← Chapters

ရေတွက်မှု ပြီးဆုံးခြင်း

Vol. 91 Ch. 1266

ရေတွက်မှု ပြီးဆုံးခြင်း

Vol. 91 Ch. 1266

“လေး...”

အင်ပါယာ မျိုးနွယ် အကြား စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်နေစဉ်မှာပင် ဝေ့ဝူယင်ကတော့ သူနှင့် အတူ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့သည့် ဟင်းလင်းပြင် သင်္ဘောများကို ကြည့်ရင်း နွေးထွေးမှုကို ခံစားနေရသည်။ သူက ထိုလူ တစ်ယောက်ချင်းစီကို အသေအချာ မှတ်သားလိုက်ပြီးနောက် ဦးဆောင် မြေကြီး ရှန့်ထိုဘက်သို့ ပြန်လှည့် လိုက်၏။

ဝေ့ဝူယင် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။ အပျက်အစီး မန်နာများမှာ သူ့ အသက်ရှူ လမ်းကြောင်း တစ်လျှောက် လျှို့ဝှက် ဆန်းကြယ်သည့် နည်းလမ်းဖြင့် တိုးဝင် သွားကြသည်။

“ကျုပ် ခင်ဗျားတို့ကို ကျေးဇူးတင်ရမယ်”

ဝေ့ဝူယင်က အင်္ကျီလက်နှစ်ဖက်ကို တည်ငြိမ်စွာပင် မတင်ရင်း ဆိုလိုက်၏။

“သုံး...”

“ခင်ဗျားတို့အားလုံး အခုလိုမျိုး ဝိညာဉ်အော်ရာကို အတူ ချိတ်ဆက်ထားတာက ကျုပ် အတွက် ပိုလွယ်သွားတာပေါ့”

ဝေ့ဝူယင်က တောက်ပစွာ ပြုံးလိုက်၏။

“နှစ်...”

ရေတွက်မှု အဆုံးသတ်သို့ ရောက်လာသည်နှင့် အမျှ ဦးဆောင် မြေကြီး ရှန့်ထိုမှာ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏။ ထူးဆန်းနေသည့် အခြေအနေကြောင့် ဝေ့ဝူယင်နှင့် ရင်ဆိုင်ရခြင်းကို သူ နည်းနည်းလေးမျှ မပေါ့ဆဝံ့ချေ။

“လှုပ်ရှားမယ်...”

ဘုန်း...

ဦးဆောင် မြေကြီး ရှန့်ထို အချက်ပြလိုက်သည်နှင့် တစ်ပြိုင်နက် မြေကြီး ရှန့်ထို သုံးဆယ်၏ စွမ်းအားများက အတူတကွ စုပေါင်းသွား၏။ ထို့နောက်တွင်တော့... အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည့် အော်ရာမှာ ဝေ့ဝူယင် အပေါ် ပြိုကျလာခဲ့တော့သည်။

သူတို့၏ လှုပ်ရှားမှုက အတော်လေး မြန်ဆန်လှလေရာ ဝေ့ဝူယင်မှ စကားမပြောတော့ချေ။ သူက အသိစိတ် ပင်လယ်ထဲမှ ကျန့်ခွန်ကျန်းကိုသာ လှုပ်ရှားဖို့ အချက်ပြလိုက်၏။

ကျန့်ခွန်ကျန်း...

ထိုစစ်ဝိညာဉ်မှာ ကျန့်ကျန့်၏ ကွန်မန်ဒါများထဲမှ တစ်ယောက် ဖြစ်ကာ ပတ်ဝန်းကျင် ထိန်းချုပ်မှု ကျွမ်းကျင်သူ တစ်ယောက် ဖြစ်သည်။ ပတ်ဝန်းကျင် ထိန်းချုပ်မှု ကျွမ်းကျင်သူ ဆိုသည့် စကားလုံးက အတော်လေး ရှုပ်ထွေးပုံ ‌ပေါ်သော်လည်း ၎င်းကို အာကာသ လမ်းစဉ်ကို အထူးပြုသည့် ဝင်္ကပါ သခင် တစ်ယောက်ဟု အဓိပ္ပာယ် ဖွင့်နိုင်ပေလိမ့်မည်။

ဝှစ်...

ကျန့်ခွန်ကျန်း၏ လက်ထဲမှ ကုဗတုံးမှာ ဝေ့ဝူယင်၏ နဖူးမှ ထွက်လာခဲ့၏။ ၎င်းက အလွန်တရာ တောက်ပသည့် ငွေရောင်နှင့် မီးခိုးရောင် အလင်းတန်းများ အဖြစ် ပေါက်ကွဲသွားသည်။ တမုဟုတ်ချင်းပင် ၎င်းတို့မှာ မိုင်သန်းပေါင်းများစွာကို ဖြန့်ကျက်သွားကာ အဝေးရှိ ဟင်းလင်းပြင် သင်္ဘောများကိုပင် ဖုံးအုပ်သွား၏။ ကံကောင်းထောက်မစွာပင်... ထိုအလင်းများမှာ တစ်ခါမှ မရှိဖူးသည့် အလား ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားခဲ့၏။

ဖော်ပြရသည်မှာ ကြာမြင့်သည့်တိုင် ထိုဖြစ်စဉ် တစ်ခုလုံးမှာ လျှပ်တစ်ပြက်၏ ဆယ်ပုံပုံ တစ်ပုံခန့် အတွင်း ဖြစ်ပျက် သွားခဲ့ခြင်း ဖြစ်ပေသည်။

ဝေ့ဝူယင်မှာ လက်နှစ်ဖက်ကို နောက်ပစ်ရင်း သက်တောင့်သက်သာပင် ဆက်လက် ရပ်နေခဲ့၏။

"..."

သို့သော်လည်း... မြေကြီးရှန့်ထို အဆင့် အယောက် သုံးဆယ်နှင့် တွယ်ရာမဲ့ နှလုံးသား အစီအရင် နောက်တွင် ပုန်းကွယ်နေသည့် နောက်ထပ် မြေကြီး ရှန့်ထို အဆင့် ရှစ်ယောက်၏ အော်ရာများကတော့ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။

ဝေ့ဝူယင်မှာ အမှောင် ဟင်းလင်းပြင် အတွင်းတွင် သိမ်မွေ့စွာပင် ပျံသန်းရင်း မျက်နှာဖုံးတပ် ညှိနှိုင်းသူကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ညင်သာစွာ ပြုံးလိုက်၏။

“ဆိုတော့ မင်းတို့ရဲ့ မြေကြီး ရှန့်ထိုတွေ မရှိတော့ဘူး... မင်းတို့ရဲ့ ဟင်းလင်းပြင် ဂိတ်တံခါးတွေလည်း ပိတ်သွားပြီ... မင်းတို့ရဲ့ အရိပ်ဥတွေ အားလုံးလည်း သိမ်းပိုက်ခံလိုက်ရပြီ... ကြည့်ရတာ အခု မင်းတို့ရဲ့ ခေါင်းဆောင်နဲ့ စကားပြောဖို့ အချိန်ရောက်ပြီ ထင်တယ်... သူ ဘယ်လို ကျိန်စာမျိုး ကျိန်ဆိုချင်တယ် ဆိုတာ ကြည့်ရသေးတာပေါ့လေ”

မျက်နှာဖုံးတပ် ညှိနှိုင်းသူ၏ နှလုံးခုန်သံများမှာ ရပ်တန့် သွားခဲ့လေတော့၏။

....

“ဒါက လောကပုလဲ အခွံလား...”

ဦးဆောင် မြေကြီး ရှန့်ထိုမှာ ဘေးပတ်ပတ်လည်၌ ငွေရောင်နှင့် မီးခိုးရောင် နံရံများ ဝန်းရံနေသည်ကို တွေ့လိုက်ရသည်။ ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း တစ်ခုလို ရောင်စုံ မြူနှင်းများမှာလည်း နေရာ အနှံ့ ပျံ့လွင့်နေ၏။ သူ့ ဘေးနား၌ အခြား မြေကြီး ရှန့်ထို သုံးဆယ့်ခုနစ်ယောက်လည်း ရှိနေသည်ကို ချက်ချင်း သတိထားမိလိုက်သည်။ သူတို့အားလုံးမှာလည်း အလားတူပင် နားမလည်နိုင်စွာဖြင့် ပတ်ဝန်းကျင်ကို စူးစမ်း နေကြ၏။

သေချာတာ တစ်ခုကတော့... အလွန်တရာ ထူးဆန်းလှသည့် စွမ်းအင် တစ်ခုမှာ သူတို့၏ ဆန္ဒများကို ဆန့်ကျင်ကာ ဤခြားနားသော အာကာသထံ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းက လျှို့ဝှက် အာဏာရှင် အဆင့်များ တိုက်ခိုက်ရာတွင် ပတ်ဝန်းကျင် မထိခိုက်အောင် အသုံးပြုသည့် လောကပုလဲ အခွံနှင့် ဆင်တူပေသည်။

“လောကပုလဲ အခွံလို့တော့ ပြောလို့ မရပါဘူး”

ရုတ်တရက် အလွန်တရာ များပြားလှသည့် ပုံရိပ်များမှာ သူတို့ရှေ့ မိုင်ပေါင်း ထောင်ဂဏန်းခန့်တွင် ပေါ်လာခဲ့သည်။ သူတို့ အားလုံးမှာ ဆင်တူ သံချပ်ကာများကို ဝတ်ဆင်ထားကြကာ ရှေ့ဆုံးမှ ဦးဆာင် ချီတက်လာခဲ့သူကတော့ နဂါးခေါင်းဆောင်းကို ဆောင်းထား၏။

“နည်းနည်းလေး ပိုအဆင့်မြှင့်ထားတယ် ဆိုပါတော့လေ...”

ကျန့်ခွန်ကျန်းက ဂုဏ်ယူဟန်ဖြင့် ဆိုလိုက်သည်။

“ကျုပ် ဒါကို ဟင်းလင်းပြင် သလင်းကျောက်ထဲက အရမ်းကို သန့်စင်တဲ့ ဟင်းလင်းပြင် စွမ်းအင်နဲ့ သုံးပြီး လုပ်ထားတာ... မြေကြီးရှန့်ထို အဆင့်တွေ အားလုံး လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး... ကောင်းကင် ရှန့်ထိုတွေတောင် ထွက်ပြေးဖို့ ခက်လိမ့်မယ်”

"...”

ခေါင်းဆောင် မြေကြီး ရှန့်ထိုမှာ ကျန့်ခွန်ကျန်း၏ စကားလုံးများကို တုန့်ပြန်ခြင်း မပြုချေ။ ထို့အစား... တဖြည်းဖြည်း ကြည်လင် ထင်ရှားလာသည့် ပုံရိပ်များကိုသာ ကြည့်ကာ သူ့ မျက်လုံးများက ဝိုင်းစက် ပြူးကျယ် လာခဲ့၏။

တစ်... နှစ်... သုံး...

သုံးဆယ်... လေးဆယ်...

တစ်ရာ.. နှစ်ရာ...

ပုံရိပ်များမှာ ဆက်လက်၍ မြင့်တက်နေ၏။ သူတို့၏ အော်ရာများမှာ မွေးကင်းစ ကတည်းက အတူတကွ လေ့ကျင့်လာခဲ့သည့် စစ်သည်တော်များလို အတူတကွပင် ပေါင်းစည်း နေကြသည်။ သူတို့ထံ၌ မတူကွဲပြားမှု တစ်ခုပင် မရှိချေ။

မြေကြီးရှန့်ထို သုံးဆယ့်ရှစ်ယောက်ထဲမှ တစ်ယောက်က မယုံကြည်နိုင်စွာဖြင့် အထစ်ထစ် အငေါ့ငေါ့ ရေရွတ် လိုက်သည်။

“တစ်... တစ်သောင်း... တစ်သောင်းတောင်”

မှန်၏။ သူတို့ အရှေ့၌ စစ်သည်တော် တစ်သောင်း ပါဝင်သည့် ကျန့်ကျန့်၏ တပ်မဟာကြီး ရပ်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... သူတို့ အားလုံးမှာ မြေကြီးရှန့်ထို အဆင့် အော်ရာများကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်နေခဲ့ကြလေ၏။

သူတို့ ကြည့်နေစဉ်မှာပင် နဂါးခေါင်းဆောင်းနှင့် မြေကြီးရှန့်ထိုက လက်သီးဆုပ်ကာ ဦးဆောင် မြေကြီး ရှန့်ထိုထံ ထိုးချလိုက်သည်။ လျှို့ဝှက် စွမ်းအင်များက လှိုင်းများသဖွယ် ပေါက်ကွဲ ထွက်ပေါ်လာကာ ပစ်မှတ်ထံ တန်းတန်းမတ်မတ်ပင် တိုးဝင် သွားသည်။

မြေကြီး ရှန့်ထိုမှာ ချက်ချင်းပင် ခုခံဖို့ ကြိုးပမ်းလိုက်သော်လည်း ထူးဆန်းသည့် ဖိအား တစ်ခုမှာ သူ့ကို မည်သည့် လျှို့ဝှက်စွမ်းအင်ကိုမှ မထုတ်ဖော်နိုင်အောင် ဖိနှိပ်ထားသည်။

ဘုန်း...

ဦးဆောင် မြေကြီး ရှန့်ထိုမှာ ချက်ချင်းပင် ပေါက်ကွဲ သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

***

All Chapters