တမလွန်အတွက်နေရာကောင်းလေး
Vol. 10 Ch. 122
“ငါ့တပည့်ကို တစ်စုံတစ်ယောက်က သတ်ဖို့ ကြိုးစားခဲ့တယ် မင်းက အပြစ်ပေးတာကို ဆုံးဖြတ်ရမယ့်သူ ဖြစ်မယ်လို့ ဘာကြောင့် တွေးနေခဲ့တာလဲ”
အာရန်က အာဏာသံအပြည့်ဖြင့် ပြန်မေးခွန်းထုတ်လိုက်သည်။
“ဒါပေမယ့် ဟိုဓားတောင်ပေး....”
ရေခဲနတ်ဆိုးသည် စကားဆက်ပြောရန် ကြိုးစားခဲ့သော်လည်း အာရန်၏ ဝင်ရောက်ဖြတ်ပြောခြင်းကြောင့် ရုတ်တရက် တိတ်ဆိတ်သွားခဲ့ရသည်။
“ဓားက မင်းတပည့်အတွက် တောင်းပန်ခြင်း မဟုတ်ဘူး မင်းတပည့်ကို ကောင်းကောင်းသင်ကြားပေးမှု ပျက်ကွက်ခဲ့တဲ့အတွက် မင်းအတွက် တောင်းပန်ခြင်းအနေနဲ့သာ ဖြစ်တယ်”
အာရန်သည် စိတ်ပျက်ခြင်းနှင့်အတူ ဆုံးမခြင်းလေသံအနည်းငယ် ရောနှောနေသည့်ဟန်ဖြင့် ပြန်ပြောလိုက်လေသည်။
အခြားမည်သည့် အခြေအနေတွင်မဆို သူ၏ ယခုပြောဆိုပေါက်နှင့်ဆိုပါက မည်သူမဆို ဒေါသအကြီးအကျယ်ထွက်၍ သူ့အားသတ်ဖြတ်ရန်ပင် ကြိုးစားမိလိမ့်မည် ဖြစ်လေသည်။
သို့သော် ဤအခြေအနေတွင်မူ ရေခဲနတ်ဆိုးသည် သူ၏တပည့်အား ဆုံးရှုံးရန် မလိုလားခဲ့လျှင် ထိုသို့သော ဒေါသထွက်ခွင့်ပင် ရှိမနေခဲ့ပေ။
ပုံမှန်အားဖြင့် ရေခဲနတ်ဆိုးသည် သူ့၏ တပည့်များအပေါ် ဤမျှလောက် ဂရုမစိုက်ပေ။
သို့သော် ရဲ့လန်၏ ကျင့်ကြံခြင်းအမြန်နှုန်းသည် သူ့ကိုပင် အံ့အားသင့်စေခဲ့လေသည်။
သူသည် ပြင်ပအကူအညီအချို့ ရှိနေသည့်အလား အချိန်တိုလေးအတွင်းမှာပင် တကယ်ကို ကျင့်ကြံရန်ခက်ခဲသော စွမ်းရည်အချို့ကိုပင် ကျွမ်းကျင်စွာ တတ်မြောက်နိုင်ခဲ့သူဖြစ်လေသည်။
ရေခဲနတ်ဆိုးသည် စနစ်၏ တည်ရှိမှုကို သိမနေခဲ့သောကြောင့် သူ၏ မျက်လုံးများတွင် ယင်းသည် စစ်မှန်သော အရည်အချင်း တစ်ခုသာ ဖြစ်လေသည်။
ဤသို့ယူဆမိထားသော ထိုအရည်အချင်းများကြောင့်သာ ရေခဲနတ်ဆိုးသည် သူ၏ ထိုတပည့်သစ်ကို ဤမျှလောက် အာရုံစိုက်နေခဲ့ခြင်းဖြစ်လေသည်။
သူသည် သူ့အခြားတပည့်များကို မည်သည့်အခါမျှမပေးခဲ့ဖူးသော ဆက်သွယ်ရေးရတနာကိုပင် ရဲ့လန်အား ပေးအပ်ခဲ့ခြင်းဖြစ်လေသည်။
သူ့တပည့် ရဲ့လန်သည် သူ၏ ထိုအရည်အချင်းများဖြင့်ဆိုပါက ဤတိုက်ကြီး၏ အားအကောင်းဆုံး ကျင့်ကြံသူတစ်ဦး အနာဂါတ်တွင် ဖြစ်လာနိုင်ကြောင်းကို သူသည် ယုံကြည်ထားမိခဲ့လေသည်။
ရဲ့လန်အတွက်မူ ယင်းသည် အချိန်တစ်ခုသာလိုအပ်နေခြင်း ဖြစ်လေသည်။
သို့သော်လည်း ၎င်းသည် အချိန်မတိုင်ခင်သေဆုံးသွားချင်းမျိုးမဖြစ်မှသာလျင် အနာဂါတ်တွင် ဖြစ်နိုင်မည့်အရာ ဖြစ်ပေသည်။
ဘာပဲဖြစ်ဖြစ် ရေခဲနတ်ဆိုးသည် သူ၏ တပည့်ကို ဆုံးရှုံးရန် မလိုလားသောကြောင့် သူ၏ ဒေါသများကို ပြန်လည်ထိန်းချုပ်ထားခဲ့ရလေသည်။
ကံကောင်းစွာဖြင့် ဤမြင်ကွင်းမျိုးကိုမြင်တွေ့ရန် အခြားမည်သူမျှ ဤနေရာတွင် ရှိမနေခဲ့ကြပေ။
သို့မဟုတ်ပါက ၎င်းတို့သည် ရေခဲနတ်ဆိုး၏ ဤကဲ့သို့ ဆက်ဆံခံနေရသည့် မြင်ကွင်းကို မြင်ခဲ့ရပါက လွန်စွာအံ့အားသင့်သွားကြလိမ့်မည် ဖြစ်လေသည်။။
သွေးနတ်နတ်ဘုရားမကျန်းဝေ ပြီးနောက်တွင် ရေခဲနတ်ဆိုးသည် ဤဂိုဏ်း၏ လူသိအများဆုံး အကြီးအကဲတစ်ဦးလည်း ဖြစ်ခဲ့လေသည်။
သို့သော် ယခုမှာမူ ဤဂိုဏ်းသို့ရောက်သည်မှာ တစ်နှစ်ပင်မပြည့်သေးသော အကြီးအကဲသစ်တစ်ဦးက သူ့ကို ဆူပူနေခဲ့သည်တဲ့လား။
“အဲဒီလိုဆိုရင် မင်းက သူ့ကို ဘယ်လို အပြစ်ပေးစေချင်နေတာလဲ”
ရေခဲနတ်ဆိုးသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ သူ့ကိုယ်သူ ပြန်လည်တည်ငြိမ်အောင် ကြိုးစားလိုက်လေသည်။
သူသည် ဤကဲ့သို့ အခြေအနေမျိုးတစ်ခါမျှ မကြုံဘူးခဲ့ပေ။
အာရန်၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုရေးရေးလေး ပေါ်လာခဲ့သော်လည်း ယင်းသည် မည်သူမျှ သတိမထားမိလောက်အောင်ပင် သိမ်မွေ့လွန်းနေခဲ့သည်။
အာရန်သည် ဒေါသအလွန်ထွက်နေကြောင်းသိသာနေသော်လည်း သူ၏ ထိုဒေါသများကို မဖော်ပြမိစေရန် အတတ်နိုင်ဆုံး ကြိုးစားနေသော အဓိကဇာတ်ကောင်ကို ကြည့်လိုက်မိသည်။
ရဲ့လန်သည် သူ၏ နောက်ဆုံး အသက်ကယ်ရတနာကြောင့် သူသည်သေနိုင်ဦးမည် မဟုတ်မှန်းသိသော်လည်း ဖြစ်နိုင်လျှင် သူသည် ၎င်းကို အသုံးပြုရန် မလိုလားနေခဲ့ပေ။
‘သူ့ကို ပြန်ကြည့်စမ်းပါဦး သူ့မျက်လုံးတွေထဲမှာ ကြောက်ရွံ့မှုတွေ ရှိမနေဘူး ငါသာ ဒီဝတ္ထုကို ကြိုမဖတ်ထားမိခဲ့ရင် သူက သေခြင်းတရားကို ရင်ဆိုင်နေရတာတောင် ရဲရင့်နေနုင်သေးတယ်လို့ တကယ်ကြီး တွေးမိခဲ့မှာပဲ’
‘သူသာ သူ့စနစ်ကို ပထမဆုံး နိုးထစေတဲ့အချိန်တုံးက ရရှိခဲ့တဲ့ အရာတစ်ခုအကြောင်းကို ငါမသိနေခဲ့ရင် သူ့ကို တကယ် သတ်ဖို့ ကြိုးစားမိလိမ့်မယ်ထင်တယ် ဒါပေမယ့် ငါက အဲဒီလို လုပ်ခဲ့ရင် သူက သေလုမြောပါးဖြစ်သွားတဲ့အချိန်ရောက်ရင် အဲဒီအရာက သူ့ဘာသာသူ အလိုလို အသက်ဝင်လာလိမ့်မယ်’
‘ဘယ်လောက် စိတ်အနှောင့်အယှက်ပေးလိုက်တဲ့ ရတနာမျိုးလဲ အဲ့ဒါသာ အသက်ဝင်သွားခဲ့ရင် သူက ဟင်းလင်းပြင်စွမ်းအား သက်ရောက်မှု အကူအညီနဲ့ အခြားတိုက်ကြီးတစ်ခုထဲကို ပို့ဆောင်ခံရလိမ့်မယ် အဲဒီအချိန်ကျရင် ငါတောင် သူ့ကို ရှာတွေ့နိုင်တော့မှာမဟုတ်ဘူး ငါသာသူ့ကို ခုချိန်ဆုံးရှုံးသွားခဲ့ရင် ငါ့အတွက် အနာဂါတ်မှာ အရာရာဟာ ပို၍ အခက်အခဲဖြစ်စေနိုင်လိမ့်မယ်’
‘ဒါပေမယ့် မင်းက တကယ် မလုပ်သင့်တဲ့ အရာတစ်ခုကို လုပ်ခဲ့တယ် ပထမတော့ ငါက မင်းနဲ့ တတ်နိုင်သမျှ ဝေးဝေးနေချင်ခဲ့တယ် မင်းဆီက အခွင့်အရေးတိုင်းကို ခိုးယူတာကလွဲ၍ မင်းနဲ့ ဘာမှ မပတ်သက်ချင်နေခဲ့ဘူး’
‘ဒါပေမယ့် မင်းက ဒီလောက်ထိတောင် လာပြီး င့ါကို အနှောင့်အယှက်ပေးတဲ့ ပိုးကောင်တစ်ကောင် ဖြစ်ချင်နေမှတော့ ငါကလည်း မင်းကို ကောင်းကောင်းပြန် အသုံးချပေးရမှာပေ့ါ ဟင့် ငါ့ရဲ့ ချစ်လှစွာသော အဓိကဇာတ်လိုက်လေးရေ...’
အာရန်သည်စိတ်ထဲတွင်တွေးနေမိခဲ့လေသည်။
ရဲ့လန် သည် သူ့အား စိုက်ကြည့်နေသော အာရန်ကို ပြန်ကြည့်လိုက်သည်။
ဘာကြောင့်မှန်းမသိသော်လည်း ရုတ်တရက် သူ၏ နှလုံးသား မှ အနက်ရှိုင်းဆုံးနေရာတွင် မကောင်းသော ခံစားချက်တစ်ခု စတင်ပေါ်ပေါက်လာခဲ့လေသည်။
ယင်းသည် သားရဲကြီးတစ်ကောင်မှ သူ့အား တစ်ကိုယ်လုံးကို ဝါးစားပစ်ရန် စောင့်ဆိုင်းနေသည့်အလားပင် ဖြစ်နေခဲ့လေသည်။
“သူ့အတွက်ထိုက်သင့်တဲ့အပြစ်ဒဏ်ကို ငါ ဆုံးဖြတ်ပြီးသွားပြီ ပထမဦးဆုံး သူက ငါ့တပည့်ကို အရင်တောင်းပန်ရမယ် ဒုတိယတစ်ခုကတော့ ...” အာရန်သည် သူ၏စကားကို ခဏတာ ရပ်တန့်လိုက်ပြီး တစ်ချက်ပြုံးလိုက်လေသည်။
“ဂိုဏ်းချုပ်က ငါ့အတွက် အရေးကြီးတဲ့ အလုပ်တာဝန်တစ်ခုကို ပေးအပ်ထားခဲ့တယ် အဲဒီတာဝန်အတွက် ငါက တပည့်တွေကို ဦးဆောင်ရဖို့ရှိတယ်”
“မင်းက ငါ့တပည့်ကို အဲဒီထဲမှာ ပါဝင်စေချင်တာလား”
ရေခဲနတ်ဆိုးက ပြန်မေးလိုက်သည်။
“သူ့ကို ငါနဲ့အတူ လိုက်ပါစေချင်ပေမယ့် အခြားပါဝင်မဲ့ တပည့်တွေအနေနဲ့တော့ မဟုတ်ဘူး” အာရန်က ပြန်ဖြေလိုက်သည်။
“သူ့ရဲ့ ဒုတိယမြောက် အပြစ်ဒဏ်အနေနဲ့ သူက ဤခရီးစဉ်အတွင်းမှာ ငါ့ကို အစေခံတစ်ယောက်အနေနဲ့ အမှုထမ်းပေးရလိမ့်မယ်”
“ငါက ငါ့အတွက် အသေူအဖွဲကိစ္စအချို့ကို ဂရုစိုက်ပေးမယ့် တစ်စုံတစ်ယောက်ကို တကယ် လိုအပ်နေခဲ့တယ် ဒီခရီးစဉ်အဆုံးအထိ သူက ငါ့ရဲ့ ကိုယ်ပိုင် အစေခံတစ်ဦးအဖြစ်နေသွားပေးရလိမ့်မယ်”
“မင်း”
ရေခဲနတ်ဆိုးသည် အာရန်က ဂိုဏ်းအတွက် တာဝန်တစ်ခုတွင် ပါဝင်ရန် သူ့တပည့်ကို လိုချင်ခဲ့သည်ဟု တွေးမိခဲ့သော်လည်း သူက ၎င်းကို အစေခံတစ်ဦးအနေဖြင့်သာ လိုချင်နေခဲ့သည်တဲ့လား။
အာရန်သည် အခြားအကြီးအကဲတစ်ဦး၏ ကိုယ်ပိုင်တပည့်တစ်ဦးကို သာမန်အစေခံတစ်ဦးအနေဖြင့် အသုံးချလိုနေရသည့် အကြောင်းရင်းကို သူနားမလည်နိုင်ခဲ့ပေ။
ယင်းသည် သူ့ကို အရှက်ခွဲရန် ကြိုးပမ်းမှုတစ်ခုပင်မဟုတ်ပါလား။
“မင်းမှာ ဒီအပြစ်ပေးခြင်းကို လက်ခံဖို့ ရွေးချယ်ခွင့် ရှိတယ် ဒါမှမဟုတ် ငါတို့က ပိုကြမ်းတမ်းတဲ့ လမ်းစဉ်တွေကို ရွေးချယ်နိုင်တယ်”
အာရန်သည် ရန်လိုနေသောအသံဖြင့် အကြံပြုခဲ့လေသည်။
“ဒီတောင်ရဲ့ အရွယ်အစားကို ထည့်စဉ်းစားကြည့်မယ်ဆိုရင် မင်းတို့နှစ်ယောက်စလုံးကို မြှုပ်နှံပေးဖို့ သင့်လျော်တဲ့ နေရာတစ်ခုကို ရှာတွေ့နိုင်မယ်လို့ ငါယုံကြည်ထားတယ်”
“ဘယ်နေရာကို မင်းပိုပြီး နှစ်သက်လဲ တောင်ထိပ်လား၊ ဒါမှမဟုတ် တောက်အောက်ခြေလား င့ါအမြင်အရဆိုရင်တော့ တောင်ဘက်ခြမ်းက တော်တော် ဆွဲဆောင်မှုရှိတယ်လို့ ထင်မိတယ် နောင်ဘဝမှာ မင်းက နေဝင်ချိန်ရဲ့ အံ့သြဖွယ် မြင်ကွင်းတစ်ခုကို နေ့တိုင်းမြင်တွေ့ခွင့်ရရှိလိမ့်မယ်” ဟု ကောက်ကျစ်သောအပြုံးတစ်ခုဖြင့် ပြန်ပြောလိုက်လေသည်။
“မင်းအရမ်းလွန်မလာနဲ့နော်”
ရေခဲနတ်ဆိုးက ဒေါသတကြီးဝင်ပြောလိုက်လေသည်။
“မင်းတပည့်က ငါ့တပည့်ကို သတ်ဖြတ်ဖို့ ကြိုးစားတဲ့အချိန်မှာတင် ငါ့အတွက် ‘လွန်တယ်’ ဆိုတဲ့ အချက်ကို ကျော်သွားခဲ့ပြီးသား ဖြစ်သွားပြီ ခုလိုဆက်ဆံတာက လည်း ငါ့ရဲ့ သဘောထားကြီးတဲ့ ငဲ့ညှာမှုတစ်ခုကိုပြသတာ ဖြစ်တယ် ဒါပေမယ့် မင်းက ငြင်းဆန်နိုင်ပါတယ် ငါက မင်းကို အတင်းအကျပ် မလုပ်ခိုင်းပါဘူး ငါက မကောင်းတဲ့နတ်ဆိုးတစ်ကောင် မဟုတ်ဘူးလေ”
အာရန်၏ အပြစ်ကင်းသော အမူအရာနှင့် သူ၏ စောင်းမြောင်းသော စကားလုံးများသည် ရေခဲနတ်ဆိုးအား ပို၍ပင် ဒေါသထွက်သွားစေခဲ့လေသည်။
သူသည် သူ၏ ဒေါသကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့ရသည်။
အာရန်သည် အကြီးအကဲလီမှ သူ၏ လက်သီးများကို မြေပြင်ပေါ်သို့ သွေးစက်များ ကျဆင်းလာသည်အထိ တင်းတင်းကျပ်ကျပ်ဆုပ်ထားသည်ကိုပင် မြင်နိုင်ခဲ့လေသည်။
ဤသွေးစက်များအားလုံးသည် ကြမ်းပြင်ကို မထိခင်မှာပင် အေးခဲသွားပြီး နောက်ဆုံးတွင် သွေးအစအနများစွာအဖြစ် ကွဲအက်သွားခဲ့လေသည်။
အာရန်သည် ရေခဲနတ်ဆိုး၏ ဒေါသကို ဂရုမစိုက်ဘဲ ရှေ့သို့ တိုးလာခဲ့လေသည်။
“မင်းသိတဲ့အတိုင်း ငါက သည်းခံနိုင်စွမ်း သိပ်မရှိဘူး သုံးအထိ ရေပြီးတဲ့အခါ ဒီရိုင်းစိုင်းတဲ့ တပည့်ရဲ့ လည်ပင်းကို င့ါလက်နဲ့ ကြေမွပြီးသားဖြစ်သွားလိမ့်မယ်”
#Catfoot