← Chapters

လူမိုက်ဆန်ဆန် ချိန်းချောက်မှု…

Vol. 10 Ch. 125

လူမိုက်ဆန်ဆန် ချိန်းချောက်မှု…

Vol. 10 Ch. 125

မိနစ်အနည်းငယ် ကြာပြီးနောက် တံခါးနှစ်ချပ်သည် ရုတ်တရက် ပွင့်သွားကာ ခမ်းနားထည်ဝါသော ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသည့် ကလေးဆန်သော ပုံရိပ်တစ်ခုသည် အတွင်းသို့ဝင်ရောက်လာခဲ့လေသည်။

ယင်းသည် အဂ္ဂိရတ်ခန်းမသခင်ဖြစ်သူ မဟာအကြီးအကဲ ဇီယာပင်ဖြစ်လေသည်။

သူမ နှင့်အတူ အာရန်ပေးခဲ့သော နမူနာဆေးပင်ကို ထည်ထားသော သေတ္တာငယ်လေးကို သယ်ဆောင်လာသော အဂ္ဂိရတ်ခန်းမ၏ မန်နေဂျာမလေးမှာလည်း အတူပြန်လိုက်ပါလာခဲ့လေသည်။

ဖန်စားပွဲပေါ်တွင် ပေါ့ပေါ့ပါးပါး ခြေထောက်တင်ကာ ထိုင်နေသော အာရန်ကို မြင်သောအခါ ဇီယာ၏ မျက်လုံးများသည် အံ့အားသင့်စွာ ပြူးကျယ်သွားလေတော့သည်။

“ဪလက်စသတ်‌တော့ နင်ကို ငါ တားမြစ်မိန့်ထုတ်ထားတာတောင် ဒီနေရာကို ဘယ်လို သတ္တိနဲ့များ နင်ကဝင်လာရဲရတာလဲ”

အကြီးအကဲတစ်ဦးက ဆေးပင်များ ရောင်းရန် ဤနေရာသို့ လာခဲ့ကြောင်း ပြောသောအခါ သူမသည်အလွန် အံ့အားသင့်သွားခဲ့ရလေသည်။

သူမကို ပြသခဲ့သော ထိုဆေးပင်သည် သာမန်ဆေးပင်မျိုးမဟုတ်ပေ။

ယင်းသည် အရှေ့တိုက်ကြီးတစ်ခုလုံးတွင်ပင် ရှာရှာ‌ဖွေတွေ့ရှိနိုင်ခြင်း မရှိခဲ့ပေ။

ထိုနမူနာဆေးပင်ကို မြင်လိုက်ပြီးနောက်တွင် လောဘစိတ်များသည် သူမကို လွှမ်းမိုးသွားခဲ့လေသည်။

အဂ္ဂိရတ်ခန်းမ မန်နေဂျာက ထိုလူတွင် ပို၍ အဖိုးတန်သော ဆေးပင်များပင် ရှိနေသေးကြောင်း သူမကို ပြောသောအခါ သူမသည် ဤနေရာသို့လိုက်လာရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်လေသည်။

ကံမကောင်းစွာဖြင့် သူမ၏ အိပ်မက်ထဲတွင်ပင် ဤဆေးပင်များကို ရောင်းချရန် ဤနေရာသို့ လာခဲ့သောသူမှာ သူမကိုယ်တိုင်ပင် တားမြစ်ထားသော လူတစ်ဦးဖြစ်နေကြောင်းကိုမူ သူမ လုံး၀တွေးမိခဲ့ခြင်းမရှိပေ။

သူမက အာရန်ကို မြင်လိုက်သောအခါ ထိုနေ့ကသူမအပေါ်ပြုမူသွားခဲ့သော သူ၏ လုပ်ရပ်များကို ပြန်လည်သတိရသွားလေတော့သည်။

ထိုသူက သူမ၏ အရည်အချင်းမှာ သင့်တင့်လျောက်ပတ်သည်ဟု ပြောခဲ့ကာ သူမကို သူ၏ တပည့်ဖြစ်စေရန် တောင်းဆိုခဲ့သောသူလည်း ဖြစ်လေသည်။

“ဟော့ ငါ့ရဲ့ အလားအလာရှိတဲ့ တပည့်မလေးပါလား”

အာရန်သည် မည်သည့်အရာကိုမျှအနည်းငယ်ပင် ဂရုစိုက်ပုံမရဘဲ နှုတ်ဆက်လိုက်လေသည်။

သူသည် ဖန်စားပွဲပေါ်မှ သူ၏ ခြေထောက်များကိုပင် မချထားခဲ့ပါ။

သူမဆီသို့ နောက်ဆုံးအကြိမ် လာခဲ့သောအခါက သူသည် သူ့ကိုယ်သူ နှိမ့်ချထားခဲ့ရန်ကျိုးစားခဲ့သည်။

သူသည် သူမ၏ အကူအညီကို ယူကာ အပြန်အလှန်အားဖြင့် သူမကို တစ်စုံတစ်ရာပြန်လည်ပေးအပ်ရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်လေသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူသည် လုံးဝ နှိမ့်ချရန် ရည်ရွယ်ချက် ရှိမနေတော့ပါ။

အဂ္ဂိရတ်ခန်းမမှ မန်နေဂျာမလေးမှာလည်း အာရန်သည် သူမတို့၏ မဟာအကြီးအကဲ ဇီယာကို ပြောဆိုသော ထိုစကားများကိုကြားသောအခါ သူမ၏ မေးရိုးသည် လုံးဝ ပြုတ်ကျလုနီးပါးပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရလေသည်။

သူသည် မဟာအကြီးအကဲကိုပင် ဒီနေရာသို့ လာစေချင်သည်ဟု ပြောသောအခါ အလွန်မောက်မာသူဖြစ်ကြောင်းကို သူမ သိထားခဲ့လေသည်။

သို့သော် ယခုအကြိမ် သူက သူမကို ရည်ညွှန်းသောစကားများက….... ထိုသူ ယခုအချိန်ထိ အသက်ရှင်နေသေးသည်ကပင်သူမအတွက်အလွန်အံ့သြစရာ ဖြစ်ရပ်တစ်ခုဖြစ်နေခဲ့လေးသည်။

“နင်က အရင်တစ်ခေါက်က အတိုင်းပဲ အတော်အတင့်ရဲလွန်းတာပဲ”

ဇီယာက ထိန်းချုပ်မရနိုင်တော့သော ဒေါသများ ပြည့်နှက်နေသော အသံဖြင့် ပြန်လည် ပြောဆိုလိုက်သည်။

“ဒီကနေ နင်ကိုယ်တိုင် ထွက်သွားမှာလား ဒါမှမဟုတ် ငါအရိုးနည်းနည်းလောက် ရိုက်ချိုးပေးပြီးမှ နင့်ကို ကန်ထုတ်ပေးရမှာလား”

သို့သော် အာရန်မှာ ပြုံးနေခဲ့ပြီး သူ၏ အမူအရာမှာ တည်ငြိမ်ကာ အေးဆေးနေခဲ့လေသည်။

“မင်းက င့ါကို ပြန်တွေ့ရတာ အရမ်း ပျော်နေပုံရတယ် ဒါဆိုဘယ်လိုလဲ... ငါ့ရဲ့ ကမ်းလှမ်းချက်ကို မင်း စဥ့်စားပြီးပြီလား”

မဟာအကြီးအကဲ ဇီယာ၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့တွသွားခဲ့လေသည်။

သူမသည် သူမ၏ လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့လေသည်။

ဤ ရန်စခြင်းသည် သူမ၏ အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး သူမသည် သူ့ကို အရင်ကတည်းက သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်လေသည်။

သို့သော် သူမ၏ စကားများကို လုံးဝ လျစ်လျူရှုခြင်းက သူမကို ပြင်းထန်သော စော်ကားမှုပြုလိုက်ခြင်းဖြစ်ကာ သူမအနေဖြင့် ကြမ်းကြမ်းတမ်းတမ်းပြန်လည် ကိုင်တွယ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပါ။

“ဒါက နင်တကယ် လိုချင်နေတဲ့အရာဆိုရင်တော့ နင့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေ့ါ”

သူမသည် ရှေ့သို့ တိုးသွားခဲ့သော်လည်း ခြေလှမ်းအနည်းငယ်သာ လှမ်းပြီးနောက်တွင် သူမသည် ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။

သူမ၏ မျက်လုံးများသည် မယုံနိုင်စွာဖြင့် ပြူးကျယ်သွားရကာ….

“ဘယ်လိုဖြစ်ပြီး..... နင့်မှာ အဲဒါရှိနေရတာလဲ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဟု အထစ်ထစ်အငေ့ါငေ့ါဖြင့် ပြန်မေးလိုက်လေသည်။

“ဘာကို မဖြစ်နိုင်ရတာလဲ”

အာရန်က သလင်းကျောက်ဖြင့် ပြုလုပ်ထားပုံရသော ဆေးပင်တစ်ပင်ကို ကစားနေရင်း ပြန်မေးလိုက်လေသည်။

“ရပ်လိုက်စမ်း အဲဒီအရာက နူးညံ့တယ် နင်က အဲ့ဒါကို မတော်တဆချိုးမိ….”

“ချိုးမိရင်ဘာဖြစ်မလဲ”

အာရန်က ရည်ရွယ်ချက်ရှိရှိပင် ထိုသလင်းကျောက် ဆေးပင်ကို ဆော့ကစားနေရာမှ မတော်တဆ လွတ်ကျသွားဟန်ဖြင့် မေးလိုက်လေသည်။

ဆေးပင်သည် သူ၏ လက်တွင်းမှ မြေပြင်ပေါ်သို့ ကျသွားကာ အပိုင်းပိုင်းအစစအဖြစ် ကွဲထွက်သွားခဲ့လေသည်။

အခန်းထဲရှိ မှိန်ဖျော့သော အလင်းရောင်အောက်တွင် ထိုဆေးပင်၏ အပိုင်းအစများ သည် ကြမ်းပြင်အောက်ချေတွင် လုံး၀ပြန့်ကျဲလျက်ရှိနေကာ ကြောက်စရာကောင်းသော တိတ်ဆိတ်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။

“မင်း”

မဟာအကြီးအကဲ ဇီယာသည် နောက်ထပ် သည်းမခံနိုင်တော့ပေ။

ယင်းသည် သူမ၏ တစ်ဘ၀လုံး ရှာဖွေနေခဲ့သော ဆေးပင်လည်း ဖြစ်လေသည်။

သူမသည် သတ္တမအဆင့် အဂ္ဂိရတ်ပညာရှင် တစ်ဦးဖြစ်လေသည်။

နောက်အဆင့်သို့ တက်ရောက်နိုင်ရန်အတွက် သူမသည် အဂ္ဂိရတ်ပညာရှင်များအတွက် အဖိုးအတန်ဆုံးအရာဖြစ်သော ထိုသလင်းကျောက်ဆေးပင်ကို လိုအပ်နေခဲ့လေသည်။

ဤအရာသည် တိုက်ကြီးလေးခုတစ်လျှောက် ပျံ့နှံ့လျက်ရှိသော အဂ္ဂိရတ်ပညာရှင် အဖွဲ့အစည်းတွင်ပင် ၎င်းတို့ထဲမှ အနည်းငယ်ကိုသာ ရှာဖွေနိုင်လောက်သည်အထိ ထိုအရာမှာ ရှားပါးလွန်းနေခဲ့လေသည်။

၎င်းကို ရှာဖွေတွေ့ရှိသူများမှာလည်း ၎င်းတို့ကိုယ်တိုင် အသုံးပြုခဲ့ကြခြင်းဖြစ်လေသည်။

ထို့ကြောင့်ပင် ကမ္ဘာပေါ်တွင် အဋ္ဌမအဆင့် အဂ္ဂိရတ်ပညာရှင် သို့မဟုတ် ထိုထက်မြင့်မားသူ အနည်းငယ်သာ ရှိနေခဲ့ခြင်းလည်းဖြစ်လေသည်။

သူမသည် ဆယ်စုနှစ်များစွာ ရှာဖွေခဲ့သော်လည်း ဤအရာတစ်ခုကို ပင် သူမလုံး၀ရှာမတွေ့နိုင်ခဲ့ပေ။

ဤဆေးပင်နှင့်အတူ အဋ္ဌမအဆင့် အဂ္ဂိရတ်ပညာသည် သူမ၏ စွဲလမ်းရူးသွတ်မှုတစ်ခု ဖြစ်လာခဲ့လေသည်။

သူမသည် သူမများစွာဖတ်ရှုလေ့လာထားခဲ့သော ဤဆေးပင်ကို အပြင်မှာလက်တွေ့ မြင်ရခြင်းသည် ယခုအကြိမ်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။

ဆေးပင်သည် အလွန်အဖိုးတန်သောကြောင့် အာရန်သည် အဂ္ဂိရတ်ပညာအကြောင်း တစ်စုံတစ်ရာ မသိဘဲနှင့်ပင် ဤဆေးပင်နှင့် လဲလှယ်၍ အဂ္ဂိရတ်ပညာရှင် အဖွဲ့အစည်းတွင် ရာထူးမြင့်မြင့် တစ်ခုကိုပင် လဲလှယ်ရယူနိုင်လေသည်။

သူမသည် ထိုဆေးပင်ကို မြင်သောအခါ ကမ္ဘာပေါ်တွင် အဖိုးတန်ဆုံး ရတနာတစ်ခုကို မြင်လိုက်ရသည့်အလား ဖြစ်သွားခဲ့လေသည်။

ထိုအချိန်တွင်ပင် အာရန်မှာ ထိုသလင်းကျောက်ဆေးပင်ကို ဖျက်ဆီးပစ်လိုက်သဖြင့် ထိုအိပ်မက်မှာ လုံး၀ပြိုလဲသွားခဲ့ရလေသည်။

“အိုး...”

အာရန်က ပျော်ရွှင်စွာ ပြန်ဖြေခဲ့သည်။

“နင့်ကို ငါသတ်မယ်”

မဟာအကြီးအကဲ ဇီယာသည် အာရန်ကို မသတ်ရန် နောက်ဆုံးအကြိမ်တုံးက အတော်ပင်ထိမ်းချုပ်ထားခဲ့ရလေသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူမ၏ သည်းခံနိုင်သည့် အတိုင်းအတာတစ်ခုထက်ပင် များစွာကျော်လွန်သွားခဲ့ပြီဖြစ်လေသည်။

သူသည် သူမ၏ မျက်စိရှေ့တွင်ပင် သူမ၏ အိပ်မက်ကို ချေမွပစ်ခဲ့သူလည်းဖြစ်လေသည်။

“ဒါနဲ့ အခုမှ ငါစဉ်းစားမိတာတစ်ခုက အဲ့ဒါမျိုး နောက်ထပ်တစ်ခု ငါ့မှာ ရှိသေးပုံရတယ်” အာရန်သည် ဇီယာ၏ စကားများကို လျစ်လျူရှုကာ ဒုတိယ သလင်းကျောက် ဆေးပင်ကို ထုတ်ယူလိုက်လေသည်။

“ခဏလေး မင်းက စောစောက တစ်ခုခုများ ပြောလိုက်သလား ငါ မကြားလိုက်ရလို့ ထပ်ပြောပြပါလား တောင်းပန်ပါတယ်”

ဇီယာ၏ ခံစားချက်များသည် မိနစ်အနည်းငယ်အတွင်း လျင်မြန်စွာ ပြောင်းလဲသွားခဲ့လေသည်။

အာရန်၏ လက်ထဲမှ ဆေးပင်ကို ထပ်မံမြင်ရခြင်းသည် သူမကို ခဏတာ စကားမပြောနိုင်အောင် ဆွံ့အသွားစေခဲ့သည်။

ဆေးပင်ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေမည်ကို ကြောက်ရွံ့မိသဖြင့် သူမသည် သူမ၏ အော်ရာကိုပင် လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းခဲ့လေသည်။

ယင်းသည် သူမနှင့် အဂ္ဂိရတ်ပညာ၏ အဋ္ဌမအဆင့်ကြားတွင် အဓိကလိုအပ်နေသော နောက်ဆုံးအရာလေးလည်းဖြစ်လေသည်။

အာရန်သည် ဇီယာ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့လေသည်။

မောက်မာလွန်းသော ထိုမဟာအကြီးအကဲသည် နောက်ဆုံးတွင် သူ့ရှေ့တွင် ပို၍ နှိမ့်ချလာခဲ့ပြီဖြစ်လေသည်။

အာရန်သည် သွေးပင်လယ်အတွင်း ခဏတာရေကူးမိခဲ့စဥ်အချိန်အတွင်း အနက်ရှိုင်းဆုံး ရေအောက်နေရာများတွင် ကျပန်းတွေ့ရှိခဲ့သော ဆေးပင်များမှာ သူ့အတွက် ဤမျှ အသုံးဝင်နိုင်လိမ့်မည်ဟု ဘယ်တုံးကမှ မတွေးခဲ့မိပေ။

သူ့၏ ခွဲခြားသတ်မှတ်ခြင်း စွမ်းရည်ကြောင့်သာ မဟုတ်ခဲ့ပါက သူသည် ယင်းတို့၏ အသုံးဝင်ပုံများ သို့မဟုတ် တန်ဖိုးများကိုလည်း ဘယ်တော့မှ သိရှိနိုင်ခဲ့မည် မဟုတ်ပေ။

သူသည် ဤဆေးပင်များကို အနာဂတ်တွင် တိုက်ကြီးလေးခုစုပေါင်းထားသော အဂ္ဂိရတ်ပညာရှင်အဖွဲ့အစည်းနှင့် တွေ့ဆုံခြင်းအတွက် ရည်ရွယ်၍ သိမ်းဆည်းထားခဲ့ခြင်းဖြစ်လေသည်။

ထိုအချိန်အထိ သူသည် ဤဆေးပင်များကို မည်သူ့ကိုမျှ ဖော်ထုတ်ပြသခြင်းမျိုး မပြုလုပ်ချင်ခဲ့ပေ။

ကံမကောင်းစွာဖြင့် အရာရာသည် သူ၏ အစီအစဉ်များအတိုင်း ဖြစ်မလာခဲ့ပေ။

သူသည် အသေးစား နားလည်မှုလွဲမှားခြင်းတစ်ခုမှ သူ၏ ဖီးနစ်ကိုပင် ကုသရန် အခွင့်အရေးကိုဆုံးရှုံးခဲ့ရကာ ဤအမျိုးသမီးကို စော်ကားခြင်းဖြင့်သာ အဆုံးသတ်ခဲ့မိလေသည်။

အရင်ဆုံး သူ၏ စနစ်ဆီမှ ဆုလာဘ်များ ရပ်ဆိုင်းထားခြင်းကိုခံခဲ့ရလေသည်။

ရွေးချယ်စရာ မရှိသောကြောင့် အာရန်သည် သူ၏ စနစ်ကို ပြန်လည်ရယူရန်အတွက် ဤအမျိုးသမီး၏ မာနကို အနည်းငယ် ချိုးနှိမ်ကာ ဤဆေးပင်ကို ညှိနှိုင်းရန်အတွက် အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်လေသည်။

သူ၏ ပထမ တပည့်သည် မတော်တဆမှုတစ်ခုကြောင့် ရရှိခဲ့ခြင်းဖြစ်လေသည်။

သူ၏ ဒုတိယ တပည့်မှာမူ လှည့်စားခြင်းတစ်ခုကြောင့် ထပ်မံရရှိခဲ့ခြင်း ဖြစ်လေသည်။

သူ၏ တတိယတပည့်အတွက်မူ သူသည် အနည်းငယ် ပို၍ ခပ်ကြမ်းကြမ်းလေးကိုင်တွယ်ရန် ဆန္ဒရှိနေခဲ့ပြီး ၎င်းသည်အနည်းငယ် လူမိုက်ဆန်သည့် ဘက်ကိုပင် ရောက်နေသည်ဟု ဖော်ပြနိုင်သည့် ချိန်းချောက်အကျပ်ကိုင်သည့် နည်းလမ်းတစ်ခုကို အသုံးပြုခဲ့ခြင်းဖြစ်လေသည်။

#Catfoot

All Chapters