အခန်း (၉၀၃)
Vol. 61 Ch. 903
ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် မြို့တစ်ခု၏ အရွယ်အစားသို့ မရောက်ရှိသေးပေ။ သို့ပေမဲ့ ၎င်းတို့သည် စိတ်သဘောကျအတိုင်း လွတ်လွတ်လပ်လပ်ဖြင့် ဝင်ထွက်သွားလာခြင်းကို ပြုမူနေ၏။ အထက်နယ်မြေဆီက သတင်းစကားသည် စည်းမျဉ်းအတိုင်းပင် ရှိသည်ဟု ပြောဆိုခဲ့၏။
သို့ပေမဲ့ မိုရှန်ရှမ်းသည် ၎င်းတို့၏ နောက်တွင် ထောက်ခံပေးနေသည့် လူတစ်ယောက်ယောက်ရှိနေမည်ဟု မစဉ်းစားဘဲ မနေနိုင်တော့ချေ။ ဤအရာမှာ အထင်ကြီးလောက်စရာကောင်း၏။ သူ့အနေနှင့်သွား၍ ပြဿနာရှာနိုင်သည့်အရာမျိုးမဟုတ်ချေ။
ဘုံကိုးပါးကုန်းမြေတိုက်ကြီးသည် အားကောင်းလှသည်ဆိုသော်လည်း စကြာဝဠာထဲမှ ဂြိုဟ်တစ်ခုသာသာပင် ဖြစ်သည်။ ကြီးမားလှသော အထက်နယ်မြေများ၏ ရှေ့တွင်တော့ ၎င်းသည် မျက်နှာချိုသွေးကာ နေရသည့် အခြေအနေမျိုးတွင် ရှိနေ၏။
အဆင့်အားဖြင့် ကိုးလောက်တွင်သာရှိနေသော ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာတော့ အထက်နယ်မြေ၏ နောက်ခံ တည်ရှိနေ၏။ သူ့အနေနှင့် သွား၍ ပြဿနာမရှာနိုင်ချေ။
“အမိန့်ကို ပေးလိုက်တော့။”
သေသေချာချာစဉ်းစားပြီးသည့်နောက်မှာတော့ မိုရှန်ရှမ်းသည် ချက်ချင်းပဲ အမိန့်ပေးလိုက်တော့သည်။
“ဘုံကိုးပါးကုန်းမြေတိုက်ထဲမှာရှိတဲ့ သိုင်းကျင့်ကြံသူတွေအနေနဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးနဲ့တွေ့ရင် ပြဿနာ မရှာကြနဲ့။ ဒီအမိန့်ကို မလိုက်နာတဲ့လူတွေက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်။”
“ကောင်းပါပြီ။” နောက်လိုက်သည် လျင်လျင်မြန်မြန်နှင့် ထွက်ခွာသွားသည်။
မကြာခင်မှာပဲ မြို့တော်ဝန်၏ အမိန့်စကားသည် ဘုံကိုးပါးကုန်းမြေတိုက်ဆီမှ သိုင်းကျင့်ကြံသူများ၏ နားထဲသို့ ရောက်ရှိသွားခဲ့တော့၏။ ၎င်းတို့အားလုံးသည် ဇဝေဇဝါနှင့် ဖြစ်သွားမိ၏။
“မြို့တော်ဝန်ဘာများဖြစ်တာလဲ။”
ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်ဖြတ်ခဲ့၏။ ၎င်းတို့သည် ကြီးမားသည့် အမုန်းတရားများ တည်ရှိနေတော့၏။ ထို့ကြောင့် တစ်ဖက်လူများအား ပြဿနာမရှာရန်ဆိုသည်မှာ တော်တော်ထိန်းသိမ်းရခက်သည့်အရာမျိုးပင် ဖြစ်ပေလိမ့် မည်။
၎င်းတို့သည် အဆင့်မြင့်ထိပ်တန်းဂြိုဟ်များဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းရှိသူများလည်း အလွန်ပေါများ၏။ မည်သည့်အချိန် က တခြားသောသူများကို ကြောက်ရွံ့သွားတတ်သနည်း။
ဟုတ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အနေနှင့် မြို့တော်ဝန်၏ အမိန့်စကားကို ငြင်းပယ်၍ မဖြစ်နိုင်ချေ။
မိုရှန်ရှမ်းသည် သူ၏ တွက်ချက်မှုနှင့်ပတ်သက်၍ အခြားသူများကို မပြောပြခဲ့ချေ။ လက်ရှိအခြေအနေမှာတော့ အဓိက ဟောခန်းထဲတွင် ထိုင်ကာ တီးတိုးရေရွတ်လျက်ရှိ၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ အားအင်အဆင့်က ဘာပဲပြောပြော အကန့်အသတ်ရှိသေးတယ်။ သူတို့က လူတွေအများကြီးကို ပြဿနာရှာရန်ပြုမိမယ်ဆိုရင် မကြာခင်မှာ တစ်စုံတစ်ခုဖြစ်မှာပဲ။ ဒါဆိုရင် အထက်နယ်မြေမှာ ရှိတဲ့ ကျောထောက်နောက်ခံလူတွေတောင်မှ ဒုက္ခရောက်တဲ့ အနေအထားဖြစ်သွားလိမ့်မယ်။”
သူ့အနေနဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို တိုက်ရိုက်ရန်ပြုရန်မစဉ်းစားထားချေ။ တခြားသောဂြိုဟ်များကိုလည်း ဤအကြောင်းပြောဆိုရန် အစီအစဉ်မရှိချေ။ သူ့အနေနှင့် ဘေးမှာထိုင်၍ ပွဲကြည့်ပရိသတ်လုပ်ရန်သာ ပြင်ဆင်ထားခဲ့တော့၏။
…
ပြိုင်စံရှားဂိုဏ်း။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများအားလုံးသည် မည်သည့်စကားမှမဆိုဘဲ ၎င်းတို့၏ နေထိုင်ရာ အခန်း ဆီသို့ ပြန်သွားကြ၏။
၎င်းတို့အားလုံးသည် သေသေချာချာ အာရုံစိုက်၊ စူးစိုက်ပြီးသည့်နောက်မှာတော့ သိုင်းအုပ်စိုးသူအဆင့်သို့ ချိုးဖြတ် ရောက်ရှိနိုင်ရန် စဉ်းစား ကြိုးစားကြတော့၏။
ဤအရာသည် တန်ဖိုးကြီးမားလှသော ရတနာပင် ဖြစ်ပေတော့သည်။ ဤကဲ့သို့သော ကြုံဆုံရသည့် အတွေ့အကြုံများအားလုံးသည် သိုင်းအုပ်စိုးသူအဆင့်သို့ ချိုးဖြတ်နိုင်ရန် အရင်းအမြစ် ကောင်းများပင်ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲတွင် ထိုင်ကာ စဉ်းစားလျက်ရှိနေ၏။
“ငါက ဘုံကိုးပါးကုန်းမြေတိုက်ဆီက မြေအဆင့်ကျွမ်းကျင်သူကို သတ်ဖြတ်ခဲ့တယ်။ ပြီးတော့ သူတို့ဆီကလည်း ဆဌဂံ ကြယ်ကျောက်တုန်း နှစ်သန်းကို ယူခဲ့သေးတယ်။ ဒီရန်ငြိုးက ကျိန်းသေပေါက် ကြီးမားနေမှာပဲ။ ငါထပ်ပြီး ရောက်လာတယ် ဆိုတာကိုသိရင် သူတို့က ကျိန်းသေပေါက် လှုပ်ရှားလိမ့်မယ်။ သတိအပြည့်နှင့်နေတာ အကောင်းဆုံးပဲလေ။”
သူ့အနေနှင့် အရည်အသွေးသိပ်မမြင့်မားလှသော ဂြိုဟ်တော်တော်များများနှင့် ရင်ဆိုင်တိုက်ခိုက်မည်ဆိုလျှင် ပြန်လည်တိုက်ခိုက်နိုင်လိုက်မည်ဟု ယုံကြည်ချက်ရှိနေ၏။ သို့ပေမဲ့ များပြားလွန်းသော ဂြိုဟ်များနှင့် တိုက်ခိုက်မည်ဆိုလျှင်တော့ အားအင်ကုန်ခမ်းသွားနိုင်၏။
ထို့ပြင် တစ်ဖက်လူများအားလုံးသည် မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူ ကိုးယောက်ကိုပင် စေလွှတ်နိုင်စွမ်းရှိနေ၏။ ထို့ကြောင့် ကောင်းကင်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူကို စေမလွှတ်ဘူးဟု မပြောနိုင်ချေ။
ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ အဆင့်သတ်မှတ်ချက်အရဆိုရင် ကောင်းကင်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူ ဆိုသည်မှာ မည်သည့်အဆင့်တွင် ရှိနေမှန်း သူကောင်းကောင်းမသိချေ။ သို့ပေမဲ့ ထိုသို့သောသူမျိုးများသည် ခရမ်းရောင်ဘုရင်ပင် ကိုယ်တွယ်နိုင်မည့်သူမျိုးမဟုတ်ကြောင်း သူသိရှိနေမိ၏။
…
နောက်တစ်ရက်မှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည် အပြင်ဘက်သို့ ထွက်လျှောက် လာခဲ့ကြ၏။ ၎င်းတို့သည် သိုင်းအုပ်စိုးသူအဆင့်သို့ ချိုးဖြတ်မရောက်ရှိသွားခဲ့သည်ဆိုသော်လည်း ကြီးမားသည့် အကျိုးတရားများကိုတော့ ရရှိနေခဲ့၏။
သူတို့သည် ညအင်ပါယာကဲ့သို့ သိုင်းအတတ်ပညာအတွေ့အကြုံများလည်း မရှိခဲ့ချေ။ ထို့အပြင် ကုန်းရှန့် ကဲ့သို့ မိမိကိုယ့်ကို တိုးတက်စေရန်အတွက် ဂိမ်းဆာဗာတစ်ခုလုံးကို ခိုးယူခဲ့သည့်သူလည်း မဟုတ်ပေ။ ထို့ကြောင့် ဖြတ်လမ်းနည်းရှိသည်ဆိုလျှင်တောင်မှ ဤကဲ့သို့ အဆင့်ချိုးဖြတ်ရန်အတွက်တော့ အချိန်အတိုင်းအတာ တစ်ခု လိုအပ်ပေလိမ့်မည်။
“သွားကြရအောင်။”
ကျွင်းချောင်ရှောင်းသည် အားလုံးကို တစ်ခါစုစည်းပြီးသည့်နောက်မှာတော့ ဂြိုဟ်တိုက်ပွဲဆီသို့ ဦးတည်လာခဲ့တော့ သည်။
မိုရှန်ရှမ်းက ပြောခဲ့သလိုပဲ သူတို့သည် ဤဂြိုဟ်တိုက်ပွဲတည်နေရာကြီးအား ၎င်းတို့၏ နောက်ဖေးခြံဝန်းကဲ့သို့ သဘောထားကာ ဝင်လိုက်၊ ထွက်လိုက်ပြုလုပ်နေကြ၏။
ဝှစ် ဝှစ်
အားလုံးသည် တည်နေရာရွှေ့ပြောင်းရောက်ရှိလာခဲ့သည်။
လီချင်းယန်သည် ကျယ်ဝန်းနေသော တည်နေရာကြီးကို ကြည့်ရှုပြီးသည့်နောက်မှာတော့ သူ၏ အဆောက်အဦ ဆောက်လုပ်ချင်စိတ်များသည် မထိန်းသိမ်းနိုင်ပင်ဖြစ်နေ၏။
ကျွင်းချောင်ရှောင်းသည် သူ့တပည့်၏ အခြေအနေကို ကြည့်ရှုပြီးသည့်နောက် ပခုံးကို အသာပုတ်ကာ ပြောလိုက်၏။ “မင်းသိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသွားရင် ဒီတိုက်ခိုက်ရေးတည်နေရာထဲကို အချိန်မရွေးဝင်လို့ရပြီ။ ဒါဆိုရင် မင်းအဆောက်အအုံဆောက်လုပ်ခြင်းနဲ့ပတ်သက်တဲ့ပါရမီကို ကောင်းကောင်းအစွမ်းပြရမယ့်အချိန် ရောက်လိမ့်မယ်။ တခြားသူတွေအကုန်လုံး အရှက်ရသွားအောင်လို့ အကောင်းဆုံး တည်ဆောက်လိုက်ပါ။”
“ကျွန်တော် ကြိုးစားပါ့မယ်။” လီချင်းယန်သည် ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ပြန်လည်ပြောဆိုလိုက်၏။
“ဂိုဏ်းချုပ်”
ကျန့်ရာက ပြောလိုက်သည်။ “ခံတပ်အနီးတဝိုက်မှာ ဖုံးကွယ်ခြင်းအစီအရင်တွေအများကြီးရှိတယ်။ ပြီးတော့ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက် နဲ့ လင်းယွမ်ကုန်းမြေတိုက်ဆီက သိုင်းကျင့်ကြံသူတော်တော်များများ အထဲမှာ ပုန်းအောင်းနေကြတယ်လေ။”
“ဟင်”
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကြည့်လိုက်၏။ သို့ပေမဲ့ သူသည် မိုင်တစ်ရာအဝေးတွင် အစီအရင်များတည်ရှိနေသည်ဖြစ်ကြောင်းကို အာရုံခံမိသည်ဆိုသော်လည်း မည်သူ့ကိုမျှ မမြင်ရချေ။ ထို့ကြောင့်ပြောလိုက်မိသည်။ “ယွမ်စိတ်ဝိညာဉ်ခန္ဓာကိုယ်က အစီအရင်တွေကို ကျော်ဖြတ်ပြီးတောင် ကြည့်ရှုနိုင်စွမ်းရှိတာလား။”
“အင်း … ဟုတ်တယ်။”
ကျန့်ရာက ပြောလိုက်သည်။ “ဒါပေမဲ့ အဆင့်သိပ်မမြင့်တဲ့ အစီအရင်တွေကိုပဲ ကြည့်လို့ရတာ။”
“…..…”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ “တစ်ဖက်ခံတပ်မှ လူများအားလုံး တည်ဆောက်ထားသော အစီအရင်သည် ဆန်းကြယ်ဂိတ်တံခါး သုံးဆယ့်နှစ် အစီအရင်ကျမ်းမှ အစီအရင်များလောက်အားမကောင်းလှဘူးဆိုသော်လည်း သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်တွင် ရှိနေကြ၏။ သို့ပေမဲ့ ယွမ်စိတ်ဝိညာဉ်ခန္ဓာကိုယ်ပိုင်ရှင်၏ အရှေ့မှာတော့ ၎င်းတို့သည် အဆင့်နိမ့်အရာများဖြစ်လို့နေတော့၏။
“ခင်ဗျားရဲ့ ခန္ဓာကိုယ်က အရမ်းကိုအားကောင်းနေပြီ။ သေသေချာချာလေ့လာဖို့လိုတယ်။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ကျန့်ရာက ပြောလိုက်သည်။ “လောလောဆယ် အချိန်မရှိသေးလို့ပါ။ သေသေချာချာထပ်ပြီးလေ့လာဖို့ ကြိုးစားပါ့မယ်။”
လီချင်းယန်နှင့် တခြားသောသူများအားလုံးသည်လည်း ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ထဲတွင် ခန္ဓာကိုယ် အသီးသီး ကို ပိုင်ဆိုင်ရရှိခဲ့ကြ၏။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် ကျင့်ကြံခြင်းကို အာရုံစိုက်ထားသည်ဖြစ်သောကြောင့် ခန္ဓာကိုယ်များနှင့်ပတ်သက်၍ နားလည်မှုရရှိရန် အခွင့်အရေးမရရှိခဲ့ချေ။
ယွမ်စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ရရှိပြီးသည့်နောက်မှာတော့ ကျန့်ရာသည် ပိုမိုအားကောင်းစေရန် ကြိုးစားလျက်ရှိနေ၏။ သူသည် အချိန်ရတိုင်း ဤအရာကို ဖြည်းဖြည်းချင်းနားလည်သွားရန် ကြိုးစားနေသည်။ အဘယ့်ကြောင့်ဆိုသော် ဤယွမ်စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို အသုံးပြု၍ သူ၏ ညီမလေးကို ရှာဖွေနိုင်စွမ်းရှိနေသည်ကို သူကောင်းကောင်း နားလည်သွားခဲ့ပြီဖြစ်သည်။
“အဲမှာ စုစုပေါင်းလူဘယ်နှယောက်ရှိလဲ။” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
ကျန့်ရာသည် ယွမ်စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို အသုံးပြု၍ အစီအရင်ထဲကို ကြည့်ရှုနေသည်။ အထဲတွင်ရှိသော သိုင်းကျင့်ကြံသူများကို စစ်ဆေးပြီးသည့်နောက်မှာတော့ သူက ပြောလိုက်သည်။ “အရှေ့၊ အနောက်၊ တောင်နဲ့မြောက်မှာ ဖုံးကွယ်ခြင်းအစီအရင်တွေရှိတယ်လေ။ ဖုံးကွယ်ခြင်းအစီအရင်တစ်ခုကို သိုင်းကျင့်ကြံသူ ၂၀၀ လောက်ရှိတယ်။”
“၂၀၀ ရှိတယ်။”
“စုစုပေါင်း သိုင်းနယ်မြေ အမဲရောင်အဆင့်သိုင်းကျင့်ကြံသူ ၁၄၆ ယောက်၊ အဝါရောင်အဆင့် ၅၀၊ မြေအဆင့် ၄ယောက်”
“အားလုံး တိတိကျကျသိရတယ်။” ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် မေးလိုက်မိသည်။
မနေ့တုန်းကသူ တစ်ဖက်ဂြိုဟ်ကြီးနှစ်ခုဆီသို့ သွားရောက်၍ အလစ်ချောင်းတိုက်ခိုက်ခဲ့၏။ ထို့ကြောင့် ၎င်းတို့အား ပြန်လည်၍ ပစ်မှတ်ထားသည်ဆိုသည်မှာသာမန်ပင်ဖြစ်တော့၏။
သို့ပေမဲ့ အစီအရင်ထဲတွင် ဤမျှ များပြားလှသော သူများပုန်းအောင်းနေနေလိမ့်မည်ဟု သူမထင်မှတ်ခဲ့ချေ။ သူတို့ အပြင်သို့ ထွက်လိုက်မည်ဆိုသည်နှင့် တစ်ဖက်လူများသည် အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ကြတော့မှာ သေချာသည်။
“ရှောင်ကျီ”
ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ “အမြှောက်ကြီးကို ထုတ်ပြီးတော့ အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ ကြွက်ကလေးတွေကို ရှင်းလိုက်တော့။”
“ကောင်းပါပြီ။”
ရှောင်ကျီသည် ခံတပ်အပြင်သို့ ထွက်လျှောက်ပြီးသည့်နောက်မှာတော့ အမြှောက်ကြီးကို တည်နေရာချလိုက်၏။ ပြီးသည့်နောက်မှာတော့ ဘုံကိုးပါးကုန်းမြေတိုက်ဆီမှရရှိလာသော သလင်းအမြုတေများကိုထည့်ကာ ကျည်ဖြည့် လိုက်၏။
ကြယ်ကိုးပွင့်အကြီးအကဲများ၏ သိုလှောင်လက်စွပ်ထဲမှရရှိထားသော သလင်းအမြုတေများသည် အလွန်အဆင့်မြင့် သည့် သလင်းအမြုတေများဖြစ်သည်။ ထို့ကြောင့် အမြှောက်ကြီးအား ပိုမိုအားကောင်းသည့် ကျည်ဆံများကို ဖြည့်တင်းနိုင်စွမ်း ရှိနေသည်။
၎င်းတို့အား မည်သူမျှမသိစေရန်အတွက် ရှောင်ကျီ အမြှောက်ကြီးကို ထုတ်လိုက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သီးခြားဖြစ်တည်ခြင်းအစီအရင်ကို မြန်မြန်ဆန်ဆန်ဖြင့် ဖွဲ့တည်ကာ ဖုံးကွယ်ထားလိုက်၏။
သူတို့သည်လည်း ပုန်းနေ၏။ တစ်ဖက်လူမှာလည်း ပုန်းလျက်ရှိ၏။ အားလုံးသောသူများသည် တူတူပုန်းတမ်း ကစားနေခြင်းပင်ဖြစ်သည်။
…
ခံတပ်ဆီမှ မိုင် ၁၀၀ အဝေးတွင် ပုန်းအောင်းလျက်ရှိနေသော မြေအဆင့်ကျွမ်းကျင်သူသည် တီးတိုးရေရွတ်လျက် ရှိနေ၏။
“အဘိုးကြီး ကြယ်ကြွေကုန်းမြေတိုက်ကြီးက သိုင်းကျင့်ကြံသူတွေက ထွက်မလာကြသေးပါလား။”
“သူတို့ထွက်လာတဲ့အထိ စောင့်ရမယ်လို့ နန်းတော်သခင်က မှာကြားထားတယ်မဟုတ်လား။”
“အခုကျုပ်တို့က ဖုံးကွယ်ထားတဲ့အစီအရင်ထဲမှာ ပုန်းအောင်းနေကြတာလေ။ သူတို့ရှာဖွေမတွေ့လောက်ပါဘူး။ ဒီအစီအရင်က ကုန်းမြေတိုက်ကြီးဆီက ထိပ်တန်းအစီအရင်ဆရာတွေ ဖန်တီးထားတာလေ။”
“အဆင့်နိမ့်ဂြိုဟ်က မပြောနဲ့။ ဘုံကိုးပါးကုန်းမြေတိုက်တွေလို အဆင့်မြင့်ဂြိုဟ်က လူတွေတောင်မှ ဒီမှာငါတို့ရှိမှန်း ဘယ်သူမှ သိမှာမဟုတ်ဘူး။”
“ဒါပေမဲ့ ကျုပ်စိတ်ထဲမှာ တစ်စုံတစ်ခုမှားယွင်းနေတယ်လို့ ခံစားနေရတယ်။”
“မကောင်းတဲ့ ခံစားချက်ကြီးရနေတယ်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးက ဘုံကိုးပါးကုန်းမြေတိုက်က ကြယ်ကိုးပွင့် အကြီးအကဲတွေကို တိုက်ခိုက်အနိုင်ယူခဲ့တယ်ဆိုတာကို မင်းသိပြီးကတည်းက ကြောက်လန့်နေတာမဟုတ်လား။”
“မဟုတ်ဘူး။ မဟုတ်ဘူး။ အဲလိုမျိုးမဟုတ်ဘူး။”
မြေအဆင့်ကျွမ်းကျင်သူနှစ်ယောက်တို့ ပြောဆိုနေတုန်းမှာပဲ တစ်ချိန်လုံးမျက်စိကိုမှိတ်၍ ထိုင်လျက်ရှိနေသော အဘိုးအိုသည် မျက်စိကို ဖွင့်ကာပြောလိုက်၏။ “အပြင်ဘက်မှာ တစ်ခုခုရှိတယ်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးက သိုင်းကျင့်ကြံသူတွေဟာ ခံတပ်ကနေ ထွက်လာကြပြီ။”
“အရမ်းကောင်းတာပေါ့။”
အနားတဝိုက်တွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးက ပြောလိုက်ကြသည်။
“သူတို့တည်နေရာစက်ဝန်းထဲကို ဝင်လာပြီဆိုတာနဲ့ လေးဘက်လေးလံကနေထွက်ပြီးတော့ တိုက်ခိုက်လိုက်ကြမယ်။ ဒါဆိုရင် သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်မြင့်မြင့် ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး။”
တစ်ချိန်လုံး စိုးရိမ်ပူပန်လျက်ရှိနေသော မြေအဆင့်ကျွမ်းကျင်သူ၏ မျက်မှောင်သည် တဖြည်းဖြည်း ပိုမို၍ ကုတ်လာ ခဲ့၏။ သူ၏နှလုံးသားထဲတွင် ခံစားနေရသော မကောင်းသည့်ခံစားချက်များအားလုံးသည် ပိုမို၍ အားကောင်းလာခဲ့၏။ ရုတ်တရက် အန္တရာယ်၏ အငွေ့အသက်များသည် သူ၏ ခေါင်းထဲသို့ တိုးဝင်ရောက်ရှိနေ၏။ “မကောင်းတော့ဘူး။ မြန်မြန်သွားရအောင်။”
ဟုန်း ဟုန်း
သူပြောလို့မဆုံးခင်မှာဘဲ အတားအဆီး အစီအရင်တစ်ခုလုံးသည် ကြီးမားလှသည့် အားအင်ကြီးတစ်ခုနှင့် တိုက်ခိုက်ခြင်းကို ခံလိုက်ရ၏။ တည်နေရာကြီးတစ်ခုလုံးသည် ချက်ချင်းပဲ ပေါက်ကွဲထွက်သွားတော့သည်။
ဟူး ဟူး
ကြီးမားသော တိမ်ပုံသဏ္ဍာန် ဖုန်များဖြစ်တည်လာခဲ့တော့၏။
လီချင်းယန်နှင့်တခြားသောသူများအားလုံးသည် စည်းခတ်ထားသောအကြောင်းအရာများကို ပြန်လည်ဖွင့်ပြီးသည့် နောက်မှာတော့ သူတို့ ရှေ့ရှိမြင်ကွင်းကို ကြည့်ရှုလိုက်၏။ အားလုံးသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဒီအမြှောက်ရဲ့စွမ်းအင်က အရင်ကထက် ပိုပြီး အားကောင်းနေတာပဲ။”
ဝှစ် ဝှစ်
ထိုအချိန်မှာတော့ အလင်းတန်းလေးခုသည် ပေါက်ကွဲရာတည်နေရာကြီးဆီမှ လွှင့်စင်ပြီး မြေပေါ်သို့ ပြုတ်ကျလာ ခဲ့ကြသည်။
ဤမြေအဆင့်ကျင့်ကြံသူများသည် အမြှောက်ကြီးနှင့်တိုက်ခိုက်မှုအောက်တွင် သေဆုံးမသွားခဲ့ကြချေ။ သို့ပေမဲ့ ၎င်းတို့ ၏ အဝတ်အစားများသည် စုတ်ပြတ်သက်လျက်ရှိပြီး အခြေအနေဆိုးရွားသည့် ပုံစံမျိုး ဖြစ်လို့နေ၏။
ဝှစ် ဝှစ်
ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ဆီမှ သိုင်းကျင့်ကြံသူများသည် ပေါက်ကွဲမှုဖြစ်ရာ တည်နေရာဆီမှ အပြင်ဘက်ဆီသို့ ပျံသန်းလာခဲ့ကြသည်။
ထိုသူတို့ထဲတွင် အမဲရောင်နှင့်အဝါရောင်အဆင့် ကျွမ်းကျင်သူများလည်းပါဝင်နေ၏။ ၎င်းတို့၏ အခြေအနေသည် ကောင်းမွန်လှသည်တော့ မဟုတ်ပေ။ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးအလိမ်းလိမ်းဖြင့် ဖြစ်လို့နေတော့သည်။ တချို့ ဆိုလျှင် သတိမေ့လျက်ပင် ပါလာကြ၏။
အမြှောက်ကြီး၏ အားအင်အဆင့်သည် ပိုမိုကာတိုးပွားလာခဲ့၏။ ထို့ကြောင့် ထိုအရာကြီး ပေါက်ကွဲပြီးသည့်နောက်မှာ တော့ ဖြစ်ပေါ်လာသည့် ထိခိုက်မှုများသည် လူအများအပြားကို မသေဆုံးနိုင်ခဲ့ဘူးဆိုသော်လည်း ထိခိုက်ခံရမှုမှာတော့ ကြီးမားလွန်းနေသည်။
ကျွင်းချောင်ရှောင်းသည် အလွန်တရာ စိတ်ကျေနပ်လျက်ရှိသည်။
အမြှောက်ကြီး၏ တိုက်ခိုက်မှုအောက်တွင်တော့ ဖုံးကွယ်ထားသော အစီအရင်ကြီးတစ်ခုလုံး ပေါက်ကွဲသွား ခဲ့ရုံတင်မက အထဲတွင်ရှိနေသော ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ဆီမှ သိုင်းကျင့်ကြံသူ တော်တော်များများ တို့ သည် ကြီးမားသည့်ဒဏ်ရာများ ရရှိကုန်ကြ၏။
“အားလုံးပဲ။”
ကျွင်းချောင်ရှောင်းသည် သူ၏ သိုလှောင်လက်စွပ်ထဲတွင်ရှိနေသော မိုက်နှင့် ဆောင်းဘောက်အား ထုတ်ယူကာ အော်လိုက်၏။ “အဆင်ပြေရဲ့လား။ ပရိသတ်ကြီးအဆင်ပြေရဲ့လား။”