အတောင်ပံသည် ကျောက်ရိုင်းအမျိုးအစားခြောက်မျိုးနှင့် ဖန်တီးပြုလုပ်ထား၏။ ကျွင်းချောင်ရှောင်းတွင် ထိုအရာ များ အားလုံး တည်ရှိနေသည်။ ထို့ကြောင့်ပင် အခုနှစ်ဆယ်အား သွန်းလုပ်တော့သည်။

အဝယ်တော်ဟောခန်းကို ဖန်တီးခဲ့ရသည့်အကျိုးဆက်သည် ဤနေရာတွင် အသုံးဝင်လာခဲ့ပြီဖြစ်သည်။ သူသည် ပစ္စည်းသစ်တစ်ခု၏ ဖော်မြူလာကို ရရှိသည်ဆိုသည်နှင့် တစ်ခါတည်းတန်းကာ ဖော်စပ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ ဤအရာမှာ အဝယ်တော်ဟောခန်း၏ စွမ်းဆောင်ရည်ပင်ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် အလတ်အလတ်အဆင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးနှင့် ဝိညာဉ်ဖြစ်တည်ခြင်း ဆေးလုံးတို့ကို နှိပ်ကြည့်လိုက်သည်။ ၎င်းတို့၏ အကျိုးသက်ရောက်မှုမှာ အရင်ကထက်ပို၍ သိသိသာသာ ကွာခြားလွန်း၏။ သူ့တွင် ပစ္စည်းများရှိလို့နေသည်။ သို့ပေမဲ့ များများစားစားတော့ မထုတ်လုပ်နိုင်ချေ။

ကျွင်းချောင်ရှောင်း သည် ရှိသမျှကို အရင်ဆုံး သန့်စင်လိုက်၏။ ပြီးသည့်နောက်မှာ ပြောလိုက်တော့သည်။ “ငါ့ဆီမှာ ပစ္စည်းတွေ အများကြီးရှိရင် ဒါကို များများစားစား ထုတ်လုပ်ရမယ်၊ ဂိုဏ်းအတွက် မရှိမဖြစ် ဆေးလုံးတွေပဲ”

ဂိုဏ်း၏ မရှိမဖြစ်ဆေးလုံးဆိုသည်မှာ ဂိုဏ်းရှိ မည်သူမဆို အသုံးပြုနိုင်စွမ်းရှိသည့် ဆေးလုံးဟု ဆိုရမည်။ အတွင်းစည်း၊ အပြင်စည်း မည်သည့်တပည့်မဆို ဤဆေးလုံးကို ရယူသုံးစွဲနိုင်စွမ်း ရှိကြမည်ဖြစ်၏။

“ဒီအထူးအဆင့် နဲ့ သူတော်စင်အဆင့်ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းတွေက အတွင်းစည်းတပည့်တွေဖို့ ချန်ထားရမယ်”

ကျွင်းချောင်ရှောင်းသည် သူ၏စိတ်ဝိညာဉ်အာရုံများကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းပြီးသည့်နောက် မှာတော့ ဝိညာဉ်ဖိနှိပ်ခြင်းစေတီဆိုသည့်အရာအား ကြည့်ရှုလိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ တွေးလိုက် မိသည်။ “ကောင်းကင်မူလ ဝိညာဉ် ဖိနှိပ်ခြင်းစေတီ ဟုတ်လား”

စနစ်က ရှင်းပြလိုက်သည်။ “ဒါက ရတနာတစ်ခုပဲ”

“ငါသိတယ်” ကျွင်းချောင်ရှောင်းသည် ကျင့်ကြံခြင်းလောက၏ လူသစ်လေးတစ်ယောက် မဟုတ်တော့ချေ။ နာမည်နှင့် အသွင်အပြင်ကို မြင်လိုက်သည်ဆိုသည်နှင့် ဤအရာမှာ ရတနာတစ်ခုဖြစ်မှန်း သိရှိနေသည်။ သို့ပေမဲ့ ဤအရာသည် မည်သည့်အဆင့်ဖြစ်ပြီး မည်သို့ သုံးရမည်ဆိုသည်ကိုတော့ ကောင်းကောင်းမသိချေ။

စနစ်က ပြောလိုက်သည်။ “စေတီကို အသုံးပြုတယ်ဆိုတဲ့နေရာမှာ သုံးမျိုးသုံးစားပဲရှိတယ်၊ တစ်ခုက ဒီဟာကြီးကို ကြီးအောင်လုပ်ပြီး အထဲကို ပစ္စည်းတစ်ခုခု ထည့်ဖို့၊ လေ့ကျင့်ရေး မျှော်စင်တွေလိုမျိုးပေါ့၊ ဒုတိယတစ်ခုကတော့ လူတွေကို ရိုက်နှက်တဲ့နေရာမှာ သုံးတာ၊ တတိယတစ်ခုကတော့ ကာကွယ်တဲ့နေရာမှာ သုံးတာပဲ”

“ဒါဆိုရင် ဒုတိယပုံစံမျိုးဖြစ်ဖို့ မျှော်လင့်မိတယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သူသည် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ၏ လက်ဝါးရိုက်ချက်ကို အကြိမ်ပေါင်းများစွာ ခံယူခဲ့ရ၏။ ထို့ကြောင့် သူ့အနေနှင့် လက်စားချေချင်သည်ဆိုလျှင် ကျိန်းသေပေါက် ထိုကဲ့သို့ ပြန်လည်ရိုက်နှက်ချင်မိ၏။

ဝှစ်

လက်ကိုယမ်းခါပြီးသည့်နောက် ကောင်းကင်မူလဖိနှိပ်ခြင်းစေတီကို ထုတ်ယူလိုက်တော့သည်။

ဟူး ဟူး

ရုတ်တရက် စေတီဆီမှ ခပ်ဖျော့ဖျော့ အလင်းတန်းများ ထွက်ပေါ်လာပြီး ကျွင်းချောင်ရှောင်းအား ရစ်ပတ်လျက် ရှိသည်။

စနစ်က ပြောလိုက်သည်။ “ဒါက လက်ခံသူအနေနဲ့ ပဋိညာဉ်ရေးထိုးဖို့လေ”

“ဒီလိုလား”

ကျွင်းချောင်ရှောင်းသည် သူ၏ ဝိညာဉ်သိစိတ်ကို အသာထုတ်လွှတ်ပြီးသည့်နောက် ခပ်ဖျောဖျော့ အလင်းတန်းများနှင့် ထိတွေ့လိုက်၏။ ချက်ချင်းပဲ လျှပ်စစ်ဓာတ်များ စီးဝင်သွားသလို ခံစားချက်များ ဖြစ်ပေါ်လာ ပြီး ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီနှင့် သူ၏ကြားတွင် ဆက်စပ်မှု တစ်ခုကို ရှာဖွေ တွေ့ရှိလိုက်ရသည်။ “ဒါက ရိုးရှင်းပြီး အဆင်ပြေတာပဲ”

All Chapters