အခန်း (၈၇၇)
Vol. 59 Ch. 877
မကောင်းသည့် ဓာတ်သဘာဝများသည် အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခံထားရသော အကျဉ်းသားကဲ့သို့ ဖြစ်နေသည်။ အားရာမှာတော့ အကျဉ်းထောင်၏ အကျဉ်းဦးစီးနှင့် ဆင်တူလှသည်။ ထွက်ပြေးလွတ်မြောက်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။ ၎င်းအနေဖြင့် သန့်စင်ခံရရုံသာ ရှိတော့သည်။
ကျွင်းချောင်ရှောင်းသည် သဘောတကျ ဖြင့် ထွက်ခွာသွားခဲ့တော့သည်။ သူ့အနေနှင့် ခန်းမသခင်ရှစ်အား ရူးသွပ်သွားအောင် ပြုလုပ်နိုင်သော စွမ်းအင်များ နှင့်ပတ်သက်၍ ထိန်းချုပ်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် ဖုန်စုပ်စက်ထဲတွင် ထိန်းသိမ်းထားရန်သာ စဉ်းစားနိုင်ခဲ့၏။ လက်ရှိအချိန်မှာတော့ ထိုဓာတ်သဘာဝများအားလုံးကို သန့်စင်ပစ်နိုင်သည့် အခြေအနေတစ်ခုသို့ ရောက်ရှိသွား ပြီဖြစ်၍ ကောင်းသည်ဟု ဆိုရပေမည်။
“ငါ့အနေနဲ့ အနာဂတ်မှာ ဒါကို အသက်သွင်းလိုက်မယ်ဆိုရင် အပြင်ဘက်မှာရှိတဲ့ စွမ်းအင် တွေကို စုပ်ယူပြီး သန့်စင်ရိုင်လိမ့်မယ်၊ ပြီးရင် ငါ့အတွက် အသုံးပြုနိုင်လိမ့်မယ်၊ ဒါဆိုရင် ငါ့ရဲ့ အားအင်တွေက ပိုပြီး တိုးလာနိုင်မှာ မဟုတ်လား” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပသွားသည်။
စနစ်က ပြောလိုက်သည်။ “ဒါက သရုပ်ပြမှု သက်သက်ပဲ၊ တခြားသူတွေရဲ့ ကျင့်ကြံခြင်းစွမ်းအင်တွေကို စုပ်ယူနိုင်ဖို့ ဆိုတာ တကယ်တမ်း မဖြစ်နိုင်ဘူး”
“ဒါလည်း ဟုတ်တာပဲ”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်မိ၏။ ပြီးနောက် ပြောလိုက်တော့သည်။ “ငါက မှန်ကန်တဲ့ လမ်းစဉ်ကိုပဲ လျှောက်လှမ်းရမယ်လေ၊ ဆိုးယုတ်တဲ့ လမ်းစဉ်တွေ၊ မကောင်းတဲ့ လမ်းစဉ်တွေကို လျှောက်လှမ်းလို့ မဖြစ်ဘူး”
စနစ်သည် ဆွံ့အသွားမိ၏။ ထိုသို့ဆိုလျှင် ဂိမ်းဆာဗာတစ်ခုလုံးကို ခိုးယူ၍ လျှောက်လှမ်းလျက်ရှိသော လမ်းစဉ် ကလည်း မှန်ကန်သည့် လမ်းစဉ်လား မသိနိုင်တော့ပေ။
အပြင်ဘက်ရှိ ကောင်းကင်မှာတော့ တောက်ပလာလျက် ရှိသည်။
ကျွီ
ကျွင်းချောင်ရှောင်းသည် တံခါးကိုဖွင့်၍ အပြင်ဘက်သို့ လျှောက်ထွက်လိုက်သည်။ သူသည် ခြံဝန်းထဲသို့ ရောက်သည့်အချိန်မှာတော့ လက်ကိုဆန့်တန်းကာ ပျင်းကြောဆန့်လိုက်သည်။ အေးစက်ပြီး သန့်စင်လှသည့် လေများကို ရှုရှိုက်ပြီးသည့်နောက်မှာတော့ ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ “ငါ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက သက်တောင့်သက်သာ ရှိလိုက်တာ”
အဘယ်သို့ သက်တောင့်သက်သာ မရှိဘဲနေမည်နည်း။ သူသည် ဂိုဏ်းစုဆောင်းမှတ် အများအပြားကို စုဆောင်း ရရှိခဲ့သည့်အပြင် ဂိုဏ်း၏ ကျင့်ကြံခြင်း အရင်းအမြစ်ပေါင်းများစွာကိုလည်း ရရှိခဲ့သေး၏။ ထို့အပြင် သူ၏ အဆင့် သည်လည်း သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံခြင်းအဆင့်ဆီသို့ တိုးတက်ရောက်ရှိခဲ့သည်။
အဆင့်အရ ပြောမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် သူ၏ ဒန်ထျန်ထဲတွင်ရှိသော အထူးစွမ်းအင်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ လိုက်ရသည်။ ဤအရာမှာ တည်နေရာစွမ်းအင်ပင် ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်းသည် လောကအဆောင်ကို အသုံးပြု၍ သိုင်းနယ်မြေအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့စဉ်က ရရှိခဲ့သော စွမ်းအင်များထက် လက်ရှိရှိနေသော တည်နေရာစွမ်းအင်က ပိုမိုကာ သန့်စင်လျက်ရှိနေသည်။ ပြောရမည်ဆိုလျှင် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ ဆိုသည်မှာ သိုင်းနယ်မြေကျင့်ကြံသူအဆင့်နှင့် တူညီနေ၏။ သို့ပေမဲ့ တည်နေရာစွမ်းအင်ကို အသုံးပြုနိုင်စွမ်းမှာတော့ အရမ်းကို ကွာခြားလျက်ရှိနေ၏။
“သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူအဆင့်ဆိုတာ တည်နေရာစွမ်းအင်ကို နည်းနည်းလောက် ဆုပ်ကိုင်မိရုံပဲ ရှိသေးတယ်လေ၊ တည်နေရာရွေ့ပြောင်းမှုတွေကို ဆက်တိုက်ပြုလုပ်နိုင်ဖို့ ဆိုရင်တော့ သိုင်းနယ်မြေကျင့်ကြံသူ အဆင့်ဆီကို တိုးတက်ရောက်ရှိမှာပဲ ဖြစ်လိမ့်မယ်၊ ဒါမှပဲ အသားကျမှာ” ကျွင်းချောင်ရှောင်း တွေးလိုက်မိသည်။
သူ့အနေနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးသို့ ရောက်ရှိလာခဲ့သည်မှာ လေးနှစ်မှ ငါးနှစ်နီးပါးခန့် ရှိနေပြီဖြစ်သည်။ သို့ပေမဲ့ မရီဒန်ဖွင့်ခြင်းအဆင့်နှစ်ဆီမှသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့ပြီ ဖြစ်၏။
ဤအမြန်နှုန်းသည် အလွန် မြန်ဆန်လွန်းလှ၏။ သို့ပေမဲ့ စစ်ရေးစစ်ရာကို နားမလည်သော စားဖိုမှူး တစ်ယောက်အနေနှင့် အပ်ချုပ်သည်ကောင်းတစ်ယောက် မဖြစ်နိုင်ဟူသော စကားအတိုင်းပင်။
ကျွင်းချောင်ရှောင်း ၏ ရည်မှန်းချက်သည် သိုင်းနယ်မြေကျင့်ကြံခြင်းအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိပြီးနောက် သိုင်းအင်ပါယာ အဆင့်ဆီသို့ တက်လှမ်းနိုင်ရန်ပင်ဖြစ်သည်။ ထို့အပြင် သူသည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတွင် သူ၏ဂိုဏ်းအား အားအကောင်းဆုံးသော ဂိုဏ်းတစ်ခုအဖြစ် ဖန်တီးတည်ဆောက်ရန် လိုအပ်နေသေး၏။ ပြီးမှသာလျှင် သူ၏ ဘဝ အသစ်ကို စတင်နိုင်မှာဖြစ်သည်။
“ဒင်....”
သတိပေးသံတစ်ခုသည် သူ၏နားထဲတွင် ပေါ်လာခဲ့သည်။ တစ်ညပြီးသည့်နောက်မှာတော့ ကျန်းယန်ဖိနပ်၊ ကျန်းယန်ဝတ်စုံနှင့် ကျန်းယန်မျက်နှာဖုံး ဆယ်စုံစာသည် သန့်စင်ပြီး ဖြစ်နေတော့၏။
ဤပစ္စည်းသုံးမျိုးတို့သည် ရှေးပုံစံမျိုး တည်ရှိနေ၏။ အထူးသဖြင့် ရှေးခေတ်၏ တိုက်ခိုက်ရေးဝတ်စုံ ပုံစံမျိုးနှင့် ဆင်တူသည်။ ရင်ကာသည် အနီရောင်ဝတ်စုံတစ်ခုဖြစ်ပြီး ထိုရင်ကာ၏ အပေါ်မှာတော့ ရှေးခေတ်ရှိ စစ်သားများ ဝတ်ဆင်သော ချပ်ဝတ်နှင့် ဆင်တူစွာ အမြှောင်းလေးများဖြင့် ပုံသွင်းထားသည်။ ငွေဖြူရောင် ကျန်းယန် မျက်နှာဖုံးမှာတော့ မျက်နှာ၏ တစ်ဝက်ကိုသာ ကာကွယ်ဖို့ တတ်နိုင်၏။ သုံးခုကို ယှဉ်ကြည့်ရမည်ဆိုလျှင် ဖိနပ်နှင့် မျက်နှာဖုံးသည် သေးငယ်သည့် အစိတ်အပိုင်းများဖြစ်ပြီး တိုက်ပွဲဝတ်စုံ ချပ်ဝတ်သည် အလွန်ကြီးမားလှ၏။ ရင်ဘတ်၊ ပခုံး၊ ခါး စသည်တို့အား ကာကွယ်ပေးထားနိုင်စွမ်း ရှိသည်။
ရွှီး
ကျွင်းချောင်ရှောင်းသည် ကျန်းယန်ဝတ်စုံကို ဝတ်ဆင်ပြီးနောက်မှာတော့ သူသည် မကြာခင် စစ်ထွက်တိုက် တော့မည့် စစ်သူကြီးတစ်ယောက်ကဲ့သို့ပင် ရှိနေ၏။ “ဆိုးတာ ငါ့ဆီမှာ ကျန်းယန်လှံ မရှိတာပဲ၊ မဟုတ်ရင် ပိုပြီး ကြည့်ကောင်းတော့မှာပဲ”
သူ၏ သန့်စင်နိုင်သော ပစ္စည်းများ ရရှိချိန်တွင် ကျန်းယန်ဖိနပ်၊ ကျန်းယန်ဝတ်စုံ၊ ကျန်ယန် မျက်နှာဖုံး သုံးခုကို ဝတ်ဆင်ပြီး ဖြစ်နေတော့၏။ ထို့ကြောင့် လက်နက်အရဆိုရင် ကျန်းယန်လှံ၊ ကျန်းယန်လေး စသည်တို့သာ ရှိမည် ဆိုပါက ပို၍ ကောင်းမွန်ပေလိမ့်မည်။ ဤကဲ့သို့ ကျန်းယန်ဝတ်စုံများကို ဝတ်ဆင်ပြီးနောက် ကျွင်းချောင်ရှောင်း သည် စစ်သားတစ်ယောက်လိုပင် ဖြစ်လျက်ရှိသည်။
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ လီလိုရှုက ခြံဝန်းထဲသို့ လျှောက်ဝင်လာခဲ့သည်။ အမြဲတမ်းအဖြူရောင်ဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိသော ဂိုဏ်းချုပ်သည် လက်ရှိ အခြေအနေတွင်တော့ တိုက်ခိုက်ရေး ဝတ်စုံကို ဝတ်ဆင်ထားလျက်ရှိပြီး ခြံဝန်းထဲတွင် မတ်မတ်ရပ်လျက်ရှိနေသည်ကို မြင်တော့ အံ့အားသင့်မိသွားသည်။ အမှန်ပင် စစ်တပ်ကြီး တစ်ခုကို ဦးစီးတော့မည့် စစ်သူကြီးတစ်ယောက်ကဲ့သို့ပင် ဖြစ်နေတော့သည်။
“ဟောခန်းသခင်လီ”
ကျွင်းချောင်ရှောင်းသည် သူ၏ကျောဘက်တွင်ရှိသော ဝတ်ရုံကို အသာယမ်းခါပြီးသည့်နောက် မှာတော့ ညာဘက်ခြေထောက်ကို ဘေးတစ်ဖက်ရှိ ကျောက်တုံးပေါ်သို့ တင်လိုက်၏။ “ကျုပ်ချောလား”
ခွီး
လီလိုရှုသည် ပါးစပ်ကိုအုပ်ကာကာ ရယ်လိုက်မိသည်။ ပြီးနောက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ဒီပုံစံက ခန့်ညားတယ်။ ဒါပေမဲ့ ကောင်မလေးရှိအောင် အရင်လုပ်ပါ။”
ကျွင်းချောင်ရှောင်းက မျက်နှာသည် ချက်ချင်းပဲ တည်တန့်သွား၏ “ကျုပ်ကို ဘာလို့ လာတွေ့တာလဲ”
လီလိုရှုသည် ရယ်မောခြင်းမှ ရပ်တန့်ကာ လေးလေးနက်နက် ပြောလိုက်သည်။ “ရှောင်မိုက သတင်းပို့လာတယ်၊ ရက်အနည်းငယ်အတွင်း သူက ထိုက်ရွမ်အအေးဂိုဏ်းက ထွက်လာပြီးတော့ ဂိုဏ်းဆီကို လာပြီးလေ့ကျင့်မယ်တဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် တုတုကို ပြောလိုက်၊ အစားအစာတွေ ကောင်းကောင်းပြင်ဆင် ထားလို့”
“မလိုတော့ဘူး”
လီလိုရှုက ပြုံးကာ ပြောလိုက်သည်။ “ဒီကောင်မလေးက ရှောင်မို့ကို အချစ်ဆုံးလေ၊ အခု ရှောင်မို ပြန်လာပြီဆိုတော့ အကောင်းဆုံး အစားအစာတွေချက်ဖို့ မနက်ထဲက ပြင်ဆင်နေလေရဲ့”
“ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် သက်ပြင်းချကာ ပြောလိုက်သည်။ “ဘာပဲပြောပြော ငါ့တပည့်က တကယ့်ကို ခက်ခဲခဲ့တာပဲ”
ချင်းယန်နှင့် တခြားသူများအားလုံးသည် ဂိုဏ်းထဲတွင် လေ့ကျင့်လျက်ရှိနေပြီး ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များ သည်လည်း တစ်နေ့ထက်တစ်နေ့ တိုးမြင့်လာခဲ့သည်။ သို့ပေမဲ့ စုရှောင်မိုမှာတော့ တခြားဂိုဏ်းတစ်ခုဆီသို့ သွား၍ သူလျှိုပြုလုပ်နေရ၏။ ထိုက်ရွမ်အအေးဂိုဏ်းထဲတွင်ရှိနေသော ၎င်း၏ ကျင့်ကြံခြင်းအဆင့်သည် မမြန်လှချေ။
“ပြန်လာပြီဆိုရင် ငါသူ့ကို ကောင်းကောင်းဆုချရမယ်” ဆုဆိုသည်မှာ သဘာဝ စိတ်ဝိညာဉ်ကျောက်တုံးများဖြစ်၏။ ထို့အပြင် များပြားလှသော သိုင်းအရင်းအမြစ်များလည်း ရှိနေသေးသည်။
“လီချင်းယန်၊ ရှောင်ကျီနဲ့ တခြားတပည့်တွေ အကုန်လုံးကို ဒီကိုလာခဲ့ဖို့ သတင်းပေးလိုက်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“ကောင်းပါပြီ”
လီလိုရှု ထွက်ခွာသွားပြီးသည့်နောက်မှာတော့ သူမက မေးလိုက်သည်။ “ဂိုဏ်းချုပ်... ဒီချပ်ဝတ်က မရိုးရှင်းဘူးနော်၊ ဒါက အမျိုးသမီးဝတ်ကော ရှိရဲ့လား”
ကျွင်းချောင်ရှောင်းသည် တစ်စုံကို အသာထုတ်ယူပြီးသည့် နောက် ကျောက်စားပွဲပေါ် တင်လိုက်၏။ “စိတ်နဲ့ ချိတ်ဆက်လိုက်ရုံပဲ၊ အရွယ်အစားနဲ့ ပုံပန်းသွင်ပြင်က ပြောင်းလဲသွားလိမ့်မယ်၊ လာ... ဒီမှာရော့ ဝတ်ကြည့်လိုက်တော့”
အဝယ်တော်ခန်းမနှင့် မိုးဆွေဟောခန်းသည် လီလိုရှု၏ ထိန်းချုပ်မှုအောက်တွင် တည်ရှိနေ၏။ သူမသည် အပြင်ဘက်ရှိ သတင်းအချက်အလက် ကွန်ရက်ကြီးတစ်ခုလုံးကိုလည်း ပိုမိုတိုးတက်လာစေရန် ကြိုးစားလျက် ရှိနေသေး၏။ ထို့ကြောင့် သီလအမှတ်များနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် လီချင်းယန်ထက် မည်သို့မှ နိမ့်ပါးလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူမအား ကပ်စေးနည်းနေ၍ မဖြစ်ချေ။
..................
ခြံဝန်းထဲမှာတော့ လီဖေးသည် သူ့အားပေးထားသည့် ကျန်းယန်ဝတ်စုံအား ဝတ်ဆင်ကာဖြင့် အားပျော့သလို ပြောလိုက်၏။ “ဂိုဏ်းချုပ်... ဒီဝတ်စုံကို ကြည့်ရတာ စိတ်ဝိညာဉ်ချပ်ဝတ်လောက်တောင် မကောင်းဘူး”
“ဒီသုံးခုလုံးကိုဝတ်လိုက်၊ ပြီးရင် ကျန်းယန်ဓားကို ကိုင်ပြီးတော့ ထွက်ခဲ့လိုက်တော့၊ အဲကျရင် မင်းတို့ သိလိမ့်မယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် ၎င်းတို့၏ ကိုယ်ပိုင်အခန်းထဲဆီသို့ ပြန်သွားခဲ့ကြ၏။ ပြီးသည့် နောက်မှာတော့ ကျန်းယန်ဝတ်စုံများကို ဝတ်ဆင်လိုက်ကြသည်။ ဝတ်စုံများသည် သူတို့၏ ခန္ဓာကိုယ်နှင့် ကွက်တိ ဖြစ်ပြီး ကြည့်၍လည်း အလွန်ကောင်းမွန်လွန်းလှ၏။
“ဒုတိယ စီနီယာအစ်ကို”
လီဖေးသည် ခါးပတ်ကို တင်းတင်းပတ်ရင်း လျှောက်ထွက်လာခဲ့သည်။ ပြီးနောက် ကျန်းယန်ဓားအား ပခုံးတွင် လွယ်ထားတော့သည်။ “ဒါက သက်တောင့်သက်သာ ရှိတယ်ဆိုပေမယ့် သိပ်ပြီး ပြောင်းလဲမှုလည်း မရှိပါလား”
“ငါလည်း မပြောင်းလဲဘူး”
“ကျုပ်လည်း မပြောင်းလဲဘူး”
ရှောင်ကျီသည် မည်သည့်ခြားနားမှုကိုမှ မခံစားရချေ။ သို့ပေမဲ့ သူ၏နောက်ဘက်တွင်ရှိသော ဝတ်ရုံမှာတော့ ရှုပ်ထွေးသည်ဟု ခံစားရမိသည်။ ထို့ကြောင့် သူသည် ထိုအရာကို ဘောလုံးတစ်လုံး ကဲ့သို့ လိပ်၍ ပခုံးပေါ်သို့ တင်ထားမိသည်။
မကြာခင်မှာပဲ ရီရှင်းချန်သည်လည်း လျှောက်ထွက်လာခဲ့သည်။ သူသည် ဖေးအားညို၏ ခန္ဓာကိုယ်ကို အပိုင်သိမ်း ရယူထားခဲ့သည်ဆိုသော်လည်း ကျန်းယန်ဝတ်စုံကို ဝတ်ဆင်ပြီးသည့် နောက်မှာတော့ သေမျိုးလောကထဲသို့ ဆင်းလက်လာခဲ့သည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေ၏။
“ဂျူနီယာညီလေးရီ... မင်းရဲ့ မျက်နှာဖုံးက ဘယ်မှာလဲ”
“ဟမ့်... ဒီလိုမျက်နှာဖုံးလို အရာမျိုးက မိန်းမတွေမှ တပ်တာလေ၊ ယောက်ျားတွေ ဝတ်တယ်ဆိုတာ ရှက်စရာကြီး”
လီချင်းယန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ခြံဝန်းထဲမှာ စောင့်နေတယ်၊ သွားကြရအောင်”
ခဏလောက် ကြာပြီးသည့်နောက် အားလုံးသည် ခြံဝန်းထဲတွင် ညီညီညာညာနှင့် ရပ်လျက်ရှိသည်။
“မဆိုးဘူး၊ မဆိုးဘူး” ကျွင်းချောင်ရှောင်းသည် သဘောတကျဖြင့် ခေါင်းညိတ်လိုက်မိ၏။
“ဂိုဏ်းချုပ်”
လီဖေးသည် ခေါင်းကို ငုံ့ကာဖြင့် ပြောလိုက်၏။ “အားလုံးဝတ်ပြီးသွားပြီလေ၊ ဘာမှလည်း မပြောင်းလဲ ပါလား”
“မင်းတို့ အားလုံးဝတ်ပြီးသွားပြီဆိုတာ ဟုတ်လို့လား”
“ဟုတ်ပါတယ်”
“ဒါဆိုရင် မျက်နှာဖုံးကော”
“အမ်”
သူ့အနေနှင့် မျက်နှာဖုံးတစ်ခု ကျန်ရှိနေသေးသည်ဖြစ်ကြောင်း လီဖေး သတိရမိသွားသည်။ ထို့ကြောင့် သိုလှောင် လက်စွပ်ထဲမှ ထုတ်ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်... ဒါကို မျက်နှာပေါ်မှာ တပ်ပြီး ဝတ်လိုက်ရမှာလား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အမှန်ပဲ”
လီဖေးသည် မျက်နှာပေါ်သို့ မျက်နှာဖုံးကို တင်လိုက်သည်နှင့်တပြိုင်နက် အလွန်အားကောင်းလှသော အော်ရာ များသည် ထွက်ပေါ်လာခဲ့တော့သည်။
ရှောင်ကျီသည်လည်း မျက်နှာဖုံးကို ကောက်ဝတ်လိုက်၏။ ပြီးသည့်နောက် မှာတော့ သူ၏အော်ရာများ တိုးတက်သွားသည်ကို ခံစားမိလိုက်သည်။ သူသည် အံအားတသင့်ဖြင့် ပြောလိုက်မိ၏။ “ဂိုဏ်းချုပ်.. အားကောင်းသွားသလို ခံစားရတယ်”
လီချင်းယန်သည်လည်း မျက်နှာဖုံးကို တပ်ကာဖြင့် စိတ်လှုပ်ရှားသလို ပြောလိုက်သည်။ “ဒီတပည့်က မျက်နှာဖုံးကို တပ်လိုက်တဲ့အချိန်မှာ အရင်ကထက် အားအင် ဆယ်ရာခိုင်နှုန်းကနေ နှစ်ဆယ်ရာခိုင်နှုန်းလောက် တိုးတက်သွားတာကို ခံစားမိတယ်”
လီဖေးသည် စဉ်းစားမနေတော့ချေ။ မျက်နှာဖုံးကို ကောက်၍ တပ်လိုက်သည်။ သေချာပေသည်။ ဒုတိယစီနီယာ အစ်ကိုနှင့် ဂျူနီယာညီလေးရှောင်တို့ ပြောထားသည့်အတိုင်းပင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်လွှတ်ကြည့် သည့်အချိန်မှာတော့ သူ၏အားအင်အဆင့်များသည် တိုးတက်နေသည်ကို ခံစားလိုက်မိကြ၏။ ထို့အပြင် အားအင် အဆင့်တင်သာမဟုတ်ဘဲ ၎င်း၏ခြေထောက်များသည်လည်း အရင်ကထက်ပို၍ ပေါ့ပါးနေသည်ကို ခံစားမိသည်။
“အားအင်အဆင့်တင်မဟုတ်ဘူး၊ အမြန်နှုန်းကလည်း ပိုတိုးလာတာပဲ” လီဖေးသည် အံ့အားတသင့်ဖြင့် ပြောလိုက်မိ၏။
လုံကျိရန်၊ ထျန်းချီ၊ လီယုဟွာနှင့် တခြားသောသူများ အားလုံးသည်လည်း မျက်နှာဖုံးကို တပ်လိုက်ကြသည်။ ၎င်းတို့၏ အားအင်များ တိုးတက်လာသည်ကို အတည်ပြုပြီးသည့်နောက်မှာတော့ ၎င်းတို့၏ မျက်နှာများသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လျက်ရှိသည်။
“ဒီမျက်နှာဖုံးက မှော်ဆန်လွန်းတာပဲ၊ ဒါက ရတနာတစ်ခုလား”
ကျွင်းချောင်ရှောင်းက ရှင်းပြလိုက်သည်။ “ဒီဖိနပ်၊ ချပ်ဝတ်၊ မျက်နှာဖုံးနှင့် ကျန်းယန်ဓားတွေ အားလုံးကို ကျန်းယန် ဝတ်စုံလို့ပဲ ခေါ်တယ်၊ အားလုံးကို တပြိုင်နက်တည်း ဝတ်ဆင်ပြီးသွားရင် အမြန်နှုန်း၊ အကာအကွယ်နဲ့ အားအင် အဆင့်တွေ အကုန်လုံးက နည်းနည်းချင်း တိုးလာလိမ့်မယ်”
“ကောင်းကင်ဘုံ... ဒီလောက်ဆန်းကြယ်တာလား”
ထျန်းချီ၊ လုံကျိရန်၊ စုန့်ရွှမ်ကျူးနှင့် တခြားသောသူများ အားလုံးသည် တုန်လှုပ်သွားခဲ့ကြ၏။ ဤကဲ့သို့သော ဝတ်စုံကို ဝတ်ဆင်လိုက်သည်ဆိုသည်နှင့် သိုင်းပညာအဆင့် များ၊ အားအင်အဆင့်များ ပိုမိုတိုးပွားလာခဲ့သည်ဆိုသည်မှာ မထင်မှတ်ထားနိုင်သည့် ကိစ္စပင်ဖြစ်သည်။
အံအား သင့်စရာ ကောင်းလွန်းလှ၏။ ဖိနပ်သည် အမြန်နှုန်းကို တိုးပွားစေ၏။ ချပ်ဝတ်သည် အကာအကွယ်ကို တိုးပွား စေသည်။ မျက်နှာဖုံးမှာတော့ ဟန်ပြဖို့ကလွဲရင် တခြားဘာမှ သုံးလို့မရချေ။၊ သို့ပေမဲ့ ဘာမှန်းမသိဘဲ ဝတ်ကို ဝတ်ရမည့်အရာပင် ဖြစ်လို့နေ၏။
လီချင်းယန်နှင့် တခြားသောသူများသည် ကျန်းရန်ဝတ်စုံကို ဝတ်ဆင်ပြီးသည့် နောက်မှာတော့ ဤအရာသည် ထိပ်တန်းအသုံးအဆောင်ပစ္စည်းဖြစ်ကြောင်း နားလည်လိုက်မိကြသည်။
“ဂိုဏ်းချုပ်”
ရီရှင်းချန်က ပြောလိုက်၏။ “တပည့် ခဏလောက် သွားလို့ရမလား”
“အင်း” ကျွင်းချောင်ရှောင်း ခေါင်းညိတ်လိုက်သည်။
ရီရှင်းချန်သည် အသာလှည့်၍ ထွက်ခွာသွားခဲ့သည်။ သူ၏ အခန်းဆီသို့ ပြန်ရောက်ပြီးသည့်နောက် အမှိုက်ပုံးထဲသို့ လွှင့်ပစ်ထားခဲ့သော မျက်နှာဖုံးကို အသာ ကောက်ယူ၍ ဝတ်ဆင်လိုက်တော့သည်။ မျက်နှာဖုံးတွင် ပေကျံနေသော ဖုန်များကိုပင် ဂရုမစိုက်တော့ချေ။ သူ့အနေနှင့် မတူညီသည့်အားအင်အဆင့် တိုးတက်လာခဲ့သည်ကို ခံစားလိုက်မိသည့်နောက်မှာတော့ အံ့အားသင့် စွာဖြင့် ပြောလိုက်မိသည်။ “ဒါကမှော်ဆန်လွန်းတယ်၊ မယုံကြည်နိုင်စရာပဲ”