အခန်း (၈၈၃)
Vol. 59 Ch. 883
ဆောက်လုပ်ရေးပစ္စည်းများကို နေရာချထားပြီးသည့်နောက် လီချင်းယန်သည် ရှေ့မှဦးဆောင်၍ စတင်ကာ ဆောက်လုပ်တော့သည်။ ဟောခန်းကြီးတစ်ခု တည်ဆောက်ရေးအတွက် ပထမဦးဆုံး ခြေလှမ်းသည် မြေတွင်းတူးရန်ပင်ဖြစ်တော့သည်။ အားလုံးသည် အားအင်အဆင့်များကို စုစည်းပြီးသည့်နောက်မှာတော့ မြေတစ်ခုလုံးကို ထုနှက်ကာ တွင်းတူးတော့သည်။ မကြာမီမှာပဲ တွင်းများ အားလုံးဖြစ်တည်လာခဲ့တော့သည်။
ရွှီး ရွှီး
လုံကျိရန်သည် ဓားကို ဆွဲထုတ်ပြီးနောက် သစ်သားများကို အဝိုင်းကဲ့သို့ ဝိုင်းလျက်ရှိနေ၏။ ရှောင်ကျီသည် အဝေးတစ်နေရာတွင် ထိုင်လျက်ရှိနေပြီး မြေဆီလွှာများအားလုံးကို အုတ်ခဲများ ဖြစ်စေရန်အတွက် ဖုတ်လျက်ရှိနေသည်။
ကျွင်းချောင်ရှောင်း ".........."
သူ၏ တပည့်များသည် အနာဂတ်တွင် သိုင်းကျင့်ကြံသူအဖြစ် မပြုလုပ်လျှင်ပင် လက်သမားပြုလုပ်၍ ရနေပြီဖြစ်သည်။ ကျိန်းသေပေါက် သေချာနေသည်မှာ ၎င်းတို့သည် ဘာမှ မရှိလျှင်တောင်မှ ထမင်းငတ်မည့်လူများ မဟုတ်တော့ချေ။
တခြားသော တည်နေရာမှာရှိသည့် သိုင်းကျင့်ကြံသူများသည် ဤအဝါရောင်အဆင့် သိုင်းကျင့်ကြံသူများမှာ သိုင်းကျင့်ကြံခြင်းကို မပြုလုပ်ဘဲ အဆောက်အဦတည်ဆောက်နေသည်ကို မြင်ရပါက အံ့အားသင့်စွာဖြင့် ၎င်းတို့၏ မေးရိုးများ ပြုတ်ကျသွားမည်မှာ သေချာသည်။
အစ်ကိုကြီးတို့ ဒီနေရာက အရမ်းကို ရက်စက်လှတဲ့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးလေ၊ ခင်ဗျားတို့ရဲ့ နောက်ဖေးခြံဝန်း မဟုတ်ဘူး၊ နည်းနည်းပါးပါး လေးလေးနက်နက်လေး စဉ်းစားကြပါအုံး။
ရွှီး ရွှီး …။
အုတ်များမီးဖုတ်ပြီးသည့်နောက်မှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးတို့သည် အုတ်ပုံများကို ရွေ့တော့သည်။ ပြီးသည့်နောက်မှာတော့ သေသေချာချာဖြင့် စတင် တည်ဆောက်တော့သည်။
အဘိုးကြီးတင်း၊ ကျန့်ရာနှင့် တခြားသောသူများသည်လည်း လာရောက်ကာ ကူညီကြတော့သည်။ ရှောင်မိုရှန်းသည် ဘာမှလုပ်စရာမရှိသောကြောင့် အနားတွင်ရှိသော ရွံ့တစ်ခုကို လုံးကာဖြင့် နဂါးလေးအား လှမ်း၍ပစ်လိုက်၏။
ဘုတ်
"မင်း ငါ့ကို ပစ်ရဲတယ် ဟုတ်လား" နဂါးလေးသည် များပြားလှသည့် ရွံ့များကို လုံးချေပြီးနောက် ရှောင်မိုရှန်း၏ ခေါင်းကို တဘုတ်ဘုတ် နှင့် ပစ်လျက်ရှိသည်။
“.........”
လီချင်းယန်နှင့် ရှောင်ကျီတို့၏ နှုတ်ခမ်းများသည် တုန်ယင်လျက်ရှိသည်။ ဂိုဏ်းချုပ်၏ ဤပဋိညာဉ်သားရဲသည် မိန်းကလေးတစ်ယောက်ကို မည်သို့ မျက်နှာသာပေးရမည်မှန်း ကောင်းကောင်းသိရှိပုံ မပေါ်ပေ။
အားလုံးသည် အလုပ်များလျက် ရှိနေကြတော့၏။ အဆောက်အဦ ဆောက်လုပ်မှု အမြန်နှုန်းသည်လည်း မြန်ဆန်လျက် ရှိနေသည်။ မိနစ်နှစ်ဆယ်၊ သုံးဆယ်လောက် ကြာမြင့်ပြီးသည့်နောက် ခမ်းနားလှသော ဟောခန်းကြီးသည် တည်နေရာထဲတွင် ဖြစ်တည်လျက်ရှိပြီး တည်နေရာ၏ ကိုးဆယ်ရာခိုင်နှုန်းကိုပင် နေရာယူပြီးပြီ ဖြစ်တော့၏။ ဟောခန်း၏ ပုံစံသည် ပြိုင်စံရှားဂိုဏ်း၏ ဟောခန်းပုံစံနှင့် တူညီနေ၏။ အချိန်နည်းပါးလှသည်ဆိုသော်လည်း ဆောက်လုပ်သည့်ပုံစံမှာ အလွန်ရိုးရှင်းလွန်းနေ၏။
ဟုတ်ပေသည်။ ပိုမိုတိုးတက်ရန်အတွက် ချဲ့ထွင်ရမည့် တည်နေရာများလည်း တည်ရှိနေသေး၏။ အလှဆင်ရမည့် တည်နေရာများမှာတော့ ကျိန်းသေပေါက် မပါဝင်သေးပေ။ အနာဂတ်တွင် ဖြည်းဖြည်းချင်း ပြည့်စုံအောင် ပြုလုပ်သွားရပေမည်။
"ဂိုဏ်းချုပ်" လီချင်းယန်သည် ကြယ်ကြွေကုန်းမြေတိုက်ဟု ရေးသားထားသော ဆိုင်းဘုတ်ကြီးကို ထုတ်ယူလိုက်၏။ "ဒါကြီးကို ချိတ်ထားလိုက်ရမလား"
ဤအရာသည် သူကြိုတင်ကာ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်တော့၏။ လီချင်းယန်သည် အလွန်ပင် စေ့စပ်သေချာလှသူ ဖြစ်၏။
ကျွင်ချောင်းရှောင်းသည် လက်ကိုယမ်းခါပြီးသည့်နောက် ဆိုင်းဘုတ်ပေါ်တွင်ရှိသော စာသားများကို ဖျက်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ အားအင်များကို ဖွဲ့စည်းကာဖြင့် စာလုံးအသစ်များကို စတင်ကာ ရေးသားတော့သည်။ ပြီးသည့်နောက်မှာတော့ သဘောတကျဖြင့် ပြောလိုက်သည်။ "ဒါကို ချိတ်ထားလိုက်တော့"
"ကောင်းပါပြီ" လီချင်းယန်သည် လေပေါ်သို့ ပျံတက်ပြီးနောက် ဆိုင်းဘုတ်ကြီးကို ဝံ့ကြွားစွာ ချိတ်ထားလိုက်၏။
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ အပြင်ဘက်တွင် မတ်တပ်ရပ်လိုက်၏။ သူ၏ အမြင်အရဆိုလျှင် ကြီးမားစွာရေးသားထားသော ပြိုင်စံရှားဂိုဏ်းဆိုသော စာသားသည် ဆိုင်းဘုတ်၏ အပေါ်တွင် တည်ရှိနေ၏။ ထိုနေရာ၏ ဘေးတွင်ရှိသော အလံတိုင်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးဟု ရေးသားထားသည်။
လက်ရှိအခြေအနေမှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် ဂြိုဟ်တိုက်ပွဲတွင် အတိအလင်း နေရာယူခဲ့ပြီဖြစ်၏။ ထို့အပြင် ပထမဦးဆုံး အဆောက်အဦကိုပင် စတင်ကာ တည်ဆောက်ပြီး ဖြစ်နေ၏။
....................
"အားလုံး အဆင်သင့်ပဲလား၊ ဒီနေရာမှာ ငါတို့အတွက် သေဆုံးပေးမယ့်လူတွေကို လိုအပ်နေပြီ" ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ အရှေ့တွင် ထိုင်လျက်ရှိ၏။ သူ၏ ခြေထောက်တစ်ဖက်သည် ထိုင်ခုံပေါ်သို့ တင်ထား၏။ နဂါးလေးနှင့် ရှောင်မိုရှန်းတို့သည် သူ၏ နောက်တွင် မတ်မတ်ရပ်လျက်ရှိနေသည်။ သူတို့၏ မျက်နှာတစ်ခုလုံးတွင် ရွံ့များ ပေလျက်ရှိနေ၏။ ၎င်းတို့သည် ဂိုဏ်းချုပ်၏ ခံ့ညားလှသော ပဋိညာဉ်သားရဲများပင် ဖြစ်တော့သည်။
အဘိုးကြီးတင်း၊ ကျန့်ရာနှင့် အကြီးအကဲများ အားလုံးသည် အနောက်ဘက်တွင် ညီညီညာညာနှင့် မတ်တပ်ရပ်လျက်ရှိ၏။ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် တည်နေရာ၏ အပြင်ဘက်တွင် မတ်တပ်ရပ်လျက် ရှိနေကြ၏။ ၎င်းတို့အားလုံးသည် ကျန်းယန်ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် တည်နေရာတစ်ခုလုံးကို စောင့်ကြပ်လျက်ရှိနေသော အစောင့်အရှောက် စစ်သူကြီးများနှင့်ပင် တူညီနေတော့၏။
ဟူး ဟူး …။
ထိုအချိန်မှာပဲ အရှေ့ဘကဆီမှ အလင်းတန်းများ ပျံသန်းရောက်ရှိလာတော့သည်။ ထိုအရာများ၏ ပျံသန်းမှုနှုန်းသည် အလွန်တရာ မြန်ဆန်လွန်းလှသည်။
ကုန်းစွန်းဟောင်းဟိုင်သည် ပြုံးလိုက်မိ၏။ "သေချင်တဲ့လူတွေ ရောက်လာပြီ"
ဝှစ် ဝှစ်
ချက်ချင်းပဲ အလင်းတန်းများသည် ကောင်းကင်ကြီး၏ အထက်ဆီမှ ရောက်ရှိလာကြသည်။ ၎င်းတို့အားလုံးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာစက်ဝန်း၏ ကောင်းကင်ယံထက်တွင် မတ်တပ်ရပ်တန့်နေကြ၏။ အားလုံးသည် လူခြောက်ဆယ်နီးပါးလောက်ရှိ၏။
အဝတ်အစားများကို ကြည့်ရှုမည်ဆိုပါက ကြက်သွေးရောင် ပင်လယ်ကုန်းမြေတိုက်ကြီးမှလူများဖြစ်ကြောင်း သိရှိနိုင်၏။ ဦးဆောင်လာသောသူမှာ တည်ကြည်လှသော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ဖြစ်၏။ သူသည် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တောင်များ၊ မြစ်များကိုပင် ဖျက်ဆီးပစ်နိုင်လောက်သော အော်ရာများကို ထုတ်ဖော်နေ၏။ သူ၏ မူလရည်ရွယ်ချက်သည် အစောကြီးတုန်းက ဦးဆောင်ထွက်ခွာသွားခဲ့သော အကြီးအကဲဟယ်ကို လာရောက်ရှာဖွေခြင်းပင် ဖြစ်တော့၏။
"အကြီးအကဲလီ"
သိုင်းကျင့်ကြံသူတစ်ယောက်သည် အောက်ဘက်တွင်ရှိသော တည်နေရာကို ထိုးပြကာ ထိတ်လန့်တကြားဖြင့် ပြောလိုက်၏။ "အကြီးအကဲဟယ်က သေနေပြီ"
သက်လတ်ပိုင်းလူသည် အကြီးအကဲဟယ်နှင့် တခြားသောသူများ၏ အလောင်းများကို မြင်လိုက်ရ၏။ သူ၏ အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားသည်။ သူသည် တည်နေရာစက်ဝိုင်း၏ အဓိကဟောခန်းထဲတွင် ထိုင်လျက်ရှိနေသော လူငယ်ကို လှမ်း၍ ကြည့်လိုက်သည်။ ပြီးနောက် အေးစက်စက်နှင့် ပြောလိုက်မိသည်။ “မင်း သူတို့ကို သတ်ခဲ့တာလား”
“အမှန်ပဲပေါ့” ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်နှင့် ပြန်ပြောလိုက်သည်။
သက်လတ်ပိုင်းလူ၏ အကြည့်များသည် ပိုမိုကာ အေးစက်သွားသည်။ သူ၏ မျက်လုံးထဲတွင် ဒေါသမီးများ တောက်လောင်လာ၏။ သို့ပေမဲ့ လက်ရှိအချိန်တွင် အဝေးတစ်နေရာရှိ လင်းယွမ်ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများ၏ အလောင်းများကို မြင်လိုက်ရပြန်၏။ သူ ထိတ်လန့်တုန်လှုပ်သွားမိ၏။ “မင်း သူတို့ကိုလည်း သတ်ခဲ့ပြန်တာပဲလား”
“သိပ်မှန်တာပေါ့”
ကျွင်းချောင်ရှောင်းသည် သဘောတကျဖြင့် ပြန်ဖြေလိုက်တော့သည်။ သူသည် ဘာမေးမေး ပျော်ရွှင်စွာဖြင့် ပြန်လည်ဖြေဆိုလျက်ရှိနေသည်။
သက်လတ်ပိုင်းလူ၏ မျက်နှာသည် ဒေါသတရားများဖြင့် ပြည့်နှက်နေသည်ဆိုသော်လည်း သူ၏နှလုံးသားများမှာတော့ တည်ငြိမ်လျက်ရှိနေသည်။ သူ့ဘက်နှင့် လင်းယွမ် ကုန်းမြေတိုက်ကြီးဘက်ဆီမှ သိုင်းကျင့်ကြံသူများသည် လေးဆယ်နီးပါးလောက်ရှိပြီး အမဲရောင်အဆင့် သိုင်းကျင့်ကြံသူနှစ်ယောက်လည်း ရှိနေသေး၏။
သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ ကျင့်ကြံသူများ၏ လက်ချက်ဖြင့် အားလုံးသည် သေဆုံးခဲ့ရပြီဖြစ်သည်။ ဆိုလိုသည်မှာ တစ်ဖက်လူများသည် အားနည်းလှသော သူများ မဟုတ်ကြချေ။ ထို့ကြောင့် ၎င်းတို့အနေနှင့် အခွင့်အရေး ရယူနိုင်စွမ်း မရှိချေ။
“သွားကြရအောင်”
သူသည် အေးစက်စက် အော်ဟစ်လိုက်၏။ ထွက်ခွာသွားရန် ဆုံးဖြတ်ချက်ကို ချပြီးသည့် နောက်မှာတော့ သူသည် တခြားသောသူများကို အသိပေးလိုက်တော့၏။ သူ့အနေနှင့် အလွန်အားကောင်းလှသော အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းကာဖြင့် ပြန်လည်ရောက်ရှိလာရန် စဉ်းစားထားသေးသည်။
ကံဆိုးစွာဖြင့် အားလုံး လှည့်၍ ထွက်ခွာသွားရန် ပြင်ဆင်လိုက်ချိန်မှာပဲ နဂါးလေးနှင့် ရှောင်မိုရှန်းတို့သည် ၎င်းတို့၏ အနောက်ဘက်သို့ ရောက်ရှိနေပြီဖြစ်၏။
ရန်သူများအားလုံးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိကြသည်။
“ရောက်လာပြီဆိုမှတော့”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဘယ်လိုဖြစ်ပြီး လွယ်လွယ်ကူကူနဲ့ ထွက်သွား ခိုင်းရမှာလဲ”
ဝှစ် ဝှစ်
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ အားလုံးသည် အပြင်ဘက်ဆီသို့ ပျံ့သန်းရောက်ရှိလာကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် တိုက်ခိုက်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်နေတော့သည်။ သိုင်းအုပ်စိုးသူအဆင့် ကျွမ်းကျင်သူများနှင့် တိုက်ခိုက်ရမည်ဆိုသည့်အရာကို စဉ်းစားကြည့်ရုံနှင့် ၎င်းတို့သည် စိတ်မလှုပ်ရှားဘဲ မနေနိုင် ခဲ့ကြတော့ချေ။
“သတ်လိုက်” သက်လတ်ပိုင်းလူသည် အော်ဟစ်လိုက်တော့သည်။
ဝှစ် ဝှစ်
ပြောပြောပြီးချင်းမှာပဲ သူသည် အလွန်အားကောင်းလှသော အော်ရာများကို ဖန်တီးပြီးသည့်နောက်မှာတော့ သူ၏ လမ်းကို တားဆီးထားသော နဂါးလေးအား စတင်ကာ တိုက်ခိုက်တော့သည်။ သူ့အနေနှင့် ဖြစ်နိုင်သမျှ ဤလူများ နောက်သို့လှန်သွားရန် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်ကြီး၏ ခံတပ်တည်နေရာဆီသို့ ပြန်ရန် စဉ်းစားထားမိသည်။ တခြားသောသူများကို ခေါ်ယူပြီးမှ ဤနေရာသို့ ပြန်လာရန် ဆုံးဖြတ်ထား၏။
“ခင်ဗျားက သေချင်နေတာပဲ”
နဂါးလေးသည် ညာဘက်လက်သီးကို ဆန့်ထုတ်လိုက်၏။ မီးတောက်များ ချက်ချင်း ဖြစ်တည်လာပြီးသည့်နောက် ထိုမီးတောက်များသည် သက်လတ်ပိုင်းသူ၏ အားအင်များကို ချက်ချင်း တိုက်စား သွားခဲ့သည်။
ဘုန်း
ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး ပေါ်ပေါက်လာပြီးသည့်နောက် အပူလှိုင်းများသည် တလိပ်လိပ် ဖြစ်တည်လာ၏။ စဦးတိုက်ခိုက်လိုက်သော သက်လတ်ပိုင်းလူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ သူသည် ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းသိမ်းလိုက်ပြီးသည့်နောက် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်မိသည်။ “ဒီကောင့်ရဲ့အဆင့်က အဝါရောင်အဆင့် သိုင်းကျင့်ကြံသူပါ၊ ဘာလို့ ဒီလောက်အထိ အားကောင်းနေရတာလဲ”
ဝှစ် ဝှစ်
နဂါးလေးသည် ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားလောက်သည်အထိ မီးတောက်များကို ဖန်တီးလျက်ရှိသည်။ သူသည် သေမျိုးလောကထဲသို့ ဆင်းသက်လာသော မီးနတ်ဘုရားတစ်ပါးကဲ့သို့ အေးစက်စက် ပြောလိုက်မိ၏။ “ဘာလို့လဲဆိုတော့ ကျုပ်က ချောလို့ပေါ့”
ဘုန်း ဘုန်း
ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသည့် မီးတောက်များ၏ အောက်တွင်တော့ သက်လတ်ပိုင်းလူသည် အနောက်ဘက်သို့ လန်ထွက်သွားတော့သည်။ အဆုံးသတ်မှာတော့ သူသည် တခြားသူများဆီသို့ ရွေ့လျားကာ ထွက်ပြေးရန် ပြင်ဆင်လိုက်တော့သည်။ နဂါးလေး၏ ဒုတိယတိုက်ပွဲဝင်ပုံစံသည် သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံခြင်းသာ ဖြစ်သည်ဆိုသော်လည်း အားအင်အဆင့်မှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေ၏။
“ကောင်းကင်ငှက်မွေး”
ထိုအချိန်မှာတော့ ရှင်းလင်းလှသော အသံလေးတစ်ခုသည် ကောင်းကင်ယံထက်၌ ဖြစ်တည်လာသည်။
ဝှစ် ဝှစ် …။
ဓားသွားကဲ့သို့သော အလင်းတန်းများသည် ကောင်းကင်ယံထက်မှ ကျဆင်းလာ၏။
မီးတောက်များ၏ တိုက်ခိုက်မှုကို ရှောင်ရှားရင်း အဝေးတစ်နေရာဆီသို့ ထွက်ပြေးရန် ပြင်ဆင်လိုက်သော သက်လတ်ပိုင်းလူ၏ အမူအရာများသည် ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် မြန်မြန်ပဲ လျှပ်စီးသင်္ကေတတစ်ခုကို ဖန်တီးကာဖြင့် အော်ဟစ်လိုက်သည်။ “ခုနှစ်စင်ကြယ်စည်း”
ဝမ် ဝမ် ဝမ်
စည်းခုနှစ်ခုသည် သူ၏ ရှေ့တွင် ဖြစ်တည်လာခဲ့တော့၏။
ဖောင်း ဖောင်း
ကောင်းကင်ယံထက်မှာ ကျဆင်းလာသော ငှက်မွေးများသည် ထိုစည်းနှင့် ထိလိုက်ပြီးသည့်နောက်မှာ အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားသည်။
ဝှစ် ဝှစ်
သက်လတ်ပိုင်းလူသည် တခြားတစ်ဖက်ဆီသို့ ပျံသန်းသွားပြန်သည်။ သူ၏ ရှေ့တွင်ရှိသော စည်းခုနှစ်ခုတွင်တော့ လေးခုမှာ ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ကြည့်ရသည်မှာ အခြေအနေတော့ မဆိုးရွားလှသေးချေ။ ထို့ပြင် ဤသက်လတ်ပိုင်းလူသည် အမဲရောင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။
ရှောင်မိုရှန်း၏ အားအင်သည် သိုင်းအုပ်စိုးသူထိပ်ဆုံးအဆင့်သာရှိ၏။ သူမ၏အားအင်နှင့် ထိုသူအား ဒဏ်ရာရရှိအောင် ပြုလုပ်ဖို့ဆိုရင် ၎င်း၏ အကာအကွယ်အား အရင်ဆုံး ဖျက်ဆီးရန် လိုအပ်နေသေးသည်။
ဟူး ဟူး
တောက်ပနေသော မီးတောက်များသည် အောက်ဘက်ဆီမှ ဖြစ်တည်လာ၏။
“ချီးတဲ့မှ” သက်လတ်ပိုင်းလူသည် အလွန်တရာ ဒေါသထွက်သွားသည်။ သူ့အနေနှင့် မည်သို့မှ မတတ်နိုင်ဘဲ နဂါးလေး၏ မီးတောက်များနှင့် ရင်ဆိုင်လိုက်ရပြန်သည်။ ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေးဆိုသည်မှာ မဖြစ်နိုင်တော့ချေ။ အချိန်တိုင်းလိုလိုပဲ ရှောင်မိုရှန်းသည် ဘေးတစ်ဖက်ဆီမှ အလစ်ချောင်းတိုက်ခိုက်ခြင်းကို ပြုမူ၏။ ထိုသို့နှင့်ပဲ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်သည် ကျွင်းချောင်ရှောင်း၏ ပဋိညာဉ်သားရဲ များ၏ တိုက်ခိုက်ခြင်းကို ဆက်တိုက်ခံနေရတော့သည်။
“ကောင်းကင်နီဓား ခုတ်ပိုင်းချက်”
တခြားတစ်ဖက်မှာတော့ လုံကျိရန်သည် အရှေ့ဘက်ဆီသို့ ပျံသန်းသွားပြီးသည့် နောက်မှာတော့ လက်ဝါးတွင် မီးတောက်စည်းတစ်ခုကို ဖန်တီးလိုက်၏။ ပြီးနောက် လေဟာနယ်ထဲသို့ ထုတ်ဖော်ကာ တိုက်ခိုက်ပြန်၏။
ဘန်း ဘန်း
အဝါရောင်အဆင့် သိုင်းကျင့်ကြံသူနှစ်ယောက်သည် ၎င်း၏ တိုက်ခိုက်မှုကြောင့် အနောက်ဘက်သို့ ဆုတ်ခွာသွား ရ၏။ ထိုသူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုပြီးသည့်နောက် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်တော့သည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ တခြားသောကျင့်ကြံသူများသည် ထွက်ပေါ်မလာခဲ့ကြချေ။ လက်ရှိ ရှိနေသော လူများနှင့်ပင် လုံလောက်နေပြီဖြစ်၏။ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများသည် မထူးဇာတ်ခင်းကာဖြင့် အပြင်းအထန် ပြန်လည်တိုက်ခိုက်ကြတော့၏။
“ကြက်သွေးရောင် စိတ်ဝိညာဉ်အလင်း”
“ပင်လယ်ဖြတ်သန်းခြင်းအလင်း”
ဝှစ် ဝှစ်
ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများသည် ၎င်းတို့ တက်ကျွမ်းထားသော သိုင်းကျင့်ကြံခြင်းနည်းစနစ်အစုံကို ထုတ်ဖော်ကာ တိုက်ခိုက်နေကြ၏။ တိုက်ခိုက်မှု၏ အလင်းတန်းများ အားလုံး သည် လုံကျိရန်ဆီသို့ ပျံသန်းရောက်ရှိလာ၏။
မည်သည့် စည်းမျဉ်းစည်းကမ်းမှ မရှိသော တိုက်ခိုက်ရေးတည်နေရာ ထဲတွင် ၎င်းတို့သည် အရေအတွက်တွေ၊ ဘာတွေကို ထည့်၍ စဉ်းစားနေလိမ့်မည်မဟုတ်ချေ။ ဖြစ်နိုင်သမျှ တစ်ဖက်လူများကို သတ်ဖြတ်ရန်သာ စဉ်းစားထားခဲ့၏။ အလစ်ချောင်း တိုက်ခိုက်မှု ဆိုလျှင်တောင်မှ ၎င်းတို့သည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် တိုက်ခိုက်မှာ သြာ ဖြစ်သောကြောင့်ပင်။