အခန်း (၈၈၀၊၈၈၁)
Vol. 59 Ch. 880,881
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာစက်ဝန်းဆီမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လျှောက်လာကြသည်။ အားလုံးသည် သူတို့၏ လက်ဝါးများကို တစ်ခုနှင့်တစ်ခု ပွတ်သပ်လျက်ရှိပြီး ၎င်းတို့၏ ခန္ဓာကိုယ်များထံမှ ထွက်ပေါ်နေသော အော်ရာများမှတော့ နတ်ဆိုးမိစ္ဆာများကဲ့သို့ပင် ဖြစ်တော့သည်။ ၎င်းတို့သည် ငရဲပြည်ထဲမှထွက်၍ လှမ်းလျှောက်လာကြသော နတ်ဆိုးများကဲ့သို့ပင် ဖြစ်တော့သည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာဆိုလျှင် ထိုအချင်းအရာကို မြင်သည်နှင့် ထိတ်လန့်တကြားကြောက်ရွံ့သွား ပေလိမ့်မည်။ သို့ပေမဲ့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင်တော့ ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် သိရှိ ကြခြင်း မရှိချေ။ ထို့ကြောင့် ဤကဲ့သို့သော အရှိန်အဝါမျိုးမြင်သည်နှင့် မည်သူက ကြောက်ရွံ့သွားမည်နည်း။ တစ်ဖက်လူများသည် ဟန်ထုတ်ကာ ဝံ့ကြွားနေသည်ဟုသာ ထင်မိနေကြ၏။
“တကယ်ပဲ ထွက်လာရဲတာလား” သက်လတ်ပိုင်းလူသည် နှာခေါင်းရှုံ့သွားမိသည်။
ကြယ်ကြွေကုန်းမြေဆီမှ လူတော်တော်များများ အဘယ်ကြောင့် ရောက်ရှိလာသည်ဖြစ်ကြောင်းကို သူမသိရှိချေ။ သို့ပေမဲ့ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးသည် ယခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်ရမည့် ကုန်းမြေတိုက်ကြီး ဖြစ်ကြောင်းတော့ သူသိရှိ၏။ အသစ် ရောက်ရှိလာခဲ့ကြသော သိုင်းကျင့်ကြံသူများကို အနိုင်ကျင့် နှိပ်စက်ရခြင်းသည် ကြက်သွေးရောင်ပင်လယ်ကုန်းမြေ တိုက်ကြီးမှ သိုင်းကျင့်ကြံသူများ၏ ပျော်ရွှင်မှုပင် ဖြစ်ကြ၏။ ယခုနှစ်အပိုင်းအခြားအတွင်း သိုင်းကျင့်ကြံသူ တော်တော်များများတို့သည် ၎င်းတို့၏ လက်ချက်အောက်တွင် သေပွဲဝင်ခဲ့ရပြီဖြစ်၏။
ဝှစ်
ထိုအချိန်မှာတော့ တစ်ချိန်လုံးငြိမ်သက်နေကြသော လင်းယွမ်ကုန်းမြေတိုက်ကြီးမှ ဆံပင်ဖြူနှင့် အကြီးအကဲသည် အရှေ့ဆီသို့ လှမ်းတက်လာ၏။ သူ၏ ကြောက်မက်ဖွယ်ရာကောင်းလှသော အော်ရာများသည် လှိုင်းများကဲ့သို့ ဖြစ်တည်ကာ ပေါက်ကွဲထွက်လာတော့သည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ လူငယ်သည် ယခုအချိန်အထိ သက်ရှိထင်ရှား ရှိနေသည်ကို မြင်ရသည့်အချိန်မှာတော့ ၎င်းတို့အနေနှင့် ပထမဦးဆုံး သတ်ဖြတ်မှုကို ပြုလုပ်ရနိုင်သေးသည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူအား အရင်ဆုံး သတ်ဖြတ်နိုင်သည်ဆိုပါက သီလအမှတ် တစ်ရာကို လွယ်လွယ်ကကူကူ ရရှိမှာဖြစ်သည်။
သက်လတ်ပိုင်းလူသည် ထိုကဲ့သို့ပင် တွေးတောမိတာဖြစ်၏။ ထို့ကြောင့် အဖြူရောင်ဆံပင်နှင့် အကြီးအကဲ တိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် သူသည်လည်း အလျင်အမြန်လိုက်ပါကာ တိုက်ခိုက်တော့သည်။ အမဲရောင် အဆင့် ကျွမ်းကျင်သူနှစ်ယောက်တို့သည် မြန်မြန်ဆန်ဆန်နှင့် ဝင်ရောက်တိုက်ခိုက်ကြပြီးသည့်နောက် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးမှ ကျင့်ကြံသူအား ပထမဦးဆုံးသတ်ဖြတ်မှု ပြုလုပ်ရန် မျှော်လင့်နေကြတော့၏။
ဝှစ် ဝှစ်
ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နှင့် လင်းယွမ်ကုန်းမြေတိုက်ကြီးဆီမှ ကျွမ်းကျင်သူများသည် နှစ်ဖက် နှစ်ချက်ဆီမှ ဝင်ရောက်တိုက်ခိုက်လိုက်ကြ၏။ ၎င်းတို့၏ အော်ရာများအားလုံးသည် သိုင်းနယ်မြေကျင့်ကြံသူ တစ်ယောက်ဖြစ်သော မူချန်းဟုန်ထက် ပိုမို၍ အားကောင်းသည်ကို ရှင်းရှင်းလင်းလင်း သိရှိနိုင်၏။
သွေးပူလေ့ကျင့်ခန်းပြုလုပ်ပြီးကြပြီဖြစ်သော လီချင်းယန်နှင့် တခြားသူများမှာ ထိုကိစ္စကို အလေးအနက် မထား ကြချေ။ ထိုအစား အဝါရောင်အဆင့် ကျွမ်းကျင်သူ သုံးဆယ်ကျော်တို့အား စူးစိုက်ကြည့်နေကြ၏။ အဘယ်ကြောင့် ဆိုသော် ဤလူများသည် သူတို့၏ ပြိုင်ဘက်များ ဖြစ်သောကြောင့်ပင်။
“ဘယ်ဘက်ထောင့်စွန်းကလူကို ငါ့အတွက် ထားထားလိုက်”
“ဒုတိယတစ်ယောက်ကို ငါရွေးမယ်”
“ရုပ်အဆိုးဆုံး တစ်ယောက်ကို ကျုပ်ချမယ်”
၎င်းတို့အားလုံးသည် တစ်ယောက်နှင့်တစ်ယောက် အသံပို့လွှတ်ကာ ပစ်မှတ်များကို ရွေးချယ်လိုက်ကြ၏။
“သေစမ်း”
ဝှစ် ဝှစ်
အဖြူရောင်ဆံပင်နှင့် အကြီးအကဲသည် လက်ကို ယမ်းခါပြီးသည့်နောက်မှာတော့ ခမ်းနားပြီး ကြီးကျယ်သော လက်ဝါးရိုက်ချက်တစ်ခုသည် ကောင်းကင်ယံတွင် ဖြစ်ပေါ်လာခဲ့သည်။ ဤလူ၏ တိုက်ခိုက်မှုသည် အလွန် ကြီးမားလှသည့် အကွာအဝေးအတွင်း တိုက်ခိုက်နိုင်သည့် နည်းစနစ်တစ်ခုလည်း ဖြစ်သည်။ ဤတိုက်ခိုက်ချက်ကြီး ကျဆင်းလာသည့်နှင့် ပထမဦးဆုံး သတ်ဖြတ်မှုကို ရရှိနိုင်ရုံမက သီလအမှတ်အများအပြားကိုလည်း ရရှိမှာ သေချာသည်။
ဘုတ်
သူ၏ လက်ဝါးရိုက်ချက်ကြီး ကျဆင်းလာခါနီးမှတော့ တင်းရှင်းဝမ်သည် ရုတ်တရက် သူတို့၏ မျက်လုံးအရှေ့တွင် ပေါ်လာတော့သည်။ ပြီးနောက် သူ၏ခေါင်းကို အသာငှဲ့စောင်းပြီးသည့်နောက် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာတော့သည်။ ပြီးနောက် ပြောဆိုနေကြအတိုင်း ပြောဆိုလိုက်တော့၏။ “ပိုးစုန်းကြူးလေးရဲ့ အလင်း ရောင်က ဘယ်လိုလုပ်ပြီး နေနဲ့လကို ယှဉ်ပြိုင်နိုင်မှာလဲ”
ဝှစ် ဝှစ်
သူ၏ ညာဘက်လက်သီးသည် ကောင်းကင်ယံဆီ၌ ဖြစ်တည်လာခဲ့တော့သည်။
ဝှစ်
ကြောက်မက်ဖွယ်ရာကောင်းလှသော မိစ္ဆာအော်ရာများသည် ကြီးမားသည့် လက်သီးချက်ကြီးအဖြစ် ဖြစ်ပေါ်လာ ပြီးနောက် မြေပြင်တစ်ခုလုံးကို ကွဲအက်ထွက်သွားစေနိုင်သော အားအင်နှင့်အတူ ကျဆင်းလာခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ လက်ဝါးရိုက်ချက်ကြီးအား ထိုးနှက်ကာ ဖြိုခွင်းခဲ့၏။
တိုက်ခိုက်လိုက်ခဲ့သော အဖြူရောင် ဝတ်စုံနှင့် အကြီးအကဲသည် ချက်ချင်းပဲ အနောက်ဘက်ဆီသို့ ဆုတ်ခွာလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်ကို ဟန်ချက် ညီအောင် ထိန်းသိမ်းပြီးသည့်နောက်မှာတော့ ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်တော့သည်။ “မြေအဆင့် ကျွမ်းကျင်သူလား”
ဒွီး
ရုတ်တရက် သူ၏အနောက်ဘက်ရှိ တည်နေရာသည် တုန်ခါသွားသည်။
“သေစမ်း”
အဘိုးကြီးတင်းသည် အနောက်ဘက်ဆီမှ လျှောက်ထွက်လာပြီးနောက်မှာတော့ သူ၏လက်ဝါးချက် သည် မိစ္ဆာအော်ရာငါးမျိုးနှင့် ပြည့်နှက်လျက်ရှိ၏။ ထိုရတနာငါးပါး လက်ဝါးချက် ကျဆင်းလာပြီးသည့်နောက် မှာတော့ အဖြူရောင်ဆံပင်နှင့် အကြီးအကဲသည် အကောင်းမွန်ဆုံးသော တည်နေရာဆီမှ ရှောင်ရှားခဲ့လိုက် တော့၏။ သို့ပေမဲ့ လက်ဝါးရိုက်ချက်သည် သူ၏မျက်နှာ ညာဘက်ခြမ်းဆီသို့ တိတိကျကျ ကျဆင်းလာခဲ့၏။
“ဘန်း” ဟူသည့် အသံနှင့်အတူ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် နီထွေးနေသည့် မြေပြင်ကြီးတစ်ခုလုံးဆီသို့ အမြှောက်ဆန်ကဲ့သို့ပင် ကျဆင်းသွားခဲ့တော့၏။ မြေတစ်ခုလုံး တုန်ခါသွားခဲ့သလို လေထဲတွင် ဖုန်များ တစ်ထောင်းထောင်းနှင့် ဖြစ်တည်သွားသည်။
လက်ရှိ ရှိနေကြသော သိုင်းကျင့်ကြံသူများ အားလုံးသည် စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံခံနိုင်စွမ်း ရှိကြ၏။ ၎င်းတို့အားလုံးသည် ကြီးမားလှသည့်တွင်းကြီးထဲတွင် နှစ်မြှုပ်နေသည့် အဖြူရောင်ဆံပင်နှင့် အကြီးအကဲကို မြင်လိုက်ရသည့်နောက်မှာတော့ အံ့အားသင့်လျက်ရှိနေသည်။ ထိုအကြီးအကဲ၏ မျက်နှာနှင့် အရေပြားတစ်ခုလုံး သည် မဲနက်လျက်ရှိနေပြီး အသက်ရှူသံများသည် ရပ်တန့်လျက်ရှိနေ၏။ ၎င်းသည် သေဆုံးသွားခဲ့ပြီဖြစ်၏။ မြေအဆင့် ကျွမ်းကျင်သူသည် ဤကဲ့သို့ပင် ချက်ချင်းသတ်ဖြတ်မှုကို ခံလိုက်ရ၏။
ဘေးတစ်ဖက်ဆီမှ တိုက်ခိုက်လျက်ရှိသော သက်လတ်ပိုင်းအရွယ်လူသည် ထိတ်လန့် တုန်လှုပ်သွားမိ၏။ သူသည် ဆက်လက် တိုက်ခိုက်ရမည်လား၊ နောက်ဘက်သို့ ဆုတ်ခွာရမည်လားကို စဉ်းစားနေတုန်းမှာပဲ အားကောင်းလှ သော လေလှိုင်းတစ်ခုသည် အောက်ဘက်ဆီမှ ဖြစ်တည်လာ၏။ မီးတောက်များသည်လည်း သူ့ဆီသို့ ရောက်ရှိ လာတော့သည်။
“မကောင်းတော့ဘူး”
ဘုန်း
မီးတောက်များသည် လေထုထဲတွင် ပေါက်ကွဲထွက်သွားပြီးသည့်နောက်မှာတော့ မီးမိုးများအဖြစ် တဖွဲဖွဲနှင့် ပြုတ်ကျလာခဲ့တော့သည်။
ကောင်းကင်နီဓား ခုတ်ပိုင်းချက်ကို ထုတ်ဖော်အသုံးပြုလိုက်သည့်သူမှာတော့ ကုန်းစွန်းဟောင်ဟိုင်ပင် ဖြစ်တော့သည်။ ၎င်းသည့် တပည့်များ၏ ရှေ့တွင် မတ်မတ်ရပ်လျက်ရှိပြီး သူ၏ လက်ကို မြှောက်လိုက်သည်။ မီးတောက်ကဲ့သို့ အရှိန်တငြီးငြီး တောက်လောင်နေသော မီးတောက်အလင်းတန်းကြီး နှစ်ခုသည် လေထုထဲတွင် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ တည်နေရာကြီးတစ်ခုလုံးသည် ပေါက်ကွဲမှုတစ်ခု အဖြစ် တဟုန်းဟုန်းနှင့် မီးစွဲလောင်လျက် ရှိနေတော့သည်။
ဝုန်း
ကောင်းကင်နီဓားခုတ်ပိုင်းချက် နည်းစနစ်ကို ထုတ်ဖော်တိုက်ခိုက်ပြီးသည့်နောက်မှာတော့ သက်တန့်ရောင်စဉ် ကျမ်းနည်းစနစ်ကို တဆက်တည်း ထုတ်ဖော်တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်တော့၏။ နောက်ဘက်သို့ လွင့်စင်သွားသော သက်လတ်ပိုင်းအရွယ်လူသည် ခန္ဓာကိုယ်ကို ငြိမ်သက်အောင် မထိန်းသိမ်းနိုင်ခဲ့တော့ပေ။ သူ၏ အဝတ်အစားများ သည် စုတ်ပြတ်သတ်လျက်ရှိပြီး ရင်ဘတ်ပေါ်တွင်လည်း လက်သီးရာကြီးနှစ်ခု ထင်ပေါ်လျက် ရှိနေတော့သည်။
ဝေါ့
သွေးများ အန်ထွက်လာပြီးသည့်နောက် သူ၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်သွားသည်။ အဘိုးကြီးတင်းသည် သိုင်းနယ်မြေ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် မြေအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို သတ်ဖြတ် ရသည်မှာ အလွန်တရာ လွယ်ကူလွန်းနေ၏။
ကုန်းစွန်းဟောင်းဟိုင်မှာတော့ လွန်ခဲ့သည့်နှစ်နှစ်အတွင်းကမှ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့သူဖြစ်သည်။ သူသည် တိုက်ခိုက်ချက်နှစ်ခုတည်း နှင့် ကြက်သွေးရောင် ပင်လယ်ကုန်းမြေတိုက်ကြီး ဆီမှ ကျွမ်းကျင်သူအား ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့၏။
ဤအရာမှာ ပြိုင်စံရှားဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်လာရန်အတွက် လုံလောက်သည့် အားအင်အဆင့် ပိုင်ဆိုင်ကြောင်း သက်သေပြချက်ပင် ဖြစ်တော့သည်။ သူသည် ပြိုင်စံရှားဂိုဏ်းဆီသို့ ဝင်ရောက် ပြီးသည့်နောက် မှာတော့ အားအင်အဆင့်များသည် ကြောက်မက်ဖွယ်ကောင်းအောင် တိုးတက်လာခဲ့တော့သည်။ ကုန်းစွန်းဟောင်းဟိုင်သည် သူ၏ရန်သူအား အသက်ရှူရန် အခွင့်အရေး တစ်ချက်ကလေးမှ မပေးခဲ့ချေ။ ကောင်းကင်နီဓားခုတ်ပိုင်းချက်နှင့် သက်တန့်ရောင်စဉ်ကျမ်းတို့ကို ယှဉ်တွဲအသုံးပြုကာဖြင့် ဆက်တိုက် တိုက်ခိုက် ခြင်းကို ပြုလုပ်သည်။
ဘုန်း
မြန်ဆန်ပြီး ကြောက်မက်ဖွယ်ရာကောင်းလှသော တိုက်ခိုက်ချက်များကို ရင်ဆိုင်ပြီးသည့်နောက်မှာတော့ ဒဏ်ရာ ရရှိပြီးပြီဖြစ်သော သက်လတ်ပိုင်းအရွယ်လူသည် မည်သို့မှ မရှောင်ရှားနိုင်တော့ချေ။ မီးတောက်များသည် သူ၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီးသည့်နောက် ကြိုးပြတ်သွားသည့် စွန်တစ်ခုကဲ့သို့ပင် ကောင်းကင်ယံဆီမှ အောက်သို့ ပြုတ်ကျတော့၏။
ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နှင့် လင်းယွမ်ကုန်းမြေတိုက်ဆီမှ သိုင်းကျင့်ကြံသူ များအားလုံးသည် ဆွံ့အလျက်ရှိနေကြသည်။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ ဤအသစ်ရောက်ရှိလာသော သိုင်းကျင့်ကြံသူများသည် သေသေချာချာ ကျင့်ကြံထားသည်သာမက မြေအဆင့်ကျွမ်းကျင်သူကိုတောင်မှ ချက်ချင်း သတ်ဖြတ်နိုင်စွမ်းရှိနေသည်။
“နောက်ဆုတ်၊ နောက်ဆုတ်” တစ်စုံတစ်ယောက်သည် သတိဝင်သွားသည့်နောက်မှာတော့ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ မြေအဆင့်ကျွမ်းကျင်သူကိုပင် လွယ်လွယ်ကူကူနှင့် သတ်ဖြတ်၊ ဒဏ်ရာရရှိအောင် ပြုလုပ် နိုင်သူများ ဖြစ်သည်မို့ ဤကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများသည် အလွန်တရာ အားကောင်းပေ လိမ့်မည်။ နောက်ဆုတ်ခြင်းသည်ကသာ ဉာဏ်အကောင်းဆုံးသော လုပ်ရပ်ဖြစ်၏။
နောက်ဆုတ်မည် ဟုတ်လား။
သို့ပေမဲ့ နောက်ကျသွားခဲ့ပြီဖြစ်သည်။ သက်လတ်ပိုင်းလူသည် မြေပေါ်သို့ ပြုတ်ကျ သွားသည်နှင့်တပြိုင်နက် လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများအားလုံးသည် တိုက်ခိုက်ရန်အတွက် တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ပြောဆိုခဲ့ပြီးပြီဖြစ်သည်။ ၎င်းတို့အားလုံးသည် ရှေ့သို့ လှမ်းတက်လိုက်၏။ ခန္ဓာကိုယ်ပေါ်တွင် တပ်ဆင်ထားသော စတီးအတောင်ပံများ၏ ထောက်ပံ့ပေးမှုနှင့်အတူ ၎င်းတို့၏ လှုပ်ရှားမှုသည် အလွန်အမင်း မြန်ဆန်လွန်းနေသည်။
ဝှစ်
လီချင်းယန်သည် ပထမဦးဆုံး ရှေ့သို့ ရောက်ရှိသွား၏။ သူသည် လက်ထဲတွင်ရှိသော ကျန်းယန်ဓားကို မြှောက်ပြီးနောက် လေဟာနယ်ထဲသို့ ရုတ်တရက် ခုတ်ပိုင်းလိုက်၏။ အေးစက်သောဓားအော်ရာများသည် တည်နေရာထဲတွင် ဖြစ်တည်လာခဲ့၏။
လီဖေးနှင့် တခြားသောသူများအားလုံးသည်လည်း ကောင်းကင်နီဓား ခုတ်ပိုင်းချက် သို့မဟုတ် သက်တန့်ရောင်စဉ်ကျမ်းများကို ထုတ်ဖော်ကာ တိုက်ခိုက်ကြသည်။
ဝှစ် ဝှစ် ဝှစ်
ချက်ချင်းပဲ တည်နေရာတစ်ခုလုံးတွင် ပူလောင်လှသည့် မီးနှင့် အလင်းတန်းများသည် တဖွားဖွားနှင့် ဖြစ်တည် လျက်ရှိနေ၏။ မီးအလင်းတန်းများ အားလုံးသည် မီးပန်းများ ဖောက်လိုက်သကဲ့သို့ အလွန်လှပစွာဖြင့် ဖြစ်တည် နေတော့သည်။
ဇွိ
ထက်မြလှသည့် ဓားအလင်းတန်းများ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လက်ပြတ်များ၊ ခြေပြတ်များ လွှင့်စင်နေ၏။
အား အား
လီချင်းယန်သည် သူ၏ ဓားကို မြှောက်ကိုင်ကာဖြင့် ရှေ့သို့ လှမ်းဝင်သွားသည်။
ဘုန်း ဘုန်း
ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူသည် တိုက်တွက်ကို ထုတ်ဖော်ရန် ပြင်ဆင်နေတုန်း မှာပဲ ရှောင်ကျီ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ၎င်းအနေနှင့် တစ်ချက်ကလေးမှပင် လှုပ်ရှားခွင့်အချိန်မရလိုက်ပေ။ ရုတ်တရက် ပတ်ဝန်းကျင်တည်နေရာကြီး တစ်ခုလုံးတွင် မြေဓာတ်သဘာဝများ ဖြစ်တည်လာပြီး နံရံကြီးတစ်ခု ဖြစ်တည်လာခဲ့၏။ မျက်စိတမှိတ်အတွင်း တည်နေရာထဲတွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် စည်းခတ် ထားသကဲ့သို့ နံရံထဲသို့ ရောက်ရှိစေသည်။ ရှောင်ကျီသည် ရှေ့သို့ လှမ်းတက်ပြီးသည့်နောက် တိုက်ပွဲဆာလောင် သည့် အရိပ်လက္ခဏာများ ဖြစ်တည်လာခဲ့တော့သည်။
“လာစမ်း… ကောင်းကောင်း တိုက်ခိုက်ကြတာပေါ့”
ဘုန်း ဘုန်း
အား အား
ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးသည် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး တုန်ခါအောင် တိုက်ခိုက်နေကြသည်။
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင်ထိုင်ရင်း ဆေးပြင်းလိပ်ကြီးကို သောက်လျက်ရှိသည်။ သူသည် အားရပါးရ ပြုံးလိုက်မိ၏။ “ဂြိုဟ်တိုက်ပွဲထဲက ကျွမ်းကျင်သူတွေ… ကျုပ်ပြန်လာပြီ၊ အဆင်သင့် ရှိရဲ့လား”
ဘုန်း ဘုန်း
မြေဓာတ်သဘာဝများဖြင့် ဖွဲ့စည်းထားသော မြေနံရံကြီးလေးခုအတွင်းမှာတော့ ရှောင်ကျီသည် ဆက်တိုက် တိုက်ခိုက်ခြင်းကို ထုတ်ဖော်နေ၏။ သူသည် တိုက်ခိုက်မှုတွင် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်တတ်သူ တစ်ယောက် ဖြစ်သည်မို့ ရှိရှိသမျှသော သိုင်းကျင့်ကြံသူများအားလုံးသည် သဲအိတ်များကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ရိုက်နှက်ခြင်းကို ခံနေရ၏။ အဆုံးသတ်မှာတော့ ၎င်းတို့သည် မြေနံရံကြီးများနှင့် ရိုက်မိကြပြီး အသက်ဓာတ်များအားလုံး ကုန်ဆုံးသွားခဲ့တော့သည်။
ဂြိုဟ်တိုက်ပွဲတည်နေရာသို့ ဝင်ရောက်ခြင်း မပြုခင်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များ အားလုံးကို မသနားစေရန်နှင့် အခွင့်အရေးရသည်နှင့် တပြိုင်နက် ရန်သူ များကို သတ်ဖြတ်ပစ်ရန် အထူးမှာကြားခဲ့၏။
ကြင်နာတတ်သည့် နှလုံးသားကို ပိုင်ဆိုင်သော လီချင်းယန်ကဲ့သို့ သူသည်ပင်လျှင် သူ့ဆရာ၏ အမိန့်ကို နာခံစွာဖြင့် လင်းယွမ်ကုန်းမြေတိုက် ကျင့်ကြံသူ၏ လက်မောင်းကို ခုတ်ဖြတ်ပြီးသည့်နောက် ဤအတိုင်း မထားခဲ့ချေ။ ချက်ချင်းပဲ ဓားကို မြှောက်ကိုင်ကာဖြင့် ရန်သူ၏ ဦးခေါင်းကို ခုတ်ပိုင်း သတ်ဖြတ်ခဲ့သည်။
ဂြိုဟ်တိုက်ပွဲအတွင်းမှာ တော့ သနားကြင်နာခြင်းဆိုသည်မှာ မိမိကိုယ်ကို ရက်စက်ခြင်းနှင့်ပင် ဆင်တူ၏။
တပည့်များထဲတွင် အကောင်းမွန်ဆုံး စွမ်းဆောင်ရည်ကို ပြသနေသည်မှာ ရီရှင်းချန်ပင် ဖြစ်တော့သည်။ အချိန် အတိုင်းအတာ အတောအတွင်း သူသည် လူသုံးယောက်ကို သတ်ဖြတ်ပစ်ခဲ့ပြီး ဖြစ်၏။ သူ၏ တိုက်ခိုက်ချက်များ သည် အလွန်တရာ ရိုးရှင်းလှသည်။
“နောက်ကိုဆုတ်၊ နောက်ကိုဆုတ်” ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူ အော်ဟစ် လိုက်၏။ သို့ပေမဲ့ ၎င်းတို့သည် ထိုကဲ့သို့ မပြုလုပ်နိုင်ခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် ကျန့်ရာ၊ နင်ညီအစ်ကိုနှင့် တခြားသောသူများ အားလုံးသည် ရှေ့ဆီသို့ ပြေးထွက်လာသောကြောင့်ပင်။
ပြိုင်စံရှားဂိုဏ်းတပည့်များနှင့် အားလုံးနှင့်ရင်ဆိုင်ရချိန်တွင် သိုင်းကျင့်ကြံသူများသည် အားမနည်းကြချေ။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း အကြီးအကဲများနှင့် တွေ့ကြုံရချိန်မှာတော့ ၎င်းတို့အားလုံးသည် နောက်ဆုတ်ဖို့ အခွင့်အရေး တစ်စက်မှ မရရှိကြချေ။ သေဆုံးခြင်းကိုသာ စောင့်မျှော်နေခဲ့ရတော့သည်။
တချို့သည် လျင်လျင်မြန်မြန်နှင့် ထွက်ပြေးသွားခဲ့ရသည်။ ထို့ကြောင့် အန္တရာယ်မှ လွတ်ကင်းသွားမည်ဟု ထင်မြင်မိ၏။ သို့ပေမဲ့ အကြီးအကဲကုန်း သည် ၎င်းတို့၏ အရှေ့မှ ရောက်နှင့်နေခဲ့၏။ ကြီးမားလှသည့် လက်ကြီးကို ဝှေ့ယမ်းလိုက်ပြီးသည့်နောက် ထိုသူတို့အားလုံးသည် မြေပေါ်သို့ ပြုတ်ကျသေဆုံးကုန်တော့သည်။ အကြီးအကဲကုန်းသည် ကျန်းယန်ဝတ်စုံကို ဝတ်ဆင် ထားသည့်အပြင် စတီးတောင်ပံကိုလည်း တပ်ဆင်ထားသေး၏။ ထို့ကြောင့် အလွန်တရာ မြန်ဆန်လွန်းသည် မဟုတ်ပါလား။
ဘုန်း ဘုန်း
ဆက်တိုက်သတ်ဖြတ်ခြင်းများ ဖြစ်တည်လာပြီး တည်နေရာအနှံ့တွင် သွေးများ ပြန့်ကျဲလျက် ရှိနေတော့၏။