← Chapters

အခန်း (၈၈၄)

Vol. 60 Ch. 884

အခန်း (၈၈၄)

Vol. 60 Ch. 884

“ဒါက နည်းနည်းတော့ ပြဿနာများတယ်” သူ့ဆီသို့ ပျံသန်းရောက်ရှိလာသော များပြားလှသည့် တိုက်ခိုက်ရေး နည်းစနစ်များကို မြင်ရချိန်မှာတော့ လုံကျိရန်သည် မျက်မှောင်ကုတ်လိုက်မိသည်။ ၎င်းသည် ကျန်းယန်ဝတ်စုံကို အမှီပြုကာ တိုက်ခိုက်နေရသည်ဖြစ်သောကြောင့် အဝါရောင်အဆင့် သိုင်းကျင့်ကြံသူများနှင့် တိုက်ခိုက်ရမည် ဆိုလျှင်တောင်မှ အတွေ့အကြုံအရ ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် များပြားလှသော တိုက်ခိုက်မှု များကို ခံယူရချိန်မှာတော့ သူသည် ကျိန်းသေပေါက် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ရွီး

ထိုအချိန်မှာတော့ ရှောင်ကျီသည် ရှေ့ဆီသို့ လှမ်းတက်လာပြီး သူ၏ လက်ကိုယမ်းခါလိုက်၏။

ဒွီ ဒွီ ဒွီ

မြေဓာတ်သဘာဝနံရံကြီးသည် သူတို့အားလုံးကို ဝိုင်းရံကာ ဖြစ်တည်လာခဲ့တော့သည်။ အကာအကွယ်နံရံကြီး သည် မြေစိတ်ဝိညာဉ်များနှင့် စုစည်းထားခြင်းဖြစ်ပြီး ရှောင်ကျီ၏ တောရိုင်းခန္ဓာကိုယ်သည် အသက်ဝင်လာ ခဲ့တော့သည်။ ၎င်းဆီမှ ထွက်ပေါ်လာသော အော်ရာများသည် အလွန်အားကောင်းလွန်းလှပြီး ရှေးတောင်တန်းများကဲ့သို့ပင် တခြားသောသူများ၏ အာရုံထဲတွင် ထင်ပေါ်စေခဲ့တော့သည်။

ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူများသည် နှာခေါင်းရှုံ့လိုက်၏။ ဤနံရံသည် အလွန်တရာ ထူထဲလှသည့်ပုံစံပေါ်သော်လည်း ၎င်းတို့ စုပေါင်းတိုက်ခိုက်လိုက်မည်ဆိုပါက ကျိန်းသေပေါက် ခုခံနိုင် လိမ့်မည် မဟုတ်ပေ။

ဘုန်း ဘုန်း ဘုန်း

များပြားလှသော အလင်းတန်းများအားလုံးသည် နံရံကို ထိမှန်ပြီးသည့်နောက်မှာတော့ လေလှိုင်းများ တဟုန်းဟုန်းနှင့် ဖြစ်တည်လာသည်။ သို့ပေမဲ့ အေးစက်သည့်အော်ရာများ အောက်မှာတော့ မြေနံရံကြီးသည် ခန့်ခန့်ညားညားဖြင့် တည်ရှိနေသေး၏။ ရှောင်ကျီနှင့် လုံကျိရန်တို့ အားလုံးသည် မည်သည့်ထိခိုက်မှုကိုမှ မခံစား ရချေ။ မြေတည်နေရာကြီးတွင် အက်ကွဲကြောင်းလေး တစ်ခုတောင်မှ ထင်ပေါ်မလာခဲ့ချေ။

“ဒါက” ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူများသည် ဆွံ့အလျက်ရှိနေ၏။ ၎င်းတို့၏ အားအင်အဆင့်သည် အဝါရောင်အဆင့် သိုင်းကျင့်ကြံသူများကြားထဲတွင် အားအကောင်းဆုံးသောသူများ မဟုတ်ပေ။ သို့ပေမဲ့ ငါးယောက်၊ ခြောက်ယောက်လောက် စုပေါင်းတိုက်ခိုက်ပြီးသည့်နောက်မှာတော့ အားအင် အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းသွားသည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများ၏ မြေနံရံသည် ၎င်းတို့၏ တိုက်ခိုက်ချက်ကို ခံယူရသည့် နေရာတွင် မည်သည့်အက်ကွဲကြောင်းမှပင် ဖြစ်ပေါ်မလာခဲ့ချေ။ ထိုအရာမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလွန်းနေ၏။

ဘန်း ဘန်း

မြေနံရံကြီးသည် တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားခဲ့ကြ၏။ ရှောင်ကျီသည် သူ၏ခေါင်းကို မော့ပြီးနောက် စပ်ဖြီးဖြီးနှင့် ပြောလိုက်သည်။ “စိတ်လှုပ်ရှားစရာပဲ”

များပြားလှသည့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ခံယူပြီးသည့်နောက်မှာတော့ အကာအကွယ်၏ စွမ်းအင်သည် မည်မျှအားကောင်းလှသည်ဖြစ်ကြောင်းကို သူနားလည်သွားမိတော့သည်။ ပြီးသည့်နောက်မှာတော့ သူ၏ သွေးများ သည်လည်း တဖြည်းဖြည်းနှင့် ဆူဝေလာခဲ့တော့သည်။

“သွားစမ်း” လီချင်းယန်က အော်ဟစ်လိုက်၏။

လီဖေး၊ ထျန်းချီနှင့် တခြားသောသူများအားလုံးသည် ဘယ်၊ ညာ နှစ်ဖက်ဆီမှခွဲ၍ ဝင်ရောက် တိုက်ခိုက်ကြတော့ သည်။ ၎င်းတို့၏ မျက်လုံးများသည် မိမိတို့၏ ရန်သူကို ပစ်မှတ်ထားကာဖြင့် ဆက်တိုက် ရူးရူးမူးမူး တိုက်ခိုက်ခြင်းကို ပြုမူသည်။

ထိုအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ သိုင်းနည်းစနစ်များသည် လေထုထဲတွင် ဖြစ်တည် လျက်ရှိနေတော့သည်။ အဘယ်ကြောင့်ဆိုသော် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူများ သည် အရေအတွက်အရ ၎င်းတို့ကို ဖိနှိပ်တိုက်ခိုက်ခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သိုင်းနည်းစနစ် အစုံကို ပြန်လည်ကာထုတ်ဖော်ရင်း အသာစီးရယူရန် စီစဉ်ထား၏။

ထို့အတူ ကျွင်းချောင်ရှောင်းသည်လည်း ကျန့်ရာနှင့် တခြားသောအကြီးအကဲများကိုလည်း တိုက်ခိုက်ရန် အမိန့် ပေးလိုက်တော့သည်။ တိတိကျကျပြောရမည်ဆိုလျှင် ထိုသို့ တိုက်ခိုက်ရာတွင် လီချင်းယန်နှင့် တခြားသူများ၏ တိုက်ခိုက်ခြင်းကို ကူညီရန်ပင် ဖြစ်တော့သည်။

ဘုန်း

ဟယ်ဝူတီသည် အရင်ဆုံး တိုက်ခိုက်တော့၏။ ၎င်း၏ အမြန်နှုန်းနှင့် သိုင်းစွမ်းရည်များကို အမှီပြုပြီးသည့်နောက် မှာတော့ သူသည် အဝါရောင်အဆင့် သိုင်းကျင့်ကြံသူတစ်ယောက်ကို ချက်ချင်းပဲ သတ်ဖြတ်ပစ်ခဲ့၏။ တခြားတစ်ဖက်မှာတော့ ရီရှင်းချန်သည် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေတုန်းပင်ဖြစ်သည်။ သူ၏ ရန်သူသည် သူ့ထက်ပို၍ အားကောင်းသောကြောင့် မြန်မြန်ဆန်ဆန် တိုက်ခိုက်ခြင်းကို မပြုလုပ်နိုင်ချေ။

ဇွိ

တိုက်ကွက်ဆယ်ကွက်လောက် တိုက်ခိုက်ပြီးသည့်နောက် ဖေးအားညိုသည် သူ့ပြိုင်ဘက်၏ တိုက်ခိုက်ချက်ကို အခွင့်အရေး ရယူကာဖြင့် တစ်ဖက်လူ၏ နှလုံးသားကို ဓားဖြင့် ထိုးစိုက်ခဲ့၏။

“မင်း”

ရှေ့တွင်ရှိသော မျက်နှာဖုံးနှင့် သိုင်းကျင့်ကြံသူကို ကြည့်ပြီးနောက် ထိုသူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေသည်။ သူသည် တစ်ဖက်လူထက် ပိုမိုအားကောင်းသည်မှာ ထင်ရှားလှ၏။ သို့ပေမဲ့ အဘယ်ကြောင့် တစ်ဖက်လူ၏ လက်ချက်ဖြင့် သေဆုံးရသနည်း။ အဘယ့်ကြောင့်ဆိုသော် အတွေ့အကြုံ ကြောင့်ပင်ဖြစ်တော့၏။

ဇွိ

ရီရှင်းချန်သည် သူ၏ဓားကို ဆွဲနှုတ်ပြီးသည့်နောက် တခြားသော သိုင်းကျင့်ကြံသူဆီသို့ ပြေးဝင်သွားခဲ့ပြန်သည်။ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ၏ ကျင့်ကြံခြင်းအဆင့်သည် ၎င်းတို့ ပြိုင်ဘက်များထက် မမြင့်မား လှဘူးဟုဆိုသော်လည်း ကျန်းယန်ဝတ်စုံနှင့် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲတွင် ရရှိခဲ့သော အတွေ့အကြုံ များကို အခြေခံကာဖြင့် တစ်ဖက်သားအား အသာစီးမှ ရယူကာ တိုက်ခိုက်နိုင်စွမ်း ရှိနေကြ၏။ ၎င်းတို့အားလုံး သည် လှောင်အိမ်ထဲမှ စေလွှတ်လိုက်သော ကြမ်းတမ်းလှသည့် သားရဲရိုင်းများကဲ့သို့ပင် မြင်မြင်သမျှ သတ်ဖြတ်ခြင်းကို ပြုမူလျက်ရှိနေ၏။

“ဂိုဏ်းချုပ်”

ခရမ်းရောင်ဘုရင်က မေးလိုက်သည်။ “ကျုပ်ကော တိုက်လို့ရပြီလား”

လီချင်းယန်နှင့် တခြားသူများ ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်နေသည်ကို မြင်တော့ သူသည် မည်သို့မှ မနေနိုင်တော့ချေ။ လက်များ ယားလျက်ရှိနေ၏။

“သွားတိုက်လေ၊ ပြီးတော့”

ကျွင်းချောင်ရှောင်း၏ စကားမဆုံးခင်မှာပဲ ခရမ်းရောင်ဘုရင်သည် ချက်ချင်းပဲ ပြေးထွက်သွားခဲ့၏။ အခွင့်အရေးကို အရယူပြီး ရှောင်ကျီကို တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိနေသော ကြက်သွေးရောင် ပင်လယ်ကုန်းမြေတိုက်ကြီးမှ ကျွမ်းကျင်သူသည် ရိုက်နှက်ခံလိုက်ရပြီး မြေပေါ်သို့ ပြုတ်ကျသွားသည်။

ဝုန်း ဝုန်း

ထိုသူသည် မြေပေါ်သို့ ပြုတ်ကျသွားပြီးနောက် ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်ကာ သေဆုံးသွားခဲ့၏။

ဝုန်း ဝုန်း

ခရမ်းရောင်ဘုရင်သည် နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်ခဲ့၏။ အဝါရောင်အဆင့် သိုင်းကျင့်ကြံသူသည် မည်သို့မှ တိုက်ခိုက်ခြင်းကို မပြုလုပ်နိုင်ဘဲ နေရာမှာတင် ပွဲချင်းပြီး သေဆုံးကုန်သည်။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့် များသည် တုန်ယင်သွားသည်။ ခရမ်းရောင်ဘုရင်သည် မြေအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ အဝါရောင်အဆင့် ကျွမ်းကျင်သူများကို သတ်ဖြတ်ခဲ့ပြီးသည့်နောက် သီလအမှတ်တစ်မှတ်သာလျှင် ရရှိ၏။ ဤအရာမှာ မထိုက်တန်ဟု ဆိုရမည်။

လက်ရှိအခြေအနေမှာတော့ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးမှ ကျင့်ကြံသူများသည် စွမ်းအားများကို စုစည်းလိုက်ပြီးသည့်နောက်မှာတော့ ပူးပေါင်းတိုက်ခိုက်နေသည်။

ဝုန်း ဝုန်း

ခရမ်းရောင်ဘုရင်သည် လေဟာနယ်ထဲတွင် လျှောက်လှမ်းထွက်ပြီးသည့်နောက်မှာတော့ သူ၏ မျက်လုံးများသည် ကြမ်းတမ်းလှသည့်အော်ရာများနှင့် ပြည့်နှက်နေသည်။

ဝုန်း

“သူတို့ကို မသတ်နဲ့”

ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် လှမ်းပြောလိုက်သည်။ “ဘေးကနေပဲ စောင့်ကြည့် ပေးထား၊ ထွက်ပြေးမသွားအောင်လို့၊ ချင်းယန်နဲ့ တခြားသူတွေ သတ်လိမ့်မယ်”

“ကောင်းပြီ” ခရမ်းရောင်ဘုရင်သည် သူ၏ သတ်ဖြတ်လိုခြင်းဆန္ဒများကို ပြန်လည်သိမ်းဆည်းပြီးသည့်နောက်မှာ တော့ လက်ပိုက်ကာ ကောင်းကင်ယံတွင် ရပ်တန့်လျက်ရှိနေသည်။ သူ၏ အဝတ်အစားများသည် ပေါက်ကွဲထွက် မသွားခဲ့ဘူးဆိုသော်လည်း သူ၏ ဘုရင်အဆင့် အော်ရာများသည် ကြက်သွေးရောင် ပင်လယ်ကုန်းမြေတိုက်ကြီး ဆီမှ သိုင်းကျင့်ကြံသူများကို ကြီးကြီးမားမား တုန်လှုပ်စေခဲ့၏။ ဤလူသည် အမှန်ပင် မြေအဆင့် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လို့နေသည်။

အကြီးအကဲလီတစ်ယောက် မြန်မြန်ဆန်ဆန် ထွက်ပြေးသွားချင်နေသည်မှာ အံ့အားသင့်စရာတော့ မဟုတ် တော့ချေ။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းကျင့်ကြံသူများသည် အလွန်တရာ အားကောင်းလွန်းနေ၏။ ခရမ်းရောင်ဘုရင်သည် အားအင်အဆင့်ကို ထုတ်ဖော်ပြသပြီးသည့်နောက်မှာတော့ ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်ကြီးဆီမှ ကျင့်ကြံသူများ၏ တိုက်ခိုက်လိုစိတ်များသည် ကျဆင်းသွားခဲ့ကြ၏။ ၎င်းတို့၏ စိတ်ထဲတွင် တစ်ခုတည်းသော အတွေးသာရှိတော့၏။ ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးရန်ပင်ဖြစ်၏။

“လူရှုပ်တွေ”

ဘန်း

အဝါရောင်အဆင့် သိုင်းကျင့်ကြံသူတစ်ယောက်သည် အောင်မြင်စွာဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့၏။ သို့ပေမဲ့ သူသည် ခရမ်းရောင်ဘုရင်၏ လက်မှတော့ မလွတ်မြောက်နိုင်ခဲ့ချေ။ သူ၏မျက်နှာဆီသို့ လက်ဝါးရိုက်ချက်ကြီး တစ်ခု ကျဆင်းလာပြီးသည့်နောက် တိုက်ပွဲတည်နေရာထဲသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

“သေစမ်း” ရီရှင်းချန်သည် ထိုသူ့နားသို့ ချဉ်းကပ်ပြီးသည့်နောက် သူ၏ ကျန်းယန်ဓားကို လှုပ်ရှားကာ တစ်ဖက်လူအား သတ်ဖြတ်ပစ်ခဲ့၏။ အခွင့်အရေးကို အရယူသည့်နေရာတွင် ဖေးအားညိုသည် တခြားသူများထက် ပိုမို၍ တိကျပြီး မြန်ဆန်လွန်းနေ၏။

ဘုန်း ဘုန်း

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာစက်ဝိုင်းအပြင်ဘက်တွင်တော့ တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားလျက် ရှိနေသည်။ ခရမ်းရောင်ဘုရင်သည် အပြင်ဘက်တွင် စောင့်ကြပ်လျက်ရှိနေသောကြောင့် ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်ကြီးမှ ကျင့်ကြံသူများသည် အံကိုကြိတ်ကာဖြင့် တိုက်ခိုက်ခြင်းကိုသာ ပြုမူနိုင်ကြတော့၏။ ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်ကြတော့ချေ။ ၎င်းတို့သည် တစ်ယောက်ပြီးတစ်ယောက် ပြိုင်စံရှားဂိုဏ်း တပည့်များ၏ လက်ချက်ဖြင့် သေဆုံးနေတော့သည်။

တစ်စုံတစ်ယောက်ကို တိုက်ခိုက်သတ်ဖြတ်ခဲ့သည် အချိန်တိုင်းတွင် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာ သည်လည်း တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့တော့သည်။ အစစ်အမှန် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော သိုင်းကျင့်ကြံသူများသည် နောင်ငါးနှစ်ကြာပြီးသည့်နောက် ဤနေရာသို့ ရောက်ရှိချိန်တွင် ၎င်းတို့၏ တည်နေရာ ကြီးသည် ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ကျယ်ပြောလျက်ရှိပြီး အဆောက်အဦများ တည်ဆောက် ထားသည်ကို မြင်ရပါက အလွန်အမင်း အံ့အားသင့်သွားကြမှာ သေချာပေသည်။

အား

ဆယ်မိနစ်လောက် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးမှ အကြီးအကဲလီသည် နဂါးလေးနှင့် ရှောင်မိုရှန်းတို့ကြောင့် အလွန်တရာ မောပန်းနေပြီဖြစ်သည်။ နောက်ဆုံးတွင် သူသည် အင်ပြည့်အားပြည့် အော်ဟစ်ရင်း ပျောက်ကွယ်သွားခဲ့တော့သည်။ သူသည် ထွက်ပြေးလွတ်မြောက် သွားခဲ့၏။ အဘယ်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သနည်းဆိုသော် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့ခြင်းပင် ဖြစ်တော့၏။

“ချီးတဲ့မှ” နဂါးလေးသည် ဒေါသတကြီးဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူထွက်ပြေးရင်လည်း ထွက်ပြေးပလေ့စေ၊ ကိစ္စမရှိဘူး၊ စိတ်တိုစရာ မလိုဘူး”

အဆင့်မြင့် ကျွမ်းကျင်သူများ အားလုံးသည် ဝှက်ဖဲဆိုသည်မှာ တည်ရှိပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အနေနှင့် ရုတ်တရက် ထွက်ပြေးခြင်းကို ပြုမူနိုင်စွမ်းရှိသည်။ ထိုအရာကို မည်သူမှ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် ထွက်ပြေးခြင်းသည်ကလည်း ဆိုးရွားသည့်အရာတော့ မဟုတ်ချေ။ တစ်ဖက်လူသည် ထွက်ပြေးလွတ်မြောက် သွားပြီးသည်နှင့်တပြိုင်နက် သူ၏တည်နေရာထဲတွင် ပုန်းအောင်နေလိမ့်မည် မဟုတ်ချေ။ ပိုမို အားကောင်းလှသော ကျွမ်းကျင်သူများကို ခေါ်ဆောင်လာကာဖြင့် ၎င်းတို့၏ ခံတပ်ကို လာရောက်တိုက်ခိုက်မှာ သေချာ၏။ ထိုအရာမှာ မီးတောက်ထဲသို့ တိုးဝင်လာမည့် ပိုးဖလံများကို သွားရောက်ခေါ်ဆောင်ခြင်းဟု ဆိုရပေမည်။

မကြာခင်မှာပဲ လီချင်းယန်နှင့် တခြားသောသူများ၏ တိုက်ခိုက်မှုကြောင့် ကြက်သွေးရောင် ပင်လယ်ကုန်းမြေတိုက် ကြီးဆီမှ သိုင်းကျင့်ကြံသူများသည် သေဆုံးကုန်ကြတော့သည်။

.................

တိုက်ပွဲမှာ အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။ တပည့်များအားလုံးသည် ၎င်းတို့ တိုက်ခိုက်သတ်ဖြတ်ပြီးသောလူများ ဆီမှ ပစ္စည်းပစ္စယများကို ရှာဖွေယူငင်လျက်ရှိနေကြ၏။ သိုလှောင်လက်စွပ် တော်တော်များများကို စုစည်းပြီးသည့် နောက်မှာတော့ စောနက ဖြစ်တည်ခဲ့သော တိုက်ပွဲနှင့်ပတ်သက်၍ အားလုံးက ဆွေးနွေး နေကြ၏။

“တကယ့်ကို တိုက်ပွဲကောင်းတစ်ခုပဲ”

“သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲမှာ ကြုံရတဲ့ တိုက်ခိုက်ပွဲတွေထက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ်”

“ရန်သူက အား လုံးဝ မနည်းဘူးလေ၊ ငါတို့က အားကုန်ထုတ်ပြီးတိုက်ခိုက်ခဲ့ရတာ”

သာမန်အားအင်အဆင့်အရဆိုလျှင် သိုင်းအုပ်စိုးသူအဆင့်ကို မရောက်ရှိသေးသော ပြိုင်စံရှားဂိုဏ်းတပည့်များ အားလုံးသည် ဤအဝါရောင်အဆင့် သိုင်းကျင့်ကြံသူများကို အနိုင်ယူ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လှိုင်းအဆောင်နှင့် ကျန်းယန်ဝတ်စုံတို့၏ အကူအညီကြောင့် ၎င်းတို့သည် ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက် နိုင်စွမ်းရှိနေကြကာ အထက်စည်းမှ တိုက်ခိုက်ခြင်းကိုပင် ပြုမူနေနိုင်ကြသည်။

သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်ရခြင်းဆိုသည်မှာ ၎င်းတို့၏ တိုက်ခိုက်မှုအတွေ့အကြုံကို ပိုမို တိုးတက်စေသည့်အပြင် သိုင်းကျင့်ကြံခြင်းနည်းစနစ်များ၏ နားလည်မှုသည်လည်း ပိုမိုတိုးတက်လာလိမ့်မည် ဆိုသည်မှာ သံသယရှိစရာ မလိုအပ်ပေ။ ဤအရာသည် ဂြိုဟ်တိုက်ပွဲတည်နေရာ ရွေ့ပြောင်းခြင်း၏ အစစ်အမှန် ရည်ရွယ်ချက်ပင် ဖြစ်နေတော့သည်။ တခြားသူများအား သွား၍ ကြွားဝါဟန်ထုတ်ရန် မဟုတ်ပေ။ သိုင်းကျင့်ကြံသူ များအနေဖြင့် ဤနေရာသို့ ဝင်ရောက်လာပြီး အထက်နယ်မြေတွင်ရှိသော သိုင်းကျင့်ကြံသူများနှင့် တိုက်ခိုက်ရန်၊ အစစ်အမှန် ၎င်းတို့၏ တိုက်ခိုက်ရေးနည်းစနစ်များကို နားလည်လာစေရန်ပင် ဖြစ်တော့၏။

လီချင်းယန်နှင့် တခြားသူများ အားလုံးသည် မိမိကိုယ်ကို လုံခြုံစွာဖြင့် တိုက်ခိုက် အနိုင်ယူခဲ့ကြပြီဖြစ်သည်။ ၎င်းတို့သည် ကျိန်းသေပေါက် ဤနေရာဆီမှ များပြားလှသည့် အကျိုးအမြတ်များကို ရရှိခဲ့တော့၏။ ဆိုးဝါးသည်မှာ တိုက်ပွဲနှစ်ခုကို တိုက်ခိုက်ပြီး အဓိကဟောခန်းကြီးတစ်ခုကို တည်ဆောက်ပြီးသည့်နောက်မှာ လှိုင်းအဆောင် သည်ကုန်ဆုံးရန် မိနစ်အနည်းငယ်သာ ကျန်ရှိတော့သည်။ ဤအရာကုန်ဆုံးသွားပြီဆိုပါက ၎င်းတို့သည် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့တော့မှာဖြစ်သည်။

“ရှင်ခေါ်ဆောင်လာခဲ့သော သိုင်းကျင့်ကြံသူများသည် တိုက်ပွဲတည်နေရာ၏ စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီတော့ပါဘူး၊ ဒီတော့ သူတို့ကို ခြောက်ဆယ်စက္ကန့်အတွင်း အပြင်ဘက်ကို ထုတ်ပယ်တော့မှာ ဖြစ်တယ်” အမျိုးသမီးစနစ်၏ သတိပေးသံသည် ထွက်ပေါ်လာခဲ့၏။

“ချင်းယန်...”

ကျွင်းချောင်ရှောင်က ပြောလိုက်သည်။ “ဂိုဏ်းကို အရင်ဆုံးပြန်တော့”

“ကောင်းပါပြီ” လီချင်းယန်သည် အချိန်မဖြုန်းတော့ချေ။ ရှောင်ကျီနှင့် တခြားသူများကို ခေါ်ဆောင်ကာဖြင့် တည်နေရာလေုချင်းချင်း၊ ဟယ်ဝူတီ တို့မှာတော့ တည်နေရာမှ ထွက်ခွာမသွားခဲ့ကြချေ။ ၎င်းတို့နှစ်ယောက်စလုံးသည် သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ် ရောက်ရှိခဲ့ပြီဖြစ်သောကြောင့် ဤဂြိုဟ်တိုက်ပွဲတည်နေရာ၏ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီလျက် ရှိနေတော့သည်။

All Chapters