← Chapters

အခန်း (၈၇၆)

Vol. 59 Ch. 876

အခန်း (၈၇၆)

Vol. 59 Ch. 876

သူ့အနေနှင့် မူလစွမ်းအင်များ ထုတ်လွှတ်ပြီးသည့်နောက် ကောင်းကင်မူလ ဝိညာဉ် ဖိနှိပ်ခြင်းစေတီနှင့် ချိတ်ဆက်မိသွားခဲ့ပြီဖြစ်၏။ သူ့အနေနှင့် ထိန်းချုပ်နိုင်သွားခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ ထိုအရာ၏ အသုံးပြုမှုကိုတော့ သေသေချာချာ မသိရှိချေ။ မည်ကဲ့သို့အသုံးပြုရမည်နည်း။ ကျွင်းချောင်ရှောင်းသည် သပ်ရပ်ပြီး လှပလှသော စေတီလေးကို လက်ဝါးပေါ်တင်ကာ ဆော့ကစားလျက်ရှိနေ၏။ သူသည် ခဏလောက် သေသေချာချာ လေ့လာပြီးသည့်နောက် မှာတော့ မည်သည့်အရာကိုမှ မသိရှိသေးချေ။ ထို့ကြောင့် လက်ကို ယမ်းခါလိုက်၏။ “သွားစမ်း... ကောင်းကင်မူလဝိညာဉ် ဖိနှိပ်ခြင်း စေတီ”

ဘုတ်

စေတီသည် မြေပေါ်သို့ ပြုတ်ကျသွားပြီးသည့်နောက် မည်သည့်လှုပ်ရှားမှုမှ မရှိတော့ချေ။

ကျွင်းချောင်ရှောင်း “...”

စနစ် “....”

“သခင်က တကယ့်ကို ညံ့တာပဲ”

ထိုအချိန်မှာပဲ ချိုမြလှသည့်အသံနှင့်အတူ အလင်းတန်းလေးတစ်ခုသည် ကောင်းကင်မူလ ဝိညာဉ် ဖိနှိပ်ခြင်း စေတီဆီမှ ပေါ်ထွက်လာခဲ့သည်။ ပြီးသည့်နောက်မှာတော့ အလင်းတန်းများသည် တဖြတ်ဖြတ်နှင့် လင်းထိန်သွားပြီးသည့်နောက်မှာတော့ အသက်ငါးနှစ်၊ ခြောက်နှစ်အရွယ်ခန့်ရှိသော မိန်းကလေး တစ်ယောက်၏ ပုံရိပ်ယောင် ပေါ်လာခဲ့တော့သည်။

ဤမိန်းကလေးသည် အရပ်ရှည်လျားလှသည် မဟုတ်သော် လည်း ဆံနွယ်များမှာ ရေတံခွန်ကဲ့သို့ ပျော့ပျောင်းကာ ကျဆင်းလျက်ရှိနေ၏။ သူမ၏ မျက်လုံးများသည် ကြီးမားကာ ဝိုင်းစက်လွန်းပြီး အလွန်ပင် ချစ်ဖို့ကောင်းလှ၏။

“မင်းက လက်နက်စိတ်ဝိညာဉ်လား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

“ဟုတ်ပါတယ်”

မိန်းကလေးက ပြုံးလိုက်သည်။ “ကျွန်မက လက်နက်စိတ်ဝိညာဉ်ပါပဲ၊ သခင် ကျွန်မကို ရင်ရင်လို့ ခေါ်သို့ရတယ်လေ”

“..........”

ကျွင်းချောင်ရှောင်းသည် အရင်ဘဝကတည်းက ရင်ရင်ဆိုသည့် နာမည်အား အလွန်မုန်းတီးခဲ့သူဖြစ်သည်။ ယခု သူ၏ လက်နက်ပဋိညာဉ်စိတ်ဝိညာဉ်၏ နာမည်သည် ရင်ရင်ဆိုသည့် နာမည်ုဖြစ်နေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ သူဘာလုပ်ရမည်နည်း။ လက်သီးနှင့် ထထိုးရမည်လား။

“ရင်ရင်ဆိုတာ နာမည်ကောင်းမဟုတ်ဘူး၊ အခုကစပြီး ငါမင်းကို …”

ကျွင်းချောင်ရှောင်း ခဏလောက်စဉ်းစားလိုက် သည်။ ပြီးသည့်နောက်မှာတော့ လက်ညှိုးကိုထောင်ကာ ပြောလိုက်မိသည်။ “အားရာလို့ ခေါ်မယ်”

စနစ်က စိတ်ဓာတ်ကျဆင်းသွားသည်။ “လက်ခံသူ ကုန်းရှန့်ရဲ့ နာမည်ပေးတဲ့ သန္ဓေပါရမီကတော့ တော်တော် ဆိုးရွားတာပဲ”

“ကောင်းပါပြီ သခင်” လက်နက်စိတ်ဝိညာဉ်က ပြုံးလိုက်သည်။

“..........” စနစ်။

ဤကဲ့သို့ ဆိုးရွားလှသော နာမည်ကိုပင် လိုလိုချင်ချင်ရယူနေသည်။ လက်ခံသူ၏ ဦးနှောက်ကပင် ဆိုးရွားနေသည် မဟုတ် ပဋိညာဉ်လက်နက်စိတ်ဝိညာဉ်၏ ဦးနှောက်ကလည်း ထိုကဲ့သို့ပဲ ဖြစ်နေမည်လား မသိချေ။

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဒါဆိုရင် ဒီစေတီကို ဘယ်လိုသုံးရမှာလဲ”

“သခင်”

အားရာက ချိုမြစွာပြောလိုက်သည်။ “ဒီစေတီက လုပ်ဆောင်မှု နှစ်မျိုးရှိတယ်၊ ဘယ်အရာကို အရင်ကြား ချင်လဲ”

“နှစ်ခုလုံးပေါ့” ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်သည်။

အာရာသည် အသာထိုင်ချပြီးနောက် ပြောလိုက်တော့သည်။ “ဒီစေတီရဲ့ ပထမဦးဆုံး လုပ်ဆောင်ချက်ကတော့ အထဲကို စိတ်ဝိညာဉ်တွေ စုပ်ယူပြီး ကိုယ်ပိုင်စွမ်းအင်မျိုးဖြစ်အောင် ဖြည်းဖြည်းချင်း သန့်စင်ရတာပဲ”

“ဪ”

ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ “ပိုပြီးတိတိကျကျ ပြောပြပါလား”

အားရာက ပြောလိုက်သည်။ “အရင်ဆုံး ဒီကိစ္စကို ခဏထားလိုက်အုံး၊ ဥပမာအနေနဲ့ ပြောပြမယ်၊ တခြားလူတွေရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို သာမန်အခြေအနေမှာဆိုရင် စုပ်ယူလို့ မရနိုင်ဘူး မဟုတ်လား၊ ဒါပေမဲ့ စေတီက စုပ်ယူနိုင်စွမ်းရှိတဲ့အရာ ဖြစ်နေမယ်ဆိုရင် ဖိနှိပ်ပြီးတော့ သန့်စင်နိုင်တယ်၊ ဒါဆိုရင် သခင်က တိုက်ရိုက်ပဲ ပြန်ပြီး အသုံးပြုလို့ရတယ်လေ”

“အဲလောက် အားကောင်းတာလား” ကျွင်းချောင်ရှောင်း မျက်လုံးပြူးသွားမိသည်။ တခြားသူများ၏ ဝိညာဉ်စွမ်းအင် ဓာတ်သဘာဝများကို ဖိနှိပ်၍ သန့်စင်ပြီး မိမိ၏ ကိုယ်ပိုင်အဖြစ် အသုံးပြုခြင်း - ဤအရာသည် ဝိညာဉ်မျိုးနွယ် များ၏ ဝါးမြိုခြင်းစွမ်းရည်နှင့် တူညီနေသည်မဟုတ်လား။

“ဟုတ်တယ်”

အားရာက ပြောလိုက်သည်။ “ဒီစေတီက တိုက်ရိုက်ကြီးတော့ စုပ်ယူလို့ မရဘူးလေ၊ ပြီးတော့ သူ့ဆီမှာ ဒုတိယလုပ်ဆောင်ချက်တစ်ခု ရှိသေးတယ်”

“ဆက်ပြော” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

အားရာသည် ခဏရပ်တန့်ကာ ပြောလိုက်၏။ “ဒုတိယလုပ်ဆောင်ချက်ကတော့ နောက်ဆုံးပုံစံကို အသွင်ပြောင်း တာပဲ၊ လူတွေကို ရိုက်နှက်နိုင်တယ်၊ ခုခံနိုင်တယ်၊ အကာအကွယ်အဆင့်ကို ရောက်သွားပြီဆိုရင် တစ်ဖက်လူက ထုတ်လွှတ်လိုက်တဲ့ စွမ်းအင်တွေကို သည်းခံနိုင်တဲ့ အတိုင်းအတာအတွင်းကို စုပ်ယူပြီး ဖိနှိပ်ထားနိုင်စွမ်းရှိတယ်”

“ဒါဆိုရင် ဒီစေတီက ခုခံတာကော၊ တိုက်ခိုက်တာကော နှစ်ခုလုံးကို သုံးလို့ရတာပေါ့”

“ဒါအမှန်ပါပဲ”

ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားမိ၏။ ပြီးနောက် မေးလိုက်မိသည်။ “ဒါဆိုရင် နောက်ဆုံးပုံစံကို ဘယ်လိုမျိုး အသွင်ပြောင်းလဲရမှာလဲ”

“ဒါက မန္တာန်လေးတစ်ခုကို ရွတ်ပြီး အသက်သွင်းလိုက်ရုံပဲလေ” အားရာက ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဘယ်လိုမျိုး မန္တာန်ကို ရွတ်ရမှာလဲ”

အားရာက မတ်ရပ်ထရပ်လိုက်၏။ သူမသည် ခြေနှစ်ဖက်အား အသာလေး လိမ်လိုက်သည်။ ပြီးသည့်နောက် ဖင်လေးကို အသာကော့ ရင်ဘတ်ကို ရှေ့ပို့ကာ လက်နှစ်ဖက်ဖြင့် အသဲပုံ ပုံစံ သင်္ကေတလေးကို ပြုလုပ်လိုက်၏။ ပြီးနောက် ထိုလက်သင်္ကေတအား ရင်ဘတ်နား တိုးကာ အရှေ့သို့ တွန်းပို့လိုက်သည်။ အားလုံးပြီးသည့်နောက် နှုတ်ခမ်းကို စူကာဖြင့် ပြောလိုက်၏ “သွား... အချစ်လေး”

ကျွင်းချောင်ရှောင်း၏ အမူအရာသည် အေးခဲသွား၏။ ခဏလောက် ကြာပြီးသည့်နောက် သူသည် စိတ်ဓာတ်တကျ ဖြင့် ပြောလိုက်သည်။ “ချီးတဲ့မှ... ဒီလောက်ဆိုးရွားတဲ့ မန္တာန်ဆိုတာ ရှိသေးတယ်လား”

အားရာသည် ပြုံးနေ၏။ ကျွင်းချောင်ရှောင်းသည် အသာခြေချိတ် ထိုင်ချပြီးနောက် သူ၏ မေးစေ့ကို အသာပွတ် သပ်ကာ တွေးလိုက်မိသည်။ “ဒါက ပြောဖို့ နည်းနည်းခက်တယ်”

စနစ် “…..”

ဤအရာငည် ပြောဖို့ နည်းနည်းခက်ခြင်းမဟုတ်ပေ။ ယောက်ျားတစ်ယောက်အနေဖြင့် ပြောကို မပြောသင့်၊ လုပ်ကို မပြုလုပ်သင့်သော အရာပင် ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် လူအများ၏ ရှေ့တွင် ဖင်ကော့ရင်ကာ့ဖြင့် လက်ကို အသဲပုံ ပုံစံပြုလုပ်ကာ သွား အချစ်လေး ဟု ပြောဆိုသည့် ပုံပန်းသွင်ပြင်ကို မြင်ယောင်လိုက်သည်နှင့်တပြိုင်နက် စနစ်သည် ထ၍ ရိုက်ချင်စိတ်ပင် ပေါက်မိနေသည်။

“မန္တာန်က ဒီတစ်ခုပဲ ရှိတာလား”

“အင်း... ဒီတစ်ခုပဲ ရှိတာလေ”

“သခင်.... ကျွန်မ ပြန်တော့မယ်။ အသက်သွင်းချင်ရင် မန္တာန်ရွတ်လိုက်နော်” အားရာသည် ပြောပြီးပြီးချင်းမှာပဲ စေတီ ထဲသို့ ပြန်သွားတော့သည်။

ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် တွေးလိုက်မိသည်။ “ငါဘာလို့ စမ်းမကြည့်ရမှာလဲ”

“ဒင် …”

စနစ်သည် ခဏတာ ပျောက်ကွယ်သွားခဲ့၏။ စနစ်တောင်မှ ယောက်ျားတစ်ယောက်အနေနှင့် ဤကဲ့သို့ ရှက်စရာကောင်းသည့် အပြုအမူမျိုး ပြုလုပ်သည်ကို သည်းခံကာ မကြည့်နိုင်ပေ။ စနစ်သည် ပြတ်သားလွန်းလှသူ ဖြစ်သည်။

အဟမ်း အဟမ်း

ကျွင်းချောင်ရှောင်းသည် လည်ချောင်းရှင်းလိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏လက်ကို ယမ်းခါလိုက်သည်။ ပြီးနောက် တခြားသူများ ကြည့်ရှုနေမည်စိုးသောကြောင့် ဟိုဒီ သေချာကြည့်ရှုပြီး မည်သူ့ကိုမှ မတွေ့ရသည့်နောက် မန္တာန်၏ ဟန်အမူအရာကို ပြုလုပ်လိုက်တော့သည်။ “သွား... ငါ့အချစ်လေး”

အသံထွက်ပေါ်လာ၏။ ပြီးသည့်နောက်မှာတော့ သူသည် ချက်ချင်း ကပြာကယာဖြင့် လက်နှစ်ဖက်ကို နောက်ပစ်ဂြုဏ်သိက္ခာကြီးမား ထည်ဝါလွန်းသော ဟန်ပန်အမူအရာမျိုးကို အသွင်ပြောင်းလဲလိုက်တော့၏။

သူ၏ ရှေ့မှာတော့ ပေတစ်ရာနီးပါးခန့် ကြီးမားလှသော စေတီကြီးတစ်ခု ပေါ်ပေါက်လာသည်။ ထိုစေတီကြီး၏ ထိပ်မှာတော့ ခပ်ဖျော့ဖျော့အလင်းတန်းများ ရစ်သိုင်းလျက်ရှိနေပြီး အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းသည့် ကြမ်းတမ်းလွန်းသည့် အော်ရာများထွက်ပေါ်နေသည်။ ဤအရာသည် ဝိညာဉ်ဖိနှိပ်ခြင်းစေတီ၏ နောက်ဆုံးပုံစံပင် ဖြစ်တော့ သည်။

“အရမ်းအားကောင်းတာပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူကို တွေ့ပြီဆိုရင် လူမှန်းမသိအောင် ငါကျိန်းသေပေါက် ပြန်ရိုက်ရမယ်”

“ဒင်”

စနစ်သည် ပြန်လည် အသက်ဝင်ခဲ့သည်။ “မင်း စမ်းကြည့်ပြီးသွားပြီလား”

“အင်း စမ်းကြည့်ပြီးသွားပြီ”

“..........”

စနစ်သည် စိတ်ပျက်သွားမိ၏။ “လက်ခံသူအနေနဲ့ ဒီလောက် အရှက်မဲ့တဲ့ လုပ်ရပ်မျိုးကို ဘယ်လိုလုပ်တာလဲ စဉ်းစားလို့တောင်မရဘူး”

စောနက အားရာပြုလုပ်ပြသည့် အပြုအမူမျိုးကို ယောကျာ်းတစ်ယောက် ပြုလုပ်လိုက်သည်ဟု စဉ်းစား ကြည့်လိုက်သည် ဆိုသည်နှင့် တစ်ကိုယ်လုံး ကြက်သီးများပင် ထလာမိ၏။

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါပြီးသည့် နောက် ဝိညာဉ်ဖိနှိပ်ခြင်းစေတီအား အိတ်ကပ်တစ်ခုအရွယ်သို့ ပြန်လည် ပြောင်းလဲလိုက်တော့သည်။ ထိုအရာသည် သူ၏ လက်ပေါ်သို့ ရောက်ရှိလာ၏။

“ဖုန်စုပ်စက်ထဲမှာ ခန်းမသခင်ရှစ်ဆီက စုပ်ယူထားတဲ့ ဓာတ်သဘာဝ စွမ်းအင်တွေ ရှိတယ်လေ၊ ဒီအရာတွေကို စေတီက သန့်စင်နိုင်မလားဆိုတာ ကြည့်ရမယ်၊ စမ်းကြည့်ရအောင်”

သူသည် ဖုန်စုပ်စက်ကို ထုတ်ယူလိုက်၏။ ချက်ချင်းပဲ ဝိညာဉ်ဖိနှိပ်ခြင်းစေတီကို အတွေးတစ်ချက်နှင့် အသက်သွင်း လိုက်တော့သည်။ ဤစေတီသည် အထပ်တစ်ထပ်တည်းသာရှိသည်။ အထဲတွင် သိုလှောင်လက်စွပ်ကဲ့သို့ ပုံရိပ်ယောင် မြင်ကွင်းကြီး တည်ရှိနေသည်။

“သခင်” အားရာက ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းက ခိုင်းစေလိုက်၏။ “စွမ်းအင်တွေကို ထုတ်လွှတ်လိုက်မယ်”

“အင်း” အားရာက ခေါင်းညိတ်လိုက်သည်။

ကျွင်းချောင်ရှောင်းသည် ဖုန်စုပ်စက်ကို အသာချပြီးသည့်နောက်မှာတော့ ပြောင်းဝအား အသာချကာ ဖွင့်လိုက် တော့သည်။

ဝှစ် ဝှစ်

ထူးဆန်းပြီး အားကောင်းလှသော ဓာတ်သဘာဝများသည် တိမ်ကဲ့သို့ပင် ဖြစ်တည်လာပြီး တည်နေရာထဲမှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားလျက်ရှိသည်။ သို့ပေမဲ့ အနောက်ဘက်သို့ ပြန်ကန်လာခဲ့သည်။

ဖြောင်း

ရုတ်တရက် ကြာပွတ်သံတစ်ခု ထွက်ပေါ်လာသည်။ အားရာသည် သေးသွယ်ပြီး နီရဲနေသည့် ကြာပွတ်တစ်ခုကို သူမ၏လက်တွင် ကိုင်ဆောင်ထား၏။ ပြီးသည့်နောက်မှာတော့ ခြောက်ချားဖွယ်ရာ လေသံဖြင့် ပြောလိုက်တော့ သည်။ “ဒီကို ရောက်ရှိပြီဆိုတာနဲ့ ငါ့ရဲ့ အကျဉ်းသားဖြစ်ပြီပဲ၊ ထွက်ပြေးဖို့ ကြိုးစားရဲတယ်ဆိုရင် အပြစ်ပေးခံရမယ်”

ဖြောင်း ဖြောင်း ဖြောင်း

သူမသည် ထူးဆန်းသည့် ဓာတ်သဘာဝများအား ကြာပွတ်နှင့် သုံးကြိမ်တိတိ ရိုက်နှက်လိုက်၏။

ထူးဆန်းလှစွာပဲ ကြာပွတ်သည့် ရိုက်နှက်လိုက်သည့်အချိန်တိုင်းတွင် တစ်စုံတစ်ယောက်ကို ထိမှန်သွားသည့် အသံမျိုး ထွက်ပေါ်လာခဲ့သည်။ ဤအရာသည် အစစ်အမှန် လူတစ်ယောက်ကို ရိုက်နှက်နေသကဲ့သို့ပင်။

ကျွင်းချောင်ရှောင်း ပို၍ အံ့အားသင့်နေသည်မှာ မူလအားဖြင့် ပြန့်ကျဲလျက်ရှိသော ထူးဆန်းသည့် ဓာတ်သဘာဝ များအားလုံးသည် လူသားတစ်ယောက် အသွင်သဏ္ဍာန်မျိုး ဖြစ်တည်လာခဲ့တော့သည်။၎င်းသည် မျက်လုံးများ၊ နှာခေါင်း၊ မျက်နှာသွင်ပြင်များ မရှိသော်လည်း ထောင့်တစ်ခုတွင် ကွေးကွေးလေး သွား၍ တုန်ယင်လျက်ရှိသည်။ မြင်ရသည်မှာ အရိုက်ခံရမည်ကို စိုးရွံ့နေပုံပေါ်သည်။

“သခင်”

အားရာသည် ဂုဏ်ယူစွာ ပြုံးလိုက်၏။ “ဒါက ဝိညာဉ်ဖိနှိပ်ခြင်း ကြာပွတ်လို့ ခေါ်တယ်လေ၊ ဘယ်လို စွမ်းအင်မျိုးမဆို ဒါနဲ့ ရိုက်နှက်လိုက်ရင် လူသားပုံစံမျိုး ဖြစ်တည်လာမှာ၊ သူတို့အနေနဲ့ ဒီကြာပွတ်ကြောင့် အညံ့ခံတဲ့ အခြေအနေကို ရောက်ရှိသွားလိမ့်မယ်၊ ပြီးတော့ ကျိန်းသေပေါက် တောက်လျှောက် ရိုက်နှက်နေမယ် ဆိုရင် ထိခိုက်နိုင်တဲ့စွမ်းအင်တွေအားလုံး ဖျက်ဆီးခံလိုက်ရပြီး လုံလုံခြုံခြုံနဲ့ ပြန်ပြီး အသုံးပြုလို့ ရလိမ့်မယ်၊ ဒါဆိုရင် ဆက်ပြီး ရိုက်ရမှာလား”

“ရိုက်ရမှာပေါ့”

သူ့အနေနှင့် သန့်စင်သော စွမ်းအင်များ မည်သို့ဖြစ်လာသည်ကို နားလည်သွားခဲ့သည်။ အမှန်တကယ်မှာတော့ ဝိညာဉ်ဖိနှိပ်ခြင်းစေတီတွင် ရှိသော လက်နက်စိတ်ဝိညာဉ်သည် ကြာပွတ်နှင့် အစစ်အမှန် ရိုက်နှက်နေခြင်းပင် ဖြစ်တော့သည်။ ရက်စက်လွန်းလှသလို လူသားလည်း မဆန်လှချေ။

“ဒါက”

ကျွင်းချောင်ရှောင်း စဉ်းစားရင်း ခေါင်းကို အသာလှည့်ကြည့်လိုက်ချိန်မှာတော့ အလန့်တကြားဖြင့် နောက်သို့ နှစ်လမ်းဆုတ်လိုက်မိသည်။

တောက်ပနေသော အနီရောင်ဖယောင်းတိုင်တစ်ခုသည် အားရာ၏လက်ထဲတွင် ပေါ်လာ၏။ ဖယောင်းတိုင်မီးအား သူမ၏ မျက်နှာရှေ့တွင် အသာထား၍ ခြောက်ကပ်ကပ်နှင့် ပြောလိုက်ပြန်သည်။ “သခင်... ဒါက ဒုတိယမြောက် ရတနာလေ၊ ဝိညာဉ်ဖိနှိပ်ခြင်း ဖယောင်းတိုင်လို့ ခေါ်တယ်၊ ဒါကလည်း ထိခိုက်နိုင်စွမ်းရှိတဲ့ စွမ်းအင်တွေကို သန့်စင်နိုင်တယ်”

ကျွင်းချောင်ရှောင်း ဆွံ့အသွား၏။ သူမ၏ ချစ်စဖွယ်ကောင်းလှသော မျက်နှာ သေးသေးလေးသည် နတ်ဆိုး တစ်ကောင်အဖြစ်သို့ ပြောင်းလဲလျက်ရှိသည်။ သူမသည် ပုံမှန်အားဖြင့် ချစ်ဖို့ကောင်းလှသော လက်နက် စိတ်ဝိညာဉ်ဖြစ်သည်။ သို့ပေမဲ့ ကြာပွတ် သို့မဟုတ် ဖယောင်းတိုင်ကို ကိုင်ဆောင်ထားချိန်မှာ ငရဲပြည်ရှိ နတ်ဆိုးတစ်ကောင်လိုပင်။

ထောင့်တစ်ခုတွင်ရှိသော ထူးဆန်းသည့် ဓာတ်သဘာဝများ သည် ချုပ်နှောင်ခံထားရသလို ငြိမ်ငြိမ်သက်သက်နှင့် ရှိနေတော့သည်။

အားရာသည် လက်သီးကို ဆုပ်ပြီးသည့်နောက် အပြစ်ကင်းစင်စွာ ပြုံးလိုက်သည်။ “သခင်... သူ့ကို ကျွန်မတာဝန် ထားလိုက်တော့၊ တစ်လ၊ နှစ်လအတွင်းမှာ သူ့ကို သန့်စင်ပစ်မယ်”

All Chapters