← Chapters

အခန်း (၈၇၉)

Vol. 59 Ch. 879

အခန်း (၈၇၉)

Vol. 59 Ch. 879

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာအထက်မှာတော့ လင်းယွမ် ကုန်းမြေတိုက်ကြီးမှာရှိသော ကျင့်ကြံသူ အနည်းငယ်တို့သည် ကောင်းကင်ယံတွင် မတ်တပ်ရပ်လျက် ရှိနေကြ၏။ အရှေ့မှ ဦးဆောင်လာခဲ့သော အဖြူရောင် ဆံပင်နှင့် အဘိုးအိုသည် တည်ငြိမ်အေးဆေးစွာဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့ တော်တော် ဇွဲကြီးတာပဲ”

“ဒီလိုပဲ ဖြစ်ရမယ်လေ”

ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးမှ သက်လတ်ပိုင်းလူသည် အပြုံးတုတစ်ခုကို ဖန်တီးပြုလုပ်လိုက်၏။ သူတို့၏ ဂြိုဟ်နှစ်ခုသည် အရင်တုန်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ဖူး၏။ သို့ပေမဲ့ အားအင်အဆင့်အရဆိုလျှင် လက်ရည်ညီနေကြတော့၏။ အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးသည့်နောက် များပြားလှသည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပြီး အနိုင်ရရှိသူဟူ၍ ရှင်းရှင်းလင်းလင်း ထွက်ပေါ်မလာခဲ့ချေ။ ထို့ကြောင့် ၎င်းတို့အချင်းချင်း တွေ့သည်ဆိုသည်နှင့် ရန်စောင်ကြသည်ဆိုသော်လည်း အစစ်အမှန် သတ်ဖြတ်ခြင်းကိုတော့ မပြုလုပ်ကြချေ။

ကျွင်းချောင်ရှောင်း ပျောက်ကွယ်သွားသည့် အတောအတွင်း ဤဂြိုဟ်နှစ်ခုဆီမှ သိုင်းကျင့်ကြံသူများသည် ဤနေရာဆီသို့ ရံဖန်ရံခါ ရောက်ရှိလာပြီး ကျွင်းချောင်ရှောင်းကို ရှာဖွေတတ်ကြ၏။ အဓိက အကြောင်းအရာ အားဖြင့် ၎င်းတို့ ဂြိုဟ်နှစ်ခုဆီမှ သိုင်းကျင့်ကြံသူများ၏ ရည်ရွယ်ချက်သည် တူညီနေကြ၏။ ကျွင်းချောင်ရှောင်း အား စဦးသတ်ဖြတ်နိုင်ရန် မျှော်လင့်နေကြခြင်းပင်ဖြစ်၏။

“ကျုပ်အထင်အရတော့”

ဆံပင်အဖြူရောင်နှင့် အဘိုးအိုသည် ထူးမခြားနားသလို ပြောလိုက်၏။ “ဒီကောင်လေးက အနီရောင်အလင်းတန်းတွေ ထွက်ပေါ်လာတာကို သန့်စင်ပြီးသွားပြီနဲ့တူတယ်၊ သူက တစ်နေရာရာမှာ သွားပုန်းပြီး ထွက်မလာရဲတာပဲ ဖြစ်ရမယ်”

“ဟမ့်”

သက်လတ်ပိုင်းလူသည် အေးစက်စက် ပြောလိုက်၏။ “သူက ကျုပ်တို့ ကြက်သွေးရောင်ပင်လယ် ကုန်းမြေ တိုက်မှာရှိတဲ့ ကျင့်ကြံသူ တော်တော်များများကို သတ်ဖြတ်ခဲ့တယ်လေ၊ ဒီတော့ ကမ္ဘာမြေအဆုံးထိ သွားပြီး ပုန်းနေမယ်ဆိုရင်တောင်မှ သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

“တောင်းပန်ပါတယ်”

ဆံပင်ဖြူနဲ့ အဘိုးအိုက ပြောလိုက်၏။ “ဒါက ကျုပ်တို့လင်းယွမ်ကုန်းမြေတိုက်ကြီးက ပိုင်ဆိုင်တဲ့ သားကောင်ပဲလေ”

“ခင်ဗျားတို့ဟာ ဟုတ်လား” သက်လတ်ပိုင်းလူက နှာခေါင်းရှုံ့လိုက်၏။ ၎င်းတို့တွေ့ဆုံသည်နှင့် တပြိုင်နက် ဤကဲ့သို့ ပြောဆိုရန်ဆောင်သည့် ကိစ္စရပ်များကို ပြုလုပ်ကြ၏။ လေထုထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများသည် ပိုမို၍ အားကောင်းလာခဲ့သည်။ သို့ပေမဲ့ တကယ်တမ်း တိုက်ခိုက်မည့် အရိပ်အယောင်မျိုးတော့ မရှိချေ။

“သွားကြစို့”

ဆံပင်အဖြူနှင့် အဘိုးအိုသည် လက်ကိုယမ်းခါလိုက်၏။ အဓိကအားဖြင့် ၎င်းတို့အားလုံးသည် ပစ်မှတ် ကိုလာရောက်ကြည့်ရှုကြခြင်းပင်ဖြစ်သည်။ သားကောင် မရှိသည်နှင့် တပြိုင်နက် ၎င်းတို့သည် ဤနေရာတွင် ကြာရှည်နေလိမ့်မည် မဟုတ်ချေ။

“ကျုပ်တို့လည်း သွားကြမယ်” သက်လတ်ပိုင်းလူက ပြောလိုက်သည်။ သို့ပေမဲ့ ၎င်းတို့အဖွဲ့နှစ်ခု ထွက်ခွာခါနီးမှာပဲ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ လေထုထဲမှာတော့ လူတစ်ယောက် ပေါ်လာခဲ့၏။ ထိုတည်နေရာသည်လည်း မီတာဝက်လောက် ပိုမိုကာ ကျယ်ပြန့်လာ၏။

“ဒီနေရာ”

မိမိကိုယ်ကို ဟန်ချက်ညီအောင် ထိန်းပြီးသည့်နောက် လီချင်းယန်သည် ကောင်းကင်ပေါ်တွင်ရှိသော ကြယ်များကို ကြည့်ရှုလိုက်၏။ ပြီးနောက် အောက်ခြေတွင်ရှိသော ကြက်သွေးရောင် မြေပြင်ကြီးကို လှမ်း၍ ကြည့်ရှုလိုက်သည်။ “ဒါက ဂြိုဟ်တိုက်ပွဲ တည်နေရာလား”

ဝှစ် ဝှစ်

ချက်ချင်းပဲ အလွန်အားကောင်းလှသော သတ်ဖြတ်ခြင်းအော်ရာများသည် နံရံနှစ်ဘက်ဆီမှ သူ့ဆီသို့ ကျဆင်း လာ၏။ ဤနေရာသည် သိုင်းအုပ်စိုးသူအဆင့်နှင့် နှိုင်းယှဉ်၍ရနိုင်သော သိုင်းကျင့်ကြံသူ အများအပြား တည်ရှိနေသည် ဖြစ်ကြောင်း လီချင်းယန်က သိရှိလိုက်၏။ ၎င်းတို့၏ အကြည့်များသည် ရန်လိုသည့် အကြည့်များပင် ဖြစ်လို့နေ၏။

ဤနေရာတွင် များပြားလှသော ကျင့်ကြံသူများရှိသည်ဟု ဂိုဏ်းချုပ်က ပြောဆိုခဲ့ဖူးသည် ဆိုသော်လည်း တကယ့်တကယ်တမ်းမှာတော့ ကောင်းကင်ပေါ်တွင် ပျံသန်းသွားလာနိုင်သော သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူ အများအပြား တည်ရှိလို့နေသည်ကို မြင်လိုက်ရချိန်မှာတော့ သူသည် အံ့အားမသင့်ဘဲ မနေနိုင်ချေ။ ဤစာရင်း သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ဆိုလျှင် အလွန်အားကောင်းလှသော လူစာရင်းပင် ဖြစ်ပေလိမ့်မည်။ အလွန်အရေးကြီးလှသော ကိစ္စရပ်များ ပေါ်ပေါက်လာမှသာလျှင် ပေါ်ထွက်လာနိုင်သော လူအရေအတွက်ပင် ဖြစ်သည်။

ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးနှင့် လင်းယွမ်ကုန်းမြေတိုက်ကြီးတွင်ရှိသော သိုင်းကျင့်ကြံသူများသည် လီချင်းယန်ကို စူးစိုက်ကြည့်လျက်ရှိ၏။ မကြာခင်မှာပဲ ဤလူငယ်သည် အရင်တစ်ခေါက်က သူတို့ကို ပြဿနာ ရှာကာ တိုက်ခိုက်သွားခဲ့သည့် လူငယ်မဟုတ်မှန်း သိရှိလိုက်ကြရ၏။ သို့ပေမဲ့ ဤကုန်းမြေတိုက်ကြီးတွင် ပေါ်လာပြီ ဆိုမှတော့ ၎င်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးက လူတစ်ယောက်ယောက် ဖြစ်မည်ဟု အတတ်သိရှိနိုင်၏။

“ကောင်လေး”

သက်လတ်ပိုင်းလူသည် အေးစက်စက် အော်လိုက်၏။ “မြန်မြန် ထွက်ခဲ့တော့”

ကျွင်းချောင်ရှောင်း အသက်ရှင်နေသည်လား၊ သေဆုံးသွားသည်လား မသေချာပေ။ သို့ပေမဲ့ နောက်တစ်ယောက် ရောက်လာပြီဆိုမှတော့ ပထမဦးဆုံး သတ်ဖြတ်မှုကို ရရှိရန်အတွက် ဤကောင်လေးကို ဆင့်ခေါ်၍ သတ်ဖြတ်ရပေမည်။

အဖြူရောင်ဆံပင်နှင့် အဘိုးအိုကလည်း ထိုသို့ တွေးမိ၏။ ထို့ကြောင့် အလောတကြီးဖြင့် သူ၏ အဖော် များနှင့်အတူ အနောက်ဘက်သို့ ပျံသန်းရောက်ရှိလာ၏။ ပြီးနောက် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာ စက်ဝိုင်း အပြင်ဘက်တွင် မတ်မတ်ရပ်ထား၏။ သူ၏ မျက်လုံးဆီမှာ အဆုံးအစမဲ့သော သတ်ဖြတ်လိုခြင်းဆန္ဒများ ပြည့်ဝလျက်ရှိနေ၏။

“ဒါက နည်းနည်းတော့ ကြောက်ဖို့ကောင်းတာပဲ” လီချင်းယန်သည် ခန္ဓာကိုယ်တစ်ခုလုံးပင် တုန်သွားမိ၏။

ဝှစ် ဝှစ် …။

ထိုအချိန်မှာပဲ လုချင်းချင်း၊ ရှောင်ကျီနှင့် တခြားသောသူများသည်လည်း တည်နေရာစက်ဝန်းထဲတွင် ပေါ်လာ ကြ၏။ ၎င်းတို့အားလုံးသည် မြေပေါ်သို့ ရောက်ရှိသည့်အချိန်မှာပဲ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာ သည် တဖြည်းဖြည်းနှင့် ကျယ်ပြန့်လာခဲ့၏။ ဤတည်နေရာသို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ကိုယ်စားပြုသည့် ကျင့်ကြံသူများ ရောက်ရှိလာသည်ဆိုသည်နှင့် လူတစ်ယောက်လျှင် မီတာဝက်နီးပါးခန့် ပိုမိုကာ ကျယ်ပြန့်လာမည် ဖြစ်၏။ လူအရေအတွက် များပြားသည်နှင့်တပြိုင်နက် တည်နေရာသည်လည်း များများစားစား ကျယ်ပြန့်လာမှာ သေချာ၏။ အကန့်အသတ်သို့ ရောက်ရှိသွားပြီး ၎င်းတို့သည် ပိုမို ကျယ်ပြန့်ချင်သည်ဆိုပါက တခြားသူများကို တိုက်ခိုက်သတ်ဖြတ်မှပင် ဖြစ်ပေလိမ့်မည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ သိုင်းကျင့်ကြံသူတော်တော်များများ ရောက်ရှိလာသည်ကို မြင်ရသည့် အချိန် မှာတော့ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နှင့် လင်းယွမ်ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများသည် နဝေတိမ်တောင်နှင့်ဖြစ်မိနေကြ၏။ ယေဘူယျအားဖြင့် ပြောရမည်ဆိုလျှင် သတ်မှတ်ပေးထားသော ဂြိုဟ်အနေနှင့် ရောက်ရှိလာရန်ဆိုသည်မှာ နောက်ငါးနှစ်မှသာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့် ကြိုတင်ပြီး သိုင်းကျင့်ကြံသူ အများအပြား ရောက်ရှိလာရသနည်း။ ဤအရာသည် အထက်နယ်မြေ၏ ကြိုတင်ဖန်တီးထားခြင်းပေလား။

အထက်နယ်မြေ “ချီးတဲ့မှ... ဒီကောင်တွေ သူတို့ဘာ သူတို့ ရောက်လာတာပါ”

ဝှစ် ဝှစ်

တစ်ယောက်ပြီးတစ်ယောက် ရောက်လာပြီးသည့်နောက် လုံကျိရန်၊ စုန့်ရွှမ်ကျူးနှင့် တခြားသော သူများသည် လည်း ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာထဲတွင် ပေါ်လာကြတော့သည်။ ၎င်းတို့အနေနှင့် လေထု ထဲတွင်ရှိနေသော အလွန်တရာ အားကောင်းသော သတ်ဖြတ်လိုခြင်း ဆန္ဒများကို အာရုံခံ ပြီးသည့်နောက်မှာတော့ အသာမော့ကြည့်လိုက်၏။

ကောင်းကင်ပေါ်တွင် သိုင်းအုပ်စိုးသူနှင့် နှိုင်းယှဉ်၍ ရနိုင်သော ကျွမ်းကျင်သူများ အားလုံးသည် ၎င်းတို့အား မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ကြည့်ရှုလျက် ရှိနေကြ၏။ ဤနေရာသည် ဂိုဏ်းချုပ်ပြောခဲ့သလိုပဲ သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထက် ကြောက်မက်ဖွယ်ကောင်းသောနေရာပင် ဖြစ်လို့ နေ၏။ ထို့ပြင် စိတ်လှုပ်ရှားစရာလည်း ကောင်းသေးသည်။

ဝှစ် ဝှစ်

ကျန့်ရာ၊ နင်ညီအစ်ကိုနှင့် တခြားသော အကြီးအကဲများ အားလုံးသည်လည်း ပေါ်လာကြ၏။ နဂါးလေးနှင့် ရှောင်မိုရှန်းတို့ ပေါ်လာသည့် အချိန်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာသည် နှစ်ဆယ်မီတာ မှသည် သုံးဆယ်မီတာဆီသို့ ရောက်ရှိလာကြပြီဖြစ်၏။

ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နှင့် လင်းယွမ်ကုန်းမြေတိုက်ကြီးဆီမှ သိုင်းကျင့်ကြံသူများ၏ မျက်လုံး များသည် လင်းလက်သွား၏။ ၎င်းတို့ မျက်လုံးထဲတွင် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူ နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်သည် ၎င်းတို့ အချိန်မရွေး သတ်ဖြတ်နိုင်သည့် သားကောင်နှစ်ဆယ်ဟုပင် ဖြစ်တော့သည်။

ဝှစ်

ထိုအချိန်မှာတော့ ၎င်းတို့၏ မျက်လုံးထဲတွင် ရင်းနှီးပြီးသား လူတစ်ယောက်၏ ပုံပန်းသွင်ပြင် ပေါ်လာခဲ့တော့ သည်။ ထိုသူ့အား မြင်လိုက်သည်နှင့် တပြိုင်နက် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ရှိ သိုင်းကျင့်ကြံသူများ၏ မျက်လုံးထဲတွင် အလွန်အားကောင်းလှသော သတ်ဖြတ်လိုခြင်းဆန္ဒများ ဖြစ်တည်လာခဲ့၏။

ဟုတ်ပေသည်။ တစ်ဘက်လူများအား ဤကဲ့သို့ အမူအရာမျိုး ဖြစ်အောင် ပြုလုပ်နိုင်သူသည် ကျွန်ုပ်တို့၏ ချောမောလှသော ဂိုဏ်းချုပ်ကျွင်းပင် ဖြစ်တော့သည်။

“တည်နေရာကို ပြန်လည်ရောက်ရှိလာတဲ့အတွက် ကြိုဆိုပါတယ်” အမျိုးသမီးစနစ်၏ အသံသည် သူ၏နားထဲတွင် ပေါ်လာတော့၏။ ဤတည်နေရာကို စတင်ဖွင့်လှစ်သူသည် ကျွင်းချောင်ရှောင်း ဖြစ်သောကြောင့် အမျိုးသမီး စနစ်၏ အသံကို ကြားရှိနိုင်သူမှာ သူတစ်ယောက်တည်းသာ ဖြစ်တော့သည်။ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသော သူများသည် ဤအသံကို မကြားသိနိုင်ချေ။

“အမ်”

ကျွင်းချောင်ရှောင်းသည် မိမိကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပြီးသည့်နောက်မှာတော့ သူ့အား ကြည့်ရှုလျက်ရှိနေသော လူနှစ်ဖွဲ့အား လှမ်းကြည့်လိုက်သည်။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ “ကျုပ် ဒီနေ့ ရောက်လာမယ်ဆိုတာကို သိလို့ လာကြိုကြတာလား”

“ချီးတဲ့မှ... မင်းကို ဘာလို့ လာကြိုရမှာလဲ”

သက်လတ်ပိုင်းလူသည် အံကိုကြိတ်ကာဖြင့် ပြောလိုက်၏။ “မင်းက ငါတို့ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးမှာရှိတဲ့ သိုင်းကျင့်ကြံသူတော်တော်များများကို သတ်ဖြတ်ပစ် ခဲ့တယ်၊ ဒီတော့ မင်းကို ငါတို့ ပြန်ပြီး သတ်ဖြတ်ပစ်ရမယ်၊ အသေခံဖို့အတွက် ထွက်ခဲ့စမ်း”

ကျွင်းချောင်ရှောင်း နားလည်သွားခဲ့မိပြီဖြစ်သည်။ သူသည် ဤတိုက်ခိုက်ရေးတည်နေရာဆီမှ ခဏကြာ ထွက်ခွာ သွားခဲ့သည်ဆိုသော်လည်း ထိုသူများမှာ အရှုံးမပေးဘဲ နေ့စဉ်နေ့တိုင်း သူ့အား လာရောက်၍ ရှာဖွေနေခြင်းပင် ဖြစ်ပေလိမ့်မည်။

“အသေခံရမှာ ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် လက်ဖျောက်ကို အသာတီးကာဖြင့် ကြည့်ကောင်းလှစွာဖြင့် ထိုင်ချလိုက်သည်။ အမှန်တကယ်တမ်းမှာတော့ ဤသို့လက်သင်္ကေတကိုပြ၍ ထိုင်ချလိုက်သည်နှင့်တပြိုင်နက် ရှောင်ကျီသည် သူ၏အနောက်ဘက်သို့ ခုံတစ်လုံး ထုတ်ပေးရလိမ့်မည်ဖြစ်သည်။ သို့ပေမဲ့ မရင်းနှီးသော တည်နေရာ တစ်ခုသို့ ရောက်ရှိချိန်မှာတော့ ရှောင်ကျီသည် အသားကျရန် ကြိုးစားနေရ၏။ ထို့ကြောင့် ဂိုဏ်းချုပ်ရဲ့ အပြုအမူကို သတိမပြုမိလိုက်ချေ။

ဘုတ်

ဂိုဏ်းချုပ်ကျွင်းသည် မြေပေါ်သို့ ပြုတ်ကျသွား၏။

တပည့်များ “....”

သိုင်းကျင့်ကြံသူများ “...”

ဤကဲ့သို့ ကြောင်တောင်တောင်နိုင်သည့်အခြေအနေမျိုးကို ကြုံရပြီးသည့်နောက် ဂိုဏ်းချုပ်ကျွင်းသည် သူ၏ ခန္ဓာကိုယ်ကို တစောင်းအနေအထားသို့ လှည့်ပြီးသည့်နောက် လက်တစ်ချောင်းထောင်ပြကာ အော်ဟစ်လိုက် တော့သည်။ “လာစမ်း... တိုက်ခိုက်ကြမယ်လေ”

ဂိုဏ်းချုပ်ကျွင်းသည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ ထိုအခြေအနေသည် ကြောင်တောင်တောင်နိုင်လွန်းလှ၏။ သို့ပေမဲ့ သူသည် သရုပ်ဆောင်နိုင်စွမ်းမှာ ကြောက်မက်ဖွယ်ကောင်းသည့် အနေအထားတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်၏။ ထို့ကြောင့် ချက်ချင်းဆိုသလိုပဲ သူ၏ အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်စွမ်းရှိသည်။

ထို့ကြောင့် အောက်သို့ ပြုတ်ကျသွားခဲ့သည်ဆိုလျှင်တောင် တစ်ဖက်လူများ စိတ်ဆိုးဒေါသထွက်အောင် ရန်စနိုင်စွမ်း ရှိနေ သေး၏။ ဤကောင်လေးသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ မတူညီသည့် ဂြိုဟ်ကြီးနှစ်ခုဆီမှ သိုင်းကျင့်ကြံသူများသည် ချက်ချင်းပဲ ဒေါသထွက်သွားခဲ့ကြ၏။

“ဟမ့်”

သက်လတ်ပိုင်းလူက နှာခေါင်းရှုံ့လိုက်၏။ “မြေပေါ်မှာ သေချင်ယောင်ဆောင်မနေနဲ့ ထွက်ခဲ့စမ်း”

ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ပြီးနောက် လက်ဖျောက်တစ်ချက်ကို ပြန်တီးလိုက်၏။ ဤတစ်ကြိမ် မှာတော့ ရှောင်ကျီသည် သူ့အမှားကို နားလည်သွားခဲ့ပြီဖြစ်၏။ ချက်ချင်းပဲ ဂိုဏ်းချုပ်၏ အနောက်ဘက်ဆီသို့ ထိုင်ခုံတစ်လုံးအား ချပေးလိုက်သည်။ ကျွင်းချောင်ရှောင်းသည် ထိုထိုင်ခုံရှိသလားဆိုသည်ကို လက်နောက်ပြန် အသာစမ်းပြီးမှ ထိုင်ချလိုက်၏။ သူသည် လက်တစ်ဖက်တွင် ဆေးပြင်းလိပ်ကြီးကိုကိုင်၍ တစ်ခြားလက်တစ်ဖက် နှင့် မီးညှိလိုက်၏။

“မလောကြနဲ့လေ၊ အရင်ဆုံး အေးအေးဆေးဆေးနေပါအုံး” သူ့အနေနှင့် ဟန်ဆောင်နေခြင်း မဟုတ်ပေ။ များပြားလှသော ကျင့်ကြံသူများ၏ အားအင်အဆင့်ကို သုံးသပ်နေခြင်း သာ ဖြစ်တော့သည်။ သိုင်းနယ်မြေကျင့်ကြံသူနှစ်ယောက်တို့အပြင် သိုင်းအုပ်စိုးသူ သုံးဆယ်ကျော်တို့ ရှိသည်။

ကျွင်းချောင်ရှောင်းသည် ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ပြီးနောက် ပြောလိုက်သည်။ “ဒါက ပြဿနာကြီး မဟုတ်ဘူး”

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် လေထဲတွင်ရှိသော သိုင်းကျင့်ကြံသူများအား ဂရုစိုက် ကြည့်ရှုလျက်ရှိ၏။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ တိုက်ခိုက်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်လျက် ရှိနေတော့သည်။ ဤလူများသည် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲတွင်ရှိသော စိတ်ဝိညာဉ်သားရဲများထက် ပို၍ အားကောင်း လွန်းလှ၏။ ၎င်းတို့သာ တိုက်ခိုက်နိုင်မည်ဆိုပါက အလွန် စိတ်လှုပ်ရှားစရာ ကောင်းလှပေမည်။

ဂိုဏ်းချုပ်ကျွင်း၏ လမ်းညွှန်မှုအောက်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးသည် ကျိန်းသေပေါက် တိုက်ပွဲဆာလောင်သည့် သူများ အဖြစ်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ ၎င်းတို့သည် ဒုတိယမျိုးဆက်၏ သေလမ်းရှာသူများဟုပင် ဆိုရမည်။

မတူညီသည့် ဂြိုဟ်နှစ်ခုဆီမှ သိုင်းကျင့်ကြံသူများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းကျင့်ကြံသူများကို ကြည့်ရှုလိုက်ကြသည်။ ၎င်းတို့အားလုံး၏ အဆင့်သည် အနည်းဆုံး စဦးသိုင်းအုပ်စိုးသူအဆင့်သာ ရှိသည်ကို သိရှိ လိုက်ရသည့်နောက်မှာတော့ နှာခေါင်းကို ရှုံ့လိုက်မိကြသည်။

“ဂိုဏ်းချုပ်”

တင်းရှင်းဝမ်က ပြောလိုက်သည်။ “သူတို့ကို သတ်မယ်ဆိုရင် သီလအမှတ်တွေ ရရှိတဲ့အပြင် တည်နေရာကလည်း ပိုပြီးချဲ့ထွင်လာမှာလား”

“ဒါ အမှန်ပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

တင်းရှင်းဝမ်သည် အားရပါးရ ပြောလိုက်သည်။ “ဒါဆိုရင် ဘယ်အချိန်လောက် သတ်ကြမလဲ”

“အခုပေါ့”

လှိုင်းအဆောင်ကို ချိုးဖြတ်ထားသော တပည့်များအတွက် တစ်စက္ကန့်တိုင်းသည် ရွှေလိုပင် တန်ဖိုး ကြီးမားလွန်းလှ၏။ ထို့ကြောင့်ပင် ကျွင်းချောင်ရှောင်းသည် အချိန်ကို မဖြုန်းတီးချင်ပေ။ သူသည် အေးစက်သည့် အသံနှင့်အတူ လက်ကိုယမ်းခါက ပြောလိုက်၏။ “တပည့်တို့... ဒီကောင်တွေအားလုံးကို သတ်ပစ်လိုက်တော့”

“ကောင်းပါပြီ”

ရွှီ ရွှီ

ဝှစ်

All Chapters