← Chapters

အခန်း (၉၀၀)

Vol. 61 Ch. 900

အခန်း (၉၀၀)

Vol. 61 Ch. 900

ပြန်ပေးငွေကို ရယူပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏လူများနှင့်အတူ ပြိုင်စံရှားဂိုဏ်းသို့ ပြန်သွားခဲ့ သည်။ သူတို့သည် ပေါ့ပေါ့ပါးပါးဖြင့် ရောက်ရှိလာခဲ့ကြပြီး ပေါ့ပေါ့ပါးပါးဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

မိုရှန်ရှမ်းနှင့် ဘုံကိုးပါးကုန်းမြေတိုက်ကြီးဆီမှ လူများအားလုံးတို့သည် ခံတပ်လွတ်ကြီးကိုကြည့်၍ အချိန် အတော်ကြာ ဆွံ့အနေမိ၏။ မည်သည့်အရာများ ဖြစ်သွားသနည်း။ ဂြိုဟ်တိုက်ပွဲတည်နေရာဆိုသည်မှာ လစ်ဟင်းမှု များ ရှိနေခြင်းပင် ဖြစ်မည်။ ထို့ကြောင့် တစ်ဖက်လူများ အနေဖြင့် ဝင်ချင်သလိုဝင်၍ သွားချင်သလို သွားလာ နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ခံတပ်သည် အချိန်အကန့်အသတ်တစ်ခုအတွင်း အပြင်ဘက်ဆီသို့ ထွက်ခွာရမည်လား၊ သူသည် လူများကို စေလွှတ်၍ အပြင်ဘက်တွင် တားဆီးကာ ထွက်လာသည်နှင့် တိုက်ခိုက်ရန် စဉ်းစားထားခဲ့သည်လား။ ဤအရာမှာ ပေါက်ကရတွေ လျှောက်၍ စဉ်းစားနေခြင်းသာ ဖြစ်ပေလိမ့်မည်။

“မြို့တော်ဝန်”

စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ “အခု ကျုပ်တို့ ဘာလုပ်ကြမလဲ”

မိုရှန်ရှမ်းသည် သူ၏ ဒေါသတရားများကို ဖိနှိပ်ကာဖြင့် ခေါင်းကိုက်စွာ ပြောလိုက်မိသည်။ “ကိုယ့်ခံတပ်ကို ပြန်ကြ တာပေါ့”

ဆဋ္ဌဂံကြယ်ကျောက်တုံးများကို ပေးအပ်ပြီးသည့်နောက် သူသည် သူ၏လူများကို ပြန်လည်ရွေးပြီးပြီဖြစ်သည်။ ထို့ကြောင့် လက်ရှိအခြေအနေတွင် ခံတပ်ဆီသို့ပြန်၍ စဉ်းစားစရာပင် ရှိတော့သည်။ အဆုံးသတ်မှာတော့ တစ်ဖက် လူများအားလုံးသည် ၎င်း၏ မျက်စိရှေ့မှောက်တွင် ပျောက်ကွယ်သွားခဲ့ကြပြီး ဖြစ်သည်။ သူ့အနေနှင့် ဘာမှလည်း မလုပ်လိုက်နိုင်ခဲ့ချေ။

“သွားမယ်၊ သွားမယ်” မိုရှန်ရှမ်းသည် သူ၏နောက်လိုက်များနှင့်အတူ ထွက်ခွာသွားခဲ့တော့၏။ တစ်ချိန်တည်းမှာပဲ သူသည် ဤဂြိုဟ်ကြီးတွင် နေထိုင်ရင်း အရှက်သိက္ခာတရားများကို ပြန်လည်ရရှိရန် မည်ကဲ့သို့ ပြုလုပ်မည် ဆိုသည့်အကြောင်းကို စဉ်းစားလျက်ရှိနေတော့၏။

ထင်မှတ်ထားသည့်အတိုင်းပဲ တစ်ညအတွင်းမှာပဲ ဘုံကိုးပါး ကုန်းမြေတိုက်ကြီးမှ စီမေ၊ နုမေနှင့် ကြယ်ကိုးပွင့် အကြီးအကဲကြီးများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသော သတင်းသည် တောမီးကဲ့သို့ပင် ပျံ့နှံ့သွားခဲ့တော့သည်။ များပြားလှသော ကျင့်ကြံသူများသည် ဆွေးနွေးလျက်ရှိနေကြသည်။ ၎င်းတို့၏ မျက်နှာပေါ်တွင်တော့ အံ့အားသင့်မှုများနှင့် ပြည့်နှက်နေကြသည်။

ဘုံကိုးပါး ကုန်းမြေတိုက်ကြီးသည် အဆင့်မြင့်ဂြိုဟ်တစ်ခုဖြစ်သည်ဟု သတ်မှတ်ထားခဲ့ကြ၏။ ထိုနေရာဆီမှ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ ဆယ့်တစ်ယောက်တို့သည် ဘာမှမသိသည့် ဂြိုဟ်တစ်ခု၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့ကြသည်။ မယုံကြည်နိုင်ဖွယ်ရာပင် ဖြစ်တော့၏။

“ဒါက ကောလဟလတွေလား”

“မဟုတ်ဘူး၊ ဒါက အစစ်အမှန်ပဲ၊ ပြီးတော့ ကြယ်ကြွေကုန်းမြေတိုက်ဆီမှာ ဝရမ်းထုတ်ပြန်ထားတဲ့ သိုင်းကျင့်ကြံသူ သုံးယောက်ပေါ်လာခဲ့တယ်လေ၊ လူတွေအကုန်လုံးက အဲကို သွားကြည့်ခဲ့ကြတော့ ဖြစ်ရပ်တွေ အကုန်လုံးကို မျက်မြင်တွေ့ခဲ့တယ်”

“ခရမ်းရောင်ဆံပင်တွေနဲ့ ကိုယ်လုံးတီးနေတဲ့ လူတစ်ယောက်က အရမ်းကြမ်းတယ်၊ သူတစ်ယောက်တည်း နဲ့ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ ငါးယောက်ကို တိုက်ခိုက် အနိုင်ယူခဲ့တယ်”

“ကြယ်ကြွေကုန်းမြေတိုက်ကြီးက ဘယ်လို ဂြိုဟ်အမျိုးအစားလဲ၊ ဘာလို့ အဲလောက် အားကောင်းလွန်းနေတာလဲ”

“ဘယ်သူက သိမှာလဲ၊ သူတို့က တိုက်ခိုက်ရေး တည်နေရာထဲမှာ ဒီလိုပဲ ပေါ်လာခဲ့တာလေ”

“ဘုံကိုးပါး ကုန်းမြေတိုက်ကြီးဆီက စွမ်းအားမြင့် ကျင့်ကြံသူတွေ တော်တော်လေး ထိခိုက်ခဲ့ရတယ်လေ”

“မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတွေဆို ဖမ်းဆီးတောင်ခံရတယ်၊ ဒီကိစ္စကို သူတို့က လက်လွှတ်ပေးမှာ မဟုတ်ဘူး”

မနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့်ပတ်သက်၍ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးတွင် အချိန်အတော်ကြာ ဆွေးနွေးမှု များ ပြုလုပ်နေကြသည်။ မိုရှန်ရှမ်း အနေနှင့် လူကိုယ်တိုင်သွားရောက်ပြီးတော့ သူ၏လူများကို ပြန်လည်ကာ ရွေးယူခဲ့ရသည် ဆိုသည့်အကြောင်းကိုတော့ အပြင်လူများက ကောင်းကောင်း မသိရှိခဲ့ကြပေ။

လက်ရှိအခြေအနေတွင် ကံကောင်းသည်ဟူ၍ တွေးတောကာဖြင့် ပျော်ရွှင်နေကြသူများမှာ ကြက်သွေးရောင် ပင်လယ်ကုန်းမြေတိုက်ကြီးမှ လူများပင် ဖြစ်တော့သည်။ ထို့အပြင် ချင်ရွမ်စီတစ်ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိပြီးသည့်နောက် ၎င်းတို့သည် ကျွင်းချောင်ရှောင်းကို သွား၍ တိုက်ခိုက်ရန် စဉ်းစားခဲ့ကြ၏။

“နန်းတော်သခင်”

အဓိကဟောခန်းထဲမှာတော့ နန်းတော်အကြီးအကဲသည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက် မိသည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးက ဘုံကိုးပါး ကုန်းမြေတိုက်ကြီးက လူတွေကို ထိခိုက်အောင် ပြုလုပ်ခဲ့ တယ်လေ၊ သူတို့ကို အထင်သေးလို့ မဖြစ်ဘူး”

စားပွဲ၏ ထိပ်တွင် ထိုင်လျက်ရှိနေသော ဟုန်ရောင်သည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်၏။ “ကံကောင်း တာက သူတို့ကို အရင်သွားပြီး ပြဿနာမရှာမိတာပဲ၊ မဟုတ်ရင် ကျုပ်တို့လည်း ဒီထက်ဆိုးရွားတဲ့ အခြေအနေမျိုးနဲ့ ကြုံရနိုင်တယ်”

ဘုံကိုးပါး ကုန်းမြေတိုက်ကြီးပင်လျှင် မရင်ဆိုင်နိုင်ခဲ့သည့် အရာအား သူသည်လည်း ဘယ်တော့မှ ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။

“ဒါဆိုရင် ရွေးချယ်မှု မရှိဘဲနဲ့ အရှုံးပေးဖို့ပဲ ရွေးချယ်ရမှာလား” အကြီးအကဲ တစ်ယောက်သည် မပျော်ရွှင်စွာဖြင့် ပြောလိုက်၏။ များပြားလှသော တပည့်များသည် သေဆုံးခဲ့ရသည့်အပြင် အကြီးအကဲတစ်ယောက်သည်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့၏။ ထို့ကြောင့် သတ္တိရှိသောသူများသည် ဤကိစ္စကို မခံနိုင်ခဲ့ကြချေ။

ဟုန်ရောင်က နှာခေါင်းရှုံ့လိုက်သည်။ “ကြယ်ကိုးပွင့် အကြီးအကဲတွေတောင် ဖမ်းဆီးခံရတယ်လေ၊ ပြီးတော့ ဘုံကိုးပါး ကုန်းမြေတိုက်က ဒီကိစ္စကို လွယ်လွယ်နဲ့ ပြီးစေမှာ မဟုတ်ဘူး၊ မိုရှန်ရှမ်း ဒီတိုင်း ထိုင်မနေဘူးလို့ ကျုပ်ယုံတယ်”

တစ်ဖက်လူသည် အစစ်အမှန်ပင် ထိုင်မနေခဲ့ချေ။ စွမ်းအားမြင့် ကျင့်ကြံသူများကို ရွေးယူခဲ့ပြီး ဖြစ်သည်။

......................

“အံ့အားသင့်စရာပဲ” ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိ၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးများ တည်ရှိနေတော့သည်။ ဤကဲ့သို့ အားရပါးရ ဟန်လုပ် ဝါကြွားပြီး ပြန်လည်ထွက်ပြေးလာရသည့် ခံစားချက်သည် စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလွန်းနေသည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာဆိုလျှင်တော့ သူသည် ဤသို့သောကိစ္စမျိုးကို ပြုလုပ်၍ မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဘုန်းကြီးမရှိပါက ဘုန်းကြီးကျောင်း ဆိုသည်မှာ ရှိတော့မည် မဟုတ်ချေ။ သို့ပေမဲ့ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးကတော့ ခြားနားလွန်းနေ၏။

“ခင်ဗျားတို့ စွမ်းအားရှိလား၊ လာတိုက်ခိုက်လေ”

“ငါ အဲကို ပြန်ပြီးသွားဖို့အတွက် ရက်အနည်းငယ်လောက် ထပ်ပြီးစောင့်ရမယ်ထင်တယ်” ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်၏။ ဤတစ်ကြိမ်မှာတော့ သူသည် ဂြိုဟ်တိုက်ပွဲဆီသို့ သွားရောက်၍ လက်စားချေနိုင်ခဲ့ရုံ သာမက သူ၏ ခံတပ်တည်နေရာကြီးသည်လည်း ပိုမို၍ ကျယ်ပြန့်လာခဲ့၏။ ထို့ကြောင့် အချိန်ရတိုင်း ထိုနေရာသို့ သွား၍ ဆော့ကစားရန် ဆုံးဖြတ်ထားသည်။

“သခင်”

နဂါးလေးသည် ဇဝေဇဝါဖြင့် ပြောလိုက်၏။ “ခန္ဓာကိုယ်ကနေ ထွက်နေတဲ့ အနီရောင်အလင်းတန်းတွေ ပျောက်သွားပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက ဂြိုဟ်တိုက်ပွဲတည်နေရာထဲမှာပဲ ရှိတဲ့နေရာလေ၊ အပြင်ကို ထွက်လာရင် ပျောက်သွားရမှာပေါ့”

“ကျုပ်သိပြီ” နဂါးလေးက နားလည်သွားသည်။

ဟုတ်ပေသည်။ ဤအရာသည် အစစ်အမှန်ပျောက်ကွယ်သွားခြင်း မဟုတ်ပေ။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးဆီသို့ ပြန်လည်ရောက်ရှိသွားမည်ဆိုပါက အနီရောင်အလင်းတန်းများသည် ပြန်လည်ကာ ပျောက်ကွယ်သွားမည် ဖြစ်သည်။ အနည်းဆုံးအနေနှင့် အလုံးစုံ ပျောက်ကွယ်သွားဖို့ဆိုလျှင် အချိန် အတိုင်းအတာ တစ်ခုအထိ စောင့်ရမည် ဖြစ်သည်။

“ချင်းယန်နဲ့ တခြားသူတွေကတော့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှာ တိုက်ခိုက်လို့ရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီးတော့ သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်လို့ ရမယ်ထင်တယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်မိသည်။

လက်ရှိအချိန်တွင် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီး၏ တန်ဖိုးဆိုသည်မှာ အတွင်းစည်းတပည့်များကို ပိုမို အားကောင်း အောင် လေ့ကျင့်ပေးခြင်းပင် ဖြစ်တော့သည်။ သို့ပေမဲ့ အထဲသို့ ဝင်ရောက်ပြီးသည့်နောက် အလွန့်ကို အန္တရာယ် များလွန်းနေသည်။

ဝုန်း ဝုန်း

ရုတ်တရက် အတွင်းစည်းတပည့်များ၏ အတွင်းခြံဝန်းထဲမှာတော့ အဆင့်ချိုးဖြတ်သည့် အော်ရာများ ထွက်ပေါ် လာခဲ့တော့သည်။

“အမ်”

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ပြောလိုက်သည်။ “အားညိုကတော့ အဆင့်ချိုးဖြတ်သွားပြီကိုး”

ဟူး ဟူး

အတွင်းခြံဝန်းထဲမှ အဆင့်ချိုးဖြတ်သည့် အော်ရာများ ထွက်ပေါ်ပြီးသည့်နောက်မှာ တပည့်အားလုံးသည် အလန့် တကြားဖြင့် အလုပ်ရှုပ်သွားခဲ့ကြသည်။

“စီနီယာအစ်ကိုကြီးကတော့ အဆင့်ချိုးဖြတ်သွားခဲ့ပြီနဲ့ တူတယ်”

“သူ တိုက်ခိုက်ရေးတည်နေရာထဲက ပြန်လာခဲ့တာ မကြာသေးဘူးလေ၊ သိုင်းအုပ်စိုးသူ အဆင့်ဆီကို ရောက်သွားပြီ၊ အရမ်းမြန်တယ်”

လီချင်းယန်နှင့် ရှောင်ကျီနှင့် တခြားသူများသည် တံခါးပိတ် ကျင့်ကြံခဲ့ရ၏။ ၎င်းတို့သည် အာရုံခံပြီးသည့်နောက် သေသေချာချာ နားလည်သွားခဲ့ကြပြီဖြစ်၏။ လှိုင်းအဆောင်၏ အားအင်အဆင့်အရ ၎င်းတို့အနေနှင့် အဆင့် ချိုးဖြတ်ရန် အနည်းနှင့်အများ နားလည်နေကြပြီ ဖြစ်တော့၏။ ထိုကဲ့သို့ အဆင့်ချိုးဖြတ်မှုသည် တခြားသူများ အားလုံးကိုလည်း အကျိုးသက်ရောက်ခဲ့ကြ၏။ အဆင့်မချိုးဖြတ်နိုင်သေးသောလူများသည် ပြင်းပြင်းထန်ထန်နှင့် ကြိုးစားနေကြတော့၏။

တစ်နာရီကြာပြီးသည့်နောက်မှာတော့ အဆင့်ချိုးဖြတ်သည့်အော်ရာများ ပျောက်ကွယ်သွားခဲ့သည်။ အရာအားလုံး သည် ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည်လာခဲ့၏။ ရီရှင်းချန်သည် မျက်လုံးကို ဖြေးညှင်းစွာဖြင့် ဖွင့်လိုက်၏။ သူသည် ခံစားချက်ကင်းမဲ့စွာဖြင့် တီးတိုးပြောလိုက်သည်။ “ငါ အဆင့်ချိုးဖြတ်ခဲ့ပြီပဲ”

သူ့အနေနှင့် အသုံးမဝင်သည့် ခန္ဓာကိုယ်တစ်ခုကို ရယူပြီးသည့်နောက်မှာတော့ သိုင်းအုပ်စိုးသူအဆင့်ဆီသို့ ရောက်ရှိရန် လေးနှစ်မှသည် ငါးနှစ်နီးပါးခန့် အချိန်ယူခဲ့ရ၏။ ဤအမြန်နှုန်းသည် သူ၏ အရင်ဘဝကထက် ပိုမို၍ မြန်ဆန်လွန်းနေသည်။ သို့ပေမဲ့ မပျော်ရွှင်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးဆီသို့ သွားရောက်ပြီးနောက် သူ၏ အားအင်အဆင့်ဆိုသည်မှာ ထောင့်တစ်နေရာတွင် အသာရပ်၍ ထိုင်ကြည့်ရမည့် အဆင့်မျိုးသာဖြစ်ကြောင်း သူကောင်းကောင်း နားလည်မိသည်။

အပြင်လောကကြီးဆိုသည်မှာ အလွန်ကြီးမား ကျယ်ပြန့်လွန်းပြီး များပြားလှသော စွမ်းအားမြင့် ကျင့်ကြံသူများနှင့် ပြည့်နှက်နေတော့၏။ သူ၏ အရင်ဘဝတုန်းက ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ထိပ်ဆုံးတည်နေရာတွင် ရပ်တန့် နိုင်ခဲ့သည်ဆိုသော်လည်း ဒီဘဝတွင်တော့ ထိုထက်မြင့်မားသည့်အဆင့်သို့ ရောက်ရှိနိုင်ရန် သူသည် ကြိုးစားချင် နေမိ၏။

ရီရှင်းချန်၏ အဆင့်ချိုးဖြတ်မှုဆိုသည်မှာ ထင်မှတ်ထားသည့်အတိုင်းပင်ဖြစ်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်း သည် အံ့အားသင့်မနေချေ။ နောက်ထပ် ဘာတွေဆက်လုပ်ရမလဲဆိုသည်ကိုသာ တွေးတောနေမိ၏။ ငါးနှစ် ကြာပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် တိုက်ခိုက်ရေးတည်နေရာထဲသို့ ဝင်ရောက်လာ ပေလိမ့်မည်။ ထိုသို့ဆိုလျှင် အလွန်ကြီးမား ကျယ်ပြန့်နေသည့် ခံတပ်ကြီးကို တွေ့ရပေလိမ့်မည်။ သူ့အနေနှင့် ထိုသူ များဝင်လာသည်နှင့် မြို့အဆင့် အရွယ်အစားဖြစ်အောင် ကြိုးစားရန် စဉ်းစားထားသည်။

ဟုတ်ပေသည်။ ခံတပ်ကြီးသည် သင့်တော်သည့် အရွယ်အစားသို့ ရောက်ရှိချိန်တွင် သီလစတိုးသည်လည်း ပွင့်လာမှာ သေချာ၏။ ထိုသီလစတိုးတွင် မည်သည့်ပစ္စည်းများ ရောင်းချမည်ဆိုသည်ကို ကျွင်းချောင်ရှောင်း စိတ်ဝင်စားနေမိ၏။

ထို့အပြင် စုရှောင်မိုလည်း ရှိနေသေး၏။ စုရှောင်မိုသည် ထိုက်ရွမ်အအေးဂိုဏ်းထဲတွင် သူလျှို အဖြစ် ရှိနေသည်ဆိုသော်လည်း အပြင်စည်းတပည့်အဖြစ်သာ ရှိသေး၏။ ထို့ကြောင့် အတွင်းစည်းတပည့် ဖြစ်လာရန် သူ့အနေနှင့် ကူညီမည့်နည်းလမ်းကို စဉ်းစားရပေမည်။ အဘိုးကြီးကျွင်းတန်ဆိုသည့် နာမည်ကို အသုံးပြု၍ တစ်စုံတစ်ခု ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။

“တစ်ချိန်တည်းမှာပဲ ငါ အလုပ်နှစ်ခု လုပ်ရမှာပေါ့” ကျွင်းချောင်ရှောင်းသည် ဆုံးဖြတ်ချက် ချလိုက်၏။ လဝက် အတွင်းမှာပဲ သူသည် ဟောခန်းသခင်ကျိနှင့် ပိုင်လျှိုတို့အား ဂြိုဟ်တိုက်ပွဲဆီကို ခေါ်ဆောင်ကာဖြင့် ကြက်သွေး ရောင်ပင်လယ် ကုန်းမြေတိုက်ကြီးကို ပြဿနာသွားရှာရန် စဉ်းစားထားခဲ့သည်။ ထိုအချိန်တွင် လင်းယွမ် ကုန်းမြေ တိုက်ကိုလည်း လက်မလွှတ်ပေးချင်ပေ။

စုရှောင်မိုအနေနှင့်တော့ အချိန်ကောင်းတစ်ခုကို စောင့်စားရန် လိုအပ်နေသေး၏။ ဤကိစ္စနှစ်ခုနှင့်ပတ်သက်၍ အစီအစဉ်များ ဆွဲပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ အဆင့်ဆီမှသည် သိုင်းနယ်မြေကျင့်ကြံသူအဆင့်ဆီသို့ မည်သို့ အဆင့်ချိုးဖြတ်ရမည်ကို စဉ်းစားနေမိ၏။ အချက်အလက်အားဖြင့် အထူးတာဝန်ပြည့်စုံပြီးသည့်နောက် သူသည် ထိုအရာကို စဉ်းစားခဲ့ပြီးပြီဖြစ်သည်။

သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူဆိုသည်မှာ သိုင်းနယ်မြေ ကျင့်ကြံသူနှင့် အလုံးစုံ ခြားနားနေ၏။ ထို့အပြင် အရာသည် အဆင့်တစ်ခု ဟူ၍လည်း သတ်မှတ်၍ မရချေ။ ထို့ကြောင့် အဆင့်ချိုးဖြတ်နိုင်ရန်အတွက် သူသည် မည်သည့်အရာကို ပြုလုပ်ရန် လိုအပ်နေသနည်း။ သူ့တွင် စနစ်ရှိနေ၏။ စနစ်သည် အဆင့်တစ်ခုကို ချိုးဖြတ်နိုင်ရန် အတွက် အထူးတာဝန်များကို ပေးအပ်လေ့ရှိသည်။ လက်ရှိအချိန်တွင် အဆင့်မရှိဘူးဆိုမှတော့ မည်သည့်တာဝန်ကို သူရရှိမည်နည်း။

စနစ်က ပြောလိုက်သည်။ “အဆင့်တစ်ခုကို ချိုးဖြတ်ရောက်ရှိတဲ့ အချိန်တိုင်းမှာ အထူးတာဝန်ဆိုတာ ပေါ်လာမှာပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ သိုင်းနယ်မြေတစ်ပိုင်းထိပ်ဆုံးအဆင့်ကို ရောက်တဲ့အချိန်ကြရင် ပေါ်လာမယ်လို့ ဆိုလိုတာလား၊ သိုင်းနယ်မြေတစ်ပိုင်း ထိပ်ဆုံးအဆင့်ဆိုတာ ရှိမှ မရှိတာ၊ ဘယ်လိုဖြစ်ပြီး အထူးတာဝန်ဆိုတာ ပေါ်လာမှာလဲ”

“လက်ခံသူအနေနဲ့ အဆင့်ချိုးဖြတ်တော့မယ်လို့ ခံစားမိရင် တာဝန်က အလိုလို ပေါ်လာမှာပဲလေ” စနစ်က ပြောလိုက်သည်။

“ပေါက်ကရတွေ မပြောနဲ့တော့” အဆင့်ချိုးဖြတ်တော့မည့် အကြောင်းကို ကြိုတင်ကာ သိရှိမည်ဆိုမှတော့ အထူး တာဝန် ဘာလိုတော့မည်နည်း၊ တစ်ခါတည်း သိုင်းနယ်မြေအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိသွားရန်သာ ဖြစ်တော့ သည်။ ကျင့်ကြံခြင်းတွင် နားလည်မှုများကိုပါ ထပ်ပေါင်း၍ ကြိုးစားရမည်လား၊ ဤအရာမှာ မဖြစ်နိုင်ချေ။ ထို့အပြင် ဓာတ်ငါးပါးခန္ဓာကိုယ်နှင့် များပြားလှသော ကျင့်ကြံခြင်းနည်းစနစ်များ ရှိနေသေး၏။ ထိုအရာများ အားလုံးကို နားလည်ရန် ကြိုးစားရမည်ဆိုခြင်းမှာ အလွန်ပဲ ကြာပေလိမ့်မည်။

စနစ်က ပြောလိုက်သည်။ “အရေးအကြီးဆုံးဆိုတာက ကျင့်ကြံခြင်းဆိုတဲ့နေရာမှာ ဇွဲရှိဖို့က အရေးကြီးဆုံးပဲ၊ ဇွဲ၊ ဇွဲ၊ တကယ်လို့ လက်ခံသူအနေနဲ့ ဖက်တီးကြီး ဖြစ်တဲ့အထိ စားလိုက် သောက်လိုက် လုပ်နေမယ်ဆိုရင်တော့ ဘာကို နားလည်လာမှာလဲ”

All Chapters