← Chapters

အခန်း (၈၉၅)

Vol. 60 Ch. 895

အခန်း (၈၉၅)

Vol. 60 Ch. 895

မြေအဆင့်စွမ်းအားမြင့် ကျင့်ကြံသူငါးယောက်တို့သည် အလွန်ကြမ်းတမ်းလှသော စွမ်းအားများကို အာရုံခံပြီးသည့် နောက်မှာတော့ ၎င်းတို့၏ အမူအရာများသည် ပြောင်းလဲသွားတော့သည်။

ဟူး ဟူး

ထိုအချိန်မှာတော့ ၎င်းတို့၏ ရှေ့တည့်တည့်တွင် အလင်းလိုက်ကာကြီးကဲ့သို့သော အရာတစ်ခု ဖြစ်တည်လာပြီး ထိုအရာကြီးသည် ကြီးမားသည့်လှိုင်းကြီးတစ်ခုကဲ့သို့ ဖြစ်တည်ကာ ၎င်းတို့ဆီသို့ ရောက်ရှိလာခဲ့သည်။ ပတ်ဝန်းကျင် တစ်ခုလုံးသည် မဲမှောင်သွားခဲ့တော့သည်။ ခရမ်းရောင်ဘုရင်သည် အလွန်ကြီးမားလှသည့် တိုက်ခိုက်ချက်ကြီးကို ထုတ်ဖော်လိုက်သည်ကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မှု နှင့် ဂုဏ်ယူဝံ့ကြွားမှု နှစ်ခုလုံးကို ခံစားမိလိုက်တော့သည်။

“ဒီလိုလူမျိုးကို အရသာရှိတဲ့ အစားအသောက်တွေနဲ့ပြပြီး ထိန်းချုပ်နိုင်ခဲ့တယ်ဆိုတာက ငါ့ရဲ့ အကောင်းမွန်ဆုံး သော လုပ်ရပ်တွေထဲက တစ်ခုပဲ”

ဘုံကိုးပါးကုန်းမြေတိုက်ကြီးဆီမှ သိုင်းကျင့်ကြံသူ ကိုးယောက်တို့သည် အလွန် အားကောင်းလွန်းလှ၏။ တင်းရှင်းဝမ် သာဆိုလျှင် ၎င်းတို့ထဲမှ တစ်ယောက်ကိုသာ ဦးတည်တိုက်ခိုက်နိုင်စွမ်း ရှိပေလိမ့်မည်။ များပြားလှသော လူများနှင့် တစ်ယောက်တည်း တိုက်ခိုက်ဖို့ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။

စည်းခတ်မခံရခင်က အားအင်အဆင့်ကို ပြန်လည်ရရှိခဲ့သော ခရမ်းရောင်ဘုရင်မှာတော့ မည်သည့်အရာကိုမှ ကြောက်ရွံ့ခြင်းမရှိပေ။ အထူးသဖြင့် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူငါးယောက်တို့နှင့် ရင်ဆိုင်တိုက်ခိုက်ချိန် မှာတော့ သူသည် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုကိုပင် ပြုလုပ်လျက်ရှိ၏။

ကျွင်းချောင်ရှောင်းသည် ၎င်းကို ထိန်းချုပ်နိုင်ခဲ့ခြင်းအတွက် ကြီးမားသည့် အကျိုးအမြတ်ကို ရရှိနေတော့၏။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် သူမည်မျှ ဇောက်ထိုးမိုးမျှော် လုပ်ကိုင်နိုင်မလဲဆိုသည်မှာ အထက်နယ်မြေဆီမှ ဆင်းသက်လာသော ဤလူ၏ အားအင်အဆင့်ပေါ်တွင် မူတည်လျက်ရှိ၏။

ဘုန်း ဘုန်း ဘုန်း

ချက်ချင်းပဲ ခရမ်းရောင်စွမ်းအင်များအားလုံးသည် လေလှိုင်းများကဲ့သို့ အောက်သို့ကျဆင်းလာခဲ့သည်။ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူငါးယောက်တို့ကို ထိပ်တိုက် တွေ့ဆုံခဲ့တော့သည်။ တည်နေရာကြီးတစ်ခုလုံးသည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါသွားပြီးသည့်နောက်မှာတော့ ၎င်းတို့ထဲမှ တော်တော်များများသည် မည်သို့မှ မခံစား နိုင်တော့ဘဲ အနောက်သို့ ယိမ်းယိုင်ကုန်ကြ၏။

“..........”

သိုင်းကျင့်ကြံသူ တော်တော်များများတို့သည် ဆွံ့အကုန်ကြ၏။ ဤကဲ့သို့ ရှုပ်ထွေးလှသော တိုက်ပွဲကြီးတစ်ခုတွင် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ ပူးပေါင်း၍ တိုက်ခိုက်သည်ကို မြင်ရဖို့ဆိုသည်မှာ ရှားပါးသည့်ကိစ္စရပ်ပင် ဖြစ်တော့သည်။

ထို့အပြင် ဝရမ်းထုတ်ပြန်ခြင်းခံရသော ခရမ်းရောင်ဆံပင်နှင့်သူသည် အလွန်ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ ငါးယောက်တို့ကို တစ်ယောက်တည်း ဦးတည်ကာ တိုက်ခိုက်လျက်ရှိ၏။

“ကံကောင်းတာက ကျုပ်တို့ သူတို့ အစောကြီးတုန်းက မတိုက်ခိုက်မိတာပဲ၊ မဟုတ်ရင်တော့ သေနေတာ ကြာလှပြီ”

များပြားလှသော ကျင့်ကြံသူများအားလုံးသည် သီလအမှတ် ငါးရာကို ရရှိရန်အတွက် မိုက်ရူးရဲဆန်စွာ ဖြင့် သွားရောက်မတိုက်ခိုက်မိသည်ကို တွေးမိကာ စိတ်ကျေနပ်လျက်ရှိနေ၏။

ဝှစ် ဝှစ်

ထိုအချိန်မှာတော့ မုတ်ဆိတ်မွှေး အဘိုးအိုနှင့် ပါးသိုင်းမွှေးအရှည်ကြီးနှင့် အဘိုးအိုတို့သည် ကြီးမားသော လှိုင်းလုံးကြီးများထဲမှ အပေါ်သို့ ပျံတက်လိုက်ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များတွင် တလက်လက် တောက်ပလျက်ရှိသော အလင်းတန်းများနှင့် ပြည့်နှက်လျက်ရှိနေ၏။ ၎င်းတို့၏ မူလရည်ရွယ်ချက်သည် တိုက်ခိုက်ရန် မဟုတ်ပေ။ လူကို လုယူရန်ပင် ဖြစ်တော့သည်။

“သွားစမ်း” ခရမ်းရောင်ဘုရင်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ၏ ဘယ်၊ ညာ လက်သီးချက်များသည် လေဟာနယ်ထဲသို့ ဆက်တိုက် ထိုးလွှတ်လိုက်တော့သည်။ တစ်ချိန်တည်းမှာပဲ ခရမ်းရောင်စွမ်းအားများနှင့် ဖြစ်တည်လာခဲ့သော လက်သီးချက်ကြီးများသည် မြေအဆင့်စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်တို့ကို တိုက်ရိုက်ပင် ထိမှန်တော့၏။

ဖြောင်း ဖြောင်း ဖြောင်း

၎င်းတို့၏ ခြေထောက်အောက်တွင်ရှိသော မြေပြင်များသည် ကွဲအက်ကုန်ကြ၏။

ဘုန်း ဘုန်း

ကြောက်မက်ဖွယ်ရာကောင်းလှသော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာခဲ့သည်။ မုတ်ဆိတ်နှင့်အဘိုးအိုနှင့် ပါးသိုင်းမွှေးနှင့် အဘိုးအိုတို့သည် ခရမ်းရောင်ဘုရင်နှင့် ထိတ်တိုက်ရင်ဆိုင်ပြီးသည့်နောက်မှာ အနောက်သို့ လျင်လျင်မြန်မြန်ပင် ဆုတ်ခွာသွားခဲ့ကြ၏။ ၎င်းတို့၏ မျက်နှာသွင်ပြင်များသည် ပျက်ယွင်းသွားခဲ့ကြသည်။

ဤလူသားမဟုတ်သော ရောင်းရင်းကြီး၏ ခန္ဓာကိုယ်အားအင်သည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ သားရဲများသည်သာလျှင် ၎င်းတို့၏ ခန္ဓာကိုယ်ကို သန်မာအားကောင်းအောင် အားစိုက်ပြုပြင်ကြရ၏။ ထို့ကြောင့် ဤသားရဲကဲ့သို့သောလူသည် အလွန်အားကောင်းသည်ဆိုသည်မှာ အံ့အားသင့်စရာတော့ မဟုတ်တော့ပေ။

၎င်းတို့၏ အဖော်နှစ်ယောက်သည် အခွင့်အရေးအား အရယူ၍ အနောက်ဘက်မှ သွားရောက်တိုက်ခိုက်ခဲ့ကြ၏။ သို့ပေမဲ့ ခရမ်းရောင်ဘုရင်သည် ထိုသူတို့အား ခန္ဓာကိုယ်အားအင် သီးသန့်ဖြင့်ပင် ကာကွယ်ကာ မတ်မတ်ရပ်လျက် ရှိ၏။

“ကောင်းကင်ဘုံ... ဒီလူရဲ့ ခန္ဓာကိုယ်အားအင်က တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ” သိုင်းကျင့်ကြံသူများ အားလုံးသည် ထိတ်လန့်တကြားဖြင့် ထအော်လိုက်မိကြသည်။

မြေအဆင့် ကျင့်ကြံသူဆိုသည်မှာ လက်တစ်ချက်မြှောက်လိုက်သည်နှင့် တပြိုင်နက် တစ်ဖက်လူများ အားလုံးအား ပြာအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည် စွမ်းအားမြင့် ကျင့်ကြံသူများပင် ဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူသည် သိုင်းနည်းစနစ်များကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်သည်ဆိုသော်လည်း ခရမ်းရောင်နှင့်လူမှာ တစ်ချက်ကလေးမှ မတုန်လှုပ်ခဲ့ချေ။ အနောက်သို့ ခြေတစ်လှမ်းပင် ယိုင်မသွားသည်ကို မြင်ရ၏။ ဤအရာမှာ အလွန်ပင် အံ့အားသင့်ဖွယ်ကောင်းလွန်းနေ၏။

ခရမ်းရောင်ဘုရင်၏ မျက်လုံးများသည် တိုက်ခိုက်မှုကို ခံရပြီးသည့်နောက် ဒေါသအရိပ်အယောင်များ ဖြတ်ပြေး သွားခဲ့သည်။

ဟူး ဟူး

ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများသည် လေထုထဲတွင် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ လက်သီးကြီး တစ်ခု ဖြစ်တည်လာသည်။ ပြီးသည့်နောက် တိုက်ရိုက်ဆိုသလိုပဲ ဘုံကိုးပါးကုန်းမြေတိုက်ကြီးဆီမှ သိုင်းကျင့်ကြံသူ နှစ်ယောက်တို့အား အနောက်ဘက်သို့ လွှင့်စင်သွားအောင် တိုက်ခိုက်ခဲ့သည်။ သူသည် မည်သည့်တိုက်ခိုက်ရေး နည်းစနစ်ကိုမှ အသုံးမပြုခဲ့ပေ။ အစကမှ အဆုံးအထိ သူ၏ကြမ်းတမ်းလှသော ခန္ဓာကိုယ်အားအင်နှင့်အတူ စွမ်းအင်လှိုင်းများနှင့် ပေါင်းစပ်ကာဖြင့် တိုက်ခိုက်နေခြင်းသာ ဖြစ်တော့၏။

တစ်ဖက်လူသည် မည်မျှ အားကောင်းလှသည်ဆိုဆို သူသည် တစ်ဖက်လူများထက် မည်သို့မှ အားမနည်းချေ။ သူသည် အထက်နယ်မြေမှ ဆင်းသက်လာသော မွန်းစတားဘုရင်တစ်ယောက်ပင် ဖြစ်၏။ ထို့ကြောင့် စည်းခတ် မခံရခင်က စွမ်းအင်များကို ပြန်လည်ရရှိရုံသာ ရှိသေးသည်ဆိုသော်လည်း သိုင်းနယ်မြေကျင့်ကြံသူ ငါးယောက် တို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန်ဆိုသည်မှာတော့ သူ့အတွက် အန္တရာယ် မရှိလှချေ။ သူ၏ အရင် ထိပ်ဆုံးအဆင့်ကို ပြန်လည်ရရှိသွားပြီဆိုပါက ဤနယ်မြေတွင် သူ့အား ယှဉ်ပြိုင်နိုင်သည့်လူမှာ ရှိပင်ရှိတော့မည် မဟုတ်ချေ။

“အံ့အားသင့်စရာပဲ” ကျွင်းချောင်ရှောင်းသည် ချီးကျူးလိုက်မိ၏။ ကျန့်ရာ၊ နင်ညီအစ်ကိုနှင့် တခြားသောလူများ အားလုံးသည်လည်း ဆွံ့အနေမိကြ၏။ ၎င်း၏ အဝတ်အစားများကို အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် ပြုလုပ်တတ်သော ကျိရှုသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှသော တိုက်ခိုက်ရေးစွမ်းအင်ကို ပိုင်ဆိုင်လို့ နေ၏။

ဟယ်ဝူတီက တွေးလိုက်သည်။ “ဒီလူက ငါ့လိုပဲ အဆင့်မြင့် ဂြိုဟ်တစ်ခုခုဆီကနေ ဆင်းလာတာနေမယ်၊ အရင်တုန်းကဆိုရင် ဘယ်လောက်တောင် အားကောင်းလိုက်မလဲ”

ဝှစ်

တွေးနေတုန်းမှာပဲ တည်နေရာကြီးတစ်ခုလုံးသည် တုန်ခါသွားခဲ့၏။ တင်းရှင်းဝမ်သည် အမှောင်ထဲမှ တိုးထွက်လာ ပြီးသည့်နောက်မှာတော့ ရတနာငါးပါး နည်းစနစ်ကို ထုတ်ဖော်အသုံးပြုကာ ရိုက်နှက်တိုက်ခိုက်ခြင်း ကို ပြုလုပ်၏။

ရုတ်တရက် အလစ်ချောင်းတိုက်ခိုက်မှုသည် ကာကွယ်ရန်ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။ ထို့ကြောင့် ခရမ်းရောင် ဘုရင်၏ တိုက်ခိုက်ချက်ကြောင့် လွင့်စင်လာခဲ့သော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် သူ၏ ခန္ဓာကိုယ် ဟန်ချက်မညီချိန်မှာပဲ တင်းရှင်းဝမ်၏ တိုက်ခိုက်မှုကို ခံလိုက်ရတော့၏။ သူသည် ရှောင်တိမ်းရန် မည်သို့မှ မတတ်နိုင်ခဲ့တော့ချေ။ ထို့ကြောင့် နောက်ကျောကို လက်ဝါးရိုက်ချက်ကြီး ထိမှန်ပြီး မြေပြင်ပေါ်သို့ ဘုန်းကနဲ ပြုတ်ကျတော့သည်။

ဟူး

သူသည် ခက်ခက်ခဲခဲဖြင့် မတ်တပ်ထရပ်လိုက်၏။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ပျက်ယွင်းလို့နေသည်။ လက်ရှိအချိန်မှာတော့ သူ၏ ကျောဘက်တွင် အမဲရောင်လက်ဝါးရာကြီးတစ်ခု ဖြစ်တည်နေ၏။ မိစ္ဆာချီငါးမျိုးတို့ သည် သူ၏ မရီဒန်နှင့် စိတ်ကို ရူးသွပ်နေသူများကဲ့သို့ ဝင်ရောက်တိုက်ခိုက်လျက်ရှိနေ၏။ သူ့အနေနှင့် ဘာတစ်ခုမှ ပြုလုပ်နိုင်စွမ်းမရှိဟုဆိုသော်လည်း အာရုံစူးစိုက်မှုမှာတော့ လွတ်ကင်းသွားခဲ့တော့၏။ ထို့ကြောင့် သူ၏ တိုက်ခိုက်မှု စွမ်းအင် အားနည်းသွားခြင်းနှင့် တူညီ၏။

ဝှစ် ဝှစ်

တင်းရှင်းဝမ်၏ အလစ်ချောင်းတိုက်ခိုက်မှု အောင်မြင်ပြီးသည့်နောက် ဘုံကိုးပါးကုန်းမြေတိုက်ကြီးဆီမှ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်တို့သည် နှစ်ဖက်နှစ်ချက်ဆီမှ လာရောက်တိုက်ခိုက်လာ၏။ ၎င်းတို့သည် အလွန်မြန်ဆန်လွန်းသလို အလွန်အားကောင်းလွန်းလှ၏။ တင်းရှင်းဝမ်သည် တည်နေရာရွေ့လျားမှုကို အသုံးပြု၍ မရှောင်ရှားနိုင်တော့ချေ။ ထို့ကြောင့် ရတနာငါးပါးလက်ဝါးနည်းစနစ်ကို အသုံးပြု၍ ထိုနှစ်ယောက်ထဲမှ တစ်ယောက်ကို တိုက်ခိုက်လိုက်သည်။

ဝုန်း

တောင်တစ်ရာဘုရင် ပိုင်လျှိုသည် မြန်မြန်ဆန်ဆန်ပဲ ရောက်ရှိလာ၏။ ရုတ်တရက် သူသည် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို တားဆီးလိုက်၏။ သားရဲမျိုးနွယ်များ၏ ပြိုင်စံကင်းလှသော ခန္ဓာကိုယ် အားအင်အဆင့်ကို အသုံးပြုပြီးသည့်နောက် တစ်ဖက်လူသည် လွင့်စင်သွားခဲ့တော့၏။

ဘုန်း

ဘေးတစ်ဖက်ဆီမှ ဖိအားဓာတ် ကင်းလွတ်သွားပြီးသည့်နောက်မှာတော့ တင်းရှင်းဝမ်သည် အောင်အောင်မြင်မြင်ပဲ ဘယ်ဘက်အခြမ်းတွင်ရှိသော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူနှင့် တိုက်ကွက်အနည်းငယ် ဆက်၍ တိုက်ခိုက် နေသည်။ ၎င်းတို့နှစ်ယောက်ကြားသည် လက်ရည်ညီလျက်ရှိနေပြီး နှစ်ယောက်သားပြိုင်တူဆိုသလိုပဲ နောက်သို့ ဆုတ်ခွာမိ၏။

“ဒီလူကလည်း လူသား မဟုတ်ဘူးပဲ”

အားလုံးသည် တောင်တစ်ရာဘုရင်အား လှမ်း၍ ကြည့်လိုက်ကြသည်။ ကြမ်းတမ်းလှသော အော်ရာများ ထွက်ပေါ်နေသည်ကို အာရုံခံပြီးသည့်နောက် ၎င်းတို့သည် စဉ်းစားမိတော့သည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို သားရဲတွေက ကြီးစိုးသွားခဲ့ပြီလား။

ဝှစ် ဝှစ်

အားလုံးခန့်မှန်းနေတုန်းမှာပဲ တောင်တစ်ရာဘုရင်သည် ခန္ဓာကိုယ်ကို ကွေးညွတ်လိုက်၏။ သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီး ဖြစ်တည်လာ၏။ ပြီးသည့်နောက်မှာတော့ မျက်လုံးတစ်လုံးနှင့် ကြီးမားလှသည့် သားရဲရိုင်းကြီး အသွင်သို့ ပြောင်းလဲသွားခဲ့တော့သည်။

“သေစမ်း”

ကြီးမားလွန်းလှသော လက်ကြီးတစ်ဖက်သည် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူအား ဖိနှိပ် ရိုက်ချလိုက်တော့ သည်။ အလွန်တရာ ကြမ်းတမ်းပြီး ပေါက်ကွဲလွန်းလှသော စွမ်းအင်လှိုင်းများကြောင့် တည်နေရာကြီး တစ်ခုလုံးပင်လျှင် ကွဲအက်လာခဲ့တော့သည်။

“မဟုတ်ဘူး” ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံရသော စွမ်းအားမြင့် ကျင့်ကြံသူသည် ထိတ်လန့်တုန်လှုပ်သွား၏။ သူ့အနေနှင့် လှုပ်ရှားမှုနည်းစနစ်များမှာ ကြည့်ကောင်းလှသည်၊ မလှသည်ကို မစဉ်းစားနိုင်တော့ချေ။ အလျင်အမြန်ပဲ အဆုံးစွန်အထိ ထုတ်ဖော် ထွက်ပြေးရတော့သည်။

ဘုန်း

ဝှစ် ဝှစ် ဝှစ်

သူသည် ရှောင်လိုက်နိုင်သည်ဆိုသော်လည်း ပိုင်လျှို၏ တခြားသော လက်တစ်ဖက်သည် ဘေးတစ်ဖက်ဆီမှ ရောက်ရှိလာခဲ့တော့သည်။ အမြန်နှုန်းနှင့် အားအင်သည် ပထမ လက်တစ်ဖက်ထက် ပိုမို၍ မြန်ဆန်နေ၏။

ဝုန်း

မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် ပထမရိုက်ချက်ကို ရှောင်ရှားလိုက်နိုင်သည်ဆိုသော်လည်း ဒုတိယ ရိုက်ချက်ကိုတော့ မရှောင်ရှားနိုင်တော့ချေ။ ချက်ချင်းပဲ တောင်ကဲ့သို့ ကြီးမားလှသည့် လက်ဝါးရိုက်ချက်ကြီးနှင့် ရိုက်နှက်ခံလိုက်ရပြီးသည့်နောက်မှာတော့ တွင်းထဲသို့ ကျဆင်းသွားခဲ့တော့သည်။

ပိုင်လျှိုသည် ဤနေရာတွင် ရပ်တန့်မနေချေ။ သူ၏ လက်ကို အသာပြန်ရုတ်ပြီးသည့်နောက်မှာတော့ ကြီးမားလှသည့် ခြေထောက်ကြီးကို မြှောက်ကာဖြင့် မြေပေါ်သို့ ဆောင့်နင်းတော့သည်။ မျက်လုံးတစ်လုံး မွန်းစတားကြီးသည် မြေပေါ်သို့ ရူးရူးမူးမူး နင်းချလျက်ရှိ၏။ ဤမြင်ကွင်းသည် အလွန်ကြည့်ကောင်းလွန်းနေ၏။

ဘုန်း ဘုန်း ဘုန်း

မြေပြင်တစ်ခုလုံး တုန်ခါသွားပြီးသည့်နောက် မြေပေါ်တွင် ကြီးမားလှသည့် အက်ကွဲကြောင်းကြီးများ ပေါ်ပေါက် လာခဲ့တော့သည်။ ပိုင်လျှို ရပ်တန့်လိုက်သည့်အချိန်မှာတော့ တွင်းထဲတွင် လဲလျောင်းလျက်ရှိနေသော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေ၏။ ၎င်းသည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားခဲ့ပြီဖြစ်သည်။ ဘုံးကိုးပါးကုန်းမြေတိုက်ကြီးမှ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူကိုးယောက်တို့ကို စေလွှတ်ခဲ့၏။ သို့ပေမဲ့ အားအင်အဆင့်အရဆိုလျှင် တင်းရှင်းဝမ်နှင့် ပိုင်လျှိုတို့သည်လည်း အားနည်းလှသူများ မဟုတ်ပေ။

“အရမ်းမိုက်တယ်” ကျွင်းချောင်ရှောင်းက ပြုံးလိုက်မိ၏။

မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူကိုးယောက်တွင် တစ်ယောက်သည် ဒဏ်ရာ ရရှိသွားခဲ့ပြီဖြစ်ပြီး တစ်ယောက် သည် ဆိုးရွားစွာ ရိုက်နှက်ခံခဲ့ရ၏။ ကျန်သည့် ခုနှစ်ယောက်မှာလည်း ရင်ဆိုင်ရန် လွယ်ကူလျက် ရှိနေသည်။ ပထမတုန်းက တစ်ဖက်လူများသည် သိုင်းအရင်းအမြစ်များကို အသုံးပြု၍ လူများကို လာရောက်ရွေးသွားလိမ့်မည် ဟု ကျွင်းချောင်ရှောင်းက ထင်မှတ်ခဲ့၏။ ထိုသို့ဆိုလျှင် ပျော်ရွှင်စရာ အဆုံးသတ်ကို ရင်ဆိုင်ရပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ တစ်ဖက်လူမှ မလိုက်လျောသည့်အတွက် ခရမ်းရောင်ဘုရင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသော တိုက်ခိုက်ရေးစွမ်းအင်များကို ထုတ်ဖော်ပြသလျက် ရှိနေ၏။ သူ့အနေနှင့် ဤကိုးယောက်လုံးကို ထိန်းသိမ်းပြီး ဘုံကိုးပါးကုန်းမြေတိုက်ကြီးဆီမှ ငွေညှစ်ရန် စဉ်းစားလိုက်မိတော့သည်။

“ခန်းမသခင်ကျိ”

ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်၏။ “ဒီလူတွေကို အချိန်ဆွဲမနေနဲ့၊ ဖြစ်နိုင်သမျှ အမြန်ဆုံး တိုက်ခိုက်တော့”

“ကောင်းပြီ” ခရမ်းရောင်ဘုရင်၏ မျက်လုံးများသည် တိုက်ခိုက်လိုခြင်း ဆန္ဒများနှင့် ပိုမို၍ ထွန်းတောက်လာခဲ့ တော့သည်။ ပြီးနောက် ဘန်း ဟူသော အသံနှင့်အတူ သူသည် မြေပြင်ကို ဆောင့်နင်းကာဖြင့် ကောင်းကင်ပေါ်သို့ ခုန်တက်သွား၏။ ကြောက်မက်ဖွယ်ရာကောင်းလှသော ခရမ်းရောင်စွမ်းအင်လှိုင်းများနှင့်အတူ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများဆီသို့ တိုးဝင်ကာ အတင်းကာရော တိုက်ခိုက်တော့သည်။ ၎င်းအနေနှင့် စိတ်ရှည် လက်ရှည်တိုက်ခိုက်ရန် အစီအစဉ် မရှိတော့ချေ။ ဂိုဏ်းချုပ်သည် ၎င်းအား မြန်မြန်ဆန်ဆန် တိုက်ခိုက်ရန် အမိန့် ပေးခဲ့သည် မဟုတ်ပါလား။

ထိုသူ ထွက်ခွာသွားသည်ဆိုသည်နှင့်တပြိုင်နက် စီမေနှင့် တင်းမာခက်ထန်သော မျက်နှာနှင့်လူတို့ နှစ်ယောက် သည် အကာအကွယ်များ ကင်းလွတ်သွားခဲ့ကြပြီဖြစ်သည်။ ထို့ကြောင့် ဤဓားစာခံများကို အလစ်ချောင်း ခေါ်ယူသွားရန် အချိန်ကောင်းပင်ဖြစ်၏။ သို့ပေမဲ့ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ ခုနှစ်ယောက်တို့သည် ထိုကဲ့သို့သော အတွေးများကို မတွေးနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံးသည် တိုက်ခိုက်ခံနေရ သောကြောင့်ပင် ဖြစ်၏။

All Chapters