အခန်း (၈၉၇)
Vol. 60 Ch. 897
ဘုံကိုးပါး ကုန်းမြေတိုက်ကြီးမှ စွမ်းအားမြင့် ကျင့်ကြံသူ သတ်ဖြတ်ခံလိုက်ရပြီးသည့်နောက် သိုင်းကျင့်ကြံသူများ အားလုံးသည် ဆွံ့အလျက်ရှိနေကြတော့၏။ ဤကဲ့သို့ စွမ်းအားမြင့် ကျင့်ကြံသူများ တိုက်ခိုက်သည်ကို မြင်ရဖို့ ဆိုသည်မှာ ရှားပါးလှ၏။ လက်ရှိ အခြေအနေမှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ကျင့်ကြံသူသည် တစ်ဖက် လူအား သတ်ဖြတ်ခဲ့ပြီဖြစ်သည်။
“မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်သည့်အတွက် ပါဝင်ယှဉ်ပြိုင်သူအား ဂုဏ်ပြုပါတယ်၊ သီလ အမှတ်နှစ်ဆယ်ကို ရရှိသည်”
စနစ်၏ အမျိုးသမီးအသံကို ကြားရသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တွေးလိုက်မိ၏။ “အမှတ် နှစ်ဆယ်တည်းလား၊ ကြည့်ရတာ သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်ရဲ့ အသက်က ဂြိုဟ်တိုက်ပွဲထဲမှာ ဘယ်လောက်မှ မတန်ပါလား”
ခရမ်းရောင်ဘုရင်နှင့် တိုက်ခိုက်လျက်ရှိသောသူများသည် အလွန်တရာ ဒေါသထွက်သွားကြ၏။ ၎င်းတို့သည် ကြယ်ကိုးပွင့် အကြီးအကဲများ ဖြစ်ကြ၏။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်ကျော်ကတည်းကပင် ကျော်ကြားခဲ့ကြပြီး လက်ရှိအခြေအနေမှာတော့ ၎င်းတို့ထဲမှ တစ်ယောက်သည် တစ်ဖက်လူများ၏ လက်ချက်နှင့် သေဆုံးသွားခဲ့ပြီဖြစ်၏။ ထိုအရာသည် လက်သင့်ခံနိုင်စရာ အရာမဟုတ်ပေ။
ဘုန်း
ထိုအချိန်မှာတော့ ခရမ်းရောင်ဘုရင်သည် အခွင့်အရေးကို အရယူလိုက်၏။ ခရမ်းရောင်စွမ်းအင်လှိုင်းများသည် လက်သီးတစ်ခုကဲ့သို့ ဖြစ်တည်ပြီးနောက်မှာတော့ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများနှင့်လူ၏ မျက်နှာကို ထိမှန် တော့သည်။ ၎င်းသည် ဆက်၍ မတိုက်ခိုက်ပေ။ ထိုအစား စွမ်းအင်များကို စုစည်းပြီးနောက် တခြားသောလူများကို ဆက်လက်ကာ တိုက်ခိုက်ပြန်သည်။
“သွား… ငါ့ရဲ့အချစ်လေး” ကျွင်းချောင်ရှောင်း၏ ရှက်ရွံ့စရာကောင်းလှသော အသံသည် ထပ်မံကာ ထွက်ပေါ်လာ ၏။ ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် ပေါ်ပေါက်လာခဲ့တော့သည်။ ထိုအရာကြီးသည် မြေပေါ်သို့ ကျဆင်းလာပြီးသည့်နောက် သေမလိုဖြစ်နေသော မုတ်ဆိတ်မွှေးနှင့်လူအား ဖိနှိပ် တိုက်ခိုက်တော့၏။ ၎င်းသည် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ ထိပ်တိုက် မတိုက်ခိုက်နိုင်သောကြောင့် အလစ်ချောင်းကာ တိုက်ခိုက်ခြင်း ကို ပြုမူတော့၏။ ထို့အပြင် အဆင့်မြှင့်လက်နက်ပစ္စည်းမျိုးစုံကို အသုံးပြုထားပြီးနောက်မှာတော့ ရတနာလက်နက် ကိုလည်း ထုတ်ဖော်ကာ တိုက်ခိုက်ပြန်သည်။ သူသည် အစစ်အမှန်ပင် အခွင့်ချောင်း တိုက်ခိုက်တတ်သူ တစ်ယောက်ပင် ဖြစ်နေတော့၏။
ဘုံကိုးပါး ကုန်းမြေတိုက်ကြီးမှ စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်တို့သည် ဒဏ်ရာ ရရှိသွားခဲ့ကြပြီဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ တစ်ယောက်သည်လည်း သေဆုံးသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူများ အားလုံး သည် ဒေါသထွက်လျက် ရှိနေကြသည်။
၎င်းတို့အားလုံးသည် ကျွင်းချောင်ရှောင်းကို အစိတ်စိတ် အပိုင်းပိုင်း ဆွဲခွဲချင်စိတ် ရှိနေ၏။ သို့ပေမဲ့ ၎င်းတို့ မည်မျှ ဒေါသထွက်နေသည်ဆိုဆို ခရမ်းရောင်ဘုရင်နှင့် တခြားသူများကိုလည်း ကျော်ဖြတ်လို့ မရနိုင်ခဲ့ချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းကိုလည်း အလုံးစုံ အာရုံစိုက်ထား၍ မရနိုင် ဖြစ်နေ၏။
ဝုန်း
တင်းရှင်းဝမ်သည် ရန်သူ၏ အနောက်ဘက်တွင် ပေါ်လာခဲ့၏။ ၎င်း၏လက်ထဲတွင်ရှိသော ရတနာငါးပါး မိစ္ဆာ စွမ်းအင်များသည် စုဝေးရောက်ရှိလာခဲ့သည်။
ဘုန်း
ရန်သူသည် သတိမပြုမိချေ။ ထို့ကြောင့် မြေပေါ်သို့ ပြုတ်ကျသွားရ၏။ ၎င်း၏ ခန္ဓာကိုယ်ထဲတွင် မိစ္ဆာချီ ငါးမျိုး တို့သည် ဝင်ရောက်တိုက်ခိုက်ပြန်၏။ ဤနည်းလမ်းနှင့်ပင် ခရမ်းရောင်ဘုရင်နှင့် တိုက်ခိုက်လျက်ရှိနေသော ကျွမ်းကျင်သူများမှာ သုံးယောက်သာ ကျန်ရှိတော့၏။ သုံးယောက်တစ်ယောက် တိုက်ခိုက်သည့် အချိန်မှာတော့ ၎င်းတို့သည် တန်ပြန်တိုက်ခိုက်မှုကိုပင် အကျိုးရှိရှိ ထုတ်ဖော် အသုံးမပြုနိုင်ခဲ့ကြတော့ချေ။
“ပွဲက ပြီးပြီပဲ” ကျွင်းချောင်ရှောင်းက ပြုံးလိုက်သည်။
“သေစမ်း”
ဘုန်း ဘုန်း
ခရမ်းရောင်ဘုရင်၏ စွမ်းအင်များသည် ကောင်းကင်ယံတစ်ခုလုံးတွင် ပြည့်နှက်နေခဲ့၏။ ကြီးမားလှသည့် လက်သီးကြီးသည် ကောင်းကင်တစ်ခုလုံးတွင် ပြည့်နှက်စွာဖြင့် ဖြစ်တည်ကာ တစ်ဖက်လူအား တိုက်ခိုက်ပြန်၏။ သုံးယောက်သာ ကျန်ရှိသည့်အချိန်မှာတော့ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများသည် အလွန်တရာ ဆိုးရွား လှစွာဖြင့် ရိုက်နှက်ထိုးကျိတ်ခြင်းကို ခံနေရ၏။
“နောက်ဆုတ်” တစ်ယောက်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ ၎င်းတို့ ကိုးယောက်လာခဲ့သည့်အချိန်တွင် သုံးယောက်သည် ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ အခြေအနေမှာ ဆိုးရွားလွန်းနေ၏။ ဤအတိုင်းသာ ဆက်လက် တိုက်ခိုက်နေမည်ဆိုပါက အားလုံးသည် အရှုံးပေးရတော့မှာ ဖြစ်တော့သည်။
ဝှစ် ဝှစ်
ချက်ချင်းပဲ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ၏ စွမ်းအင်လှိုင်းများသည် ပေါက်ကွဲထွက်သွား၏။ ပြီးသည့်နောက် မှာတော့ ၎င်းတို့သည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး အဝေးတစ်နေရာသို့ ပျံသန်းတော့သည်။ ခရမ်းရောင်ဘုရင်သည် ကြည့်ရုံသာ တတ်နိုင်တော့သည်။ ဤကဲ့သို့အဆင့်မြင့် ကျင့်ကြံသူများ ထွက်ပြေးသည့် အချိန်တွင် တားဆီးရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။
“ဟမ့်”
၎င်းသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “ငကြောက်တွေပဲ”
ငါးယောက်တစ်ယောက် တိုက်ခိုက်ရသည်ဆိုသည်မှာ အနည်းငယ် ခက်ခဲလှသည်ဆိုသော်လည်း ခရမ်းရောင် ဘုရင်သည် အလွန်ပင် စိတ်ကျေနပ်လျက်ရှိ၏။
“ထွက်ပြေးချင်တာလား”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင်တော့ အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ သူသည် မာန်ပါပါဖြင့် ပြောလိုက်တော့သည်။ “ကျုပ် သဘောတူလား၊ မတူဘူးလား အရင်မေးအုံးမှပေါ့”
ရွှီး
သူသည် လက်ကို ဖြန့်ကားပြီးသည့်နောက်မှာတော့ အော်ဟစ်လိုက်သည်။ “ပေါက်ကွဲစမ်း”
ဝမ် ဝမ် ဝမ်
သူ၏ စကားထွက်ပေါ်လာပြီးချင်းမှာပဲ လေထုထဲတွင်ရှိသော တည်နေရာတစ်ခုလုံးသည် ရှုံ့တွသွား၏။ ပြီးနောက် မိုးကြိုးအစီအရင်များသည် ဖြစ်တည်လာခဲ့တော့၏။ အဝေးတစ်နေရာဆီသို့ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြပြီ ဖြစ်သော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ သုံးယောက်တို့၏ နှလုံးသားထဲတွင် အားကောင်းလွန်းလှသည့် မကောင်းသည့် ခံစားချက်များ ဖြစ်တည်လာခဲ့တော့၏။
“မကောင်းတော့ဘူး”
ဘုန်း ဘုန်း ဘုန်း
မိုးကြိုးအစီအရင် ဆယ်ခုတို့သည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ၎င်းတို့အား ကြီးကြီးကျယ်ကျယ် ပစ်လွှတ် တိုက်ခိုက်တော့၏။
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း
ခဏအတွင်းမှာပဲ မိုးကြိုးအစီအရင်များ ဖြစ်တည်လာပြီးသည့်နောက် ကြီးမားသည့် ပေါက်ကွဲမှုများသည် တည်နေရာကြီး ပြိုကွဲလုမတတ် ဖြစ်သွားခဲ့၏။ ဤပေါက်ကွဲမှုများသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းလှ သနည်း။ မိုင်တစ်ထောင် အဝေးတစ်နေရာတွင်ရှိနေသော သိုင်းကျင့်ကြံသူများ အားလုံးသည် ထိုအရာကို ခံစားမိ နေကြ၏။ ၎င်းတို့သည် ထိတ်လန့်တကြားဖြင့် ကောင်းကင်ကြီးတစ်ခုလုံးကို မော့ကြည့်နေမိကြ၏။ မျက်လုံးများ သည် အပြူးသားဖြစ်နေ၏။ သူတို့၏ အမြင်အာရုံထဲတွင်တော့ မိုးကြိုးလှိုင်းများသည်သာ ပြည့်နှက်လျက် ရှိနေ၏။ မည်မျှ ကြောက်မက်ဖွယ်ရာကောင်းလှသည့် မိုးကြိုးတိုက်ခိုက်နည်းဖြစ်သနည်း။
“ကောင်းကင်ဘုံ… ဒါဘယ်လိုမျိုး တိုက်ခိုက်ရေး နည်းစနစ်မျိုးပဲ”
“ကောင်းကင်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဝင်ရောက် တိုက်ခိုက်လိုက်တာလား”
…………
ဝှစ် ဝှစ်
ပေါက်ကွဲမှုများ ဖြစ်ပေါ်ပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ် အပြင်ဘက်ဆီတွင် လေတိုးသံများ ဖြစ်တည်လာခဲ့၏။ ကြောက်မက်ဖွယ်ရာကောင်းလှသော မိုးကြိုးဒြပ်စင်များသည် တည်နေရာကြီး တစ်ခုလုံးတွင် ပျံ့နှံ့လျက်ရှိပြီး တည်နေရာတစ်ခုလုံးသည် မိုးကြိုးများ ကျဆင်းရန် တားမြစ်တည်နေရာကြီး တစ်ခု ကဲ့သို့ပင် ဖြစ်တည်နေ၏။
ပေါက်ကွဲမှုနှင့် အနီးစပ်ဆုံးတွင် ရှိနေသော သိုင်းကျင့်ကြံသူများ အားလုံးသည် မတုန်လှုပ်ဘဲ မနေနိုင်ကြပေ။ ၎င်းတို့၏ လက်နှင့် ခန္ဓာကိုယ်များပင်လျှင် တုန်ခါလျက်ရှိနေ၏။ ဤကဲ့သို့ ဆက်တိုက် ပေါက်ကွဲမှုမျိုးကို ကိုယ်တိုင်ကိုယ်ကျ မြင်ရပြီးသည့်နောက်မှာတော့ ၎င်းတို့၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်ရာကောင်းလှသည့် ခံစားချက်များ တိုးဝင်ရောက်ရှိလျက် ရှိနေတော့၏။ ၎င်းတို့အနေနှင့် လေထဲတွင် မတ်တပ်ရပ်နေနိုင်သည် ဆိုသည်မှာတောင် ကံကောင်းလှပြီဖြစ်သည်။ ကြောက်လန့်တကြားနှင့် မြေပေါ်သို့ ပြုတ်ကျမသွားသည်ကိုပင် ကျေးဇူးတင်ရမည်။
“ဒါက”
ကျန့်ရာနှင့် တခြားသောသူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားသည်။ ဂိုဏ်းချုပ်သည် မကြာသေးခင်က အစီအရင်ဟောခန်းဆီသို့ ဝင်ချီထွက်ချီ လုပ်လျက်ရှိ၏။ ဤသည်မှာ ကျန်းတယ်ကျွင်းနှင့်အတူ အစီအရင်အား လေ့လာနေခြင်းဖြစ်မည်ဟု ခန့်မှန်းမိကြ၏။ သို့ပေမဲ့ ဤမျှအားကောင်းလှသော မိုးကြိုးအစီအရင် ကြီးကို ဖန်တီးနိုင်သည်ဆိုခြင်းမှာ ဂိုဏ်းချုပ်၏ အစီအရင်နှင့်ပတ်သက်သော အတတ်ပညာသည် မည်မျှ နက်နဲ သည့်အခြေအနေသို့ ရောက်ရှိနေသနည်း။
ဟား ဟား ဟား ဟား
ကျွင်းချောင်ရှောင်းသည် မျက်နှာကို အုပ်ကိုင်ပြီးသည့်နောက် အားရပါးရ ရယ်မောလိုက်၏။ “လူတွေကို ဖောက်ခွဲရတဲ့အရာက ဘယ်လောက်ကောင်းလိုက်တဲ့ ခံစားချက်လဲ”
ခရမ်းရောင်ဘုရင်၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ စောနက ဖြစ်တည်ခဲ့သော ပေါက်ကွဲမှုအားအင် များ၏ အလယ်တွင် သူသာရောက်ရှိနေသည်ဆိုပါက ပြင်းပြင်းထန်ထန် ဒဏ်ရာမရရှိဘူးဆိုလျှင်တောင်မှ အလွန် တရာဆိုးရွားသည့်အခြေအနေသို့ ရောက်ရှိသွားနိုင်၏။
ဝှစ် ဝှစ်
ထိုအချိန်မှာပဲ မိုးကြိုးများ ပေါက်ကွဲရာတည်နေရာမှ ဘုံကိုးပါး ကုန်းမြေတိုက်ကြီး၏ ကျင့်ကြံသူများသည် မြေပေါ်သို့ ပြုတ်ကျနေကြပြီဖြစ်၏။ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများ ဗရပွနှင့် ဖြစ်နေသည်။ မိုးကြိုး အစီအရင်၏ ပေါက်ကွဲမှုအောက်တွင် ၎င်းတို့သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိရုံမက သတိလည်း မေ့လျက်ရှိနေတော့သည်။
“မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ သုံးယောက်ကို ဒဏ်ရာ ရရှိအောင် ပြုလုပ်နိုင်တဲ့အတွက် ပါဝင်ယှဉ်ပြိုင်သူကို ဂုဏ်ပြုပါတယ်၊ သီလအမှတ်ခြောက်ဆယ်ကို ရရှိပါတယ်” စနစ်၏ အမျိုးသမီးအသံသည် ထွက်ပေါ်လာခဲ့၏။
“ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိတယ် ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွား၏။ “ဒီလောက် ကြောက်စရာကောင်းတဲ့ မိုးကြိုးအစီအရင်ထဲမှာ ခံရတာတောင်မှ မသေသေးဘူးပေါ့”
စနစ်က ပြောလိုက်သည်။ “လက်ခံသူရဲ့ မိုးကြိုးအစီအရင်က အဆင့်နိမ့်သူတော်စင် အဆင့်နီးပါးပဲ ရှိတယ်လေ၊ ဒီတော့ သိုင်းနယ်မြေ ကျင့်ကြံသူတွေကို မသတ်ဖြတ်နိုင်ဘူးဆိုတာ သဘာဝပဲ”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် ပခုံးကို တွန့်ကာ ပြောလိုက်၏။ “မသေတော့လည်း ကောင်းတာပေါ့၊ သူ့တို့ကို ငွေပေးပြီး ပြန်ရွေးခိုင်းရတာပေါ့”
လက်ရှိ အခြေအနေမှာတော့ သူသည် ဦးတည်ချက် ပြောင်းသွားခဲ့ပြီဖြစ်သည်။ အဝေးတစ်နေရာတွင် ကြောက်လန့် တကြားဖြင့် တုန်ရင်လျက်ရှိနေသော သိုင်းကျင့်ကြံသူအဖွဲ့ကို ကြည့်ကာ သူသည် နှာခေါင်းရှုံ့လိုက်မိ၏။
“ခင်ဗျားတို့လည်း စမ်းချင်သေးလား”
ဝှစ် ဝှစ်
အားလုံးသောသူများသည် ဖြစ်နိုင်သမျှ အမြန်ဆုံး အဝေးဆုံး ထွက်ပြေးသွားခဲ့ကြ၏။ ၎င်းတို့သည် ခြေတစ်လှမ်း နောက်ကျသွားမည်ဆိုပါက ဤနေရာတွင် သေဆုံးသွားရမည်ကို စိုးရွံ့နေကြ၏။ မျက်စိတစ်မှိတ်အတွင်း ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၏ တည်နေရာစက်ဝိုင်းအနားတွင် မည်သူမှ မရှိကြတော့ချေ။
“တိုက်ပွဲတည်နေရာကြီးကို ရှင်းလင်းလိုက်ကြတော့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“ကောင်းပါပြီ” ကျန့်ရာနှင့်တခြားသူများအားလုံးသည် မြန်မြန်ပဲ လှုပ်ရှားလိုက်ကြ၏။ မကြာခင်မှာပဲ တည်နေရာ ခံတပ်ကြီး၏ အပြင်ဘက်တွင် ကြီးမားလှသော သစ်သားတိုင်ကြီး ရှစ်တိုင် ပေါ်လာတော့သည်။ ထိုရှစ်တိုင်တွင် ဘုံကိုးပါးကုန်းမြေတိုက်ကြီးဆီမှ ကျွမ်းကျင်သူ ရှစ်ယောက်တို့ကို ချည်နှောင်ထားခဲ့ကြ၏။ ၎င်းတို့သည် စီမေနှင့် တင်းမာခက်ထန်သော မျက်နှာနှင့်လူ၏ ဘေးတွင် စီစီရီရီနှင့် ချုပ်နှောင်ခံထားရ၏။
ဤအဆင့်မြင့် ကျင့်ကြံသူများသည် ရောက်လာစဉ်က အလွန်တရာ မောက်မာစွာဖြင့် ရောက်ရှိလာခဲ့သည် ဖြစ်သော်လည်း လက်ရှိအခြေအနေတွင်တော့ ပျံသန်းမသွားနိုင်ခဲ့တော့ချေ။ တချို့သည် ဆိုးဆိုးရွားရွား ဒဏ်ရာ ရရှိထားပြီး တချို့မှာ လက်ပင် ပြတ်နေ၏။ တချို့မှာမူ မီးရှို့ခံထားရသလို ခန္ဓာကိုယ်တစ်ခုလုံး မဲတူးလျက်ရှိနေ၏။ အားကောင်းလွန်းလှသော စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်၏ ဟန်ပန် အမူအရာမျိုးပင် မရှိတော့ချေ။
အတွင်းခံအနီရောင်ကိုသာ ဝတ်ဆင်ထားသော ခရမ်းရောင်ဘုရင်သည် ထိုတိုင်များရှေ့တွင် လက်ပိုက်ကာ ရပ်လျက် ရှိနေ၏။
ဝှစ်
လေများတိုက်ခတ်ပြီးသည့်နောက် သူ၏ ခရမ်းရောင်ဆံပင်များသည် လေနှင့်အတူ လွင့်လျက်ရှိနေ၏။ အေးစက် လှသည့် သူ၏မျက်နှာကြီးသည် ထင်ပေါ်လျက်ရှိနေသည်။