← Chapters

အခန်း (၈၉၀)

Vol. 60 Ch. 890

အခန်း (၈၉၀)

Vol. 60 Ch. 890

“ကျုပ်ဂိုဏ်းရဲ့ ဟောခန်းသခင်ကို ဖမ်းချင်တယ်ဆိုရင် ကျုပ်ရဲ့ရန်သူဖြစ်သွားမှာပေါ့”

ကျွင်းချောင်ရှောင်း ပြောပြောပြီးချင်းမှာပဲ တည်နေရာတွင် ရှိနေကြသော ကျွမ်းကျင်သူများအားလုံး၏ မျက်နှာပေါ်တွင် အထင်အမြင်သေးသည့် အရိပ်အယောင်များပေါ်လာခဲ့တော့၏။ ကျွမ်းကျင်သူများထဲမှ တစ်ယောက်က အေးစက်စွာ ပြောလိုက်၏။

“ကောင်လေး၊ ကြယ်ကြွေကုန်းမြေတိုက်ကြီးက ဂြိုဟ်တိုက်ပွဲရဲ့ အဆင့်အရဆိုလျှင် အဆင့်ကိုးထဲမှာပဲရှိမယ်နဲ့တူတယ်။ ဒီတော့ ဘုံကိုးပါးကုန်းမြေတိုက်ကြီးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မင်းတို့က ဘာမှမဟုတ်တဲ့ ပုရွက်ဆိတ်လေးတွေလိုပဲ။ ဘာလို့သူတို့ကို ရန်သူဖြစ်မယ်ဆိုပြီး ချိန်းခြောက်ဖို့ အခွင့်အရေးရှိနေမှာလဲ။”

သူ၏ စကားများသည် အမှန်ပင်ဖြစ်သည်။ လောကကြီးတွင် အလုံးစုံသော အားကောင်းမှုကသာလျှင် နေရာယူ နိုင်စွမ်းရှိသည်။

အားနည်းလှသည့်လူများအားလုံးသည် အားအင်အဆင့်ကောင်းမွန်သော တခြားသောသူများကို ရန်သူ ဖြစ်မှာမကြောက်ဘူးလားဟူ၍ လိုက်လံ မေးမြန်းနေစရာ အခွင့်အရေးမရှိချေ။

“မင်းက အခုလေးတင်မှ တိုက်ခိုက်ရေးတည်နေရာထဲကို ရောက်လာပြီးတော့ ကိုယ့်ရဲ့တည်နေရာစက်ဝိုင်းကိုတောင် ကျယ်ပြန့်အောင် မလုပ်နိုင်သေးဘူး။ ဘယ်လိုလုပ်ပြီးတော့ တကယ့်ထိပ်တန်းအကြီးအကဲတွေကို ရန်သူလုပ်ချင်တာ လားလို့ မေးခွန်းထုတ်ရတာလဲ။ ဒါကတစ်ကယ့်ကို …..”

…

“ဖြောင်း”

ထိုကျွမ်းကျင်သူသည် ပြော၍မပြီးသေးခင်မှာပဲ တင်းရှင်းဝမ်၏လက်သည် တည်နေရာဂိတ်တံခါးထဲမှ ထွက်ပေါ်လာပြီး သည့်နောက်မှာတော့ ထိုလူ၏ မျက်နှာကို ပိတ်ရိုက်လိုက်တော့၏။

“စောက်စကားများလွန်းအားကြီးတယ်”

“မဟုတ်ဘူး”

“ဘန်း”

ကြမ်းတမ်းလှသောမိစ္ဆာစွမ်းအင်ငါးမျိုးတို့သည် ၎င်း၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်ပြီးသည့်နောက်မှာတော့ ၎င်း၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် မဲပြာသွားခဲ့တော့၏။

ပြီးနောက် တည်နေရာထဲမှာတင် တစ်ခါတည်း ပေါက်ကွဲကာ သေဆုံးသွားခဲ့၏။ ကြင်နာတတ်သည့် အမူအယာနှင့်လူ (စီမေ) နှင့် ခက်ထန်လှသောမျက်နှာနှင့် လူ (နုမေ) တို့သည် မျက်မှောင်ကြုတ်မိသွားခဲ့ကြသည်။

ဤကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူသည် အားလုံး၏ရှေ့တွင် တစ်ဖက်လူများအား အညှာအတာ ကင်းမဲ့စွာဖြင့် သတ်ဖြတ်ရဲနေသည်။ အမှန်ပင်မောက်မာလွန်းလေ၏။

“ခင်ဗျားတို့ နှစ်ယောက်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘုံကိုးပါးကုန်းမြေတိုက်ကြီးက ပါဝင်ယှဉ်ပြိုင်ချင်တယ်ဆိုရင် ကျုပ်ကလည်း စိတ်မရှိပါဘူး”

“စိတ်မရှိပါဘူး ဟုတ်လား။”

ကြင်နာတတ်သည့်ပုံစံနှင့်လူ၏ ရုပ်သည် ပိုမို၍ဆိုးရွာလာခဲ့သည်။ ခက်ထန်သည့်လူ၏ ဒေါသတရားမှာတော့ ပိုမို၍ တောက်လောင်လာသည်။ သူတို့သည် ဤတိုက်ခိုက်ရေးတည်နေရာထဲတွင် ရောက်ရှိနေသည်မှာ ကြာမြင့်လှပြီဖြစ် သည်။

ထို့အပြင် အနီရောင်အလင်းတန်းများ ထွက်ပေါ်လေ့ရှိသည့် လူပေါင်းများစွာကိုလည်း သတ်ဖြတ်ခဲ့ပြီးပြီဖြစ်သည်။ သူတို့သည် များပြားပြီး မောက်မာလွန်းလှသောလူများကို တွေ့ဆုံခဲ့ပြီးပြီဖြစ်သည်။ သို့ပေမဲ့ ဤမျှမောက်မာလွန်းသော ကောင်ငယ်လေး ကိုတော့ တစ်ခါမှ မမြင်ခဲ့ဖူးချေ။

“မင်းတို့က တကယ့်ကို တောင်းဆိုနေတာလား။”

“ဘုံကိုးပါးကုန်းမြေတိုက်ကြီးကိုတောင်မှ ရင်ဆိုင်ရဲတယ်ဆိုရင် မင်းကို ဘယ်သူမှကယ်နိုင်တော့မှာမဟုတ်ဘူး။”

“ပထမအကြီးအကဲတွေကို ရန်ပြုပြီးတဲ့နောက်မှာတော့ ထိုတိုက်ပွဲတည်နေရာထဲမှာတင် အသက်ရှင်ရပ်တည်ဖို့ ဆိုတာ အခွင့်အလမ်း သုံညပဲ။”

အားလုံးသောလူများသည် စိတ်ထဲမှာကြိတ်ကာ ရေရွတ်လိုက်ကြ၏။

ကြင်နာတတ်သည့်အမူအဟန်နှင့်လူသည် ပြောလိုက်၏။ “မင်းရဲ့နာမည်က ဘယ်လိုလဲ ရောင်းရင်းလေး။”

ကျွင်းချောင်ရှောင်းက ကြည်လင်ရှင်းလင်းစွာဖြင့် ပြန်ပြောလိုက်သည်။ “ကျုပ်နာမည်က ကျွင်းချောင်ရှောင်းပဲ။ ကြယ်ကြွေကုန်းမြေတိုက်ကြီး ၊ ချင်းယန်နိုင်ငံ ၊ ပြိုင်စံရှားဂိုဏ်း ရဲ့ ဂိုဏ်းချုပ်တစ်ယောက်ပဲ။”

“အော် ဂိုဏ်းချုပ်ကျွင်းလား။ မလေးမစားပြုမူမိတဲ့အတွက် တောင်းပန်ပါတယ်။

ကြင်နာတတ်တဲ့လူ၏မျက်နှာပေါ်တွင် အပြုံးများသည် ပိုမို၍လေးနက်သွားခဲ့သည်။ သူ၏မျက်လုံးများသည် မျဉ်းကြောင်းတစ်ခုထဲသို့ပင် ကျဉ်းမြောင်းသွားခဲ့၏။

ထိုအပြုအမူ ကို ရင်းနှီးကျွမ်းဝင်နေကြသော သိုင်းကျင့်ကြံသူများမှာတော့ စိတ်ထဲမှာ တွေးလိုက်မိကြ၏။ “ဘုံကိုးပါးကုန်းမြေတိုက်ကလူ ….. ဆရာကြီးတွေက တကယ့်ကို လှုပ်ရှားတော့မှာပဲ။”

တင်းမာခက်ထန်လှသော မျက်နှာနှင့်လူသည် ခရမ်းရောင်ဘုရင်ကို စူးစိုက်ကြည့်လေ၏။ သူသည် ချက်ချင်းပဲ ထိုသူဆီသို့ ပြေးဝင်ပြီး ရိုက်နှက်ချင်စိတ်ပင်ပေါက်နေသည်။

ခရမ်းရောင်ဘုရင်က ထူးမခြားနားသလို ပြောလိုက်၏။ “ဒီတိုင်းဆက်ပြီးကြည့်နေမယ်ဆိုရင် ကျုပ်က ခင်ဗျားရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ရလိမ့်မယ်။”

ဟူး ဟူး

ကျိရှုပြောပြီးပြီးချင်းမှာပဲ တင်းမာခက်ထန်လှသည့်လူ၏ ဝတ်ရုံသည် ရုတ်တရက်ဆိုသလိုပဲ ဖောင်းကားသွား၏။ အားအင် ပြင်းထန်လှသော အော်ရာများသည် ထွက်ပေါ်လာပြီးသည့်နောက် လေထုထဲတွင်တော့ စွမ်းအင်လှိုင်းများနှင့် ဖြစ်တည်လာခဲ့သည်။ ပြီးသည့်နောက်မှာတော့ အောက်သို့ကျဆင်းလာခဲ့၏။

လက်ရှိအခြေအနေမှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာစက်ဝိုင်း၏ အပေါ်ဘက်တွင် ကြောက်မက် ဖွယ်ရာကောင်းလှသော ဖိအားများနှင့် ပြည့်နှက်နေတော့သည်။

ဟူး ဟူး

တိမ်များမြူများပင် ကင်းစင်သွားခဲ့သည်။ ဤအရာမှာ အလွန်အစွမ်းထက်လှသော စစ်တပ်ကြီးတစ်ခု ပြိုဆင်းလာသည် နှင့်ပင် ဆင်တူ၏။

ခရမ်းရောင်ဘုရင်သည် နှာခေါင်းရှုံ့လိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ခန္ဓာကိုယ်ဆီမှ ခရမ်းရောင်အလင်းတန်း များ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ရှေ့ကို လှမ်းတက်သွားခဲ့သည်။

ဤစွမ်းအင်များအားလုံးသည် လက်သီးတစ်ခုကဲ့သို့ ဖြစ်တည်ပြီးသည့်နောက် အပေါ်ဆီမှ ကျဆင်းလာခဲ့သော လက်ဝါး ရိုက်ချက်ကြီးအား ထိုးနှက်လိုက်၏။

“မင်းက သေချင်နေတာပဲ။”

တင်းမာခက်ထန်လှသည့်မျက်နှာနှင့်လူက အေးစက်စက်အော်ဟစ်လိုက်၏။ သူ၏မုတ်ဆိတ်ဖြူများပင်လျှင် ရမ်းခါ သွားခဲ့တော့သည်။ ၎င်း၏ခန္ဓာကိုယ်အနောက်တွင်တော့ ရသေ့တစ်ပါး၏ ပုံရိပ်ယောင်မျိုးဖြစ်တည်လာခဲ့တော့သည်။ ဤလူသည် မြေအဆင့်ကျွမ်းကျင်သူတစ်ယောက်ပင် ဖြစ်တော့သည်။

သူ၏တိုက်ကွက်ကို ထုတ်ဖော်လိုက်သည့်အချိန်မှာတော့ လောကကြီးတစ်ခုလုံးသည် အရောင်အဆင်းကင်းမဲ့သွား သလိုပင်။

ဘုန်း ဘုန်း ဘုန်း ….။

ခရမ်းရောင်ဘုရင်သည် သွားရှုပ်၍ရနိုင်သောသူတစ်ယောက်မဟုတ်ပေ။ သူ၏ အားအင်အဆင့်များသည် မြစ်များ၊ ချောင်းများကိုပင် ပြောင်းပြန်လှန်နိုင်စွမ်း ရှိနေတော့၏။ တစ်ဖက်၏ ရသေ့တစ်ပါးပုံစံပုံရိပ်ယောင်သည် သူ့အား တိုက်ခိုက်လာသည့်အချိန်မှာတော့ သူသည် အပြန်အလှန်ဖြင့် ပြန်လည်တိုက်ခိုက်တော့သည်။

သူသည် အလွန်လှပသည့်တိုက်ကွက်များကို ထုတ်ဖော်ကာတိုက်ခိုက်ခြင်းမျိုး မဟုတ်ပေ။ အလွန်ခိုင်ခံ့လွန်းသော အားအင်အဆင့်များကို အသုံးပြု၍ ထိပ်တိုက်ရင်ဆိုင်နေခြင်းပင်ဖြစ်၏။

ဟူး ဟူး

အချိန်အနည်းငယ်တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ရသေ့ပုံရိပ်ယောင်သည် ပျောက်ကွယ်သွားခဲ့တော့သည်။

သို့ပေမဲ့ တင်းမာခက်ထန်သည့်မျက်နှာနှင့်လူသည် စဉ်းစားရန် အချိန်မရှိချေ။ အဘယ့်ကြောင့်ဆိုသော် ကျိရှုသည် သူ့အား ပြေးဝင်တိုက်ခိုက်နေပြီဖြစ်၏။

ကျွီ

ဘုန်း ဘုန်း

တင်းမာခက်ထန်သည့်မျက်နှာနှင့်လူသည် လက်ကိုယမ်းခါလိုက်၏။ သူ၏လက်ထဲတွင်တော့ မှန်ပုံစံမျိုး အကာအကွယ် ရတနာတစ်ခုသည် ဖြစ်တည်လာခဲ့သည်။ ထိုရတနာဆီမှ အားကောင်းလွန်းလှသော အော်ရာများ ထွက်ပေါ်နေသည်။

ဘုန်း

ချက်ချင်းပဲ ခရမ်းရောင်ဘုရင်သည် ထိုအရာကို လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။ သူ့လက်သီးနှင့်ထိမှန်သည့် တည်နေရာတစ်ခုလုံး သည် အစိတ်စိတ်အမွှာမွှာဖြစ်တည်သွားပြီးသည့်နောက်မှာတော့ အားအင်လှိုင်းများ သည်လည်း တည်နေရာအနှံ့ဆီသို့ လွင့်ပျံ့သွား၏။

ဘုန်း ဘုန်း …။

တည်နေရာတွင် အက်ကွဲကြောင်းများဖြစ်တည်သွားသည်အထိ အားအင်မှာ ပြင်းထန်လွန်းနေသည်။ သိုင်းကျင့်ကြံသူ များအားလုံးသည် ဆွံ့အလျက်ရှိနေ၏။ လက်သီးချက်၏ အဟုန်သည် တည်နေရာကိုပင် အက်ကွဲသွားစေနိုင်ခဲ့သည်။

တဖက်လူတိုက်ခိုက်လိုက်သည့် အားအင်အဆင့်သည် ကျိန်းသေပေါက် သာမန်မြေအဆင့်ကျွမ်းကျင်သူထက် ပိုမို၍ အားကောင်းလွန်းသည်။ တင်းမာခက်ထန်သည့်မျက်နှာနှင့်လူသည် နားလည်မိသွားတော့၏။ သူ၏ ရှေ့တွင်ဖန်တီးထားသော အတားအဆီးအစီအရင်သည် ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်၏။

“ချိုးဖြတ်စမ်း”

ကျိရှုသည် အော်ဟစ်လိုက်ပြီးသည့်နောက်မှာတော့ ရှေ့ကို လက်သီးဖြင့် ထပ်မံကာ ထိုးနှက်လိုက်သည်။

ဘန်း

အဆုံးသတ်မှာတော့ အားကောင်းလွန်းလှသော လက်သီးချက်များ၏ အောက်တွင်တော့ တင်းမာ ခက်ထန်သည့်မျက်နှာနှင့်လူသည် ပြိုလဲသွားခဲ့၏။

ခရမ်းရောင်ဘုရင်သည် ခရမ်းရောင်လက်သီးကို စုဖွဲ့၍ ဆက်တိုက်ထိုးနှက်တော့သည်။

တစ်ဖက်လူသည် မည်သို့မျှမကာကွယ်နိုင်တော့ဘဲ ရင်ဘက်ကို လက်သီးချက်ထိမှန်ကာဖြင့် မြေပေါ်သို့ လွှင့်စင်ကျခဲ့၏။

ဘန်း ဘန်း ဘန်း

ထိုလူသည် မြေထဲသို့ ကျွံဝင်သွားလျက်ရှိ၏။ ၎င်းကျဆင်းသွားရာတည်နေရာတွင်တော့ မီတာ ၃၀၀ ပတ်လည်လောက် ရှိသော တွင်းကြီးတစ်ခုသည် ဖြစ်တည်လျက်ရှိနေတော့သည်။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် ထအော်လိုက်မိ၏။ “ဒီလောက်အားကောင်းတာလား။”

ကျိရှု၏ အားအင်အဆင့်သည် စည်းခတ်မခံရစဉ် အားအင်အဆင့်ဆီသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သူသိရှိ ခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ ဤမျှကြောက်မက်ဖွယ်ရာကောင်းလိမ့်မည်ဟုတော့ သူမထင်မှတ်ခဲ့ချေ။ ကျိရှုသည် မြေအဆင့်ကျွမ်းကျင်သူ များထက် ပိုမို၍ အားကောင်းလွန်းနေသည်မှာ သေချာနေသည်။

ကြည့်ရှုနေသူများအားလုံးသည်လည်း ဆွံ့အသွားမိကြသည်။ ဘုံကိုးပါးကုန်းမြေတိုက်မှ ကျွမ်းကျင်သူများပေါ်လာပြီး သည့်နောက်မှာတော့ ဤကိုယ်လုံးတီးနှင့်လူသည် ကံဆိုးပြီဟု သူတို့ထင်မှတ်ထားခဲ့ကြ၏။ သို့ပေမဲ့ တိုက်ခိုက်ချက်အနည်းငယ်ကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ ဘုံကိုးပါးကုန်းမြေတိုက်ကြီးမှ ကျွမ်းကျင်သူ ပင်လျှင် မြေပေါ်သို့ ပြုတ်ကျလျက်ရှိနေတော့၏။

“ဟမ့်”

ခရမ်းရောင်ဘုရင်သည် လေထုထဲတွင် မတ်မတ်ရပ်လျက်ရှိသည်။ သူ၏ခန္ဓာကိုယ်မှ ခရမ်းရောင်အလင်းတန်းများက ဖုံးလွှမ်းလျက်ရှိနေ၏။ ပြီးနောက်သူပြောလိုက်သည်။ “အမှိုက်”

ညအင်ပါယာသည် ဤကဲ့သို့သော စကားများကို ရံဖန်ရံခါပြောဆိုတတ်၏။ သို့ပေမဲ့ လက်ရှိ သူပြောလိုက် သည့်အချိန်မှာတော့ အမှန်ပင် အခြားသူများအားလုံးတို့အား အမှိုက်ဟု ပြောဆိုနိုင်သည့် စွမ်းအင်မျိုးကို ပိုင်ဆိုင်သည့် လူတစ်ယောက်ဖြစ်ကြောင်း သိသာစေတော့သည်။

ဘုန်း

ရုတ်တရက် သူ၏အနောက်ဖက်ဆီမှ ကျယ်လောင်လှသော အသံကြီးတစ်ခုဖြစ်တည်လာ၏။

အားအင်ပြင်းထန်လှသော လက်သီးကြီးတစ်ခုသည် တည်နေရာစက်ဝန်းကြီးဆီမှ ထွက်ပေါ်လာပြီး ခရမ်းရောင်ဘုရင် ၏ နောက်ကျောဘက်ကို ထိုးနှက်လေသည်။

ဤလက်သီးချက်သည် အလွန်အားကောင်းလွန်းနေ၏။ တည်နေရာလှိုင်းများပင်လျှင် ကွဲထွက်စေ၏။

သို့ပေမဲ့ ခရမ်းရောင်ဘုရင်သည် ဤကဲ့သို့ ရုတ်တရက်တိုက်ခိုက်မှုကို ခံယူလိုက်ရသည်ဆိုသော်လည်း မူလနေရာမှာပင် မတ်မတ်ရပ်လျက်ရှိနေသေးသည်။ တချက်လေးမှပင် ရှေ့သို့ ငိုက်ကျမသွားခဲ့ပေ။

“ဒါက …”

ကြင်နာတတ်သည့်မျက်နှာနှင့်လူ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။ သူ၏ မျက်နှာပေါ်တွင်တော့ မယုံကြည် နိုင်မှုများနှင့်ပြည့်နှက်နေသည်။

သူသည် အခွင့်အရေးကို အရယူ၍ တဖက်လူအား အားကောင်းလှသည့် တိုက်ခိုက်ရေးနည်းစနစ်နှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့ပေမဲ့ ကိုယ်လုံးတီးနှင့်လူသည် မူလ၏တည်နေရာမှာပဲ မတ်မတ်ရပ်လျက်ရှိနေသေး၏။ တချက်ကလေးမှပင် ယိုင်နဲ့မသွားခဲ့ချေ။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းမှ ထဆဲလိုက်မိသည်။ “တကယ့်လူပဲ။ မိုက်တယ်။”

“ဆိုးရုတ်လှတဲ့ကောင်။ သေစမ်း။” ကျိရှုသည် အသာလှည့်ပြီးသည့်နောက်မှာတော့ ခရမ်းရောင်စွမ်းအင်များကို စုစည်းကာ တဖက်လူအား ဒေါသတကြီး တိုက်ခိုက်တော့၏။

ဘုန်း ဘုန်း ဘုန်း

ခရမ်းရောင်စွမ်းအင်များ ပေါက်ကွဲထွက်သွားပြီးသည့်နောက်မှာတော့ လေထုထဲတွင် လက်သီးရာကြီးများ ထင်ပေါ်လာခဲ့သည်။

ကြင်နာတတ်သည့် မျက်နှာသွင်ပြင်နှင့်လူသည် ဆိုးဆိုးရွားရွားအခြေအနေထိ ရောက်ရှိအောင် ထိုးနှက်ခြင်းကို ခံနေရတော့၏။

“……..”

သိုင်းကျင့်ကြံသူများအားလုံးသည် ဆွံ့အလျက်ရှိနေကြ၏။

ဘုံကိုးပါးကုန်းမြေတိုက်ကြီးဆီမှ မြေအဆင့်ကျွမ်းကျင်သူနှစ်ယောက်တို့သည် ဘာတစ်ခုမှ ပြုလုပ်နိုင်ခြင်းမရှိသည် အထိ ထိုးနှက်တိုက်ခိုက်ခြင်းကို ခံနေခဲ့ရ၏။ အံ့အားသင့်ဖွယ်ရာ ကောင်းလွန်းလှချေသည်။

All Chapters