← Chapters

ဒြပ်စင်မင်းသမီး

Vol. 10 Ch. 131

ဒြပ်စင်မင်းသမီး

Vol. 10 Ch. 131

အာရန်သည် ဟောင်းနွမ်းနေသော စာအုပ်တစ်အုပ်ကို ဝမ်ချင်းယုအား ပေးလိုက်သည်။

“ဒါက အရမ်းထူးခြားတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ် ‘ဒြပ်စင်ခြယ်လှယ်ခြင်း အနုပညာ’ လို့ ခေါ်တယ် ဒါနဲ့သာဆို မင်းဟာ အခြေခံဒြပ်စင်တွေကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာကိုသာမက အဲဒါတွေကို အားကောင်းတဲ့ နည်းစနစ်တွေအဖြစ် ဘယ်လိုမျိုး ပေါင်းစပ်ရမယ်ဆိုတာကိုပါ သင်ယူနိုင်လိမ့်မယ်”

ဝမ်ချင်းယုသည် စာအုပ်ကို အနည်းငယ်မျှပင် ထိခိုက်စေမည်ကို စိုးရိမ်နေသည့်အလား ငြင်သာစွာ ဂရုတစိုက်လက်ခံယူလိုက်‌လေသည်။

ကျင့်စဉ်၏ ခေါင်းစဉ်ကို ကြည့်ရုံဖြင့်ပင် ဒီစာအုပ်သည် ရိုးရှင်းသောသာမန်စာအုပ် မဟုတ်ကြောင်း ကြိုတင်ခန့်မှန်းနိုင်လေသည်။

ဂိုဏ်း၏ စာကြည့်တိုက်တွင်ပင် ဤမျှလောက် ဟောင်းနွမ်းနေသော စာအုပ်မျိုးရှိမည်မဟုတ်ပါ။

ထိုကဲ့သို့ စာအုပ်များ ရှိခဲ့လျှင်ပင် ၎င်းတို့ကို စာအုပ်အသစ်များတွင် ပြန်လည်ရေးသားထားကြလိမ့်မည်ဖြစ်လေသည်။

မူရင်းကိုမူ ပို၍ လုံခြုံသောနေရာတွင် ထားရှိလိမ့်မည်။

စာအုပ်၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် အာရန်သည် ယင်းကို စာကြည့်တိုက်မှ ရယူခဲ့ခြင်း မဟုတ်ကြောင်း ရှင်းလင်းနေလေသည်။

သူမသည် သူက ဤစာအုပ်ကို အပြင်မှ ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သေချာနေခဲ့လေသည်။

သူ ဂိုဏ်းမှ ထွက်ခွာခဲ့ရသည့် အကြောင်းရင်းမှာ ထိုစာအုပ်အားရယူရန် အတွက်လား။

သူမဆရာသည် သူမအတွက် အသင့်တော်ဆုံး ကျင့်စဉ်ကို ရှာဖွေရန် ထိုခရီးကို ထွက်ခွာသွားခဲ့တာများလား။

“မင်းက စာအုပ်ကို လေ့လာနေချိန် မဟုတ်ရင် ဒီစာအုပ်ကို သိုလှောင်လက်စွပ်ထဲမှာလည်း သိမ်းထားလို့ရတယ်”

အာရန်သည် အသူရာဂိုဏ်းချုပ်ထံမှယူဆောင်လာခဲ့သော ထိုသူ၏ သိုလှောင်လက်စွပ်ကို ဝမ်ချင်းယုအား ပေးခဲ့သည်။

သူသည် လက်စွပ်ထဲမှ အရေးကြီးသော အရာအများစုကို ထုတ်ယူထားပြီးဖြစ်သော်လည်း ချင်းယု၏ ကျင့်ကြံခြင်းအတွက် အသုံးပြုနိုင်ရန်အတွက် ထိုလက်စွပ်ထဲတွင် ဝိညာဉ်ကျောက်တုံးအနည်းငယ်ကို ထားခဲ့လေသည်။

“အဲဒီလက်စွပ်ထဲမှာ ချီကျင့်စဥ်လို့ခေါ်တဲ့ အသက်ရှူလေ့ကျင့်ခန်းတစ်ခုလည်းပါဝင်တယ် ဆရာက မင်းကို ပထမဆုံးနေ့မှာတင် တစ်ခုပေးခဲ့သင့်တယ် ဒါပေမယ့် အရာအချို့ ဖြစ်ပျက်ခဲ့ပြီး နောက်ကျစေခဲ့ရတယ်”

“ကြိုးစားပြီးလေ့ကျင့်ပါ မင်းက ဒီကျွမ်းကျင်မှုရဲ့ ရှုပ်ထွေးမှုတွေကို သဘောပေါက်လိမ့်မယ်လို့ဆရာက သေချာသိနေတယ် မင်းမှာ မေးစရာရှိရင် မနက်ဖြန် ဆရာ့ကို မေးကြည့်နိုင်တယ်”

အာရန်သည် ဝမ်ချင်းယု၏ ခေါင်းကို ပုတ်ပေးလိုက်ကာ ထိုနေရာတွင် ကြာကြာမနေခဲ့ပါ။

သူသည် သိုလှောင်လက်စွပ်နှင့်အတူ ဝမ်ချင်းယုကို တစ်ယောက်တည်း ထားခဲ့ပြီး သူ့ကိုယ်ပိုင်အိမ်ဆီသို့ ပျံသန်းသွားခဲ့သည်။

ဝမ်ချင်းယုသည် သူ့ကို ထွက်ခွာသွားသည်ကို ကြည့်နေခဲ့ပြီး သူမ၏ မျက်လုံးများတွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

....

အာရန်သည် သူ၏ အိမ်ထဲသို့ ဝင်ရောက်ကာ အကြီးအကဲ ဝတ်ရုံကို ချွတ်လိုက်သည်။

အကြီးအကဲအများစုအတွက် ဤဝတ်ရုံသည် အလွန်ပေါ့ပါးသည်။ သို့သော် သူ၏ ခွန်အားသည် ကန့်သတ်ချက် ရှိနေဆဲ ဖြစ်သည်။

ဤဝတ်ရုံသည် အမှန်တကယ် မည်မျှလေးသည်ကို သူကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။

ယင်းကို ဝတ်ဆင်ခြင်းသည် သူ့ပခုံးများပေါ်တွင် အလေးချိန်များစွာကို သယ်ဆောင်နေရသည့်အလား ခံစားခဲ့ရသည်။

သူသည် ဝတ်ရုံကို သူ သိုလှောင်လက်စွပ်ထဲတွင် ဂရုတစိုက် သိမ်းထားလိုက်သည်။

“ဒီကမ္ဘာမှာ ဆရာတစ်ယောက် ဖြစ်ရတာ တကယ် ခက်ခဲတာပဲ...”

ယခုမှသာ သူသည် ပို၍ သက်တောင့်သက်သာဖြစ်သွားသည်ဟု ခံစားလိုက်ရကာ သူ၏ ပခုံးများကို ပြန်လည် ပွတ်သပ်နေခဲ့လေသည်။

ခဲ့သည်။

“ရဲ့လန် ရောက်လာရင် ငါ့ပခုံးတွေကို နှိပ်နယ်ခိုင်းသင့်လား”

“ဟမ် ဒါနဲ့ မင်းကကော ဘာကြောင့် ငါ့ကို အဲဒီလို ကြည့်နေတာလဲ”

အာရန်သည် ရေအေးဖြင့် ရေချိုးရန် ပြင်ဆင်နေစဉ် ဆီလက်စ်ကလေးမှ သူ့ကို စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။

“ငါက အဲဒီအရာတွေကို ဝမ်ချင်းယုကို ဘာကြောင့် ပေးခဲ့လဲဆိုတာ မင်းက တွေးနေတာမလား”

သူသည် ဘာကြောင့်မှန်း မသိသော်လည်း သူမက စကားတစ်လုံးမှ မပြောဘဲ ဆီလက်စ်ကလေးကို နားလည်နိုင်သည်ဟု တကယ် ခံစားရသည်။

“ငါပြောတော့မယ့်အရာကို မင်းနားလည်မှာ မဟုတ်ပါဘူး ဒါပေမယ့် အဲဒီဟောင်းနွမ်းတဲ့ စာအုပ်က... တကယ်တော့မူလကတည်းက သူမပိုင်ဆိုင်ရမယ့်အရာပဲ ဖြစ်တယ် ငါက ဒီကြားထဲကနေ အသေးအဖွဲ ဖြစ်ရပ်အချို့ကိုသာ ပြောင်းလဲခဲ့တာဖြစ်တယ်”

အာရန်သည် အနည်းငယ် ရှင်းပြနေစဉ် သူ၏ အင်္ကျီကို ချွတ်လိုက်သည်။

ဝမ်ချင်းယုသည် ဝတ္ထုထဲတွင် ရဲ့လန်၏ အရေးပါသော မဟာမိတ်တစ်ဦး ဖြစ်ခဲ့သောကြောင့် သူမအပေါ်တွင်လည်း အတော်လေး အလေးပေးဖော်ပြခံခဲ့ရသည်။

ထို့ကြောင့် ရဲ့လန်နှင့် သူ၏ သူငယ်ချင်းအချို့က အသူရာဂိုဏ်အား ဆန့်ကျင်ခဲ့သော အပိုင်းများသက်သက် ရှိခဲ့လေသည်။

ရဲ့လန်သည် အသူရာဂိုဏ်ချုပ်၏ သားကို သတ်တော့မည့်အချိန်တွင်သူ၏ သိုလှောင်လက်စွပ်ကို စစ်ဆေးသောအခါ ထိုဟောင်းနွမ်းနေသော စာအုပ်ကို တွေ့ရှိလိမ့်မည်ဖြစ်သည်။

သူသည် သူကိုယ်တိုင်ပင် ထိုအရာကို သင်ယူရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ယင်းကျင့်စဥ်သည် အမျိုးသမီးတစ်ဦးများသာ သင်ယူနိုင်သော ကျင့်စဥ် တစ်ခု ဖြစ်နေသောကြောင့်ဖြစ်လေသည်။

သူသည် လေ့ကျင့်မှုကို ကျရှုံးပြီးနောက် သူသည် ယင်းကျင့်စဥ်ကို ကျင့်ရန်သင့်လျော်သည့် ဝမ်ချင်းယုအား စာအုပ်ကို ပေးအပ်ခဲ့သည်။

ဝမ်ချင်းယုသည် ထိုကျင့်စင်ဖြင့်ပင်သူမအား အရှေ့တိုက်တွင် ဒြပ်စင်မင်းသမီးအဖြစ် လူသိများစေကာ သူမ၏ အဓိကကျွမ်းကျင်မှုတစ်ခုလည်း ဖြစ်လာခဲ့သည်။

ကံမကောင်းစွာဖြင့် သူသည် အနာဂတ်၏ ထိုအပိုင်းများကို ပြောင်းလဲပြီး အသူရာဂိုဏ်းချုပ်၏ သားကို အတော်လေး စောစီးစွာ သတ်ခဲ့ပြီး ဖြစ်သည်။

“ဒီစာအုပ်ကို လူငယ်ရဲ့ သိုလှောင်လက်စွပ်ထဲမှာ တွေ့မယ်လို့ ငါတကယ် ထင်ထားခဲ့တာ သူ့အဖေဆီမှပဲ ရှိနေသေးမယ်လို့ ဘယ်သူက တွေးမိမှာလဲ သူ့သားကို ပေးဖို့ အချိန်မရှိခဲ့တာလည်း ဖြစ်နိုင်တယ်”

“ဒါပေမဲ့ ငါက နားမလည်တာက ဒီကျင့်စဉ်က ယောက်ျားတွေ သင်ယူလို့မရတဲ့ အရာတစ်ခုဆို အသူရာဂိုဏ်းချုပ်က ဘာကြောင့် သူ့သားကို ဒီစာအုပ်ကို ပေးရမှာလဲ”

“သူတို့က သေသွားကြပြီဆိုတော့ အဖြေတွေကို ရှာဖွေဖို့ မဖြစ်နိုင်တော့ဘူး ဒီတော့ငါက ပြောင်းလဲသွားတဲ့ အနာဂတ်ကိုပဲ အာရုံစိုက်ဖို့ ပြင်ဆင်သင့်တယ်”

“မင်းက မနာလိုဖြစ်နေတာလား”

အာရန်သည် ဆီလက်စ်ကလေးက သူ့ကို ဆက်လက်စိုက်ကြည့်နေသည်ကို မြင်လိုက်သည်။

သူသည် သူ၏ ဒုတိယတပည့်ကို ရှေ့ဟောင်း အမွေအနှစ်တစ်ခု၊ သူ၏ ပထမတပည့်ကို ရှေးခေတ်ကျင့်စဥ်စာအုပ်တစ်အုပ်နှင့် သူ၏ တတိယတပည့်ကိုမူ သလင်းကျောက်ဆေးပင်တစ်ပင် ပေးအပ်ခဲ့သည်။

သို့သော် သူမကိုမူ တူညီသော ဂရုစိုက်မှုအဖြစ်မည်သည့် လက်ဆောင်မှ မရရှိခဲ့ပါ။

သူက သူမကို ပေးခဲ့သည်မှာ ကိတ်မုန့်အနည်းငယ်သာ ဖြစ်လေသည်။

“မင်းအတွက် သင့်လျော်တဲ့ လက်ဆောင်တစ်ခုကို ငါရှာပေးမယ်။”

သူသည် ဆီလက်စ်ကလေး၏ ခေါင်းကို ပုတ်ပေးလိုက်သည်။

“အဲ့ဒါက တခြားဘယ်သူ့ကိုမဆို ပေးတာထက် ပိုပြီ အထူး‌ကောင်းမွန်နေလိမ့်မယ်”

“အဲ့ဒီအချိန်မတိုင်ခင် အခုလောလောဆယ်တော့...”

သူသည် သူ၏စကားကို ခဏတာ ရပ်တန့်ခဲ့သည်။

ထို့နောက် သူ၏ လက်ကို ဝှေ့ယမ်းစဉ် သူ့နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“နောက်ထပ် ကိတ်မုန့်တစ်လုံးရော ဘယ်လိုလဲ”

ဆီလက်စ်ကလေး သည် ယခုအချိန်အထိ နှုတ်ခမ်းဆူနေခဲ့သည်။

သို့သော် သူမသည် ထိုကိတ်မုန့်ကို မြင်သည်နှင့် သူမ၏ မျက်လုံးများက တောက်ပလာခဲ့သည်။

အာရန်သည် ရေချိုးခန်းထဲသို့ ဝင်ရောက်စဉ် ဆီလက်စ်ကို ပျော်ရွှင်စွာ စားသုံးရန်အတွက် စားပွဲပေါ်တွင် ကိတ်မုန့်ကို တင်ပေးခဲ့သည်။

“ဝမ်ချင်းယု ဒီမိန်းကလေးမှာ မြင်ရတာထက် ပိုပြီးထူးခြားတယ် အထူးသဖြင့် သူမရဲ့ အမေပဲ”

ဟု အာရန်သည် တိတ်တဆိတ် စိတ်ထဲတွက်တွေးတောနေခဲ့သည်။

“ဒါပေမဲ့ ယခုလောလောဆယ်တော့ ငါက သူမရဲ့ ပါရမီ အလားအလာကို ပြုစုပျိုးပေးမှု အပေါ်မှာပဲ အာရုံစိုက်ထားရမယ်”

....

တစ်ချိန်တည်းတွင် ဇီယာသည် သူမ၏ သီးသန့်ခန်းအတွင်းတွင် တစ်ယောက်ထဲထိုင်ကာ အာရန်၏ အဂ္ဂိရတ်လုပ်ငန်းစဉ်များကို ထပ်ခါတလဲလဲ ပြန်လည်ဖွင့်ကြည့်နေခဲ့မိလေသည်။

သူမသည် ပြန်ကြည့်မိသည့်အခါတိုင်းတွင် သူမယခင်က မစဉ်းစားမိခဲ့သော အသိဉာဏ်အသစ်မျာ၊ နည်းစနစ်အသစ်များကို ဖော်ထုတ်နိုင်ခဲ့လေသည်။

အာရန်အပေါ် သူမ၏ အထင်ကြီးလေးစားမှုများသည် အချိန်တိုင်း တိုးပွားလာခဲ့သည်။

“ဒီလူက... သူက သာမန် အဂ္ဂိရတ်ပညာရှင်တစ်ဦတောင် မဟုတ်ဘူး သူသည် တကယ့် အံ့ဖွယ်လူသား တစ်ယောက်ပဲ” ဟု သူမက သူမဘာ့သာ တိုးတိုးလေး ရေရွတ်မိခဲ့သည်။

“အနာဂါတ်မှာ သူ့ဆီကနေ ပိုပြီးတော့ သင်ယူဖို့လိုအပ်တယ်”

“ငါက သလင်းကျောက် ဆေးပင်ကို ကိုယ်တိုင် အသုံးပြုဖို့ စီစဉ်နေခဲ့တာ ဒါပေမဲ့သေခြာတွေးကြည့်လိုက်တော့ ကျရှုံးဖို့ အခွင့်အရေးက ပို၍ မြင့်မား‌နေတယ် ဒါပေမဲ့ တကယ်လို့ငါသာ အကြီးအကဲရန်ရဲ့ အကူအညီကို ရရှိခဲ့ရင်.....”

ဆုံးဖြတ်ချက်တစ်ခုချပြီးနောက် ဇီယာသည် နောက်တနေ့တွင် အာရန်ကို ရှာဖွေရန် ဆုံးဖြတ်ခဲ့

လေသည်။

....

ရေခဲနတ်ဆိုးသည် သူ၏ နေထိုင်ရာတောင်ပေါ်သို့ ပြန်ရောက်သောအခါ သူ၏မျက်နှာသည် ရှက်စိတ်၊ ဒေါသစိတ်တို့နှင့်အတူ နာကျင်မှုများဖြင့်နှက်နေခဲ့လေသည်။

သူယ‌နေ့ရရှိခဲ့သော အရှက်ကွဲမှုများသည် သူယခင်က ကြုံတွေ့ခဲ့ဖူးသည့် မည်သည့်အရာနှင့်မဆို မတူညီနေခဲ့ပေ။

“အကြီးအကဲရန်”

သူသည် မုန်းတီးစိတ်ပြင်းစွာဖြင့်ထိုနာမည်ကို ရေရွတ်လိုက်လေသည်။

“မင်းရဲ့ ဒီနေ့လုပ်ရပ်တွေအတွက် ပေးဆပ်ရလိမ့်မယ် မင်းကို ရိုက်ချဖို့အတွက် ငါက နည်းလမ်းတစ်ခုကို တစ်နေ့တွေ့အောင် ရှာဖွေမယ်”

#Catfoot

All Chapters