← Chapters

စိန်ခေါ်တိုက်ပွဲ

Vol. 12 Ch. 23

စိန်ခေါ်တိုက်ပွဲ

Vol. 12 Ch. 23

နယူးယောက်ဟီးရိုးကျောင်းရဲ့တိုက်ပွဲစင်မြင့်မှာ ဖြစ်ပါတယ်။ နာမည်ကြီးကျောင်းတစ်ကျောင်း ဖြစ်လာပြီးတဲ့နောက် ဒီတိုက်ပွဲစင်မြင့်ကို ထပ်မံ အဆင့်မြှင့်ခဲ့ကြပြီးတော့ အခုဆိုရင် ပရီးမီးယားလိပ် ဘောလုံးကွင်းတစ်ကွင်းစာလောက် ကျယ်နေပါပြီ။

မက်ဒါနာတွေရဲ့တိုက်ပွဲက ကျောင်းသားတွေဆီ ဘယ်ကနေ ဘယ်လိုသတင်းပေါက်ကြားသွားတယ် မသိပေမဲ့ ကျောင်းက ကျောင်းသားတွေအကုန်လုံးက အိုမီဂါအဆင့်တစ်ယောက် တိုက်ခိုက်တာကိုမြင်ချင်ကြတဲ့အတွက် အတန်းတွေတောင် ဖျက်သိမ်းပေးလိုက်ရတယ်။

ခုံတန်းတွေရဲ့ရှေ့ဆုံးကို ဓားလွယ်ထားတဲ့ကောင်လေး တစ်ယောက်နဲ့ နည်းပညာဝတ်စုံဝတ်ထားတဲ့ ကောင်မလေး တစ်ယောက်တို့က ပြေးလာပြီး ဝင်ထိုင်လိုက်ကြတယ်။ သူတို့နောက်မှာတော့ တတိယနှစ်ရောက်နေပြီဖြစ်တဲ့ အထူးတန်းက မူလအဖွဲ့ဝင်ကျောင်းသားတွေလည်း လိုက်ပါလာကြပါတယ်။

အထူးတန်းထဲမှာ အဖွဲ့ဝင်အသစ်တချို့လည်းရှိနေပြီး ဒုတိယနှစ်က ဖီးလစ်နဲ့ တတိယနှစ်က ဩစတင်းတို့ပါ။ သူတို့တွေကို တခြားကျောင်းသားတွေက အထင်ကြီးနေတဲ့ မျက်နှာတွေနဲ့ ကြည့်နေကြပါတယ်။

“အထူးတန်းရောက်ပြီ၊ အထူးတန်းကျောင်းသားတွေ တကယ်ကြီးရောက်လာပြီကွ။ သူတို့ထဲက အများစုက S rankနဲ့ A rankတွေတဲ့။ ပိုးကောင်တွေနဲ့စစ်ပွဲမှာတောင် ပါခဲ့ကြသေးတယ်။”

“အဲဒီဩစတင်းဆိုတဲ့ကောင်လေးကိုလည်း အထင်မသေးနဲ့ တိကျတဲ့တိုက်ပွဲအာရုံသိစိတ်ကိုပိုင်ဆိုင်ထားပြီး ရေခဲတွေကို ကြိုက်သလိုထိန်းချုပ်နိုင်တယ်။ A - တောင် ရောက်နေပြီတဲ့။”

“စီနီယာဖီးလစ်က သောက်ရမ်းချောတာပဲ။”

“စီနီယာအီဗန်က နင်တို့ဖီးလစ်ထက် ပိုချောတယ်ဟဲ့ ကောင်မတွေရဲ့။”

“နင်တို့အီဗန်က ပိုင်ရှင်ရှိပြီးသား။ တို့ဖီးလစ်က လူပျိုလေး။ ငါတို့က ရအောင်ကြံမှာ။”

အထူးတန်းကျောင်းသားတွေက သူတို့အကြောင်းကို ပြောနေကြတဲ့ လူတွေကြောင့် ကျောချမ်းသွားကြတယ်။ ဩစတင်းကတော့ ကွင်းလယ်မှာရပ်နေတဲ့ ယောက်ျားလေး တစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကို ကြည့်နေရင်း ခေါင်းကိုစောင်းလိုက်တယ်။

ကျောင်းသားဝတ်စုံ ဝတ်ထားတဲ့ ဝါ့ဇ်က သူ့အမြင်မှာတော့ သာမန်ကျောင်းသားတစ်ယောက်နဲ့ ဘာမှသိပ်မထူးပါဘူး။ မာရာဒင် ဝါ့ဇ်ဆိုတဲ့နာမည်နဲ့ ဟီးရိုးတစ်ယောက်ကို သူမကြားဖူးတာ ကြာပါပြီ။

တစ်ဖက်က ကောင်မလေးကတော့။ ဩစတင်းက ဖြူဖွေးနေတဲ့ မက်ဒါနာရဲ့ပေါင်လုံးလေးတွေကို ကြည့်လိုက်ရင်း ယစ်မူးနေတဲ့ မျက်နှာအမူအရာမျိုး ဖြစ်သွားတယ်။

“အားပါးပါး... ပေါင်လုံးလေးတွေက ပြေးကိုက်ချင်စရာ လေးတွေ။ မက်မဲလို့လ်မုန့်လေးတွေကျနေတာပဲ။”

ဒေါက်...

တစ်စုံတစ်​ယောက်က သူ့ခေါင်းကို ခေါက်လိုက်တဲ့အတွက် ဩစတင်းက မကျေမနပ်နဲ့ မော့ကြည့်လိုက်တယ်။ အိမ်စေ ဝတ်စုံအစကို မြင်တာနဲ့ သူမျက်နှာပျက်သွားတယ်။ မကြာခင်မှာပဲ အနီရောင်နဲ့ပန်းရောင်ကြားက မဟော်ဂရီရောင်ဆံပင်တွေရှိပြီး ချစ်စရာ မီးခိုးရောင် မျက်လုံးတွေရှိတဲ့ စက်ရုပ်မလေးကို သူမြင်လိုက်ရတယ်။

“အယ်... အယ်လာ...”

“မိန်းကလေးတစ်ယောက်ကို အဲဒီလိုယုတ်မာတဲ့ အကြည့်မျိုးနဲ့ စိုက်ကြည့်တာ အသေးစား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုဥပဒေနဲ့ ညိပါတယ်။”

“ဘာလို့ ငါ့ကိုချည်းပဲ လိုက်ဒေါက်ထောက်ကြည့်နေတာလဲ။” ဩစတင်းတစ်ယောက် သေချင်စော်နံနေတဲ့ စကားသံနဲ့ ပြောလိုက်တယ်။ အယ်လာကတော့ သူ့ကို လစ်လျူရှုထားပြီး စင်အရှေ့ကိုလျှောက်သွားတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဩစတင်းက တစ်ခုခုထူးခြားနေတာကို သတိထားမိသွား ပါတော့တယ်။

သူတို့နဲ့သိပ်မဝေးလှတဲ့​ ကျောင်းသားတွေထိုင်နေတဲ့ ခုံတန်းတွေမှာလည်း ပုံစံတူအယ်လာတွေ အများကြီး ရှိနေပြီးတော့ သူတို့လက်တွေကို ပြိုင်တူဆန့်ထုတ် လိုက်ကြတယ်။ အပြာနုရောင်အလင်းလွှာတွေက သူတို့ လက်တွေကနေတစ်ဆင့် ထွက်ပေါ်လာပြီးတော့ ပြိုင်ပွဲကွင်း ပရိသတ်ခုံတွေရှေ့မှာ ဒိုင်းတစ်ခုအဖြစ် လွှမ်းခြုံသွားတယ်။

ဩစတင်းလည်း မနေနိုင်တော့ဘဲ အယ်လာအနားကို ပြေးကပ်လာတော့တာပေါ့။

“အယ်... အယ်လာ... နင်က ဘယ်လိုလုပ်ပြီးတော့ အများကြီး ဖြစ်သွားတာလား။ ဘယ်ဟာက အယ်လာ အစစ်လဲ။”

“နင့်ဘေးနားမှာ ရပ်နေတာက အယ်လာအစစ်ပေါ့ အရူးကောင်ရဲ့။”

“....” ဩစတင်း ပြောစရာစကားမဲ့သွားတယ်။ အယ်လာက ကိုယ်ပွားအများကြီးရပြီးတာတောင်မှ သူ့ကို အနီးကပ် စောင့်ကြည့်ဖို့ ဆုံးဖြတ်ထားပုံပဲ။

“နင့်ကို သူက အဆင့်မြှင့်ပေးလိုက်တာလား။” ဩစတင်းက ထပ်မေးတော့ အယ်လာက အတက်အကျမရှိတဲ့ လေသံနဲ့..

“ငါက ဒီကိုယ်ပွားတွေနဲ့ S rank ဖြစ်သွားပြီ။ သခင်မက ဒီစွမ်းအားအသစ်ကို ဒီတိုက်ပွဲကွင်းမှာ စမ်းသုံးကြည့်ဖို့ ခိုင်းစေခဲ့တာ။”

ဩစတင်းကတော့ တံထွေးတွေမျိုချလို​က်တယ်။ သူက A - အဆင့်ကို မကြာသေးခင်ကမှ တက်ထားနိုင်လို့ နောက်ဆို အယ်လာအနိုင်ကျင့်တာ မခံရလောက်တော့ဘူးဆိုပြီး အားခဲထားတာပေါ့။ ဒါပေမဲ့ အခုတော့ အခြေအနေက ပြောင်းသွားပုံပဲ။

“ချီးထဲမှ...”

...

“ကဲဒီတော့ ဘယ်သူအရင်စတိုက်ချင်လဲ။” မက်ဒါနာက လက်ကိုပိုက်ထားရင်းနဲ့ မေးလိုက်တယ်။ သူက ဝတ်စုံကို ဆင့်ခေါ်ဖို့ အလျင်လိုမနေပါဘူး။ ဝါ့ဇ်ကတော့ မိတ်ကပ် ဘူးကိုထုတ်လိုက်ပြီး

“Moom Prism Power Make Up!” ဆိုပြီး ဆေလာ မက်ဒါနာအဖြစ် ပြောင်းလိုက်တယ်။ လူကြားထဲမှာ ကောင်လေးတစ်ယောက်​က ကောင်မလေးအဖြစ် ပြောင်းသွားတဲ့အတွက် ပရိသတ်တချို့ တံထွေးသီးကုန်ကြတယ်။

အထူးသီးသန့်ထိုင်ခုံတွေမှာထိုင်နေတဲ့ ဖရာလီတာ နှစ်ယောက်ထဲက Yansdereရာလီတာက လက်ပိုက်ပြီး သူ့ဘေးမှာရှိနေတဲ့ Tsudere ဖရာလီတာကို ပြောလိုက် ပါလေရဲ့။

“ တွေ့လား၊ အဲဒီလိုလီကွန်း​ကောင်က နင့်ရဲ့ ဆေလာမက်ဒါနာအစစ်ပဲ။ နောက်တစ်ခါ ငါ့မက်ဒါနာနား မကပ်နဲ့။”

ဒါပေမဲ့ Tsudere ဖရာလီတာကတော့ နောက်ထပ်ဖရာလီတာ ပြောတာကို ကြားတဲ့ပုံမပေါ်ဘဲ ဝင်းပနေတဲ့ မျက်လုံးတွေနဲ့ ပြိုင်ပွဲကွင်းထဲက မက်ဒါနာနှစ်ယောက်ကို စိုက်ကြည့်ရင်း..

“ဝါး... ဆေလာမက်ဒါနာနှစ်ယောက်တောင်ပဲ။ ဘယ်သူ့ကို အားပေးရမှန်း မသိတော့ဘူး။”

လင်ဒါနှစ်ယောက်ကတော့ ဖရာလီတာနှစ်ယောက်ကို ကြည့်ရင်း အူတက်နေပါတယ်။ လင်ဒါနံပါတ်တစ်က “ကြည့်ရတာ ဂါဝန်နီနဲ့ဖရာလီတာက ကယ်လို့မရတော့တဲ့ ပုံပဲ။”လို့ ကောက်ချက်ချလိုက်တယ်။

...

“နင်က ဒီနေရာမှာအိမ်ရှင်ပဲ... အရင်ဆုံးစလိုက်ပါ။” ဆေလာမက်ဒါနာက မှော်နှင်တံကို အသင့်ပြင်ထားရင်း ပြောလိုက်တယ်။

မက်ဒါနာက ခပ်ဟဟရယ်လိုက်ရင်း လက်ပတ်ကို ထိလိုက်တယ်။ နည်းပညာချပ်ဝတ်က အလင်းဒြပ်စင် အမှုန်တွေ စုဝေးရာကနေ အလိုလိုဖြစ်တည်လာပြီး နန်းတက်ဧကရာဇ်ဝတ်စုံ ထွက်လာတယ်။

လက်ထဲမှာ အဆင့်မြှင့်ထားတဲ့ ဒဏ္ဍာရီလာမြေဆွဲအားဓား ရှိနေပြီးတော့ ကျောနောက်မှာတော့ ပျံသန်းနေတဲ့ သေနတ်ပျံ ခြောက်ခုရှိနေတယ်။

“ပြီးခါမှ မငိုကြေးနော်။”

ဘုန်း...

မက်ဒါနာက မြေပြင်ကိုဆောင့်ကန်ပြီး ရှေ့ကိုတက်တယ်။ လေထုက အသံထက် အဆပေါင်းများစွာမြန်တဲ့ သူ့ရဲ့ လှုပ်ရှားမှုကြောင့် တစ်စစီအက်ကွဲသွားပြီး မုန်တိုင်းတစ်ခု ဖြစ်တည်လာတယ်။ အယ်လာက ဒိုင်းတွေနဲ့ ကျောင်းသားတွေကို ကာကွယ်ပေးထားလို့သာမဟုတ်ရင် အကုန်လုံးသေနေလောက်ပြီ။

“ငါက နင့်ကို သားရဲတွေရဲ့အစွမ်းကိုမသုံးဘဲ အနိုင်ယူပြမှာ။”

ထန်း...

မက်ဒါနာရဲ့ဓားကို ဆေလာမက်ဒါနာက လသလင်းဒိုင်း တစ်ခုတည်းနဲ့ တားလိုက်တယ်။ ဒါကြောင့် မက်ဒါနာ နည်းနည်းအံ့ဩသွားတယ်။

“အမြန်နှုန်းကတော့ အံ့ဩစရာပဲ။”

အဆင့်တစ်ဆယ် အထောက်အပံမှော်ပညာ၊ အရှိန်မြှင့်။

ဆေလာမက်ဒါနာရဲ့ခန္ဓာကိုယ်ကနေ လအလင်းတွေ ဖြာထွက်လာတယ်။ မက်ဒါနာက ဓားကိုပိုပြီးတော့ အားစိုက်လိုက်ချိန်မှာ ဒိုင်းက ကွဲထွက်သွားခဲ့ပေမဲ့ ဆေလာမက်ဒါနာကလည်း သူနဲ့အလားတူမြန်နှုန်းမျိုးနဲ့ အဲဒီနေရာကနေ ရှောင်ထွက်သွားပြီ။

“ပြေးလို့လွတ်မယ်ထင်နေလား။” သေနတ်တောင်ပံ ခြောက်ခုက နောက်မှာပြန်ပေါ်လာတဲ့ ဆေလာမက်ဒါနာကို အလင်းဒြပ်စင်တွေနဲ့ပစ်တယ်။ ဆေလာမက်ဒါနာရဲ့ ကျောနောက်ကနေ ဖယ်ရီတောင်ပံတွေပွင့်လာပြီး လှလှပပ ရှောင်ရှားလိုက်တယ်။

“မိုက်တယ်ဟ... အံ့ဩစရာပဲ။ အိုမီဂါအဆင့်တွေက ဒီလိုတိုက်ခိုက်တာလား။”

ကျောင်းသားတွေ မျက်စိပွင့်နားပွင့်သွားသလို ခံစားလိုက်ရ တယ်။ ဩစတင်းလည်း တော်တော်အံ့ဩနေပါတယ်။ သူတို့ ကျောင်းထဲမှာ S rank တချို့ရှိပြီး ဩစတင်းကိုယ်တိုင်လဲ S rankတွေနဲ့ ကိုယ်တိုင် တိုက်ခိုက်ဖူးတဲ့တယ်။ ဒါပေမဲ့ သူတို့ရှေ့က လူနှစ်ယောက် တိုက်ခိုက်နေတာကိုကြည့်ရင် S အဆင့်မြူတန့်တွေက ကလေးတွေလို့တောင် ထင်ချင်စရာပဲ။

“ သူတို့တွေက S အဆင့်တစ်ယောက်ကို တစ်ချက်တည်းနဲ့ သတ်နိုင်တယ်လို့ ခံစားနေရတယ်။ စီနီယာ အီဗန်၊ သူတို့က အဲဒီလောက်အထိ အစွမ်းထက်တာလား။”

ဩစတင်းက အီဗန်ကို မေးလိုက်တော့ အီဗန်က လေးနက်တဲ့ အကြည့်တွေနဲ့ တိုက်ပွဲကို ကြည့်နေရင်းနဲ့...

“မဟုတ်သေးဘူး။ သူတို့နှစ်ယောက်က အယ်ဖာအဆင့် ခွန်အားကိုပဲ ထုတ်ဖော်ထားကြတာ။.S rankတစ်ယောက်က မိုးမျှော်တိုက်တစ်ခုကို တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်တယ်ဆိုရင် အယ်ဖာတွေက မြို့တစ်မြို့ကို အသာလေးဖျက်ဆီးနိုင်တယ်။ အိုမီဂါတွေကတော့ ကုန်းမြေတိုက်ကြီးတွေကို တစ်ချက်တည်းနဲ့ဖျက်ဆီးပြီး ကမ္ဘာတစ်ခုလုံးကို စိတ်ကြိုက်ဖောက်ခွဲပစ်လို့ရနိုင်တယ်။”

ဩစတင်းက သက်ရောက်အားလှိုင်းတွေ သူတို့ဆီကို မရောက်စေဖို့ ကာကွယ်ပေးနေတဲ့ အယ်လာကို ကြည့်လိုက်တယ်။ အယ်လာ့ပုံစံက တော်တော်ကို ဖိအားဒဏ် ခံနေရတဲ့ပုံပဲ။

“ သူတို့က ပညာချင်းယှဥ်ရုံပဲ တိုက်နေကြတာ။ တကယ့် စွမ်းအားအစစ်တွေ မထုတ်ကြသေးဘူး။”

...

အဆင့်တစ်ဆယ် အထောက်အပံမှော်ပညာ၊ ခွန်အား မြှင့်တင်ခြင်း။

ရုတ်တရက် ဆေလာမက်ဒါနာရဲ့ခန္ဓာကိုယ်​က လူလေးနဲ့ မလိုက်အောင် သန်မာလာတယ်။ ဘယ်လောက်ထိ သန်မာလဲဆိုရင် သူ့ကိုခုတ်လိုက်တဲ့ ဓားချက်ကို အသာလေး ရှောင်လိုက်ပြီးတော့ ငွေရောင်စစ်သည်ကို မီတာအနည်းငယ် နောက်လွင့်သွားအောင် ထိုးလိုက်နိုင်တဲ့အထိပဲ။

“အယ်ဟယ်... ကြည့်ရတာ နင်က ဒီလောက်လည်း မကြမ်းပါဘူး။”

ဆေလာမက်ဒါနာက နောက်ပြောင်လိုက်ပြီး နောက်ထပ် မှော်ပညာတစ်ခုကို ထပ်သုံးတယ်။ မိုးကြိုးလျှပ်စီးတွေက သူ့ခန္ဓာကိုယ်ကို လွှမ်းမိုးသွားပြီး လက်သီးမှာလာစုတယ်။

“အဆင့်တစ်ဆယ်မှော်ပညာ၊ မှော်မိုးကြိုးမုန်တိုင်းကို အထောက်အပံမှော်တစ်ခုအဖြစ် ပြောင်းသုံးလိုက်တာလား။ သဘာဝမှော်တွေအားလုံးကို ကျွမ်းကျင်တဲ့ ဆေလာမက်ဒါနာ ပီသပါပေတယ်။”

ဂါဝန်နီနဲ့ဖရာလီတာက ဆေလာမက်ဒါနာကို ချီးကျူးတယ်။ ဆေလာမက်ဒါနာကတော့ မိုးကြိုးလက်သီးတွေကိုသုံးပြီး ငွေရောင်စစ်သည်နားကပ်သွားတယ်။

ဘုန်း... ဘုန်း... ဘုန်း...

အားပြင်းတဲ့ လျှပ်စစ်စီးကြောင်းတွေက ဝတ်စုံထဲကို ဖြတ်သန်းစီးဆင်းလာတဲ့အတွက် မက်ဒါနာအတော် သတိထားနေရပါတယ်။ သူ့ဝတ်စုံက အတော်အတန် ရှော့ခ်ဖြစ်တဲ့ဒဏ်ကို ခံနိုင်ပေမဲ့လည်း ရန်သူက သာမန် လူတစ်ယောက်မဟုတ်တာ သတိထားရပါမယ်။ တစ်ဖက်က ထွက်ပေါ်လာတဲ့ လျှပ်စီးကြောင်းတွေက မြို့ကြီးတစ်ခုရဲ့ ဓာတ်အားလိုင်းတစ်ခုလုံးကိုတောင် ပိတ်ချနိုင်တဲ့အထိ ပြင်းနေတာပါ။ ဒါကြောင့် သူ့ရဲ့စွမ်းအင်ဗဟိုချက် ထိခိုက်မသွားအောင် သတိထားနေရပါတယ်။

“လက်သီးနဲ့တင် မလုံလောက်သေးဘူးလား။ ခြေနဲ့ဆိုရင်ရော..”

ဆေလာမက်ဒါနာက သူ့ခြေထောက်တွေကိုပါစသုံးပြီး တိုက်ခိုက်တယ်။ ပုဆိန်ကန်ချက်တစ်ချက်ကြောင့် ငွေရောင်စစ်သည်ဒူးထောက်ကျသွားရပြီး ညာဖြောင့် ကန်ချက်နောက်တစ်ချက်က ငွေရောင်စစ်သည်ကို အဝေးကြီး လွင့်သွားစေပြီး အယ်လာရဲ့စွမ်းအင်နံရံနဲ့ သွားရိုက်မိတယ်။

တခြားသူတွေက ဆေလာမက်ဒါနာကို အားပေးနေပေမဲ့ သတ္တုလက်အိတ်နဲ့ဖရာလီတာကတော့ ပြုံးလိုက်တယ်။

“အခုမက်ဒါနာ တကယ်တင်းသွားပြီ။ အဲဒီဝါ့ဇ်တော့ သေပြီပဲ။”

...

ဝတ်စုံထဲမှာရှိနေတဲ့ မက်ဒါနာရဲ့မျက်နှာက မည်းမှောင် သွားတယ်။ သူက အံ့ကိုတင်းတင်းကျိတ်လိုက်ပြီး ဓားကို အားပြုကာ ​ပြန်ထလိုက်ပါတယ်။

“ကြည့်ရတာ ငါနင့်ကို အထင်သေးခဲ့မိတဲ့ပုံပဲ။ အတည်လုပ်တာပေါ့။”

ငွေရောင်စစ်သည်ရဲ့ကျောနောက်​က ဂျက်အင်ဂျင်တွေက အလင်းဒြပ်စင်တွေအများကြီးကို စတင်ထုတ်လွှင့်တယ်။ ငွေရောင်စစ်သည်ရဲ့မြန်နှုန်းက အသံထက် ခြောက်ဆယ့် လေးဆလောက်မြင့်တက်သွားပြီး ဆေလာမက်ဒါနာ အငိုက်မိသွားပါတယ်။

ဟာရီကိန်းဓားကွက်။

ခလွမ်း...

ဆေလာမက်ဒါနာရဲ့သလင်းကျောက်ဒိုင်းက အက်ကွဲ သွားပြီး ငွေရောင်စစ်သည်ရဲ့ဓားပြားကြီးက ဆေလာ မက်ဒါနာရဲ့ရင်ဘတ်ပေါ် ကျဆင်းသွားတယ်။

ဘုန်း...

ဓားအပြားနဲ့ရိုက်ခဲ့တာဖြစ်လို့ သေတော့သေမသွားပေမဲ့ အဝေးကြီးကိုရိုက်ထုတ်ခံလိုက်ရပြီး အရိုးအဆစ်တွေ နေရာလွဲကုန်ပါတယ်။ ဆေလာမက်ဒါနာက သူ့ကိုယ်သူ ပြန်ပြီးကုသလိုက်လို့ ချက်ချင်းပြန်ကောင်းလာပေမဲ့လည်း ငွေရောင်စစ်သည်ရဲ့တိုက်ကွက် မပြီးသေးပါဘူး။

သေနတ်ခြောက်လက်က အမြောက်တစ်လက်တည်းအဖြစ် စုစည်းသွားပြီး ရှောင်ရခက်တဲ့ အလင်းဒြပ်စင်တန်းကြီးကို ပစ်လွှတ်လိုက်တယ်။

“သေစမ်း...” ဆေလာမက်ဒါနာက မိန်းကလေး ဖြစ်နေတာတောင် မေ့သွားပြီး ဆဲရေးလိုက်တယ်။ နောက်တော့ သူကိုယ်တိုင်လည်း ရေနဂါးကြီးကို ဆင့်ခေါ်ကာ အလင်းဒြပ်စင်တန်းနဲ့ရင်ဆိုင်စေလိုက်တယ်။

တိုက်ကွက်နှစ်ခုက အချင်းချင်းတိုက်မိကြပြီး ထွက်လာတဲ့ ပြင်းထန်အားလှိုင်းတွေကြောင့် အယ်လာရဲ့ဒိုင်းကွဲထွက်ပြီး အယ်လာကိုယ်ပွားတချို့ လွင့်ပျံထွက်ကုန်တယ်။ ကံကောင်းစွာနဲ့ ပိုများတဲ့အယ်လာတွေရောက်လာပြီး ဒိုင်းကို ဝင်အားဖြည့်ပေးလိုက်ကြတယ်။

“ သူတို့နှစ်ယောက်လုံးက အယ်ဖာအဆင့်တွေလုပ်နိုင်တဲ့ အကန့်အသက်ထက်တောင် ကျော်နေပြီ။” တိုက်ပွဲကို ကြည့်နေတဲ့ သတ္တုလက်အိတ်ဖရာလီတာက ကောက်ချက် ချလိုက်တယ်။

တိုက်ပွဲကွင်းပြင်မှာခင်းထားတဲ့ အမာခံကျောက်ပြားတွေ အားလုံးအက်ကွဲသွားပြီး မြေကြီးတွေတောင် ကျွံဝင်နေပြီ။ အယ်လာကသာ စွမ်းအင်ဒိုင်းနဲ့တားမထားရင် တိုက်ပွဲမြေပြင်တင်မကဘဲ ဟီးရိုးကျောင်းတစ်ခုလုံးပါ ပျက်စီးသွားနိုင်တယ်။

“ဒီလောက်နဲ့တော့ အရှုံးမပေးနိုင်ဘူး။” ဆေလာမက်ဒါနာ ကိုယ်တိုင်လည်း မှော်နှင်တံကို အားကုန်ဝေ့ယမ်းလိုက်ပါပြီ။ နောက်ထပ်ရေနဂါးတွေအများကြီး ထပ်မံဖြစ်ပေါ်လာပြီး စုစုပေါင်းရေနဂါးကိုးကောင်ပါ။ ရေနဂါးတွေရဲ့နောက်မှာ မိုးကြိုးလျှပ်စီးတွေဖြာထွက်နေတဲ့ သိမ်းငှက်တစ်ကောင် ရှိနေပြီးတော့ ရည်မှန်းချက်ကတော့ ရိုးရှင်းပါတယ်။

ငွေရောင်စစ်သည်ရဲ့စွမ်းအင်ဗဟိုချက်ကို ကမ္ဘာပျက်လုနီးပါး များပြားတဲ့ ရေနဲ့မိုးကြိုးစွမ်းအင်တွေ အသုံးပြုပြီးတော့ ဖျက်ဆီးပစ်ဖို့ပါ။

တစ်ဖက်မှာလည်း မက်ဒါနာက ညှာတာမနေတော့ဘဲ လိပ်နက်အဖြစ်ပြောင်းဖို့ ပြင်တယ်။ သားရဲတွေရဲ့စွမ်းအင်ကိုသုံးလိုက်တာနဲ့ ဆေလာမက်ဒါနာဟာ သူ့ကိုခဏလေးနဲ့ ရှုံးနိမ့်သွားမယ် ဆိုတာကို နားလည်နေပါတယ်။

ဘုန်း...

တိုက်ကွက်တွေ တစ်ခုနဲ့တစ်ခုထိလုနီးပါး အချိန်မှာပဲ

“မမလေးတို့နှစ်ယောက် တိုက်ခိုက်နေတာ ရပ်ဖို့အချိန်ကျပြီလို့ မထင်ဘူးလား။”

ဆေလာမက်ဒါနာရဲ့မှော်စွမ်းအားတွေနဲ့ မက်ဒါနာရဲ့ လိပ်နက်စစ်သည်က အမြီးတိုက်ကွက်တွေကို လေဟာနယ် အက်ကြောင်းတစ်ခုက စုပ်ယူသွားတယ်။ သူတို့နှစ်ယောက်ရဲ့အလယ်မှာတော့ ဆံပင်အနက်ရောင် ရှည်ရှည်၊ အညိုရောင်မျက်လုံးတွေနဲ့အေမီက အနူးဘစ် ပုံစံပြောင်းထားပြီး မားမားမတ်မတ်ရပ်တည်နေပါတယ်။

All Chapters