← Chapters

ရဲ့လန်ရဲ့တာဝန်

Vol. 10 Ch. 128

ရဲ့လန်ရဲ့တာဝန်

Vol. 10 Ch. 128

အာရန်သည် ရှည်လျားသော စင်္ကြံတစ်လျှောက် သွားနေခဲ့ရင်း လမ်းတစ်ဝက်ရောက်သောအခါ သူသည် အရေးကြီးသော အရာတစ်ခုကို သတိရလိုက်လေသည်။

“ငါ့ကို တားမြစ်စာရင်းကနေ ဖယ်ရှားပေးဖို့ သူမကို ပြောဖို့ မေ့သွားတယ်” ဟု တွေးမိလိုက်လေသည်။

သို့သော် သူမသည် ထိုအရာကို သူမဖာ့သာစီစဉ်လိမ့်မည်ဟုသာ ယုံကြည်ထားလိုက်ကာ သူ၏ ထိုအတွေးကို အလျှင်အမြန်ပင် ပယ်ဖျက်လိုက်လေသည်။

“သူမက ငါ့ကို တားမြစ်စာရင်းကနေ မဖယ်ရှားရင်တောင် အဆင်ပြေပါတယ်”

အာရန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာကာ သူ့ကိုယ်သူ အာမခံလိုက်သည်။

“ငါက ‘အကြီးအကဲလီ’ ဖြစ်နေတုန်းပဲလေ”

အာရန်သည် အထူးသီးသန့်ခန်းဆီမှ ဝင့်ကြွားစွာ လမ်းလျှောက်ထွက်လာခဲ့ပြီး သူ၏ ရှည်လျားသော ဝတ်ရုံရှည်မှာ လေထဲတွင် ကျက်သရေရှိစွာ တဖျတ်ဖျတ် လွင့်လျက်ရှိလေသည်။

ထို့နောက်အာရန်သည် ဆေးဖက်ဝင်အပင်များဖြင့် ပြည့်နှက်နေသော အိတ်များစွာ ဝန်းရံလျက် ရပ်လျက်စောင့်နေသော ရဲ့လန်တည်ရှိရာ အဓိကခန်းမအတွင်းသို့ မကြာမီ ရောက်ရှိလာခဲ့သည်။

သာမန်မျိုးနွယ်စုတစ်ခုသာ ဖြစ်နေခဲ့လျှင် ထိုကဲ့သို့ယူဆောင်မှုမျိုးသည် ဘဏ္ဍာတိုက်တစ်ခုလုံးကို ဗလာကျင်းသွားစေသည် အထိဖြစ်သွားစေလိမ့်မည် ဖြစ်လေသည်။ သို့သော် အဂ္ဂိရတ်ခန်းမအတွက်မူ ဤမျှလောက်ပမာဏမှာ ဘာမှ မဟုတ်ခဲ့ပါ။

“အရာအားလုံး ပြင်ဆင်ပြီးပြီထင်တယ်”

အာရန်သည် ရဲ့လန် သယ်ဆောင်ထားသည့် အိတ်ဆယ်လုံးကို ကြည့်ရင်းပြောလိုက်သည်။

သတ္တမအဆင့် အဂ္ဂိရတ်ပညာရှင်တစ်ဦး၏ အသိဉာဏ်ဖြင့် သူသည် ဤနေရာတွင်ရှိနေသော ဆေးပင်များကို စစ်ဆေးရန် ထိုအိတ်များကို ဖွင့်ကြည့်ရန်ပင် မလိုအပ်ပေ။

၎င်းတို့၏ တည်ရှိမှုကို အနံ့ခံရုံဖြင့်ပင်ခွဲခြားသိရှိနိုင်ပြီဖြစ်လေသည်။

ရဲ့လန်သည် အကြီးအကဲရန်မှာ အဘယ်ကြောင့် သူ့အား ဤနေရာသို့ ခေါ်ဆောင်လာရခြင်းကို နားမလည်နိုင်သေးဘဲ အာရန်မှ ထိုအိတ်များကို သူ၏ သိုလှောင်လက်စွပ်အတွင်း သိမ်းဆည်းမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့လေသည်။

အာရန်မှာ သူ့အတွက် ဆိုးဝါးသောအစီအစဉ် တစ်ခု ရှိနေမည်ဟု တွေးမိလိုက်သော်လည်း သူသာ အတွေးလွန်နေခြင်းဖြစ်မည်ဟု ယူဆလိုက်သည်။

“ဒီအိတ်များအားလုံးကို ငါ့တောင်ခြေရင်းဆီသို့ သယ်လာခဲ့ပေးပါ ဒီထဲကဆေးအချို့ရဲ့ ဂုဏ်သတ္တိတွေကြောင့် သိုလှောင်လက်စွပ်ထဲ ထည့်သွားလို့မရဘူး သူတို့ရဲ့ အာနိသင်တွေ ထိခိုက်စေနိုင်တာကြောင့်ဖြစ်တယ် ဒါကြောင့်မင်းဟာ ဒီအတိုင်းပဲ လက်နဲ့ သယ်ယူသွားရမှာဖြစ်တယ်” အာရန်က ရဲ့လန်အား သယ်ဆောင်ရမည့်နည်းလမ်းကို ရှင်းပြလိုက်သည်။

ထိုစကားကိုကြားသောအခါ ရဲ့လန်၏ အမူအရာမှာ မှောင်မိုက်သွားခဲ့သည်။

သူသည် ဤအိတ်များအားလုံးကို ကိုယ်တိုင်ပင်လက်ဖြင့် သယ်ဆောင်ရမည်တဲ့လား။

သိုလှောင်လက်စွပ်ထဲ ထားရင် ဆေးပင်တွေရဲ့ ဂုဏ်သတ္တိများကို ထိခိုက်စေမယ်ဆိုတာ သူက ဘာကို ဆိုလိုနေခဲ့တာလဲ။

ယင်းကား အဓိပ္ပာယ်မဲ့လွန်းလှလေသည်။

လူတိုင်းသည် သူတို့၏ ဆေးပင်များကို သိုလှောင်လက်စွပ်များအတွင်းတွင်သာထည့်သွင်း၍ သယ်ဆောင်သွားကြခြင်း ဖြစ်သည်။

၎င်းဆေးပင်များ၏ ဂုဏ်သတ္တိများကို ထိခိုက်စေခြင်းကဲ့သို့ အရာမျိုး ရှိသည်ဟုလည်း သူသည် တစ်ခါမျှ ပြောသံမကြားဘူးချေ။

ဤလူက... သူ့အား လွယ်ကူသောနည်းလမ်းကိုအသုံးမပြုစေချင်ကြောင်းမှာ ရှင်းလင်းနေလေသည်။ သက်သက်ပညာပေးခြင်းတစ်မျိုးပင်ဖြစ်သည် မဟုတ်ပါလား။

ပုံမှန်အားဖြင့် ရဲ့လန်သည် ဤအရာများကို သူ၏ စနစ်သိုလှောင်ခန်းအတွင် ထားရှိခြင်းဖြင့် လှည့်ကွက်အချို့ကိုထုတ်သုံး၍ ရနိုင်သော်လည်း အာရန်သည် သူ့အား တစ်နေရာမှနေ၍ သူအား အပြစ်ရှာရန် စောင့်ကြည့်နေမည်လားဆိုသည်ကို သူ မသိနိုင်ခဲ့ပေ။

သူသည် သူ၏လျို့ဝှက်ချက်ဖြစ်သော စနစ်အကြောင်းကို အကြီးအကဲရန်အား သိရှိစေ၍မဖြစ်ပေ။

“ဒါပေမယ့် အကြီးအကဲရဲ့ တောင်က အရမ်း ဝေးတယ်လေ”

နေရာက အလွန်ဝေးရုံသာမက သူသည် ပျံသန်းခြင်းကိုပင်မပြုလုပ်နိုင်သေးချေ။

ရဲ့လန်သည် ဤမျှသော အလေးချိန်ကို သူ၏ ပခုံးပေါ်တွင် တင်ကာ ထိုနေရာသို့ ခြေကျင်လမ်းလျှောက်သွားရမည်ဆိုလျှင် ရောက်ရှိရန် အချိန်တစ်ညလုံးပင် ကြာမြင့်သွားနိုင်လေသည်။

“မင်းသဘောတူတာ တွေ့ရလို့ ဝမ်းသာပါတယ် အကြီးအကဲလီရဲ့ တပည့်ဆိုတဲ့ အတိုင်းပါပဲ”

အာရန်သည် ရဲ့လန် ၏ စောဒကတက်မှုများကို လုံးဝ လျစ်လျူရှုထားလိုက်လေသည်။

သူသည် ရဲ့လန်မှ မပြောခဲ့သော်လည်း သူကြားချင်သောအရာကိုသာ ရွေး၍ကြားခဲ့ခြင်းဖြစ်လေသည်။

ရဲ့လန်သည် အာရန်၏ မျက်နှာကို စိတ်ပျက်စွာတစ်ချက် စိုက်ကြည့်လိုက်သည်။ ဤသူသည် အမှန်တကယ်ပဲ သူ့အားအလေးအနက်မထားခြင်းလော။

သို့မဟုတ် သူသည် အစောပိုင်းကာလတုံးက ဖြစ်ပျက်ခဲ့သည့်အရာအတွက် သူ့ကို လက်စားချေရန် ကြိုးစားနေခဲ့ခြင်းများလား။ ဤသူသည် ဤမျှ သဘောထား သေးသိမ်သော သူတစ်ယောက်လား။

အကြီးအကဲရန်သည် ဤအရာများကို သူကိုယ်တိုင်းထမ်း သယ်သွားမည့်အချိန်အား စောင့်ဆိုင်းနေသည်ကို မြင်သောအခါ သူသည် မလွှဲမရှောင်သာတော့ပဲ ၎င်းအိတ်များအားလုံးကို သယ်ဆောင်ရန်သာ ပြင်ဆင်လိုက်ရလေတော့သည်။

ကျင့်ကြံသူတစ်ဦးအနေနှင့် သူ၏ ခွန်အားသည် သာမန်လူသားတစ်ဦးထက်များစွာ ပိုမို၍မြင့်မားနေခဲ့လေသည်။

သို့သော် ဤဆေးပင်များ၏ အလေးချိန်သည်လည်း သူ့အတွက် နည်းပါးသောပမာဏတစ်ခုတော့မဟုတ်ပေ။

ရဲ့လန်သည် အဂ္ဂိရတ်ခန်းမမှ ထွက်ခွာသွားသည့်အခါမှသာ အာရန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပျောက်ကွယ်သွားလေသည်။

အဂ္ဂိရတ်ခန်းမအပြင်ဘက်သို့ရောက်သည်နှင့် ရဲ့လန်သည် သူ၏လူသတ်ချင်စိတ်ကို ပင်မဖုံးကွယ်နိုင်တော့ပေ။

‘ငါ မင်းကို တစ်နေ့သေချာပေါက် သတ်ပစ်မယ်’

လန်သည် တောင်အောက်သို့ ဖြည်းဖြည်းချင်း ဆင်းသွားစဉ် သူ၏ စိတ်ထဲ၌ အထပ်ထပ်ရေရွတ်နေမိလေတော့သည်။

သို့သော်ထိုအချိန်တွင်ပင် သူသည် အာရန်မှ သူ့အား လှည့်စားခြင်းရှိမရှိ တစ်နေရာရာမှ တိတ်တဆိတ် သူ့နောက်လိုက်ကာ စောင့်ကြည့်နေမလားဟူသော သံသယစိတ်ကြောင့် အသံထွက်၍မူ မပြောဝံ့ခဲ့ချေ။

အာရန်က ပုန်းအောင်း၍ သူ့အားအမြဲစောင့်ကြည့်နေမည်ဟုထင်မိသောကြောင့် ရဲ့လန်သည် မည်သည့်လှည့်စားမှုမျိုးမှပြုလုပ်ရန် မကြိုးစားဝံ့ခဲ့ပါ။

အလေးချိန်ကြောင့် သူ၏ ခန္ဓာကိုယ်မှာ နာကျင်နေသည့်အခါတွင်ပင် သူသည် ရှေ့သို့သာ ဆက်လက်သွားနေခဲ့ရလေသည်။

သူတွင်ရှိသော တစ်ခုတည်းသော စေ့ဆော်မှုမှာ သူသည် အာရန်အား သတ်တော့မည်ဟု တွေးတောခြင်းပင် ဖြစ်နေခဲ့လေသည်။

အာရန်က သူ၏ နောက်သို့အနည်းငယ်မျှပင် လိုက်မလာကြောင်းကိုမူ သူသိရှိမနေခဲ့ပေ။

အမှန်မှာ အာရန်သည် အဂ္ဂိရတ်ခန်းမမှပင် မထွက်ခွာခဲ့သလို ထွက်ခွာရန်လည်း အစီအစဉ် မရှိခဲ့ပေ။

....

အာရန်သည် အဂ္ဂိရတ်ခန်းမ မန်နေဂျာကို နောက်ထပ် ဆေးပင်အနည်းငယ် စုဆောင်းထားရန် ပြောခဲ့ပြီး ဤတစ်ကြိမ်တွင်မူ ယခင်ထက် ပို၍ပင် အဆင့်မြင့်သော ဆေးပင်များ ဖြစ်လေသည်။

အဂ္ဂိရတ်ခန်းမ မန်နေဂျာသည် သူလိုချင်သော ဆေးပင်များကို ယူဆောင်သွားရန် ခန်းမသခင်ထံမှ ခွင့်ပြုချက်ကို ရရှိပြီး ဖြစ်လေသည်။

သူမသည် ခန်းမသခင်ထံသို့ ထပ်မံအတည်ပြုချက် မတောင်းခံတော့ပဲ အာရန်လိုချင်သော ဆေးပင်များ အားလုံးကို ပေးခဲ့လေသည်။

“အကြီးအကဲရှင် ဘာကြောင့်များ ဒီလောက်များတဲ့ဆေးပင်တွေကို လိုအပ်တာလဲလို့ မေးခွင့်ရှိမလား ကျွန်မမှန်းတာမမှားဘူးဆိုရင် သတ္တမအဆင့် အဂ္ဂိရတ်ပညာရှင်တစ်ဦးသာ ဒီဆေးပင်တွေကို အသုံးပြုနိုင်မှာဖြစ်တယ် ဂိုဏ်းတစ်ခုလုံးမှာ ကျွန်မတို့ရဲ့ ခန်းမသခင်တစ်ဦးတည်းကသာ ဒီဆေးပင်တွေကိုအသုံးပြုနိုင်တာလဲဖြစ်ပါတယ်”

သူမသည် အာရန်၏ ရည်ရွယ်ချက်များကို သံသယဝင်ခဲ့လေသည်။ သူသည် ဤဆေးပင်များကို ရောင်းရန် စီစဉ်နေခြင်းလော။

ယင်းသို့ဆိုပါက ၎င်းသည် မိုက်မဲသောလုပ်ရပ်ဖြစ်ပေလိမ့်မည်။

အကယ်၍ သူသာ ထိုသို့ပြုမူကြောင်း သိရှိခဲ့ပါက ဂိုဏ်းမှ နှင်ထုတ်ခံရနိုင်လေသည်။

ထိုသို့ဆိုလျှင်ပင် အဘယ့်ကြောင့် ခန်းမသခင်မှ သူလိုချင်သောအရာများကို စိတ်ကြိုက်ယူဆောင်သွားရန် ခွင့်ပြုထားခဲ့ရသနည်း။

“မင်းသိဖို့လိုအပ်တဲ့ အရာ မဟုတ်ဘူး”

အာရန်သည် ရဲ့လန်အား ဆေးပင်များကို အာနိသင်ပျက်မည့် အကြောင်းပြချက်ဖြင့် သိုလှောင်လက်စွတ်အတွင်း ထည့်ခွင့်မပြုကြောင်း ပြောခဲ့သော်လည်း ယခုတွင်မူ သူ၏ ရှေ့ရှိဆေးပင်များအားလုံးကို သူ၏ သိုလှောင်လက်စွပ်အတွင်း ထည့်သွင်းလိုက်လေသည်။

‌အစောပိုင်းက ရဲ့လန်အား သူ ပြောခဲ့သော စကားများကို ကြားခဲ့ရသော ထိုမန်နေဂျာအမျိုးသမီးသည် ပြောစရာစကားလုံးများပင် ပျောက်ဆုံးသွားရလေသည်။

“ငါ့ကို အဂ္ဂိရတ်ခန်းမဆီသွားတဲ့လမ်းကို ညွှန်ပေးမယ့်သူ တစ်ယောက်လောက် ခေါ်ပေးလို့ရမလား”

“ရှင်...ရှင်ကလဲ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ပဲလား”

အမျိုးသမီးသည် အာရန်ကိုကြည့်ရင်း ပို၍ပင် စိတ်ရှုပ်ထွေး သွားခဲ့လေသည်။

ဤလူသည် အဂ္ဂိရတ်ပညာရှင်တစ်ဦးပင်ဖြစ်သည်တဲ့လား။

ဤသို့ဆိုလျှင်ပင် အဘယ့်ကြောင့်သူသည် အဂ္ဂိရတ်ခန်းမနှင့် အဆက်အသွယ်မရှိခဲ့ရသနည်း။

သူမသည် အာရန်မှ သူမအား စိုက်ကြည့်နေသည်ကို မြင်လိုက်သောအခါမှသာ သူမ၏ လက်အောက်ငယ်သားတစ်ဦးကို အာရန်အား လွတ်နေသော အဂ္ဂိရတ်ခန်းမတစ်ခုဆီသို့ ခေါ်ဆောင်သွားရန် အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ ဒီလမ်းကကြွပါရှင်”

....

ဇီယာသည် ဖီးနစ်ကို နောက်တစ်ကြိမ် စစ်ဆေးကာ ထွက်ခွာခြင်းမပြုမီ အခန်းပတ်လည်တွင် ကာကွယ်ရေးအစီအမံအချို့ကို ပြုလုပ်ထားခဲ့သည်။

ထို့နောက် သူမသည် အဓိကခန်းမဆီသို့ လျှောက်သွားလိုက်ကာ အဂ္ဂိရတ်ခန်းမ မန်နေဂျာနှင့် တွေ့ဆုံလိုက်သည်။

“သူထွက်သွားပြီလား”

“ဟုတ်ကဲ့ရှင် အကြီးအကဲရန် အကြောင်း ပြောနေတာဆိုရင်တော့ သူက မထွက်ခွာသေးပါဘူး အဲ့ဒီအစား သူက...”

သူမသည် အာရန်က အဂ္ဂိရတ်ဖော်စပ်သည့် အခန်းတစ်ခုကို တောင်းဆိုသည့် အကြောင်း အပါအဝင် ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို ပြောပြလိုက်လေသည်။

“ဟမ် သူက အဲ့အခန်းယူပြီး ဘာလုပ်မှာလဲ သူက ဒါကို ကလေးကစားစရာလို့များ ထင်နေတာလား အဲ့ဒီ ငမိုက်သားကတော့ ဆေးပင်တွေကို ဖြုန်းတီးပစ်ဦးမှာပဲ”

ဇီယာသည် အာရန်၏ လုပ်ဆောင်ချက်များကို အလွန် ကလေးဆန်သည်ဟု တွေးမိခဲ့လေသည်။

ယင်းသည် အာရန်မှ အဂ္ဂိရတ်ပညာအပေါ် အထင်သေးခြင်းနှင့် မခြားနားပါ။

သူမသည် သူ့တပည့် ဖြစ်သွားသောကြောင့် သူသည် အမှန်တကယ်ရူးသွတ်ကာ စိတ်ကြီးဝင်သွားပြီး သူ့ကိုယ်သူ အဂ္ဂိရတ်ပညာရှင် တစ်ယောက်ယောက် ဖြစ်သည်ဟု တွေးထင်နေခဲ့ခြင်းလော။

“ငါ သူ့ကို ကိုယ်တိုင် သွားစစ်ဆေးမယ်”

သူမသည် အာရန်ကို သွားစစ်ဆေးရန် ထွက်ခွာစဉ် အမျိုးသမီးငယ်ကို သူမအားနေရာလိုက်ပြရန် ပြောလိုက်သည်။

မကြာမီ သူမသည် အာရန်ဝင်သွားသော အခန်းရှေ့သို့ ရောက်ရှိခဲ့လေသည်။ သူမသည် တံခါးကို တွန်းဖွင့်ကာ အခန်းအတွင်းသို့ ဝင်ရောက်လိုက်သည်။

“ဒါက....”

#Catfoot

All Chapters