← Chapters

အခန်း (၈၈၅)

Vol. 60 Ch. 885

အခန်း (၈၈၅)

Vol. 60 Ch. 885

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးတို့သည် လှိုင်းအဆောင်အချိန်ပြည့်သွားခဲ့ပြီဖြစ်သောကြောင့် ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်သွားရုံသာ တတ်နိုင်ကြတော့သည်။ ၎င်းတို့သည် ရောက်ရှိလာခဲ့ပြီးသည့်နောက်မှာတော့ စိတ်ချမ်းမြေ့စွာ၊ သာယာစွာဖြင့် ပြန်သွားခဲ့ကြပြီဖြစ်သည်။

ဤဂြိုဟ်တိုက်ပွဲတည်နေရာကြီး၏ အကျိုးသက်ရောက်မှုသည် ၎င်းတို့အား ကောင်းမွန်သည့်အခြေအနေတစ်ခုဆီသို့ ရောက်ရှိစေခဲ့သည်။ တခြားသောဂြိုဟ်များဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများအားလုံးသည် ငါးနှစ်လျှင် တစ်ကြိမ်သာ ဤကဲ့သို့ ဝင်ရောက်၍ ၎င်းတို့၏ တည်နေရာကို ချဲ့ထွင်နိုင်ရန် ကြိုးစားကြ၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှာတော့ ဝင်ချင်သလို ဝင်ရောက်နိုင်နေကြသည်။ ထိုအချင်းအရာကိုသာ သိရှိသည်ဆိုပါက ၎င်းတို့အားလုံးသည် မနာလိုသောကြောင့် ထိုင်၍ပင် ငိုနေကြပေလိမ့်မည်။

ဟုတ်ပေသည်။ ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည် တိုက်ပွဲတည်နေရာကြီးတွင် နှစ်နာရီကျော်သာ နေထိုင်ခဲ့ သည်ဆိုသော်လည်း သိုင်းအင်ပါယာအဆင့် ကျွမ်းကျင်သူများနှင့် (၂)ကြိမ်တိုင်တိုင်တိုက်ခိုက်ခဲ့ကြ၏။ ၎င်းတို့ရရှိခဲ့သော အကျိုးကျေးဇူးသည် အလွန်ကြီးမားလွန်းနေသည်။

လီချင်းယန်နှင့် တခြားသူများအားလုံးသည် ၎င်းတို့အခန်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ အဆင့်တိုးတက် ခြင်းကြောင့် ဖြစ်တည်လာခဲ့ရသော လောကနိယာမများအားလုံးကို နားလည်စေရန် စတင်ကာသုံးသပ်ကြပေတော့ ၏။

ထို့အပြင် ၎င်းတို့အားလုံးသည် အဝါရောင်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူများနှင့်လည်း တိုက်ခိုက်ခဲ့ကြသေး၏။ ဤကဲ့သို့ အဆင့်မြင့်ကျင့်ကြံသူများနှင့် တိုက်ခိုက်ရသည်ဆိုသည်မှာ ကြုံတောင့်ကြုံခဲအခွင့်အရေးပင်ဖြစ်တော့သည်။ ပိုက်ဆံ သို့မဟုတ် အရင်းအမြစ်များလို ဝယ်ယူ၍ ရနိုင်သည့်အရာမျိုးမဟုတ်ပေ။

မကြာခင်ပဲ အခန်းထဲတွင် ခြေချိတ်ထိုင်လျက်ရှိသော ရီရှင်းချန်သည် တွေးလိုက်မိသည်။ “ငါ ရက်အနည်းငယ်အတွင်း သိုင်းအုပ်စိုးသူအဆင့်ဆီကို ချိုးဖြတ်ရောက်ရှိနိုင်ဖို့သင့်ပြီ။”

လှိုင်းအဆောင်၏ ထောက်ပံ့မှု အပြင် သူသည် တခြားသောဂြိုဟ်များရှိ စွမ်းအားမြင့်ကျင့်ကြံသူများနှင့် တိုက်ခိုက်ခြင်းမှ အကျိုးကျေးဇူးတော်တော် များများကို ရရှိခဲ့၏။ ထို့ကြောင့် ၎င်း၏ အဆင့်ချိုးဖြတ်နိုင်မှုနှုန်းထားသည် ပိုမိုကာ တိုးတက်သွားခဲ့တော့သည်။

…

တိုက်ပွဲတည်နေရာထဲမှာတော့ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ သိုင်းကျင့်ကြံသူ(၁၀၀)ကျော်ကို သတ်ဖြတ်ခဲ့ပြီးပြီဖြစ်သည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာကြီးလည်း သိသိသာသာကို ပိုမိုကျယ်ပြန့် လာခဲ့၏။

“ဂိုဏ်းချုပ်”

တင်းရှင်းဝမ်က ပြောလိုက်သည်။ “ဒီနေရာက အဲ့လောက်လည်း ကြောက်ဖို့မကောင်းပါလား။”

“……..” ကျွင်းချောင်ရှောင်း ဆွံ့အသွားမိ၏။

သိုင်းအုပ်စိုးသူတစ်သောင်းနီးပါးခန့် လိုက်လံသတ်ဖြတ်မှုကို ကြုံရသည်ဆိုပါက ၎င်းအနေဖြင့် ဤကဲ့သို့ တွေးတောနေ လိမ့်မည်မဟုတ်ချေ။

“သွားကြစို့”

ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ လက်သီးကို ဆုပ်လိုက်သည်။ “အပြင်ကိုထွက်ပြီး ပြဿနာရှာကြတာပေါ့။”

ဟယ်ဝူတီ နှင့် လုချင်းချင်းမှလွဲ၍ အခြားသောသူများအားလုံးသည် အလွန်အားကောင်းလွန်းလှ၏။ ထို့ကြောင့် ၎င်းတို့သည် ဤတည်နေရာကြီးတွင် ထိုင်၍ စောင့်စားနေ၍ မဖြစ်ချေ။ ထိုအစား အခြားသူများဆီသို့ သွားရောက်၍ သီလအမှတ်များရရှိရန် အစဦးတိုက်ခိုက်မှုကို ပြုလုပ်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။

ကျွီ

ကျွင်းချောင်ရှောင်းသည် တခြားသူများကို ခေါ်၍ အပြင်ဘက်သို့ ထွက်လိုက်သည့်အချိန်မှာဘဲ ၎င်း၏ ရှေ့တည်နေရာ သည် ရုတ်တရက် တုန်ခါသွား၏။ ပြီးသည့်နောက်မှာတော့ အတွင်းဘက်မှ အဖြူရောင်ဆံပင်များနှင့်အဖိုးအို တစ်ယောက် ပေါ်ပေါက်လာခဲ့သည်။ ထိုသူသည် အလွန်တရာ အားကောင်းလှသော အော်ရာများကို ထုတ်ဖော်လျက် ရှိ၏။

သေချာပြီ။ ဤလူသည် သိုင်းနယ်မြေအဆင့်နှင့်နှိုင်းယှဉ်၍ ရနိုင်သော မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူပင်ဖြစ်ရမည်။

တင်းရှင်းဝမ် မျက်မှောင်ကုတ်မိသွားသည်။ ဤလူဆီမှ ထွက်ပေါ်လာသောအော်ရာများကို ကြည့်ရှုလိုက်သည့်နှင့် ဤလူ၏ အားအင်အဆင့်သည် သူ၏အောက်တွင် မရှိကြောင်း ကောင်းကောင်းသိရှိခဲ့၏။

“အဘိုးကြီး”

အခြားတစ်ဖက်မှာရှိသော ကျွင်းချောင်ရှောင်းမှာတော့ ထိုရောက်ရှိလာသည့်သူကို မြင်ရသည့်နောက် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူ၏ မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုခြင်းဆန္ဒများနှင့်ပြည့်နှက်သွားခဲ့သည်။ “ကျုပ်တို့ထပ်ပြီးတော့ တွေ့ကြပြန်ပြီ။”

ဤအဖြူရောင်ဆံပင်နှင့်အဘိုးအိုသည် အရင်တချိန်က သူ့အား အလွန်အားကောင်းလှသည့် လက်ဝါးချက်ကြီးဖြင့် ဆက်တိုက် ရိုက်နှက်ခဲ့သော မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူပင် ဖြစ်တော့၏။ သူ့အနေနှင့် ဆိုးဆိုးဝါးဝါးအခြေအနေ နှင့် ပြန်လည်ထွက်ခွာလာရသည့်အခြေအနေကို ပြန်လည်စဉ်းစားမိသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် သူ၏ ဒေါသများကို မည်သို့မျှ မထိန်းချုပ်နိုင်ခဲ့တော့ချေ။ သူ၏မျက်လုံးများသည် ရဲရဲနီလျက်ရှိနေတော့၏။

ရွှီ ရွှီ

အရှေ့ဘက်ဆီမှ အလင်းတန်းများသည် ပျံသန်းရောက်ရှိလာခဲ့ကြ၏။ အချိန်တိုအတွင်းမှာဘဲ များပြားလှသော ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ဆီမှ အဝါရောင်အဆင့် ကျွမ်းကျင်သူများအားလုံးသည် ကြယ်ကြွေကုန်းမြေ တိုက်ကြီး၏တည်နေရာ အပြင်ဘက်ဆီသို့ စုဝေးရောက်ရှိလာခဲ့ကြသည်။

“ဒါက နည်းနည်းတော့များတာပဲ။”

တင်းရှင်းဝမ်သည် တီးတိုးရေရွတ်လိုက်မိသည်။ သူသည်ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် သိုင်းအုပ်စိုးသူများကို မြင်ဖူးခဲ့၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သိုင်းအုပ်စိုးသူများသည် တစ်ရာကျော်ခန့်ပင်တည်ရှိနေ၏။ ထိုထဲတွင် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူများလည်း ပါဝင်လျက်ရှိနေသေးသည်။ ထို့ကြောင့် ဂိုဏ်းချုပ်ပြောသည်မှာ အမှန်ပင် ဖြစ်ကြောင်း သူနားလည်သွားမိခဲ့သည်။

ဤဂြိုဟ်တိုက်ပွဲတည်နေရာကြီးသည် ကျွမ်းကျင်သူများနှင့်ပြည့်နှက်နေသည့်နေရာပင်ဖြစ်နေတော့၏။

“စီနီယာချီ”

အဘိုးအိုတစ်ယောက်သည် လေးလေးနက်နက်အသံဖြင့် ပြောလိုက်၏။

“ကြယ်ကြွေကုန်းမြေတိုက်ကြီးက ကျုပ်တို့ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်က အဝါရောင်အဆင့် ကျင့်ကြံသူ တွေကို သတ်ဖြတ်ခဲ့ရုံတင်မကဘူး၊ အကြီးအကဲဟယ်ကိုပါ သတ်ပစ်ခဲ့တယ်”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းတွေးလိုက်မိသည်။ “ဒီလူဟာလည်း ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကကိုး၊ ဒါကြောင့် သူငါ့ကို ရိုက်နှက်ခဲ့တာကိုး။”

သူ့အနေနှင့် ဂြိုဟ်တိုက်ပွဲတွင် ပထမဦးဆုံးတွေ့ဖူးခြင်းဖြစ်သည်။ သို့ပေမဲ့ သူသည် ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်က ကျင့်ကြံသူတော်တော်များများကို သတ်ဖြတ်ခဲ့ပြီးပြီဖြစ်၏။

တကယ်တမ်းမှာတော့ ဤမြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူသည် အဆင့်နိမ့်ကျင့်ကြံသူများနှင့် ရင်ဆိုင်တတ်သည့် လူမျိုးတစ်ယောက်မဟုတ်ပေ။ သို့ပေမဲ့ သူ၏လူများအား များပြားစွာ သတ်ပစ်ခဲ့သည့် လူတစ်ယောက်ဖြစ်သည်မို့ ချက်ချင်းလာရောက်ကာ ဖိနှိပ်တိုက်ခိုက်ခဲ့ခြင်းသာဖြစ်တော့သည်။

သို့ပေမဲ့ အဆုံးသတ်မှာတော့ ကျွင်းချောင်ရှောင်းသည် အသက်မသေဘဲ လွတ်မြောက်အောင် ထွက်ပြေးသွားနိုင်ခဲ့၏။

“ကောင်လေး”

ချီရွမ်စီသည် ထူးမခြားနားသလို ပြောလိုက်သည်။ “နောက်ဆုံးတစ်ကြိမ်တုန်းက မင်းကိုလွှတ်ပေးခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ကံကောင်းမှာမဟုတ်ဘူး။”

မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူပီသစွာပဲ ၎င်း၏ စကားလုံးသည် အလွန်တရာပြင်းထန်လှသည့် ဖိအားများ ပါဝင်လျက်ရှိနေ၏။

ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် တည်နေရာစည်းအပြင်ဘက်ဆီသို့ လျှောက်ထွက်ကာ ပြောလိုက်တော့သည်။ “ကျုပ်တို့ထပ်တွေ့တဲ့အချိန်မှာ ခင်ဗျားအနေနဲ့ လုံလုံခြုံခြုံပြန်သွားနိုင်မလားဆိုတာကိုပဲ စဉ်းစားတွေးတောသင့်တယ်။”

အလွန်တရာပင် မောက်မာလွန်းလှ၏။ သို့ပေမဲ့ သူလှမ်းထောက်လိုက်သည်နှင့်တပြိုင်နက် ချီရွမ်စီ၏ မျက်လုံးများသည် အေးစက်သွားခဲ့တော့၏။

ကြောက်မက်ဖွယ်ရာကောင်းလှသော ဖိအားများသည် ကောင်းကင်ယံအထက်၌ စုဝေးလာခဲ့ပြီးသည့်နောက်မှာတော့ ကြီးမားသည့် လက်ဝါးရိုက်ချက်ကြီးအဖြစ်သို့ ပြောင်းလဲကာ တိမ်များကြားမှ အောက်သို့ ကျဆင်းလာခဲ့တော့သည်။

ကျွင်းချောင်ရှောင်းသည် ဤတိုက်ကွက်ကို အလွန်တရာ ရင်းနှီးနေပြီဖြစ်သည်။ အရင်တချိန် ဖိနှိပ်ခံခဲ့စဉ်ကလို အန္တရာယ်အငွေ့အသက်ကို ခံစားခဲ့ရ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူသည် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့ပြီးပြီဖြစ်၏။ သူ့အနေနှင့် အနည်းငယ်စိုးရွံ့မိသည်ဆိုသော်လည်း ကြောက်ရွံ့ထိတ်လန့်မှုတော့ မဖြစ်တော့ချေ။

ဤအရာမှာ သူပိုမိုအားကောင်းလာခဲ့သည်ဆိုသည့် သက်သေပင်ဖြစ်တော့၏။

“ဂိုဏ်းချုပ်”

ကျန့်ရာ၊ နင်ညီအကိုနှင့် တခြားသောသူများ၏ အမူအရာများသည် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့ကြ၏။ သူတို့သည် မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူ၏ လက်ဝါးရိုက်ချက်ကြီးကို ထိတ်လန့်ကြောက်ရွံ့မိကြ၏။ ထို့အပြင် ဂိုဏ်းချုပ်အနေနှင့် ဤအရာကို ခုခံနိုင်မလားဆိုသည်ကို သူတို့ပို၍ စိုးရိမ်ပူပန်မိသည်။

ထိပ်တိုက်ရင်ဆိုင်ရမည်လား။ ဤအရာကို အရူးမှသာလျှင် ပြုလုပ်ပေလိမ့်မည်။

ဝှစ် ဝှစ်

တိမ်များကြားမှကျဆင်းလာသော လက်ဝါးရိုက်ချက်ကြီးသည် ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးကိုပင် ကွဲထွက်သွားစေခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းဆီသို့ရောက်ရှိရန် မီတာအနည်းငယ်အကွာအဝေးသို့ ရောက်ရှိလာချိန်မှာ တော့ တင်းရှင်းဝမ်သည် ရှေ့သို့လှမ်းထွက်ပြီး အေးစက်စက်ပြုံးလိုက်သည်။ “ကျုပ် မိစ္ဆာသူတော်စင်ဝူကျူး ရှိနေမှတော့ ဘယ်သူက ဂိုဏ်းချုပ်ကို နာကျင်အောင်လုပ်နိုင်မှာလဲ။”

“အဘိုးကြီး၊ ဟန်လုပ်မနေနဲ့။ ဒီတိုက်ကွက်ကို မြန်မြန် ဖျက်ပစ်လိုက်တော့။”

ကြီးမားလှသည့် ဖိအားကြီး ကျဆင်းလာပြီဖြစ်ကြောင်းကို ကျွင်းချောင်ရှောင်းက ခံစားမိ၏။ သူ့အနေနှင့် ဤလက်ဝါး ရိုက်ချက်ကြီးကို မရင်ဆိုင်နိုင်လျှင် ကြိမ်းသေပေါက်ကျရှုံးသွားနိုင်၏။

“ရတနာငါးပါးလက်ဝါး”

ဝှစ် ဝှစ်

မိစ္ဆာအော်ရာငါးမျိုးတို့သည် တည်နေရာထဲတွင် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ တင်းရှင်းဝမ်သည် တစ်ဖက်လူ၏ လက်ဝါးရိုက်ချက်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်တော့သည်။

မကြာခင်မှာပဲ လက်ဝါးရိုက်ချက်နှစ်ခုသည် ပြင်းပြင်းထန်ထန်နှင့် ထိပ်တိုက်ရင်ဆိုင်မိတော့၏။

ဝုန်း ဝုန်း ဝုန်း

နားကွဲလောက်စရာ အသံကြီးများဖြစ်တည်လာပြီးသည့်နောက်မှာတော့ စွမ်းအင်မျိုးစုံတို့သည် တည်နေရာထဲတွင် လှိုင်းကဲ့သို့ ဖြစ်တည်နေ၏၊ ပတ်ဝန်းကျင်တွင်ရှိနေသော တည်နေရာများသည်လည်း တွန့်လိမ်သွားခဲ့တော့၏။

အရာအားလုံးပြန်လည်တည်ငြိမ်သွားချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် အပြုံးခပ်ပါးပါးတည်ရှိလို့နေ သည်။ သူ့အနေနှင့် တစ်စုံတစ်ယောက်၏ ကာကွယ်စောင့်ရှောက်မှုကို ခံရသည်မှာ အလွန်တရာကောင်းမွန်သည့် ခံစားချက်များကို ရရှိစေသည်ဖြစ်ကြောင်း ကောင်းကောင်းနားလည်လိုက်မိတော့သည်။

ချီရွမ်စီသည် မျက်မှောင်ကုတ်ကာဖြင့် နားလည်လိုက်မိ၏။ “မင်းဒီလိုထွက်လာရဲတာ အံ့အားသင့်စရာမဟုတ်တော့ဘူး။ မင်းကိုကာကွယ်ပေးနေတဲ့ မြေအဆင့်ကျွမ်းကျင်သူ ရှိနေတာကိုး။”

“ပေါက်ကရတွေ”

ကျွင်းချောင်ရှောင်းသည် ရန်စောင်ကာ ပြောလိုက်တော့၏။ “ကျွမ်းကျင်သူတစ်ယောက်ယောက်ကို ခေါ်မလာဘဲနဲ့ ကျုပ်ကဘာလို့ ဒီကနေထွက်လာရမှာလဲ။”

ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးတွင်ရှိသော သိုင်းကျင့်ကြံသူ တစ်ရာကျော်တို့သည် ရှေ့ဆီသို့ တိုးလာခဲ့ကြပြီး ကျွင်းချောင်ရှောင်းအား သေသည်အထိ ဓားဖြင့် ခုတ်သတ်ချင်စိတ်ပင် ပေါက်မိနေကြ၏။ သို့ပေမဲ့ အရှေ့တွင်ရှိသော ဆံပင်အဖြူနှင့်အဘိုးအိုသည် မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူဖြစ်ကြောင်း သိရှိလိုက် သည့်နောက်မှာတော့ ၎င်းတို့သည် ထိုအကြံအစည်ကို ချက်ချင်းပဲ ပယ်ချလိုက်မိကြသည်။

ကျန့်ရာနှင့် နင်ညီအစ်ကိုတို့သည် အပြင်ဘက်သို့ လျှောက်ထွက်လာကြပြီး ၎င်းတို့သည် ဂိုဏ်းချုပ်၏နောက်တွင် ရပ်လျက်ရှိပြီး တခြားသူများအားလုံးကို ရန်စောင်သည့်အကြည့်ဖြင့် ကြည့်လျက်ရှိ၏။

ချီရွမ်စီသည် ထူးမခြားနားသလို ပြောလိုက်သည်။ “ကောင်လေး မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်ကို ခေါ်လာရုံနဲ့ ဂြိုဟ်တိုက်ပွဲကြီးထဲမှာ အကြောက် အလန့်ကင်းနေနိုင်ပြီလို့ထင်နေတာလား။”

ကျွီ

တည်နေရာသည် တုန်ခါသွား၏။

အဘိုးကြီးတင်းသည် နောက်ဖက်ဆီမှ ရုတ်တရက်တိုက်ခိုက်လိုက်တော့သည်။ မိစ္ဆာငါးပါး၏ အော်ရာများသည် ပေါက်ကွဲထွက်သွားပြီးသည့်နောက် တည်နေရာတစ်ခုလုံးကို ပျံ့နှံသွားသည်။

“အရှက်မဲ့လိုက်တာ။”

ချီရွမ်စီသည် အေးစက်စက်အော်ဟစ်ပြီးသည့်နောက် သူ၏လက်ဝါးကို ဝှေ့ယမ်းကာဖြင့် ထိပ်တိုက်တွေ့ဆုံစေသည်။

ဘုန်း

သူတော်စင်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူနှစ်ယောက်သည် တိုက်ကွက်ပေါင်းအနည်းငယ်ကို တိုက်ခိုက်ခဲ့ကြ၏။ ၎င်းတို့သည် မည်သူမျှ အသာမရရှိခဲ့ကြချေ။

ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးဆီမှ အကြီးအကဲသည် ကျွင်းချောင်ရှောင်းတစ်ယောက် အကာအကွယ်မှ လွတ်ကင်းနေသည်ဖြစ်ကြောင်းကို သိရှိလိုက်သည့်နောက်မှာတော့ ချက်ချင်းပဲ အမိန့်ပေးလိုက်သည်။ “သူ့ကိုသတ်လိုက်ကြ။”

ဝှစ် ဝှစ်

အဝါရောင်အဆင့်သိုင်းကျင့်ကြံသူ ခုနှစ်ဆယ် မှ ရှစ်ဆယ် နီးပါးတို့သည် ကောင်းကင်ယံထက်မှ ကျဆင်း လာခဲ့ကြသည်။ ၎င်းတို့သည် ရှိရှိသမျှသော တိုက်ခိုက်ရေးနည်းစနစ်များကို ထုတ်ဖော်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းကို တိုက်ခိုက်ခဲ့ခြင်းပင်ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံလိုက်သည်။

“သခင် ရှေ့ကနေဖယ်။”

နဂါးလေးသည် ရှေ့ဆီသို့ လှမ်းထွက်လာပြီးသည့်နောက် ပြောလိုက်သည်။ “အားလုံးကို မီးသြင်္ဂိုလ်ပစ်မယ်။”

ကျွင်းချောင်ရှောင်းသည် အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။ ကျန့်ရာ၊ နင်ညီအစ်ကိုတို့သည်လည်း အမှတ်မထင် နောက်သို့ ဆုတ်မိလိုက်ကြ၏။

ဤနေရာသည် ဂိုဏ်းချုပ်၏ ပရိညာဉ်သားရဲများ အစွမ်းပြရာနေရာအဖြစ် ကျန်ရှိခဲ့တော့သည်။

“ငါ့ရဲ့သခင်ကို ဘယ်သူက နာကျင်အောင်လုပ်ရဲမှာလဲ။” နဂါးလေးသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။ သူ၏ခန္ဓာကိုယ်တွင်ရှိသော မီးတောက်များသည် ရူးရူးမူးမူးနှင့် တောက်လောင်လျက်ရှိသည်။ သူသည် အေးစက်စက်ပင် ပြောလိုက်၏။ “မင်းတို့အားလုံး သေကြစမ်း။”

All Chapters