← Chapters

အခန်း (၉၀၂)

Vol. 61 Ch. 902

အခန်း (၉၀၂)

Vol. 61 Ch. 902

ကျန့်ရာ၏ ယွမ်စိတ်ဝိညာဉ်အပေါ် နားလည်မှုသည် ပိုမို၍ အားကောင်းသထက် အားကောင်းလာခဲ့တော့၏။

၎င်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ပြီးသည့်နောက်မှာတော့ တည်နေရာအကွာအဝေး တော်တော်များများ ဆီသို့ ဖြန့်ကျက်ကာ သိရှိနိုင်စွမ်းရှိနေတော့၏။ ထို့ကြောင့် လင်းယွမ်ကုန်းမြေတိုက်ကြီး၏ တည်နေရာကို ရှာဖွေသည့် တာဝန်ကို သူသည်ယူထားရ၏။

“ဂိုဏ်းချုပ် ကျုပ်ရှာတွေ့ပြီ။”

“ဘယ်နေရာမှာလဲ။”

“အရှေ့တောင်ဘက်မှာလေ။ သွားကြစို့။”

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် သူ၏လူများကို ဦးဆောင်ကာဖြင့် ထိုနေရာဆီသို့ လှမ်းတက်လိုက်ကြ၏။

သူသည် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နှင့် ရင်ဆိုင်ခဲ့စဉ်ကအတိုင်းပင် တစ်ဖက်လူများအားလုံး အပြင်ဘက်သို့ ထွက်သည့်အချိန်တွင် အလစ်ချောင်းကာ တိုက်ခိုက်ခြင်းကို ပြုမူခဲ့သည်။

ပြိုင်စံရှားဂိုဏ်းသည် ဂြိုဟ်ကြီးတစ်ခုလုံးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန်အတွက် လုံလောက်သည့် အားအင်အဆင့်မရှိသည် မှာ သေချာ၏။ သို့ပေမဲ့ ဤကဲ့သို လူနည်းစုအား ဝင်ရောက်တိုက်ခိုက်သည့် နေရာတွင်တော့ လုံလောက်သည်ထက်ပင် ပိုသည့်အားအင် အဆင့်များကို ပိုင်ဆိုင်ထားကြ၏။

ရွှီ ရွှီ …။

ရီရှင်းချန်သည် သူ၏ဓားကို ကိုင်ကာဖြင့် ရှေ့သို့လှမ်းတက်လာတော့သည်။ သူသည် သိုင်းအုပ်စိုးသူအဆင့်သို့ ချိုးဖြတ်ပြီးသည့်နောက်မှာတော့ အားအင်အဆင့်များသည် ပိုမို၍ အားကောင်းလာခဲ့၏။ လင်းယွမ်ကုန်းမြေတိုက်ဆီမှ သိုင်းအုပ်စိုးသူအဆင့် သုံး၊ လေးနှင့် နှိုင်းယှဉ်၍ရနိုင်သောသူများအားလုံးသည် ၎င်း၏ ထက်မြက်လှသောဓါးအောက်တွင် ခေါင်းဖြတ်သတ်ဖြတ်ခြင်းကို ခံနေကြရသည်။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများအားလုံးသည်လည်း အချိန်အတိုင်းအတာတစ်ခုအတွင်း လှိုင်းအဆောင် ကို အမှီအခိုပြုကာဖြင့် ရန်သူများကို တိုက်ခိုက်လျက်ရှိနေကြ၏။ သို့ပေမဲ့ ၎င်းတို့သည် ရန်သူများကို သတ်ဖြတ်ခြင်းတော့ မပြုနိုင်ကြချေ။ အချက်အလက်အားဖြင့် လူများကို သတ်ဖြတ် ရခြင်းသည် ၎င်းတို့၏အဓိကရည်ရွယ်ချက်မဟုတ်ပေ။ အရေးကြီးသည့်အချက်အလက်မှာ အဆင့်မြင့်ကျွမ်းကျင်သူများနှင့် တိုက်ခိုက်ရင်းမှ တဆင့် အစစ်အမှန်တိုက်ခိုက်ရေးစွမ်းရည် များကို ရရှိစေရန်ပင် ဖြစ်တော့၏။

ဘုန်း ဘုန်း

တိုက်ပွဲတည်နေရာတစ်ခုလုံးတွင် အလင်းတန်းများနှင့် တောက်လောင်လျက်ရှိသည်။

ဝှစ် ဝှစ်

လင်းယွမ်ကုန်းမြေတိုက်ဆီမှ တပ်ကူများ လျင်လျင်မြန်မြန်နှင့် ရောက်ရှိလာခဲ့ကြတော့၏။

အဝါရောင်အဆင့် သိုင်းကျင့်ကြံသူတစ်ရာကျော်နှင့် အမဲရောင်အဆင့် သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့သည် အလင်းတန်းများကဲ့သို့ပင် အလျင်အမြန်နှင့် ရောက်ရှိလာခဲ့ကြသည်။

“နောက်ကိုဆုတ်မယ်။”

ကျွင်းချောင်ရှောင်းသည် ဤနေရာတွင် ဆက်၍မနေတော့ချေ။ ချက်ချင်းပဲ အားလုံးကို ဦးဆောင်ကာ အနောက်သို့ ဆုတ်ခွာသွားခဲ့တော့၏။

လီချင်းယန်နှင့် တခြားသောတပည့်များအားလုံးသည် စတီးတောင်ပံ၏ ထောက်ပံ့မှုနှင့်အတူ မြန်မြန်ဆန်ဆန် ပျံသန်းနိုင်ကြ၏။ ၎င်းတို့၏ အမြန်နှုန်းသည် လင်းယွမ်ကုန်းမြေတိုက်ဆီမှ သိုင်းကျင့်ကြံသူများထက် ပိုမို၍ မြန်ဆန်လွန်းနေကြ၏။ သူတို့သည် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းကိုမပြုဘဲ ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်၍ပြေးကြသည်။

ဤအရာမှာ တစ်ဖက်လူများအတွက်တော့ စဉ်းစားကြည့်သည်နှင့် ဒေါသူပုန်ထစရာ အခြေအနေမျိုးပင် ဖြစ်ပေ၏။

“ချီးတဲ့မှ”

“တစ်ကယ့်ကို ဆုတ်ယုတ်တဲ့ကောင်ပဲ။ သတ္တိရှိတယ်ဆိုရင်မပြေးနဲ့လေ။ ငါနဲ့တိုက်ကွက်သုံးရာကျော် လာပြီး တိုက်ခိုက် စမ်း။”

လင်းယွမ်ကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူများသည် မည်သို့မျှ အမီမလိုက်နိုင်ကြချေ။ ထို့ကြောင့်လေထဲတွင် မားမားရပ်၍ ဒေါသအပြည့်နှင့် ကြိမ်ဆဲအော်ဟစ်ခြင်းကိုသာ ပြုမူကြသည်။

ကျွင်းချောင်ရှောင်းတို့သည် ဂြိုဟ်ကြီးနှစ်ခုကို ဆက်တိုက်တိုက်ခိုက်ပြီးသည့်နောက်မှာတော့ လူနှစ်ရာနီးပါးခန့်ကို ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့တော့၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်သည်လည်း စတုရန်းမီတာ(၁၀၀)ဆီသို့ တိုးတက်ရောက်ရှိသွားခဲ့ ၏။

ဟုတ်ပေသည်။ ရွာအဆင့် အရွယ်အစားထိရောက်ရှိရန်ဆိုသည်မှာတော့ အလှမ်းဝေးကွာလွန်းနေသေး၏။ သို့ပေမဲ့ အလျင်လိုစရာမရှိပေ။

ဤနေရာ၏တိုးတက်မှုကို ဖြည်းဖြည်းချင်း တည်ဆောက်သွားရမည်ဖြစ်ကြောင်း ကျွင်းချောင်ရှောင်းက ကောင်းကောင်းသိ၏။ သူ့အနေနှင့် အချိန်ကောင်းကောင်းလည်းရှိနေသေးသည်။ ထို့ပြင် သူသည် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နှင့် လင်းယွမ်ကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူများကို ရွှေဥ ဥပေးသော ငန်းများကဲ့သို့ပင် သဘောထားလေ၏။ ဤလူများအားလုံးသည် ၎င်းတို့၏ တည်နေရာကြီးကို ပိုမိုကျယ်ပြန့်လာရန်အတွက် ပြုလုပ်ပေးမည့် ဓားစာခံများပင် ဖြစ်ကြပေသည်။

ထို့အပြင် ၎င်းအနေနှင့် ရှမ်းယွမ် ကုန်းမြေတိုက်နှင့် အင်ပါယာဓါးကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူများကိုလည်း ဆက်လက်ကာ ရှာဖွေရန် လိုအပ်နေသေး၏။ သူ့အား ပြဿနာရှာခဲ့ဖူးသည့်သူများအားလုံးသည် မည်သို့သောအခြေအနေတွင်မှ လွတ်မြောက်သွားလိမ့်မည် မဟုတ်ချေ။

ကျွင်းချောင်ရှောင်းသည် အမှတ်သညာပြိုမို၍ အရေးကြီးသည်မှာ ဤကဲ့သို့ လူများကို သတ်ဖြတ်ပြီးသည့်အချိန်တွင် ၎င်းတို့အနေနှင့် ပိုမိုကာ ဂရုစိုက် ရတော့မှာဖြစ်၏။ အပြင်ဘက်သို့ ထွက်လိုက်သည်နှင့်တပြိုင်နက် အားလုံးသောသူများအားလုံးသည် ဝိုင်းဝန်း၍ တိုက်ခိုက်ကြတော့မှာ သေချာသည်။

ကျွင်းချောင်ရှောင်း၏ လက်ရှိဆောင်ပုဒ်သည် မလိုအပ်ပဲ တိုက်ခိုက်ခြင်းကို မပြုလုပ်ဘဲ တိုက်ခိုက်ပြီဆိုပါက တခြားသောသူများကို အပြတ်ရှင်းရမည်ဖြစ်၏။ ထို့ပြင် တစ်စုံတစ်ယောက်သည် လုံခြုံမှုကိုသာ ဦးစားပေးရမည် ဖြစ်၏။

“အရင်ဆုံးဂိုဏ်းကို ပြန်ကြရအောင်။”

လှိုင်းအဆောင်၏ သက်တမ်းကုန်ဆုံးခါနီးမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များကို ခေါ်ဆောင်ကာ ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်လာခဲ့သည်။ သူတို့သည် မြန်မြန်ဆန်ဆန်နှင့် ရောက်ရှိလာခဲ့ပြီး မြန်မြန်ဆန်ဆန်နှင့် ပြန်လည်ထွက်ခွာသွားသည်ဟု ဆိုရမည်။

သူတို့ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နှင့် လင်းယွမ်ကုန်းမြေတိုက်တို့ သည် အရေးပေါ်အစည်းအဝေးကိုပင် ပြုလုပ်ခဲ့ကြတော့သည်။

၎င်းတို့၏ ဆွေးနွေးသမျှအကြောင်းအရာများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အလစ်ချောင်းတိုက်ခိုက်မှုကို မည်ကဲ့သို့ ရင်ဆိုင်ရမည်နှင့် မည်သို့လက်တုံ့ပြန်ရမည်ဆိုသည့်အကြောင်းပင်ဖြစ်တော့သည်။

“နန်းတော်သခင်”

အကြီးအကဲတစ်ယောက်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ဂိုဏ်းရဲ့ကျွမ်းကျင်သူတွေကို ပိုပြီးစေလွှတ်လိုက်မယ်။ ပြီးရင် သူတို့ခံတပ်ရဲ့အပြင်ဘက်ဆီက စောင့်ကြည့်ထားပြီး တော့ ထွက်လာတာနဲ့ တစ်ခါတည်းဖြတ်ပြီးတိုက်ခိုက်မှုကို ပြုလုပ်ရအောင်။”

“မဖြစ်သေးဘူး”

ဟုန်ရောင်သည် ငြင်းပယ်လိုက်၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးက ကြယ်ကိုးပွင့်အကြီးအကဲတွေနဲ့ တိုက်ခိုက်ဖို့အတွက်တောင်မှ လုံလောက်တဲ့ အားအင်အဆင့်တွေရှိတယ်လေ။ ကျုပ်တို့လူတွေထပ်ပို့လိုက်မယ်ဆိုရင်လည်း သူတို့က အမှောင်ထဲကနေ ပုန်းအောင်း သတ်ဖြတ်ကြမှာဘဲ။”

ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်သည် လူအရေအတွက်အရ သာလွန်နေသည်ဆိုသော်လည်း ၎င်းတို့သည် အလင်းထဲတွင်ဖြစ်ပြီး ကျွင်းရှောင်ချောင်းမှာတော့ အမှောင်ထဲတွင်ဖြစ်၏။

“နန်းတော်သခင်”

အကြီးအကဲတစ်ယောက်က အကြံပြုလိုက်၏။ “လင်းယွမ်ကုန်းမြေတိုက်ကလည်း ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်လို့ သတင်းရ တယ်လေ။ သူတို့ကလည်း လူတစ်ရာလောက်နီးပါးလောက် သေဆုံးသွားခဲ့ရတယ်။ ဒီဂြိုဟ်နဲ့သွားပြီးပူးပေါင်းရင် ကောင်းမယ်နဲ့တူတယ်။”

“ဒါကအကြံကောင်းပဲ။”

ဟုန်ရောင်ကပြောလိုက်၏။

တခြားသော အကြီးအကဲများအားလုံးသည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။ ပြီးသည့်နောက်မှာတော့ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးသည် ကျင့်ကြံသူတစ်ယောက်အား လင်းယွမ်ကုန်းမြေတိုက်ဆီသို့ စေလွှတ်လိုက်ခဲ့တော့သည်။

ဂြိုဟ်တစ်ခုလုံးသည် လက်ရှိအချိန်တွင် ဓားစာခံများဖြစ်ကြပြီး တူညီသည့်ရန်သူလည်းတည်ရှိနေ၏။ ထို့ကြောင့် မဟာမိတ်ဖွဲ့ကာ တိုက်ခိုက်ခြင်းကို ပြုမူရန် စဉ်းစားလိုက်ကြတော့၏။

သို့ပေမဲ့ အဆင့်မြင့်ဂြိုဟ်နှစ်ခုသည် ပူးပေါင်းပြီးသည့်နောက် အဆင့်ကိုးဂြိုဟ်ကြီးတစ်ခုအား တိုက်ခိုက်ရန် စဉ်းစား သည်ဆိုသည်မှာ သင့်တော်လှသည့် ကိစ္စတော့မဟုတ်ပေ။ ဤသတင်းသာ ပျံ့နှံ့သွားသည်ဆိုပါက အားလုံးသည် အုတ်အော်သောင်းနင်းဖြစ်ကုန်မှာသေချာသည်။ မည်သည့်အချိန်က ပေါ်လာမှန်းမသိသော ဂြိုဟ်တစ်ခုဆီမှ လူတစ်ချို့သည် တကယ့်ဝါရင့်ဂြိုဟ်ကြီးတစ်ခုဆီမှ သိုင်းကျင့်ကြံသူများအားလုံးကို ဒုက္ခရောက်အောင်ပြုလုပ်ခဲ့ကြ၏။ အံ့အားသင့်စရာကောင်းလွန်းနေသည်။

…

မိုရှန်ရှမ်းသည် ကျွင်းရှောင်ချောင်းတစ်ယောက် ဂြိုဟ်ကြီးနှစ်ခုအား ခြုံခိုကာ တိုက်ခိုက်ခဲ့သည်ကို သိရှိပြီးသည့်နောက် မှာတော့ စိတ်ဓာတ်ကျသွားခဲ့၏။

“ဒီဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို သူ့ရဲ့ နောက်ဖေးခြံဝန်းလိုမျိုး သဘောထားနေတာလား။ သဘောကျသလိုမျိုး လာချင်တိုင်းလာ၊ သွားချင်တိုင်းသွား လုပ်နေတာ။”

“မြို့တော်ဝန်။”

နောက်လိုက်တစ်ယောက်က ပြောလိုက်၏။ “ကျုပ်တို့ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နဲ့ လင်းယွမ်ကုန်းမြေတိုက်ကို သွားပြီးကူညီကြမယ်။”

မိုရှန်ရှမ်းသည် ခေါင်းကိုခါယမ်းလိုက်၏။

“ဒီလိုမျိုး ဂြိုဟ်တိုက်ပွဲတည်နေရာထဲကို သဘောရှိသလို ဝင်လိုက်၊ ထွက်လိုက် လုပ်လာနိုင်တယ်ဆိုတာ ဒီကောင်လေးက အဆင့်မြင့်နယ်မြေရဲ့ တစ်စုံတစ်ခုနဲ့ ပတ်သက်နေလိမ့်မယ်။ စောင့်ပြီးကြည့်ရအောင်။”

သူ့အနေနှင့် မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် သတ်ဖြတ်ခံလိုက်ရသည့်ကိစ္စနှင့်ပတ်သက်၍ အလွန် ဒေါသထွက်လျက်ရှိသည်။

သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် တိုက်ပွဲတည်နေရာထဲတွင် ပေါ်လာပြီး စိတ်ရှိသလို ဝင်ထွက်သွားလာခြင်း ကို ပြုလုပ်နိုင်၏။ ထို့ကြောင့် အဆင့်မြင့်နယ်မြေဆီမှ တစ်စုံတစ်ယောက်နဲ့ အထူးရင်းနှီးပတ်သက်မှုရှိမှာသေချာနေ၏။ ထို့ကြောင့် သေသေချာချာစဉ်းစားရန်လိုအပ်နေ၏။

ဟုတ်ပေသည်။

မြို့တော်ဝန်မိုသည် သူ၏ အဆက်အသွယ်များကို စေလွှတ်ပြီး အဆင့်မြင့်နယ်မြေနှင့်ဆက်သွယ်ကာ ကြယ်ကြွေ ကုန်းမြေတိုက်ကြီး အကြောင်းကို စုံစမ်းခိုင်းထားသေးသည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးအနေနှင့် အဆင့်မြင့်နယ်မြေဆီမှ ကျင့်ကြံသူများနှင့် အဆက်အစပ်ရှိလှသည်မဟုတ် သော်လည်း သူတို့ကဲ့သို့ ဘုံကိုးပါးကုန်းမြေတိုက်ကြီးအနေနှင့်တော့ အဆင့်မြင့်နယ်မြေနှင့် တစ်စုံတစ်ယောက်နှင့် ဆက်သွယ်ရန် နည်းလမ်းများ အလုံအလောက်ထိ ရှိနေ၏။

…

အဓိကဟောခန်းတစ်ခု၏ အတွင်းထဲရှိ သလွန်တစ်ခုပေါ်တွင် မြူများရစ်သိုင်းလျက် ရှိနေ၏။

ထိုသလွန်ပေါ်တွင်တော့ အလွန်လှပလှသည့် အမျိုးသမီးတစ်ယောက်သည် ထိုင်လျက်ရှိ၏။ သူမ၏ ညာဘက်လက်သည် အဆင့်နိမ့်နယ်မြေဆီမှ ပို့လွှတ်လိုက်သော ကျောက်စိမ်းစာလိပ်တစ်ခုအား ကိုင်ထား၏။ သူမသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးက ဂြိုဟ်တိုက်ပွဲတည်နေရာထဲကို ရောက်နေတယ်ဟုတ်လား။”

အရှေ့တွင်ရပ်လျက်ရှိသော ခါးကုန်းကုန်းနှင့်အဘိုးအိုက ကြောင်သွား၏။ “သူတို့က ဒီဂြိုဟ်တိုက်ပွဲတည်နေရာထဲကို ရောက်ဖို့အတွက် ငါးနှစ်စောင့်ရမှာမဟုတ်လား။”

“ထူးဆန်းတယ်။ ထူးဆန်းတယ်။”

အမျိုးသမီးသည် ဇဝေဇဝါဖြစ်မိနေ၏။ သူမကပြောလိုက်သည်။ “ပြီးတော့ပြိုင်စံရှားဂိုဏ်း ဟုတ်လား။ ငါဘာလို့ မကြားဖူးတာလဲ။”

အဘိုးအိုက ပြောလိုက်သည်။ “အရှင်၊ အရှင်စုံစမ်းခိုင်းထားတဲ့ ဂိုဏ်းအကြောင်းကို သိပြီလေ။ အဲ့ဒီဂိုဏ်းက ပြိုင်စံရှားဂိုဏ်းလို့ ခေါ်တာပဲ။ အရင်တုန်းက သူတို့ကို သံမဏိအရိုးဂိုဏ်းလို့ ခေါ်ကြတယ်။ အခုနောက်ပိုင်းနှစ်ထဲမှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ကျော်ကြားတဲ့ဂိုဏ်းတစ်ခုဖြစ်လာခဲ့တယ်။”

“ပြိုင်စံရှားဂိုဏ်းဟုတ်လား။ ဒါက သံမဏိအရိုးဂိုဏ်းနဲ့တူတူပဲပေါ့။”

“ဟုတ်တယ်။”

အမျိုးသမီးသည် ခနလောက်ငြိမ်သက်သွား၏။ ပြီးသည့်နောက်မှာတော့ ပြောလိုက်၏။ “ဒီလိုဆိုရင် သူတို့က ဂြိုဟ်တိုက်ပွဲကြီးကို သွားပါစေ။ အဲ့မှာက ဂြိုဟ်ပေါင်းရာချီတည်ရှိနေတာပဲ။ စွမ်းအားမြင့် ကျင့်ကြံသူတွေဆိုတာက သဲမှုန်တွေလိုပဲ များပြားလွန်းတယ်လေ။ သူရဲ့မောက်မာလှတဲ့ ကိုယ်ရည်ကိုယ်သွေးအရဆိုရင် ပြဿနာတက်မှာ သေချာတယ်။”

ဝှစ်

သူမသည် ကျောက်စိမ်းစာလိပ်အား အဘိုးအိုဆီသို့ လှမ်း၍ ပစ်ပေးလိုက်သည်။ “အဆင့်နိမ့်နယ်မြေက လူတွေကို ပြောလိုက်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးက ဂြိုဟ်တိုက်ပွဲထဲကို ဝင်လာလိမ့်မယ်။ အရာအားလုံးက စည်းမျဉ်းစည်းကမ်းအတိုင်းပဲလို့။”

“ဒါကို နယ်မြေဟောခန်းဆီကို သတင်းပို့လိုက်ရအုံးမလား။”

“မလိုဘူး”

“ကောင်းပါပြီ။”

အဘိုးအိုသည် နောက်ပြန်ဆုတ်သွား၏။ ပြီးသည့်နောက်မှာတော့ သူသည် သူ့သခင်၏ အမိန့်စကားအား အဆင့်နိမ့် နယ်မြေဆီသို့ ပြန်လည်ကာ ပေးပို့လိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် တီးတိုးရေရွတ်လိုက်မိသည်။ “သခင်က ကြယ်ကြွေကုန်းမြေတိုက်ကြီးကို သေသေချာချာ အာရုံစိုက်နေတာပဲ။ ကြည့်ရတာ သူကလည်း ဒီဂြိုလ်ဆီ ကနေအပေါ်ကို တက်လာတာဖြစ်ရမယ်။”

…

ဘုံကိုးပါးကုန်းမြေတိုက်ကြီးခံတပ်ထဲမှာတော့ နောက်လိုက်တစ်ယောက်သည် အလျင်အမြန်နှင့်ရောက်ရှိ လာကာ ပြောလိုက်၏။

“အထက်နယ်မြေဆီက သတင်းတစ်ခုရတယ်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးက ဂြိုဟ်တိုက်ပွဲထဲကို ဝင်လာတယ်တဲ့။ အရာအားလုံးက စည်းမျဉ်းစည်းကမ်းအတိုင်းပဲလို့ပြောတယ်။”

မိုရှန်ရှမ်းသည် ဆွံ့အသွား၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်သည် ဖွံ့ဖြိုးတိုးတက်ခြင်းမရှိသေးချေ။ သို့ပေမဲ့ ၎င်းတို့သည် သဘောရှိသလို ဝင်ထွက်သွားလာခြင်းကို ပြုမူနိုင်နေ၏။ အဘယ့်ကြောင့် စည်းမျည်းစည်းကမ်းအတိုင်းပင် ရှိနေသည်ဟု ဆိုရသနည်း။

“မဖြစ်သေးဘူး။ မဖြစ်သေးဘူး။”

မိုရှန်ရှမ်းသည် ထိုင်ချလိုက်၏။ ပြီးသည့်နောက်မှာတော့ စားပွဲခုံကို လက်ဖြင့် တတောက်တောက်နှင့်ခေါက်လျက် ရှိနေတော့၏။ အချိန်အတော်ကြာစဉ်းစားလိုက်ပြီးသည့်နောက်မှာတော့ သူသည် မတ်တပ်ရပ်ကာဖြင့် ထိတ်လန့်တကြားပြောလိုက် ၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးက ကျိန်းသေပေါက် အထက်နယ်မြေဆီက နောက်ခံတစ်ခုခုရှိရမယ်။”

All Chapters