← Chapters

ခရမ်းရောင်ခါးစည်းရွေးချယ်ခြင်း အခမ်းအနား

Vol. 25 Ch. 347

ခရမ်းရောင်ခါးစည်းရွေးချယ်ခြင်း အခမ်းအနား

Vol. 25 Ch. 347

“ခရမ်းရောင်ခါးစည်းရွေးချယ်တဲ့ပြိုင်ပွဲ...”

စိန်းထိုက်ယွမ်မှာ ဇူယွမ်၏တောင်းဆိုချက်ကြောင့် အံ့သြသွားခဲ့ရသည်။ သူသည် ခေတ္တမျှတွေဝေနေပြီးနောက် သက်ပြင်းချကာ စကားဆိုလိုက်၏။

“ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲဆိုတာ လွယ်လွယ်ကူကူ ယှဥ်ပြိုင်လို့ရတဲ့အရာ မဟုတ်ဘူးနော်။ မင်းအတွက်ဆို နည်းနည်းလေး စောနေဦးမလားလို့။”

ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း​ပြိုင်ပွဲသည် ကန်ရွှမ်းကလန်၏ အဓိကအခမ်းအနားတစ်ခု ဖြစ်၏။

အဘယ့်ကြောင့်ဆိုသော် ခရမ်းရောင်ခါးစည်းအဆင့်သည် ကလန်ထဲတွင် အမြင့်ဆုံးသောတပည့်အဆင့် ဖြစ်ပြီး ကလန်၏ကျောထောက်နောက်ခံတပည့်များ ဖြစ်လာလေ့ရှိခြင်းကြောင့် ဖြစ်လေသည်။

ထို့ကြောင့် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲမှာ အလွန်တင်းကြပ်ကာ တောင်ထွတ်ဆရာသခင်များသာမက ကလန်ခေါင်းဆောင်ပင် တက်ရောက်လေ့ရှိ၏။

စိန်းထိုက်ယွမ်ကဲ့သို့သော အကြီးအကဲသည်ပင် ခရမ်းရောင်ခါးစည်းအဆင့်အား သတ်မှတ်ပေး၍

မရပေ။ သူလုပ်ပေးနိုင်သည်မှာ တပည့်များအား ရွေးချယ်ခြင်းပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်စေပြီး အနိုင်ရရှိရန် ဆုတောင်းပေးရုံမျှသာ။

ထို့အပြင် ခရမ်းရောင်ခါးစည်းအဆင့်သို့ တက်ရောက်နိုင်မည့် တပည့်အရေအတွက်ကိုလည်း ပြိုင်ပွဲတိုင်း၌ ကန့်သတ်ထားလေ့ ရှိသည်။ ထို့အတွက်ကြောင့် ပြိုင်ပွဲမှာ ပုံမှန်အားဖြင့် သက်ဆိုင်ရာတောင်ထွတ်များမှ ပထမတန်းရွှေခါးစည်းတပည့်များသာ ပါဝင်ယှဥ်ပြိုင်လေ့ရှိကြပြီး အလွန်ပင် ပြင်းထန်လေ့ရှိပေသည်။

ပြောရမည်ဆိုပါလျှင်မူ ​အကြီးအကဲလုဟုန်း၏ လက်အောက်တွင်ရှိသော ဝေယိုရွှမ်းကဲ့သို့ ပထမတန်းရွှေခါးစည်းတပည့်သည်တောင်မှ ကလန်၏ထိပ်သီးအဆင့် လက်ရွေးစင်တပည့်များတွင် မပါဝင်နိုင်ပေ။

ထို့ကြောင့် စိန်းထိုက်ယွမ်မှာ ဇူယွမ့်အား ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲ၌ ပါဝင်ယှဥ်ပြိုင်ရန်

စောလွန်းသည်ဟု ခံစားနေရခြင်း ဖြစ်သည်။ စိန်းထိုက်ယွမ်မှာ ဇူယွမ်၏အရည်အချင်းအား မယုံကြည်ခြင်းမဟုတ်ပေ။ နှစ်တဝက်မျှ ကြိုးစားလေ့ကျင့်လိုက်လျှင်မူ အနိုင်ရရန်မခက်ခဲလောက်ဟု တွေးတောမိသောကြောင့်သာ ဖြစ်၏။

“ဇူယွမ်.....လာမယ့်အခမ်းအနားမှာက တပည့်ဆယ်ယောက်ကပဲ ခရမ်းရောင်ခါးစည်းအဆင့်ကို တက်လှမ်းခွင့်ရှိမှာပေမယ့် ဝင်ပြိုင်ကြမယ့်သူတွေကတော့ ရာနဲ့ချီတယ်။ အဲ့ဒါကြောင့်ပြိုင်ပွဲက တအားပြင်းထန်လိမ့်မယ်။”

စိန်းထိုက်ယွမ်သည် ဇူယွမ့်အား ပြိုင်ပွဲ၌ ပါဝင်ယှဥ်ပြိုင်ခြင်း မပြုစေချင်ပေ။

ဇူယွမ်မှာ အသာအယာပြုံးကာ ပြန်၍ပြောလိုက်၏။

“ဆရာစိန်း...ကျွန်တော်က အတွေ့အကြုံ လိုချင်ရုံပါ။ တကယ်လို့ ကျွန်တော်ရှုံးသွားခဲ့လည်း ဆုံးရှုံးစရာ ဘာမှမရှိပါဘူး..ဟုတ်တယ်မလား။”

ဇူယွမ်မှာ ပြုံး၍ပြောနေသော်လည်း သူ၏လေသံမှာ ဆုံးဖြတ်ချက်ပြတ်သားနေပေသည်။

နှစ်စဥ်နှစ်တိုင်း ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းအခမ်းအနားကို နှစ်ကြိမ်ကျင်းပလေ့ရှိပြီး ယခုလာမည့် ပြိုင်ပွဲသည် ဒီနှစ်အတွက် ဒုတိယအကြိမ်မြောက် အခမ်းအနားဖြစ်၏။ အကယ်၍ ဇူယွမ်သာ ပါဝင်ယှဥ်ပြိုင်ခြင်း မပြုပါက ဒီနှစ်အတွင်း ခရမ်းရောင်ခါးစည်း တပည့်ဖြစ်နိုင်ရန် အခွင့်အရေး မရှိတော့ပေ။ ထိုသို့ဆိုလျှင် နှစ်အကုန်၌ ကျင်းပမည်ဖြစ်သော တပည့်ခေါင်းဆောင်ရွေးချယ်ခြင်း အခမ်းအနားကိုလည်း

ပါဝင်ယှဥ်ပြိုင်၍ရမည် မဟုတ်တော့ချေ။

အကယ်၍ တစ်စုံတစ်ယောက်သာ တပည့်ခေါင်းဆောင် ဖြစ်လာမည်ဆိုလျှင် ​အဓိကတောင်ထွတ်၏ချိတ်ပိတ်ထားခြင်းကို ချိုးဖျက်လိုက်နိုင်သည်လည်း ဖြစ်လာနိုင်၏။ ထို့ကြောင့် ဇူယွမ်မှာ

ထိုကိစ္စနှင့်ပက်သက်၍ အနည်းငယ်မျှပင် မတုန့်ဆိုင်းရဲ​ပေ။အကယ်လို့များ အကြီးအကဲလုဟုန်း၏အဖွဲ့

အောင်မြင်ခဲ့ပါလျှင်မူ မည်သို့ဖြစ်သွားမည်နည်း။

အကယ်၍ လုဟုန်းသာ တောင်ထွတ်ဆရာသခင် ဖြစ်လာမည်ဆိုပါက ဇူယွမ်အတွက် ဒုတိယမြောက် သူတော်စင်မှော်စာလုံး ရှာဖွေရန် ပို၍ခက်ခဲသွားတော့မည် ဖြစ်၏။ ထို့ကြောင့် ဇူယွမ်မှာ လာမည့်ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲအား မဖြစ်မနေ ပါဝင်ယှဥ်ပြိုင်ရန် လိုအပ်ပေသည်။

ဇူယွမ်၏ ဆုံးဖြတ်ချက်​ပြတ်သားမှုအား တွေ့လိုက်ရသောအခါ စိန်းထိုက်ယွမ်မှာ အသိအမှတ်ပြုသည့်အနေနှင့် ပြုံးကာပြောလိုက်၏။

“မင်းကတကယ်ကို စိတ်မရှည်တဲ့ ကောင်လေးပဲ။”

ထို့နောက် စိန်းထိုက်ယွမ်မှာ သက်ပြင်းချကာ ဆက်၍ ပြောလိုက်သည်။ “ကောင်းပြီ...ဒါက မင်းလိုချင်တဲ့အရာဆိုရင် ဝင်ပြိုင်ပြီးတော့ ကြိုးစားကြည့်ပေါ့။ တကယ်လို့ ရှုံးသွားခဲ့ရင်လည်း နောက်နှစ်အတွက်

ပြင်ဆင်မှုလုပ်တယ်ပဲ သဘောထားလိုက်။”

“မင်းရှုံးခဲ့မယ်ဆိုရင်လည်း ဘာမှရှက်နေစရာ မရှိဘူး။ တခြားတပည့်တွေလည်း ခရမ်းရောင်ခါးစည်းရွေးချယ်တဲ့ပြိုင်ပွဲမှာ ထပ်ခါထပ်ခါ ပြိုင်ပြီး ထပ်ခါထပ်ခါ ရှုံးနေရတုန်းပဲ။”

စိန်းထိုက်ယွမ်သည် ဇူယွမ်အားကြည့်လိုက်ပြီးနောက် ဆက်၍ပြောလေသည်။ “အခုလာမယ့် ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲက နှစ်လအတွင်း ကျင်းပတော့မှာ။အဲ့တော့ ဒီနှစ်လအတွင်း မင်းအများကြီး

ကြိုးစားလေ့ကျင့်ရမယ်။ ငါမင်းရဲ့နာမည်ကို ပြိုင်ပွဲအတွက် စာရင်းသွင်းထားပေးမယ်။

“ကျေးဇူးတင်ပါတယ်ဆရာစိန်း။”

ထိုစကားကို ကြားလိုက်ရသောအခါ ဇူယွမ်မှာ အပျော်များဖြင့် ပြည့်နှက်သွားခဲ့သည်။

စိန်းထိုက်ယွမ်မှာ ကူကယ်ရာမဲ့စွာ ခေါင်းကိုခါယမ်းလိုက်လေသည်။သို့သော်လည်း သူ၏မျက်ဝန်းများ၌ ဂုဏ်ယူခြင်းနှင့် ပျော်ရွှင်ခြင်းအရိပ်အယောင်အချို့ ရှိနေခဲ့၏။

လူငယ်ဆိုသည်မှာ စိတ်ဓာတ်ခွန်အားပြင်းပြကာ ရည်မှန်းချက်ကြီးကြီး ရှိသင့်ပေသည်။ထိုသို့မှမဟုတ်လျှင် အန္တရာယ်များ၍ခက်ခဲသော ကျင့်ကြံခြင်းလမ်းစဥ်များကို လျှောက်လှမ်းနိုင်ရန် မည်သို့မျှော်လင့် ရပါမည်နည်း။

ဇူယွမ်မှ ကြိုးစားကြည့်ချင်သည် ဆိုမှတော့ စိန်းထိုက်ယွမ်သည် သူ့အား အခွင့်အရေးတစ်ခါ ပေးသင့်သည်ပင် ဖြစ်၏။ ထို့အပြင် ဤလူငယ်လေးမှာ အမြဲတမ်း အံ့အားသင့်စရာများဖြင့် ပြည့်နှက်နေသူ ဖြစ်သည်။အကယ်၍ သူအောင်မြင်သွားတာမျိုးလည်း ဖြစ်နိုင်သည် မဟုတ်ပါလား။

တကယ်လို့သာ ဇူယွမ်အောင်မြင်ခဲ့မည်ဆိုပါက ကလန်ခေါင်းဆောင်သည်ပင် မေ့ပျောက်လုနီးပါး

ဖြစ်နေသော သူတို့အုပ်စုအား ပြန်လည်၍ သတိထားမိကာ အလေးပေးဆက်ဆံလာမည် ဖြစ်သည်။အနာဂတ်တွင် ကလန်ခေါင်းဆောင်မှ ပါရမီရှင်တပည့်အချို့ကိုပင် သူ့အားပေးအပ်လာနိုင်ပေ၏။

ခရမ်းရောင်ဂူနန်းထဲ၌…။

အရင် ရွှေရောင်ဂူနန်းနှင့် နှိုင်းယှဥ်ရမည်ဆိုပါလျှင်မူ ယခု ခရမ်းရောင်ဂူနန်းသည် အဆပေါင်းများစွာ ပို၍

ကြီးမားလေသည်။ ဤခရမ်းရောင်ဂူနန်းသည် မူလတောင်၏ အလယ်ဗဟိုချက်မထိပင် ေရာက်ရှိနေဟန်ရှိပြီး ထိုနေရာမှ မူလစဦးချီစွမ်းအင်များအားလုံးကို လက်ဝါးကြီးအုပ်ထားဟန် ရှိ၏။

စမ်းချောင်းငယ်လေးတစ်ခုသည် ဂူအတွင်းဖက်၌ စီးဆင်းလျက် ရှိနေသည်။ အပြင်ဘက်မှ ဖြာကျလျက်ရှိနေသော နေရောင်ခြည်မှာ ဂူအတွင်းဖက်သို့ အလင်းရောင် အစက်အပြောက်များအဖြစ် ဝင်ရောက်လာပြီး ဖုန်မှုန့်များက ထိုအလင်းတန်းကလေးနှင့် အတူတကွ ကခုန်နေသည့်အလား မြင်ကွင်းကို ပေးစွမ်းလျက် ရှိ၏။

အကန့်အသတ်မဲ့သော ချီစွမ်းအင်တို့မှာ ဂူ၏အနက်ရှိုင်းဆုံးနေရာမှ ထုတ်လွှတ်နေလျက်ရှိပြီး ပါးလွှာသောအခိုးအငွေ့များအဖြစ် ပြောင်းလဲသွားကာ လေထုအား အလွန်ပင် လတ်ဆတ်စေလေသည်။

ဤနေရာတွင် သဘာဝအတိုင်း ထွက်ပေါ်နေလျက်ရှိသော ချီစွမ်းအင်သည်ပင် ရွှေရောင်ဂူနန်းထက် ပို၍

သိပ်သည်းပေသည်။

ဂူနန်း၏အစွန်းဖက်၌ပင် ကြီးမားသောဆေးဥယျာဥ်တစ်ခု ပါရှိပြီး ထူးခြားဆန်းကြယ်သော အပင်များ၊ပန်းများနှင့် ပြည့်နှက်နေလျက် ရှိ၏။ပန်းပင်များသည် ချီစွမ်းအင်များကို စုပ်ယူကာ ဆန်းပြားသော မွှေးရနံ့တို့ကို ထုတ်လွှတ်လျက် ရှိနေသည်။ ထိုရနံ့များသည် စိတ်ကိုငြိမ်သက်စေပြီး အာရုံစူးစိုက်မှုကို ပိုမိုအားကောင်းစေကာ ကျင့်ကြံလေ့ကျင့်ခြင်းများအတွက် များစွာအကျိုးဖြစ်ထွန်းစေလေသည်။

သို့သော် ဤနေရာထိုင်ခင်းအသစ်အား စိတ်ကျေနပ်မှု အရှိဆုံးသူမှာ ဇူယွမ်မဟုတ်ပဲ ယောင်ယောင် ဖြစ်နေ၏။

သူမသည် ဆေးဥယျာဥ်အား အလွန်ပင် နှစ်သက်သဘောကျနေဟန်ရှိပြီး တောက်ပသောရတနာခန်းမမှပင် မျိုးစေ့အချို့ ဝယ်ယူလာကာ နေ့စဥ်နေ့တိုင်းဆိုသလို အပင်များကို ဂရုစိုက်နေလေသည်။

မူလချီစွမ်းအင်ဝင်ပေါက်အနီးရှိ ဂူအတွင်းနက်နက် တစ်နေရာ၌...

ဇူယွမ်မှာ ကျောက်တုံးတစ်ခုပေါ်တွင် ခြေထောက်များချိတ်ကာ ထိုင်နေလျက်ရှိပြီး မျက်လုံးများအား

ပိတ်ထားလေသည်။ သူ၏ရှေ့တွင်မူ နေရောင်ကဲ့သို့ တလက်လက်တောက်ပကာ အပူရှိန်များကို ထုတ်လွှတ်နေလျက်ရှိသော ကြည်လင်သည့်အနီရောင် သလင်းကျောက်တစ်ခု ရှိနေ၏။

ထိုအရာမှာ ကောင်းကင်ဘုံနေနတ်ဘုရားမှတ်တမ်းအား လေ့ကျင့်ရန်လိုအပ်သော ယင်ကိုးမျိုးသလင်းကျောက်တုံးပင် ဖြစ်သည်။

ဇူယွမ်မှာ လက်နှစ်ဖက်ဖြင့် သလင်းကျောက်တုံးအား ဆုပ်ကိုင်လိုက်သောအခါတွင် သူ၏လက်ထဲ၌ နေသို့မဟုတ် လတစ်စင်းအား ဆုပ်ကိုင်ထားရသကဲ့သို့ ခံစားမိလေသည်။ ဇူယွမ်၏လက်မှ ရွှေရောင်ချီစွမ်းအင် အမျှင်အတန်းတစ်ခု ပေါ်ထွက်လာပြီး ဖြည်းညင်းစွာဖြင့် သလင်းကျောက်အား ချေဖျက်နေလျက် ရှိ၏။

ချီစွမ်းအင်များမှ သလင်းကျောက်အား ချေဖျက်ပြီးသွားသောအခါ၌ များစွာသော သလင်းကျောက်အမှုန်များမှာ ဇူယွမ်၏ချီစွမ်းအင်များနှင့် စတင်၍ပေါင်းစည်းလာလေသည်။ ထိုပေါင်းစည်းသွားသော ချီစွမ်းအင်များမှာ ဇူယွမ်၏လက်မှတဆင့် ချီပင်လယ်ထဲသို့ ဆက်လက်စီးဆင်းသွားကြ၏။

ကောင်းကင်ဘုံကျင့်စဥ်တစ်ခုအား သင်ယူနိုင်ရန်မှာ အတော်ပင် ရှုပ်ထွေးလေသည်။ သစ်လွင်တိကျသော

ပေါင်းစပ်ဖွဲ့စည်းမှုတစ်ခု မရခင်အထိ လိုအပ်သော အရင်းအမြစ်များနှင့် မိမိ၏ချီစွမ်းအင်များကို အချိုးအစားညီမျှသည်အထိ အဆက်မပြတ် ပေါင်းစည်းပေးနေရန် လိုအပ်ပေသည်။

ဤအဆင့်သည် ကျင့်ကြံသူအတော်များများကို အနှောင့်အယှက်ဖြစ်စေပြီး မရေမတွက်နိုင်သော အရင်းအမြစ်များ ဖြုန်းတီးနေသလို ဖြစ်ရလေ့ရှိ၏။

ထို့အပြင် တစ်ခါရှုံးနိမ့်တိုင်းတွင် လိုအပ်သောအရင်းအမြစ်များနှင့်ပေါင်းစည်းထားသော ချီစွမ်းအင်များပါ ကုန်ဆုံးသွားရခြင်း ဖြစ်ပေသည်။

ကံကောင်းစွာဖြင့် ဇူယွမ့်ထံတွင် အနက်ဖော်သူတော်စင်မှော်စာလုံး ရှိနေခြင်းအား ကျေးဇူးတင်ရပေမည်။ မှော်စာလုံး၏အကူအညီဖြင့် သူ၏ချီစွမ်းအင်နှင့် အရင်းအမြစ်ပမာဏ မည်မျှလောက် ပေါင်းစပ်ရမည်ကို ရှင်းလင်းစွာ သိမြင်နိုင်ခဲ့ပြီး အရင်းအမြစ်များ ဖြုန်းတီးခြင်းကို လျှော့ချနိုင်ခဲ့၏။

သို့သော်လည်း သူသည် လုံးဝချောမွေ့သော မူလနည်းစနစ်တစ်ခုအား ဖန်တီးရန်နှင့် ထိုအရာအား သူ၏ချီပင်လယ်ထဲတွင် အမှတ်အသားပြုလုပ်ရန် အချိန်အနည်းငယ် လိုအပ်နေပေသေးသည်။

ဟူး...

အချိန်အချို့ကြာသွားပြီးသည့်နောက်တွင် ဇူယွမ်၏ တင်းကြပ်စွာပိတ်ထားသော မျက်ဝန်းများမှာ ပွင့်ဟလာခဲ့ပြီး အသက်အားရှူထုတ်လိုက်​လေ၏။

ဇူယွမ်မှာခေါင်းကိုငုံ့ကာ သူ၏လက်အား ကြည့်လိုက်ပြီး ယင်ကိုးမျိုးကျောက်သလင်းသည် သုံးပုံတစ်ပုံမျှ

သေးငယ်သွားသည်အား တွေ့ရှိလိုက်ရပေသည်။

“ဒီနှုန်းအတိုင်းသာ ကောင်းကောင်းလေးဆက်သွားနေမယ်ဆိုရင် တစ်လအကြာမှာ အမှတ်အသားကို

ဖန်တီးနိုင်လောက်တယ်။” ဇူယွမ်မှာ သူ၏တိုးတက်လာမှုအား သဘောကျစွာဖြင့် ဖြည်းညင်းစွာ ပြုံးလိုက်၏။

ဇူယွမ်သည်  ဂူနန်းထဲတိုင်အောင် မွှေးပျံ့နေသော ပန်းရနံ့များအား ရှူရှိုက်လိုက်ရင်း ခါးကြောများကို ဆန့်ထုတ်လိုက်လေသည်။သူသည် သိုသိုသိပ်သိပ်သာ နေခဲ့သည်မှာ ဆယ်ရက်ကျော်မျှပင် ရှိနေပြီ ဖြစ်၏။

ထို့ကြောင့် ဂူနန်းယှဥ်ပြိုင်ပွဲမှ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသော ဇူယွမ်၏သတင်းမှာလည်း တဖြည်းဖြည်းနှင့်

ပျောက်ကွယ်လာခဲ့လေသည်။ ထို့အပြင် ရွှေခါးစည်းတပည့်နှစ်ယောက်အကြားရှိ ယှဥ်ပြိုင်ပွဲလေးတစ်ခုအားလည်း မည်သူကမျှ အမြဲတစေ စိတ်ဝင်စားနေမည်မဟုတ်ပေ။

ဇူယွမ်မှာလည်း လူအများအာရုံစိုက်ခြင်းခံရသည်ကို သဘောမကျပဲ အေးအေးဆေးဆေးဖြင့် ပို၍သန်မာလာအောင် လေ့ကျင့်ရခြင်းကိုသာ နှစ်သက်ပေသည်။

သို့သော် ဇူယွမ်သည် စိန်းထိုက်ယွမ်မှ သူ့အား ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲအတွက်

အမည်စာရင်းသွင်းပေးသော အကြောင်းမှာ လာမည့်နှစ်ရက်အတွင်း ပျံ့နှံ့သွားမည်ဖြစ်ပြီး ကလန်တစ်ခုလုံး အား ရုတ်ရုတ်သဲသဲ ထပ်၍ဖြစ်စေဦးမည်ဖြစ်ကြောင်း သိရှိထားပေသည်။

“ဟမ်...”

ဇူယွမ် မတ်တပ်ရပ်ထရပ်လိုက်သည်နှင့်တစ်ပြိုင်နက် ဂူပေါက်ဝတွင် လူတစ်ဦးရှိနေသည်အား ခံစားမိလိုက်ပြီး ဂူအဝမှအတားအဆီးများကြောင့် ဂူနန်းထဲဝင်ရောက်မရဖြစ်နေသည်ကို သိရှိလိုက်၏။ထိုဝဝဖြိုးဖြိုး ပုံရိပ်မှာ ရှန်ဝမ့်ကျင်းမှလွဲ၍ မည်သူဖြစ်နိုင်မည်နည်း။

ဇူယွမ်မှာ ဂူနန်းအပေါက်ဝသို့ လျင်မြန်စွာ လျှောက်လှမ်းသွားလိုက်ပြီး အင်္ကျီလက်မောင်းအိုးအား ခါယမ်းလိုက်ကာ အတားအဆီးများကို ပယ်ဖျယ်လိုက်လေသည်။

ရှန်းဝမ့်ကျင်းမှာ ဇူယွမ်ထွက်လာသည်ကို မြင်လိုက်သည်နှင့်တကွ ပြုံးကာအရှေ့သို့ လျှောက်လှမ်းလာလိုက်ရင်း အင်္ကျီလက်မောင်းအိုးထဲမှ စာလိပ်တစ်ခုအား ထုတ်ယူလိုက်လေသည်။ “ယွမ်အကိုလေး… အကိုလေးခိုင်းထားတဲ့ကိစ္စ ကျွန်တော်လုပ်ပြီးခဲ့ပြီ။”

“ဒီစာလိပ်ထဲမှာ လာမယ့်ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲမှာ ပါဝင်မယ့် တပည့်အကုန်လုံးရဲ့ အသေးစိတ်အချက်အလက်တွေ အားလုံး ထည့်ပေးထားတယ်။”

ရှန်ဝမ့်ကျင်းမှာ နှုတ်ခမ်းကိုဖိကိုက်ကာ ဆက်၍ပြောလိုက်သည်။ “သူတို့အားလုံးက သက်ဆိုင်ရာတောင်ထွတ်တွေရဲ့ အထွတ်အထိပ်နေရာမှာရှိနေတဲ့ ပထမတန်း ရွှေခါးစည်းတပည့်တွေချည်းပဲ။ဝေယိုရွှမ်းထက် အားနည်းတဲ့သူ တစ်ယောက်မှမပါဘူး။”

“အကိုလေးယွမ်...အကိုလေး ဒီပွဲကိုပြိုင်မှာ သေချာပြီလား။” ရှန်ဝမ့်ကျင်းသည် ခေါင်းကိုကုတ်ကာ မေးလိုက်၏။

“ကျွန်တော်သိရသလောက်ဆိုရင် အတွင်းတောင်ကိုရောက်လာတာ တစ်လလောက်ပဲ

ရှိသေးတဲ့ ဘယ်တပည့်ကမှ ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲကို ပါဝင်ဖို့ မတွေးရဲကြဖူးဘူး။”

ဇူယွမ်မှာပြန်လည်၍သာ ပြုံးပြလိုက်ပြီး မေးခွန်းအား

အဖြေမပေးပဲ စာလိပ်ကိုသာ ဖြည်းညင်းစွာ ​​​​ဖြ​​​​ည်ချလိုက်လေသည်။ အမည်စာရင်းနှင့် အချက်အလက်များကို သေချာစွာ ကြည့်ရှုနေရင်း မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ စကားဆိုလိုက်၏။

“သူတို့အားလုံးထဲမှာ လွယ်လွယ်ကူကူ အနိုင်ယူလို့ရမယ့်သူ တစ်ယောက်မှမပါဘူးပဲ။”

ဇူယွမ်သည် ဤအချိန်များအတွင်း သိုသိပ်စွာနေခဲ့ပြီးနောက် ဂူနန်းယှဥ်ပြိုင်ပွဲအကြောင်း ဝေဖန်ဆွေးနွေးမှုများသည်လည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်လာခဲ့၏။ယခုအချိန်တွင် မည်သူမှ ထိုအကြောင်းကိစ္စအား မပြောတော့သလောက်ပင် ဖြစ်နေပြီ ဖြစ်သည်။

ထို့အပြင် ကန်ရွှမ်းကလန်ထဲ၌ စိတ်ဝင်စားစရာကိစ္စရပ်များမှာ ပြောမကုန်နိုင်အောင် များပြားလေသည်။ထို့ကြောင့် ဂူနန်းယှဥ်ပြိုင်ပွဲလေးတစ်ခုသည် မည်မျှပင် အံ့အားသင့်စရာ ကောင်းနေပါစေ၊လူတိုင်း၏ စိတ်အာရုံအား အချိန်ကြာမြင့်စွာ ဆွဲဆောင်နိုင်မည်မဟုတ်ပေ။

ထိုသည်သာမက ကန်ရွှန်းကလန်၏ အဓိက အခမ်းအနားဖြစ်သော ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲသည်လည်း လာမည့်နှစ်လအတွင်း၌ ကျင်းပတော့မည်ဖြစ်၏။

ထိုပြိုင်ပွဲသည် ကန်ရွှမ်းကလန်တစ်ခုလုံးရှိ တပည့်များအားလုံး မျှော်လင့်စောင့်စားနေကြသော အခမ်းအနားပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ခရမ်းရောင်ခါးစည်းအဆင့်ဖြစ်လာသော တပည့်များသည် အခြားတပည့်များမှ စံနမူနာယူကာ လေးစားရိုသေရသော ကလန်၏ အစစ်အမှန်အထက်တန်းတပည့်များ ဖြစ်လာသောကြောင့် ဖြစ်ပေ၏။ အကယ်၍ တပည့်တစ်ဦးသည် ခရမ်းရောင်ခါးစည်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့မည်ဆိုပါက သူ၏အဆင့်အတန်းနှင့် လူအများမှ ဆက်ဆံကြပုံတို့မှာ ယခင်နှင့်များစွာ ခြားနားသွားမည်ပင် ဖြစ်သည်။

ထို့ကြောင့် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲမှာ လွန်စွာတင်းကြပ်နေရခြင်း ဖြစ်၏။ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းအခမ်းအနားကို တစ်နှစ်လျှင် နှစ်ကြိမ်သာ ကျင်းပလေ့ရှိပြီး ခရမ်းရောင်ခါးစည်းအဆင့်သို့ တက်လှမ်းနိုင်မည့် တပည့်အရေအတွက်ကိုလည်း ကန့်သတ်ထားလေ့ရှိသည်။ ထို့အတွက်ကြောင့်

အထူးချွန်ဆုံး ရွှေခါးစည်းတပည့်များကသာ သူတို့၏ ရွှေရောင်ခါးစည်းအား ခရမ်းရောင်အဖြစ် ပြောင်းလဲနိုင်မည် ဖြစ်သည်။

တပည့်များအားလုံးသည် ထိုပြိုင်ပွဲအတွက် နှစ်ပေါင်းများစွာ လေ့ကျင့်ကြိုးစားလေ့ရှိ၏။ ထို့ကြောင့် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲတိုင်းသည် လွန်စွာပြင်းထန်သောယှဥ်ပြိုင်ပွဲများ ဖြစ်လာခဲ့လေသည်။

ရွေးချယ်ခြင်းအခမ်းအနား နီးကပ်လာသည်နှင့်အမျှ ကန်ရွှမ်းကလန်ရှိ တပည့်များအားလုံးသည် ထိုပြိုင်ပွဲကိုသာ အာရုံစိုက်လာကြပြီး ဝေဖန်ဆွေးနွေးကြသော စကားဝိုင်းများအားလုံးသည်လည်း ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲအကြောင်းများဖြင့်သာ ပြည့်နှက်လာခဲ့ရ၏။

ထို့ကြောင့် လာမည့်ခရမ်းရောင်ခါးစည်း ရွေးချယ်ပြိုင်ပွဲ၌ ပါဝင်ယှဥ်ပြိုင်ကြမည့်ထဲမှ အထူးချွန်ဆုံးသော ပါရမီရှင်များသည် လူတိုင်း၏စိတ်အာရုံကို ဖမ်းစားနိုင်ခဲဲ့ကြလေသည်။ တပည့်တိုင်းသည် မည်သူက ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲအား အောင်မြင်စွာဖြင့် ကျော်ဖြတ်နိုင်မည် ဆိုသည်ကို

သိချင်နေကြလျက် ရှိ၏။

ထိုအချိန်တွင် ပြိုင်ပွဲ၌ ဇူယွမ်ပါဝင်လာမှုသတင်းက ပျံ့နှံ့သွားခဲ့ပြီး လူများအား အတော်လေး စိတ်လှုပ်ရှားစေသော သတင်းတစ်ခု ဖြစ်ခဲ့လေသည်။

လူတိုင်း၏စိတ်ထဲတွင် မေ့လျော့လုနီးပါး ဖြစ်နေသော ဇူယွမ်၏အမည်မှာ တဖန်ပြန်လည် ကျော်ကြားလာခဲ့၏။

“ဇူယွမ်က စိတ်ကြီးဝင်လွန်းတာပဲ..သူအတွင်းတောင်ကို ရောက်လာတာတောင် ဘယ်လောက်ရှိသေးလို့လဲ။ ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲကို ဝင်ပြိုင်ရဲတာ ငါဖြင့် အ့ံသြလို့မဆုံးဘူး။”

“ဟုတ်ပ..အတွင်းတောင်ထဲရောက်တာ တစ်လလောက်ပဲ ရှိသေးတဲ့ ဘယ်တပည့်ကမှ ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ စိတ်တောင်မကူးရဲကြဘူး။ စီနီယာအကိုတော်ချူချင်းတောင်မှ

အတွင်းတောင်ထဲရောက်တာ နှစ်ဝက်ကြာမှ ဝင်ပြိုင်ပြီး ပထမနေရာကို ရယူနိုင်ခဲ့တာ။”

“ကျွတ်....သူက ဝေယိုရွှမ်းလောက်ကို နိုင်ရုံလေးနဲ့ ကိုယ့်အဆင့်ကိုယ် မေ့နေပြီလား မသိပါဘူး။ မင်းသိလား...ဝေယိုရွှမ်းလိုလူတောင်မှ ခရမ်းရောင်ခါးစည်းရွေးချယ်တဲ့ပြိုင်ပွဲကို အောင်မြင်ဖို့ အဲ့လောက်ယုံကြည်ချက် ရှိမှာမဟုတ်ဘူး။”

“ဝင်ပြိုင်ကြမယ့်လူတွေအားလုံးက သက်ဆိုင်ရာတောင်ထွတ်က အထူးချွန်ဆုံး တပည့်တွေချည်းပဲ။

ဝေယိုရွှမ်းထက် အားနည်းတာ တစ်ယောက်မှ မပါဘူး။ အဲ့ဒါကို ဇူယွမ်က ဘယ်လို ဝင်ပြိုင်ရဲတာလဲ။”

“သူကတကယ့်ကို ငယ်ရွယ်ပြီး အသိဉာဏ်မရှိတဲ့ နွားနဲ့တူတာပဲ။”

“ကောင်းပါတယ်.....သူကသေရမှာ မကြောက်မှတော့ အခုအခက်အခဲတချို့ကို ရင်ဆိုင်ခိုင်းလိုက်ပြီး အနာဂတ်မှာ သူ့နေရာသူသိဖို့ မျှော်လင့်ရတာပဲ။ ပြောရမယ်ဆိုရင် သူ့ရှေ့မှာ အတွေ့အကြုံရှိတဲ့

စီနီယာတွေအများကြီးတောင် ဒီပြိုင်ပွဲကို မအောင်မြင်ကြသေးဘူး။”

“...”

ဓားကပ်ဘေးတောင်ထွတ်…။

စားသောက်ဆိုင်တစ်ခုအတွင်းရှိ သပ်ရပ်လှပသော အခန်းထဲတွင် ဖြစ်သည်။

“အဟက်....ဇူယွမ်က အရမ်းကို မောက်မာနေတာပဲ။ အတွင်းတောင်ထဲရောက်တာဖြင့် ဘယ်လောက်မှ မကြာသေးပဲနဲ့ ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲကိုတောင် ဝင်ပြိုင်ရဲနေပြီပေါ့လေ။ မောက်မာပြီး

သုံးစားမရတဲ့ အရူး။”

ထိုသပ်ရပ်လှပသော အခန်းထဲ၌ လုရွှမ်းယင်မှာ အေးစက်စက် မျက်နှာထားဖြင့် ဇူယွမ်အကြောင်းပြောပြီး လှောင်ပြောင်သရော်နေပေ၏။

သူမသည်လည်း ဇူယွမ်မှာ လာမည့်ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည့်အကြောင်းကို ကြားသိခဲ့ရပြီး ဖြစ်သည်။

လုရွှမ်းယင်မှာ ဇူယွမ်အား အစက မည်သို့မျှသိပ်ပြီး သဘောမထားခဲ့သော်လည်း လုဖန်းနှင့်အဖြစ်အပျက်က သူမအား အလွန်အမင်း  ဒေါသဖြစ်စေခဲ့၏။

သို့သော်လည်း တစ်လမျှသော အချိန်လေးအတွင်းမှာပင် ဇူယွမ်ထိုလောက်ထိ တိုးတက်လာလိမ့်မည်ဟု

ထင်မှတ်မထားခဲ့ချေ။ ယခုဆိုလျှင် ဇူယွမ်မှာ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲကိုတောင်

ဝင်ရောက်ယှဥ်ပြိုင်ရဲနေပြီ ဖြစ်သည်။

သူမဆိုလျှင် ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန် သုံးနှစ်ကျော်ထိ လေ့ကျင့်ကြိုးစားနေရဆဲပင် ဖြစ်၏။

လုရွှမ်းယင်၏ဘေးမှ ဆံပင်နီနီရဲရဲနှင့် ရှုယန်မှာ ဖြည်းညင်းစွာ ရီမောလိုက်ပြီး ဝိုင်အိုးအား ဖွင့်လိုက်ကာ လုရွှမ်းယင်ခွက်ထဲသို့ အနည်းငယ်မျှ လောင်းထည့်ပေးလိုက်ရင်း စကားဆိုလိုက်၏။

“အဲ့ဒါနဲ့ပက်သတ်ပြီး ဘာမှဒေါသထွက်နေစရာ မလိုပါဘူး။ အစကဆို  သူကအရမ်းသိုသိုသိပ်သိပ်နေတော့

အကိုက သူ့ကိုခက်ခဲအောင်လုပ်ဖို့ အကြောင်းပြချက်တောင် ရှာမရဖြစ်နေတာ။ အခုလို သူ့ဘာသာ

ထွက်လာမှတော့ အကိုတို့အတွက် ပိုပြီးတောင် လွယ်ကူသွားတာပေါ့။”

ရှုယန်မှာ တည်ငြိမ်နေလျက် ရှိပေသည်။ အမှန်တကယ်တော့ သူသည် ဇူယွမ်အား အနည်းငယ်

အသိအမှတ်ပြုခဲ့၏။ ထို့ကြောင့်ပင် ဇူယွမ်အား လုရွှမ်းယင်ကို တောင်းပန်ရန် ပြောဆိုခဲ့ခြင်းဖြစ်ပြီး လုရွှမ်းယင်နှင့်ဇူယွမ်တို့အကြားမှ ပဋိပက္ခများ ပြေပျောက်သွားစေလိုခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဇူယွမ်မှ သူ့အား ရိုသေလေးစားမှု မရှိစွာနှင့် ငြင်းပယ်ခဲ့မည်ဟု မထင်မှတ်ထားခဲ့ချေ။

ထိုသို့ငြင်းပယ်လိုက်ခြင်းက ရှုယန်အား အတော်ပင် ဒေါသဖြစ်စေခဲ့ပေသည်။ ဓားကပ်ဘေးတောင်ထွတ်တွင် ရှုယန်မှာ မြင့်မားသောအဆင့်အတန်းနှင့် အရည်အချင်းအား ပိုင်ဆိုင်ထားသူဖြစ်သည့်အပြင်

တောင်ထွတ်ဆရာသခင်လင်ကျွမ်းအောက်ရှိ ထူးချွန်ထက်မြက်သော ခရမ်းရောင်ခါးစည်း တပည့်တစ်ဦး ဖြစ်ပေသည်။ ပြောရမည်ဆိုလျှင် သူသည် လွှမ်းမိုးနိုင်စွမ်းရှိသူတစ်ဦးပင် ဖြစ်၏။

ထိုသို့သောအကြောင်းအရာများနှင့် သူ၏နောက်ခံ အသိုင်းအဝိုင်းကြောင့် ရှုယန်မှာ ပုံမှန်အားဖြင့် မာနကြီးသူတစ်ဦး ဖြစ်သည်။ သို့သော်လည်း သူသည် ဇူယွမ်အား ဦးစွာစ၍ မေးမြန်းခဲ့ခြင်းအားဖြင့်

လုံလောက်သောလေးစားမှုအား ပေးခဲ့လေသည်။ ထိုသည်တောင်မှ ဇူယွမ်က လေးစားရကောင်းမှန်း

မသိခဲ့ပေ။

မင်းကရိုသေလေးစားမှု မရှိမှတော့ မင်းကိုနာကျင်စေမှာတွေအတွက် ငါ့ကိုအပြစ်မတင်ပါနဲ့။

လုရွှမ်းယင်မှ ရှုယန်စကားကို ကြားလိုက်ရသောအခါတွင် မျက်ဝန်းများတောက်ပလာခဲ့ပြီး ပြုံး၍မေးလိုက်သည်။ “အကိုတော်မှာ အစီအစဥ် ရှိလား။”

ရှုယန်မှာ ဝိုင်အားအရသာခံကာ တစ်ငုံမျှသောက်လိုက်ပြီးနောက် ပြန်၍ပြောလိုက်၏။ “သူတို့ရောက်လာကြပြီ။”

သေသပ်လှပသော အခန်းတံခါးမှာ ပွင့်ဟသွားခဲ့ပြီး လူအချို့ ဝင်ရောက်လာကြသည်။ ထိုအုပ်စုတွင် လူငယ်လေးများသာ ပါဝင်ကြသော်လည်း သူတို့သည် လွှမ်းမိုးနိုင်ကြသောပုံစံ အပြည့်အဝရှိနေပြီး မျက်ဝန်းများမှာ လင်းလက်တောက်ပနေကြ၏။

“စီနီယာအကိုတော် ရှုယန်။” လူငယ်လေးများမှ ရှုယန်အား အရိုအသေပေးကာ နှုတ်ဆက်လိုက်ကြသည်။

ရှုယန်မှပြုံးကာ ခေါင်းငြိမ့်ပြလိုက်ပြီးနောက် လုရွှမ်းယင်အားကြည့်ကာ စကားဆိုလိုက်သည်။ “ညီမတော် သူတို့ကို မှတ်မိတယ်မလား။”

လုရွှမ်းယင်မှာ သူမ၏ရှေ့တွင်ရှိနေသော လူသုံးဦးအား အ့ံသြစွာဖြင့် ကြည့်လိုက်ပြီးနောက် ပြန်၍ပြောလိုက်၏။ “စီနီယာအကိုတော် လီထျန်း ၊ စီနီယာအကိုတော် ဝူချင်းနဲ့ စီနီယာအကိုတော် လျှိုသောင်းတို့ပါလား။”

ထိုသူများမှာ ဓားကပ်ဘေးတောင်ထွတ်၏ အထွတ်အထိပ်နေရာတွင်ရှိနေသော ရွှေခါးစည်းတပည့်များ ဖြစ်၏။ တစ်ဦးချင်းစီမှာ အလွန်စွမ်းရည်ပြည့်ဝကြသူများဖြစ်ပြီး လာမည့်ခရမ်းရောင်ခါးစည်းရွေးချယ်ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြမည့်သူများ ဖြစ်သည်။

သူတို့အားလုံးမှာ ဓားကပ်ဘေးတောင်ထွတ်၏ လက်အောက်မှ  တပည့်များဖြစ်ပါသော်လည်း မတူညီသော အကြီးအကဲများ၏လက်အောက်မှ သူများဖြစ်သည့်အလျောက် ပြိုင်ဖက်များ ဖြစ်ကြပြီး

ရှုယန်ကြောင့်သာ အတူတကွ ရှိနေကြခြင်း ဖြစ်လေသည်။

“စီနီယာအကိုတော် ရှုယန်...ကျွန်တော်တို့ကို ဘာပြောမလို့ ခေါ်လိုက်တာလဲဆိုတာ မေးလို့ရမလား။” သုံးယောက်ထဲမှ လီထျန်းဟုခေါ်သော အမြဲတမ်း ​ ပြုံးနေတက်သည့် လူငယ်မှ မေးမြန်းလိုက်၏။

ရှုယန်မှ သူတို့အား ထိုင်ဖို့အချက်ပြလိုက်လေသည်။ ထို့နောက် သူသည် လက်ထဲမှခွက်အား ကစားနေရင်းဖြင့် စကားဆိုလိုက်၏။ “ဒါက သေးငယ်တဲ့ကိစ္စလေးတစ်ခုပါပဲ။မင်းတို့အားလုံး ငါ့အတွက် ဒါလေးတော့

လုပ်ပေးနိုင်မယ်လို့ မျှော်လင့်မိတယ်။”

သူသည် လုရွှမ်းယင်အား ညွှန်ပြကာ ဆက်၍ပြောလိုက်သည်။ “ဂျူနီယာညီမတော် လုရွှမ်းယင်က

ဇူယွမ်နဲ့ ပြဿနာလေးတချို့ ရှိနေတယ်။ အဲ့ဒါ မင်းတို့အားလုံးကလည်း လာမယ့်ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲမှာ ဝင်ပြိုင်ကြမှာဆိုတော့ ဂျူနီယာညီမတော်လေး လုရွှမ်းယင်ကို ကူညီပေးနို်င်ကြမယ်

ထင်ပါတယ်။”

“ဇူယွမ်”

လီထျန်းနှင့်ကျန်သောသူနှစ်ဦးမှာ ခေတ္တမျှ တွေဝေသွားကြပြီးနောက် အမှတ်ရသွားသော လေသံဖြင့်

စကားဆိုလိုက်၏။ “ဟိုဝေယိုရွှမ်းကို နိုင်သွားတဲ့ တပည့်အသစ်လေးလား။”

လျှိုသောင်းမှာ ဖြည်းညင်းစွာ ရီမောကာ စကားဆက်လိုက်၏။”သူကအခုတလော တော်တော်လေး နာမည်ကြီးနေတဲ့တစ်ယောက်ပဲ။ ဒါပေမဲ့ သူက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတယ်။အတွင်းတောင်ကို ရောက်လာတာဖြင့် တစ်လကျော်ပဲ ရှိသေးတာကို

ခရမ်းရောင်ခါးစည်း ရွေးချယ်တဲ့ပြိုင်ပွဲကိုတောင် ဝင်ပြိုင်ရဲနေပြီ။ အဲ့ဒါက ကျွန်တော်တို့လို သူ့ထက် အတွေ့အကြုံရော အရည်အချင်းရော အများကြီးရှိတဲ့ စီနီယာတွေကို အထင်သေးလွန်းတာပဲ။”

ဤအခန်းထဲ၌ ရှိနေကြသော လူငယ်များအားလုံးသည် ဓားကပ်ဘေးတောင်ထွတ်ရှိ သက်ဆိုင်ရာအုပ်စုများ၏ အထွတ်အထိပ်တွင် ရပ်တည်နေကြသော ရွှေခါးစည်းတပည့်များ ဖြစ်ပေသည်။ တခြားသူများမှာ ဇူယွမ်က ဝေယိုရွှမ်းအား အနိုင်ရရှိခဲ့ခြင်းကို အလွန်ပင် အ့ံအားသင့်ခဲ့ကြသော်လည်း သူတို့သည်

အနည်းငယ်မျှသာ အံ့သြခဲ့ကြ၏။ အဘယ့်ကြောင့်ဆိုသော် သူတို့သည်လည်း ဝေယိုရွှမ်းလောက်အား မျက်စိထဲတွင်ပင် ထည့်မထားသောကြောင့် ဖြစ်သည်။

ရှုယန်၏တောင်းဆိုချက်အား ကြားလိုက်ရသောအခါ သူတို့အားလုံး စိတ်အေးသွားမိသည်။

သူတို့သည် ရှုယန်မှ ခက်ခဲသောကိစ္စများ တောင်းဆိုလာမည်ကို စိုးရိမ်ခဲ့ကြ၏။ အကယ်၍ ရှုယန်မှ တောင်းဆိုလာပါကလည်း သူတို့မှာ ငြင်းဆိုရန် အခွင့်မသာသောကြောင့် ဖြစ်ပေသည်။ သူတို့အားလုံးမှာ ရှုယန်မှ ဇူယွမ်လောက်သော တပည့်အသစ်လေးအား ကိုင်တွယ်ပေးရန် ဖိတ်ခေါ်၍ပင် ပြောလိမ့်မည်ဟု

ထင်မှတ်မထားခဲ့ချေ။

ရှုယန်မှ ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။

လီထျန်းမှ ပြန်လည်၍ ပြုံးပြကာ စကားဆိုလိုက်၏။ “စီနီယာအကိုတော် ရှုယန်ရယ်...ကိစ္စသေးသေးလေးကို အကြီးကြီးဖြစ်အောင် လုပ်နေပြန်ပါပြီ။ ဒီလိုကိစ္စလေးနဲ့ ကျွန်တော်တို့အားလုံးကို ေခါ်ဖို့ တကယ်ပဲ

လိုအပ်လို့လား။”

ယခုရှုယန်ခေါ်ယူထားသော သုံးယောက်မှာ ဓားကပ်ဘေးတောင်ထွတ်မှ အတော်ဆုံး ရွှေခါးစည်းတပည့်များ ဖြစ်၏။

ရှုယန်မှ မတ်တပ်ရပ်လိုက်ကာ လူတိုင်း၏သေရည်ခွက်ထဲသို့ ဝိုင်းများလိုက်ထည့်ပေးရင်းဖြင့် ပြန်၍

ပြောလိုက်သည်။ “ဇူယွမ်က လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့သူတစ်​ယောက်ပဲ။ ငါကလည်း ပွဲကြမှ

အလှည့်အပြောင်းတွေကို မမြင်ချင်ဘူး။ အဲ့ဒါကြောင့် သူလုံးဝအခွင့်အရေးမရှိတာ သေချာအောင်လို့ပါ။”

လီထျန်းတို့အုပ်စုမှ သူတို့၏ခွက်များကို ကိုင်မြှောက်ကာ ရှုယန်အား ပြုံးပြလိုက်ရင်း သောက်လိုက်ကြ၏။

“စီနီယာအကိုတော် ရှုယန်ကိုယ်တိုင် ပြောတယ်ဆိုမှတော့ ကျွန်တော်တို့က အလေးမထားပဲ မနေရဲပါဘူး။

စီနီယာအကိုတော်ရှုယန်နဲ့ ဂျူနီယာညီမတော် လုရွှမ်းယင်တို့ စိတ်ချပါ။လာမယ့်ခရမ်းရောင်ခါးစည်းပြိုင်ပွဲမှာ ဇူယွမ်ကို မှတ်လောက်သားလောက်အောင် သင်ခန်းစာ ပေးလိုက်ပါ့မယ်။”

ရှုယန်မှ ခပ်ဖွဖွရီမောကာ ခေါင်းငြိမ့်ပြလိုက်ပြီး လက်ထဲမှ သေရည်ခွက်ကို ဆော့ကစားနေရင်း သူ၏နှုတ်ခမ်းအစုံတွင် ရက်စက်သောအပြုံးတစ်ပွင့် ပေါ်လာခဲ့လေသည်။

လိမ္မာပါးနပ်မှုမရှိတဲ့ကောင်လေး...မင်းကိုငါထိလို့မရဘူးလို့ ထင်နေလား။ မင်းကိုတစ်ခုခု လုပ်ပစ်လိုက်ဖို့

ငါကိုယ်တိုင်တောင် လုပ်နေစရာမလိုအပ်ဘူး။ ငါ့ပါးစပ်က စကားလေးနည်းနည်းလောက် ပြောလိုက်ရုံနဲ့ မင်းရဲ့ဘဝတစ်ခုလုံးကို ဖျက်စီးပစ်လိုက်ဖို့ လုံလောက်တယ်။

ရှုယန်၏ဘေးတွင် ရှိနေသော လုရွှမ်းယင်၏ မျက်ဝန်းအစုံမှာလည်း စိတ်လှုပ်ရှားမှုများကြောင့် တောက်ပနေလျက်ရှိ၏။

ဇူယွမ်....ငါ့ရဲ့ ဓားကပ်ဘေးတောင်ထွတ်က အကိုတော်တွေ ပေါင်းစည်းပြီး နင့်ကိုသင်ခန်းစာပေးမယ်ဆိုမှတော့ နင့်ရဲ့ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ မဖြစ်နိုင်တော့ဘူး။

All Chapters