← Chapters

ဂူထျန်းရှင်း

Vol. 014 Ch. 1358

ဂူထျန်းရှင်း

Vol. 014 Ch. 1358

ဂူတုံးလျှိုသည် ချောင်းဆိုးလိုက်သောအခါ သွေးတို့ပါလာခဲ့ပြီး ခေါင်းကို ငုံ့လိုက်သည်။ သူက လူအုပ်ထဲမှ ထွက်လာသည့် ဓားသခင်နှင့် ရီဖူရှင်းတို့ကို ကြည့်လိုက်၏။ သူက ကြွင်းကျန်နေသည့် အသက်စွမ်းအားကို အသုံးပြု၍ သူတို့ထံသို့ အသံပို့လွှတ်လိုက်သည်။

“ဝင်မပါနဲ့”

ဓားသခင်နှင့် ရီဖူရှင်းသည် ဂူတုံးလျှိုက သူတို့ကို သွေးလွှမ်းသည့် မျက်ဝန်းတစ်စုံဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူက ဓားသခင်ကို စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

“အစ်ကိုကြီး.. ရီဖူရှင်းကို စောင့်ကြည့်ထားပါ”

ဓားသခင်နှင့် ရီဖူရှင်းသာ ဤအခြေအနေ၌ ဝင်ပါခဲ့လျှင် ကောင်းကင်အာဏာစက်ဘုံမှ ဤပုဂ္ဂိုလ်ကြီးများက သူတို့ကို ပုရွက်ဆိတ်များကဲ့သို့ သတ်ဖြတ်ပစ်လိုက်မည် ဖြစ်သည်။

ဤပုဂ္ဂိုလ်ကြီးများ၏ ရှေ့၌ သူတို့သည် အလွန်ပင် အားနည်းလှသည်။

သူတို့က မည်မျှ ပါရမီရှိပါစေ သူတို့ထက် အလွန်ပင် စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်ကြီးများထံမှ အကြည့်တစ်ချက် အတွေးတစကိုပင် ခံနိုင်ရည် ရှိလိမ့်မည်မဟုတ်ပေ။

ထိုအဓိက ပုဂ္ဂိုလ်ကြီးများသည် ရီဖူရှင်းနှင့် ဓားသခင်တို့၏ ဖြစ်တည်မှုကို လျစ်လျူရှုထားကြသော်လည်း ရီဖူရှင်းနှင့် ဓားသခင်သာ အတင်းအကျပ် ဝင်ပါခဲ့ပါက သူတို့၏ မျက်လုံးများထဲမှ ပုရွက်ဆိတ်များကို သတ်ဖြတ်ပစ်ရန် လက်တွန့်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် ဤကိစ္စတွင် ဓားသခင်ဖြစ်စေ ရီဖူရှင်းဖြစ် ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်ပေ။ ထိုသို့ လုပ်ခဲ့ပါက သူတို့ အသတ်ခံကြရမည်ဖြစ်သည်။

ဓားသခင်၏ အနီးဝန်းကျင်တွင် ဓားစွမ်းအားများ ရစ်သိုင်းလာသည်။ ဂူတုံးလျှိုက သူ့ကို ရီဖူရှင်းအား စောင့်ကြည့်ရန် ပြောလေသည်။

သို့သော် သူက သူကိုယ်တိုင်ကိုပင် မထိန်းချုပ်နိုင်ပေ။

ဓားသခင်သည် သူ၏ တုန်ရီနေသော လက်ကို ဆန့်ထုတ်ကာ ရီဖူရှင်း၏ ပုခုံးပေါ်သို့ တင်လိုက်ပြီး ရီဖူရှင်း၏ ခန္ဓာကို ဖိအားပေးကာ ဖိနှိပ်ထားလိုက်သည်။ သူတို့ နှစ်ယောက်လုံးသည် မြေပြင်ပေါ် ပြိုလဲကာ ကောင်းကင်တွင် ဖြစ်သမျှ အရာအားလုံးကို မော့ကြည့်လိုက်သည်။

“အစ်ကိုကြီး” ရီဖူရှင်းက သူ့ဘေးမှ ဓားသခင်အား ခေါ်လိုက်သည်။

“ဆရာက ဒီမှာ မရှိဘူး။ ဒါက ငါ့ အမှားပဲ။ ငါက သိပ်ကို အသုံးမကျတာပဲ” ဓားသခင်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူတို့၏ ဆရာက ဤနေရာ၌ မရှိတာကြောင့် သူ၏ တာဝန်မှာ ညီငယ်များကို ကာကွယ်ရန် ဖြစ်သည်။

သို့သော် သူက မည်သည့်အရာကိုမှ မလုပ်ဆောင်နိုင်ပေ။

သူတို့ ငြိမ်သက်သွားသည်ကို ကြည့်ပြီး ဂူတုံးလျှိုက သူ့ခေါင်းကို မော့ကာ ကောင်းကင်ထက်မှ ပုဂ္ဂိုလ်များကို စကားပြောလိုက်သည်။

“ဟေး”

သူ စကားပြောလိုက်သည့် အချိန်တွင် အားလုံးသော ဖိအားများက ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူ့ကို အချိန်မရွေးထိခိုက်စေနိုင်မည့် စွမ်းအားတစ်ခုသာ သူ့ခန္ဓာကို လွှမ်းခြုံထားသည်။

ကောင်းကင်အာဏာစက်ပြည်ထောင်မှ တန်ခိုးရှင်များနှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများ အားလုံးသည် သူ့ကို ကြည့်ကာ သူ၏ အဖြေကို စောင့်ဆိုင်းနေကြသည်။

သူက ဂူကလန်၏ မျိုးဆက်ဖြစ်ပြီး သူ၏ ဇစ်မြစ်ကို သိရှိသည်လား။အခြားသော ဂူကလန်သားများလည်း အသက်ရှင်နေကြသေးသည်လား။ ဂူကလန်၏ ကျင့်စဉ်များက သူနှင့်အတူ ရှိနေသည်လား။

“သူက ပြန်လာတာနဲ့ ပြည်ထောင်နဲ့ နန်းတော်ကို အပျက်အစီးတွေ ဖြစ်စေမယ်လို့ ကျုပ်ကို ပြောခိုင်းလိုက်တယ်” ဂူတုံးလျှိုက အပြုံးနှင့် ပြောလိုက်သော်လည်း ထိုအပြုံးက အတော်လေး ဝမ်းနည်းမှုတို့ဖြင့် ပြည့်နေပေသည်။

တစ်ခုခုပြောရမည်လား။

သူတို့က သူ့ကို မည်သည့်အကြောင်း ပြောစေလိုသနည်း။

သူက မည်သည့်အရာကိုမှ မသိရှိပေ။

သို့သော် ဤလူများက လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သေဆုံးသွားခဲ့သူကို ယခုတိုင် ကြောက်ရွံ့ကာ ထိတ်လန့်နေကြပြီး သူ့ကို တစ်ခုခု ပြောရန် မျှော်လင့်နေသည့်အတွက် သူက တစ်ခုခု ပြောရန် လိုပေသည်။

“သူ ပြန်လာတာနဲ့ နန်းတော်နဲ့ ပြည်ထောင်ကို အပျက်အစီးတွေ ဖြစ်စေလိမ့်မယ် ဟုတ်လား” လူအများသည် ထိုစကားများကို တွေးတောကာ ထိတ်လန့်သွားလေသည်။ ကောင်းကင်အာဏာစက်ပြည်ထောင်မှ တန်ခိုးရှင်များနှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များပင်လျှင် သူ၏စကားများကို ကြားလိုက်ရပြီးနောက် သွေးဆုတ်ဖြူရော်သွားခဲ့ပြီး သူတို့၏ အစစ်အမှန်ကို သံသယဝင်သွားကြသည်။

သူက ပြန်လာမည်လား သူတို့ သိချင်သွားကြပေသည်။

“ကျုပ် သူ့ကို ခေါ်သွားမယ်” ကောင်းကင်အာဏာစက်ပြည်ထောင်မှ ရန်ဟောင်တန်ခိုးရှင်တစ်ပါးက ယတိပြတ်ပြောလိုက်သည်။ ကောင်းကင်မှ တောက်ပနေသည့် နတ်အလင်းတန်းတစ်ခု ကျဆင်းလာသည်။ သူက လက်တစ်ဖက်ကို မြှောက်ကာ ဂူတုံးလျှိ၏ ခန္ဓာကိုယ်ကို ဆွဲယူလိုက်သည်။ သူက ဂူတုံးလျှိုကို ခေါ်ဆောင်သွားပြီး စစ်မေးလိုနေသည်။ သူက ထို့ထက်ပို၍ သိရှိရန် လိုအပ်ပေသည်။

ဂူတုံးလျှိုက ပြောရန် ငြင်းဆန်နေလျှင် သူတို့က အချို့အထူးဗျူဟာများကို အသုံးပြု ပြီး သူ့ကို ထိန်းချုပ်ရန် နည်းလမ်းရှာမည်ဖြစ်သည်။

“မင်းက ကိုယ့်ပျက်စီးရာ ပျက်စီးကြောင်း ကိုယ်ရှုနေတာပဲ” ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်တစ်ဦးက အေးစက်စွာ ပြောလိုက်သည်။ သူ၏ မျက်လုံးထဲမှ ကြောက်မက်ဖွယ် မိုးကြိုးစွမ်းအားက ဂူတုံးလျှို၊ ခန္ဓာကိုယ်ထဲသို့ ပေါက်ကွဲသွားသည်။

ဘုန်း...

ဂူတုံးလျှိုသည် သူ၏ ဝိညာဉ်က အပိုင်းပိုင်း ကွဲကြေကာ ပေါက်ကွဲထွက်သွားပြီဟု ခံစားလိုက်ရသည်။ သူက ဆံပင်များ ရှုပ်ထွေးလျက် သူ၏ အဝတ်အစားများကလည်း လေထဲတွင် တဖျတ်ဖျတ် ဝဲလွင့်နေပြီး သူ၏လက်များကို ဘေးသို့ ဆန့်တန်းဖွင့်ဟထားလိုက်သည်။

ဘုန်း

သူ၏ သက်စောင့်ဝိညာဉ် အင်မော်တယ်အရိပ်က တဖြည်းဖြည်း ပျက်စီးလာသည်။ သို့သော် ထိုအချိန်တွင် သူ၏သက်စောင့်ဝိညာဉ်သည် ခြိမ်းခြောက်နိုင်သည့် အသက်စွမ်းအားမျှင်သည် ထိုးထွက်လာပြီး ကောင်းကင်သို့ တဟုန်ထိုး ပြေးဝင်သွားသည်။

ထိုအချိန်တွင် ဂူတုံးလျှို၏ သက်စောင့်ဝိညာဉ်သည် ကောင်းကင်လမ်းစဉ်နှင့် တသားတည်း ပေါင်းစပ်သွားသည်ဟု ထင်မှတ်ရသည်။ သူ၏ သက်စောင့်ဝိညာဉ်မှ တောက်ပသည့် နတ်ဘုရားအလင်းတန်းများ ထိုးထွက်လာပြီး ကောင်းကင်ထက်ရှိ မဟာလမ်းစဉ်များနှင့် ချိတ်ဆက်သွားသည်။

“ဘာဖြစ်တာလဲ”

ထိုမြင်ကွင်းက လူအများ၏ မျက်လုံးများကို ဖမ်းစားသွားခဲ့သည်။ လူတိုင်းသည် ထိုလူငယ်လေးကို စူးစိုက်ကြည့်နေကြပေသည်။

သူတို့သည် ဂူတုံးလျှို၏ ခန္ဓာကိုယ်က တဖြည်းဖြည်း လွင့်မျောလာသည်ကို မြင်လိုက်ကြရသည်။ သူက သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခြင်း မရှိတော့သကဲ့သို့ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းတန်းများက အပေါ်သို့ မြင့်တက်လာသည်။ ရှေးဟောင်းစာလုံး ကိုးခုမှ တစ်ခုချင်းစီတိုင်းသည် ပြိုင်ဘက်ကင်း အရှိန်အဝါများကို ထုတ်လွှတ်နေ၏။ ထိုစာလုံးများသည် သူ့အနီးတွင် မျောလွင့်နေပြီး တဖြည်းဖြည်း အင်မော်တယ်အရိပ် ကိုးခုအဖြစ်သို့ ပြောင်းလဲသွားသည်။

အင်ပါယာကျီမင်က သူ့မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူသည် အမှတ်တမဲ့နှင့် ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူက သူမြင်လိုက်ရသည့် မြင်ကွင်းကြောင့် လှုံ့ဆော်ခံလိုက်ရသည်။

ဘယ်လိုဖြစ်နိုင်မှာလဲ။

သူသည် သူကိုယ်တိုင် စစ်ဆေးကြည့်ခဲ့ပြီး ဖြစ်သည်။ ဂူတုံးလျှို၏ သက်စောင့်ဝိညာဉ်တွင် ဖုံးကွယ်ထားသော မည်သည့် လျှို့ဝှက်ချက်မှ ရှိမနေပေ။

သို့သော် ယခု အဖြစ်က မည်သို့ ဖြစ်လာရသနည်း။

အစွမ်းထက်သည့် တန်ခိုးရှင်လျှင် သူ့ကို ရှာဖွေစစ်ဆေး နိုင်ခြင်းမရှိဟု ဆိုလိုသည်လား။

အစွမ်းထက်အင်အားစု ငါးခုမှ တန်ခိုးရှင်များသည် ကောင်းကင်ထက်ရှိ ဂူတုံးလျှိုကို စူးစိုက်ကြည့်နေကြသည်။ ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များ၏ မျက်လုံးများထဲတွင် အလွန် အေးစက်သော အေးစိမ့်မှုတို့ ရှိနေပေသည်။ သူတို့သည် ထိုအရာက မရိုးရှင်းလှသည်ကို သိရှိကြပေသည်။

ထိုအချိန်က ဂူထျန်းရှင်းက မည်သို့သော ပုဂ္ဂိုလ်ဖြစ်ခဲ့သနည်း။ ဂူကလန်၏ မျိုးဆက်တစ်ယောက်ယောက်သာ အသက်ရှင်ကျန်ခဲ့လျှင် အဘယ်ကြောင့် သူ့အတွက် မည်သည်ကိုမှ မစီစဉ်ပေးခဲ့ခြင်း ရှိနိုင်မည်နည်း။

ယနေ့ သူတို့၏ ခန်းမှန်းချက်က အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။

ကောင်းကင်နတ်တံခါးဂိတ်မှ ရန်ဟောင်များသည် ထိုမြင်ကွင်းကို ကြည့်ကာ အတွေးများထဲတွငိ နစ်မြောရင်း ထိတ်လန့်တုန်ကုန်ကြလေသည်။

“နတ်ဘုရားကိုးပါး တားမြစ်နည်းစနစ်”

သူ၏ ခံစားချက်များက ဒီရေအလား မြင့်တက်လာပေသည်။ ဤတားမြစ်နည်းစနစ်က ကမ္ဘာပေါ်တွင် ကျန်ရှိနေသေးသည်လား။

ဂူကလန်၏ စွမ်းအား အထွတ်အထိပ်တွင် ရှိစဉ်က ကလန်တွင် နတ်ဘုရား ဆယ့်နှစ်ပါးကဲ့သို့ ပုဂ္ဂိုလ်များ ရှိခဲ့သည်။

နတ်ဘုရားကိုးပါးတားမြစ်နည်းစနစ်သည် သူတို့ကိုးယောက်၏ စွမ်းအားများကို သူ့ခန္ဓာအတွင်း ချိပ်ပိတ်ပေးခဲ့ရန် လိုအပ်ပေသည်။

ထိုဆယ့်နှစ်ယောက်ထဲတွင် မည်သည့် ကိုးယောက်၏ စွမ်းအားများကို ဂူတုံးလျှိုက ဆက်ခံထားရသနည်း။

သူက ရုတ်တရက် ဂူထျန်းရှင်း တစ်ယောက်တည်း ကောင်းကင်အာဏာစက်ပြည်ထောင် နန်းတော်သို့ ခြေချကာ တိုက်ခိုက်ခဲ့သည့် ပြိုင်ဘက်ကင်း စစ်ပွဲကို အမှတ်ရမိလိုက်သည်။

သူသည် ထိုအချိန်၌ ရုတ်ချည်းပင် သတိပြုမိလိုက်သည်က ကောင်းကင်အာဏာစက်ပြည်ထောင်မှ မရေတွက်နိုင်သော တန်ခိုးရှင်များနှင့် ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များသည် တစ်ခုခုကို လျစ်လျူရှုခဲ့မိပုံပေါ်လေသည်။

နတ်ဘုရားကိုးပါးအရိပ်တို့သည် ဂူတုံးလျှို၏ အနီးတွင် လှည့်ပတ်နေသည်။ သူတို့ အကြားတွင် တောက်ပသည့် နတ်ဘုရားအလင်းတန်းတစ်ခုသည် တိမ်တိုက်များဆီသို့ တည့်မတ်စွာ ထိုးတက်သွားပြီး ဆကာင်းကင်နှင့် ပေါင်းစပ်သွားသည်။ ကောင်းကင်ထက်တွင် လေပြင်းနှင့် တိမ်တိုက်များက ပြင်းထန်စွာ အော်မြည်ရွေ့လျားနေပြီး ကောင်းကင် ကောင်းကင်စွမ်းအားများ ရောက်ရှိလာသကဲ့သို့ ထင်မှတ်ရပေသည်။ လောကကြီးတစ်ခုလုံးက ပြောင်းလဲသွားသည်။ နတ်ဘုရားအလင်းများက ကောင်းကင်တခွင်လုံးကို လွှမ်းခြုံထားသည်။

“ဒါက...”

အင်ပါယာကျီမင်နယ်မြေမှ မရေတွက်နိုင်သည့် လူများသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ မည်သည်တို့ ဖြစ်နေသနည်း။

ဂူတုံးလျှို၏ ခန္ဓာကိုယ်မှ ထိုမျှထိ စွမ်းအားကြီးသည့် ဖိအားကို မည်သို့ ထုတ်ဖော်နိုင်ရသနည်း။

“အစ်ကိုသုံး” ရီဖူရှင်းက ရေရွတ်လိုက်သည်။ သူတို့ အားလုံး မင်သက်သွားကြ၏။ ချင်ရွှမ်ကန်းသည်လည်း ထိုမြင်ကွင်းကြောင့် အံ့သြသွားခဲ့သည်။ သူသည် စိတ်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ယင်းကို အာရုံခံကြည့်လိုက်သည်။ ထိုအချိန်တွင် ဂူတုံးလျှိုသည် ကောင်းကင်လမ်းစဉ်နှင့် တသားတည်း ပေါင်းစပ်လာနေပြီ ဖြစ်သည်။

“အစွမ်းထက်တဲ့ တန်ခိုးရှင်တချို့က သူ့ခန္ဓာကိုယ်ပေါ်မှာ ချိပ်စည်းခတ်ထားခဲ့တာပဲ” ချင်ရွှမ်ကန်းက ခပ်တိုးတိုးပြောလိုက်သည်။

ရီဖူရှင်းက စိတ်ရှုပ်ထွေးသွားခဲ့သည်။ ထိုသို့ ပြုလုပ်ခဲ့သူက ဂူထျန်းရှင်းလား။

သို့ဆိုလျှင် သူက ဤသည်ကို အယ်ကြောင့် ပြုလုပ်ခဲ့သနည်း။

သူက ထိုရန်သူများက အလွန် အစွမ်းထက်နေမည်ကို စိုးရွံ့နေ၍လား။ ထို့ကြောင့် သူက အစ်ကိုသုံး၏ စွမ်းရည်များကို ချိပ်ပိတ်၍ အောက်ဘုံတွင် သာမန်လူကဲ့သို့ ရိုးရှင်းစွာ ရှင်သန်စေခဲ့သည်လား။

အစ်ကိုသုံးက တွန်းလှန်၍ မရနိုင်သော အင်အားစုများ၏ ဖိအားပေးခြင်းကို ခံရပါမှ သူ၏ ချိပ်စည်းကို ဖယ်ရှားနိုင်ခဲ့သည်လား။

သို့သော် ထိုအချိန်၌ သူသည် မျှော်လင့်ချက် ရောင်ခြည်လေး ယှက်သန်းလာခဲ့ရပြီဖြစ်သည်။

ထိုပုဂ္ဂိုလ်တို့ ပြောသည့်အတိုင်းဆိုလျှင် သူ့အစ်ကိုသုံးသည် ဂူကလန်၏ နောက်ဆုံး ကျန်ရစ်ခဲ့သော မျိုးဆက်ဖြစ်ပြီး ဂူထျန်းရှင်းက သူ့အတွက် တစ်ခုခုကို ချန်ရစ်ပေးခဲ့ရမည် ဖြစ်သည်။

ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ လေပြင်းတိမ်တိုက်များသည် ကောင်းကင်ထက်တွင် အော်မြည်နေကြသည်။ နတ်ဘုရားအလင်းတန်းများက ပြင်းထန်စွာ တောက်လောင်နေကြသည်။ ဂူတုံးလျှို၏ ခန္ဓာကိုယ်က ဆက်လက် မြင့်တက်နေပြီး နတ်ဘုရားအလင်းတန်းများအတွင်းသို့ ပေါင်းစပ်သွားသည်။

ကောင်းကင်အာဏာစက်ပြည်ထောင်မှ ရန်ဟောင်တန်ခိုးရှင်သည် သူ့လက်ကို မြှောက်လိုက်ကာ ဂူတုံးလျှို၏ ခန္ဓာကိုယ်ကို ဆွဲယူလိုက်သည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် ကြီးမားသည့် မဟာလမ်းစဉ် လက်ဝါးရိပ်ကြီးတစ်ခု ပေါ်ပေါက်လာပြီး ကောင်းကင်အစွန်းတစ်ဖက်ကိုပင် ဖုံးလွှမ်းသွားခဲ့သည်။ ယင်းသည် ဂူတုံးလျှိုကို တိုက်ရိုက် ဆွဲချရန် ကြိုးစားလိုက်သည်။

ဝှီး…

နတ်ဘုရားအလင်းတန်းက ကျဆင်းလာပြီး လက်ဝါးရိပ်သည် တစ်ဝက်ပြတ်ထွက်သွားခဲ့သည်။ မဟာလမ်းစဉ်စွမ်းအားများ ပေါင်းစပ်ထားသည့် လက်ဝါးပုံရိပ်သည် ကျဆင်းခါသော်လည်း အပြီးတိုင် မပျက်စီးသွားသေးပေ။

ကောင်းကင်အာဏာစက်ပြည်ခေါင်မှ ရန်ဟောင်တန်ခိုးရှင်သည် ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး အဆုံးမဲ့အလင်းတန်းများက ကောင်းကင်ထက်တွင် ခန္ဓာပုံရိပ်တစ်ခုအဖြစ် စုစည်းလာသည်ကို မြင်တွေ့လိုက်ရသည်။

ထိုပုံရိပ်သည် အဆုံးမဲ့ နတ်ဘုရားအလင်းများ၏ အလယ် ကောင်းကင်ထက်တွင် ရပ်၍ နေလေသည်။ သူသည် ကောင်းကင်နှင့် မြေကြီးကြား၌ မားမားမတ်မတ် ရပ်နေပြီး သူ၏လက်ကို နောက်ကျောတွင် ပစ်ထားသည်။ သူ၏ သရုပ်သဏ္ဌာန်က လောကကြီးအတွင်း ပြိုင်ဘက်ကင်းနေပေသည်။

ထိုပုံရိပ်ကို ကြည့်ပြီး ကောင်းကင်အာဏာစက်ဘုံမှ တန်ခိုးရှင်များ အားလုံး၏ မျက်နှာထက်တွင် ကြောက်ရွံ့တုန်လှုပ်နေသော အကြည့်များ ဖြစ်ပေါ်လာ၏။ ရန်ဟောင်တန်ခိုးရှင်များပင်လျှင် မျက်နှာအမူအရာများ ပျက်ယွင်းသွားခဲ့ကြသည်။ သူတို့၏ နှလုံးသားများက လျင်မြန်စွာ ခုန်လှုပ်နေကြသည်။ ခံစားချက်ပေါင်းစုံက သူတို့၏ စိတ်ထဲတွင် ပြေးလွှားနေသည်။

ဤသည်က မည်သို့ ဖြစ်နိုင်မည်နည်း။

သူက မည်သို့ အသက်ရှိနေနိုင်မည်နည်း။

အချို့လူများ၏ ခြေထောက်များက တုန်ယင်လာသည်။ ထိုမျက်နှာသည် ကောင်းကင်အာဏာစက်ဘုံမှ တန်ခိုးရှင်များအတွက် အိပ်မက်ဆိုးပင် ဖြစ်သည်။

ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များသည်လည်း မည်သည့် ကောင်းမွန်သော ခံစားချက်မှ မခံစားကြရပေ။ သူတို့၏ နှလုံးသားများက ကြမ်းတမ်းစွာ ခုန်ပေါက်နေခဲ့သည်။ ရန်ဟောင်တန်ခိုးရှင်သည် လက်တစ်ဖက်ကို မြှောက်လိုက်သော်လည်း သူက ဆန့်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။ သူက ရန်ဟောင်အဆင့် ဖြစ်သော်လည်း ထိုပုဂ္ဂိုလ်ကို မြင်သည့်အခါ တိုက်ခိုက်ရဲခြင်းမရှိပေ။

“အင်မော်တယ်အရှင်”

ကောင်းကင်နတ်တံခါးမှ များပြားလှသည့် တန်ခိုးရှင်များက အရိုအသေပြုလိုက်သည်။ ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များသည် တိုက်ပွဲတွင် မည်သည့်ရပ်တည်မှုမှ ပါဝင်သည်ဖြစ်စေ ထိုပုံရိပ်ကို မြင်သည့်အခါ ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များစွာက သူ့ကို ရိုသေလေးစားမှု ပြုရမည်ဖြစ်သည်။

ကောင်းကင်နတ်တံခါးဂိုဏ်းအတွက် ဂူထျန်းရှင်း၏ တည်ရှိမှုသည် သူတို့၏ စိတ်အတွင်း အမြဲထာဝရ ထွင်းထုခံထားရသော အမှတ်အသား သင်္ကေတပင် ဖြစ်သည်၊

သူက ခေတ်တစ်ခုကို ကိုယ်စားပြုသည်။

အင်မော်တယ်အရှင်သည် ကောင်းကင်အာဏာစက်ဘုံတွင် ပြိုင်ဘက်ကင်းပင် ဖြစ်သည်။

နတ်တောင်တစ်သောင်းနှင့် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ တန်ခိုးရှင်များ အားလုံးသည် တည်ငြိမ်နေကြပုံပေါ်သည်။ သူတို့က ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ ဂူထျန်းရှင်းသည် ခေတ်တစ်ခေတ်၏ နတ်ဘုရားတစ်ပါးကဲ့သို့ ဒဏ္ဍာရီပုဂ္ဂိုလ်ဖြစ်သည့်အတွက် သူတို့အားလုံးက လေးစားမှု ပေးရမည်ဖြစ်သည်။

ခရမ်းရင့်မြေအောက်လောကနယ်မြေတွင် ကြီးမားလှသည့် လူပေါင်းများစွာ ရှိပြီး မြို့အတွင်းမှ မရေတွက်နိုင်သော လူများသည် ကောင်းကင်သို့ မော့ကြည့်ကာ စိတ်လှုပ်ရှားနေကြပေသည်။

သူတို့အားလုံးသည် ထိုပုဂ္ဂိုလ်၏ သရုပ်မှန်ကို အကြမ်းဖျင်း သိရှိကြပေသည်။

ဂူထျန်းရှင်းလား။

သူက အသက်ရှင်နေသေးသည်လား။

ဂူတုံးလျှို ပြောခဲ့သည်မှာ သူပြန်လာသည့် အချိန်၌ ပြည်ထောင်နှင့် နန်းတော်မှ လူများကို သုတ်သင်မည်ဟူ၍ ဖြစ်သည်။

ယခု သူက ပြန်လာခဲ့ပြီလား။

ဂူထျန်းရှင်းသာ မသေခဲ့လျှင် ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော် အတွက် အမှန်တကယ် ကံဆိုးမိုးမှောင်ကျခြင်းပင် ဖြစ်လိမ့်မည် ဖြစ်သည်။

“အဲဒါက စွမ်းအားနဲ့ ဖန်တီးထားတဲ့ ပုံရိပ်ယောင်ပဲ။ သူ အစစ်မဟုတ်ဘူး”

ထိုအချိန်တွင် ကောင်းကင်အာဏာစက်ပြည်ထောင်မှ ရန်ဟောင်တစ်ပါးက ပြောလိုက်သည်။ သူင ပြောလိုက်သောအခါ ကောင်းကင်ထက်မှ ပုံရိပ်သည် သူ့ထံသို့ ခံစားချက်ကင်းမဲ့သော အကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။ ထိုရန်ဟောင်သည့ အကြည့်တစ်ချက်နှင့်ပင် ခြိမ်းခြောက်ခံလိုက်ရကာ သူ၏ လက်ကို ချလိုက်ပြီး နောက်ထပ် မည်သည့် မည်သည့် အပြုအမူကိုမှ မပြုလုပ်ရဲတော့ပေ။

ကောင်းကင်အာဏာစက်ပြည်ထောင်မှ ရန်ဟောင်ပင်လျှင် မကြိုးစားရဲသဖြင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ ရန်ဟောင်သည်လည်း အတူတူပင် ဖြစ်သည်။

မည်သူမှ လှုပ်ရှားရဲခြင်း မရှိကြပေ။

နတ်ဘုရားအလင်းများနှင့် လွှမ်းခြုံထားသည့် ဂူတုံးလျှိုသည် ဆက်လက်၍ အထက်သို့ တက်သွားပြီး ဂူထျန်းရှင်း ဘေး၌ ရပ်လိုက်သည်။ လေပြင်းတိမ်တိုက်များသည် ကောင်းကင်ထက်တွင် ဆူညံစွာ အော်မြည်နေကြသည်။ အလွန်တောက်ပသည့် နတ်ဘုရားအလင်းများက လေထဲတွင် ပျံ့နှံ့လာသည်။

နတ်ဘုရားအလင်းတန်း တစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းသွားပြီးနောက် ရုတ်ချည်းပင် ထိုပုံရိပ်နှစ်ခုက အဝေးသို့ ပျောက်ကွယ်သွားတော့သည်။

“သူတို့ သွားပြီ”

ကောင်းကင်အာဏာစက်ပြည်ထောင်မှ ရန်ဟောင်၏ လက်များသည် တုန်ရီနေသည်။ သူက ဂူတုံးလျှိုအား ခေါ်ဆောင်သွားသည်ကို ကြည့်နေခဲ့ရသည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ့ စိတ်စွမ်းအားကို ထုတ်လွှတ်ကာ သူတို့ ထွက်ခွာသွားသည့်နောက်ကို လိုက်ပါရန် ကြိုးစားလေသည်။

ခရမ်းရင့်ကောင်းကင်နန်းတော်မှ ရန်ဟောင်သည်လည်း ရှေ့သို့ လှမ်းလိုက်သည်။ သူတို့သည်လည်း ဂူထျန်းရှင်း အစစ်အမှန်မဟုတ်သည်ကို ခံစားမိကြပေသည်။

ဂူထျန်းရှင်းက ယနေ့ ဤနေရာ၌ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်အာဏာစက်ပြည်ထောင်က မည်သူမှ အသက်ရှင်ကျန်ရစ်ခြင်း မရှိနိုင်တော့သည်လည်း ဖြစ်နိုင်ပေသည်။

လူတိုင်းသည် ဂူထျန်းရှင်းနှင့် ကောင်းကင်အာဏာစက်ပြည်ထောင် ကြားမှ အာဃာတများက တစ်ဖက်မှ အသတ်မခံရမချင်း ရပ်စဲလိမ့်မည်မဟုတ်သည်ကို သိရှိကြပေသည်။ ထိုအချိန်က တိုက်ပွဲတွင် နှစ်ဖက်လုံးမှ မရေတွက်နိုင်သော အလောင်းများ စစ်မြေပြင်တွင် ပျံ့ကျဲခဲ့ရပေသည်။

အင်ပါယာကျီမင်သည် ပင့်သက်တစ်ချက် ရှိုက်လိုက်မိလေသည်။ သူသည်ပင် ဂူတုံးလျှို၏ ခန္ဓာကိုယ်အတွင်းမှ ဖုံးကွယ်ထားသည့် ချိပ်စည်းကို သတိမပြုမိခဲ့ပေ။ ထိုသည်က မည်သည့် အဓိပ္ပါယ်နည်း။

သို့သော် သူသည် ထိုအရာကို မလုပ်ဆောင်ခဲ့မိသည်အား ကြိတ်၍ ဝမ်းသာမိသည်။ မဟုတ်ပါက ယနေ့ကဲ့သို့ အခြေအနေကို သူမည်သို့ ရင်ဆိုင်ရမည် သိလိမ့်မည်မဟုတ်ပေ။

ဂူထျန်းရှင်း၏ ထွက်ပေါ်လာမှုက ကောင်းကင်အာဏာစက်ဘုံတွင် နောက်ထပ် သွေးမုန်တိုင်း ဖြစ်ပေါ်လာစေနိုင်ပေသည်။

သူက အမှန်တကယ် အသက်ရှိနေသေးသည်လား။

***

All Chapters