← Chapters

ကြယ်ကွင်းပြင်ဖျက် ကပ်ဘေး

Vol. 91 Ch. 1270

ကြယ်ကွင်းပြင်ဖျက် ကပ်ဘေး

Vol. 91 Ch. 1270

လွန်ခဲ့သည့် နှစ်များ အတွင်း၌... သေမျိုး အဂ္ဂိရတ် အာဏာရှင်ဝေ့ထံတွင် ကျင့်ကြံခြင်း ဝိညာဉ် နှစ်ခု ရှိ၊ မရှိ ငြင်းခုန်မှုများ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ဖြစ်ပေါ်ခဲ့သည်။ သို့သော်လည်း... များစွာ‌သော လူများက မဖြစ်နိုင်ဟု ခိုင်မာစွာ ကောက်ချက်ချကြသည်။ ဝေ့ဝူယင်မှာ လောက ခွဲထွက်ခြင်း ကလန်မှ မဟုတ်သလို သူ့ထံတွင် အခြား ကြယ်တာရာ ဝိညာဉ် တစ်ခု ပိုင်ဆိုင်ထားသည် ဆိုသည့် သက်သေ အထောက်အထားများလည်း မရှိပါချေ။

သို့သော်လည်း... ယခုတွင်တော့ ဝေ့ဝူယင်မှာ ကြယ်တာရာ ဝိညာဉ် နှစ်ခုကို ပိုင်ဆိုင်ထားရုံမျှသာ မက လောက နှလုံးသား ရည်ရွယ်ချက် နှစ်ခုကိုပါ နားလည်ထားကြောင်း ရှင်းလင်း သွားခဲ့ပြီ ဖြစ်သည်။ ထိုရှာဖွေ တွေ့ရှိမှုက ထျန်းမူယန်၏ စိတ်အခြေအနေကို ပြန်လည် တည်ငြိမ်သွားစေခဲ့ကာ... လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကြောင့် ဖြစ်ပေါ်လာခဲ့သည့် နှလုံးသားထဲမှ ကြောက်ရွံ့စိတ်ကိုပင် ပြန်လည် တိုက်ဖျက် နိုင်ခဲ့သည်။

ထျန်းမူယန်က ဧကရီကို နောက်တစ်ကြိမ် ကြည့်လိုက်၏။ ထိုမိန်းမလှလေး၏ မျက်နှာက အနည်းငယ် ဖြူရော် နေသည်ကို သူ တွေ့ရှိရသည်။ သူမက ပြိုင်စံရှား အလှတရားကို ဆက်လက် ပိုင်ဆိုင်ထားဆဲ ဖြစ်သည့်တိုင် သူ့ မျက်လုံးထဲ၌ တစ်ဆင့် နိမ့်ကျသွားသလို ထျန်းမူယန် ခံစားလိုက်ရလေသည်။

အမှန်အတိုင်း ဝန်ခံရပါက ထျန်းမူယန်ထံတွင် ဧကရီ ရှောင်ချွမ်း အပေါ် တစ်သက်တာ လေးစားမှုများ ရှိခဲ့ပေသည်။ အလှအပ၊ ကျင့်ကြံခြင်း ပါရမီ၊ ဉာဏ်ရည် အစရှိသဖြင့် အရည်အချင်း အားလုံးတွင် သူမမှာ ထိပ်တန်း အဆင့်၌ ရှိသူ ဖြစ်သည်။

သို့သော်လည်း... ယနေ့ ဧကရီ၏ ဆုံးဖြတ်ချက်က ထျန်းမူယန်ကို အကြီးအကျယ် စိတ်ပျက် စေခဲ့သည်။ လေးစားမှုများကိုပါ လွင့်ပြယ် စေခဲ့သည်။

သူမက ဝေ့ဝူယင်ကို စွန့်ပယ်ဖို့ ဆုံးဖြတ်ခဲ့သည်။ ဟွမ်ရီကောင်းဘက်တွင် ရပ်တည်ခဲ့သည်။ သို့သော်လည်း ဝေ့ဝူယင်ကတော့ ပြဿနာ အားလုံးကို အသာအယာပင် ဖြေရှင်းနိုင်ခဲ့သည်။ သူက မြေကြီး ရှန့်ထို သုံးဆယ့် ရှစ်ယောက်ကို ချိပ်ပိတ်ခဲ့သည်။ အစစ်အမှန် မွေးဖွားခြင်း၏ နောက်ကွယ်ရှိ ပုဂ္ဂိုလ်ကိုပင် ဆက်လက် စိန်‌ခေါ်နိုင်ခဲ့သည်။

ဝေ့ဝူယင်ကို စွန့်ပယ်ဖို့ ဆုံးဖြတ်လိုက်ခြင်းက ဧကရီ၏ ဘဝတွင် ပြုလုပ်ခဲ့သည့် ပထမဆုံးနှင့် အကြီးကျယ်ဆုံးသော အမှား ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။

...

အစစ်အမှန် မွေးဖွားခြင်း အကာအကွယ် ဝင်္ကပါ၏ အရှေ့တွင်တော့...

ဝေ့ဝူယင်၏ မျက်လုံးများမှာ နားလည်မှု အလင်းတန်းများနှင့် ပြည့်နှက် သွားခဲ့၏။

“ကျုပ် နားလည်ပြီ... ကျုပ် နားလည်ပြီ... အံ့အားသင့်စရာ မရှိတော့ဘူး”

သူ့ မျက်နှာထက်ရှိ အံ့အားသင့်သည့် အငွေ့အသက်များက ပြန်လည်‌၍ လွင့်ပြယ် သွားခဲ့သည်။ ခက်ခဲလှသည့် ပုစ္ဆာ တစ်ပုဒ်ကို ဖြေရှင်းလိုက်နိုင်သလို သူ့ အမူအရာက သက်တောင့်သက်သာ ပြန်ဖြစ် သွားခဲ့၏။

“ဆိုတော့ ခင်ဗျားက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အတွက် အခိုင်မာဆုံး တံတိုင်းကို ဆောက်ချင်တာပေါ့ ဟုတ်လား... ဥပမာ ပေးရရင် အရိပ်ထဲမှ ပုန်းကွယ်လို့ မရတော့တဲ့ ကြွက်က နံရံနောက် ဝင်ပုန်းတဲ့ သဘောမျိုးပေါ့”

“...”

အသံပိုင်ရှင်က ဆိတ်ဆိတ်နေခြင်းဖြင့် ထိုအရာကို ဝန်ခံလိုက်သည်။ ဝေ့ဝူယင် သဘောပေါက်ဟန်ဖြင့် ရယ်မော လိုက်၏။

“ဒါပေမဲ့ အဲဒါက ခင်ဗျား အမှားပဲ မဟုတ်ဘူးလား... ဒုတိယ ချိပ်ဆက်ကို ဖျက်ဆီးလိုက်တာက ခင်ဗျားတို့ရဲ့ အစစ်အမှန် မွေးဖွားခြင်းပဲလေ... ဒုတိယ ချိပ်ဆက် ပျက်ဆီးတဲ့ အခါ အဆုံးမဲ့ ဟင်းလင်းပြင် နယ်မြေကို ဖျက်ဆီးနိုင်တဲ့ တစ်ခုခု ပေါ်လာလိမ့်မယ်... အကျိုးဆက် အနေနဲ့ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ အစီအရင်ရဲ့ သက်ရောက်မှုတွေက လျော့နည်း သွားတယ်... နယ်မြေပြိုကျတာနဲ့ သူတို့ ချိပ်ပိတ်နယ်မြေထဲကို ဝင်ခွင့်ရလိမ့်မယ်... ဟုတ်တယ်မလား”

ချိပ်ပိတ် အစီအရင်ကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းခဲ့သည့် အစစ်အမှန် မွေးဖွားခြင်း၏ အားထုတ်မှုက သူတို့ ကိုယ်တိုင် ပျက်စီးကြောင်းကို ဦးတည် သွားခဲ့သည်ကတော့ အတော်လေး ရယ်စရာ ကောင်းပေသည်။ သို့သော်လည်း... ဘဝ နှစ်ခုစာ မှတ်ဉာဏ်များဖြင့်ပင် ဝေ့ဝူယင် နားမလည်နိုင်သည့် တစ်ချို့ အရာများ ရှိနေသေးဆဲ ဖြစ်သည်။

“...”

အသံပိုင်ရှင်က မည်ကဲ့သို့မှ မတုန့်ပြ်ခဲ့ချေ။ ဝေ့ဝူယင် အစစ်အမှန် မွေးဖွားခြင်း အစီအရင် အတွင်းပိုင်းကို လှမ်းကြည့်လိုက်၏။

“အဲဒီ အချက်အလက်ကို ပြောပြလိုက်ရုံနဲ့ ကျုပ်က နောက်ပြန်ဆုတ်သွားမယ်လို့ ခင်ဗျား ထင်နေတာလား... ကျုပ်ရဲ့ အာရုံစူးစိုက်မှုတွေက အခြား တစ်နေရာကို ရောက်သွားမယ်လို့ ယုံကြည်နေတာလား”

ဝေ့ဝူယင်၏ အေးစက်စက် အငွေ့အသက်များနှင့် ပြည့်နှက် နေ၏။ ပိုင်လင်က အတောင်ပံများကို ပြင်းထန်စွာ ခတ်လိုက်သည်။ ထို့နောက်တွင်တော့ သူမမှာ အမြင့်မားဆုံးသော အမြန်နှုန်းကို သုံးကာ တွယ်ရာမဲ့ နှလုံးသား အကာအကွယ် အစီအရင်ထံ ဥက္ကာပျံ တစ်ခုလို တိုးဝင် သွားခဲ့တော့သည်။

“လောကရှန့်ထို အဆင့်နီးပါး အထိ ကျင့်ကြံထားနိုင်တဲ့ လူတစ်ယောက်က ဒီလောက် တုံးအလိမ့်မယ်လို့တော့ ကျုပ် မထင်ဘူး... နောက်ပြီး ခင်ဗျားက ကျုပ် မဟာမိတ် မဟုတ်ဘူး...”

ဟူး... ဟူး...

ပိုင်လင်၏ ခန္ဓာကိုယ်က နိဗာန မီးတောက်များနှင့် တောက်လောင်နေကာ အစီအရင်ကို အရှိန်အဟုန် ပြင်းစွာ တိုးဝင်လာ၏။ မီးတောက်များ၏ အရှိန်အောက်တွင်ပင် အစီအရင်၏ အစိတ်အပိုင်း များစွာမှာ အရည်ပျော်ကျလာကာ ဝင်ပေါက် တစ်ခု ဖြည်းညင်းစွာ ဖြစ်ပေါ်လာခဲ့သည်။

မျက်နှာဖုံးတပ် ညှိနှိုင်းသး အပါအဝင် လျှို့ဝှက် အာဏာရှင် အဆင့် များစွာမှာ ထိတ်လန့်တကြားပင် နောက်သို့ ဆုတ်ခွာ သွားကြ၏။ မီးဖီးနစ်သာ အစီအရင်ကို ဖြတ်သန်း ဝင်ရောက်လာနိုင်ပါက သူတို့ အားလုံး ပြာဖြစ်သည် အထိ လောင်ကျွမ်းခံရလိမ့်မည် ဖြစ်သည်။ သူတို့ကို ကာကွယ်ပေးနိုင်မည့် မြေကြီး ရှန့်ထိုများ မရှိပါတော့ချေ။

မျှော်လင့်ထားသည့် အတိုင်းပင်... အစီအရင်အား ပိုင်လင် မထိုးဖောက်ရသေးခင် အသံပိုင်ရှင်မှာ ချက်ချင်း ဆက်သွယ်လာခဲ့၏။ သူ၏ အသံက သုန်မှုန်နေသော်လည်း တည်ငြိမ်နေသည်။

“ငါက မင်း ရန်သူ မဟုတ်ဘူး...”

“ဟုတ်ပါတယ်... ခင်ဗျားက ကျုပ်ရဲ့ ရန်သူ မဟုတ်ဘူး... အမှန်အတိုင်း ပြောရရင် ချိပ်ပိတ် အစီအရင်ကို ခင်ဗျားတို့ ဖျက်ဆီးနေတာကိုလည်း ကျုပ် ဂရုမစိုက်ဘူး... ကျုပ် ဂရုစိုက်တာက မဟာ စက်ဝန်း ကြယ်ကွင်းပြင်မှာ ခင်ဗျား ကျူးလွန်နေတဲ့ ကိစ္စတွေပဲ... ကျုပ် အတွက်တော့ ခင်ဗျားက ကျုပ် နေနေတဲ့ အိမ်ကို အမှိုက်လာဖွနေတဲ့လူ... ရောဂါပိုးမွှားတွေ သယ်လာနေတဲ့လူ...”

ဝေ့ဝူယင်က လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်၏။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက အဆုံးအစမဲ့ ဝိညာဉ် အလင်းများနှင့် တောက်ပနေကာ အသံပိုင်ရှင်၏ ဝိညာဉ်အော်ရာကို စတင်ကာ ရှာဖွေ လိုက်သည်။

“ကျုပ် ခင်ဗျားကို အခွင့်အရေး တစ်ခုပေးမယ်... နောက်ထပ် ဆယ့်နှစ်မိနစ် အတွင်း ကျုပ် ခင်ဗျားကို တွေ့အောင် လိုက်ရှာမယ်... မတွေ့ရင် ကျုပ် ထွက်သွားပေးမယ်”

ဝေ့ဝူယင်၏ ဝိညာဉ်အာရုံမှာ မျက်လုံးများနှင့် ပေါင်းစပ်သွားကာ ငါးထောင့်ကြယ် ဧရိယာ တစ်ခုလုံးကို စတင် စိမ့်ဝင်သွားသည်။ လောက နှလုံးသား ရည်ရွယ်ချက်များနှင့် လျှို့ဝှက် စွမ်းအင်လှိုင်းများကို တွေ့မြင်နိုင်သည့် အမြင်အာရုံ စွမ်းအင် အသစ်ကြောင့် ထိုလျှို့ဝှက် နှလုံးသား ရည်ရွယ်ချက် ပိုင်ရှင်ကို အချိန်တို အတွင်း ကျိန်းသေ ရှာတွေ့နိုင်ရန် သူ ယုံကြည်ချက် ရှိနေခဲ့သည်။

"ဟူး... ဟူး... ”

ဝေ့ဝူယင် အချက်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ပိုင်လင်မှာ သက်တောင့်သက်သာပင် တွယ်ရာမဲ့ နှလုံးသား အကာအကွယ် အစီအရင်ကို ဖြတ်သန်းကာ အတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့သည်။

ခုနစ်စက္ကန့်မျှ ကြာမြင့်ပြီးနောက်၌...

ဝေ့ဝူယင်မှာ သူ၏ ရှာဖွေမှုကို ဒေါသဥဿုံ ကြယ်တာရာ နယ်မြေပေါ်တွင် အာရုံစိုက်လိုက်၏။ ထိုနေရာ၌ ပုံမှန်မဟုတ်သည့် တစ်စုံတစ်ခု ရှိနေပေသည်။ ပိုင်လင်က ချက်ချင်းပင် နိဗာန အသွင်ပြောင်းခြင်းကို ဖော်ထုတ် လိုက်၏။

“ခင်ဗျားကို တွေ့ပြီ...”

“မင်း ဘာလိုချင်တာလဲ...”

မကြာခင် အသံပိုင်ရှင်က မေးခွန်းထုတ် လိုက်၏။ သူက မူလဇစ်မြစ်ကို ဖုံးကွယ်ရန် ထူးဆန်းသည့် အစီအရင် တစ်ခုကို အသုံးပြုထားသည်။ ဖုံးကွယ်ရန် ကြိုးပမ်းနေသည့် လောကရှန့်ထို တစ်ပိုင်း၏ အပြုအမူကို စဉ်းစားရင်း ဝေ့ဝူယင် ရယ်မောလိုက်မိသည်။

ပိုင်လင်က နိဗာန အသွင်ပြောင်းခြင်းကို ပြန်လည်၍ ရုတ်သိမ်းလိုက်၏။ ဝေ့ဝူယင် သူမ၏ ကျောထက်တွင် အပြုံးတစ်ခုနှင့် အတူ ထိုင်ချလိုက်သည်။ သူတို့ နှစ်ယောက်မှာ ဒေါသဥဿုံ ကြယ်တာရာ နယ်မြေ အစပ်တွင်ပင် ရပ်တန့် လိုက်ကြ၏။

“အစစ်အမှန် မွေးဖွားခြင်းရဲ့ တာဝန်က ဒီနေရာမှာပဲ အဆုံးသတ်ပြီ...”

ဝေ့ဝူယင်က တောင်းဆိုလိုက်သည်။ ညှိနှိုင်းစရာ အခန်း ကဏ္ဍ မရှိပါချေ။ သူက ဆက်လက်၍ ပြောလိုက်၏။

“တကယ်လို့ အဆုံးမသတ်ချင်ဘူး ဆိုလည်း ကိစ္စ မရှိပါဘူး... ကျုပ်က ခင်ဗျား ကိုယ်စား ရပ်တန့်ပေးမယ်...”

“မင်း ဘယ်သူလဲ...”

အသံပိုင်ရှင်က မေးလိုက်၏။ ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် ပါရမီ၊ အဂ္ဂိရတ် သူရဲကောင်းများ၊ နည်းလမ်းများနှင့် ဗဟုသုတများ အရ ဆိုလျှင် သူက ချိပ်ပိတ် နယ်မြေမှ မဖြစ်နိုင်ချေ။ ထိုလူငယ်မှာ မည်သည့် နေရာမှ လာသနည်း။

“ကျုပ်က ဂျိုးငှက်နီမြို့တော် ဝေ့ကလန်က လာတဲ့ ဝေ့ဝူယင်ပါ... ခင်ဗျားကရော...”

ဝေ့ဝူယင် ပြန်လည် မေးခွန်းထုတ်လိုက်၏။ သို့သော်လည်း အဖြေ မရနိုင်မှန်း သူ သိရှိပြီး ဖြစ်သည်။

“အဆုံးမဲ့ ဟင်းလင်းပြင် နယ်မြေ ဆင်းသက်လာရင်...”

အသံပိုင်ရှင်က တစ်စုံတစ်ရာကို ပြောဖို့ ပြင်လိုက်သည်။ သို့သော်လည်း ဝေ့ဝူယင်က ကြားဖြတ် လိုက်၏။

"ကျုပ်ကို အကြောင်းပြချက် မပေးပါနဲ့... အဲဒီအတွက် ကျုပ် အစီအစဉ်ဆွဲမှာပါ... ခင်ဗျား ပါပါ မပါပါ ကျုပ် ကိုင်တွယ်နိုင်တယ်... အဲဒီ အချိန်ထိ အသက်ရှင်ချင်သေးသလား ဆိုတာကတော့ ခင်ဗျားရဲ့ ရွေးချယ်မှုပါပဲ”

“ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးကိုရော ဘာလုပ်မှာလဲ... မင်း အဲဒီဟာကို ဂရုမစိုက်ဘူးလား”

အသံက စိတ်မရှည် ဖြစ်လာဟန် ရ၏။

“ကြယ်ကွင်းပြင်ဖျက် ကပ်ဘေး...”

ဘဝ နှစ်ခုစလုံးတွင် ထိုကပ်ဘေး အကြောင်း ဝေ့ဝူယင် တစ်ခါမှ မကြားခဲ့ဖူးချေ။ သို့သော်လည်း... သူ၏ အမှန်တရား မျက်လုံးမှာ ချက်ချင်းပင် လောက အတွင်းရှိ မမြင်နိုင်သည့် လှိုင်းများကို လက်ခံ ရရှိလိုက်၏။

“ဆိုတော့... မင်း မသိသေးဘူးပေါ့”

"ပြောစရာ ရှိတာသာ ပြောပါ...”

ဝေ့ဝူယင်က ခေါင်းခါရင်း ပြောလိုက်သည်။

"နောက်နှစ်တစ်ရာ အတွင်း ချိပ်ပိတ်နယ်မြေတွေ ပြိုကျလိမ့်မယ်... အထဲမှာ ရှိတဲ့ သက်ရှိတွေ အားလုံး ဖျက်ဆီးခံရလိမ့်မယ်... အခု ငါတို့ရဲ့ တာဝန်ကို မင်းတားချင်သေးရဲ့လား...”

“...”

“...”

“...”

All Chapters