← Chapters

မာနတရားရဲ့ စစ်မှန်သော အနှစ်သာရ

Vol. 10 Ch. 124

မာနတရားရဲ့ စစ်မှန်သော အနှစ်သာရ

Vol. 10 Ch. 124

အာရန်သည် မိစ္ဆာဂိုဏ်းတွင် အရေးအပါဆုံး နေရာများထဲမှ တစ်ခုဖြစ်သော အဂ္ဂိရတ်ခန်းမရှေ့တွင် ဆင်းသက်လိုက်သည်။

ယင်းသည် ဂိုဏ်းအတွင်းအသုံးပြုရန်အတွက် ကောင်းကင်အဆင့် ဆေးဝါးအများစုကို ဖန်တီးပေးသော နေရာလည်း ဖြစ်လေသည်။

ယင်းသည် ဂိုဏ်း၏ အဂ္ဂိရတ်ပညာရှင်များ လာရောက်၍ မိမိတို့ကိုယ်ကို လေ့ကျင့်နိုင်သော နေရာတစ်ခုလည်း ဖြစ်လေသည်။

ရဲ့လန် သည် ဤနေရာသို့ တစ်ခါက သူ့ဆရာ၏ စေလွှတ်မှုကြောင့် တစ်ခေါက်ရောက်ခဲ့ဘူးသည်ကို ချက်ချင်း မှတ်မိလိုက်လေသည်။

သူ့ဆရာသည် ဤနေရာသို့ ကိုယ်တိုင် ဘယ်တော့မှ လာလေ့မရှိဘဲ တစ်စုံတစ်ခုကို ဝယ်ယူရန် လိုအပ်သည့်အခါတိုင်း တပည့်များကိုသာ စေလွှတ်လေ့ရှိလေသည်။

အာရန်သည် အဘယ်ကြောင့် သူ့အား ဤနေရာသို့ ခေါ်လာခဲ့သည်ကို နားမလည်နိုင်အောင်ဖြစ်သွားရလေသည်။

၎င်းတို့သည် ဂိုဏ်းချုပ်၏ ပေးအပ်ထားသောတာဝန်တွင် အသုံးပြုရန်အတွက် ဆေးဝါးအချို့ကို ဝယ်ယူရန် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်နေမလားဟု တွေးမိလိုက်သည်။

အဂ္ဂိရတ်ခန်းမ၏ အဝင်ဝတွင် ရပ်နေသော အစောင့်များသည် အာရန်ကို မသိရှိကြပါ။

ဂိုဏ်းထဲရှိ လူတိုင်းသည် အကြီးအကဲရန်မှာ သူ၏ ဖီးနစ်ကိုယ်ပေါ်တွင်သာလိုက်ပါ၍ အမြဲတစေ ခရီးသွားလေ့ရှိသောကြောင့် ယခုကဲ့သို့ လမ်းလျောက်ဝင်လာသူတစ်ဦးမှာ အကြီးအကဲရန်ဖြစ်နေလိမ့်မည်ဟု မည်သူကမျှ ဆက်စပ်၍ မတွေးမိကြခြင်းလည်း ဖြစ်လေသည်။

၎င်းတို့သည် အာရန်ဝတ်ဆင်ထားသော အကြီးအကဲ ဝတ်ရုံကို မြင်လိုက်သဖြင့် သူသည် ဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်ကြောင်းကို နားလည်လိုက်ကြလေသည်။

ဒါပေမယ့် သူသည်မည်သည့်အကြီးအကဲဖြစ်မည်နည်း။

ဤနေရာသို့ ယခင်က တစ်ကြိမ်တစ်ခါမျှ ရောက်မလာခဲ့သော အကြီးအကဲများစွာ ရှိခဲ့သောကြောင့် ၎င်းတို့သည် ၎င်းကို သေချာမသိရှိနိုင်ကြပါ။

“မင်းက ဘာကိုပဲ ကြားရကြားရ ငါပြောခွင့်မပေးမချင်း စကားပြန်မပြောပါနဲ့” အာရန်သည် အဂ္ဂိရက်ခန်မ အဝင်ဝသို့ လျောက်လာရင် ရဲ့လန်အား သတိပေးလိုက်လေသည်။

အစောင့်များသည် တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသည်။

၎င်းတို့ထဲမှ တစ်ဦးက “ဂါရဝပြုပါတယ် အကြီးအကဲခင်ဗျာ အကြီးအကဲရဲ့ နာမည်ကိုများသိခွင့်ရှိမလား” ဟု မေးလိုက်သည်။

“လီဟောင်ရန်” အာရန်က ပြန်ဖြေလိုက်သည်။

“ဒါက ငါ့တပည့် ရဲ့လန်ပါ အခု ဖယ်ပေးလို့ရပီလား”

“အာ ဒါက ဟုတ်တယ် သူ့ကို ငါမှတ်မိပြီ”

အစောင့်များထဲမှ တစ်ဦးက ရုတ်တရက် ထပြောလိုက်လေသည်။

“သူက လွန်ခဲ့တဲ့ လအနည်းငယ်က ဒီနေရာကို လာခဲ့ပြီး အကြီးအကဲလီရဲ့ တပည့်ရင်းဖြစ်တယ်လို့ ပြောခဲ့တယ် သူက တရားဝင် လက်မှတ်ကိုတောင် ပိုင်ဆိုင်ထားခဲ့တယ် ငါက ဘယ်လိုလုပ်ပြီး မေ့နိုင်မှာလဲ”

အစောင့်များက ဖယ်ပေးလိုက်ကြကာ အာရန်နှင့် ရဲ့လန်တို့အတွက် လမ်းကြောင်းတစ်ခုကို ရှင်းပေးလိုက်ကြလေသည်။

ရဲ့လန်သည် အာရန်အား ထူးဆန်းစွာ စိုက်ကြည့်နေခဲ့လေသည်။

ဘာကြောင့် အကြီးအကဲရန်သည် သူ၏ ဆရာအဖြစ် ဟန်ဆောင်နေခဲ့ရသနည်း။

သူသည်မည်သည့်အရာများကို ကြံစည်နေခဲ့သနည်း။

သူက ဤနေရာကို ဝင်ချင်ရုံသာ ဖြစ်ခဲ့ပါလျှင် သူ၏ ကိုယ်ပိုင်နာမည်ကိုလည်း အသုံးပြုနိုင်သည်မဟုတ်ပါလား။

“အကြီးအကဲလီ ကို အနှောက်အယှက်ဖြစ်သွားစေတဲ့အတွက် တောင်းပန်ပါတယ် ပုံမှန်အားဖြင့် ကျွန်တော်တို့က အကြီးအကဲတွေကို မေးခွန်းထုတ်လေ့မရှိပါဘူး အဂ္ဂိရတ်ခန်းမမှ အကြီးအကဲတစ်ဦးကို မကြာသေးခင်ကမှ တားမြစ်မိန့်ထုတ်ထားတဲ့အတွက်ပါ ဒါကြောင့် ကျွန်တော်တို့မှာ အခြားရွေးချယ်စရာ မရှိခဲ့ပါဘူး”

အာရန်သည် အစောင့်များ၏ ဘေးတွင် ခဏရပ်လိုက်ခဲ့သည်။

၎င်းတို့က မည်သည့်အကြီးအကဲအကြောင်း ပြောနေသည်ကို သူသိပြီးသား ဖြစ်သော်လည်း မဟာအကြီးအကဲ ဇီယာသည် ဤမျှလောက် မြန်ဆန်စွာပြုလုပ်လိုက်သည်ကို သူအတော်လေး အံ့အားသင့်ခဲ့သည်။

“ငါမမှားဘူးဆိုရင် အကြီးအကဲရန် ဖြစ်ရမယ်” ဟု အာရန်က ပြောလိုက်သည်။

“ဒါက မှန်တယ် ဒါပေမယ့် အကြီးအကဲက ဘယ်လိုလုပ် သိနေတာလဲ” အစောင့်များက အံ့အားသင့်သွားခဲ့ကြလေသည်။

အဂ္ဂိရတ်ခန်းမမှ လူများသာ ယင်းအကြောင်းကို သိထားကြခြင်းဖြစ်ပြီး မည်သူမျှ ယင်းသတင်းကို ပေါက်ကြားစေမိသည်အထိ မိုက်မဲကြလိမ့်မည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေ တားမြစ်မိန့်ထုတ်ခံထားရသောသူသည် ဂိုဏ်း၏ အကြီးအကဲ တစ်ဦးပင် ဖြစ်နေသေးသည်မဟုတ်ပါလား။

“အဂ္ဂိရတ်ခန်းမသခင်က ငါ့ကို ပြောခဲ့တာပါ ရပါတယ်ကိစ္စမရှိပါဘူး မင်းတို့သာ သတိထားပြီး အကြီးအကဲရန်ကို ဒီကိုဝင်ခွင့်မပြုမိဖို့ သေချာအောင် စောင့်ကြပ်ထားကြပါ”

အာရန်သည် အစောင့်များ၏ ပခုံးများကို ပုတ်ပေးလိုက်ကာ ၎င်းတို့ကို ကျော်ဖြတ်၍ အထဲသို့ လျှောက်ဝင်သွားခဲ့လေသည်။

ရဲ့လန်သည် သူ၏ နဖူးကို ပြန်ပွတ်မိလိုက်လေသည်။

ဤအစောင့်များသည် အလွန် မိုက်မဲခဲ့ကြလေသည်။

တားမြစ်မိန့်ထုတ်ခံထားသောသူသည် ၎င်းတို့၏ မျက်စိရှေ့တွင်ပင် ခန်းမထဲသို့ ဝင်ရောက်သွားခဲ့ပြီးဖြစ်လေသည်။

၎င်းတို့က သူ့ကို မတားဆီးရုံသာမက ၎င်းတို့က သူ့ကို သူ၏ဆရာ ရေခဲနတ်ဆိုးဟူ၍ပင် တွေးနေမိခဲ့ကြသေးသည်။

ဤမျှ မိုက်မဲသော လူများမှာ ဤမျှ အရေးပါသော နေရာကို မည်ကဲ့သို့ စောင့်ရှောက်နိုင်ကြမည်နည်းဟုပင်တွေးလိုက်မိသည်။

‘ဒီနေရာက တကယ် လှတဲ့ နေရာပဲ အပြင်ကနေ မြင်ရတာထက် အတွင်းပိုင်းမှာကအများကြီး ပိုကျယ်တာပဲ ဒီအတွက် လေဟာနယ်ကျောက်တုံးအတော်များများကို အကုန်အကျခံ အသုံးပြုထားခဲ့ကြပုံရတယ် ဂိုဏ်းရဲ့ အချမ်းသာဆုံး ခန်းမတွေထဲမှ တစ်ခု လို့ပြောကြတဲ့အတိုင်းပါပဲ’

အဓိကတံခါးမှ ဝင်ရောက်သွားပြီးနောက် ၎င်းတို့သည် လူသောင်းချီ နေထိုင်နိုင်သော အလွန်ကျယ်ဝန်းပုံရသည့် အဓိကခန်းမထဲသို့ ရောက်ရှိသွားလေသည်။

ဤကျယ်ပြန့်သော ခန်းမကြီးအတွင်းတွင် ဆေးပင်တစ်ပင်မျှ မမြင်ရသော်လည်း အာရန်သည် အလွန်ထူးခြားသော ဆေးပင်အများစုကိုပင် အနံ့ခံနိုင်ခဲ့လေသည်။

‘မလိုအပ်တဲ့ အရာတွေပေါ်မှာ ပိုက်ဆံဖြုန်းတီးလိုက်တာပဲ သူတို့မှာ တောင်တစ်တောင်လုံးအပိုင် ရှိနေရက်နဲ့ ဒီလောက်လဲမလိုအပ်တဲ့ နေရာမှာ လေဟာနယ်ကျောက်တုံးတွေကို အသုံးပြုထားရသေးတယ်’

‘ပြောသာပြောတာပါ ငါက သူတို့တို့ထက် ပို ဆိုးပါသေးတယ် တောင်တစ်တောင်လုံး ရှိနေတာတောင် ငါက ချောက်ကမ်းပါးအစွန်းမှာမှ အိမ်တစ်လုံး ဆောက်ဖို့ ရွေးချယ်ထားခဲ့တာလေ’

အာရန်သည် သူ၏ ခေါင်းကို ခါယမ်းလိုက်ပြီး မလိုအပ်သော အတွေးများကို ဖယ်ရှားလိုက်လေသည်။

ထို့နောက်သူသည် အဓိကစားပွဲ ဆီသို့ ချဉ်းကပ်သွားလိုက်သည်။

သူ၏ ဝတ်ရုံကို မြင်လိုက်ရသော သူ့ရှေ့တွင်ရှိနေသော တပည့်အများစုသည် သူတို့၏ လမ်းကြောင်းများကို ရှင်းပေးလိုက်ကြလေသည်။

“ဘယ်လို အကူညီများလိုအပ်လို့လဲ ရှင်”

အဂ္ဂိရတ်ခန်းမ၏ မန်နေဂျာမ‌လေးက ရိုသေစွာ ပြန်လည် မေးမြန်းလိုက်လေသည်။

သူမက ရိုသေသမှုပြခဲ့သော်လည်း ထိုအရာသည် အစောက အစောင့်များ၏ ရိုသေမှုမျိုးလောက်တော့မဟုတ်ခဲ့ပေ။

သူမသည် သူ့ကို ယဉ်ကျေးမှုအရ ရိုသေသမှုပြလိုက်သော်လည်း အမှန်တကယ်မူ တန်းတူရည်တူသဘောထား၍ ပြောဆိုဆက်ဆံခဲ့ခြင်းဖြစ်လေသည်။

“ငါ ဒါကို ရောင်းဖို့ ဒီနေရာကို လာခဲ့တာ”

အာရန်သည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ဆေးပင်ငယ်တစ်ပင်ကို ယူဆောင်လာကာ စားပွဲပေါ်တွင် တင်ထားလိုက်သည်။

“ဒါက...”

မန်နေဂျာသည် ရှုပ်ထွေးသောအကြည့်ဖြင့် ထိုဆေးပင်ကို ကြည့်နေခဲ့လေသည်။

သူမ၏ ကျယ်ပြန့်သော အသိပညာဖြင့်ပင် ထိုဆေးပင်၏အကြောင်းကို သူမ မမှတ်မိနိုင်ခဲ့ပါ။

ဆေးပင်သည် သာမန်ဆန်စွာပင် မြင်နေရသော်လည်း သွေးရနံ့များဖြင့် ပြည့်နှက်နေသော ဤကဲ့သို့ ဆေးပင်မျိုးကို မြင်ရခြင်းမှာ သူမအတွက် ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ခဲ့လေသည်။

ထိုဆေးပင်သည် သွေးများအိုင်ထွန်းနေသော တိုက်ပွဲကွင်းပြင်ကြီးတစ်ခု၏ အနက်ရှိုင်းဆုံးနေရာတွင် ကြီးထွားလာကာ သွေးများဖြင့် အမြဲ တစေပက်ဖြန်းခြင်းကို ခံထားရသည့်အလား ခံစားလိုက်ရလေသည်။

“ဒါက ဘာဆေးပင်မျိုးလဲ” အမျိုးသမီးသည် ယင်းဆေးပင်အကြောင်းကို မသိရှိနိုင်သောအခါ အာရန်ကို မေးခဲ့မိလေသည်။

“မင်းမသိထားဘူးလို့ ငါသတိထားမိတယ် မင်းက ဒါတွေကို သိရှိထားဖို့အရမ်း ငယ်လွန်းသေးတယ် ဒါကြောင့် ဒါကို မဟာအကြီးအကဲ ဇီယာ ကို ပြလိုက်ပါ သူမက ဒါကို သေခြာ မှတ်မိပါလိမ့်မယ်”

အဂ္ဂိရတ်ခန်းမ၏ မန်နေဂျာသည် အတွေးအချို့တွင် နစ်မြုပ်နေကာ တိတ်ဆိတ်စွာ ဖြင့် ဆေးပင်ကို ကြည့်ရှုနေခဲ့လေသည်။

သူမသည် ဤဆေးပင်အပိုင်းများတွင် ဤခန်းမအတွင်း ဗဟုသုတအရှိဆုံးသူ ဖြစ်နေခဲ့သော်လည်း သူမသည်ပင် ယင်းကို မသိနိုင်ခဲ့ပါ။

သူမသည် မဟာအကြီးအကဲ ဇီယာဖြစ်သော အဂ္ဂိရတ်ခန်းမသခင်ကိုသာ မေးမြန်းနိုင်မည်ဖြစ်လေသည်။

“ဒီနေရာမှာ စောင့်ပေးပါ ကျွန်မ မဟာအကြီးအကဲကို မေးပေးလိုက်ပါ့မယ်” မန်နေဂျာသည် အဖိုးတန်သော သေတ္တာတစ်ခုထဲတွင် ဆေးပင်ကို ဂရုတစိုက် ထုတ်ပိုးကာ ရိုသေစွာသိမ်းဆည်းလိုက်လေသည်။

“မင်းရဲ့ မဟာအကြီးအကဲကိုပြောလိုက်ပါ သူမစိတ်ဝင်စားနိုင်တဲ့ အရာတွေ ငါ့မှာအများကြီး ရှိသေးတယ်လို့ ဒါပေမယ့် သူမက အဲ့ဒါတွေကို ဝယ်ချင်တယ်ဆိုရင်တော့ သူမကိုယ်တိုင် ဒီနေရာကို လာခဲ့ရလိမ့်မယ်လို့လဲပြောလိုက်ပါ”

မန်နေဂျာသည် လုံးဝ တိတ်ဆိတ်သွားခဲ့လေသည်။

ဤမောက်မာသော အကြီးအကဲက မည်သူနည်း။

သူက မဟာအကြီးအကဲဇီယာ က သူ့အတွက် ဤနေရာသို့ပင် ရောက်လာစေချင်နေသည်တဲ့လား။

သူမသည် ဤမျှ မောက်မာသောသူကို မြင်ရခြင်းသည် ယခုသည် ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။

“အကြီးအကဲကို အထူးသီးသန့်အခန်းထဲကို ခေါ်ဆောင်သွားပေးလိုက်ပါ မဟာအကြီးအကဲက သဘောတူခဲ့ရင် ကျွန်မတို့က တွေ့ဆုံမှုတစ်ခုကို အဲ့ဒီနေရာမှာ ပဲ စီစဉ်ပေးပါ့မယ်။”

မန်နေဂျာသည် သူမ၏ လက်အောက်ငယ်သားများထံသို့ အခြားတာဝန်များကို လွှဲပြောင်းပေးရင်း အမြန်ပင် ထွက်ခွာသွားခဲ့လေသည်။

အခြားအမျိုးသမီးတစ်ဦးက အာရန်အား တွေ့ဆုံခန်းမဆီသို့ သွားရာလမ်းအားညွှန်ပြရန် သူမ၏ နောက်မှ လိုက်ခဲ့ပါဟု ပြောလိုက်လေသည်။

အာရန်သည် ထိုမိန်းကလေးနောက်သို့ လိုက်သွားကာ လွတ်နေသော အထူးသီးသန့်ခန်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။

အခန်းထဲတွင် ချောမွေ့သော ဖန်စားပွဲတစ်ခုရှိ

နေကာ ၎င်း၏ဘေးတွင် အလွန်သက်တောင့်သက်သာရှိသော ထိုင်ခုံတစ်စုံလည်း ပါဝင်လေသည်။

အာရန်သည် အခန်းထဲသို့ ဝင်လိုက်ကာ ဆိုဖာတစ်လုံးပေါ်တွင် ထိုင်နေလိုက်ပြီး မဟာအကြီးအကဲ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေစဉ် ဖန်စားပွဲပေါ်တွင် သူ့ခြေထောက်ကို ပေါ့ပေါ့ပါးပါးပင် တင်ထားလိုက်လေသည်။

ရဲ့လန်မှာမူ သူ၏နောက်တွင် ရပ်နေခဲ့လေသည်။

လာရောက်ပို့ဆောင်ပေးသော မိန်းကလေးမှာ အခန်းအတွင်းမှ ပြန်လည် ထွက်ခွာလိုက်ကာ သူမနောက်မှ တံခါးကို ပြန်ပိတ်ထားခဲ့ပြီးနောက် အာရန်နှင့် အာရန်နှစ်ဦးသာ အထဲတွင် ကျန်ရှိနေခဲ့လေသည်။

“မင်းက မာနကြီးတယ်ဆိုတာကို ယုံကြည်မှုလွန်ကဲတာနဲ့ မှားယွင်းပြီး မှတ်ယူမိခဲ့တယ်နဲ့တူတယ် ဒီနေ့ ငါက မင်းကို တကယ့်မာနတရားရဲ့ စစ်မှန်တဲ့ အနှစ်သာရကို အလင်းပြပေးမယ် ငါ့ရဲ့ တရားဝင်ပိုင်ဆိုင်ထားတဲ့အရာတစ်ခုကို ပြန်ယူရင်းနဲ့ပေ့ါလေ”

အာရန်၏ တည်ငြိမ်သော အသံတစ်ခုသည် အခန်းအတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းသွားလိုက်လေသည်။

#Catfoot

All Chapters