တစ်ခုတည်းသောအကျိုးဆက်
Vol. 10 Ch. 121
"မင်းလုပ်နေတဲ့အရာရဲ့ အကျိုးဆက်တွေကို မင်းနားလည်ရဲ့လား"
ရေခဲနတ်ဆိုးသည် သူ့တပည့်ကို လွှတ်ပေးဖို့ တောင်းဆိုပြီးနောက်တွင်ပင် အာရန်သည် ဤကဲ့သို့ ဆက်လက်ပြုမူနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။
"အကျိုးဆက်တွေ ဟုတ်လား ငါသိတဲ့ တစ်ခုတည်းသော အကျိုးဆက်ကတော့ ငါအတွက် အလောင်းတစ်လောင်းအစား နှစ်လောင်းစာပိုပြီး မြှုပ်နှံရမှာမျိုး ဖြစ်သွားနိုင်တယ်ဆိုတာပဲ..."
အာရန်သည် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။
သူ၏ လည်ပင်းပတ်လည်ရှိ အစိမ်းရောင်လည်ဆွဲသည် ဖြည်းဖြည်းချင်း တောက်ပလာကာ သူ၏ ဓားဧကရာဇ်အော်ရာ နှင့်အတူ ပေါင်းစပ်မှုတစ်ခုကို ဖန်တီးလိုက်လေသည်။
အာရန်သည် သူ၏ ဘယ်ဘက်လက်ဖြင့် ရဲ့လန် ၏ လည်ချောင်းကို ဆုပ်ကိုင်ထားပြီး သူ၏ ညာဘက်လက်ထဲတွင်လည်း ဓားတစ်လက် ထွက်ပေါ်လာခဲ့လေသည်။
"မင်းကို ဝင်ခွင့်အခမ်းအနားမှာ တွေ့ကတည်းက ငါသတိထားမိနေတာ မင်းက တကယ် မောက်မာတဲ့သူပဲ မင်းကို ဘယ်သူမှ မရပ်တန့်ပစ်နိုင်တော့ဘူးလို့ တကယ်ပဲ မင်း ယုံကြည်နေတာလား"
ရေခဲနတ်ဆိုးသည် သူ၏ လက်ပတ်ပတ်လည်တွင် ရေခဲ့မှုန် အလွှာတစ်ခု စုရုံးလာစေရင်း မေးလိုက်သည်။
"အကြီးအကဲရန် မင်းမမေ့နဲ့ ငါက မင်းရဲ့ စီနီယာ
အကြီးတစ်ယောက်ပဲ မင်း ဒီဂိုဏ်းထဲကို မရောက်ခင်ကတည်းက ငါက တိုက်ကြီးတစ်ခုလုံးမှာ လူသိများခဲ့ပြီးသားလူတစ်ယောက်ပဲ ငါက မင်းကို အနိုင်မယူနိုင်ဘူးလို့များ မင်းကတကယ် ထင်နေတာလား"
ရေခဲနတ်ဆိုး၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး ထိုအပြာရောင် နက်ရှိုင်းသော မျက်လုံးများအတွင်း လူသတ်လိုသော ရည်ရွယ်ချက်တစ်ခုကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်လေသည်။
"မင်းကိုဒီလောက်ထိ ဒေါသထွက်သွားစေအောင် ငါ့တပည့်က ဘာတွေများလုပ်ခဲ့မိလဲဆိုတာကို ငါတကယ်မသိဘူး ဒါပေမယ့် အတိုင်းအတာတစ်ခုထက်တော့ ပိုမလာမိစေနဲနော် မင်းကို နောက်ဆုံးအကြိမ် သတိပေးမယ်... င့ါတပည့်ကို ခုလွှတ်လိုက်ပါ"
"င့ါတပည့်က မင်းတပည့်ကို သတ်ဖို့ ကြိုးစားခဲ့မယ်ဆိုရင်ကော မင်းက ငါ့တပည့်ကို လွှတ်ပေးမှာလား"
အာရန်သည် အေးစက်သောလေသံဖြင့် ပြန်မေးလိုက်ပြီး ရဲ့လန် ၏ လည်ပင်းကို ပို၍ တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်သည်။
နောက်ထပ် အားအနည်းငယ်စိုက်လိုက်ရုံဖြင့်ပင် အာရန်သည် ဤလူငယ်၏ လည်ပင်းကို ကြေမွသွားစေနိုင်မည့်ပုံ ပေါ်နေလေသည်။
'သူက တကယ်ကြီး ရူးနေတာပဲ ငါ့ဆရာကိုယ်တိုင် ဒီကိုရောက်လာပြီဆိုတော့ သူက ငါ့ကို လွှတ်ပေးလိမ့်မယ်လို့ ထင်ထာခဲ့တာ ဒါပေမယ့် ဒီစိတ္တဇအရူးကောင်က ငါ့ကို တကယ်ကြီး သတ်ပစ်ချင်နေတာပဲ'
ရဲ့လန်၏ မျက်နှာသည် စက္ကူပါးတစ်ရွက်ကဲ့သို့ ဖြူဖျော့သွားခဲ့လေသည်။
ရဲ့လန်သည် သူပြုမူမိခဲ့သောအကျိုးဆက်၏ ပြင်းထန်မှုကို သဘောပေါက်လိုက်သောအခါ သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်လာခဲ့လေသည်။
'စနစ်ရေ ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး ငါသေတော့မယ့်အချိန်မှာ အဲဒါကို အသုံးပြုလိုက်ပါ အချိန်တခဏလေးတောာင် မပိုမလိုစေနဲ့နော် ဖြစ်နိုင်ရင် ငါက အဲဒီအရာကို မဖြုန်းတီးပစ်ချင်ဘူး'
ရဲ့လန် သည် မည်သည့်ရလဒ်အတွက်မဆို ပြင်ဆင်ကာ သူ၏ စနစ်ကို ကြိုတင် အမိန့်ပေးထားခဲ့လေသည်။
[စိတ်မပူပါနဲ့ အဲဒါက အမြဲတမ်း အသက်ဝင်နေမှာဖြစ်တယ် မင်းမညွှန်ကြားရင်တောင် မင်းက သေလုမြောပါးဖြစ်နေတဲ့အချိန်ရောက်ရင် သူ့အလိုလို အသုံးပြုပေးသွားမှာဖြစ်တယ်]
စနစ်၏ မျက်နှာပြင်တစ်ခုသည် ရဲ့လန်၏ ရှေ့တွင် ပေါ်လာကာ သူ့အား အနည်းငယ်စိတ်သက်သာရာရစေခဲ့လေသည်။
ခဏတာအတွက် သူ၏ မျက်လုံးများအတွင်းမှ ကြောက်ရွံ့မှုများသည် ပျောက်ကွယ်သွားခဲ့ရလေသည်။
မည်သည့် ပေးဆပ်မှုမျိုးဖြင့်မဆို သူသည် ဤနေရာတွင် သေဆုံးရန် သူ့ကိုယ်သူ ခွင့်မပြုလိုက်နိုင်ပါ။
အကယ်၍ သူသည် ထိုအရာကို အသုံးပြုမိခဲ့လျှင် သူ၏ တစ်ခုတည်းသော အသက်ကယ် ရတနာကို ဖြုန်းတီးမိလိုက်သလိုဖြစ်သွားနိုင်သော်လည်း အနည်းဆုံးတော့ သူ၏ အသက်ကို ဆုံးရှုံးရခြင်းထက်စာလျှင် ပို၍ကောင်းနေသေးသည်မဟုတ်ပါလား။
"မင်းတပည့်ကို သတ်ဖို့ ကြိုးစားခဲ့တယ် ဟုတ်လား ဒီစွပ်စွဲချက်က မဆီလျော်ဘူးထင်တယ် င့ါတပည့်က မင်းတပည့်ကို ဘာကြောင့် အဲဒီလို လုပ်ရမှာလဲ"
ရေခဲနတ်ဆိုးက ယုံကြည်ရန် ခက်ခဲနေသော်လည်း အာရန်၏ လေးနက်သော အမူအရာကို မြင်လိုက်ရသောအခါ ဤသူမှာ သူ့အား လိမ်ညာနေခြင်း မဟုတ်ကြောင်းကို သိရှိလိုက်လေသည်။
'သူ့တပည့်က တကယ်ပဲ အဲဒီလို ကိစ္စမျိုးကို ကျူးလွန်ခဲ့တာလား သူနဲ့ ဝမ်ချင်းယုကြားမှာ ရန်ငြိုးအချို့များတကယ် ရှိနေခဲ့တာလား'
"င့ါတပည့်က မင်းတပည့်ကို သတ်ဖို့ ကြိုးစားမိခဲ့ရင်တောင် ဒါက တပည့်တွေကြားက ကိစ္စပဲလေ အကြီးအကဲတစ်ယောက်အနေနဲ့ တပည့်တွေရဲ့ ကိစ္စတွေထဲမှာ ဝင်ပါတာ မင်းက ရှက်စရာတစ်ခုလို့ မခံစားရဘူးလား"
"ရှက်စရာ ဟုတ်လား"
အာရန်သည် ရယ်မောလိုက်သော်လည်း သူ၏ မျက်လုံးများထဲမှ လူသတ်လိုသော ရည်ရွယ်ချက်မှာ ပို၍ပင် အားကောင်းလာခဲ့လေသည်။
"မင်းက နိုင်ငံတစ်ခုလုံးကို အေးခဲစေခဲ့ တုံးကကော မင်းကရှက်စရာလို့တွေးခဲ့မိဘူးလား အဲဒီနေ့မှာ အပြစ်မဲ့တဲ့ ကလေးဘယ်နှစ်ယောက်လောက်တောင် သေဆုံးသွားခဲ့မယ်ထင်လဲ"
"မင်း"
ရေခဲနတ်ဆိုးသည် ပြန်ပြောစရာစကားလုံးများပျောက်ရှသွားခဲ့ရလေသည်။
သူတို့သည် စိတ်ဆိုးသောအခါ မည်သူ့ကိုမျှ ဂရုမစိုက်တတ်သော မိစ္ဆာကျင့်ကြံသူများ ဖြစ်ကြသည်မှာ အမှန်ပင် ဖြစ်လေသည်။
သူသည် မရည်ရွယ်ဘဲနှင့်ပင် ဒေါသထွက်နေစဉ်၌ အပြစ်မဲ့ပြည်သူပေါင်းများစွာကို သတ်ခဲ့သည်မှာလည်း အမှန်ပင် ဖြစ်ခဲ့လေသည်။
"အဲဒါက မတူညီဘူးလေ သူတို့က အရေးမပါတဲ့ သာမန်သေမျိုးတွေပဲ ဒါပေမယ့် သူက-"
အာရန်က သူ၏စကားမဆုံးခင်မှာပင် ဝင်ဖြတ်ပြောလိုက်လေသည်။
"သူက မင်းတပည့်လေ အဲ့ဒါကြောင့် သူ့အသက်က အဲဒီသေမျိုးတွေထက် ပိုပြီး တန်ဖိုးရှိတယ် မင်းက အဲ့ဒီလိုပြောဖို့ ကြိုးစားနေတာမဟုတ်လား"
"အဲ့ဒါ အမှန်ပဲလေ ငါ့တပည့်တွေနဲ့ အဲဒီသောက်ရေးမပါတဲ့ သေမျိုးတွေကို ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ မင်းက သူတို့ထဲက သန်းပေါင်းများစွာလောက် သတ်ခဲ့ရင်တောင် ငါက စကားတစ်ခွန်း ဝင်ပြောမှာ မဟုတ်ဘူး ဒါပေမယ့် မင်းက ငါ့တပည့်ကို သတ်ဖို့ ကြိုးစားတဲ့အခါမှာတော့ ငါက လက်ပိုက်ကြည့်နေနိုင်မှာ မဟုတ်ဘူး"
"ဒါဆို လက်ပိုက်ကြည့်မနေနဲ့လေ အဲဒီလို ဖြစ်ဖို့ တကယ်လိုအပ်မယ်ဆိုရင်လည်း ငါက ဒီဂိုဏ်းထဲက အရေးမပါတဲ့ အကြီးအကဲတစ်ယောက်ကိုပါ ထာ၀ရ ပျောက်ကွယ်သွားအောင် လုပ်ပေးလိုက်ရုံပဲရှိတာပေါ" ဟု အာရန်က ပြန်ပြောလိုက်လေသည်။
အာရန်၏ ဓားဧကရာဇ်အော်ရာသည် သူ၏ ဘေးပတ်လည်က နေရာလွတ်များကိုပင် ပုံပျက်သွားစေခဲ့လေသည်။
"လုပ်လိုက်လေ ငါ့ကိုလာတိုက်ခိုက်လိုက်စမ်းပါ..."
ရေခဲနတ်ဆိုးသည် ဒေါသအလွန်ထွက်နေခဲ့သော်လည်း သူသည် တိုက်ခိုက်ရန်မရွေးချယ်ခဲ့ပေ။
သူ၏ တပည့်သည် အာရန်၏ လက်ထဲတွင် ရောက်ရှိနေခြင်းဖြစ်လေသည်။
သူသည် တိုက်ပွဲတစ်ခုကို စတင်ပြီးနောက် သူ၏တပည့်မှာ သေဆုံးသွားခဲ့ရမည်ဆိုပါက ယင်းတိုက်ပွဲသည် သူ့အတွက်မည်သည့်အကျိုးအမြတ်မျှ ရရှိနိုင်မည်မဟုတ်ပါ။
သူသည် ထိုတိုက်ပွဲကို အနိုင်ရခဲ့လျှင်ပင် သူ၏ တပည့်မှာ သေဆုံးသွားမည် ဖြစ်လေသည်။
ဒါပေမယ့် သူသာ ရှုံးနိမ့်ခဲ့လျှင်မူ သူပင်လျှင် သေဆုံးသွားနိုင်ပေသေးသည်။
အခြေအနေနှစ်ခုလုံးတွင်ပင် သူသည် ဤတိုက်ပွဲအား ဆင်နွဲလိုက်ခြင်းဖြင့် မည်သည့် အကျိုးကျေးဇူးကိုမျှ ရရှိရန်မမြင်နိုင်ခဲ့ပါ။
ပထမတွင် သူသည် အကြီးအကဲရန်အား ကြောက်လန့်စေကာ သူ၏ တပည့်ကို လွှတ်ပေးစေနိုင်လိမ့်မည်ဟု တွေးထားမိခဲ့လေသည်။
သူ၏ တပည့်သာ အာရန်၏ လက်တွင်းမှ လွတ်မြောက်နိုင်သရွေ့ သူသည် မည်သည့်အရာကိုမျှ စိုးရိမ်ရန် မလိုအပ်ပေ။
ထို့နောက် တိုက်ပွဲတစ်ခု ဖြစ်လာခဲ့လျှင်ပင် သူသည် တည်ငြိမ်စွာ ကိုင်တွယ်နိုင်ဦးမည်ဖြစ်သည်။
သို့သော် လောလောဆယ်အခြေအနေမှာ ထိုသို့ မဖြစ်လာခဲ့ပါ။
"မင်း..... ငါ့တပည့်က အမှားတစ်ခု လုပ်ခဲ့မိတယ် ငါက မင်းတပည့်ကို လျော်ကြေးပေးလိုက်မယ် ငါ့တပည့်က သူမအနားကို နောက်ဘယ်တော့မှ ချဉ်းကပ်မှာ မဟုတ်ဘူးလို့ ငါကတိပေးတယ် ငါက သူ့ကို ငါကိုယ်တိုင်လည်း အပြစ်ပေးလိုက်ပါ့မယ် ဒါပေမယ့်... သူ့ကိုတော့ မသတ်ပါနဲ့"
စိတ်ပင်ပမ်းသွားသည့်အလားအကြီးအကဲလီသည် သက်ပြင်းတစ်ချက်ချကာ သူ၏ ရေခဲအော်ရာကို ပြန်ရုပ်သိမ်းလိုက်လေသည်။
သူသည် ရှားပါးအဆင့် ရတနာဓားတစ်လက်ကို ထုတ်ယူလိုက်လေသည်။
"ဒါက သွေးမိစ္ဆာဓားပဲ ငါက လေလံပွဲတစ်ခုကနေ ဝယ်ခဲ့တာ အစက ငါ့တပည့်ကို ပေးဖို့ စီစဉ်ထားခဲ့တာပဲ ဒါပေမယ့် မင်းတပည့်ကို တောင်းပန်တဲ့အနေနဲ့ ဒါကိုပေးလိုက်ပါ့မယ်"
သူသည် ထိုဓားအား ချီတုံချတုံဖြစ်နေပုံရသော ဝမ်ချင်းယုထံသို့ ပစ်ပေးလိုက်လေသည်။
သူမသည် သူမ၏ ဆရာကို ပြန်လှည့်ကြည့်လိုက်ကာ ထိုအရာကို ယူသင့်မယူသင့် အကြံဉာဏ်တောင်းခံလိုက်လေသည်။
သို့သော် သူမ မဆုံးဖြတ်နိုင်ခင်မှာပင် ရေခဲနတ်ဆိုးသည် ထိုဓားကို သူမ၏ လက်အတွင်းသို့ ပေးအပ်ကာ နောက်သို့ ဆုတ်သွားခဲ့လေသည်။
ရဲ့လန်၏ အမူအရာများသည် ပိုမို၍ မှောင်မိုက်လာခဲ့လေသည်။
ယင်းက သူ့ကို ပေးအပ်ရန် ရည်ရွယ်ထားခဲ့သော ရတနာဓား ဖြစ်လေသည်။
သို့သော် ယခုတွင်မူ ထိုဓားမှာ ဤအမျိုးသမီးကို ပေးအပ်လိုက်သည်တဲ့လား။
သူသည် ဤတာဝန်မှ မည်သည့်အရာကိုမျှမရရှိရုံမက သူကြိမ်းသေရမည်ဖြစ်သည့် တစ်စုံတစ်ခုကိုပင် ဆုံးရှုံးခဲ့ရလေသည်။
"ဒါက တောင်းပန်ခြင်းအတွက် လုံလောက်တယ်လို့ ငါယုံကြည်တယ် ငါက င့ါတပည့်ကို အပြစ်ပေးရုံတင်မကပဲ မင်းတပည့်ကိုလည်း ဆုချီးမြှင့်ပေးခဲ့တယ် မင်းက... သူ့ကို အခု လွှတ်ပေးလို့ရပီမဟုတ်လား"
"ဒါက မလုံလောက်သေးဘူး..."
"မင်းက ဘာကို နောက်ထပ် လိုချင်နေသေးတာလဲ"
ရေခဲနတ်ဆိုးသည် မျက်မှောင်ကြုတ်သွားလိုက်လေသည်။
သူသည် ထိုမျှတောင်းပန်နေသည့်အပြင် ဆုလာဘ်တစ်ခုအနေနှင့်ဆိုလျှင်လည်း အတိုင်းအတာတစ်ခုထက် ကျော်လွန်သောအရာတစ်ခုကိုပေးပြီးခဲ့ပြီမဟုတ်လား။
သို့သော် ယခု ဤလူသည် ပို၍ပင် ထပ်မံလိုချင်နေသေးသည်တဲ့လား။
သူက တကယ်ပဲ တိုက်ပွဲတစ်ခုကို စတင်ချင်နေတာလား။