← Chapters

အခန်း (၈၉၁)

Vol. 60 Ch. 891

အခန်း (၈၉၁)

Vol. 60 Ch. 891

ဘန်း ဘန်း

ခရမ်းရောင်အလင်းတန်းများသည် လေထုထဲတွင် ပျံ့နှံ့သွားခဲ့၏။

ကြင်နာတတ်သည့် မျက်နှာသွင်ပြင်နှင့်လူသည် ခုခံရန် ကြိုးစားခဲ့၏။ သို့ပေမဲ့သူသည် အကောင်းဆုံးကြိုးစား၍ ခုခံခဲ့ သည်ဆိုသော်လည်း တဖက်မှ တိုက်ခိုက်လိုက်သည့် အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ပြင်းထန်လွန်းနေသည်။

ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများအားလုံးသည် ဆွံ့အသွား၏။

သူတို့ အဘယ့်ကြောင့် ဆွံ့အသွားခဲ့သနည်း။

အဘယ့်ကြောင့်ဆိုသော် ခရမ်းရောင်ဘုရင်၏ တိုက်ခိုက်မှုသည် အလွန်လျင်မြန်လွန်းနေ၏။ မည်ကဲ့သို့ လှုပ်ရှားလိုက် သည်ဆိုသည်ကိုပင် သူတို့ ရှင်းရှင်းလင်းလင်းမမြင်လိုက်ရချေ။

ဘုန်း

မိနစ်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ မြေပြင်တစ်ခုလုံးတုန်ခါသွားပြီးသည့်နောက် ဖုန်များအလိပ်လိပ် တက်လာ၏။ အရာအားလုံးရှင်းလင်းသွားသည့်နောက်မှာတော့ ကြီးမားသည့် တွင်းကြီးတစ်ခုပေါ်ပေါက်လာခဲ့သည်။

အမြဲတမ်းပြုံးနေသည့် မျက်နှာသွင်ပြင်နှင့်လူသည် တွင်း၏အနက်ပိုင်းတွင် လဲလျောင်းလျက်ရှိနေ၏။ သူ၏ မျက်နှာ တစ်ခုလုံးတွင်တော့ ယောင်ကိုင်းလျက်ရှိနေတော့၏။

“……” တင်းရှင်းဝမ်နှင့် ပိုင်လိုတို့၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ သူတို့သည် တဖက်လူနှင့်ပြင်းပြင်းထန်ထန် တိုက်ခိုက်ရ မည်ဟု တွေးထင်ထားခဲ့၏။ သို့ပေမဲ့ တကယ့်တကယ်တန်းမှာတော့ ဤအားကောင်းလှပါသည်ဆိုသော ဘုံကိုးပါးကုန်းမြေတိုက်မှ မြေအဆင့် ကျွမ်းကျင်သူနှစ်ယောက်တို့သည် ကျိရှု၏ တိုက်ခိုက်မှုကြောင့် မြေပေါ်တွင် လဲလျက်ရှိနေသည်။

ဆွစ် …။

ခရမ်းရောင်ဘုရင်သည် မြေပေါ်သို့သာ ဆင်းသက်လာပြီးသည့်နောက်မှာတော့ ကြီးမားပြီး နက်ရှိုင်းလွန်းလှသော တွင်း၏ ရှေ့တွင် မတ်မတ်ရပ်လိုက်၏။ သူသည်လက်ကိုမြှောက်ကာ ပြောလိုက်၏။ “ငါ့ကို အနိုင်မတိုက်နိုင်တဲ့အပြင် ချောင်းပြီးတော့လည်း တိုက်ခိုက်သေးတယ်။ ဒီလောကကြီးမှာ အသက်ရှင်နေဖို့ ဘာထူးမှာလဲ။”

ဟူး ဟူး

ခရမ်းရောင်စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်မှ ကြမ်းကြမ်းရမ်းရမ်းထွက်ပေါ်လာပြီး လက်သီးကြီးတစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်။ သူသည် ဤလူအား အားရပါးရ ထိုးနှက်တော့မှာဖြစ်သည်။

“ကျုပ်ကိစ္စထားလိုက်တော့။”

ကျွင်းချောင်ရှောင်းသည် ကျိရှုအား တားဆီးလိုက်သည်။ ခရမ်းရောင်ဘုရင်သည် သူ၏ စွမ်းအင်များအား ပြန်လည် ရုပ်သိမ်းလိုက်တော့သည်။ သို့ပေမဲ့ ထွက်ခွာခါနီးမှာပဲ သူသည် ကျွင်းချောင်ရှောင်းတစ်ယောက် ခြေထောက်ကိုလိမ်ကာ ရင်ဘတ်ရှေ့၌ အသဲပုံ ပုံစံလုပ်နေသည်ကို မြင်လိုက်သည့်အချိန်မှာတော့ ချက်ချင်းပဲ ထိတ်လန့်တကြားနှင့် ထအော်လိုက်၏။ “လုပ်ပြန်ပြီ။”

“လုပ်ပြန်ပြီဟုတ်လား။”

အားလုံးသောလူများသည် လိုက်၍ ကြည့်လိုက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရင်ဘတ်ရှေ့တွင်ရှိသော အသဲပုံ ပုံစံလက်လေးအား ရှေ့သို့ တွန်းထုတ်ကာ အော်လိုက်သည်။ “သွား အချစ်ကလေး။”

ဝှစ်

ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် တည်နေရာထဲတွင် ပေါ်ပေါက်လာခဲ့တော့သည်။

ပြီးသည့်နောက်မှာတော့ နက်ရှိုင်းလှသော တွင်းကြီးထဲသို့ ကျဆင်းသွားသည်။ ၎င်းသည် လေထဲမှာပင် ကြီးမားစွာဖြင့် ချဲ့ထွင်လာခဲ့၏။

နောက်ဆုံးမှာတော့ ဝုန်း ဟူသော အသံနှင့်အတူ ကြင်နာတတ်သည့် မျက်နှာအသွင်အပြင်နှင့်လူအား ဖိနှိပ် ရိုက်နှက်သည်။

အားလုံးသောလူများသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ သိုင်းကျင့်ကြံသူများအားလုံး၏ မျက်နှာအမူအရာများ သည် လည်း အေးခဲလျက်ရှိနေ၏။

ဤအရာသည် ယောကျ်ားတစ်ယောက်ပြုမူသင့်သည့်လုပ်ရပ်လား။ အသွင်အပြင်လား။

ယောကျ်ားတစ်ယောက်သည် အဘယ့်ကြောင့် ဤကဲ့သို့သော အပြုအမူမျိုး ကို ပြုလုပ်ရသနည်း။

ကျွင်းချောင်ရှောင်း၏ အမူအရာနှင့်စကားပြောဆိုမှုကို ပြန်လည်စဉ်းစားမိသည့်အချိန်မှာတော့ အားလုံးသောသူများ သည် ကြက်သီးများပင် ထသွားမိကြ၏။ “ချီးတဲ့မှ။ ဒါမှ တကယ့်ကို ရွံ့စရာကောင်းတယ်။”

“ဝေါ့”

ကျွင်းချောင်ရှောင်း၏ လုပ်ရပ်ကို ပြန်လည်မြင်ယောင်ပြီးသည့်နောက်မှာတော့ အစစ်အမှန်ယောကျ်ားတစ်ယောက် သည် မည်သို့မှ မနေနိုင်တော့ဘဲ သွေးများပင် အန်ထွက်လာခဲ့တော့သည်။

“ဝေါ့ ဝေါ့”

ဆက်တိုက်ဆိုသလိုပဲ ဤကဲ့သို့သော အဖြစ်အပျက်မျိုးဖြစ်ပေါ်လာပြီး ကျင့်ကြံသူတော်တော်များများသည် ပျို့အန် လျက်ရှိ၏။

၎င်းတင်သာမဟုတ်။ လုချင်းချင်း၊ ဟယ်အိုရီ၊ ကျန့်ရာနှင့် တခြားသောသူများအားလုံး နှုတ်ခမ်းများသည်လည်း တဆတ်ဆတ် နှင့် တုန်ယင်လျက်ရှိသည်။

သို့ပေမဲ့ လူမြင်ကွင်းတွင် ဤကဲ့သို့ ရှက်ရွံ့စရာအမူအရာမျိုးကို ပြုလုပ်လျက်ရှိသော ကျွင်းချောင်ရှောင်းမှာတော့ နည်းနည်းမှ ရှက်ရွံ့သည့်ဟန်ပန်များမရှိချေ။ သူသည် စိတ်ထဲမှာ ကြိတ်ကာရေရွတ်မိသည်။ “ဒီလောက်ရိုက်နှက်ပြီးတာတောင် ဘာလို့ ဆုမပေါ်လာသေးတာလဲ။ တဖက်လူက သတိလစ်မေ့မျောရုံပဲ ရှိနေတာ မို့လို့လား။”

ရွှီ

သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြီးသည့်နောက်မှာတော့ ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် အပေါ်ဘက်သို့ ပြန်လည်တက်လာတော့၏။

“သေချာပြီ။”

သူ၏အောက်ခြေတွင် ဖိနှိပ်ခြင်းခံထားရသော ကြင်နာတတ်သည့်မျက်နှာနှင့်လူသည် အရင်ကထက်ဆိုးရွားသည့် အခြေအနေမျိုး ဖြစ်သွားခဲ့သည်ဆိုသော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရုံသာရှိခဲ့၏။ သတိလစ်မေ့မျော မသွားသေးချေ။ မျက်လုံးများသည် ဖွင့်လျက်ရှိနေသေးသည်။

“ချီး … ချီးပဲ”

သူသည် အားပျော့လှသည့်လေသံဖြင့် ထိုင်၍ဆဲနေသည်။ ၎င်းသည် ထွက်ပြေးလွတ်မြောက်ခြင်းနည်းစနစ်ကို အသုံးပြု ၍ ထွက်ပြေးရန် ပြင်လိုက်၏။

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် နောက်ထပ် အသဲပုံပုံစံ သင်္ကေတကို ပြုလုပ်လိုက်ပြန်၏။

ကြင်နာတတ်သောမျက်နှာသွင်ပြင်နှင့်လူသည် ထိုအချင်းအရာကို မြင်လိုက်သည့်နောက်မှာတော့ မျက်လုံးတစ်ခုလုံး သည် ဝေဝါးသွားမိ၏။ သူသည် လောကကြီးတွင် အချိန်အတော်ကြာ ရှင်သန်ခဲ့ပြီးပြီဖြစ်သည်။ ထမင်းစေ့ပေါင်းမြောက်များစွာကိုလည်း စားသုံးခဲ့ပြီး ခရီးပေါင်းမြောက်များစွာကိုလည်း သွားလာခဲ့သည်။ လောကတွင် ရှိသော အရာများအားလုံးကို မြင်တွေ့ဖူးခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ ဤမျှရှက်ရွံ့စရာကောင်းသော အမူအရာနှင့်ယောကျာ်းတစ်ယောက်အား တစ်ခါမှမမြင်ဖူးခဲ့ချေ။

“ဝေါ့”

သူသည် သူ၏ ဒဏ်ရာများအား မည်သို့မျှ မဖိနှိပ်နိုင်တော့ဘဲ သွေးများပင် အန်ထွက်လာခဲ့တော့သည်။

ကျွင်းချောင်ရှောင်း၏ ရှက်ရွံ့စရာအပြုအမူသည် မြေအဆင့်သိုင်းကျင့်ကြံသူ၏ စိတ်ကိုပင် တည်ငြိမ်နိုင်စွမ်းမရှိနိုင် တော့ချေ။ ချက်ချင်းပဲ သွေးများအန်ထွက်လာခဲ့ရ၏။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် ဟန်အမူအရာပင် ဖြစ်တော့၏။

“သွား အချစ်ကလေး”

ဟူး

ထိုအချင်းအရာကို ကြားသည့်နောက်မှာတော့ ကြင်နာတတ်သည့်မျက်နှာသွင်ပြင်နှင့်လူသည် သွေးများထပ်မံ၍ အန်ထွက်လာသည်။

သူ၏ လျှို့ဝှက်လွတ်မြောက်ခြင်းနည်းစနစ်ကို အသုံးပြု၍ ထွက်ပြေးမည့်အကြံအစည်သည် ပျောက်ကွယ်သွား ခဲ့ရပြီဖြစ်၏။

ဟူး ဟူး

ရုတ်တရက်သူ၏ အမြင်အာရုံများသည် မဲမှောင်သွားတော့သည်။

အလွန်ကြီးမားလှသော ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် သူ့ဆီသို့ ကျဆင်းလာခဲ့တော့သည်။

ဘုန်း

မြေပြင်တစ်ခုလုံးတုန်ခါသွားပြီးသည့်နောက်မှာတော့ ပတ်ဝန်းကျင်တည်နေရာသည် ကြီးမားခန့်ညားလွန်းသော အော်ရာများနှင့်လွှမ်းမိုးသွားခဲ့၏။

“ဘုံကိုးပါးကုန်းမြေတိုက်ကြီးဆီမှ သိုင်းကျင့်ကြံသူအား ပထမဦးဆုံး အနိုင်ယူတိုက်ခိုက်နိုင်တဲ့အတွက် လက်ခံသူအား ဂုဏ်ပြုပါတယ်။ သီလအမှတ် ၁၀၀ ကို ရရှိပါတယ်။” အမျိုးသမီး စနစ်၏ အသံသည် သူ၏ နားထဲတွင်ပေါ်လာသည်။

ကျွင်းချောင်ရှောင်းသည် သဘောတကျဖြင့် လက်ကို ယမ်းခါလိုက်ပြီးသည့်နောက် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်း စေတီကို ပြန်သိမ်းလိုက်တော့၏။

သို့ပေမဲ့ ကြင်နာတတ်သည့်လူမှာ တွင်းထဲတွင် မေ့မျောရုံသာမေ့မျောသွားခဲ့ခြင်းဖြစ်သည်။ အသက်ရှူသံများသည် တော့ တည်ရှိနေသေး၏။ သူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ကြည့်ရတာ မြေအဆင့်သိုင်းကျင့်ကြံသူတစ်ယောက်ကို ဒီနည်းလမ်းသုံးပြီးသတ်မယ်ဆိုရင် အကြိမ်အနည်းငယ်တော့ ထပ်ပြီး ရိုက်ရမယ်နဲ့တူတယ်။”

“ဟမ်”

မနီးမဝေးတွင် ရှိနေသော ခရမ်းရောင်ဘုရင်သည် ထိတ်လန့်သွားမိ၏။ သူ့အနေနှင့် ကျွင်းချောင်ရှောင်း၏ ရှက်ရွံ့စရာ အပြုအမူကို သုံးကြိမ်တိုင်တိုင်မြင်ရပြီးသည့်နောက်မှာတော့ မည်သို့မျှမနေနိုင်ဘဲ ကြက်သီးမွေးညှင်းများ ပင် ထလျက် ရှိနေသည်။

ကျန့်ရာနှင့် နင်ညီအစ်ကိုများ၏ မျက်နှာသွင်ပြင်သည်လည်း ပျက်ယွင်းလျက်ရှိနေကြ၏။ ၎င်းတို့သည် ဤအမူအရာကို ဆက်လက်မကြည့်ရှုနိုင်တော့သလို မျက်နှာပင်လွဲပြီးနေကြ၏။

များပြားလှသော လူများ၏ အကြည့်အောက်မှာတော့ ဤကဲ့သို့သော ရှက်ရွံ့စရာအပြုအမူကို ပြုလုပ်သည် ဆိုသည်မှာ တခြားသော မည်သူမှ ပြုလုပ်ဝံ့မည့် လုပ်ရပ်မျိုးမဟုတ်ချေ။ လူတိုင်းတွင် ဂုဏ်သိက္ခာတရားနှင့် အရှက်သိက္ခာ ဆိုတာရှိသေးသည်မဟုတ်လား။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဂုဏ်သိက္ခာတရားနှင့် မျက်နှာဆိုသည်ကို အလေးထား၏။ ရန်သူကို ရင်ဆိုင်အနိုင်ယူနိုင်ပြီဆိုလျှင် မည်ကဲ့သို့သော ကိစ္စမျိုးကို ကြုံတွေ့ရပလေ့စေ သူသည် ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။

“နောက်တစ်ကြိမ် ထပ်ရိုက်လိုက်ကြတာပေါ့။”

အသာလှည့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပြုံးလိုက်မိသည်။

“အမှိုက်”

တခြားတွင်းထဲတွင်ရှိနေသော တင်းမာခက်ထန်လှသည့်လူသည် ခက်ခက်ခဲခဲပင် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် သူသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“ဒီအဘိုးကြီးက… မှတ်ထားမယ်။”

ခရမ်းရောင်ဘုရင်၏ အားအင်အဆင့်များသည် အလွန်ကြမ်းတမ်းလွန်းလှပြီး သူ့အနေနှင့် ယှဉ်ပြိုင်၍ ရနိုင်သည့် အရာမဟုတ်ဆိုသည်ကို သိရှိ၏။ ထို့ကြောင့်ထွက်ပြေးရန် စဉ်းစားပြီးဖြစ်နေတော့၏။

ဝှစ် ဝှစ်

ထိုအချိန်မှာဘဲ တင်းရှင်းဝမ်နှင့် ပိုင်လိုတို့သည် လေထုထဲတွင် ပေါ်လာခဲ့တော့သည်။

၎င်းတို့နှစ်ယောက်သည် လေထုထဲတွင် ရပ်တန့်ပြီးသည့်နောက်မှာတော့ များပြားလှသည့်အော်ရာများကို ထုတ်ဖော်ပြီး ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးကို စည်းခတ်ထား၏။

သူတော်အဆင့် ကျွမ်းကျင်သူများအားလုံးသည် ဤနေရာမှ ဖြတ်သန်းသွားလာနိုင်သည်။ သို့ပေမဲ့ ဤကဲ့သို့ တည်နေရာတစ်ခုလုံးလှိုင်းထဖြစ်တည်နေသည့်အချိန်တွင် တည်နေရာ ရွေ့ပြောင်းမှုကို ပြုလုပ်သည် ဆိုပါက မည်သည့်နေရာကို ရောက်ရှိမှန်းမသိဘဲ ဆိုးရွားသည့်အခြေအနေမျိုးကို ကြုံတွေ့သွားရနိုင်သည်။

“ဟမ့်”

တင်းမာခက်ထန်သည့် မျက်နှာနှင့်လူက နှာခေါင်းရှုံ့လိုက်၏။ “ငါ့ကို ဒီလိုပုံစံမျိုးနဲ့တားလို့ရမယ်ထင်နေတာလား။ ငတုံးတွေပဲ။”

ဆွစ်

သူသည် ချက်ချင်းလက်စည်း သင်္ကေတ တစ်ခုကို ဖန်တီးလိုက်၏။ ပြီးနောက် ရေရွတ်လိုက်တော့သည်။ “ဘုံကိုးပါးခုနှစ်စင်ကြယ်။”

ဟူး ဟူး

သူ မန္တာန်ပြီးအောင်မရွတ်ရသေးချိန်မှာဘဲ ခရမ်းရောင်လက်ဝါးကြီးတစ်ခုသည် သူ့ဆီသို့ ကျဆင်းလာ၏။

ဘုန်း

ကြီးမားလှသော လက်ဝါးရိုက်ချက်ကြီးသည် ထိုသူအား မြေပေါ်သို့ ရိုက်ချလိုက်၏။ ၎င်း၏ မရီဒန်များအားလုံးသည် ပျက်စီးသွားခဲ့ပြီဖြစ်သည်။

“သွား ငါ့အချစ်လေး”

ဟူး ဟူး

ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် အပေါ်ဘက်ဆီမှ ကျဆင်းလာ၏။ တင်းမာခက်ထန်လှသည့်လူသည် မည်သို့မျှ မနေနိုင်တော့ဘဲ အကူအညီမဲ့စွာဖြင့် အော်ဟစ်လိုက်မိ၏။ “မဟုတ်ဘူး။”

ဘုန်း ဘုန်း ဘုန်း

ဘုံကိုးပါးကုန်းမြေတိုက်မှ ကျွမ်းကျင်သူသည် ကြင်နာတတ်သည့် မျက်နှာသွင်ပြင်နှင့်လူကဲ့သို့ပင် တိုက်ရိုက်ပင် မေ့မျောသွားခဲ့ရတော့သည်။

ကျွင်းချောင်ရှောင်းသည် တကယ်ပင် ထူးဆန်းပြီး ဉာဏ်ကောင်းလှသည့်လူဖြစ်သည်။ ခရမ်းရောင်ဘုရင်ကို တဖက်လူအား ကျိုးကြေသည်အထိ ရိုက်နှက်ခိုင်းခဲ့၏။ နောက်ဆုံးအဆုံးသတ် မေ့မျောအောင် ရိုက်နှက်သည့်တာဝန်ကိုတော့ သူကသာ ယူထား၏။

“မြေအဆင့်ကျွမ်းကျင်သူ တစ်ယောက်ကို အနိုင်ယူတိုက်ခိုက်နိုင်တဲ့အတွက် ပါဝင်ယှဉ်ပြိုင်သူကို ဂုဏ်ပြုပါတယ်။ သီလအမှတ် ၂၀ ကို ရရှိပါတယ်။”

ကျွင်းချောင်ရှောင်းသည် သတိပေးသံကို လစ်လျူရှုပြီးသည့်နောက်မှာတော့ စေတီထဲတွင်ရှိသော လက်နက် စိတ်ဝိညာဉ်နှင့် ဆက်သွယ်လိုက်သည်။ ပြီးနောက်သူကပြောလိုက်တော့သည်။ “ခုနကလို အသဲပုံပုံစံအမူအရာကို မလုပ်ဘဲနဲ့ တခြားနည်းလမ်းနဲ့အသက်သွင်းလို့မရနိုင်ဘူးလား။”

“ဒီလိုလေ သခင်ရဲ့။”

အားရာက ရှင်းပြလိုက်သည်။

“မန္တာန်ကို ရွတ်လိုက်ပြီဆိုရင်နဲ့ ဒီဟာက အလိုလိုအသက်ဝင်သွားမှာပဲ။ ဒီအသဲပုံပုံစံလုပ်တယ်ဆိုတာဟာ ကျွန်မက သဏ္ဍာန်လုပ် သရုပ်တူဆိုသလို ဟန်အမူအရာလေးပါ ထည့်ပြီး ပြထားတာ။”

“……” ကျွင်းချောင်ရှောင်း၏ မျက်နှာတစ်ခုလုံးသည် တုန်ခါသွားမိ၏။

သူ့အနေနှင့် ဤရတနာကို အသက်သွင်းရန် “သွား ငါ့အချစ်လေး” ဟု အော်လိုက်လျှင် ပြည့်စုံနေပြီဖြစ်၏။ သို့ပေမဲ့ လူပေါင်းများစွာတို့၏ ရှေ့တွင် ခြေလေးကိုလိမ်၊ ဖင်ကိုကော့ကာ အသဲပုံပုံစံ လက်အမူအရာမျိုးကို ပြုလုပ်ခဲ့ရ၏။

“ဘာလို့ငါ့ကို စောစောစီးစီးတည်းက မပြောတာလဲ။”

“သခင်က မမေးလို့လေ။”

“…….”

ကျွင်းချောင်ရှောင်းသည် အနားပတ်ဝန်းကျင်တွင် ရှိနေကြသော တွေဝေဆွံ့အလျက်ရှိနေသည့် သိုင်းကျင့်ကြံသူများကို မျက်စိထောင့်ကနေ လှမ်းကြည့်ရင်း ပြိုလဲလုမတတ် ဖြစ်နေတော့သည်။ “ငါ့ရဲ့ ချောမောလှတဲ့မျက်နှာက ဒီအချိန်မှာတော့ ဘာဂုဏ်သိက္ခာတရားမှ မရှိတော့ပါလား။”

All Chapters