← Chapters

အမေပြောခဲ့ဘူးသလိုမျိုး

Vol. 10 Ch. 130

အမေပြောခဲ့ဘူးသလိုမျိုး

Vol. 10 Ch. 130

ဇီယာသည် အစောင့်များရှေ့တွင် ပေါ်လာကာ ထိုအစောင့်များအား တိုက်ခိုက်တော့မည့်ဟန်ရွယ်ထားသော ထိုသူ၏ လက်သီးကို တားဆီးလိုက် သည်။

“ မောက်မာလွန်းလိုက်တာ”

သူမသည် ထိုသူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားလိုက်ပြီး သူမ၏ ခွန်အားကြောင့် ၎င်း၏ လက်ကောက်ဝတ်မှ အရိုးများသည် အက်ကွဲလုနီးပါး ဖြစ်စေခဲ့သည်။

ရေခဲနတ်ဆိုးသည် သူ့ရှေ့တွင် ရုတ်တရက်ရောက်လာသော မဟာအကြီးအကဲကို မြင်လိုက်သောအခါ သူ၏ အသိစိတ်ကိုပြန်လည်ထိမ်းချုပ်နိုင်သွားသည်။

ဒေါသတကြီး ဖြစ်နေသောကြောင့် သူသည် သူ၏ ပတ်ဝန်းကျင်ကို ခဏတာမေ့သွားခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် အစောင့်များက သူ့အားစကားနားမထောင်ပါက အတင်းအကျပ် နှင်ထုတ်ရလိမ့်မည်ဟု ပြောသောအခါ ဒေသထွက်လွန်း၍ အရာရာကို မေ့သွားခဲ့ရလေသည်။

မဟာအကြီးအကဲကို မြင်ပြီးနောက်မှသာ သူသည် အမှားတစ်ခု ပြုလုပ်ခဲ့မိကြောင်း သဘောပေါက်လိုက်သည်။

“မဟာအကြီးအကဲ ဇီယာ ခဏလေးကျွန်တော်ရှင်းပြပါရ...”

ကံမကောင်းစွာဖြင့် သူ၏စကားမဆုံးခင်မှာပင် ဇီယာသည် သူ၏ ခေါင်းအား မြေပြင်ပေါ်သို့ ရိုက်ချလိုက်လေသည်။

“အဂ္ဂိရတ်ခန်းမရဲ့ အစောင့်တွေကို တိုက်ခိုက်ရဲတာလား... ရှင်ကတကယ်ကိုသတ္တိရှိတာပဲ”

ဇီယာက ရေခဲနတ်ဆိုး၏ ခေါင်းကို မြှောက်ကာ မြေပြင်ပေါ်သို့ နောက်တစ်ကြိမ် ထပ်မံရိုက်ချရင်း ပြောလိုက်သည်။

“ငါက ဒီနေ့ အလျင်လိုနေတာ မင်းက ကံကောင်းတယ်မှတ်ပါ မဟုတ်ရင် မင်းက ဘယ်က သတ္တိတွေရလာသလဲဆိုတာသိရဖို့အတွက် ငါကိုယ်တိုင် မင်းရဲ့ ဦးခေါင်းခွံကို အက်ကွဲအောင် လုပ်ခဲ့မိမှာ”

သူမသည် ရေခဲနတ်ဆိုး၏ ခေါင်းကို လွှတ်ပေးလိုက်ကာ နောက်ဆုတ်လိုက်လေသည်။

ရေခဲနတ်ဆိုးသည် မကျေမနပ်ဖြစ်ကာပင် မတ်တတ်ရပ်လိုက်သည်။

သူ၏ မျက်နှာသည် သွေးများဖြင့် ရှုပ်ပွနေခဲ့သည်။ သို့သော် သူသည် ထိုကလေးမလေးအား ပြန်လည်မတိုက်ခိုက်ဝံ့ခဲ့ပါ။

ယနေ့သည် သူ့ဘဝ၏ အဆိုးရွားဆုံးနေ့တစ်နေ့လည်း ဖြစ်သည်ဟု အမှန်တကယ်တွေးမိလိုက်သည်။

ပထမဦးစွာ သူသည် သူ၏ တပည့်ကို အကြီးအကဲရန်အတွက် ရက်သတ္တပတ်အနည်းငယ်ကြာ ဆုံးရှုံးခဲ့ရသည်။

သူသည် သူ၏တပည့်ကိုပင် မကယ်တင်နိုင်ခဲ့ပါ။ ယခုတွင် သူသည် မဟာအကြီးအကဲ၏ ရိုက်နှက်ခြင်းကို ထပ်မံ ခံခဲ့ရသည်။

“နောက်ထပ် အပြစ်ပေးခံရတာကို မလိုချင်ဘူးဆိုရင် ခုချက်ချင်းဒီတောင်ကနေထွက်သွားလိုက်ပါ

ဒီနေ့ကစပြီး ရှင့်ကို အဂ္ဂိရတ်ခန်းမနဲ့ သားရဲခန်းမကို ဝင်ရောက်ခွင့် တားမြစ်လိုက်ပြီ”

ဇီယာက ကြေညာလိုက်သည်။

အစောင့်များသည် တစ်ဦးကို တစ်ဦး ထူးဆန်းစွာ ကြည့်ခဲ့မိကြသည်။

ဤလူသည် တားမြစ်ခံထားရပြီးသား မဟုတ်ဘူးလား။

မဟာအကြီးအကဲသည် သူမက သူ့ကို တားမြစ်စာရင်းထဲတွင် ထည့်ထားသည့်ကိစ္စအားကိုယ်တိုင်ပင် မေ့သွားခဲ့တာလား။

အစောင့်နှစ်ဦးသည် ဤအကြောင်းနှင့်ပတ်သက်၍ မကောင်းသော ခံစားချက်များ ရှိနေခဲ့ကြသည်။

“မဟာအကြီးအကဲရဲ့ စကားကို ကျွန်တော် နားထောင်ပါ့မယ်။”

မကျေမနပ်ဖြစ်သွားခဲ့သော်လည်း ရေခဲနတ်ဆိုးသည် ဘာမှမတတ်နိုင်ပဲ လှည့်ထွက်သွားခဲ့ရသည်။

ဤကိစ္စအတွက် သူလုပ်နိုင်တာ ဘာမှ မရှိခဲ့ပါ။

ဤမိန်းကလေးသည် သူ့ထက် သန်မာရုံသာမက သူမသည် ဂိုဏ်းခေါင်းဆောင်နှင့်လည်း ပို၍ရင်းနှီးသူတစ်ဦး ဖြစ်လေသည်။

သူသည် ဤကိစ္အတွက် အပြစ်ပေးခံရခြင်းကိုသာ လက်ခံလိုက်ရလေသည်။

အဂ္ဂိရတ်ခန်းမမှ ဆေးဝါးရရှိခြင်းအတွက်မူ ယင်းသည် ပြဿနာတစ်ခု မဟုတ်မဟုတ်ပေ။

သူဆေးဝါး ရယူခွင့်ပိတ်ပင်လျှင်ပင် သူက အခြားအကြီးအကဲများကို သူ့အတွက် ယူပေးရန် တောင်းဆိုနိုင်သေးလေသည်။

ဒါပေမယ့် အရှက်ခွဲခံရမှုမှာမူ... သူဘယ်တော့မှ မမေ့ပစ်နိုင်သော အရာတစ်ခု ဖြစ်လေသည်။

ထွက်ခွာခြင်းမပြုမီ သူသည် အစောင့်များကို တစ်ချက် စိုက်ကြည့်လိုက်ကာ ခဏအကြာတွင် ထိုအဂ္ဂရက်ခန်းမတည်ရှိရာတောင်ပေါ်မှ ပျောက်ကွယ်သွားခဲ့လေသည်။

“ခန်းမအတွင်းက အခြားသူတွေကို ပြောလိုက်ပါ ဒီနေ့ကစပြီး အကြီးအကဲလီကို အဂ္ဂိရတ်ခန်းမနှင့် သားရဲခန်းမကနေ တားမြစ်ထားလိုက်ပြီလို့”

ဇီယာက နောက်တစ်ကြိမ် ထပ်ပြောလိုက်လေသည်။ ဤတစ်ကြိမ်တွင် အစောင့်များကို အထူး

အလေးပေး ပြောခဲ့သည်။

“အကြီးအကဲလီ”

အစောင့်များသည် တံတွေးမျိုချလိုက်ကြသည်။

“ထိုလူက အကြီးအကဲလီလား”

“သူ့လို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အအေးဓာတ်မျိုးကို သူကလွဲလို့ ဘယ်သူကများ ထုတ်လွှတ်နိုင်မှာလဲ”

ဇီယာသည် သူမ၏ အဝတ်များပေါ်ရှိ ရေခဲအစအနများကို ပုတ်ထုတ်၍ ပြန်ဖြေလိုက်သည်။

သူမသည် သူမ၏ အဝတ်များကို သန့်ရှင်းရေးပြု လုပ်ပြီးနောက် တောင်ပေါ်သို့ ပျံသန်းတက်သွားခဲ့သည်။

တစ်ချိန်တည်းတွင် အစောင့်များသည် အတော်ကြာ ခံစားချက်ကင်းမဲ့စွာ တစ်ဦးကို တစ်ဦး စိုက်ကြည့်နေခဲ့ကြသည်။

“ဒီလူက အကြီးအကဲလီဖြစ်ခဲ့ရင် သူ့မတိုင်ခင် ရောက်လာတဲ့သူက ဘယ်သူလဲ”

၎င်းတို့သည် အမှားတစ်ခု ပြုလုပ်ခဲ့မိကြောင်းကို သဘောပေါက်ခဲ့ကြသည်။

သို့သေည် ၎င်းတို့က ထိုကိစ္စကို ဘယ်သူ့ကိုမှ မပြောပြနိုင်ခဲ့ပါ။

သို့မဟုတ်ပဲ မဟာအကြီးအကဲမှသာ အဖြစ်မှန်သာ သိရှိသွားပါက ၎င်းတို့သည် ကြိမ်းသေ အပြစ်ပေးခံရလိမ့်မည် ဖြစ်‌လေသည်။

“မေ့လိုက်တော့ ငါတို့က ဘာကိုမှ မသိခဲ့ကြဘူးလို့ပဲ ဟန်ဆောင်ကြရအောင်”

အစောင့်များသည် ပြိုင်တူ ဆုံးဖြတ်ခဲ့ကြကာ ၎င်းတို့ထဲမှ တစ်ဦးသည် မဟာအကြီးအကဲထံမှ ထို သတင်းစကားကို ပို့ဆောင်ရန် အဂ္ဂိရတ်ခန်းမထဲသို့ ဝင်ရောက်ခဲ့ကြသည်။

....

ဇီယာသည် တောင်ပေါ်သို့ ပျံသန်းတက်သွားကာ သူမ၏ ခြံဝင်းထဲသို့ ဝင်ရောက်ခဲ့သည်။

အဂ္ဂိရတ်ပညာရှင်တစ်ဦးအနေနဲ့ သူမသည်ထိုမျှလောက်ထိ စိတ်လှုပ်ရှားခြင်း ဒါမှမဟုတ် တုန်လှုပ်ခြင်းမျိုး တစ်ကြိမ်မှ မဖြစ်ခဲ့ဘူးပေ။

ဒါပေမဲ့ ဒီနေ့တွင်မူ ထိုအရာသည် ဒုတိယအကြိမ်မြောက် ဖြစ်ပျက်ခဲ့ခြင်းဖြစ်လေသည်။

သူမဟာ အဂ္ဂိရတ်ပညာရှင်များအတွက် အထွဋ်အမြတ်ဖြစ်သော သလင်းကျောက်ဆေးပင်ကို တွေ့ရှိရုံတင်မကဘဲ သူမထက် ပိုတော်သော အဂ္ဂိရတ်ပညာရှင်တစ်ယောက်၏ တည်ရှိမှုကိုပါ

ရှာတွေ့ခဲ့လေသည်။

သူမသည် သူမ၏ သီးသန့်အခန်းအတွင်း ထိုင်၍ မှတ်တမ်းတင်ကျောက်တုံးထဲမှ မြင်ကွင်းကို ပြန်လည်ဖွင့်ကြည့်ရန် စတင်လိုက်သည်။

သူမသည် ပို၍ကြည့်မိလေ ပိုပြီး အံ့အားသင့်လေ ဖြစ်ရလေသည်။

သူမသည် အလှပဆုံးအနုပညာ ဖန်တီးမှုတစ်ခုကိုတင်ဆက်ပြသနေသော အနုပညာရှင်တစ်ယောက်ကို ကြည့်နေရသကဲ့သို့ခံစားလိုက်ရသည်။

၎င်းသည် သာမန်အဂ္ဂိရတ်ပညာထုတ်ဖော်သည့်မြင်ကွင်းတစ်ခု သက်သက်ပင်မဟုတ်တော့ပဲ ပိုပြီးတန်ဖိုးရှိသော သရုပ်ပြပုံတစ်ခုကဲ့သို့ဖြစ်လေသည်။

ထို မြင်ကွင်းများကို ကြည့်ရင်း သူမကိုယ်တိုင်လည်း အသိဉာဏ်အလင်းအချို့ ရခဲ့ရသည်။

ယခုအကြိမ်တွင်မူ သူမသည် တကယ်ကို ဆရာတစ်ဦးဆီမှ ပညာများဆည်းပူးနေသော တပည့်တစ်ယောက်နဲ့ တူနေခဲ့သည်။

“ဖြစ်နိုင်တာက... ဒီလိုဆရာတစ်ယောက်ရှိနေတာ လဲ မဆိုးလောက်ပါဘူး...”

လို့ သူမဘာ့သာ တိုးတိုးလေး ရေရွတ်မိလိုက်လေသည်။

....

အာရန်သည် သူ၏ ကိုယ်ပိုင် တောင်ဆီသို့ ပျံသန်းသွားနေစဉ် လမ်း၌ ရဲ့လန်အား တွေ့လိုက်ရလေသည်။

သူသည် မနားတမ်း လမ်းလျှောက်လာနေခဲ့ခြင်းဖြစ်ကြောင်း အဝေးဆီမှပင် သူ့အား လှမ်းမြင်နိုင်လေသည်။

“ဒီအရှိန်နဲ့သာဆိုရင် သူက ငါ့တောင်ကိုရောက်ဖို့ တစ်ညလုံး ကြာသွားနိုင်တယ် မဆိုးဘူး ဒါပေမဲ့ ဒါက မင်းအတွက် အစပဲရှိပါသေးတယ်”

အာရန်သည် ရဲ့လန်ကို မည်သည့်အကူအညီမျှမပေးပဲ သူ၏ ကိုးခုမြောက်တောင်ထိပ်ဆီကို ဆက်လက်တက်သွားခဲ့သည်။

ဤမျှအပြစ်ပေးခြင်းသည် ဇာတ်လိုက်အတွက် ဘာမှမပြောပလောက်ပေ။

....

ဝမ်ချင်းယုသည် သူမရဲ့ခြံဝင်းအပြင်တွင် ထိုင်လျက်ရှိပြီး ကောင်းကင်ပေါ်ရှိ လမင်းအား ငေးကြည့်နေခဲ့လေသည်။

သူမ၏ ဆရာဖြစ်သူ အကြီးအကဲရန်မှ သူမအား ကယ်တင်ခဲ့ပုံမြင်ကွင်းများသည် သူမ၏ စိတ်ထဲတွင် ထင်ရှားစွာ ပြန်ပေါ်နေဆဲဖြစ်‌လေသည်။

သူသည် သူမအတွက် ဒေါသထွက်ရုံတင်မကဘဲ သူမအတွက်နှင့် အခြားအကြီးအကဲတစ်ယောက်ကိုပင် ပြန်လည်တိုက်ခိုက်ရန်ပင် ဝန်မလေးခဲ့ပေ။

သူမကို မည်သည့်ပညာမှ မသင်ပေးရသေးသော်လည်း ဤမျှလုပ်ပေးခြင်းဖြင့်ပင် သူမအားပျော်ရွှင်စေရန် လုံလောက်ပြီဖြစ်လေသည်။

တခြားဘယ်အကြီးအကဲကများ သူတို့ရဲ့တပည့်အတွက် ဒီလောက်ထိ လုပ်ပေးကြမှာလဲ။

“သူက တကယ်ကို အမေပြောခဲ့သလိုမျိုး.....လူကောင်းတစ်ယောက်ပဲ”

သူမ၏မျက်နှာတွင် အပြစ်ကင်းသောအပြုံးလေးတစ်ပွင့်ပေါ်လာတာ တိုးတိုးလေးရည်ရွတ်လိုက်သည်။

“မင်းက ဘယ်သူ့အကြောင်းတွေးနေတာလဲ”

အာရန်ရဲ့အသံကို ရုတ်တရက်ကြားလိုက်ရသဖြင့် ဝမ်ချင်းယုသည် ကမန်းကတန်း မတ်တပ်ထရပ်လိုက်လေသည်။

“ဆရာ...”

သူမသည် အဂ္ဂိရတ်ခန်းမဆီမှ ပြန်ရောက်လာသော သူမ၏ဆရာဖြစ်သူအား အလျင်အမြန်ပင်လှည့်၍ နှုတ်ဆက်လိုက်လေသည်။

“မင်းက ဒီလောက်ထိ ရိုသေပေးဖို့မလိုပါဘူး မင်းဟာ ဆရာ့ရဲ့တပည့်ပဲလေ ဆရာက မင်းကို ကိုက်စားမှာ မဟုတ်ပါဘူး”

အာရန်က နောက်ပြောင်ပြီး ပြောလိုက်သည်။

ထို့နောက်အကြောင်းအရာကို ပြောင်းလိုက်ကာ...

“ဆရာ မင်းရဲ့ခြံဝင်းကို နောက်ဆုံးအကြိမ်ရောက်တုန်းက မြင်ခဲ့ရတာထက် အခုတစ်ခါက ပိုကောင်းလာပုံရတယ် မင်းက ဒါကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တာပဲ”

“ဆရာ သဘောကျရင် ဒီမှာလာနေလို့ရပါတယ်” ဟု ဝမ်ချင်းယု မှ ပြန်ပြောလိုက်သည်။

“ဒီမှာကအတော်ကျယ်ပါတယ် ဆရာသာအလိုရှိမယ်ဆို ကျွန်မကိုယ်တိုင် နောက်တစ်တစ်‌နေရာ

ထပ်ဆောက်ပေးနိုင်ပါတယ်။”

အာရန်သည် သူ့တပည့်၏ သိတတ်မှုကြောင့် သဘောကျစွာ ရယ်မောလိုက်သည်။

“ကို့တပည့်ဆီက အရာတွေကို လုယူတဲ့ ဆရာမျိုး ဘယ်အဖြစ်ခံလို့ ရမှာလဲ ဆရာ ကပဲ မင်းကိုပေးရမှာမျိုးလေ”

“အခုမှ စဉ်းစားကြည့်မိတယ် ဆရာ မင်းကို ဘာမှ မပေးရသေးဘူး ဘယ်လိုလဲ ခု မင်းကို တကယ်ကောင်းမွန်တဲ့ ကျင့်စဉ်အချို့ပေးမယ် အဲဒါနဲ့သာဆို နောက်တစ်ကြိမ် အဲဒီချာတိတ်ကို ထပ်ရင်ဆိုင်တဲ့အခါ မင်းက သူ့ကို အသားပြားတစ်ပြားဖြစ်သွားအောင် ရိုက်နှက်လို့ရပီ”

အာရန်ဟာ သူ၏ သိုလှောင်လက်စွပ်အတွင်းမှ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်လေသည်။

စာအုပ်သည် အလွန်ဟောင်းနွမ်းလျက်ရှိနေပြီး အနည်းငယ်အားနဲ့ ဆွဲမိလိုက်သည်နှင့် ပြဲစုတ် သွားနိုင်သည့်ပုံပေါက်နေလေသည်။

“ဆရာရှင့် .....ဒါက...”

ချင်းယု သည် အနည်းငယ် ရှုပ်ထွေးစွာဖြင့် အာရန်အားပေးလိုက်လေသည်။

#Catfoot

All Chapters