← Chapters

မတည်ငြိမ်သည့် ကျင့်ကြံခြင်း

Vol. 91 Ch. 1269

မတည်ငြိမ်သည့် ကျင့်ကြံခြင်း

Vol. 91 Ch. 1269

လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်...

လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်မှာ တစ်လောကလုံးရှိ လျှို့ဝှက် ဂုဏ်သတ္တိများကို ထိန်းချုပ်နိုင်သည့် စွမ်းအားပင် ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်မှာ လျှို့ဝှက် တာအို အပေါ် သြဇာအာဏာရှိခြင်း မည်လေသည်။ ထိုနည်းဖြင့် သူတို့မှာ လောက၏ အရှင်သခင်များ ဖြစ်လာကြသည်။

မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင်တော့ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်မှာ အကြီးကျယ်ဆုံးသော ကျင့်ကြံခြင်း အခြေခံ ဖြစ်သည့် လောကရှန့်ထို အဆင့်၏ လက္ခဏာပင် ဖြစ်လေသည်။

အားလုံး၏ နှလုံးသားများက အရှိန်အဟုန်ပြင်းစွာပင် တုန်ရီနေကြ၏။ အင်ပါယာ ရောက်ရှိလာပြီလော။ ထိုကဲ့သို့ ဆိုပါက... အခြေအနေမှာ ခန့်မှန်း၍ မရနိုင်လောက်အောင် ပြောင်းလဲ သွားလိမ့်မည် ဖြစ်သည်။

သို့သော်လည်း...

ဤလောကနှလုံးသား ရည်ရွယ်ချက်၏ အော်ရာက အနည်းငယ် ခြားနားနေပေသည်။

“သူ မဟုတ်ဘူး...”

ထျန်းမူယန်က အခြားလူများ နည်းတူပင် လောကနှလုံးသား ရည်ရွယ်ချက် ‌ဖိအား အောက်၌ ရုန်းကန်နေရသည့် ဧကရီ ရှောင်ချွမ်းကို ကြည့်ရင်း အခိုင်အမာ ဆိုလိုက်သည်။ အကယ်၍ ဧကရာဇ်သာ ဆိုပါက ထိုဆန္ဒမှာ သူမ အပေါ် တစ်စုံတစ်ရာ သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ချေ။

လျှို့ဝှက် အာဏာရှင် အဆင့်များ ပြင်းထန်သည့် ဖိအားကို ခံစားနေရချိန်တွင် သေမျိုးများစွာကတော့ အသိစိတ် ကင်းမဲ့၍ သတိများပင် လစ်သွားကြပြီ ဖြစ်သည်။ သေမျိုး အသိစိတ် ပင်လယ်များမှာ ထိုမျှ ပြင်းထန်လှသည့် ဖိအားကို မခုခံနိုင်လေရာ ၎င်းတို့ကိုယ်ကို ကာကွယ်ရန် အတွက် အလိုအလျောက် ပိတ်သွားကြခြင်းပင်။

ထိုအရာများ ဖြစ်ပျက်နေချိန်တွင် ဖိအား သက်ရောက်မှုဒဏ်ကို အခံရဆုံး လူတစ်‌‌ယောက်ကတော့ မထီမဲ့မြင် အပြုံးတစ်ခုနှင့် အတူ တည်ငြိမ်စွာပင် ရပ်နေဆဲ ဖြစ်သည်။ ဆေဘာ နှလုံးသား ရည်ရွယ်ချက်နှင့် ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်များမှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို ဝန်းရံထား၏။ သူ့ ဘေးပတ်လည် ဧရိယာတွင် ရည်ရွယ်ချက် သုံးခုမှာ ပြင်းထန်စွာပင် တိုက်ခိုက် နေကြသည်။

ဆေဘာက အဆက်မပြတ် ဟိန်းဟောက်နေကာ ဒြပ်စင်များကတော့ နေအမတေမှ စွမ်းအင်များကို ယူသုံး၍ ပြိုင်စံရှား အကာအကွယ် တစ်ခုကို ဖန်တီးထားသည်။ အတူတကွ ပူးပေါင်းထားသည့် လောကနှလုံးသား ရည်ရွယ်ချက် နှစ်ခုမှာ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်နှင့် ရင်ဆိုင်ရာတွင် အနိုင်မရရှိသလို ရှုံးနိမ့်ခြင်းလည်း မရှိပါချေ။

“ခင်ဗျားက ချိပ်ဆက် နှစ်ခုကိုပဲ ဖျက်ဆီးနိုင်ခဲ့တယ်... ခင်ဗျားရဲ့ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်က အစစ်အမှန် မဟုတ်တာကြောင့် မလို့ သက်တမ်း မကုန်ခင်မျာ ပြန်ပြီး ရုတ်သိမ်းသင့်တယ်”

ဝေ့ဝူယင်က ဆန္ဒကို အသုံးပြုကာ တိတ်တဆိတ် မှတ်ချက်ချလိုက်၏။ ယခုတစ်ကြိမ်တွင်တော့ သူ့အသံကို လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက် ပိုင်ရှင်မှ တစ်ပါး အခြား မည်သူမှ ကြားနိုင်လိမ့်မည် မဟုတ်ပါချေ။

လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်မှာ ပိုင်ရှင်၏ ဆန္ဒကို ကိုယ်စားပြုပေသည်။ ချက်ချင်းပင် ထိုပိုင်ရှင်ထံမှ အံ့အားသင့်သည့် အငွေ့အသက် တစ်ချို့ကို သူ သတိထားမိလိုက်၏။ သူက ချိပ်ဆက်များ အကြောင်း ဝေ့ဝူယင် သိရှိနေတာကို အံ့သြခြင်း ဖြစ်နိုင်သလို သူပိုင်ဆိုင်ထားသည့် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်၏ အမှန်တရား အကြောင်း ဖော်ထုတ်နိုင်ခြင်းကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ မည်သို့ပင် ဆိုစေကာမူ... ထိုဖိအားကတော့ ဖြည်းညင်းစွာပင် ကျဆင်း သွားခဲ့၏။

“ဟူး...”

ထိုအခါတွင်မှ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ အသက်ကို ဝဝ ရှူနိုင်တော့သည်။ သူတို့၏ နဖူးများမှာ ချွေးများဖြင့် စိုရွှဲနေ၏။ သူတို့၏ နှလုံးသားများက ခပ်ကြမ်းကြမ်းပင် တုန်ခါနေသည်။ ခန္ဓာကိုယ် အတွင်းရှိ အရိုးများမှာ အချိန်မရွေး ပေါက်ကွဲ ထွက်သွားတော့မည့်ဟန် ရလေ၏။

ဝေ့ဝူယင်သည်လည်း သူ့ လောကနှလုံးသား ရည်ရွယ်ချက် နှစ်ခုကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်၏ လောကနှလုံးသား ရည်ရွယ်ချက်ကို ရင်ဆိုင်ရတာ သူ့အတွက် သိပ်မခက်ခဲလှချေ။ သို့သော်လည်း... ထိုပုဂ္ဂိုလ်သာ ၎င်းကို ဆက်လက် ထုတ်ဖော်ထားပါက တရှန်း အပါအဝင် သေမျိုးများ အန္တရာယ် ကျရောက်သွားနိုင်ပေသည်။ သေဆုံးသည် အထိပင် ဖြစ်နိုင်ချေ ရှိသည်။

“မတည်ငြိမ်တဲ့ ကျင့်ကြံခြင်း အခြေခံနဲ့ ကျုပ်ကို ခြိမ်းခြောက်လို့ မရဘူး.. ကျုပ် ခင်ဗျားကို အခွင့်အရေး တစ်ခု ပေးမယ်... အညံ့ခံပါ... ကျုပ် စိတ်ကောင်းဝင်နေတာကြောင့် ခင်ဗျား အသက်ကို ချမ်းသာပေးမယ်”

ဝေ့ဝူယင်က ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်၏။ သူ၏ မျက်လုံးများက ခြိမ်းခြောက်လိုသည့် အလင်းတန်းများနှင့် တဖျပ်ဖျပ် တောက်ပနေခဲ့သည်။

သို့သော်လည်း... သုံးစက္ကန့် ကြာသည် အထိ တုန့်ပြန်သံ ထွက်ပေါ် မလာခဲ့ပြန်ပါချေ။ ဝေ့ဝူယင် တပ်မဟာကို ဆင့်ခေါ်ရန် နောက်တစ်ကြိမ် ဟန်ပြင်လိုက်ပြန်၏။

“အလွှာကြားက လောက...”

ရုတ်တရက် ဝေ့ဝူယင် အသံ တစ်ခုကို ကြားလိုက်ရ၏။ ထိုအသံက သူတစ်‌ယောက်တည်းထံကိုသာ ဦးတည်နေလေရာ အခြား မည်သူမှ ကြားနိုင်လိမ့်မည် မဟုတ်ပါချေ။ ဝေ့ဝူယင် တပ်မဟာ ဆင့်ခေါ်မှုကို ရပ်ဆိုင်း လိုက်ကာ အသံကို အာရုံစိုက်လိုက်သည်။

“အဆုံးမဲ့ ဟင်းလင်းပြင် နယ်မြေက မကြာခင် ချိပ်ပိတ် နယ်မြေထဲကို ဆင်းလာတော့မယ်”

"..."

"မကြာခင်..."

"..."

ဝေ့ဝူယင်၏ မျက်နှာထက်၌ အံ့အားသင့်သည့် အငွေ့အသက်များက နေရာယူ သွားခဲ့၏။ သူ အချိန် အတန်ကြာပင် ဆွံ့အသွားခဲ့သည်။ ထိုသတင်းက သူ့လို လူမျိုးကိုပင် တည်ငြိမ်မှု ပျက်ပြားစေဖို့ လုံလောက်သည့် တန်ချိန်မျိုးကို သယ်ဆောင်ထားပေသည်။

အဆုံးမဲ့ ဟင်းလင်းပြင် နယ်မြေက ဆင်းသက်လာတော့မည်လော။ မဖြစ်နိုင်ချေ။ ထိုအရာက လုံးဝ အဓိပ္ပာယ် မရှိချေ၊

“ဒါပေမဲ့...”

ဝေ့ဝူယင်၏ အတွေးများက အလွန် လျှင်မြန်စွာပင် လှည့်ပတ်သွား၏။ တဒင်္ဂ အတွင်းမှာပင် သူ၏ စိတ်စွမ်းအင်များက အရှိန်အဟုန်နှင့် ကုန်ဆုံး သွားသည်။ ဝေ့ဝူယင် ငြိမ်သက်စွာပင် ရပ်ရင်း အမှောင် ဟင်းလင်းပြင်ကို အဓိပ္ပာယ်မဲ့စွာ ငေးကြည့် နေခဲ့သည်။ သူ့ မျက်ဝန်းများ အတွင်းရှိ စိတ်ရှုပ်ထွေးမှုများမှာ အချိန်နှင့် အမျှ ပိုမို ပြင်းထန်လာခဲ့၏။ ပိုင်လင်မှာ အမှောင် ဟင်းလင်းပြင် အတွင်းတွင်ပင် တိတ်တဆိတ်ပင် ရပ်နေကာ ဝေ့ဝူယင်၏ အတွေးများကို နှောက်ယှက်ခြင်း မပြုခဲ့ပါချေ။

...

ကောင်းကင်ဖျက်ဆီးသူ ထက်တွင်တော့... ထျန်းလင်းယု၏ အသက်ရှူသံများက အလွန်ပင် လေးပင်နေကာ တစ်ကိုယ်လုံးမှာ ရေချိုးထားသလို ချွေးများဖြင့် စိုရွှဲ နေခဲ့သည်။ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်မှာ လျှို့ဝှက် တာအိုနှင့် အနီးစပ်ဆုံး ဖြစ်လေရာ အလွန်ပင် ကြောက်စရာ ကောင်းလွန်းလှသည်။ တိုက်ရိုက် ပစ်မှတ် မဟုတ်သည့်တိုင် ထိုဖိအားကျဆင်းလာသော အခိုက်၌ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ပေါက်ကွဲထွက်သွားတော့ မတတ် ခံစားခဲ့ရသည်။

သို့သော်လည်း သေမျိုး တစ်ယောက် ဖြစ်သည့် ဝေ့ဝူယင်ကတော့ ထိုဖိအားကို ဘာမှ မဖြစ်သလို ခုခံနိုင်ခဲ့ပေသည်။ သူက ညီတူညီမျှ ကြောက်မက်ဖွယ် ကောင်းသည့် ရည်ရွယ်ချက် နှစ်ခုကို ထုတ်ဖော်ကာ လျှို့ဝှက် နှလုံးသား ရ့ည်ရွယ်ချက်ကို ပြန်လည် တိုက်ခိုက်ခဲ့သည်။ ထိုမြင်ကွင်းကို သူတို့အားလုံး ရှင်းလင်းစွာပင် မြင်တွေ့ခဲ့ရပေသည်။

“ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်...”

ထျန်းမူယန်က နဖူးထက်ရှိ ချွေးများကို အင်္ကျီ လက်အိုးဖြင့် သုတ်လိုက်ရင်း ရေရွတ်လိုက်၏။ ဝေ့ဝူယင် သုံးခဲ့သည့် ရည်ရွယ်ချက် နှစ်ခု အနက် တစ်ခုမှာ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ပင် ဖြစ်ကြောင်း သူ ချက်ချင်း မှတ်မိခဲ့သည်။

မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို စတင် ရောက်ရှိကတည်းက ဝေ့ဝူယင်မှာ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားကြောင်း ကျော်ကြားခဲ့သည်။ ထို့နောက် လောကသခင် အဆင့် ကြယ်တာရာ ကပ်ဘေးတွင်... ဝေ့ဝူယင်မှာ ထက်ပိုင်းကွဲအက်သွားသည့် မူလဂြိုဟ်ကြီးကို ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ဖြင့် ပြန်လည် မွမ်းမံကာ ထိုအချက်ကို သက်သေပြခဲ့သည်။ သို့ဖြစ်လေရာ အံ့အားသင့်စရာတော့ သိပ်မရှိလှချေ။

“ဆေဘာ နှလုံးသား ရည်ရွယ်ချက်...”

အခြားတစ်ဖက်တွင်တော့ ဧကရီ၏ အမူအရာက ဖြူရော် နေ၏။ သူမ၏ လှပသော မျက်နှာကလေးက သက်တောင့် သက်သာ မရှိမှု၊ တုန်လှုပ်မှု အငွေ့အသက်တို့နှင့် ပြည့်နှက်နေသည်။ အခြားလူများလိုပင် သူမမှာ ဝေ့ဝူယင်နှင့် ပိုင်လင်တို့၏ ပုံရိပ်ကို ငေးကြည့် နေခဲ့သည်။

အစစ်အမှန် မွေးဖွားခြင်း၏ နောက်ကွယ်ရှိ ပုဂ္ဂိုလ်မှာ သူနှင့် ခြားနားခြင်း မရှိလှကြောင်း အဆုံးမဲ့ ကောင်းကင် နတ်ဘုရား ဧကရာဇ်က သူမကို ပြောပြခဲ့ဖူးသည်။ ထိုအချိန်က သံသယ ရှိခဲ့သော်လည်း ယခုတွင်တော့ ဧကရာဇ် ဆိုလိုသည့် အရာကို သူမ ကောင်းကောင်းကြီး နားလည် သွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း... ပိုမို၍ အံ့အားသင့်ဖို့ ကောင်းသည့် အရာက ဝေ့ဝူယင်မှာ လောက နှလုံးသား ရည်ရွယ်ချက် နှစ်ခုကို ထုတ်ဖော်ကာ အလွန်တရာ ‌ကြောက်မက်ဖွယ် ကောင်းလှသည့် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်မှာ သံတူ တစ်ခုဆိုလျှင်... ဝေ့ဝူယင်၏ လောကနှလုံးသား ရည်ရွယ်ချက် နှစ်ခုမှာ သံမဏိ တံတိုင်းကြီး သဖွယ် ဖြစ်သည်။

ထျန်းမူယန်က ဧကရီကို လှမ်းကြည့်လိုက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်လေ၏။

“ဆိုတော့ သူ့မှာ ကျင့်ကြံခြင်း ဝိညာဉ် နှစ်ခုတောင် ရှိတာပေါ့”

***

All Chapters