← Chapters

ထိပ်တန်း သတ္တမအဆင့်အဂ္ဂိရတ်ပညာရှင်

Vol. 10 Ch. 129

ထိပ်တန်း သတ္တမအဆင့်အဂ္ဂိရတ်ပညာရှင်

Vol. 10 Ch. 129

“ရှင်က ဒီမှာ ဘာလာလုပ်နေတာလဲ”

ဇီယာသည် အဖုံးပိတ်ထားသော အိုးတစ်လုံးရှေ့တွင် ရပ်နေကာ ကိုယ်ပိုင်အတွေးများထဲတွင် နစ်မြုပ်နေသော အာရန်ကို တွေ့လိုက်ရလေသည်။

“ဟမ် မင်းကကော ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ”

အာရန်သည် အတွေးလွန်နေရာမှ ပြန်လည် အသိဝင်လာ သကဲ့သို့ ဇီယာအားလှည့်ကြည့်လိုက်သည်။

“အာ ဟုတ်သားပဲမေ့နေတာ ဒါက မင်းရဲ့ပိုက်နက်ပဲလေ ဘယ်လောက် မိုက်မဲတဲ့ မေးခွန်းလဲ”

“ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ င့ါလုပ်ချင်တာ‌တွေလဲလုပ်ပြီးသွားပါပြီ ဒါ့ကြောင့် ခု ထွက်သွားပါ့မယ်”

အာရန်သည် ဇီယာအား ကျော်ဖြတ်ကာ အခန်းမှ ထွက်ခွာသွားခဲ့သည်။

“မင်း အခန်းကို မင်း ပြန်ယူလို့ရပါပြီ”

“အဂ္ဂိရတ်ပညာက ကလေးကစားခြင်း မဟုတ်ဘူးရှင့် ဒါပေမဲ့ ရှင် က ကျွန်မလိုအပ်တဲ့အရာကို

ပေးအပ်ခဲ့တဲ့အတွက် ဒီတစ်ခေါက်တော့ထွက်သွားခွင့်ပေးလိုက်မယ် ဒါပေမယ့် နောက်တစ်ကြိမ်မှာ ရှင်က ကစားဖို့အတွက်နဲ့ ရှားပါးတဲ့ ဆေးပင်တွေကို ထပ်ပြီးဖြုန်းတီးပစ်မယ်ဆိုရင်တော့ ကျွန်မက ဒီတိုင်း ခွင့်ပြုတော့မှာ မဟုတ်ဘူး”

ဇီယာသည် အေးဆေးစွာလမ်းလျှောက်ထွက်သွားသော အာရန်ကို သတိပေးလိုက်သည်။

သူမသည် အာရန်မှာ ထိုဆေးပင်များကို အသုံးပြုစဉ်တွင်ပင် ၎င်းတို့ကို ဖျက်ဆီးပစ်ခဲ့ပြီးဖြစ်မည်ဟု တစ်ထစ်ချယုံကြည်ထားခြင်း ဖြစ်လေသည်။

သူသည် ဤဆေးပင်များနှင့် ဆဋ္ဌမအဆင့်ဆေးလုံးများကို မည်သို့မျှ အောင်မြင်စွာ ဖော်စပ်နိုင်စရာအကြောင်းမရှိချေ။

အကယ်၍ အခြားတစ်စုံတစ်ဦးသာ ဆဋ္ဌမအဆင့် ဆေးပင်များကို ဖြုန်းတီးပစ်ခဲ့လျှင် သူမသည်သေခြာပေါက် ဒေါသပေါက်ကွဲမိလိမ့်မည်ဖြစ်လေသည်။

သို့သော် ထိုသူမှာ အခြားသူမဟုတ်ပဲ အာရန်ဖြစ်နေသောကြောင့် သူမသည် သူ့ကို သတိပေးချက်တစ်ခုသာပေးလိုက်နိုင်လေသည်။

“ငါ့ရဲ့ ချစ်လှစွာသော တပည့်လေး အဂ္ဂရက်ပညာရဲ့ အဋ္ဌမအဆင့်ကို ရောက်နိုင်ဖို့အတွက် ကံကောင်းပါစေ”

အာရန်သည် အပြင်သို့ထွက်နေစဉ်မှာပင်

သူသည် မဟာအကြီးအကဲဖြစ်သူ ထိုအမျိုးသမီးငယ်အား စိတ်အနှောင့်အယှက် ဖြစ်စေရန်စနောက်လိုက်လေသည်။

တစ်ခါတစ်ရံတွင် သူသည် ဤအရွယ်ရောက်ပြီးသော်လည်း ကလေးဆန်လွန်းသော ထိုအကြီးအကဲမလေးအား စနောက်ရခြင်းကို ပျော်စရာတစ်ခုဟု တွေးမိခဲ့လေသည်။

“ရှင်...”

ဇီယာသည် သူမ၏ လက်သီးကို ကျစ်ကျစ်ပါအောင်ထားရင်း သူမကိုယ်သူမ ပြန်လည်တည်ငြိမ်သွားစေရန် အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ရလေသည်။

“ရှင် ကမှ တကယ်ကလေးဆန်တဲ့သူ”

....

ရေခဲနတ်ဆိုးသည် အဂ္ဂိရတ်ခန်းမ၏ အဝင်ဝတွင်

ရောက်ရှိနေခဲ့ လေသည်။

“ခဏစောင့်ပေးပါဦး အကြီးအကဲခင်ဗျာ အကြီးအကဲရဲ့ နာမည်ကို အရင် သိခွင့်ရှိမလား”

အစောင့်များသည် ရေခဲနတ်ဆိုးအဖြစ်လည်း လူသိများသော အကြီးအကဲလီကို တားဆီးလိုက်ကြသည်။

“ငါ့ရဲ့ နာမည်လား ထားပါလေ ငါက သတ္တမတောင်ထိပ်က အကြီးအကဲလီပါ” ရေခဲနတ်ဆိုးသည်စိတ်လျော့ထားဟနိဖြင့် ပြန်ဖြေလိုက်သည်။

သို့‌သော်မထင်မှတ်ထားသောတုံ့ပြန်မှုအနေဖြင့် အစောင့်နှစ်ဦးသည် တစ်ဦးကို တစ်ဦး ကြည့်ကာ ရယ်မောခဲ့ကြလေသည်။

“အကြီးအကဲခင်ဗျာ ရိုးရိုးသားသားပြောပေးပါ စနောက်တာတွေမလုပ်ပါနဲ့ အကြီးအကဲရဲ့နာမည်အမှန်ကိုမေးတာပါ တကယ်လို့အကြီးအကဲကသာ ရိုးသားမှု မရှိဘူးဆိုရင် ကျွန်တော်တို့က အထဲကို ခွင့်ပြုလို့တကယ် မရလို့ပါ”

“ငါက ရိုးသားရမယ်ဆိုတာ မင်းတို့က ဘာကို ဆိုလိုတာလဲ ငါက အကြီးအကဲလီကိုယ်တိုင်ပါဟ ငါက ဘာကြောင့် အခြားတစ်ယောက်ယောက်အဖြစ် ဟန်ဆောင်ရမှာလဲ”

ရေခဲနတ်ဆိုးသည် အခြားနေရာတစ်ခု ဖြစ်ခဲ့လျှင် ယခုအချိန်တွင် ဒေါသတကြီး ထသောင်းကြမ်းပစ်မိလိမ့်မည်ဖြစ်လေသည်။

သို့သော် ဤနေရာသည် အဂ္ဂိရတ်ခန်းမ ဖြစ်

လေသည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ ယဉ်ကျေးစွာ ပြုမူမိရန် ကျိုးစားရ‌လေသည်။

ထိုသို့ရေခဲနတ်ဆိုးမှ ပြန်လည်ပြောဆိုနေစဉ် ဂိတ်တံခါးသည် ပွင့်လာကာ အာရန်သည် အထဲမှ ထွက်လာခဲ့လေသည်။

သူသည် အစောင့်များရှေ့တွင် ရပ်နေသော အကြီးအကဲလီကို မြင်လိုက်သည်။

အာရန်သည် ထိုအရာကိုမြင်လိုက်သည်နှင့် ဘာဖြစ်နေသည်ကို ချက်ချင်းသဘောပေါက်သွားကာ သူ၏နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

“အကြီးအကဲရန် မင်းလည်း ဤနေရာကို ရောက်လာတာလား မင်းနဲ့ စကားပြောရတာ တကယ်ပျော်ဖို့ကောင်းပါတယ် ဒါပေမယ့် လောလောဆယ် ငါ့အတွက် အလျင်လိုနေတာလေးတွေရှိတဲ့အတွက် ထွက်သွားခွင့်ပေးပါဦးနော် နောက်မှပဲ ပြန်ဆုံကြတာပေ့ါ”

အာရန်သည် အကြီးအကဲလီအတွက် လုပ်ကြံထားသောစကားလုံးအနည်းငယ်ကို ထားရစ်ခဲ့ပြီးနောက် သူသည် ပျံသန်း၍ ထွက်ခွာသွားခဲ့သည်။

အကြီးအကဲလီသည် အာရန်မှ မည်သည့်အရာများ ပြောဆိုနေသည်ကို နားမလည်ဘဲ ကြောင်တောင်တောင်ဖြစ်သွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။

သူက စိတ်လွတ်သွားတာလား ဒါမှမဟုတ်တစ်ခုခုလား။

တစ်ချိန်တည်းတွင် အစောင့်များသည် ရေခဲနတ်ဆိုးကို စိုက်ကြည့်နေခဲ့ကြသည်။

“အကြီးအကဲခင်ဗျာ အတွင်းထဲကို ဝင်လို့ မရပါဘူး ခင်ဗျားကို အဂ္ဂိရတ်ခန်းမနဲ့ သားရဲခန်းမကနေ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားပါတယ် ဒ့ါကြောင့် ကျေးဇူးပြုပြီး ပြန်လည်ထွက်သွားပေးပါ ကျွန်တော်တို့ကို ခက်ခဲအောင်မလုပ်ပါနဲ့နော်” အစောင့်တစ်ဦးက တံခါး၀ကို ပိတ်ရပ်လိုက်ပြီးနောက် ပြောလိုက်လေသည်။

“ငါက အဂ္ဂိရတ်ခန်းမကနေ ပိတ်ပင်ခံထားရတယ်ဟုတ်လား ဘာကြောင့်လဲ” ရေခဲနတ်ဆိုးသည် အနည်းငယ်ထပ်မံစိတ်ရှုပ်သွားခဲရပြန်လေသည်။

သူသည် အဂ္ဂိရတ်ခန်းမနှင့် ပြဿနာတစ်စုံတစ်ရာ မည်သည့်အချိန်ကမျှမရှိခဲ့ဘူးချေ ဤသို့ဆိုလျင်အဘယ်ကြောင့်နည်း။

....

ဇီယာသည် သူမ၏ ခေါင်းကို ခါယမ်းကာ ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်သည့်အချိန်တွင်ပင် သိလိုစိတ်က သူမကို လွှမ်းမိုးသွားခဲ့သည်။

“ငါက ဤနေရာမှာ ရှိနေတုန်း သူက ဆေးပင်တွေကို ဘယ်လောက်ဆိုးဆိုးရွားရွား ဖျက်ဆီးခဲ့လဲဆိုတာကိုလည်း ငါက တစ်ချက်တော့သွား ကြည့်သင့်တယ်။”

သူမသည် အာရန်အသုံးပြုခဲ့သော ဆေးပေါင်းအိုးဆီသို့ လျှောက်သွားကာ အဖုံးကို ဖွင့်လိုက်သည်။

ထိုအခါ အစောပိုင်း အာရန်မှ သူ့နှင့်အတူ ယူဆောင်သွားခဲ့သော ဆေးပင်များနှင့် မတူညီသော ရနံ့သစ်များ ထွက်ပေါ်လာခဲ့လေသည်။

မကြာမီ အခန်းတစ်ခုလုံးတွင် ထိုအိုးအတွင်းရှိ ရနံ့များဖြင့် ပြည့်နှက်သွားတော့သည်။

အိုး၏ အောက်ခြေတွင် သူမသည် ဆေးလုံးအကြွင်းအကျန်အချို့ကို မြင်လိုက်ရသည်။

“ဒါက...”

သူမသည် အိုးထဲမှ ဆေးလုံးအကြွင်းအကျန်အချို့ကို ကောက်ယူလိုက်ကာ ဂရုတစိုက် ကြည့်လိုက်သည်။

“ဒါက အသိစိတ်မြှင့်တင်ဆေး မဟုတ်ဘူးလား ဒါက သတ္တမအဆင့် ဆေးလုံးဖြစ်ပြီးတော့ အသိစိတ်ပင်လယ်ကို အားကောင်းစေဖို့ အသုံးပြုနိုင်တယ် ဒါပေမယ့် ဒါကို... သူက ဘယ်လိုလုပ်ပြီး...”

သူမသည် မယုံနိုင်စရာကောင်းသည့်အရာများကို တွေ့ရှိလိုက်ရသဖြင့် ထိုဆေးပေါင်းအိုးကို အံ့အားသင့်စွာ စိုက်ကြည့်ခဲ့မိသည်။

“အီလီရေ” သူမက လှမ်းခေါ်လိုက်လေသည်။

အဂ္ဂိရတ်ခန်းမ ၏ မန်နေဂျာမလေး အီလီသည် ရှူယင်ရောင်ရှိနေသော အခန်းထဲသို့ အလျင်အမြန် ပင် ပြေးဝင်လာခဲ့သည်။

“ဟုတ်ကဲ့ မဟာအကြီးအကဲရှင် အမိန့်ရှိပါ”

“အကြီးအကဲရန်မတိုင်ခင် ဒီအခန်းကို ဘယ်သူ အသုံးပြုခဲ့သေးလဲ”

“သူ့မတိုင်ခင်လား ဒီအခန်းကို ဘယ်သူမှ အသုံးပြုခဲ့တယ်လို့ ကျွန်မ မထင်ပါဘူး ဒီအခန်းကအမြဲတမ်းလွတ်နေခဲ့ပါတယ် သူက တစ်ခုခု လုပ်ခဲ့တာလား”

အဂ္ဂိရတ်ခန်းမ မန်နေဂျာက သတိထားစွာ ပြန်ဖြေလိုက်သည်။

“သူက ဒီမှာ တစ်ယောက်တည်းလား ဒါဆို ဒီဆေးတွေကိုလည်း သူက လုပ်ခဲ့တာလို့ ဆိုလိုတာလား”

ဇီယာသည် ဆေး အကြွင်းအကျန်အနည်းငယ်ကို လျာဖြင့် မြည်းစမ်းကြည့်လိုက်သည်။

“မယုံနိုင်စရာပဲ ဒါက သတ္တမအဆင့်မှာတောင် သာလွန်အဆင့်မှာရှိနေတဲ့ အဆင့်မြင့်အသိစိတ်မြှင့်တင်ဆေးပဲ ဒါကြီးကလုံး၀မဖြစ်နိုင်ဘူး ထိပ်တန်း သတ္တမအဆင့်အဂ္ဂိရတ်ပညာရှင် ဒါမှမဟုတ် ဒါ့ထက်မြင့်မားတဲ့သူတွေသာ ဆဋ္ဌမအဆင့် ဆေးပင်တွေနဲ့ ဒါမျိုး တစ်စုံတစ်ခုကို ပြုလုပ်နိုင်မှာဖြစ်တယ်”

သူမသည်လည်း ဤဆေးလုံးမျိုးကို ပြုလုပ်နိုင်သော်လည်း ဆဋ္ဌမအဆင့် ပစ္စည်းများဖြင့်မူ သူမသည်ပင် အောင်မြင်အောင်လုပ်နိုင်ရန်မသေခြာပေ။

သူမ အတင်းအကျပ်ကြိုးစား၍ လုပ်‌ဆောင်ခဲ့လျှင်ပင် ဆေးလုံး၏ အဆင့်က လျော့နည်းသွားနိုင်သည်။

“သူက ဘယ်သူလဲ”

သူမသည် အာရန်ကို အထင်သေးခဲ့သည်။ သူမထင်ထားသည်မှာ သူသည် ဤဆေးပင်များနှင့် ကစားရန် ဤနေရာသို့ လာခဲ့သော ကလေးဆန်သောအကျင့်ကြောင့်သာ ဖြစ်လိမ့်မည်ဟုတွေးမိခဲ့ခြင်းဖြစ်သည်။

ဤသို့ဆိုလျင်ပင် သူသည် အဆင့်နိမ့် ဆေးပင်များဖြင့်ပင် ဤကဲ့သို့ အဆင့်မြင့် သတ္တမအဆင့် ဆေးလုံးကို မည်ကဲ့သို့ ပြုလုပ်နိုင်ခဲ့သနည်း။

သူက တကယ်ပဲ အတွေ့အကြုံမရှိတဲ့သူလား မဖြစ်နိုင်ပေ ဒါက အတွေ့အကြုံမရှိသူတစ်ဦးက လုပ်ဆောင်နိုင်သော အရာမျိုး မဟုတ်ပေ။

အတွေ့အကြုံရင့်ကျက်မှုနှင့် အသိပညာမရှိသူတစ်ဦးသာ ထိုအရာမျိုးကိုလုပ်‌ဆောင်ရန်ကြိုးစားခဲ့ပါက အိုးတစ်ခုလုံးမှာ ပေါက်ကွဲသွားနိုင်လေသည်။

သူမသည် အခန်းထဲတွင် အပျက်အစီးဟူ၍ တစ်ခုတလေပင် မမြင်နိုင်ခဲ့ပါ။ ဆိုလိုသည်မှာ အာရန်သည် တစ်ကြိမ်တည်းဖြင့် အောင်မြင်ခဲ့ကြောင်း ရှင်းလင်းနေလေသည်။

“သူက ထိပ်တန်း သတ္တမအဆင့် အဂ္ဂိရတ်ပညာရှင်များလား”

“အကြီးအကဲရန်က တစ်ခုခုများ မှားယွင်းတာ လုပ်ဆောင်ခဲ့မိလို့လားရှင်”

အဂ္ဂိရတ်ခန်းမ မန်နေဂျာမလေးက မေးလိုက်သည်။

ထိုသို့ဖြစ်ခဲ့ခြင်းဆိုပါက သူမက သူ့ကို ဤနေရာသို့ ခေါ်ဆောင်ပေးခဲ့သူဖြစ်သောကြောင့် သူမသည်လည်း အပြစ်ပေးခံရနိုင်သည်။

“ဘာမှ မဟုတ်ဘူး တစ်ခုတော့ မှတ်ထားလိုက်ပါ အကြီးအကဲရန် ဒီနေရာကိုလာခဲ့တဲ့ အကြောင်းကိုကော အခြားသူနဲ့ သက်ဆိုင်တဲ့ ဘယ်အရာကိုမဆို ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့ ပြီးတော့ သူ့ကို တားမြစ်စာရင်းကနေလည်း ဖယ်ရှားပေးလိုက်ပါ”

မဟာအကြီးအကဲ ဇီယာသည် မှတ်တမ်းတင်ကျောက်တုံး တစ်ခု လျို့ဝှက် ထားရှိသော ထိုအဂ္ဂိရတ်ခန်း ၏ ထောင့်တစ်‌နေရာဆီသို့ လျှောက်သွားလိုက်သည်။

သူမသည် ထိုမှတ်တမ်းတင်ကျောက်တုံးကို ယူဆောင်ကာ အာရန်အသုံးပြုခဲ့သော ဆေးပေါင်းအိုးကို သူမ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်ပြီးနောက် အခန်းမှ ထွက်ခွာခဲ့သည်။

“ငါက ထွက်သွားတော့မယ် ဘယ်သူ့ကိုမှ ငါ့ကို အနှောင့်အယှက် မပေးစေနဲ့ ဒါကြောင့် ငါမရှိတဲ့အချိန်မှာ အဂ္ဂိရတ်ခန်းမထဲက အရာအားလုံးကို

နင်ပဲ သေခြာကိုင်တွယ်ထားလိုက်ပါ”

ဇီယာသည် အခန်းမှ ထွက်ခွာကာ အဂ္ဂိရတ်ခန်းမမှ အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။

အဂ္ဂိရတ်ခန်းမမှ ထွက်ခွာစဉ် သူမသည် အစောင့်များကို ဒေါသတကြီးဖြင့် တိုက်ခိုက်တော့မည့် အကြီးအကဲတစ်ဦးကို မြင်လိုက်သည်။

“အဂ္ဂိရတ်ခန်းမရှေ့မှာလာ တိုက်ခိုက်ရဲတာလား ရှင့်ကို ဘယ်သူက ဒီလောက် ရဲရင့်မှုမျိုးကို ပေးလိုက်တာလဲ”

မဟာအကြီးအကဲရှုယင် သည် ရုတ်တရက် ရပ်တန့်လိုက်သည်သည်။

#Catfoot

All Chapters