← Chapters

အခန်း (၈၉၃)

Vol. 60 Ch. 893

အခန်း (၈၉၃)

Vol. 60 Ch. 893

အနည်းငယ်တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာစက်ဝိုင်းသည် အတော် အတန်ကျယ်ပြန့်လာခဲ့ပြီဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းရှေ့တွင်ထိုင်ပြီး တီးတိုးရေရွတ်လိုက်တော့၏။ “ဒီနေရာကို ရွာ အရွယ်အစားဖြစ်အောင် ချဲ့ထွင်ဖို့ဆိုတာက တကယ့်ကို ကိစ္စသေးသေးလေးပဲ။”

စနစ်ကပြောလိုက်သည်။ “ခရမ်းရောင်ဘုရင်နဲ့ အခြားသူတွေရဲ့ အားအင်အဆင့်အရဆိုလျှင် ဒီတည်နေရာကို ချဲ့ထွင်ဖို့က လွယ်လွယ်ကူကူပဲ။ ဒါပေမဲ့ ဂြိုဟ်တွေအများကြီးကိုသွားပြီး ရန်ပြုတိုက်ခိုက်မယ်ဆိုရင် အားလုံးရဲ့ ဝိုင်းဝန်းပစ်မှတ်ထားခြင်းကို ခံရဖို့များတယ်။”

“ကိစ္စမရှိဘူး။”

ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်ကာ ပြောလိုက်၏။ “တခြားသူတွေကမှ ကျူးကျော်ဝင်ရောက်လို့မရတာ။”

ဤတည်နေရာစက်ဝိုင်းကြီးသည် အလုံးစုံလုံခြုံသည့် တည်နေရာတစ်ခုဟု သတ်မှတ်ရမည်ဖြစ်သည်။ တခြားသော သူများအနေနှင့်ဤအထဲကို ဝင်ရောက်ခြင်းမပြုနိုင်ကြချေ။ ထို့ကြောင့်တိုက်ပွဲတည်နေရာကြီးထဲတွင် သူသည် အကြောက်အလန့်ကင်းစွာဖြင့် သွားရောက်တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။

ထို့ပြင် တခြားသောသူများအနေနှင့် ဝင်ရောက်ကျူးကျော်နိုင်သည်ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။ သူ့တွင် တည်နေရာဂိတ်တံခါးရှိနေသေး၏။ သူ၏တပည့်နှင့် အကြီးအကဲများကို ခေါ်ယူ၍ တခါတည်း ထွက်ခွာသွားနိုင်၏။

ဤဂြိုဟ်တိုက်ပွဲတည်နေရာကြီးသည် သူ၏ နောက်ဖေးခြံဝန်းကဲ့သို့ပင် ဖြစ်လျက်ရှိ၏။ လာချင်သလိုလာ၍ သွားချင်သလို သွားနိုင်စွမ်းရှိ၏။ ထွက်ခွာသွားမည်ဆိုလျှင်လည်း မည်သူကမျှ တားဆီးနိုင်မည်မဟုတ်ချေ။

စနစ်၏အမျိုးသမီးအသံသည် ထွက်ပေါ်လာခဲ့တော့သည်။ “ခင်မင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ ဒီတည်နေရာကြီးက သတ်မှတ်ထားတဲ့ အရွယ်အစားတစ်ခုဆီကို ရောက်ရှိပြီ ဆိုလို့ရှိရင် အလုံးစုံကာကွယ်ခြင်းကို မပြုလုပ်ပေးတော့ပါဘူး။”

“ဘာကိုဆိုလိုတာလဲ။” ကျွင်းချောင်ရှောင်းကြောင်သွားသည်။

စနစ်၏အမျိုးသမီးအသံက ရှင်းပြလိုက်၏။ “အထက်နယ်မြေ၏ စည်းမျဉ်းစည်းကမ်းတွေအရဆိုလျှင် ဂြိုဟ်တစ်ခုက သတ်မှတ်ထားတဲ့ အတိုင်းအတာ အရွယ်အစားအထိ တည်ဆောက်ပြီးပြီဆိုတာနဲ့ တကယ့်ကို ခိုင်မာတဲ့ ခြေကုတ်နေရာတစ်ခုအဖြစ် ရရှိသွားပြီလို့ သတ်မှတ်နိုင်တယ်။ ဒီတော့တခြားဂြိုဟ်တွေအနေနဲ့ ဒီကိုလာပြီးတော့ စစ်ကြေညာနိုင်တယ်။ ကိုယ်ကလည်း တခြား လူတွေဆီသွားပြီး စစ်ကြေညာနိုင်တယ်။ ဂြိုဟ်ချင်း ဂြိုဟ်ချင်း အပြန်အလှန် သွားရောက်နိုင်တယ်။ တိုက်ခိုက်နိုင် တယ်။ ခုခံနိုင်တယ်။”

“ဒီတော့ ဒီလိုမျိုးသွားရောက်စိန်ခေါ်တိုက်ခိုက်ပြီးတော့ ရှုံးရင်ဘယ်လိုလုပ်မလဲ။”

“ကိုယ့်ရဲ့တည်နေရာစက်ဝိုင်းကြီးက ပျက်စီးသွားပြီဆိုလို့ရှိရင် ဘာမှကြိုးစားလို့မရဘဲ အကုန်ပြီးဆုံးသွားမှာပေါ့။”

“……”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ဆိုလိုသည်မှာ တည်နေရာတစ်ခုလုံး ပျက်စီးသွားသည် ဆိုသည်နှင့် ၎င်းတို့အားလုံးလည်း သေဆုံးပြီး အရာအားလုံးပြီးစီးသွားမည်ဟု ဆိုလိုခြင်းပင်ဖြစ်ပေလိမ့်မည်။

အထက်နယ်မြေမှ ဖွင့်လှစ်ပေးထားသော ဤဂြိုလ်တိုက်ပွဲတည်နေရာကြီးသည် ဂိမ်းကစားပွဲတစ်ခုနှင့်ပင် ဆင်တူ နေ၏။ သူအပါအဝင် တခြားသော ဂြိုဟ်အသီးသီးဆီမှ ကျွမ်းကျင်သူများအားလုံးသည် ထိုဖန်တီးထားသည့်လူ၏ လက်ထဲတွင် စစ်တုရင် အရုပ်လေးများကဲ့သို့ အလုံးစုံလှုပ်ရှားသွားလာနေခဲ့ရသည်။

“ငါနည်းနည်းမပျော်တော့ဘူး။”

ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ထားမိ၏။ ကိုယ်၏ကံကြမ္မာကို ကိုယ်ဘာကို ဖန်တီးနိုင်စွမ်းရှိသည့် လူတစ်ယောက်ဖြစ်သည်မို့ သူသည် တခြားသော တစ်စုံတစ်ယောက်၏ စစ်တုရင်အရုပ်ကဲ့သို့ ဖြစ်ပျက်နေခြင်းကို မနှစ်သက်ချေ။

“ဟုတ်တယ်။”

စနစ်၏ အမျိုးသမီးအသံက ပြောလိုက်၏။ “တကယ်လို့ စစ်ကြေညာတဲ့သူအနေနဲ့ တခြားသူတွေရဲ့ အခန်းထဲကို သွားပြီးတော့ တိုက်ခိုက်မယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့ တည်နေရာကြီးကို ချဲ့ထွင်နိုင်ရုံသာမကဘဲ တခြားသူတွေပိုင်ဆိုင်တဲ့ ပစ္စည်းပစ္စယအကုန်လုံးကို ရရှိလိမ့်မယ်။ ပြီးတော့ သီလအမှတ်တွေအများကြီးကိုလည်း ဆုလာဒ်အဖြစ် ရရှိလိမ့်မယ်။”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပသွားသည်။

သီလအမှတ်များနှင့် လဲလှယ်၍ ရနိုင်သော ပစ္စည်းကောင်းများဆိုသည်မှာ ဘာတွေဖြစ်သနည်းဆိုသည်ကို သူကောင်းကောင်းမသိချေ။ သို့ပေမဲ့ ရှိရှိနေသမျှသော သိုင်းကျင့်ကြံသူများအားလုံးသည် မိမိ၏အသက်ကိုပင် ရင်းကာဖြင့် သီလအမှတ်များရယူရန် ကြိုးစားနေသည်ကို စဉ်းစားကြည့်လိုက်မိသည်ဆိုသည်နှင့် ဤနေရာတွင်ရှိသော ပစ္စည်းများသည် ကောင်းမွန်သည့်အရာများပင် ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာဖြင့် ပြောလိုက်သည်။ “ကျုပ်တို့ရဲ့ တည်နေရာခံတပ်ကြီးက သတ်မှတ်ထားတဲ့ အဆင့်တစ်ခုကို ရောက်ရှိသွားပြီဆိုရင် တခြားကုန်းမြေတိုက်ကြီးကို သွားပြီး စိန်ခေါ်နိုင်တယ်။ ပြီးတော့ သူတို့ရဲ့ အရင်းအမြစ်တွေအကုန်လုံးကို သွားပြီး လုယူလို့ရတယ်။ အဲလိုလား။”

…

စနစ်သည် ဆွံ့အသွား၏။

လက်ခံသူသည် မတူညီသည့် ဂြိုဟ်အသီးသီးမှ ကျွမ်းကျင်သူ အများအပြားကို သတ်ဖြတ်ပစ်ခဲ့၏။ ထို့အပြင် ဘုံကိုးပါးကုန်းမြေတိုက်နှင့် လည်း ရန်ငြိုးရန်စ ထားထားသေး၏။ လက်ရှိအချိန်တွင် မိမိခံတပ်ကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်သင့်သည်၊ စဉ်းစားနေသင့်သည်မဟုတ်လား။ အဘယ်ကြောင့် တခြားသူများကို သွား၍ စိန်ခေါ်ရန် စဉ်းစားနေရသနည်း။

“အဲလိုပါပဲ။” စနစ်၏ အမျိုးသမီးအသံက ပေါ်ပေါက်လာခဲ့၏။

ကျွင်းချောင်ရှောင်းသည် စပ်ဖြီးဖြီးနှင့်ပြောလိုက်သည်။ “ဒါဆိုရင်တော့ စိတ်ဝင်စားစရာပဲ။”

ဤကဲ့သို့သော ကိစ္စရပ်မျိုးသည် စိတ်ဝင်စားစရာကောင်းလှ၏။ ထို့အပြင် သူ၏လုပ်ပုံကိုင်ပုံနှင့်လည်း ကိုက်ညီလျက် ရှိနေသေးသည်။

…

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်နှင့် မိုင်နှစ်ထောင်အကွာအဝေးတစ်နေရာမှာတော့ မြို့တစ်ခု၏ အရွယ်အစားခန့်ရှိသော တည်နေရာခံတပ်ကြီးတစ်ခုတည်ရှိနေ၏။

ထိုတည်နေရာကြီးအား နံရံများဖြင့် ပတ်ပတ်လည်ဝိုင်းရံလျက်ရှိပြီး ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ဟူသော စာတမ်းကို ရေးထိုးထားသည်။

ဤနေရာသည် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်၏ ခံတပ်ပင်ဖြစ်တော့၏။ အရွယ်အစားနှင့် အလွန်ခန့်ညားလှသော အဆောက်အဦများကို ကြည့်ရှုလိုက်သည်နှင့်တပြိုင်နက် ဤဂြိုဟ်သည် ကျိန်းသေပေါက် အဆင့်နိမ့်ဂြိုဟ်တစ်ခု မဟုတ်မှန်းသိရှိနိုင်၏။

အထဲရှိ ဟောခန်းအတွင်းမှာတော့ ဆံပင်ရှည်များနှင့် အကြီးအကဲတစ်ယောက်သည် ဟောခန်း၏ထိပ်စားပွဲပေါ်တွင် ထိုင်လျက်ရှိ၏။ ထိုသူ၏ မျက်မှောင်သည် ကုတ်လျက်ရှိသည်။ မျက်လုံးများတွင်တော့ စိုးရိမ်ပူပန်ခြင်းနှင့်အတူ ဒေါသတရားများနှင့် ပြည့်နှက်နေသည်။

၎င်း၏ရှေ့တည့်တည့်တွင် အဘိုးအို လေးယောက်သည် ထိုင်လျက်ရှိပြီး ၎င်းတို့၏ မျက်နှာများသည်လည်း စိုးရိမ်ပူပန်မှုများ ထင်ပေါ်လျက်ရှိ၏။

“နန်းတော်သခင်”

ထိုအချိန်မှာတော့ ဝတ်စုံအရှည်တစ်ခုကို ဝတ်ဆင်ထားသော အကြီးအကဲသည် ခေါင်းကိုခါယမ်းကာဖြင့် ပြောလိုက်၏။ “အကြီးအကဲချီရဲ့ ဒဏ်ရာတွေက အရမ်းပြင်းတယ်။ နှစ်တော်တော်များများပြန်ပြီးတော့ကုရလိမ့်မယ်လို့ထင်တယ်။”

“ဗြန်း”

ဆံပင်အရှည်နှင့်အကြီးအကဲသည် ထိုင်ခုံလက်ရန်းအား အသာရိုက်ပြီးသည့်နောက် ဒေါသတကြီးဖြင့် ထရပ်လိုက်၏။ “ကျုပ်ရဲ့ ပင်လယ်ပြာ နန်းတော်ရဲ့ သိုင်းကျင့်ကြံသူတွေကို အများကြီးတိုက်ခိုက်ခဲ့ရုံသာမက အကြီးအကဲချီကို လည်း ဒဏ်ရာရရှိအောင်လုပ်ခဲ့တယ်။ ဒါက ခွင့်လွှတ်ပေးလို့မရဘူး။”

သူ့နာမည်သည် ဟုန်ရောင်ဖြစ်၏။ ၎င်းသည် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်မှ ပင်လယ်ပြာ နန်းတော်၏ နန်းတော်သခင်လည်းဖြစ်သည်။

၎င်းတို့၏ ဂြိုဟ်သည် ဂြိုဟ်တိုက်ပွဲတည်နေရာထဲတွင် ခိုင်ခိုင်ခံ့ခံ့နှင့် တည်ဆောက်ထားနိုင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အားလုံးသောသူတို့သည် သေသေချာချာဆွေးနွေးပြီးသည့်နောက်မှာတော့ ငါးနှစ်တိုင်း ငါးနှစ်တိုင်း ဤဂြိုဟ် တည်နေရာထဲတွင်ရှိသော မိမိပိုင်နက်တည်နေရာအား စောင့်ရှောက်ရန် အလှည့်ကျ တာဝန်ယူထား၏။

တိုက်တိုက်ဆိုင်ဆိုင်ပဲ လက်ရှိ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်အား စောင့်ရှောက်ရန် အလှည့်ကျသည့် သူသည် ပင်လယ်ပြာနန်းတော်၏ နန်းတော်သခင်ပဲ ဖြစ်သည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အဆင့်အရဆိုလျှင် ဤဂိုဏ်းသည် ပထမအဆင့် ဂိုဏ်းတစ်ခုဖြစ်ပြီး ထိုက်ရွှမ် အအေးဂိုဏ်းထက်ပင် ပိုမို၍ အားကောင်းလွန်းနေသည်။

အဘယ့်ကြောင့်နည်း။

အဘယ့်ကြောင့်ဆိုသော် နန်းတော်သခင်ဟုန်သည် မြေအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်သာမက သူ၏ ရှေ့တွင်ရှိသော အကြီးအကဲလေးယောက်တို့သည်လည်း သိုင်းနယ်မြေနှင့်နှိုင်းယှဉ်၍ ရနိုင်သည့် ကျင့်ကြံသူများ ဖြစ်သည်။

ဒဏ်ရာရရှိထားသော ချီရွှမ်စီအပါအဝင် သူ၏ဂိုဏ်းတွင် အနည်းဆုံး သိုင်းနယ်မြေကျင့်ကြံသူ (၆)ယောက်ခန့်ရှိ၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ပထမအဆင့်ဂိုဏ်းမှာဆိုလျှင်ပင် ဤကဲ့သို့ များပြားလှသော သိုင်းနယ်မြေများ မရှိချေ။

မြို့တော်ဝန်ဟန်နှင့် တခြားသောသူများအားလုံးသည် ဂြိုဟ်တိုက်ပွဲဆီသို့ ဝင်ရောက်ပြီးသည့်နောက် အသက်ရှင်ရန် မျှော်လင့်ချက်ကင်းမဲ့နေသည်ဆိုခြင်းမှာ အံ့အားသင့်စရာမဟုတ်တော့ချေ။

ဤနေရာသည် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်၏ ဂိုဏ်းများထဲမှ ဂိုဏ်းတစ်ခုသာဖြစ်၏။ ထို့ထက်ပိုများသော ဂိုဏ်းများကို စေလွှတ်လိုက်မည်ဆိုပါက ရှိရှိသမျှသော လူများအားလုံးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံး အား တိုက်ခိုက်အနိုင်ယူနိုင်စွမ်းရှိနေကြ၏။

“နန်းတော်သခင် … လူတစ်ချို့ကို ခေါ်ပြီးတော့ သူတို့ကို သွားတိုက်လိုက်ရအောင်။”

အောက်တွင်ရှိသော အကြီးအကဲသည် ဒေါသတရားများနှင့်ပြည့်နှက်နေကြ၏။

ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူ (၇၀)ရာခိုင်နှုန်းတို့သည် ကျွင်းချောင်ရှောင်း၏ သတ်ဖြတ်မှုကို ခံခဲ့ရတော့၏။ ထိုအထဲတွင် ပင်လယ်ပြာ နန်းတော်ထဲမှ တပည့်များလည်း ပါဝင်နေ၏။ ထို့ကြောင့် သူတို့သည် လုံးဝသည်းခံနိုင်စွမ်းမရှိကြချေ။

ထို့အပြင် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်သည် ဤဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် နေထိုင်ခဲ့သည်မှာ အနည်းဆုံး နှစ်ပေါင်း ၅၀၀ မှ ၆၀၀ နီးပါးခန့်ကြာပြီ ဖြစ်သည်။

၎င်းတို့သည် ထိပ်တန်းဂြိုဟ်များစာရင်းထဲတွင် မပါဝင်ဘူးဆိုသော်လည်း တခြားသူများကိုသာ အမြဲတမ်းအနိုင်ကျင့် တိုက်ခိုက်တတ်သူများဖြစ်သည်။ ၎င်းတို့အား မည်သူကမျှ အနိုင်ကျင့်တိုက်ခိုက်ခြင်းကို မပြုလုပ်ကြပေ။ လက်ရှိကဲ့သို့ ဆိုးဆိုးရွားရွားအခြေအနေမျိုးနှင့်တိုက်ခိုက်ခံရသည်ဆိုသည်မှာ ဖြစ်ကိုမဖြစ်ဖူးခဲ့ချေ။

“ဒီအဘိုးကြီးကလည်းသွားချင်တယ်။ ပြီးတော့ ကျွင်းချောင်ရှောင်းဆိုတဲ့ကောင်ရဲ့ ခေါင်းကို သေဆုံးသွားတဲ့လူတွေ အတွက် စတေးတဲ့အနေနဲ့ ယစ်ပူဇော်ပလိုက်ချင်တယ်။” ပင်လယ်ပြာနန်းတော်မှ အကြီးအကဲတစ်ယောက်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။

နန်းတော်သခင်ဟုန်က ထိုင်ချကာ အသာပြောလိုက်တော့သည်။

“ဘုံကိုးပါးကုန်းမြေတိုက်က စီမင် နဲ့ နုမေ တို့ကလည်း ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိထားတယ်လို့ကြားတယ်။ ငါတို့အရှေ့ကနေ ဦးဆောင်ပြီးသွားစရာမလိုဘူး။”

တပည့်များနှင့် အကြီးအကဲများအားလုံးသည် ဘေးအန္တရာယ်ကြီးကို ခံစားခဲ့ရ၏။ ထို့အပြင် အကြီးအကဲချီသည်လည်း ဆိုးဆိုးရွားရွားအခြေအနေမျိုးသို့ ရောက်အောင် ရိုက်နှက်ခံခဲ့ရ၏။ ဤအရာသည် သူ့အား အလွန်အမင်းဒေါသထွက်စေ၏။ သို့ပေမဲ့ သူ့အနေနှင့် စိတ်လွတ်သွား၍မဖြစ်ချေ။ ရှေ့မှ ဦးဆောင်ပြီး သွားရောက်တိုက်ခိုက်မည့်အကြံအစည်ကို သူသည် လက်လျှော့ထားခဲ့တော့၏။

“နန်းတော်သခင်”

ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က သတင်းလာပို့တော့သည်။ “ဘုံကိုးပါးကုန်းမြေတိုက်ရဲ့ လူတွေက မြေအဆင့်ကျွမ်းကျင်သူကိုးယောက်ကို စေလွှတ်လိုက်တယ်။ သူတို့ အခု ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ခံတပ်တည်နေရာဆီကို သွားကြပြီ။”

“ဟမ်”

နန်းတော်သခင်ဟုန်သည် အံ့အားမသင့်ချေ။ “သူတို့ကတကယ်မြန်တာပဲ။”

…

ဝှစ် ဝှစ်

တိုက်ခိုက်ရေးတည်နေရာ၏ ကောင်းကင်ယံထက်မှာတော့ အားကောင်းလှသော အလင်းတန်းကိုးခုတို့သည် ပျံသန်း သွားခဲ့ကြတော့သည်။ တည်နေရာပတ်ဝန်းကျင်အနှံ့တွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် ကြောင်အသွားကြ၏။

“ဘုံကိုးပါးကုန်းမြေတိုက်က ကြယ်ကိုးပွင့်အကြီးအကဲတွေပဲ။ သူတို့က ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်ဆီကို ဦးတည်သွားနေတာ။ တကယ့်ကို ပွဲကြီးပွဲကောင်းလာပြီ။”

“သွားကြမယ်။ သွားကြမယ်။”

သိုင်းကျင့်ကြံသူများအားလုံးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်တည်နေရာဆီသို့ ဦးတည်ကာ သွားကြတော့ သည်။ ၎င်းတို့သည် သုံးယောက်တစ်စု၊ ငါးယောက်တစ်စု စသည်ဖြင့် အဖွဲ့အစည်းအလိုက် သွားကြခြင်းဖြစ်သည်။

လမ်းတစ်လျှောက်မှာတော့ ဘုံကိုးပါးကုန်းမြေတိုက်သည် အကြီးအကဲကိုးယောက်လုံးကို တစ်ခါတည်းစေလွှတ်လိုက် သည်ဆိုမှတော့ အသစ်ရောက်ရှိလာသော ဂြိုဟ်အနေနှင့် မျှော်လင့်ချက်တစ်ခုတည်းမှ မရှိတော့ကြောင်း အားလုံးက နားလည်လိုက်မိ၏။

“ဟမ်”

ရေနွေးသောက်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် အလွန်အားကောင်းလှသောအော်ရာကြီးတစ်ခုခုသည် အပြင်ဘက်ဆီမှ ရောက်ရှိလာကြောင်းကို ခံစားလိုက်မိ၏။ ထို့ကြောင့် သူသည် ချက်ချင်းဘဲ လှမ်းထွက်လိုက်၏။

သူ အဓိကဟောခန်း၏ အပြင်ဘက်သို့ ရပ်လိုက်ချိန်မှာပဲ အားကောင်းလွန်းလှသော စွမ်းအားမြင့်ကျင့်ကြံသူကိုးယောက် တို့သည် ကောင်းကင်ယံတွင် မတ်မတ်ရပ်နေသည်ကို မြင်လိုက်ရသည်။

ထိုသူတို့သည် အသက်(၇၀)နီးပါးခန့်ရှိပြီး အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးကြီး(၉)ယောက်တို့ပင်ဖြစ်၏။

တချို့သည် မုတ်ဆိတ်မွေးများနှင့်ရှိသည်။ တချို့သည် ပါးသိုင်းမွှေးများနှင့်ဖြစ်၏။ တချို့သည် ဂတုံးများပင်ဖြစ်တော့သည်။

၎င်းတို့သည် မတူညီသည့်အသွင်အပြင်များကို ရှိသည်ဆိုသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသော အော်ရာများမှာတော့ အလွန်ပင် ကြမ်းတမ်းလွန်းကြ၏။ တချက်ကြည့်လိုက်သည်နှင့် ၎င်းတို့၏ အားအင်အဆင့်သည် မြေအဆင့်ကျင့်ကြံသူများဖြစ်ကြောင်း သိရှိနိုင်၏။

“သူတော်စင်အဆင့် ကျင့်ကြံသူတွေများလှချည်လား။”

တင်းရှင်းဝမ်သည် တုန်လှုပ်သွားမိ၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် သိုင်းနယ်မြေအဆင့် ကျင့်ကြံသူနှစ်ယောက်ကို တွေ့ဆုံရသည်ဆိုသည်မှာ အလွန် ကံကောင်း၍ ဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ တခြားသောဂြိုဟ်သည် ကိုးယောက် ကို စေလွှတ်ခဲ့၏။ တကယ့်ကို တုန်လှုပ်စရာပဲ။

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံတစ်ခုကို ထုတ်ယူကာဖြင့် ထိုင်လိုက်၏။ ပြီးနောက်ပြုံးကာ ပြောလိုက်တော့သည်။ “ဒီကိုလာပြီးတော့ လူလာရွေးတာလား။”

All Chapters