← Chapters

ငရဲလမ်းကြောင်း

Vol. 10 Ch. 134

ငရဲလမ်းကြောင်း

Vol. 10 Ch. 134

“တစ်ခုခု ပြောလိုက်တာလား”

အဘိုးကြီးသည် အာရန်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

“စာရင်းမှာ တစ်ခုခုများ မှားနေတာ ရှိလို့လား”

“မဟုတ်ပါဘူး စာရင်းမှာ ဘာမှ မှားနေတာ မရှိပါဘူး ဒါပေမဲ့...”

အာရန်က ရွေးချယ်စရာတွေကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

တစ်ဖန် သူသည် ဒီရွေးချယ်စရာတွေကြောင့် ဒုက္ခရောက်ရပြန်သည်။

သူသည် တစ်ဖန် အဆင်ပြေမှုနှင့် ဆုလာဘ်များအကြား ရွေးချယ်ရမည့် လမ်းဆုံသို့ ရောက်နေကြောင်းသိလိုက်ရသည်။

သူသည် အကျိုးအမြတ် အများဆုံး ရမည့် ရွေးချယ်မှုကို ရွေးချယ်နိုင်သည် သို့မဟုတ် သူ၏ မူလအစီအစဉ်အတိုင်း သွားရင်း ပိုမိုလွယ်ကူစေမည့် ရွေးချယ်မှုကိုလည်း ရွေးချယ်နိုင်သည်။

[ရွေးချယ်မှု တစ် - စာရင်းမှ အားအနည်းဆုံး တပည့် ဆယ်ယောက်ကို ရွေးချယ်ပြီး ကိုယ်တိုင် မတိုက်ခိုက်ဘဲ သူတို့နှင့်သာ တာဝန်ကို ပြီးမြောက်အောင် လုပ်ပါ။

ဆုလာဘ် - ငရဲလမ်းကြောင်း (ထူးခြားအဆင့်)]

[ရွေးချယ်မှု နှစ် - စာရင်းမှ အားအကောင်းဆုံး တပည့် ဆယ်ယောက်ကို ရွေးချယ်ပြီး သူတို့အား အကူအညီမပေးဘဲ သူတို့အားစေခိုင်း၍ တာဝန်ကို ပြီးမြောက်အောင် လုပ်ပါ။

ဆုလာဘ် - ကံ +၂]

[ရွေးချယ်မှု သုံး - တပည့် တစ်ယောက်မှ မခေါ်ဆောင်ဘဲ တာဝန်ကို ကိုယ်တိုင်သာ ပြီးမြောက်အောင် လုပ်ပါ။

ဆုလာဘ် - အဆင့် +၂]

[ရွေးချယ်မှု လေး - တပည့်အားလုံးကို ခေါ်သွားပြီး တာဝန် ပြီးမြောက်အောင် သူတို့ကို ကူညီပါ။

ဆုလာဘ် - ရင်းနှီးမှု +၅]

ရွေးချယ်စရာတွေကို ကြည့်မည်ဆိုပါက မည်သည့် ဆုလာဘ်က အတန်ဖိုးအများဆုံး ဆိုသည်ကို ခန့်မှန်းရန် သူ့အတွက်များစွယ စဉ်းစားစရာ မလိုပေ။

သူသည် ဆွဲကြိုးဆုလာဘ်များ ကဲ့သို့အရာမျိုးကို မရနိုင်သော်လည်း သူသည် ရွေးချယ်စရာအဖြစ် ထူးခြားသော ဆုလာဘ်တစ်ခုတော့ ရှိနေလေသည်။

ထို့အပြင် ထိုဆုလာဘ်၏ အမည်ကပင် သူ့အား စိတ်ဝင်စားသွားစေသည်။

“ငရဲလမ်းကြောင်း”

ဆုလာဘ်၏ နာမည်က သူ့ကို ဒီကမ္ဘာကို ဖန်တီးထားသော စာအုပ်လေးအုပ်ထဲမှ တစ်အုပ်ကို သတိရသွားစေသည်။

ထိုအရာက နစ်ခရိုမန်ဆာမျှော်စင်နှင့်လည်း ဆက်စပ်နေနိုင်ပြီး အလွန်လျှို့ဝှက်ဆန်းကြယ်ကာစူးစမ်းဖို့ ခက်ခဲသော တည်ရှိမှုတစ်ခု လည်းဖြစ်လေသည်။

‘ငါ လုံခြုံတဲ့လမ်းကို ရွေးသင့်သလား’ ဟုပြန် တွေးလိုက်မိသည်။

‘မဖြစ်ဘူး လုံခြုံတဲ့လမ်းနဲ့ ငါ ဘယ်လောက်အထိ သွားနိုင်မှာလဲ မကြာခင်မှာလည်း ငါဟာ နစ်ခရိုမန်ဆာမျှော်စင်ကို ကိုယ်တိုင်ရင်ဆိုင်ရလိမ့်မယ်’

‘ဒါပေမဲ့ ဂိုဏ်းရဲ့ အားအနည်းဆုံး တပည့်တွေနဲ့ ဂိုဏ်းတွေကို ဖျက်ဆီးတာလား အဲဒါ ဖြစ်နိုင်ရဲ့လား’

မိစ္ဆာဂိုဏ်းသည် အင်အားတောင့်တင်းသောဂိုဏ်းကြီးဖြစ်လေသည်။

သာမန်အားကောင်းရုံတင် မကပဲ ၎င်းသည် ဤတိုက်ကြီးအတွင်း အားအကောင်းဆုံး ဂိုဏ်းလည်းဖြစ်လေသည်။

ဤ ဂိုဏ်း၏ အားအနည်းဆုံး တပည့်ပင် သာမန်ဂိုဏ်းများ၏ ထိပ်တန်းတပည့်များထက်ပို၍ အင်အားကြီးလေသည်။ သို့သော်ထိုအရာက ထိုမျှအထိသာဖြစ်လေသည်။

အခြားဂိုဏ်းများအား ဖျက်ဆီးသောအခါ သူတို့သည် ထိုဂိုဏ်းများ၏ တပည့်များကိုသာ ရင်ဆိုင်ရမည် မဟုတ်ပေ။

သူတို့သည် အကြီးအကဲများအပြင် ဂိုဏ်းချုပ်များကိုပင် ချေမှုန်းရမည်ဖြစ်ပေသည်။

ဒီတပည့်တွေက သူ့အကူအညီမပါဘဲ သူတို့ကို သတ်နိုင်မှာလား။

ထို့နောက်တွင်.....

“ငါ ဆုံးဖြတ်ပြီးပြီ”

အာရန်သည် စာအုပ်၏ နောက်ဆုံးစာမျက်နှာကို ဖွင့်လိုက်သည်။

“ဒီစာရင်းရဲ့ အဆုံးမှာရှိတဲ့ လူဆယ်ယောက်ကို ငါလိုချင်တယ်”

အာရန်သည် သူ့စကားကြောင့်ပိုပြီး စိတ်ရှုပ်သွားသော အဘိုးကြီးအား ထိုစာရင်းကို ပြလိုက်သည်။

“အကြီးအကဲ ရန် ခင်ဗျားက အဓိကတပည့်တွေကို မဟုတ်ဘဲ ဒီတပည့်တွေကို လိုချင်တာ သေချာရဲ့လား” ဟု ထပ်မံမေးလိုက်သည်။

“ခင်ဗျားက သူတို့အတွက် ကိုယ်တိုင်ဝင်တိုက်ခိုက်ပေးဖို့ စီစဉ်နေတာများလား”

“စိတ်မပူပါနဲ့ ငါက သူတို့ကိုယ်စား မတိုက်ခိုက်ပါဘူး ဒီတပည့်တွေကို ဒီကို ခေါ်ပြီး ငါတို့ထွက်ခွာဖို့ သင်္ဘောကိုသာ စီစဉ်ပေးပါ”

အာရန်က စာအုပ်ကို အဘိုးကြီးအား ပြန်ပေးလိုက်သည်။

စိတ်ရှုပ်ထွေးနေသေည်လည်း ထိုအဘိုးကြီးသည် အာရန်တောင်းဆိုတဲ့အတိုင်းသာ ပြန်လုပ်ပေးလိုက်သည်။

ထိုအရာမှာ အာရန်လုပ်ဆောင်ရမည့်တာဝန်သာဖြစ်လေသည် သူ့မှာ ယခုကိစ္စနဲ့ ဘာမှ မသက်ဆိုင်ပေ။

ထို့ကြောင့် သူသည် တာဝန်ခန်းမသို့သာ ပြန်သွားလိုက်ပြီး အပြင်စည်းဂိုဏ်းကို ကြီးကြပ်နေသော အကြီးအကဲများဆီသို့ ထိုသတင်းကိုပို့လိုက်

လေသည်။

အာရန် ရွေးချယ်ထားတဲ့ တပည့် ဆယ်ယောက်က အပြင်စည်းဂိုဏ်းက ဖြစ်သည်။

အတွင်းစည်းမှ အကြီးအကဲ တစ်ယောက် စောင့်နေကြောင်း အပြင်စည်း အကြီးအကဲများအား အသိပေးလိုက်ပြီးသည်နှင့် သူတို့သည် တပည့် ဆယ်ယောက်ကို ကိုယ်တိုင်စုစည်းကာ တာဝန်ခန်းမသို့ ရောက်ရှိလာကြလေသည်။

.....

အပြင်စည်း အကြီးအကဲများမှာ သူတို့နောက်တွင် တန်းစီလိုက်လာသော တပည့် ဆယ်ယောက်နှင့်အတူ တာဝန်ခန်းမထဲသို့ ဝင်လာခဲ့ကြလေသည်။

တပည့်တစ်ယောက်ချင်းစီမှာ စပ်စုချင်စိတ်များနှင့်အတူ ကြောက်ရွံ့ခြင်းများရောနှောနေကြကာ အမျိုးမျိုးသော အမူအရာများ ဖြစ်ပေါ်နေကြလေသည်။

သူတို့အားလုံး သိထားသည့်တစ်ချက်မှာ အတွင်းစည်း အကြီးအကဲ တစ်ယောက်က ဆင့်ခေါ်ခြင်းသည် သာမန်ကိစ္စတစ်ခု မဟုတ်ဆိုခြင်းပင်ဖြစ်လေသည်။

သို့သော် သူတို့အား အဘယ်ကြောင့် ဆင့်ခေါ်သည် ဆိုခြင်းကိုမူ နားမလည်နိုင်ခဲ့ကြ‌ပေ။

သူတို့များ အမှားအယွင်းတစ်ခုခု လုပ်မိခဲ့၍လား။

အာရန်သည် ခန်းမအလယ်တွင် လက်ပိုက်ရပ်ကာ တပည့်တစ်ဦးချင်းစီကို စောင့်ကြည့်နေလေသည်။

သူတို့သည် အားအနည်းဆုံးသူများဖြစ်ကြောင်းထင်ရှားနေပြီး အချို့မှာ သူ့ရှေ့တွင်ပင် တည်ငြိမ်မှု ထိန်းသိမ်းရန်ပင် မစွမ်းဆောင်နိုင်ကြပေ။

တပည့်အတော်များများသည် အာရန်ကို မှတ်မိကြလေသည်။

အထူးသဖြင့် အမျိုးသမီး တပည့်အများစု၏ မျက်လုံးများမှာ တောက်ပလာကြလေသည်။

သူတို့အများစုက အတွင်းစည်းတပည့်ဖြစ်လာလျှင် အကြီးအကဲရန်၏ တပည့်သာဖြစ်ချင်နေကြလေသည်။

သူတို့သည် သူ့အား ဤမျှစောလျင်စွာ တွေ့ဆုံရန် အခွင့်အရေးရလိမ့်မည်ဟု မထင်ထားကြပေ။

“နားထောင်ကြ”

အာရန်က စကား စတင်ပြောလိုက်သည်။

“မင်းတို့ဟာ ဂိုဏ်းရဲ့ ရန်သူတွေကို ချေမှုန်းဖို့ အထူးတာဝန်တစ်ခုအတွက် ရွေးချယ်ခြင်းခံထားရတယ် ဒီတာဝန်က မလွယ်ကူဘူး ငါကလည်း မင်းတို့ကို ကူညီမှာ မဟုတ်ဘူး မင်းတို့ တစ်ယောက်ကိုတစ်ယောက် အားကိုးရလိမ့်မယ် ဒါပေမဲ့ မအောင်မြင်ရင်တော့ သေဆုံးရလိမ့်မယ်”

အပြင်စည်းတပည့်အချို့မှာ စိုးရိမ်တကြီးဖြင့် မျက်လုံးချင်း ဖလှယ်လိုက်ကြသည်။

အတွင်းစည်းအကြီးအကဲကိုယ်တိုင် ဦးဆောင်သည့် တာဝန်ဖြစ်သည်။ ထို့ကြောင့်ထိုအရာသည်လွယ်ကူသော တာဝန်တစ်ခု မဖြစ်နိုင်ပေ။

ထိုကဲ့သို့သောသူပင်လျှင် ဤတာဝန်တွင် သူတို့သည် သေနိုင်သည်ဟု ပြောနေလေသည်။

ထိုအရာသည် သေးငယ်သောကိစ္စ မဟုတ်ပေ။

အချို့က နောက်ပြန်ဆုတ်ကာ ထိုတာဝန်ကိုမထမ်းဆောင်တော့ပဲ စွန့်လွှတ်နိုင်မလားဟု တွေးမိ‌လိုက်ကြသော်လည်း စကားပြန်ပြောရန်မူ သတ္တိမရှိကြပေ။

သူတို့ထဲမှ တစ်ဦးဖြစ်သော ဆံပင်နက်တိုနှင့် လူငယ်တစ်ဦးသည် တုံ့ဆိုင်းစွာဖြင့် ရှေ့သို့ တက်လာခဲ့သည်။

“အကြီးအကဲ ကျွန်တော်တို့... ဒီတစ်ခေါက်တာဝန်ကို မလိုက်ပါလို့ရမလားခင်ဗျာ”

“ကြောက်ရွံ့သူတွေက ဒီဂိုဏ်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ဖို့ မထိုက်တန်ဘူး နှင်ထုတ်ခံရချင်ရင် မလိုက်ပါလို့ရပါတယ်”

အာရန်သည် အနည်းငယ်ပြင်းထန်နေသောလေသံဖြင့် ပြန်ဖြေလိုက်သည်။

သူသည် မည်သူ့ကိုမျှ စွန့်လွှတ်စေချင်သည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူသည် သူတို့အား စွန့်လွှတ်ခွင့် ပြု၍မရသောကြောင့်ဖြစ်လေသည်။

ဤတာဝန်အတွက် အားအနည်းဆုံး တပည့် ဆယ်ယောက်ကို လိုအပ်လေသည်။

သူတို့ထဲမှ တစ်ယောက်ထဲဆို၍ နောက်ဆုတ်ထွက်ခွာခွင့်ပေးပြီး အခြားတစ်ယောက်နှင့် အစားထိုးလိုက်ရပါက ၎င်းသည် အာအနည်းဆုံး ဆယ်ယောက် မဖြစ်နိုင်တော့ပေ။

သူတို့ကို ဂိုဏ်းရဲ့ အားအနည်းဆုံး ဆယ်ယောက်ဖြစ်စေရန် သဘောမတူသောသူကို နှင်ထုတ်ရုံသာ တတ်နိုင်ပေသည်။

သူသည် သူတို့၏အသက်ကို စွန့်စားရန် တွန်းအားပေးခြင်းကို မလိုလားသော်လည်း တစ်ဖန် သူ့အတွက်လည်း ဤကိစ္စတွင် ရွေးချယ်စရာ အခြားမရှိပေ။

သူ၏ လုပ်ဆောင်ချက်တိုင်း၊ သူ၏ ရွေးချယ်မှုတိုင်းသည် သူ၏အနာဂတ်ကို တည်ဆောက်နိုင်သည် သို့မဟုတ် ဖျက်ဆီးနိုင်လေသည်။

သူ့တွင် အခွင့်အရေးရှိပြီး ရွေးချယ်စရာများ ရိုးရှင်းနေစဉ်တွင် သူသည် တတ်နိုင်သမျှမြင့်မားသော ဆုလာဘ်များကို စုဆောင်းလိုနေခဲ့သည်။

သူ၏စကားကို ကြားသောအခါ ထိုလူငယ်သည် ပါးစပ်ပိတ်သွားလေသည်။

သူသည် ဤဂိုဏ်းသို့ဝင်ရောက်နိုင်ရန် အလွန်ကြိုးစားခဲ့ရသည်။ နှင်ထုတ်ခံ၍ မဖြစ်ချေ။

ထို့အပြင် သူသည် အကြီးအကဲရန်မှာ သူ့အား အမှန်တကယ်နှင်ထုတ်မည်လား သို့မဟုတ် သူသာတာဝန်ကို မလိုက်နာပါက ချက်ချင်းသတ်ပစ်မည်လားပင် မသေချာပေ။

အာရန်သည် အပြင်စည်းအကြီးအကဲများဘက်သို့ လှည့်ကြည့်လိုက်သည်။

“သူတို့ ခရီးအတွက် အရာရာ လုံလောက်အောင် ပြင်ဆင်ပြီးကြောင်း သေချာပါစေ ကျုပ်တို့ တစ်နာရီအတွင်း ထွက်ခွာမယ်”

အပြင်စည်းအကြီးအကဲများမှာ ခေါင်းညိတ်လိုက်ကြကာ အာရန်၏ အမိန့်ကို လိုက်နာရန် အလျင်အမြန် ထွက်ခွာသွားကြသည်။

ထို့‌နောက် တုန်လှုပ်ချောက်ချားနေဆဲ တပည့် ဆယ်ယောက်ကို ပြင်ဆင်ရန် ဆွဲခေါ်သွားကြ

လေသည်။

သူတို့ ထွက်ခွာသွားသောအခါ အာရန်ကို စာရင်းပေးခဲ့သော အဘိုးကြီးသည် သူ့ထံသို့ ချဉ်းကပ်လာလေသည်။

“အကြီးအကဲရန် ဒီကိစ္စကို သေချာရဲ့လား ခင်ဗျားက ဒီတာဝန်အတွင်း ကြားဝင်တာ သို့မဟုတ် ဝင်တိုက်ခိုက်ပေးတာမျိုး မပြုဘူးလို့ ပြောခဲ့တယ် အဲဒီဆယ်ယောက်က ဒီနှုန်းနဲ့ ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်ပါ့မလား ဒီတပည့်တွေက... သူတို့က အဆင်သင့် မဖြစ်သေးဘူးထင်တယ်”

#Catfoot

All Chapters