အခန်း (၈၉၄)
Vol. 60 Ch. 894
ကျွင်းချောင်ရှောင်း ပြောပြီးပြီးချင်းမှာပဲ ခရမ်းရောင်ဘုရင်သည် ၎င်းတို့၏ ခံတပ်ရှေ့မှ အပြင်ဘက်သို့ ထွက်လျှောက်လိုက်၏။ ပြီးနောက် ဖမ်းဆီးထားသော အကြီးအကဲနှစ်ယောက်ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ သူသည် ဘယ်နှင့်ညာ လက်နှစ်ဖက်အား အသာမြှောက်လိုက်ပြီးသည့်နောက် ၎င်းတို့၏ ဦးခေါင်းများအား ဆွဲယူ လိုက်သည်။ မျက်နှာပေါ်တွင်တော့ ကြောက်မက်ဖွယ်ရာကောင်းလှသော နတ်ဆိုးအပြုံးတစ်ခု ဖြစ်တည်လာခဲ့ သည်။
မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူကိုးယောက်တို့၏ မျက်လုံးများသည် ချက်ချင်းပဲ အေးစက်သွားကြ၏။ အချက် အလက်အားဖြင့် ၎င်းတို့သည် ကြင်နာတတ်သည့် မျက်နှာပိုင်ရှင်လူနှင့် တင်းမာခက်ထန်လှသည့် မျက်နှာပိုင်ရှင်လူ တို့ ဖမ်းဆီးခံထားရကြောင်း အစောကြီးကတည်းက သိရှိကြခြင်းဖြစ်သည်။ ၎င်းတို့ကဲ့သို့ များပြားလှသည် စွမ်းအားမြင့် ကျင့်ကြံသူများ ရောက်ရှိလာပြီဆိုလျှင် ဉာဏ်ကောင်းလှသည့် လူတစ်ယောက်ဆိုပါက ချက်ချင်းပဲ သူတို့၏ လူနှစ်ယောက်ကို လွှတ်ပေးရမှာ ဖြစ်သည်။ ဤအရာမှာ သာမန်လူတို့ လုပ်ရမည့် အလုပ်ပင်ဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည်သာ ဤကဲ့သို့ အမြင်မျိုး တွေးထားမည်ဆိုလျှင် အကြီးအကဲနှစ်ယောက်အား တိုင်၌ချည်၍ ဖမ်းဆီးထားမည် မဟုတ်ချေ။
“ရောင်းရင်းတို့... ခင်ဗျားတို့ သူတို့ကို အသက်ရှင်ရက် လိုချင်ရင် ခင်ဗျားတို့ရဲ့ဂြိုဟ်ကြီးဆီမှာ ကျင့်ကြံခြင်းအတွက် အသုံးပြုတဲ့ သလင်းအမြူတေတွေ၊ ဆေးပင်တွေ၊ ကျောက်ရိုင်းတုံးတွေ၊ စိတ်ဝိညာဉ်ကျောက်တုံး စတဲ့အရာတွေနဲ့ လဲလှယ်လို့ရတယ်”
ဂြိုဟ်တိုင်းဂြိုဟ်တိုင်းတွင် မတူညီသည့် ကျင့်ကြံခြင်းစနစ်မျိုးရှိ၏။ သို့ပေမဲ့ ကျင့်ကြံခြင်းအတွက် လိုအပ်သည့် အရင်းအမြစ်များမှာတော့ တူညီလျက်ရှိနေသည်။ ကျွင်းချောင်ရှောင်း ပြောဆိုခဲ့သော အရာများသည် ဘုံကိုးပါး ကုန်းမြေတိုက်ကြီးတွင် အမှန်ပင်ရှိ၏။
သို့ပေမဲ့ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူကိုးယောက်တို့သည် ထိုစကားသံကို ကြားရသည့်အချိန်မှာတော့ ၎င်းတို့၏ မျက်နှာအိုကြီးများသည် ပိုမို၍ ရင့်ရော်သွားကြ၏။ လက်ရှိ အခြေအနေတွင် ကြယ်ကြွေကုန်းမြေတိုက်ကြီးအနေနှင့် ဤလူများအား အဘယ်ကြောင့် ဖမ်းဆီးချုပ်နှောင်ထား ရသည်ကို ချက်ချင်းပဲ နားလည်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ငွေညှစ်ရန်ပင် ဖြစ်တော့သည်။
“ကောင်လေး”
ခေါင်းတုံးပြောင်နှင့်လူသည် နှာခေါင်းရှုံ့လိုက်၏။ “မင်းက တကယ့်ကို သတ္တိရှိတာပဲ၊ ကျုပ်တို့ဆီက တောင်မှ ငွေညှစ်ရဲသေးတယ်”
“သေရဲ၊ သတ်ရဲတဲ့ လူတွေကသာ ဒီလိုအလုပ်မျိုးကို ပြုလုပ်ရဲတာလေ”
ကျွင်းချောင်ရှောင်းသည် အရှေ့သို့ ကိုင်းပြီးသည့်နောက် အားရပါးရ ရယ်လိုက်သည်။ “ဒီနေရာကို ရောက်လာပြီး ဒီလိုလုပ်ရဲတယ်ဆိုမှတော့ ကျုပ်က တကယ့်ကို သတ်ရဲလို့ပေါ့”
မုတ်ဆိတ်မွှေးများနှင့် အဘိုးအိုက ပြောလိုက်သည်။ “ငါ မင်းကို တစ်ခုခု ပေးလိုက်မယ်ဆိုရင်တောင်မှ ဒီအတိုင်းပဲ ပြီးသွားလိမ့်မယ်လို့ မထင်ဘူး”
“တကယ်လို့ ဒီလူတွေကို လဲလှယ်ဖို့အတွက် အရာပစ္စည်းတစ်ခုခုကို ယူလာမယ်ဆိုရင် ကျန်တဲ့အရာတွေ စိတ်ပူစရာ မလိုတော့ဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ကတုံးပြောင်နှင့် အဘိုးအိုသည် သူ၏တောက်ပြောင်လျက်ရှိသော ဦးခေါင်းကို ပွတ်ကာဖြင့် ပြောလိုက်၏။ “တကယ်လို့ ကျုပ်တို့က လဲလှယ်ဖို့အတွက် တစ်စုံတစ်ခုကို ယူမလာဘူးဆိုရင်ကော ဘာဖြစ်မလဲ”
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ “အင်း... သူတို့ကို သတ်ပစ်ရမှာပေါ့”
“သတ်ပစ်မယ် ဟုတ်လား”
ကတုံးပြောင်နှင့် အဘိုးအို၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။ “မင်းတကယ်လို့ လုပ်ရဲတယ်ဆိုရင် အနာဂတ်မှာ ဒီခံထပ်ထဲကနေ တစ်လှမ်းတစ်ဝက်တောင် ထွက်ဖို့ မစဉ်းစားနဲ့တော့”
သူတို့အနေနှင့် အထဲသို့ ဝင်၍ မရသော်လည်း အပြင်ဘက်မှစောင့်၍ သတ်ဖြတ်ခြင်းကို ပြုလုပ်၍ ရနိုင်သေး၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရသည် သေးငယ်လွန်းနေ၏။ ထို့ကြောင့် ၎င်းတို့သည် ကျိန်းသေပေါက် ကြိုးစားရန် လိုအပ်နေသေး၏။ ထိုသို့ ကြိုးစားမည်ဆိုလျှင် အပြင်ဘက်သို့ထွက်လာရမှာ သေချာသည်။
ကျွင်းချောင်ရှောင်းသည် အနည်းငယ် စိတ်ဓာတ်ကျသွား၏။ သူသည် မြေအဆင့်ကျွမ်းကျင်သူများအား ထိန်းချုပ် ထားခဲ့သည်ဆိုသည်မှာ တစ်ဖက်လူများ၏ ပစ္စည်းတစ်ခုခုကို ရယူရန် ခြိမ်းခြောက်ချင်၍ပင် ဖြစ်တော့သည်။ ယခု သူစီစဉ်ထားသလို ဖြစ်မလာသည့်အတွက် စိတ်ပျက်မိ၏။
မဖြစ်ဘူး။
သူ့အနေနှင့် တစ်စုံတစ်ခု လုပ်မှဖြစ်ပေတော့မည်။
ဖြောက်
ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးလိုက်၏။
ဘုန်း
ခရမ်းရောင်ဘုရင်သည် အမိန့်ကို လက်ခံရရှိပြီးသည့်နောက် သူ၏ရှေ့တည့်တည့်တွင်ရှိသောသူ၏ ရင်အုံကို လက်သီးဖြင့် ထိုးလွှတ်လိုက်တော့သည်။ ထိုသူသည် သတိလစ်မေ့မျောနေပြီဆိုသော်လည်း တိုက်ခိုက်မှုကို ခံရပြီး သည့်နောက် မရီဒန်များ ပျက်စီးမှုကို ခံလိုက်ရတော့၏။ ချက်ချင်းပဲ သွေးတွေ အန်ထွက်လာခဲ့၏။
၎င်းတို့၏ လူသည် ရက်ရက်စက်စက် ထိုးနှက်တိုက်ခိုက်ခြင်းကို ခံနေရသည်ကို မြင်လိုက်ရသည့်အချိန်မှာတော့ အကြီးအကဲ ကိုးယောက်တို့သည် ဒေါသတကြီးဖြင့် ကြည့်ရှုလျက်ရှိသည်။
ကတုံးပြောင်နှင့် အဘိုးအိုက အေးစက်စက်နှင့် ပြောလိုက်သည်။ “အမှိုက်လေး... မင်း တကယ့်ကို သေလမ်းရှာ နေတာလား”
“လိုရင်းကို ပြောမယ်”
ကျွင်းချောင်ရှောင်းသည် စိတ်မရှည်သလို ပြောလိုက်၏။ “လူတစ်ယောက်ကို သဘာဝ စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်း၊ သလင်းအမြူတေတစ်သန်း ပြီးတော့ အဆင့်မြင့်ဆေးပင် တစ်သန်း ဒါကိုမှ မရဘူးဆိုရင် သူတို့ကို သတ်ပစ်မယ်”
၎င်းအနေနှင့် ရိုးသား၍ ယဉ်ကျေးချင်ဟန်ဆောင်ရသည်မှာ ပင်ပန်းလွန်းလှ၏။ ထို့ကြောင့် ကျိန်းသေပေါက် တခြားသူများဆီမှ အမြတ်ထုတ်ရန် ပေါ်တင်ပင် တောင်းခံတော့၏။
ဘုန်း
ခရမ်းရောင်ဘုရင်သည် ၎င်း၏ ဂိုဏ်းချုပ်နှင့် လိုက်ဖက်ညီစွာပဲ အစွမ်းအစကို ထုတ်ပြလျက် ရှိနေတော့သည်။ သူသည် တင်းမာခက်ထန်သည့်မျက်နှာနှင့်လူ၏ ရင်အုံအား ထပ်မံ၍ လက်သီးနှင့် ထိုးလိုက်ပြန်သည်။
.....................
မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူကိုးယောက်တို့၏ မျက်နှာ အမူအရာများသည် ပြောင်းလဲသွားကြတော့သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ဒေါသတရားများနှင့် သတ်ဖြတ်လိုခြင်းဆန္ဒများသည် အရှိန်တငြီးငြီးဖြင့် ထွက်ပေါ်လာ ခဲ့တော့သည်။
အဆင့်နိမ့်ဂြိုဟ်တစ်ခုမှ လူများသည် ဤကဲ့သို့ လူသိရှင်ကြား ရဲရဲဝံ့ဝံ့နှင့် လုပ်ကိုင်ရဲလျက်ရှိနေ၏။ သည်းခံချင်စရာ မကောင်းပေ။
ဘုန်း
ခရမ်းရောင်ဘုရင်သည် ထပ်မံကာ ထိုးနှက်လိုက်၏။
ဝေါ့
တင်းမာခက်ထန်သည့် မျက်နှာနှင့်လူသည် သွေးများ ထပ်မံကာ အန်ထွက်လာ၏။ ဤလူသည် သတိမေ့နေတုန်းပင် ဖြစ်၏။ သတိသာ ရှိနေမည်ဆိုလျှင် ကျိန်းသေပေါက် ထ၍ ပြောပေလိမ့်မည်။ “ကျုပ်ကိုယ်ကြီးပဲ ဘာလို့ ထိုးနေရတာလဲ၊ ဘေးကလူကိုလည်း ထိုးအုံးလေ”
ခရမ်းရောင်ဘုရင်သည် ဆက်တိုက်ဆိုသလိုပဲ တိုက်ခိုက်လိုက်သည့်အချိန်မှာတော့ များပြားလှသည့် ဂြိုဟ်များ အသီးသီးမှ သိုင်းကျင့်ကြံသူများသည် ဤနေရာသို့ ရောက်ရှိလာခဲ့ကြပြီဖြစ်၏။ ၎င်းတို့အားလုံးသည် ဖြစ်စဉ်တစ်ခု လုံးကို မျက်မြင်တွေ့နေရ၏။ အမူအရာများအားလုံးသည်လည်း စိတ်ဝင်တစားနှင့် ဖြစ်လာကြ၏။
စီမေ နှင့် တင်းမာခက်ထန်လှသည့်သူအား တိုင်တွင်ချည်ထားပြီး ပက်ပက်စက်စက် ထိုးနှက်နေခြင်းသည် ၎င်းတို့ မမြင်ဘူး သည့် အရာမျိုးပင် ဖြစ်တော့သည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် တကယ်ပင် ရဲရင့်လွန်းလှ၏။ သို့မဟုတ် မည်သို့မျှ ပြန်လည်ငြိမ်းချမ်းရန် အခြေအနေမရှိသောကြောင့် အဆုံးစွန်အထိ ပြုလုပ်ရန် စဉ်းစားနေခြင်းသာ ဖြစ်ပေလိမ့်မည်။ အံ့အားသင့်စရာ ကောင်းလွန်းလှ၏။ များပြားလှသည့် ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများအားလုံးသည် ကျွင်းချောင်ရှောင်း၏ လုပ်ပုံကိုင်ပုံကို ချီးကျူးမိနေကြ၏။
ဟုတ်ပေသည်။ သူတို့သာ ဆိုပါက ဤကဲ့သို့ လုပ်လိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဤသို့လုပ်သည်မှာ ကြည့်ရှု၍ ကောင်းလှသည်ဆိုသော်လည်း အနာဂတ်တွင် အသက်ရှင်နေထိုင်ရန်ဆိုသည်မှာ မဖြစ်နိုင်သည့် အကြောင်းအရာပင် ဖြစ်ပေလိမ့်မည်။
ဘုန်း
ဖြောက်
ခရမ်းရောင်ဘုရင်သည် လက်သီးနှင့် ထပ်မံထိုးနှက်လိုက်တော့၏။ တင်းမာခက်ထန်သည့်လူ၏ ရင်အုပ်ရိုးသည် ကျိုးထွက်သွားခဲ့တော့သည်။ သူ၏ လူသည် ဆက်တိုက်ဆိုသလိုပဲ ထိုးနှက်တိုက်ခိုက်ခြင်းကို ခံနေရသည်ကို မြင်ရသည့်အချိန်မှာတော့ မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူကိုးယောက်တို့သည် အလွန်တရာ ဒေါသထွက်ကုန် ကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ သတ်ဖြတ်လိုသည့် ဆန္ဒများသည် တည်နေရာတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့တော့ သည်။ တည်နေရာကြီးထဲတွင် ပေါက်ကွဲမှုစွမ်းအင်လှိုင်း ကိုးခုသည် တင်းမာခက်ထန်စွာ ဖြစ်တည်လာခဲ့တော့ သည်။
ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးရှိ အတားအဆီး အစီအရင်သည် အလွန်ပင် ထူထဲလှ၏။ များပြားလှသည့် ကျင့်ကြံသူ များ ထုတ်လွှတ်လိုက်သည်အော်ရာများသည် ထိုအရာကို ဘာမှ မဖြစ်စေပေ။
“နောက်ကိုဆုတ်၊ နောက်ကိုဆုတ်”
ပွဲကို လာရောက်ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများသည် ဖြစ်နိုင်သမျှ အမြန်ဆုံး နောက်ခပ်ဝေးဝေးဆီသို့ ဆုတ်ခွာလိုက်ကြ၏။ ၎င်းတို့သည် ထိုစွမ်းအင်လှိုင်းများ၏ သက်ရောက်မှုကို ခံရမည်ကို စိုးရွံ့လျက်ရှိ၏။ သို့ပေမဲ့ ဘုံကိုးပါးကုန်းမြေတိုက်ကြီးဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများ မည်မျှ တိုက်ခိုက် တိုက်ခိုက်၊ ကြယ်ကြွေကုန်းမြေ တိုက်ကြီး၏ ခံတပ်သည် အလွန်ပင် အားကောင်းလွန်းနေသည်။ မည်သို့မှ ချိုးဖြတ်၍ မရနိုင်ချေ။
“ဂိုဏ်းချုပ်”
အဘိုးကြီးတင်းက အသံပို့လွှတ်လိုက်သည်။ “သူတို့က တောင်းထားတဲ့အရာတွေကို ပေးမှာ မဟုတ်ဘူး၊ သတိထား၊ သူတို့အားလုံး ပေါင်းတိုက်ခိုက်ပြီးတော့ လူတွေကို ဆွဲခေါ်သွားနိုင်တယ်”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဟောခန်းသခင်ကျိ... ဒီနှစ်ယောက်ကို သေသေချာချာ ထိန်းချုပ်ထား၊ ဘုံကိုးပါး ကုန်းမြေတိုက်ကလူတွေ လုမသွားစေနဲ့”
သူ့အနေနှင့် စီမေနှင့် တင်းမာခက်ထန်သည့် လူအား သတ်ဖြတ်ပစ်နိုင်စွမ်းရှိသည်။ သို့ပေမဲ့ သီလအမှတ်များကို အစောကြီးကတည်းက ရရှိခဲ့ပြီဖြစ်သောကြောင့် ၎င်းတို့အားလုံးကို သတ်ဖြတ်လိုက်လျှင်လည်း ဘာမှ ထူးခြားလာလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သိုင်းကျင့်ကြံခြင်း အရင်းအမြစ် တချို့တလေနှင့် လဲလှယ်ရန် စဉ်းစားနေမိတော့၏။
“ဟမ့်”
ခရမ်းရောင်ဘုရင်သည် နှာခေါင်းရှုံ့ကာဖြင့် ပြောလိုက်၏။ “ကျုပ် ဒီမှာ ရှိနေတယ်ဆိုမှတော့ ဘယ်သူကမှ သူတို့ကို လုသွားလို့ မရဘူး” သူ့အနေနှင့် သက်တောင့်သက်သာ ပြောလိုက်သည်ဆိုသော်လည်း အလွန်ပင် ယုံကြည်ချက်ရှိနေသည်။
“တည်နေရာချုပ်နှောင်ခြင်းရှစ်လွှာ”
ရုတ်တရက် ကတုံးပြောင်နှင့် အဘိုးအိုက ဒေါသတကြီးဖြင့် အော်ဟစ်လိုက် သည်။ ပတ်ဝန်းကျင်တည်နေရာကြီးတစ်ခုလုံးသည် အက်ကွဲကြောင်းများအဖြစ် ဖြစ်တည်လာခဲ့တော့သည်။ သဲများ၊ ဖုန်များ အားလုံးတို့သည် လေထဲတွင် လွင့်မျောလာခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ တဖြည်းဖြည်း နှင့် အရှိန်လျော့ကျသွား၏။ အချိန်များမှာ အေးခဲသွားသည့်ပုံစံမျိုးပင်ဖြစ်သည်။
“တည်နေရာအမျိုးအစား သိုင်းကျင့်ကြံသူလား”
တင်းရှင်းဝမ် ၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားသည်။ တည်နေရာအမျိုးအစား သိုင်းကျင့်ကြံသူမှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရှိခဲ့ဖူး၏။ သို့ပေမဲ့ အလွန်တရာပင် ရှားပါးကြသည်။ ၎င်းတို့အားလုံးသည် အင်ပါယာများ၏ တိုက်ပွဲကြားထဲတွင် ပျောက်ရှသေဆုံးသွားခဲ့ကြသည့် သူများပင်ဖြစ်၏။
“သတိထား”
တင်းရှင်းဝမ်က အော်ဟစ်လိုက်၏။ “သူတို့ လုတော့မယ်”
ဂျိန်း
ပြောပြီးပြီးချင်းမှာပဲ အလွန်ကြမ်းတမ်းလှသော အားအင်တစ်ခုသည် ခံတပ်၏ အပြင်ဘက်ဆီမှ ရောက်ရှိလာခဲ့၏။ မူလအားဖြင့် တည်နေရာချုပ်နှောင်ခြင်းသည် ရုတ်တရက်ပဲ စည်းကို ဖွင့်လိုက်သည့်အချိန်မှာတော့ ဖုန်များ၊ သဲများ သည် တလိပ်လိပ်နှင့် လေထုထဲတွင် ဖြစ်တည်လာ၏။
ဝှစ်
တည်နေရာအမျိုးအစား သိုင်းနည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်သော ကတုံးပြောင်နှင့် အဘိုးအိုသည် ဤတည်နေရာကြီး တစ်ခုလုံးကို စည်းခတ်ရန် ကြိုးစားခဲ့၏။ ပြီးသည့်နောက်မှာတော့ စီမေနှင့် တင်းမာခက်ထန် သည့် မျက်နှာနှင့်လူအား လုယူသွားရန် စဉ်းစားထား၏။ သို့ပေမဲ့ ၎င်းသည် အလွန်ဆိုးရွားသည့် ပုံပန်းသွင်ပြင်နှင့် လေထုထဲတွင်သာ ရပ်တန့်လိုက်ရ၏။
“ကျုပ် မရှိဘူး ထင်နေတာလား”
ခရမ်းရောင်ဘုရင်သည် ကိုယ်လုံးတီးနှင့် ဖြစ်သွားတော့၏။ ၎င်းဝတ်ဆင်ထားခဲ့ေ သာ ဂိုဏ်းဝတ်စုံသည် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ကတုံးပြောင်နှင့် အဘိုးအိုသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ ၎င်း၏ တည်နေရာ ချုပ်နှောင်ခြင်း အလွှာရှစ်လွှာသည် အလုံစုံ တည်နေရာကြီးတစ်ခုလုံးကို စည်းခတ်မထားနိုင်ဟု ဆိုသော်လည်း အချိန်အတိုင်းအတာတစ်ခုတွင်တော့ စည်းခတ်နိုင်စွမ်းရှိ၏။ ထို့ကြောင့် ဤအခွင့်အရေးကို အသုံးပြု၍ သူ၏လူ များကို ကယ်တင်သွားရန်ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်ချေ။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူရှေ့သို့ တိုးသွား သည်ဆိုသည်နှင့် တဖက်လူသည် ကြီးမားသည့် လက်သီးချက်ကြီးကို ထုတ်လွှတ်ကာ တိုက်ခိုက်ခဲ့၏။
ဤမွန်းစတားဘုရင်ကို ချုပ်နှောင်ရန်အတွက် သိုင်းနယ်မြေကျင့်ကြံသူ ငါးယောက်တို့သည် အတူတကွ ကြိုးစား ခဲ့ရ၏။ ထို့ကြောင့် တစ်ယောက်တည်းလာရောက်၍ ထိန်းချုပ်ရန် ကြိုးစားသည်ဆိုခြင်းမှာ မိုက်ရူးရဲ ဆန်လွန်းနေ သည်။
“သွား” မုတ်ဆိတ်ရှည်ကြီးနှင့် အဘိုးအိုသည် အေးစက်စက်နှင့် အော်ဟစ်လိုက်၏။ ပြီးသည့်နောက်မှာတော့ ရှေ့ဘက်ကို ပျံသန်းလာခဲ့၏။
ဝှစ် ဝှစ်
တခြားသော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ လေးယောက်တို့သည်လည်း အတူတကွ လှုပ်ရှားလိုက်၏။ တစ်ဖက်လူများကို တစ်စုံတစ်ခု ပေးစွမ်းရန် မဖြစ်နိုင်ဘူးဆိုမှတော့ ၎င်းတို့သည် အားအင်များကို အသုံးပြု၍ လုယူရန်သာ ကြိုးစားကြတော့သည်။ ၎င်းတို့ ကိုးယောက်အနေနှင့် စီမေနှင့် တင်းမာခက်ထန်သည့်မျက်နှာနှင့် လူအား လုယူမသွားနိုင်ဟု မယုံကြည်နိုင်ချေ။
“အမှိုက်” ခရမ်းရောင်ဘုရင်သည် မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ ငါးယောက်တို့၏ မျက်နှာများကို မြင်လိုက်ချိန် ရမှာတော့ နှာခေါင်းရှုံ့လိုက်သည်။ သူသည် လက်ကို အသာဖွင့်ဟပြီးသည့်နောက်မှာတော့ ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများသည် သူ့အနားတစ်ဝိုက်တွင် ဖြစ်တည်လာတော့သည်။ ပြီးသည့် နောက်မှာတော့ ကောင်းကင် ကြီးတွင် အလင်းလိုက်ကာကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာခဲ့တော့သည်။
“အားကောင်းလိုက်တဲ့ မွန်းစတားချီတွေပါလား”
“ဒီကောင်က လူမဟုတ်ဘူးပဲ”