အခန်း (၉၀၁)
Vol. 61 Ch. 901
ရီရှင်းချန်အနေနှင့် သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့သည်ဆိုသည်မှာ သဘာဝပင်ဖြစ်တော့သည်။ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများမှာတော့ အဆင့်ချိုးဖြတ်ရန် အချိန်တစ်ခု လိုနေသေးသည်။ ဤအရာမှာ ပြဿနာကြီး မဟုတ်ပေ။ လှိုင်းအဆောင်သည်လည်း လုံလုံလောက်လောက် တည်ရှိနေ၏။ ၎င်းတို့သည် ခန်းမ သခင်ကျိနှင့် တခြားလူများနှင့်အတူ ဂြိုဟ်တိုက်ပွဲဆီသို့ လိုက်ပါပြီးသည့်နောက် သိုင်းအုပ်စိုးသူအဆင့်၏ နားလည်မှုများကို ပိုမိုတိုးတက်အောင် ပြုလုပ်နိုင်စွမ်း ရှိနေသည်။
“ငါသွားပြီး ကျင့်ကြံတော့မယ်” ရက်အနည်းငယ် ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ကျင့်ကြံခြင်း တွင်သာ စိတ်ကို အပြည့်အဝထားလိုက်၏။ စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်အတွင်း များပြားလှသည့် စိတ်ဝိညာဉ် ချီများသည် ဖြစ်တည်လာခဲ့တော့၏။ ၎င်း၏ ဓာတ်ငါးပါးခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် ဒန်ထျန်ထဲသို့ အလျင်အမြန် တိုးဝင်ရောက်လျက်ရှိ၏။
“ဒီဓာတ်ငါးပါးခန္ဓာကိုယ်က တကယ့်ကို အံ့အားသင့်စရာပဲ” ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ သူသည် ဆယ်မျက်နှာ သေဆုံးခြင်းမျှော်စင်ထဲတွင် ဓာတ်ငါးပါး ခန္ဓာကိုယ်အား ရရှိခဲ့၏။ သို့ပေမဲ့ သိုင်းအုပ်စိုးသူအဆင့် တစ်နေသောကြောင့် သူ့အနေနှင့် ကျင့်ကြံ၍ ရနိုင်ခဲ့သည်ဆိုသော်လည်း မည်သည့်ခံစားမှု၊ ပြောင်းလဲမှုကိုမှ မရရှိခဲ့ချေ။
လက်ရှိအခြေအနေတွင် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံခြင်းကို ချိုးဖြတ်ရောက်ရှိခဲ့ပြီ ဖြစ်သောကြောင့် ၎င်း၏ လက်ခံနိုင်သော အကန့်အသတ်သည် တိုးမြှင့်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အသက်သွင်းလိုက်သည်ဆိုလျှင်နှင့် ဓာတ်ငါးပါးကောင်းကင်ခန္ဓာကိုယ်နှင့် ဓာတ်ငါးပါးနည်းစနစ်တို့ ယှဉ်တွဲ အသုံးပြုပြီးသည့်နောက်မှာတော့ ကောင်းကင်နှင့် မြေကြီးထဲတွင်ရှိသော ဓာတ်ငါးပါးသဘာဝများကို လွယ်လွယ်ကူကူ စုပ်ယူနိုင်စွမ်းရှိနေတော့၏။
စနစ်က ပြောလိုက်သည်။ “ဒီခန္ဓာကိုယ်က လက်ခံသူကို ဓာတ်ငါးပါးနဲ့ပတ်သက်ပြီး ဖွဲ့စည်းနိုင်ဖို့ ပိုပြီးမြန်ဆန်အောင် ကူညီပေးလိမ့်မယ်”
“ဒါကို ငါကောင်းကောင်း အသုံးပြုရမှာပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ ဂိုဏ်း၏ကိစ္စဝိစ္စများ အားလုံးကို ဟောခန်းသခင်လီနှင့် တခြားသော အကြီးအကဲများဆီ ထားပြီးသည့်နောက်မှာ သူသည် စိတ်အာရုံများ အားလုံးကို ကျင့်ကြံခြင်းအပေါ်မှာသာ အာရုံစိုက်ထားခဲ့သည်။ သူသည် လဝက်နီးပါး ကျင့်ကြံခဲ့ပြီးသည့်နောက် ဆဋ္ဌဂံကြယ် ကျောက်တုံး တော်တော်များများကို အသုံးပြုခဲ့၏။
ဘုံကိုးပါးကုန်းမြေတိုက်ကြီးဆီမှ ရရှိသော ဤအရာသည် စိတ်ဝိညာဉ်ကျောက်တုံးများထက် ဆယ်ဆပို၍ တန်ကြေး ရှိ၏။ ထို့ကြောင့် ထိုအရာများကို စုပ်ယူပြီးသည့်နောက် သူ၏ အားအင်အဆင့်သည် ပို၍ တိုးတက် လာခဲ့သည်။ “ငါ အရင်ကထက်ပိုပြီးတော့ တိုးတက်လာခဲ့တာပဲ”
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်များ ပိုမိုအားကောင်းလာသည် ဟု ခံစားမိတော့သည်။ သူ၏ မျက်နှာပေါ်တွင် အလွန်တရာ သဘောကျနေသည့်အပြုံးများ ဖြစ်တည်လာခဲ့သည်။ ဒီအတောအတွင်း သူသည် ဆင်နဂါးလက်ဝါးနည်းစနစ်ကို ပိုမိုကောင်းမွန်စွာ နားလည်လာခဲ့တော့၏။ သိုင်းနယ်မြေ တစ်ပိုင်းကျင့်ကြံသူအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိပြီးသည့်နောက် သိုင်းနည်းစနစ်များအပေါ် နားလည်မှုသည် ပိုမို၍ နက်နဲလာခဲ့တော့သည်။ သူသည် ဆင်နဂါးပုံရိပ်ယောင်များကို ဆယ့်ငါးကောင်အထိ စုစည်းလာနိုင်ခဲ့ပြီဖြစ် သည်။
“ငါ့ရဲ့ လက်ရှိအဆင့်က စနစ်ရဲ့ စတိုးပစ္စည်းတွေအပေါ်မှာ မမူတည်ဘူးဆိုရင်တောင်မှ သိုင်းနယ်မြေကျင့်ကြံသူ အဆင့်ကို ထိပ်တိုက် တိုက်ခိုက်နိုင်ဖို့ ခက်ခဲလိမ့်မယ်” ကျွင်းချောင်ရှောင်း တွေးလိုက်မိ၏။
စနစ်က ပြောလိုက်၏။ “ကျိန်းသေပေါက်ပဲလေ၊ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ သိုင်းနယ်မြေကျင့်ကြံသူနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ဆိုတာ ကိစ္စမရှိဘူး ဆိုပေမယ့် ဂြိုဟ်တိုက်ပွဲတည်နေရာထဲမှာရှိတဲ့ မြေအဆင့် ကျွမ်းကျင်သူ တွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အတွက်ကတော့ နည်းနည်း ခက်နေအုံးမယ်”
“ဒါကြောင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးဆီကို နေ့စဉ်နေ့တိုင်း မသွားနိုင်တာပေါ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သူ့အနေနှင့် တည်နေရာရွေ့ပြောင်းခြင်းဂိတ်တံခါး တည်ရှိနေသည် ဆိုလျှင်တောင်မှ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးသည် သေခြင်းရှင်ခြင်းနယ်မြေထက် ပို၍ ခက်ခဲနေသေးသည်။ လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော အရာများကိုသာ အာရုံစိုက်ထားမိ၏။ ထို့အပြင် သူသည် ဤနေရာတွင် ပြိုင်စံရှားဂိုဏ်းတစ်ခုကို တည်ဆောက်ထားရမည် မဟုတ်ပါလား။
“ဂိုဏ်းချုပ်”
ကျန့်ရာသည် အဓိကဟောခန်းထဲမှ လျှောက်ထွက်ပြီးနောက် မေးလိုက်တော့သည်။ “ဂြိုဟ်တိုက်ပွဲ တည်နေရာကို ဘယ်အချိန် သွားမှာလဲ”
အရင်တုန်းက သူ၊ နင်ညီအစ်ကိုနဲ့ တခြားသောသူများအားလုံးသည် အထဲတွင် တိုက်ခိုက်ရင်းမှ များပြားလှသည့် အကျိုးကျေးဇူးများကို ရရှိခဲ့၏။ ထို့ကြောင့် ထပ်မံဝင်ရောက်ပြီး ကောင်းကောင်းမွန်မွန် တိုက်ခိုက်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။ ထိုမှသာလျှင် ၎င်းတို့၏ အစစ်အမှန် တိုက်ခိုက်ရေးစွမ်းအားများသည် ပိုမို၍ တိုးတက်လာ မှာဖြစ်သည်။
“ဟောခန်းသခင်ကျိကို အကြောင်းကြားလိုက်၊ ကျုပ်တို့ နက်ဖြန်ဝင်ရအောင်”
“ကောင်းပါပြီ”
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ မူလအသင်းအဖွဲ့ကို ခေါ်ဆောင်ကာဖြင့် ဂြိုဟ်တိုက်ပွဲ တည်နေရာထဲသို့ ဝင်ရောက်လိုက်တော့သည်။ ခံတပ်ဆီသို့ ရောက်ပြီးသည့်နောက် သူသည် လက်များကို အသာ ဖြန့်ကားကာ ပြောလိုက်၏။ “ပြန်လာပြီဟေ့”
ကံကောင်းစွာဖြင့် ဤဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် သူ့အား ကြိုဆိုမည့်သူဟူ၍ တစ်ယောက်မှ မရှိပေ။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် ခံတပ်ကို ကြည့်ကာဖြင့် ပြောလိုက်သည်။ “ဒီနေရာမှာ အိမ်အနည်းငယ်လောက် ထပ်ပြီးဆောက်ရင် ကောင်းမယ်”
ပြန်လည်ရောက်ရှိပြီးနောက် သူသည် ခံတပ်၏ ပုံပန်းသွင်ပြင်နှင့်ပတ်သက်၍ သေသေချာချာ ဒီဇိုင်းများ ဆွဲထားခဲ့၏။ သူ၏ လက်ထဲတွင်တော့ ပုံကြမ်းတစ်ဒါဇင်ခန့်ပင် ရှိနေ၏။ ထို့ပြင် သိုလှောင်လက်စွပ်ထဲတွင် များပြား လှသည့် အိမ်ဆောက်ပစ္စည်းများလည်း တည်ရှိနေသည်။ အချိန်မရွေး ထိုအဆောက်အဦများကို တည်ဆောက် နိုင်စွမ်းရှိနေ၏။
ကျွမ်းကျင်သူဆိုသည်မှာ မည်သို့သောလူကို ဆိုလိုသနည်း။ ရီရှင်းချန်ကို လက်ညှိုးထိုးပြရမှာ ဖြစ်၏။
“အလျင်မလိုနဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါတို့ လုံလောက်တဲ့အကျယ်အဝန်းကို ရပြီဆိုမှ တူတူစုပြီး ဆောက်ကြရအောင်”
“ကောင်းပါပြီ” လီချင်းယန်သည် အမိန့်ကို လက်ခံပြီးသည့်နောက်မှာတော့ သူ၏ လုပ်ချင်စိတ်များကို ဖိနှိပ်ထား လိုက်တော့၏။
“ဂိုဏ်းချုပ်”
ကျန့်ရာက ပြောလိုက်သည်။ “ဘာလို့ ဒီတစ်ကြိမ်မှာ အားလုံးက လာပြီးတော့ မကြိုဆိုရတာလဲ”
တင်းရှင်းဝမ်က ပြောလိုက်သည်။ “နောက်ဆုံးတိုက်ပွဲပြီးတဲ့နောက် ကြယ်ကြွေကုန်းမြေတိုက်ကြီးက ကြုံသလို လာပြီးတော့ ခေါင်းပုတ်ဖင်ပုတ် လုပ်လို့ရတဲ့လူတွေ မဟုတ်ဘူးဆိုတာ သိသွားကြပြီ ထင်တယ်”
“ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နဲ့ လင်းယွမ်ကုန်းမြေတိုက်က အရင်တုန်းက ဒီနေရာကို ခဏခဏလာခဲ့ ကြတယ်ဆိုတော့ သူတို့ရဲ့ တည်နေရာက ကျုပ်တို့နဲ့ နီးနိုင်တယ်”
ကျွင်းချောင်ရှောင်းက မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “သူတို့က လာပြီး မကြိုဘူးဆိုမှတော့ သူတို့ဆီ ကျုပ်တို့က သွားရမှာပေါ့”
ပြောပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်တွင် အပြစ်ကင်းစင်လှသော အပြုံးလေးတစ်ခု ဖြစ်တည်လာခဲ့တော့သည်။ ထိုအပြုံးကို မြင်ပြီးသည့်နောက် အားလုံးသည် မနေနိုင်ဘဲ တွေးမိလိုက်ကြသည်။ ဂိုဏ်းချုပ်ရဲ့ ခေါင်းထဲမှာတော့ မကောင်းတဲ့ အကြံအစည်တွေနဲ့ ပြည့်နေတာပဲ။
...............
ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်ကြီးနှင့် မိုင်တစ်ရာ အကွာအဝေးမှာတော့ များပြားလှသည့် သိုင်း ကျင့်ကြံသူများသည် ပျံသန်းနေကြ၏။ ဤသူများ အားလုံးသည် ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများပင် ဖြစ်တော့သည်။ သတ်မှတ်ထားသည့် အတိုင်းအတာတစ်ခုအထိ ခံတပ်ကို တည်ဆောက် ပြီးသည့်နောက်မှာတော့ ၎င်းတို့သည် အနီးအနား တည်နေရာထဲသို့ မိမိသဘောကျ လျှောက်၍ သွားလာနိုင်စွမ်း ရှိနေကြ၏။ ၎င်းတို့အား မြင်ပါက တခြားသော သိုင်းကျင့်ကြံသူများသည် ဝင်ရောက်၍ သတ်ဖြတ်ခြင်းကို မပြုလုပ် ရဲကြချေ။
ဘုန်း ဘုန်း
ရုတ်တရက် အဝေးတစ်နေရာဆီမှ ပေါက်ကွဲသံကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။ ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများသည် လေထဲတွင် ရပ်ကာဖြင့် လှမ်း၍ ကြည့်လိုက်တော့၏။ သူတို့၏ အမြင်ထဲတွင်တော့ အလွန်တရာ မြန်ဆန်လှသည့် အလင်းတန်းများသည် ရူးရူးမူးမူးနှင့် ပစ်ခတ်တိုက်ခိုက်နေသည် ကို မြင်လိုက်ရတော့သည်။ တစ်စုံတစ်ယောက်သည် ဤနေရာသို့ ရောက်ရှိပြီး ပြဿနာရှာခြင်းပင် ဖြစ်တော့၏။
ဝှစ်
ထိုအချိန်မှာတော့ ခရမ်းရောင်အလင်းတန်းများသည် ဖြစ်တည်လာ၏။ ပြီးနောက် ခရမ်းရောင်ဆံပင်နှင့် အနီရောင် အတွင်းခံကို ဝတ်ဆင်ထားသော ကိုယ်လုံးတီးလူသည် သူတို့၏ အရှေ့သို့ ရောက်ရှိလာ၏။ ထိုသူသည် အေးစက်စက် ပြုံးလျက်ရှိသည်။
“သူ... သူပဲ”
မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သော ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ စွမ်းအားမြင့် ကျင့်ကြံသူဖြစ်သည်။ ထိုသူသည် ၎င်းတို့၏ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
“စောက်ရူးတွေ” ခရမ်းရောင်ဘုရင်သည် လက်ကိုမြှောက်ကာဖြင့် ၎င်း၏ ခရမ်းရောင်ဓာတ်သဘာဝများကို စုစည်းကာ အဝါရောင်အဆင့် သိုင်းကျင့်ကြံသူ ငါးယောက်တို့ကို တစ်ခါတည်း တိုက်ခိုက်လိုက်၏။
ဝှစ် ဝှစ်
ရီရှင်းချန်သည် ပျံသန်းရောက်ရှိလာပြီးသည့်နောက် လက်ထဲတွင်ရှိသော ကျန်းယန်ဓားအား လှုပ်ရှားကာဖြင့် များပြားလှသည့် အဝါရောင်အဆင့် သိုင်းကျင့်ကြံသူများကို တစ်ခါတည်း သတ်ဖြတ်ခြင်းကို ပြုမူသည်။
ကျွတ် ကျွတ်
ခရမ်းရောင်ဘုရင်သည် အသာနောက်လှည့်ကြည့်ပြီး ရေရွတ်လိုက်၏။ “ဒီကောင်က တိုက်ခိုက်တဲ့အချိန်မှာ တော်တော် ကြမ်းတမ်းတာပဲ”
ဘုန်း ဘုန်း
အခြားတည်နေရာထဲမှာတော့ တင်းရှင်းဝမ်သည် အလျင်စလိုဖြင့် ရှေ့သို့လှမ်းတက်လာခဲ့၏။ သူ၏ သိုင်းနယ်မြေ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်လိုက်ပြီးနောက် ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူ များအားလုံးကို ဖိနှိပ်ထားခဲ့၏။
ပြီးနောက် လီချင်းယန်နှင့် တခြားသောသူများ အားလုံးသည်လည်း ထပ်တလဲလဲ ရက်ရက်စက်စက် တိုက်ခိုက်နေတော့သည်။ ၎င်းတို့နှင့် ခရမ်းရောင်ဘုရင်၏ အားအင်အဆင့်တို့ ပူးပေါင်းပြီးသည့် နောက်မှာတော့ ကျန်သည့်သူများအားလုံးသည် မြက်ပင်များကဲ့သို့ပင် ခုတ်ပိုင်းသတ်ဖြတ်ခြင်းကို ခံနေရတော့ သည်။
“မကောင်းတော့ဘူး၊ ကြယ်ကြွေကုန်းမြေတိုက်ကြီးက သိုင်းကျင့်ကြံသူတွေ ရောက်လာတာပဲ၊ ခံတပ်ဆီကို မြန်မြန် ပြန်ကြရအောင်”
ကြက်သွေးရောင်ပင်လယ်တိုက်ကြီးမှ သိုင်းကျင့်ကြံသူများ၏ မျက်လုံးသည် တုန်လှုပ်သွားခဲ့ကြသည်။ ၎င်းတို့သည် ရှိရှိသမျှသော အားအင်များကို အသုံးပြု၍ ထွက်ပြေးရန် ကြိုးစားကြတော့၏။
ဘန်း
ကျယ်လောင်လှသော အသံကြီးတစ်ခုသည် နောက်ဘက်မှ ဖြစ်တည်လာခဲ့တော့သည်။ အုပ်စိုးသူအဆင့် ကျွမ်းကျင်သူတစ်ယောက်သည် ကြောက်လန့်တကြားဖြင့် နောက်ဘက်သို့လှည့်၍ ထွက်ပြေးတော့သည်။ သို့ပေမဲ့ ထူးဆန်းသည့်အလင်းတန်းတစ်ခုသည် သူ့ဆီသို့ ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။ “သွားပြီ...သွားပြီပဲ”
ဘုန်း
ပေါက်ကွဲသံကြီးသည် လေထုထဲတွင် ကျယ်လောင်စွာ ဖြစ်တည်လာခဲ့တော့သည်။ အဖြူရောင်အခိုးအငွေ့များ သည် လှိုက်ခနဲ တက်လာ၏။
ရှောင်ကျီသည် နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော လောင်ချာကြီးကို အသာချပြီးသည့်နောက်မှာတော့ အဆင့်မြင့်သလင်းအမြူတေများကို အသုံးပြုကာ ထပ်မံကာ ကျည်ဖြည့်လိုက်၏။ သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဘုံကိုးပါးကုန်းမြေတိုက်ကြီးမှာရှိတဲ့ သလင်းအမြူတေတွေက တော်တော့်ကို အားကောင်းတာပဲ၊ သိုင်းအင်ပါယာအဆင့် ကျင့်ကြံသူကိုတောင်မှာ တစ်ချက်ထဲနဲ့ သတ်ပစ်နိုင်တယ်”
“နောက်ဆုတ်၊ နောက်ဆုတ်”
ဘာမှန်းမသိသည့် လက်နက်ပုန်းကြီးကို မြင်ရချိန်မှာတော့ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများသည် ပိုမို၍ ကြောက်လန့်သွားခဲ့ကြသည်။
သို့ပေမဲ့ သူတို့ထွက်ပြေးရန် ကြိုးစားလိုက်သည် ဆိုလျှင်ပဲ သူတို့၏ အနောက်ဘက်တွင် အရိုးကွဲလောက်အောင် အေးစက်မှုများ ဖြစ်တည်လာခဲ့၏။ နှင်းမြူများ သည် ၎င်းတို့၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီးနောက် ၎င်းတို့၏ ပျံသန်းသည့်အရှိန်နှုန်းသည် လျော့ကျသွားခဲ့ကြ သည်။ လုချင်းချင်းသည် အဝေးတစ်နေရာတွင် မတ်တပ်ရပ်လျက်ရှိပြီး သူမ၏ ကျောက်စိမ်းကဲ့သို့ သွယ်လျသည့် လက်များသည် ယှက်လျက်ရှိနေ၏။
ဝှစ်
ဟယ်ဝူတီသည် အမြန်ဆုံးနှုန်းဖြင့် ပျံသန်းပြီးနောက်မှာတော့ ထိုလူများထဲသို့ ဝင်ရောက်ကာ အကြမ်းတမ်းဆုံး သော လက်သီးနည်းစနစ်ကို ထုတ်ဖော်၍ အားလုံးကို ထိုးနှက်တိုက်ခဲ့တော့သည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ရုတ်တရက်တိုက်ခိုက်မှုသည် ဤသိုင်းကျင့်ကြံသူများအားလုံးကို အလစ်အငိုက်ခံလိုက်ရစေ၏။ တော်တော်များများ သည် အချိန်အတိုင်းအတာတိုအတွင်း သေဆုံးသွားခဲ့ကြပြီ ဖြစ်၏။
ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးဆီမှ ပင်မခံတပ်သည် ထိုသတင်းကို ရရခြင်း အလျင်အမြန်ပင် များပြားလှသည့် ကျွမ်းကျင်သူများကို စေလွှတ်လိုက်၏။ သို့ပေမဲ့ ၎င်းတို့သည် တိုက်ခိုက်ရေးတည်နေရာဆီသို့ ရောက်ရှိလာသည့်အချိန်မှာတော့ ခရမ်းရောင်ဘုရင်၊ တင်းရှင်းဝမ်နှင့် တခြားသောသူများ အားလုံးသည် သူတို့၏ ခံတပ်ဆီသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီဖြစ်သည်။ တည်နေရာကြီးတစ်ခုလုံးသည် ငြိမ်ငြိမ်သက်သက်ဖြင့် ကျန်ရှိ နေခဲ့တော့၏။
“အားလုံးပဲ”
ရုတ်တရက် ကောင်းကင်ယံတွင် အသံတစ်ခု ပေါ်ပေါက်လာခဲ့၏။ “ခင်ဗျားတို့လူတွေကို ကျေးဇူးပြုပြီး ထိန်းထားပါ၊ ကိုယ့်ရဲ့ခံတပ်ထဲကနေ အပြင်ကို ထွက်မယ်ဆိုရင် ဒီလို ကိစ္စရပ်မျိုးတွေ ထပ်ပြီးတော့ ပေါ်လာနိုင် တယ်”
“ချီးတဲ့မှ” ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးမှ ကျင့်ကြံသူများသည် အလွန်တရာ ဒေါသထွက်နေကြ၏။ ကုန်းမြေတိုက်၏ အဓိကဟောခန်းထဲမှာတော့ ပင်လယ်ပြာ နန်းတော်၏ ခန်းမသခင် ဟုန်ရောင်သည် ၎င်း၏တပည့်များ တိုက်ခိုက်သတ်ဖြတ်ခြင်းခံရသည့်သတင်းကို ကြားပြီးသည့်နောက်မှာတော့ အကြီးအကျယ် ဒေါသပုန်ထလျက်ရှိသည်။
“အရှက်မဲ့လှတဲ့ ခွေးကောင်တွေ”
“နန်းတော်သခင်”
အကြီးအကဲတစ်ယောက်သည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်၏။ “ဒီကောင်က ကျုပ်တို့ ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်ကြီးနဲ့ ပြဿနာရှာချင်တာပဲ၊ အမှောင်ထဲမှာ ဆက်ပြီးတိုက်ခိုက်နေမယ် ဆိုရင် မလွယ်ဘူးနော်”
ဂျွတ်
ဟုန်ရောင်သည် ထိုင်နေသည် ထိုင်ခုံလက်ရမ်းကို လက်နှင့်အသာ ဖျစ်ညှစ်လိုက်၏။ ဒေါသတကြီးဖြင့် အံကို ကြိတ်ထားမိသည်။ တခြားသောဂြိုဟ်များဆိုပါက သူ့အနေနှင့်သွားရောက်၍ တိုက်ခိုက်နိုင်စွမ်း ရှိနေ၏။ သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာတော့ လူများများစားစား ရောက်ရှိလာသည် မဟုတ်ပေ။ ၎င်းတို့သည့် ပုန်းကွယ်၍ အလစ်ချောင်းတိုက်ခိုက်မည်ဆိုလျှင် ရှာဖွေရတာ ခက်ခဲပေလိမ့်မည်။
....................
“အကြီးအကဲကျန့်... လင်းယွမ်ကုန်းမြေတိုက်ရဲ့ ခံတပ်က ဘယ်နေရာမှာလဲဆိုတာ အတည်ပြုပြီးပြီလား”
“ကျုပ် ရှာနေတုန်းပဲ”
“အင်း”
ကျွင်းချောင်ရှောင်းသည် ခံတပ်၏အဓိကဟောခန်းရှေ့တွင် ထိုင်လျက်ရှိသည်။ သူသည် အေးစက်စက်ဖြင့် ပြုံးလိုက်၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးကို လာပြီး ရန်ပြုရဲတဲ့ ဘယ်သူမဆို မသေခင်မှာ ထိတ်လန့် ကြောက်ရွံ့ စရာ ခံစားချက်ကို ရရှိစေရမယ်၊ ဒီလိုမှမလုပ်နိုင်ဘူးဆိုရင် အရင်ဂိုဏ်းခေါင်းဆောင်ရဲ့ နာမည်ကို ပြောင်းပြန် ပြန်ရေးပစ်မယ်”
စနစ် “.....”
ဘာလို့ ကိုယ့်နာမည်ကို ပြောင်းပြန် ပြန်မရေးတာလဲ။