ငရဲတံခါး
Vol. 10 Ch. 132
အစပိုင်း၌ အဂ္ဂိရတ်ခန်းမမှ နှင်ထုတ်ခံရခြင်းကို သူ နားမလည်နိုင်ဖြစ်ခဲ့ရသည်။
သို့သော် စိတ်အေးသွားသောအခါမှ ထိုအရာများကို ပြန်မြင်ယောင်ကြည့်သောအခါ ယခင်က မစဉ်းစားမိခဲ့သော အချက်အလက်များကိုပြန်လည် သတိထားမိလာလေသည်။
အစောင့်များသည် သူ့အား အကြီးအကဲလီ မဟုတ်ကြောင်း ပြောနေခဲ့ကြသလို အာရန်မှာလည်း ၎င်း၏နာမည်ဖြင့် သူ့အားအစားထိုး ခေါ်
ဝေါ်ခဲ့လေသည်။
ထိုအချိန်တုံးကသူသည် စိတ်ရှုပ်ထွေးသွားခဲ့သဖြင့်မစဉ့်စားမိခဲ့သော်လည်း အခုတွင်မူ အရာအားလုံးသည် အဓိပ္ပာယ်ရှိလာပြီဖြစ်လေသည်။
ထိုအစောင့်များသည် သူ့အား အကြီးအကဲလီ မဟုတ်ဟု ယုံကြည်ထားရခြင်း အကြောင်းရင်းမှာ တခြားတစ်ယောက်ယောက်က သူ၏ နာမည်ကို ယူသုံးသွားခြင်းကြောင့် ဖြစ်သည်။
အစောင့်များက အကြီးအကဲရန် သည် အဂ္ဂရက်ခန်းမမှတားမြစ်ခံထားရသူဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
ထို့ကြောင့် မည်သူက အမှန်တကယ် တားမြစ်ခံထားရပြီး ဘယ်သူမှာ သူ၏ နာမည်ကို ခိုးယူသွားသနည်းဆိုသည်မှာ ရှင်းလင်း သွားလေတော့သည်။
...
ဤသို့ဖြင့် တစ်ညတာ ကုန်လွန်သွားပြီး မိုးသောက်အလင်းရောင် ထွက်ပေါ်လာသောအချိန်တွင် ရဲ့လန်သည် ကိုးခုမြောက်တောင်ထိပ်သို့ ရောက်ရှိလာခဲ့လေသည်။
ဆေးပင်များဖြင့် ပြည့်နှက်နေသော အိတ်များကို တောင်ခြေရင်း၌ ချထားပြီး မြင့်မားသောတောင်ထိပ်ကို မော့ကြည့်နေခဲ့မိလေသည်။
သူသည် အလွန်ပင်ပန်းနွမ်းနယ်နေပြီး နောက်ထပ်အပေါ်သိုါထပ်မံတက်ရန်ပင် ခွန်အားမကျန်ရှိတော့ကြောင်း သိနေခဲ့သည်။
မြေပြင်ပေါ်ကို ငိုက်ကျသွားကာ ကျောက်တုံးတစ်တုံးကို ကျောမှီရင်း အနားယူနေလိုက်သည်။
သူ့ရှေ့က စနစ်၏ သတိပေးချက်ကို ကြည့်ရင်း စိတ်ပျက်အားငယ်မှုများဖြင့် သူ၏ မျက်လုံးများ သည် ဝေဝါးသွားတော့သည်။
[အပတ်စဉ်တာဝန်ကို သင်သည် ပျက်ကွက်ခဲ့ပါသည်]
[ထို့ကြောင့် သင့်အား ပြစ်ဒဏ်တစ်ခု ပေးအပ်ရပါလိမ့်မည်]
ထိုအပတ်စဉ်တာဝန်ပေးချက်အရ ဝမ်ချင်းယုကို သတ်နိုင်ရန် ဂရုတစိုက်စီစဉ်ခဲ့သော်လည်း နောက်ဆုံးတွင် သူသည် ထိုတာဝန်ကိုပြီးမြောက်ရန် ပျက်ကွက်ခဲ့ရသည်။
“ဒီကျိန်စာသင့်နေတဲ့ ဂိုဏ်းထဲကို ဝင်လာမိ ကတည်းက ငါ့ကံက တကယ်ကို ဆိုးဝါးသွားခဲ့တာပဲ” ဟု ရေရွတ်လိုက်မိသည်။
သူသည် ထိုပေးအပ်သောတာဝန်ကို မအောင်မြင်ခဲ့ရုံတင်မကပဲ ပြစ်ဒဏ်များလည်း ခံစားခဲ့ရသည်။
အဆိုးဆုံးအချက်မှာ ထိုစနစ်တာဝန်များကို လက်ခံစဉ်အစ၌ မည်သည့်ပြစ်ဒဏ်ကို ခံရမလဲဆိုတာ မသိခဲ့ခြင်းပင် ဖြစ်သည်။
ထိုအရာသည် ကံကောင်းသော မဲနှိုက်ခြင်းတစ်ခုကဲ့သို့ပင်... ထိုအစား ကံမကောင်းသော မဲနှိုက်ခြင်းဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။
သူ၏ ကံဆိုးမှုကို လှောင်ပြောင်နေသောပုံရသောကြီးမားသည့် အနီရောင်ခလုတ်မောင်းတံတစ်ခုပါသော ဒလိမ့်စနစ်ဖြင့်ကျပန်းရွေးချယ်သည့်စက်တစ်ခုမှာ သူ၏ ရှေ့၌ ပေါ်လာခဲ့သည်။
ထိုမောင်းတံကို နှိပ်လိုက်လျှင် အပြစ်ဒဏ်ကိုကျပန်းရွေးချယ်သွားမည်မှန်း သိနေသော်လည်း နောက်ဆက်တွဲများကို ရင်ဆိုင်ဖို့ အဆင်သင့်မဖြစ်သေး၍ တုံ့ဆိုင်းနေခဲ့သည်။
သို့သော်နောက်ဆုံးတွင် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် ဆုံးဖြတ်ချက်ကို ခိုင်မာစေကာ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ဖို့ ပြင်ဆင်ပြီး ခလုတ်ကို နှိပ်လိုက်သည်။
[ဂုဏ်ယူပါတယ် စနစ်ပိုင်ရှင် သင်သည် ရယ်မောခြင်းပြစ်ဒဏ်ကို ရရှိခဲ့သည်]
[ရယ်မောခြင်းပြစ်ဒဏ်ကို စတင်အသက်သွင်းလိုက်ပါပြီ။]
[နောက်တစ်ပတ်လုံး သင်ဟာ ပုံမှန်မဟုတ်သောကြားကာလများ၌ ရယ်မောပါလိမ့်မည်။]
ပြစ်ဒဏ်ကို မြင်တော့ ရဲ့လန်၏ နှုတ်ခမ်းများက သည် အထက်သို့ တွန့်လိမ်တက်သွားကြလေသည်။
သူ၏စနစ်အား ကျိန်ဆဲရန် အခွင့်အရေးမရရှိခင်မှာပင် ကျပန်း ရယ်မောခြင်းပြစ်ဒဏ်သည် စတင်အသက်ဝင်လာခဲ့လေသည်။
“ဟားး....”
........
သန့်စင်အင်ပါယာသည် အနောက်ပိုင်းတိုက်ကြီး၌ တည်ထောင်ထားခဲ့ခြင်းဖြစ်သည်။
ထိုဒေသရှိသူများသည် နတ်ဘုရားမကိုယ်တိုင် ကောင်းချီးပေးအပ်ထားခြင်းဖြစ်သည်ဟု ယုံကြည်ကြလေသည်။
သန့်စင်အင်ပါယာ၌ အစာရေစာငတ်ပြတ်သူတစ်ယောက်မှ မရှိသလို သီးနှံများကလည်းဖြစ်ထွန်းကာ အမြဲပင်စည်ပင်ဝပြောသောဒေသတစ်ခုဖြစ်ခဲ့လေသည်။
သဘာဝဘေးအန္တရာယ်များမှာလည်း ထိုအင်ပါယာကို မဖျက်ဆီးနိုင်ခဲ့ပါ။
ထို့ကြောင့်လည်း တိုက်ကြီးလေးခုထဲ၌ အနောက်ပိုင်းတိုက်ကို အစည်ပင်ဆုံး၊ အသာယာဆုံး တိုက်ဟု ခေါ်တွင်ခဲ့ကြခြင်းဖြစ်သည်။
နေ့တိုင်း မနက်တိုင်း၌ နတ်ဘုရားမကို ဆုတောင်းနေကြသော လူအုပ်သောင်းချီကို သန့်စင်ဘုရားကျောင်းရှေ့တွင် မြင်တွေ့နိုင်လေသည်။
ထိုတိုက်ကြီးရဲ့ အစစ်အမှန်အုပ်ထိန်းသူဖြစ်သော သန့်စင်ပုရောဟိတ်မကိုလည်း မြင်တွေ့ရဖို့ မျှော်လင့်နေကြသည်။
သန့်စင်ပုရောဟိတ်မသည် အင်ပါယာဘုရင်မ မဟုတ်ပါ။ သူမသည် အင်ပါယာကို မအုပ်ချုပ်သော်လည်း တခြားသူများထက် အာဏာပိုရှိသူဖြစ်သည်။
အကယ်၍ သုမသာ ဘုရင်မဖြစ်ချင်လျှင် ဧကရာဇ်ကိုယ်တိုင်ပင် နေရာမှ ကျေကျေနပ်နပ်ကြီး ဖယ်ပေးလိမ့်မည်ဖြစ်လေသည်။
သို့သေည် သူမ၌ အင်ပါယာကို အုပ်ချုပ်ဖို့ စိတ်ဝင်စားမှု မရှိနေပေ။
နတ်ဘုရားမကို ဆုတောင်းရင်းသာ ဘုရားကျောင်းထဲတွင် အချိန်အများစုကို ကုန်ဆုံးစေလေ့ရှိသည်။
လက်ရှိ၌ လသာဆောင်ပေါ်၌ ရပ်နေပြီး အောက်က ကိုးကွယ်သူများကို ကျက်သရေရှိစွာ လက်ဝှေ့ယမ်းရင်း ကောင်းချီးပေးနေသည်။
“အစီရင်ခံစာကို ဒါ့ထက် တိတိကျကျဖော်ပြထားတာရှိသေးလား”
သူမသည် ဆုတောင်းနေသည့်လူစုလူဝေးအား စိုက်ကြည့်လျက် မေးလိုက်သည်။
“ကျွန်တော်တို့ ရရှိထားတဲ့ သတင်းအချက်အလက်က ဒီလောက်ပါပဲ ကံမကောင်းစွာနဲ့ နောက်ထပ် သတင်းအသစ်တွေ မရှိသေးပါဘူး ကျွန်တော်တို့ရဲ့ သူလျှိုကလည်း ဖမ်းမိခံလိုက်ရပုံရပါတယ်”
အနားတွင်ရပ်နေသော ခရူးဆိတ်စစ်သည်တစ်ဦးက ပြန်ဖြေလိုက်သည်။
“ဒါနဲ့ ကျွန်တော်တို့ရဲ့ နောက်ဆုံး သူလျှိုလည်း သေဆုံးသွားပါပြီ”
“ငါသိပြီ ဒါဆို နစ်ခရိုမန်ဆာမျှော်စင်က တကယ်ပဲ ငရဲတံခါးကို ဖွင့်ဖို့ ကြံစည်နေတာပေါ့ အဲဒီ လူစိတ်မရှိတဲ့ သူတွေကတော့...”
“သန့်စင်ခြင်းစစ်ပွဲအတွက် ကျွန်တော်တို့ ပြင်ဆင်ထားသင့်သလား” ခရူးဆိတ်စစ်သည်က ထပ်မံမေးလိုက်သည်။
သန့်စင်ပုရောဟိတ်မ သည် လူအုပ်အား လက်ဝှေ့ယမ်းပြခြင်းကို ရပ်တန့်လိုက်သည်။
သူမ၏ နှုတ်ခမ်းပေါ်မှ အပြုံးသည် ပျောက်ကွယ်သွားကာ နောက်သို့ပြန်လှည့်၍ အတွင်းသို့ ဝင်သွားလိုက်သည်။
ထို့နောက် သူမသည် နတ်ဘုရားမ ရုပ်တုရှေ့တွင် ရပ်ကာ မော့ကြည့်လိုက်သည်။
ခရူးဆိတ်စစ်သည် သည် သူမ၏ နောက်တွင်ပင် ရပ်နေခဲ့လေသည်။
“အချိန်မတန်သေးဘူး ငရဲတံခါး ပွင့်သွားရင်တောင် မင်းက အဲဒီအနားကို မသွားနိုင်ဘူး မြောက်ပိုင်းတိုက်က နတ်ဘုရားမရဲ့ နယ်မြေထဲမှာ မရှိဘူး အဲ့ဒီကိုသွားရင် မင်းရဲ့ ဝိညာဉ်ကို ပိုပြီး ပျက်စီးစေရုံပဲရှိမဲ့အပြင် နတ်ဘုရားမရဲ့ကောင်းချီးပေးမှုတွေကိုပါ ဆုံးရှုံးစေလိမ့်မယ်”
“နတ်ဘုရားမရဲ့ ကောင်းချီးပေးမှုကို ဆုံးရှုံးသွားရင်တောင် ကျွန်တော်တို့ လူတွေကို ကာကွယ်ဖို့
အတွက်ဆိုရင် ဘာမဆို တိုက်ခိုက်နိုင်ပါတယ်”
ခရူးဆိတ်စစ်သည်က ရဲရင့်စွာဖြင့် ပြန်ပြောလိုက်သည်။
“မင်းလုပ်မယ်ဆိုတာ ငါသိပါတယ် ဒါပေမဲ့ မင်း က အဲဒီပုဂ္ဂိုလ်ကို ကျော်နိုင်မှာလား မင်းသာ အဲဒီကို သွားရင် အဲဒီမြေက မင်းရဲ့ ကောင်းချီးကို စားသုံးပြီး သူတို့အတွက် ငရဲတံခါးကို ပိုကြာကြာဖွင့်ထားဖို့သာအကူအညီဖြစ်စေလိမ့်မယ်”
“ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်သလဲ”
ခရူးဆိတ်စစ်သည်က ပြန် မေးလိုက်သည်။
“ကြည့်နေရုံကလွဲပြီး ဘာမှ မလုပ်နိုင်ဘူးလား တံခါးကို မိနစ်အနည်းငယ်လောက်ပဲ ဖွင့်နိုင်ရင်တောင် လုံလောက်တာထက် ပိုပါတယ် အဲဒီအချိန်တိုအတွင်း ဘာတွေ ဖြစ်သွားနိုင်မလဲဆိုတာ ဘယ်သူက သိနိုင်မလဲ”
“ဘာမှ မလုပ်နိုင်ဘူးလို့ ဘယ်သူက ပြောလဲ” ပုရောဟိတ်မက ပြန်မေးလိုက်သည်။
“နတ်ဘုရားမရဲ့ အလိုတော်အောက်မှာ မလုပ်နိုင်တာ ဘာရှိလို့လဲ”
“အရှင်မက ဘာကို ဆိုလိုတာလဲ”
ခရူးဆိတ်စစ်သည် သည် အနည်းငယ်စိတ်ရှုပ်ထွေးသွားသဖြင့် မေးလိုက်သည်။
“တကယ်လို့ နစ်ခရိုမန်ဆာမျှော်စင်က မြောက်ပိုင်း တိုက်မှာ ဖန်းယုရဲ့ အကြီးအကဲတွေနဲ့ တပည့်တွေကို သတ်လိုက်မိရင်ကော ဖန်းယုက ဘယ်လိုတုံ့ပြန်မယ်လို့ မင်းထင်လဲ နစ်ခရိုမန်ဆာမျှော်စင်ကကော စစ်ပွဲတစ်ခုလို့ သဘောထားမှာလား”
သန့်စင်ပုရောဟိတ်မက မေးခွန်းမေးနေပုံရသော်လည်း သူမ၏ စကားများသည် မေးခွန်းတစ်ခုထက် အဖြေတစ်ခုနှင့်ပင်ပို၍ တူညီနေလေသည်။
“အရှင်မ ဆိုလိုတာက... အငှားဓားကိုသုံးပြီးတိုက်မယ်လို့ဆိုလိုတာလား”
ခရူးဆိတ်စစ်သည်လည်း တစ်စုံတစ်ခုကို တွေးမိ လိုက်သည်။
“ဒါပေမဲ့ အဲဒါက...”
သန့်စင်ပုရောဟိတ်မက သူ၏ စကားကိုဆက်လက် မပြောခင် ပိတ်ပင်လိုက်ကာ…
“ငါ့အတွက် ဖိတ်စာတစ်စောင် ခုချက်ချင်းရေးပေးပါ...”
ဟု အမိန့်ပေးလိုက်သည်။
.....
အာရန်သည် ပြတင်းပေါက်ရှေ့တွင် ရပ်ကာ ထွက်ပေါ်လာသော နေလုံးကြီးကို စိုက်ကြည့်နေမိသည်။
ယနေ့သည် အရှေ့ပိုင်းတိုက်အတွင်းရှိ အခြားဂိုဏ်းငယ်များကို ဖျက်ဆီးပစ်ရန် သူ့နှင့်အတူ လိုက်ပါမည့် တပည့်များကို ရွေးချယ်ရမည့် ရက်လည်း ဖြစ်လေသည်။
သို့သော် သူသည် ပို၍ အရေးကြီးသော အရာများကို စိုးရိမ်ရမည်ကိုလည်း မမေ့ခဲ့ပေ။
သူသည် သူရောက်ရှိလာသောကမ္ဘာအကြောင်း ထိုစာအုပ်ကို အာရုံစိုက်ထားနေဆဲ ဖြစ်သည်။
ဤကမ္ဘာကို ဖန်တီးထားသော အခြား စာအုပ်သုံးအုပ်အကြောင်းကို သူ အနည်းငယ်မျှပင် သိရှိထားခြင်းမရှိပေ။
သူသိထားသည်မှာ ၎င်းစာအုပ်များ၏ နာမည်များသာ ဖြစ်လေသည်။
“မိစ္ဆာဘုရင်အဖြစ် တက်လှမ်းခြင်း”
“ကျရှုံးခဲ့ပြီးသောပုရောဟိတ်မလေး၏ ကလဲ့စား”
“SSS အဆင့် သူရဲကောင်းတစ်ဦး၏ ပြန်လည်မွေးဖွားခြင်း”
“ငရဲမှ ပြန်လာသော နီခရိုမန်ဆာ”
(ဘာသာပြန်သူမှတ်ချက်။ ။ခရူးဆိတ်စစ်သည် (Crusader) ဆိုတာ အနောက်ဥရောပရဲ့ အလယ်ခေတ်ကာလတွေတုံးက ဖြစ်ပေါ်ခဲ့တဲ့ ခရူးဆိတ် ဘာသာရေးစစ်ပွဲတွေ (Crusades) မှာ ရဲရင့်စွာတိုက်ခိုက်ခဲ့ကြတဲ့ ခရစ်ယာန်စစ်သည်တွေရဲ့ခေါ်ဝေါ်ပုံကို အခြေခံထားတာပါ ဒီစာစဉ်မှာတော့ သန့်စင်နတ်ဘုရားမရဲ့စစ်သည်တွေလို့သိထားရင်ရပါပြီ ခရူးဆိတ်စစ်ပွဲတွေအကြောင်း အသေးစိတ်လေ့လာချင်ရင်တော့ Google မှာကိုယ်တိုင် ရှာကြည့်နိုင်ပါတယ်)
#Catfoot