← Chapters

အခန်း (၈၈၇)

Vol. 60 Ch. 887

အခန်း (၈၈၇)

Vol. 60 Ch. 887

“ကောင်းကင်နီဓားကွက်၊ သက်တန့်ရောင်စဉ်ခုတ်ပိုင်းချက်”

ကျန့်ရာ၊ အဘိုးကြီးကုန်းနှင့် တခြားသူများသည် ရှေ့သို့ လှမ်းတက်လာခဲ့တော့၏။ ပြီးသည့်နောက်မှာတော့ ပြိုင်စံရှား၏ သိုင်းနည်းစနစ်များကို အကုန်အသုံးပြုပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးတွင် တလက်လက် တောက်ပနေသော အလင်းတန်းများနှင့် ပြည့်နှက်သွားတော့သည်။ ကောင်းကင်ကြီးတစ်ခုလုံး သည် ရောင်စုံအလင်းတန်းများနှင့် ပြည့်နှက်နေ၏။

ဘုန်း ဘုန်း

ဝှစ် ဝှစ် ဝှစ်

ပစ်မှတ်ထားခံရသော ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူများသည် အညှာအတာ ကင်းမဲ့စွာဖြင့် သတ်ဖြတ်ခြင်းကို ခံနေရ၏။ သွေးများ၊ ခြေပြတ်၊ လက်ပြတ်များသည် တည်နေရာအနှံ့တွင် လွင့်မျော လျက်ရှိနေကြ၏။

နဂါးလေးနှင့် ရှောင်မိုရှန်းသည် အတူပူးပေါင်းကာ တိုက်ခိုက်လျက်ရှိနေသည်။ ဝိညာဉ်သားရဲ နှစ်ကောင်၏ အားအင်အဆင့်သည်‌ မြေကမ္ဘာအဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍ ရနေ၏။ ထို့ကြောင့် ၎င်းတို့ တိုက်ခိုက်လိုက်သည်နှင့်တပြိုင်နက် တခြားသူများ၏ အသက်သည် သေဆုံးနေတော့သည်။

ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများအားလုံးသည် နဂါးမီးတောက် နည်းစနစ်၏ တိုက်ခိုက်မှုကို ခံယူပြီးသည့် နောက်မှာတော့ ကြီးမားသည့် ဘေးအန္တရာယ်ကိုသင့်ပြီး ဖြစ်နေတော့သည်။ ၎င်းတို့ အနေဖြင့် လက်ရှိအချိန်တွင် ပြိုင်စံရှားဂိုဏ်းမှ လူများ၏ တိုက်ခိုက်မှုကို မည်သို့မှ ခုခံနိုင်စွမ်း မရှိတော့ချေ။ ပြောရမည်ဆိုလျှင် တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီးပင် ဖြစ်ပေါ်လျက်ရှိနေ၏။

ဘုန်း ဘုန်း

သတ်ဖြတ်မှုများသည် ဆက်တိုက် ဖြစ်တည်နေကြ၏။ သိုင်းကျင့်ကြံသူများအားလုံးသည် မြေပေါ်သို့ ပြုတ်ကျပြီး သည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာစက်ဝိုင်းသည် တဖြည်းဖြည်းနှင့် ပိုမို၍ ကျယ်ပြန့်လာခဲ့တော့သည်။

တခြားသူများသည် နှစ်ပေါင်းများစွာ ကြိုးစား၍ တည်နေရာချဲ့ထွင်လာသည်မှာ တကယ့်တကယ်တမ်းတော့ ဘာမှ မဟုတ်လှချေ။ ပြိုင်စံရှားဂိုဏ်းသည် တစ်မိနစ်၊ တစ်စက္ကန့်တိုင်းတွင် တည်နေရာစက်ဝိုင်းကြီး ကျယ်ပြန့်လျက်ရှိနေတော့၏။ ဤအမြန်နှုန်းမှာ ထိတ်လန့်တုန်လှုပ်စရာ ကောင်းနေ၏။

ဘုန်း ဘုန်း ဘုန်း …။

ခရမ်းရောင်ဘုရင်သည် ခရမ်းရောင်လက်သီးစည်းများကို စုဖွဲ့ပြီးသည့်နောက်မှာတော့ ဆက်တိုက်ပဲ တိုက်ခိုက် နေ၏။ အချိန်အတိုင်းအတာတိုလေးအတွင်း သူသည် အကြိမ်လေးဆယ်ခန့် ထိုးနှက် တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။

တင်းရှင်းဝမ်၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ ဟောခန်းသခင်ကျိ၏ အားအင်အဆင့်သည် ကြောက်မက် ဖွယ်ရာ ကောင်းနေသည်။ တစ်ချက်တိုက်ခိုက်လိုက်သည်ဆိုသည်နှင့် တဖက်လူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားခဲ့တော့၏။

“ဂိုဏ်းချုပ်”

အကြိမ်အနည်းငယ် လက်သီးဖြင့် ထိုးပြီးနောက်မှာ ခရမ်းရောင်ဘုရင်က ပြောလိုက်သည်။ “သူ့ကို သတ်ပစ်ရမလား၊ ချိုးပစ်ရမလား”

“သူ့ကို ချိုးပစ်လိုက်၊ ကျန်တဲ့ကိစ္စကို ကျုပ်လုပ်မယ်" ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

ခရမ်းရောင်ဘုရင်သည် တိုက်ခိုက်ရာမှ ရပ်တန့်လိုက်ပြီးနောက်မှာတော့ လက်သီးကို ဆုပ်လိုက်သည်။ "သူ အစောကြီးကတည်းက ကျိုးနေပါပြီလေ"

"မြန်လိုက်တာ" ကျွင်းချောင်ရှောင်းဆွံ့အသွားမိ၏။

ဝှစ် ဝှစ်

လေအေးများ တိုက်ခတ်သွားပြီးနောက် ဖုန်များလွင့်စင်သွားခဲ့တော့သည်။ ခရမ်းရောင်ဘုရင် တိုက်ခိုက်လိုက်သည့် အရှေ့တွင် တွင်းကြီးတစ်ခု တည်ရှိနေပြီး ထိုတွင်းကြီးများ မီတာ တစ်ရာနီးပါးခန့် ရှိသည်။

မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူဖြစ်သည့် ချင်ရွမ်စီသည် တွင်း၏အထဲတွင် လဲလျောင်းလျက်ရှိနေ၏။ သူ့ခန္ဓာကိုယ်ရှိ အဝတ်အစား များသည် စုတ်ပြတ်သတ်နေ၏။ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများ ဗရပွနှင့်ပင်။ သူ၏ ပုံပန်းသွင်ပြင်သည် ဆိုးဝါးလျက် ရှိနေပြီး သူ၏ လက်ထဲရှိ မှန်တစ်ချပ်မှာတော့ အစိတ်စိတ်အမွှာမွှာ ကွဲကြေလျက်ရှိနေသည်။

ဤအရာသည် ရှေးအင်ပါယာမှန်ဟု ခေါ်၏။ အဆင့်မြင့် အကာအကွယ် ရတနာလည်း ဖြစ်သည်။ ချင်ရွမ်စီ သည် တိုက်ခိုက်လိုက်ချိန်တွင် ဤခရမ်းရောင်ဘုရင်ဆိုသည့်သူမှာ အဘိုးကြီးထက် ပိုမိုအားကောင်းလှသူ ဖြစ်ကြောင်း နားလည်မိ၏။ ထို့ကြောင့် ချက်ချင်းပဲ သူ၏ ရတနာအား ထုတ်ဖော်ကာ ဤအကာအကွယ်ရတနာနှင့် ကာကွယ်ခဲ့ခြင်းပင် ဖြစ်၏။

သို့ပေမဲ့ ဤနေရာတွင် တင်းရှင်းဝမ် ဆိုပါက အကာအကွယ်ရတနာကို အကြိမ်ပေါင်းများစွာ ထိုးနှက်မည်ဆိုပါက ချိုးဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဤမွန်းစတားဘုရင်၏ ရှေ့တည့်တည့်တွင်တော့ အကာအကွယ် ရတနာမှာ ဘာမှ အသုံးမဝင်လှချေ။ ချင်ရွမ်စီအနေနှင့် တဖက်လူ၏ တိုက်ခိုက်ချက်ကို မည်သို့မှ မခံစားနိုင်တော့ဘဲ အောက်သို့ ပြုတ်ကျခဲ့ရတော့၏။ သူ၏ အကာအကွယ်ရတနာသည်လည်း တစ်စစီ ကျိုးပြတ်သွားခဲ့ရတော့သည်။

ခရမ်းရောင်ဘုရင်သည် စည်းခတ်မခံရခင်က အားအင်အဆင့်များကို ပြန်လည်ရရှိပြီးသည့်နောက် ပြိုင်စံရှား ဂိုဏ်းတွင်လည်း လေ့ကျင့်ခဲ့၏။ ထို့ကြောင့် သူ၏ လက်ရှိ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေတစ်ခုသို့ ချိုးဖြတ်ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သိုင်းနယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုပါက သူ့အနေနှင့် ကျိန်းသေပေါက် အနိုင်ယူနိုင်စွမ်းရှိ၏။

“အဘိုးကြီး”

ကျွင်းချောင်ရှောင်းသည် တွင်း၏ ထိပ်တည့်တည့်ဆီသို့ ပျံသန်းလိုက်သည်။ ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။ “ဒီနေ့မှာတော့ တခြားသူကို ဘယ်လို ဖိနှိပ်ရိုက်နှက်ရတယ်ဆိုတာကို သရုပ်ပြမယ်”

ရွှီး

သူ၏ရှေ့တွင်တော့ ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် ပေါ်ပေါက်လာခဲ့တော့သည်။ ထိုအရာဆီမှ ရှေးကျလှသော အော်ရာများ ထွက်ပေါ်နေသည်။

“သွား… ငါ့အချစ်လေး”

ဆွစ်

ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် အရှေ့ဆီသို့ ပျံသန်းရောက်ရှိပြီးနောက် ပိုမိုကာ ကျယ်ပြန့် ကြီးမားလာခဲ့တော့၏။

ခရမ်းရောင်ဘုရင်နှင့် တင်းရှင်းဝမ်တို့မှာမူ ဤစေတီကြီး ကြီးမားလာသည်နှင့်ပတ်သက်၍ မည်သို့မှ စိတ်မဝင်စားလှချေ။ သူတို့သည် တည်နေရာထဲတွင် ကြက်သေသေလျက်ရှိသည်။

ဂိုဏ်းချုပ်၏ အပြောအဆိုနှင့် အမူအရာ … ထိုအရာသည် သူတို့အား အလုံးစုံ ဆွံ့အလျက်ရှိနေစေ၏။

“ချီးတဲ့မှ… ဒါ တကယ့်ကို ရှက်စရာ ကောင်းလိုက်တာ၊ ဘာလို့ မိန်းမလိုမျိုး မူနွဲ့နွဲ့ လုပ်နေရတာလဲ၊ အရှက် ဆိုတာကော ရှိသေးရဲ့လား”

ခရမ်းရောင်ဘုရင်သည် စောနက ဂိုဏ်းချုပ်ပြုလုပ်လိုက်သည့် အမူအရာကို ပြန်လည်မြင်ယောင်ပြီးသည့်နောက် မှာတော့ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြက်သီးများပင် ထလာမိတော့၏။ တစ်ချိန်တည်းမှာပဲ သူသည် ကျွင်းချောင်ရှောင်းကို လက်ညှိုးထိုးကာ အော်လိုက်မိ၏။ “ရှက်စရာကြီး”

ကျွင်းချောင်ရှောင်းသည် အသာလှည့်ကြည့်ကာ အော်လိုက်၏။ “တစ်ခုခု တိုက်ခိုက်ချိန်တိုင်း ရှိသမျှ အဝတ်အစား တွေအကုန်လုံးကို ချွတ်ပစ်တတ်တဲ့ ကိုယ်လုံးတီးက ကျုပ်ကို ဘယ်လိုလုပ် ရှက်စရာကြီးလို့ ပြောနေရတာလဲ”

“ရှက်စရာကြီးပဲ”

“ခင်ဗျားကမှ ရှက်စရာကြီး”

တင်းရှင်းဝမ် “….”

သူ၏ အထင်အရဆိုလျှင် ဂိုဏ်းချုပ်နှင့် ခန်းမသခင်ကျိ နှစ်ယောက်စလုံးသည် ရှက်စရာကောင်းလှသည့် လူများပင် ဖြစ်ပေတော့သည်။

ဘုန်း

ထိုအချိန်မှာ‌တော့ ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့တော့သည်။ ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်း စေတီသည် တွင်းကြီးထဲသို့ ကျဆင်းသွားခဲ့၏။ အလင်းတန်းများ ဖြစ်တည်လာပြီး သည့်နောက် အလွန်ခံ့ညားလှသော အော်ရာများသည် တဖြည်းဖြည်း ထွက်ပေါ်လာ၏။

တင်းရှင်းဝမ်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ဒီစေတီရဲ့ အရည်အသွေးက မနိမ့်ပါးဘူးပဲ”

သာမန်အခြေအနေအရဆိုလျှင် ဤကဲ့သို့သော ရတနာများကို ကိုင်ဆောင်တတ်သည့်လူသည် အလွန် ဟိတ်ဟန်ကောင်းသည့်လူများပင် ဖြစ်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ တစ်ဖက်လူအား မတိုက်ခိုက်ခင်တွင် အလွန်ရှက်စရာကောင်းလှသော အမူအရာများကို ပြုလုပ်ခဲ့သေး၏။

ဟူး ဟူး …။

ခန့်ညားထည်ဝါလွန်းသော အော်ရာများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများ အားလုံးသည် ထိုအော်ရာများ၏ သက်ရောက်မှုကို ခံလိုက်ရပြီးနောက် ၎င်းတို့၏ အမူအရာများသည် ထပ်မံကာ ပြောင်းလဲသွားတော့သည်။

ထိုသူတို့ထဲတွင် ရတနာနှင့်ပတ်သက်၍ အနည်းငယ် သိကျွမ်းလှသော ကျွမ်းကျင်သူတချို့လည်း ပါဝင်နေ၏။ တစ်ဖက်ရတနာထံမှ ထွက်ပေါ်လာသော အော်ရာနှင့် ဖိအားများကြောင့် ကျိန်းသေပေါက် ကောင်းကင်အဆင့်ရတနာဖြစ်မည်ဖြစ်ကြောင်း သူတို့ နားလည် မိ၏။ ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်ကြီး၏ ကောင်းကင်အဆင့်ရတနာဆိုသည်မှာ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတွင်တော့ နတ်ဘုရားအဆင့် ရတနာပင်ဖြစ်တော့၏။

ဇွိ

ထိုအချိန်မှာပဲ ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့၏။ ထိတ်လန့်တုန်လှုပ်နေသော သိုင်းကျင့်ကြံသူသည် မည်သို့မှ ရှောင်ရှားရန် အချိန်မရတော့ဘဲ ဦးခေါင်းကိုဖြတ်ကာ သတ်ဖြတ်ခြင်းခံရ၏။ ဟယ်ဝူတီသည် သူ၏ ဓားကို ပြန်သိမ်းပြီးသည့်နောက်မှာတော့ ထူးမခြားနားသလို ပြောလိုက်၏။ “သေခြင်းရှင်ခြင်း တိုက်ခိုက်ပွဲထဲမှာ အာရုံ ပျက်သွားရဲတယ်ပေါ့၊ အခုအချိန်ထိ အသက်ရှင်နေတာတောင် ကံကောင်းနေပြီလို့ ပြောရမယ်”

သို့ပေမဲ့ သူသည် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီကို လှမ်း၍ ကြည့်လိုက်သည့် အချိန်မှာတော့ ထိတ်လန့် တကြားဖြင့် တွေးလိုက်မိသည်။ “ဂိုဏ်းချုပ်ထုတ်လိုက်တဲ့ ရတနာက ကျိန်းသေပေါက် သေမျိုးလောကထဲမှာရှိတဲ့ ရတနာမျိုး မဟုတ်ဘူး၊ ဒါက စီနီယာသက်တန့်ရောင်သူတော်စင် ချန်ထားခဲ့တဲ့ အရာပဲ ဖြစ်ရမယ်။”

“မြေအဆင့် သိုင်းကျင့်ကြံသူကို ဖိနှိပ်နိုင်သည့်အတွက် ပါဝင်ယှဉ်ပြိုင်သူကို ဂုဏ်ပြုပါတယ်၊ သီလအမှတ် နှစ်ဆယ် ရရှိသည်” အမျိုးသမီးစနစ်၏ အသံသည် သူ၏ နားထဲတွင် ပေါ်ပေါက်လာခဲ့သည်။

“အနိုင်ယူတာ ဟုတ်လား” ကျွင်းချောင်ရှောင်း၏ မျက်နှာသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။

အမျိုးသမီးစနစ်အသံက ထပ်ပြောလိုက်သည်။ “ပစ်မှတ်က မသေဆုံးဘူး၊ ဒါပေမဲ့ ပြန်လည်တိုက်ခိုက်ဖို့အတွက် အားအင်မရှိတော့တဲ့အထိ ဖြစ်သွားပြီ၊ ဒီတော့ ပါဝင်ယှဉ်ပြိုင်သူအနေနှင့် တူညီတဲ့ ရလဒ်ကို ရရှိတယ်၊ ဒါပေမဲ့ ဒီလိုအရာမျိုးကို တစ်ခါပဲ ပေးမယ်၊ နောက်တစ်ကြိမ် သူ့ကို သတ်ဖြတ်ပစ်နိုင်တယ်ဆိုရင်တောင်မှ ဆုလာဘ် က ရရှိတော့မှာ မဟုတ်ပါဘူး၊ မွ .. မွ”

“ကျုပ်သိပြီ”

ကျွင်းချောင်ရှောင်းသည် နားလည်သွားမိ၏။ “ပထမတစ်ကြိမ် ဒီဂြိုဟ်တိုက်ပွဲဆီ ရောက်ရှိလာတုန်းက အသက်လုပြေးရင်းနဲ့ လူတွေအားလုံးကို တိုက်ခိုက်အနိုင်ယူခဲ့တာလေ၊ သူတို့ကို မသတ်ခဲ့ဘူးဆိုပေမဲ့ သီလ အမှတ်တွေ အများကြီးရခဲ့တာ အံ့အားသင့်စရာ မဟုတ်တော့ဘူးပဲ၊ နေအုံး ….. ဒီလူက ကောင်းကင်မူလဝိညာဉ်စေတီ နဲ့ ဖိနှိပ်ရိုက်နှက်ခြင်း ခံရတာလေ၊ ဘယ်လိုဖြစ်ပြီး မသေခဲ့ရတာလဲ” မြေအဆင့်ကျွမ်းကျင်သူသည် ဤမျှလောက် အားကောင်းနေသည်လား။

ကျွင်းချောင်ရှောင်းသည် လက်ကို မြှောက်လိုက်၏။ ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် ချက်ချင်းပဲ အိတ်ကပ်အရွယ်အစားဆီသို့ ပြောင်းလဲသွားပြီး သူ၏ ဘေးဆီသို့ ရောက်ရှိလာ၏။

တွင်းနက်ထဲမှာတော့ ချင်ရွမ်စီ သည် အဝတ်အစားများ စုတ်ပြတ်လျက်ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ဖူးရောင်နေ၏။ သူသည် အလုံးစုံ သတိလစ်မေ့မျောနေပြီဖြစ်သည်။

“သွားစမ်း”

ကျွင်းချောင်ရှောင်းသည် နောက်တစ်ကြိမ် ခြေထောက်ကို အသာလိမ်၍ ဖင်ကိုကောက် ရင်ကိုကော့ကာ ရင်ဘတ်၏ ရှေ့တွင် အသဲပုံ ပုံစံလေးကို လုပ်၍ အရှေ့သို့ တွန်းလွှတ်လိုက်သည်။ ပြီးနောက် အရှက်မဲ့စွာဖြင့် ပြောလိုက်‌တော့ သည်။ “သွား… အချစ်လေး”

ဝှစ် ဝှစ်

သို့ပေမဲ့ ရုတ်တရက် အားကောင်းလွန်းသော လေလှိုင်းများ ဖြစ်တည်ပြီးနောက် ရေတွက်လို့မရအောင် များပြားလှသော သိုင်းကျင့်ကြံသူများသည် အမြန်ဆုံးနှုန်းဖြင့် ရောက်ရှိလာတော့သည်။

“အဘိုးကြီး… ခင်ဗျား ကံကောင်းသွားတယ်”

ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူအား ရိုက်သတ်မည့် အကြံ အစည်ကို အလျော့ပေးလိုက်သည်။ ပြီးသည့်နောက်မှာတော့ သူ၏ ဂိုဏ်းသားများကို အသံပို့လွှတ်လိုက်တော့ သည်။ “တည်နေရာစက်ဝိုင်းထဲကို မြန်မြန်ပြန်ဝင်ကြတော့”

ဘုန်း ဘုန်း

ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူများကို သတ်ဖြတ်ပြီးသည့်နောက် ကျန့်ရာနှင့် တခြားသူများ အားလုံးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာစက်ဝိုင်းထဲသို့ အမြန်ဆုံးနှုန်းဖြင့် ဝင်ရောက် လိုက်ကြတော့သည်။ နဂါးလေးနှင့် ရှောင်မိုရှန်းတို့သည်လည်း ပြန်လည်ရောက်ရှိလာကြ၏။

သူတို့ စက်ဝိုင်း ထဲသို့ ပြန်လည်ရောက်ရှိပြီးနောက် ရေတွက်လို့မရအောင် များပြားလှသော သိုင်းကျင့်ကြံသူများသည် တည်နေရာ အနှံ့ဆီမှ ရောက်ရှိလာခဲ့ကြသည်။ ဤရောက်ရှိလာသော အရေအတွက်သည် တဖြည်းဖြည်းနှင့် ပိုမို၍ တိုးတက် လာတော့၏။ အားအင်အဆင့်အရဆိုလျှင် ၎င်းတို့အားလုံးသည် အဝါရောင်နှင့် အမဲရောင်အဆင့် သိုင်းကျင့်ကြံသူ များ ဖြစ်ကြတော့သည်။

“ဒါက ကြောက်စရာပဲ” တင်းရှင်းဝမ်သည် မျက်လုံး အပြူးသားနှင့် ဖြစ်နေ၏။ ဂြိုဟ်တိုက်ပွဲသည် သာမန်လောက် ဖြစ်သည်ဟု သူတွေးထားမိ၏။ သို့ပေမဲ့ ဤမျှ များပြားလှသော သိုင်းအုပ်စိုးသူနှင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ များ ပေါ်လာသည်ကို မြင်ရသည့်အချိန်မှာတော့ သူအမှန်ပင် ထိတ်လန့် တုန်လှုပ်သွားခဲ့မိသည်။

All Chapters