အစီအစဉ်
Vol. 91 Ch. 1267
ဦးဆောင် မြေကြီး ရှန့်ထို သေဆုံး သွားခဲ့ပြီ ဖြစ်သည်။ လက်ကျန် မြေကြီး ရှန့်ထိုများမှာ မူလ နေရာများတွင်ပင် ငေးငိုင်ကာ ရပ်နေခဲ့မိကြ၏။ မည်သည့်အရာများ ဖြစ်ပျက်နေသနည်း။ ထိုအရာက တကယ်လော။ သို့တည်းမဟုတ် စိတ်လှည့်စားမှု တစ်ခုလော။ သို့သော်လည်း... မြေကြီး ရှန့်ထို အဆင့်များ၏ အာရုံ ခံစားနိုင်စွမ်းဖြင့် ၎င်းက အိပ်မက် မဟုတ်ကြောင်း သူတို့ အလွယ်တကူ ခွဲခြားနိုင်ပေသည်။
ထိုအခိုက်၌ သူတို့မှာ လှောင်အိမ်ထဲမှ ကြွက်များလိုပင် သူတို့ ခံစားနေရ၏။ လွန်ခဲ့သည့် စက္ကန့်ပိုင်း အတွင်း သူတို့ အမျိုးမျိုးသော ရတနာများ၊ ကျင့်စဉ်များကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... ဘာမှ အသုံးမဝင်ခဲ့ချေ။ ဤနေရာ၌ ဟင်းလင်းပြင် စွမ်းအင်နှင့် ဆက်သွယ်ထားသည့် အဆောင်များ ပင်လျှင် အသုံးမဝင်ပါချေ။
ထိုအရာက သူတို့ အတွက် အဆုံးသတ်လော။
ဦးဆောင် မြေကြီး ရှန့်ထို သေဆုံးသွားပြီ ဖြစ်လေရာ... အခြား မြေကြီး ရှန့်ထို တစ်ယောက်မှာ ခေါင်းဆောင် နေရာကို ရယူကာ အခြားလူများနှင့် ဆက်သွယ်လိုက်၏။ မျှော်လင့်ချက် မရှိလျှင်ပင် နောက်ဆုံး ရုန်းကန်မှု တစ်ခု အနေဖြင့် သူတို့ ပြန်လည် တိုက်ခိုက်ရမည် ဖြစ်သည်။ မြေကြီး ရှန့်ထို အဆင့် သုံးဆယ့် ခုနစ်ယောက်မှာ ပိုမို၍ ကပ်သွားကြကာ လျှို့ဝှက် အော်ရာများကို အတူကွ စုပေါင်း ထုတ်ဖော် လိုက်ကြ၏။
သို့သော်လည်း... ခေါင်းဆောင် မြေကြီး ရှန့်ထိုကို သတ်ဖြတ်ပြီး နောက်တွင် မြေကြီး ရှန့်ထို တစ်သောင်းမှာ ဆက်လက် လှုပ်ရှားခြင်း မရှိကြတော့ချေ။ သူတို့က ထူးမခြားနားသည့် အမူအရာများဖြင့် တိတ်ဆိတ် အေးစက်စွာပင် စောင့်ကြည့် နေကြ၏။ ထိုမြင်ကွင်းက အလွန်တရာပင် ကြောချမ်းဖွယ် ကောင်းလွန်း လှလေရာ နှစ်သောင်းပေါင်းများစွာ ကျင့်ကြံခဲ့သည့်တိုင် သူတို့မှာ ဒူးများ မခိုင်ချင်လာသလို ခံစားလိုက်ရ၏။
“...”
ကျန့်ကျန့်က သူတို့ကို အသုံးမဝင်ဟန်ဖြင့် တစ်ချက် ကြည့်ကာ လျစ်လျူ လိုက်သည်။ ထို့နောက်... သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မကြာသေးမှီက ပေါက်ကွဲသွားခဲ့သည့် မြေကြီး ရှန့်ထို၏ အသွေးအသားများ၊ အရိုးများမှာ စတင်ကာ တောက်ပလာခဲ့၏။
ဘုန်း...
ရုတ်တရက် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာကာ ဝိညာဉ် အလင်းရောင် တစ်ခု ထွက်ပေါ်လာ၏။ မင်းက ဥက္ကာပျံ တစ်ခုလိုမျိုး နံရံများထံ တိုးဝင်သွားကာ ဝင်တိုက်ဖို့ ပြင်လိုက်သည်။ သို့သော်လည်း... ကျန့်ကျန့်ထံမှ အလွန်တရာ ပြင်းထန်သည့် ဆွဲငင်အား တစ်ခု ထွက်ပေါ်လာ၏။
အား...
ဝိညာဉ် အော်ရာမှာ နာကျင်စွာ အော်ဟစ်လိုက်ရင်း အလင်းတန်း တစ်ခုနှယ် နောက်သို့ ပြန်လည် လွင့်စဉ် သွားခဲ့သည်။
၎င်းမှာ လေးဆယ် စင်တီမီတာလောက် အရွယ်အစား ရှိသည့် စက်ဝိုင်း ပုံသဏ္ဌာန်တစ်ခု ဖြစ်သည်။ ထိုအတွင်း တွင်တော့ လူသား သဏ္ဌာန် ပုံရိပ်ကလေး တစ်ခု ရှိနေခဲ့၏။ ၎င်းက ကြယ်တာရာ အမြုတေနှင့် ဝိညာဉ်တို့ပင် ဖြစ်လေသည်။
ဝှစ်...
ကျန်းဒူဟု ခေါ်သည့် စစ်သည်တော် တစ်ယောက်မှာ ရှေ့သို့ ထွက်လာကာ လျှို့ဝှက် အမြုတေကို စစ်ဆေး လိုက်၏။ ကျန်းဒူမှာ မူလက စစ်သား တစ်ယောက်သာ ဖြစ်ခဲ့သော်လည်း ယခုအခါ တပ်စုငယ် ခေါင်းဆောင် တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ကွမ်ယုသာ ဤနေရာတွင် ရှိပါက ထိုကျန်းဒူမှာ ဆက်စပ်မှု စစ်မြေပြင်တွင် ဝေ့ဝူယင်၏ လက်ချက်ဖြင့် ပထမဆုံး ခေါင်းပြတ် သေဆုံးခဲ့ရသည့် စစ်ဝိညာဉ်ပင် ဖြစ်ကြောင်း သတိထားမိလိမ့်မည် ဖြစ်သည်။
ကျန်းဒူမှာ ယခုအခါ မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူ၏ အော်ရာက ထူးခြားကာ လှုပ်ရှားမှုတိုင်းတွင် အတိတ်နှင့် ပစ္စုပ္ပန် အငွေ့အသက်များက ဝန်းရံနေသည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ လျှို့ဝှက် အမြုတေ၊ ဝိညာဉ်တို့နှင့် ချိတ်ဆက်ထားသည့် ခရမ်းရောင် အဆောင် တစ်ခုကို ဖယ်ရှား လိုက်၏။
“အဆောင်ကို ဖယ်ရှားပြီးပါပြီ... ဗိုလ်ချုပ်...”
ကျန်းဒူက အစီရင်ခံလိုက်ရင်း လျှို့ဝှက် အမြုတေနှင့် ဝိညာဉ်တို့ကို ကိုယ်ပိုင် စွမ်းအားနျင့် ချိတ်ပိတ် လိုက်သည်။ ထို့နောက် သူက ခရမ်းရောင် အဆောင်ကို ကျန့်ကျန့်ထံ လက်ဆင့်ကမ်း ပေးလိုက်၏။
မြေကြီး ရှန့်ထို အဆင့် သုံးဆယ့် ခုနစ်ယောက်၏ အမူအရာများက ဇဝေဇဝါ ဖြစ်သွားကြ၏။ အဆောင်... ဘာအဆောင်နည်း။ လေထုအတွင်း ဆိုးဆိုးရွားရား ခံစားချက် တစ်ခုက ပျံ့နှံ့နေသလို သူတို့ ခံစားလိုက်ရ၏။
ကျန့်ကျန့်က ခေါင်းညိတ်ရင်း အဆောင်ကို သိမ်းဆည်း လိုက်သည်။ ထိုအဆောင်မှာ မြေကြီး ရှန့်ထိုကို ငြိမ်းငြိမ်းချမ်းချမ်း မသေဆုံးအောင် တားဆီးထားသည့် အဆောင်ပင် ဖြစ်သည်။ ခန္ဓာကိုယ် ဖျက်ဆီးခံရပြီး နောက်တွင် ထိုအဆောင်မှာ အသက်ဝင်လာကာ လျှို့ဝှက် အမြုတေကို ဖောက်ခွဲပစ်လိမ့်မည် ဖြစ်သည်။
မြေကြီးရှန့်ထို တစ်ယောက် ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ခြင်းမှာ ဟာသ မဟုတ်ပါချေ။ လောကရှန့်ထိုများ ပင်လျှင် ထိုကဲ့သို့ ပြင်းထန်သည့် တိုက်ခိုက်မှုမျိုးကို ရင်မဆိုင်လိုကြချေ။ ထို့အပြင်... ကျင့်ကြံခြင်း အခြေခံမှာ ပိုမို သန်မာလေလေ၊ ပေါက်ကွဲမှုက ပိုမို ပြင်းထန်လေလေ ဖြစ်သည်။
မာ့ကျန်းတို့လို လမ်းစဉ် ကိုးခု မြေကြီး ရှန့်ထို တစ်ယောက်သာ ကိုယ့်ကိုယ်ကို ဖောက်ခွဲ တိုက်ခိုက်မည် ဆိုပါက သာမန် လောကရှန့်ထို တစ်ယောက်ကိုပင် ကျဆုံးစေနိုင်စွမ်း ရှိသည်။
ကံကောင်း ထောက်မစွာပင်... ထိုပြဿနာကို ကိုင်တွယ်ရန် အတွက် ကျန့်ကျန့်မှာ အချိန်ယူ ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။ သူ ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုမှာ မြေကြီး ရှန့်ထို၏ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ရုံမျှသာ မက အဆောင်အား အသက်သွင်းမည့် စွမ်းအားကိုပါ ဖိနှိပ်နိုင်ခဲ့ပေသည်။
ကျန်းဒူမှာ ရဲစွမ်းသတ္တိနှင့် ပြည့်စုံသူ တစ်ယောက် ဖြစ်လေရာ လွန်ခဲ့သည့် နှစ်များ အတွင်း ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် သာမည အာဏာ အချိန် ဥပဒေသနှင့် ဆက်သွယ်ရန် ရွေးချယ်ခံခဲ့ရသည။ ယခုအခါ၌ သူက သာမည အချိန် ဥပဒေသနှင့် တူ မြေကြီးရှန့်ထို တစ်ယောက်၏ အချိန်စွမ်းအင်ကို ထုတ်လွှတ်နိုင်ခဲ့ပြီ ဖြစ်သည်။
ကျန့်ကျန့်ကတော့ သူ့ စစ်သည်များ ပိုင်ဆိုင်ထားသည့် မည်သည့် ပြိုင်စံရှား စွမ်းရည်ကို မဆို ယူသုံးနိုင်စွမ်း ရှိပေသည်။ သို့ဖြစ်လေရာ ဝေ့ဝူယင်မှာ သူ့ကို သီးခြား ဆက်သွယ်ပေးစရာပင် မလိုခဲ့ချေ။
ကျန့်ကျန့်မှာ အဆောင်ကို သိမ်းဆည်းလိုက်ရင်း ဝေ့ဝူယင်၏ ပါရမီများကို စိတ်ထဲမှ အံ့အားသင့် နေခဲ့မိ၏။ ထိုလူငယ်လေးမှာ သေမျိုးဘဝတွင်ပင် သာမည အာဏာ တစ်ခုကို ဆုပ်ကိုင်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ အသက် တစ်ရာ မပြည့်ခင် ထိုကဲ့သို့ စွမ်းဆောင်ခဲ့သူမျိုး သူ့ မှတ်ဉာဏ်များထဲ၌ တစ်ယောက်မှ မတွေ့ခဲ့ဖူးချေ။ ကြည့်ရသည်က သူတို့ တည်ရှိနေသည့် စစ်အဆောင်မှာ မှန်ကန်သည့် ပိုင်ရှင်လက်ထဲသို့ ရောက်ရှိလာခဲ့ဟန် ရသည်။
“မင်းတို့ ဘာလိုချင်တာလဲ...”
မြေကြီးရှန့်ထို သုံးဆယ့် ခုနစ်ယောက်ထဲမှ ခေါင်းဆောင် နေရာကို ရယူထားသူ နောက်တစ်ယောက်က မေးလိုက်သည်။ ဦးဆောင် မြေကြီး ရှန့်ထို မသေဆုံးသေးသည်ကို တွေ့ရှိလိုက်ရလေရာ ထိုတပ်မဟာကြီး၏ ရည်ရွယ်ချက်က သူတို့ကို သတ်ဖြတ်ဖို့ မဟုတ်တာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ထိုအရာက သူတို့ထံတွင် မျှော်လင့်ချက် ရှိသေးသည်ဟု ဆိုလိုပေသည်။
နဂါးခေါင်းဆောင်း နောက်ရှိ ကျန့်ကျန့်၏ မျက်လုံးများက အနည်းငယ် အရောင်ပြောင်း သွားခဲ့၏။ သို့သော်လည်း သူက ထိုမေးခွန်းကို တိုက်ရိုက်ပင် လျစ်လျူလိုက်သည်။ ဝေ့ဝူယင် အနေဖြင့် ထိုမြေကြီး ရှန်ထိုများကို ကိုယ်တိုင် သတ်ဖြတ်ဖို့ လိုအပ်ပေသည်။ သို့မှသာ သူ့ တပ်မဟာတွင် အင်အားတိုးလာလိမ့်မည် ဖြစ်သည်။
သို့တည်းမဟုတ်... ဝေ့ဝူယင်က သူတို့ကို စည်းရုံးကာ ကိုယ်ပိုင် နောက်လိုက်များ အနေဖြင့် သွတ်သွင်းမည် ဆိုလျှင်လည်း အဆင်ပြေပေသည်။ သတ်ဖြတ်လိုက်ခြင်းထက် စာလျှင် ထိုနည်းလမ်း နှစ်ခုက ပိုမို အကျိုး ရှိသည်။ သို့သော်လည်း... တကယ်တမ်းအားဖြင့် ထိုမြေကြီး ရှန့်ထိုများထဲမှ အချို့သာလျှင် ဝေ့ဝူယင်၏ စံနှုန်းများနှင့် ကိုက်ညီပေလိမ့်မည်။
နောက်ထပ် နှောင့်နှေး တုန့်ဆိုင်းခြင်း မပြုတော့ပဲ ကျန့်ကျန့်က လက်တစ်ဖက်ကို မြှောက်ကာ သူတို့ အားလုံး၏ အဆောင်များကို ဖယ်ရှားလိုက်၏။ မြေကြီး ရှန့်ထိုများမှာ သူတို့၏ ကိုယ်ပိုင် စွမ်းအင်ကို ထုတ်လွှတ်ကာ ခုခံဖို့ ကြိုးပမ်း လိုက်ကြသော်လည်း ကျန့်ကျန့်၏ အနှိုင်းမဲ့ စွမ်းအင် အောက်၌ သူတို့၏ ခုခံမှုလေးများက ပုရွက်ဆိတ်သာသာ ဖြစ်သည်။
တဒင်္ဂ အတွင်းမှာပင် အဆောင် အားလုံးမှာ ပစ္စုပ္ပန် အချိန် ဥပဒေနှင့် အတူ အေးခဲ သွားခဲ့ပြီ ဖြစ်သည်။ အဆပေါင်းများစွာ ပိုမို အစွမ်းထက်သည့် အချိန်စွမ်းအင် တစ်ခုနှင့် ဖယ်ရှားခြင်း မပြုသရွေ့ ၎င်းတို့မှာ ထာဝရ အေးခဲ သွားတော့မည် ဖြစ်သည်။ သူတို့ ဘဝ တစ်လျှောက်လုံး အသုံးမပြုနိုင်တော့တာပင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ထို့နောက်တွင်တော့ ကျန့်ကျန့်က လက်နှစ်ဖက်ကို နောက်ကို ပစ်ရင်း ရေရွတ်လိုက်၏။
“တိုက်ကြစမ်း...”
သူ၏ အမိန့်ပေးသံက စားသောက်ဆိုင် တစ်ခုတွင် ဟင်းမှာနေသလိုမျိုး ပေါ့ပေါ့ပါးပါး နိုင်လှသည်။ သို့သော်လည်း တပ်မဟာကြီး တစ်ခုလုံးကတော့ အော်ဟစ်ကာ လှုပ်ရှား လာကြလေ၏။ ချက်ချင်း ဆိုသလိုပင် မြေကြီး ရှန့်ထို သုံးဆယ့် ခုနစ်ယောက်မှာ သူတို့ အပေါ် ကောင်းကင်ကြီး တစ်ခုလုံး ပြိုကျလာသလို ခံစားလိုက်ရလေတော့သည်။
...
ထိုအချိန် အပြင်လောက၌...
“...”
အမှောင် ဟင်းလင်းပြင် တစ်ခုလုံးမှာ အပ်ကျသံ မကြားရလောက်အောင် တိတ်ဆိတ်နေ၏။ မြေကြီး ရှန့်ထို သုံးဆယ့်ရှစ်ယောက်လုံး ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်နှင့် ပိုင်လင်တို့၏ ပုံရိပ် နှစ်ခုသာလျှင် စစ်မြေပြင် ဧရိယာ၌ ထီးထီး ကျန်ရစ်ခဲ့၏။
ဟင်းလင်းပြင် သင်္ဘောများထက်ရှိ လူပေါင်းများစွာမှာ ထိုမြင်ကွင်းကို ဇဝေဇဝါ အမူအရာများနှင့် ကြည့်နေမိကြ၏။ မည်သည့် အရာများဖြစ်သွား သနည်း။
သို့သော်လည်း... မျက်နှာဖုံးတပ် ညှိနှိုင်းသူအား ပြောလိုက်သည့် ဝေ့ဝူယင်၏ စကားသံကို သူတို့ ကြည်လင် ရှင်းလင်းစွာပင် ကြားလိုက်ရပေသည်။
မင်းတို့ရဲ့ မြေကြီး ရှန့်ထိုတွေ မရှိတော့ဘူး...
မင်းတို့ရဲ့ ဟင်းလင်းပြင် ဂိတ်တံခါးတွေ ပိတ်သွားပြီ...
မင်းတို့ရဲ့ အရိပ်ဥတွေ အားလုံး သိမ်းပိုက်ခံလိုက်ရပြီ...
ပထမ တစ်ခုကိုတော့ သူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။သို့သော်လည်း... နောက်နှစ်ခုကိုတော့ သူတို့ အတည်ပြုနိုင်ခြင်း မရှိချေ။ သို့စေကာမူ... မြေကြီး ရှန့်ထို သုံးဆယ့် ရှစ်ယောက်လုံးပင် ပျောက်ကွယ် သွားရခြင်းကို ထောက်ချင့်ပါက ထိုအရာက ဖြစ်နိုင်ချေ ရှိသည်။ သူတို့ နားမလည်နိုင်သည့် တစ်ခုတည်းသော အရာက ထိုဖြစ်စဉ်ကြီးက မည်ကဲ့သို့ ဖြစ်ပွားသွားခဲ့သည်ကိုပင်။
ထျန်းလင်းယု၏ အသက်ရှူသံများက ပြင်းနေကာ သူမ၏ ရင်ဘတ်မှာလည်း ဖောင်းလိုက်ပိန်လိုက် ဖြစ်နေခဲ့၏။ တုန်ရီနေသည့် လက်များနှင့် အတူ သူမမှာ အဝေးရှိ ဝေ့ဝူယင်ကို လှမ်းကြည့် နေခဲ့မိသည်။ ဖော်ပြ၍ မရနိုင်သည့် ခံစားချက် တစ်ခုက သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံထား၏။
ထျန်းမူယန်၏ တုန့်ပြန်မှုက ပြင်းထန်ခြင်း မရှိလှချေ။ သို့သော်လည်း... ပေါ့ပါးခြင်းတော့ မရှိချေ။
“ငါ သိတယ်... ငါသိနေခဲ့တယ်”
သူက ရေရွတ်လိုက်၏။ သူ၏ အသံက နောင်တရသည့် အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။ ခန္ဓာကိုယ်အား ဝန်းရံထားသည့် လျှို့ဝှက်ကျိန်စာကို သူ စိတ်ထဲမှ ကျိန်ဆဲ လိုက်မိ၏။ သို့သော်လည်း... ဝေ့ဝူယင်၏ နားလည်မှု ရှိသည့် အကြည့်ကို ပြန်လည် တွေးတောရင်း သူအနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ လူငယ်က ဤကိစ္စကို အဖုအထစ် တစ်ခု အနေဖြင့် မသတ်မှတ်ဖို့ သူ ကျိတ်ကာ ဆုတောင်း လိုက်မိသည်။
“...”
ဧကရီ ရှောင်ချွမ်းကတော့ ဆက်လက်၍ တိတ်ဆိတ် နေခဲ့လေ၏။
ဂီး...
ပိုင်လင်က ပျံသန်းလာကာ တဒင်္ဂ အတွင်းမှာပင် လူငယ် အနားကို ရောက်ရှိသွားခဲ့၏။ ဝေ့ဝူယင်က ရယ်မောလိုက်ရင်း သူမ၏ ကျောထက်၌ နေရာယူလိုက်သည်။
ထို့နောက်တွင်တော့... သူက အစစ်အမှန် မွေးဖွးခြင်း ကြယ်တာရာ နယ်မြေကို လှမ်းကြည့်လိုက်၏။
“ခင်ဗျားတို့ဆီမှာ မေးစရာတွေ အများကြီး ရှိလိမ့်မယ်လို့ ထင်တယ်... ဒါပေမဲ့ ဒါက ခင်ဗျားတို့ရဲ့ မေးခွန်းတွေကို အနည်းဆုံး တစ်ခုလောက်တော့ ဖြေပေးနိုင်လိမ့်မယ်”
ဝေ့ဝူယင်က လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း ရှန့်ထို လက်စွပ်ထဲမှ ဝိညာဉ် ပုံရိပ်ယောင် ကျောက်တိုင် တစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းက ချက်ချင်းပင် အလွန်တရာ ကြီးမားလှသည့် အလင်း မျက်နှာပြင်ကြီး အသွင် ပြောင်းလဲ သွားကာ အမျိုးမျိုးသော ပုံရိပ်များကို စတင် ပြသလေတော့သည်။
“ဒါက...”
တက်ရောက်လာသူများမှာ ပုံရိပ်ယောင် အတွင်းရှိ မြင်ကွင်းကို ချက်ချင်း မှတ်မိလိုက်ကြ၏။ ၎င်းတို့က အရိပ်ဥများပင် ဖြစ်သည်။ အလင်း မျက်နှာပြင်ထက်၌ အရိပ်ဥများကို ရှင်းရှင်းလင်းလင်းပြင် ဖော်ပြထားလေရာ ပတ်ဝန်းကျင်ရှိ နေနှင့် ကြယ် တည်ရှိပုံ၊ အကွာအဝေးများကို ထောက်ချင့်ရင်း မည်သည့် နေရာ၌ ဖြစ်သည်ကို တိတိကျကျပင် ခန့်မှန်းနိုင်ပေသည်။
တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီ၏ မျက်လုံးများမှာ ပုံမှန်ထက် ပိုမို၍ ပြူးကျယ် သွားခဲ့၏။
“ဒါတွေ အားလုံးက အစစ်အမှန် မွေးဖွားခြင်းရဲ့ အရိပ်ဥတွေလား... အဂ္ဂိရတ် အာဏာရှင်ဝေ့က...”
သတိမထားမိလိုက်ခင်မှာပင် သူမ၏ အသုံးအနှုန်းက “နင့်လင်လေး” မှ “အဂ္ဂိရတ် အာဏာရှင်ဝေ့” ဟု ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။
အမြင်အာရုံ စူးရှသည့် မြေကြီး ရှန့်ထို တစ်ယောက်မှာ များလှစွာသော အရိပ်ဥများထဲမှ တစ်ယောက်က ငါးထောင့်ကြယ်ဒေသ၏ အနားတွင် ရှိကြောင်း သတိထားလိုက်မိသည်။ ထို့နောက်တွင်တော့ သူမ၏ မျက်လုံးများမှာ ဧကရီ ရှောင်ချွမ်း၊ ထျန်းမူယန်၊ ထျန်းလင်းယု၊ ဟုန်ယုန်လျှို့လန်၊ ကုန်းရီတို့ အပါအဝင် အခြား မြေကြီး ရှန့်ထိုများနှင့် အတူ ထိုနေရာသို့ ရောက်ရှိသွား၏။
ချက်ချင်း ဆိုသလိုပင် အရိပ်ဥ တစ်ခု ထွက်ပေါ်လာသည်ကို သူတို့ တွေ့ရှိလိုက်ရသည်။ ၎င်းအား သိမ်းထားသူများက အစစ်အမှန် မွေးဖွားခြင်း အဖွဲ့သားများ မဟုတ်ကြချေ။ အခြား မျက်နှာဖုံးတပ် လူများပင် ဖြစ်လေသည်။
ထိုအခိုက်တွင်ပင် သူတို့ အားလုံး သိရှိလိုက်ကြလေပြီ ဖြစ်သည်။ ၎င်းကား...
***