← Chapters

အခန်း (၉၀၄)

Vol. 61 Ch. 904

အခန်း (၉၀၄)

Vol. 61 Ch. 904

ခံတပ်အပြင်ဘက်တွင်ရှိသော အရှေ့ဘက်ရှိ ဖုံးကွယ်ခြင်းအစီအရင်တစ်ခုလုံးသည် ပေါက်ကွဲထွက်သွားခဲ့၏။ ကြက်သွေးရောင် ပင်လယ်ကုန်းမြေတိုက်ကြီးမှာရှိသော သိုင်းကျင့်ကြံသူနှစ်ရာတို့ အားလုံးသည် ကြီးမားသည့် ကပ်ဘေးကြီးကို ခံစားလိုက်ရ၏။ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ လေးယောက်တို့သည် ပေါက်ကွဲမှုဖြစ်ပြီး သည့်နောက် ပုံပျက်ပန်းပျက် အခြေအနေမျိုးဖြင့် အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့သည် ပြင်းပြင်း ထန်ထန် အခြေအနေမျိုးတော့ မရောက်ရှိခဲ့ကြချေ။ သို့ပေမဲ့ အမဲရောင်နှင့် အဝါရောင်သိုင်းကျင့်ကြံသူများမှာတော့ ကံဆိုးလှချေ၏။ ၎င်းတို့သည် ပြန်လည်တိုက်ခိုက်နိုင်သည့် အားအင်အဆင့်မျိုး မရှိတော့ချေ။

ကြက်သွေးရောင် ပင်လယ်ကုန်းမြေတိုက်ကြီးသည် ထိပ်တန်းအဆင့် အစီအရင်ဆရာများကို ဖိတ်ခေါ်ကာ အစီအရင်ကြီးကို ဖန်တီး၍ ပုန်းအောင်းနေခဲ့ခြင်းပင် ဖြစ်၏။ ကြယ်ကြွေကုန်းမြေတိုက်မှ လူများထွက်လာသည် နှင့် တပြိုင်နက် တိုက်ခိုက် သတ်ဖြတ်ရန် စဉ်းစားထားကြသည်။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ ၎င်းတို့သည် သေတွင်းထဲတွင် ပုန်းနေခြင်းနှင့်ပင် ဆင်တူနေတော့၏။

“ချီးတဲ့မှ”

မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ လေးယောက်တို့သည် စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပြီး သည့်နောက် မိုက်ခရိုဖုန်းကို ကိုင်ဆောင်ထားသော ကျွင်းချောင်ရှောင်းကို လှမ်း၍ ကြည့်လိုက်၏။ သူတို့၏ မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်နေသည်။ သို့ပေမဲ့ ဇဝေဇဝါလည်း ဖြစ်လို့နေသေး၏။ ၎င်းတို့အား အဘယ်သို့ ရှာဖွေတွေ့ရှိရသနည်း။ အစီအရင်ကြီး တစ်ခုလုံးသည် မည်ကဲ့သို့ ပေါက်ကွဲထွက်သွားရသနည်း။

ဝှစ်

ခရမ်းရောင်ဘုရင်သည် မြန်မြန်ဆန်ဆန်ပဲ ပျံသန်းလာခဲ့တော့သည်။

ဘန်း

ခရမ်းရောင်အော်ရာများ၏ ပေါက်ကွဲမှုအောက်မှာတော့ ၎င်း၏ အင်္ကျီနှင့် ဘောင်းဘီများအားလုံးသည် အစိတ်စိတ် အမွှာမွှာဖြစ်သွား၏။ အေးစက်သည့်မျက်လုံးများတွင်တော့ သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်နေတော့သည်။

..............

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ ဟောခန်းသခင်ကျိသည် တိုက်ခိုက်ရန်မစသေးခင်မှာပဲ အဝတ်အစားများကို အစိတ်စိတ် အမွှာမွှာဖြစ်အောင် ပြုလုပ်တတ်သည့် အကျင့်ရှိ၏။ ဂိုဏ်း၏ ဝတ်စုံများအားလုံး သည် လေထဲမှ ရောက်ရှိလာခြင်း မဟုတ်ပေ။ ပိုက်ဆံများအကုန်ခံ၍ ချုပ်လုပ်ထားရခြင်းဖြစ်၏။ သူ့အနေနှင့် စတိုးထဲဆီသို့ သွားရောက်ကာ အနီရောင်အတွင်းခံကဲ့သို့ မပျက်စီးနိုင်သည့် ဂိုဏ်းဝတ်စုံမျိုးကို ဝယ်ယူရန် စဉ်းစား နေမိတော့၏။

"နောက်ကိုဆုတ်၊ နောက်ကိုဆုတ်"

မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူလေးယောက်တို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အလောတကြီး အနောက်ကို ဆုတ်လိုက်ကြ၏။ ၎င်းတို့သည် တခြားသော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြသူများနှင့် ပူးပေါင်းကာ အလစ်ချောင်း တိုက်ခိုက်မှုကို ပြုလုပ်မည်ဆိုလျှင် အောင်မြင်နိုင်သေး၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ဤလူသားမဟုတ်သည့် သတ္တဝါနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ၎င်းတို့တွင် သတ္တိဟူ၍ မရှိချေ။

ဟောခန်းသခင်ကျိသည် ဤဂြိုဟ်တိုက်ပွဲ တည်နေရာကြီးတွင် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ ငါးယောက် တို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ရှိရှိနေသမျှသော သိုင်းကျင့်ကြံသူတို့၏ နှလုံးသားထဲတွင် ၎င်းသည် အရိပ်မဲကြီးတစ်ခုလိုပင် စိုးမိုးလျက်ရှိနေ၏။

ဘုန်း

ရုတ်တရက်ဆိုသလိုပဲ ကျယ်လောင်လှသည့် အသံကြီးတစ်ခု ထွက်ပေါ်လာပြီးသည့်နောက် တည်နေရာကြီး တစ်ခုလုံး တုန်ခါသွားခဲ့တော့၏။ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ လေးယောက်တို့သည် အလျင်အမြန် လှမ်း၍ ကြည့်လိုက်သည့်အချိန်မှာတော့ အလင်းတန်းများနှင့် အလုံးကြီးတစ်ခုသည် အဝေးတစ်နေရာရှိ ဖုံးကွယ်ခြင်း အစီအရင်ဆီသို့ ရောက်ရှိသွားပြီး တည်နေရာတစ်ခုလုံး ပေါက်ကွဲထွက်သွားသည်ကို မြင်လိုက်ကြရ၏။ လက်ရှိ အခြေအနေမှာတော့ ၎င်းတို့၏ အစီအရင်ကြီးသည် အဘယ်ကြောင့် ပေါက်ကွဲထွက်သွားရသည်ဆိုခြင်းကို သူတို့ နားလည်လိုက်မိကြပြီဖြစ်သည်။

“သေစမ်း” ခရမ်းရောင်ဘုရင်သည် အနောက်မှ လိုက်ပါလာခဲ့၏။

ဟူး ဟူး

ခရမ်းရောင်လှိုင်းများအားလုံးသည် ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီးသည့်နောက် မိုင်တော်တော်များများဆီသို့ ပျံ့နှံ့နေခဲ့သည်။ ထိုစွမ်းအင်လှိုင်းများသည် ကြမ်းတမ်းလှသည့် သားရဲရိုင်းများကဲ့သို့ပင် အော်ဟစ်လျက်ရှိနေ၏။ လေးယောက်သားသည် အလွန်တရာ ကြောက်လန့်သွားခဲ့ကြ၏။ သူတို့အနေနှင့် စဉ်းစားရန် အချိန်ဟူ၍ မရှိကြချေ။ တတ်နိုင်သမျှ အမြန်ဆုံးနည်းကို အသုံးပြု၍ ထွက်ပြေးကြ၏။

ကောင်းကင်အဆင့် သိုင်းကျင့်ကြံသူများ ဆိုသည်မှာ ရှားရှားပါးပါး ပေါ်ပေါက်လာတတ်သည့် ဤတည်နေရာကြီး တွင်တော့ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အားအင်အဆင့်ကို ပိုင်ဆိုင်ကြသည့် ကျင့်ကြံသူများ ဖြစ်ကြ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ထိုသို့သော ကျင့်ကြံသူများ ပင်လျှင် အမြီးကုတ်ကာ ပြေးလျက်ရှိနေသည်။ ဤမြင်ကွင်းသည် ရယ်ရွှင်ဖွယ်ရာ ကောင်းလွန်းလှသည်။

“အမှိုက်တွေ”

တစ်ဖက်လူများသည် လျင်လျင်မြန်မြန် ထွက်ပြေးသွားသည်ကို မြင်တော့ ခရမ်းရောင်ဘုရင်သည် ထိုသူတို့၏ အနောက်သို့ မလိုက်တော့ပေ။ ထိုအစား ခေါင်းကိုလှည့်ပြီးနောက် စောနကလေးတင် ပေါက်ကွဲခဲ့ သည့် ဖုံးကွယ်ခြင်းအစီအရင်ထဲတွင်ရှိနေသော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများကို ကြည့်ရှုလိုက်၏။ သူ၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားပြီးသည့်နောက် အပြုံးတစ်ခု ဖြစ်တည်လာခဲ့တော့သည်။

ထိုပေါက်ကွဲ ထွက်သွားသော အစီအရင်ထဲတွင်ရှိနေသည့် သိုင်းကျင့်ကြံသူများသည် လင်းယွမ်ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများ ဖြစ်ကြ၏။ ၎င်းတို့သည် ခရမ်းရောင်ဘုရင်၏ အပြုံးကို မြင်လိုက်ရချိန်မှာတော့ ကြက်သီး မွှေးညှင်းများပင် ထသွားကြ၏။

ဒွီ ဒွီ

တစ်ချိန်တည်းမှာပဲ တခြားသောတည်နေရာထဲတွင်ရှိသည့် ဖုံးကွယ်ခြင်းအစီအရင်များသည် အလိုအလျောက် ပျောက်ကွယ်သွားခဲ့ကြ၏။ ပုန်းကွယ်နေကြသော သိုင်းကျင့်ကြံသူလေးရာတို့သည် အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးကြတော့သည်။ ၎င်းတို့သည် ဉာဏ်ကောင်းလှသူများဖြစ်သည်။ တခြားသော ဖုံးကွယ်ခြင်းအစီအရင်များ ပေါက်ကွဲထွက်သွားသည်ကို မြင်လိုက်ရချိန်မှာတော့ ၎င်းတို့သည် ရှောင်ကျီ ပစ်လွှတ်တိုက်ခိုက်မည်ကို မစောင့်စားနိုင်ကြတော့ချေ။ ချက်ချင်းပဲ အစီအရင်ကြီးကို ဖျောက်ဖျက်ကာဖြင့် ထွက်ပြေးကြတော့သည်။

ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နှင့် လင်းယွမ်ကုန်းမြေတိုက်တို့သည် ပူးပေါင်းကာ စစ်ဆင်ရေးကို ဆင်နွှဲ ကြခြင်းဖြစ်သည်။ သေသေချာချာ ဆွေးနွေးပြီးနောက်မှာတော့ ၎င်းတို့သည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်အနီးတွင် ဖုံးကွယ်ခြင်းအစီအရင်များကို ဖန်တီးရန် စီစဉ်ထား၏။ ဖုံးကွယ်ခြင်းအစီအရင်တစ်ခုချင်းစီတွင် ကျွမ်းကျင်သူ အများအပြားကို ထည့်သွင်းထား၏။

ကြယ်ကြွေကုန်းမြေတိုက်ကမှလူများ အပြင်ဘက်သို့ ထွက်လာသည်နှင့် ၎င်းတို့သည် လျှပ်တစ်ပြက် တိုက်ခိုက်ခြင်း ကို ပြုလုပ်မှာဖြစ်သည်။ အစီအစဉ်သည် မဆိုးလှချေ။ သို့ပေမဲ့ ဖုံးကွယ်ခြင်းအစီအရင်သည် ပေါ်ပေါက်သွားခဲ့သည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများသည် ဤဂြိုဟ်တိုက်ပွဲတည်နေရာသို့ ရောက်ရှိလာ သည်နှင့်တပြိုင်နက် ဖုံးကွယ်ခြင်းအစီအရင်ကို ရှာဖွေတွေ့ရှိသွားခဲ့ကြ၏။ သောက်ကျိုးနည်း လှသည့် ကံတရားပါ တကား။

အစီအရင်များကို ရှာဖွေတွေ့ရှိပြီး တိုက်ခိုက်ခံလိုက်ရသည့်နောက် အားလုံးသည် အစီအစဉ်နှစ်ကို ပြောင်းလဲ လုပ်ကိုင်ရတော့သည်။ အစီအစဉ်နှစ်သည် လျင်လျင်မြန်မြန် ထွက်ပြေးရန်သာ ဖြစ်တော့သည်။

“မပြေးနဲ့” ခရမ်းရောင်ဘုရင်သည် အလင်းတန်းများအဖြစ် ပြောင်းလဲ၍ အနောက်မှ လိုက်တော့သည်။ ၎င်းသည် အလွန်တရာ အလုပ်များလျက်ရှိနေ၏။ သူသည် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများကို ပစ်မှတ်မထားခဲ့ချေ။ ထိုအစား အမဲရောင်နှင့် အဝါရောင်သိုင်းကျင့်ကြံသူများကို ပစ်မှတ်ထားခဲ့၏။

ဖောင်း ဖောင်း ဖောင်း

လက်ဝါးရိုက်ချက်၊ လက်သီးထိုးချက်၊ ခြေကန်ချက်များသည် လေထုထဲတွင် ဖြစ်တည်လာခဲ့၏။ အချိန်မီ ထွက်ပြေးလွတ်မြောက်ခြင်းငှာ မစွမ်းနိုင်ကြသော သိုင်းကျင့်ကြံသူ တော်တော်များများသည် မြေပေါ်သို့ တဘုတ်ဘုတ် နှင့် ပြုတ်ကျလာခဲ့ကြ၏။ ၎င်းတို့၏ သိုင်းကျင့်ကြံခြင်းအဆင့်သည် ခရမ်းရောင်ဘုရင်နှင့် နှိုင်းယှဉ်လျှင် အလွန်တရာ နိမ့်ကျနေ၏။ သို့ပေမဲ့ ခရမ်းရောင်ဘုရင်သည် ထိုသူတို့အား မသတ်ဖြတ်ချေ။ ဒဏ်ရာ ရရှိရုံသာ ရိုက်နှက်တိုက်ခိုက်ခဲ့၏။

ဝှစ် ဝှစ်

လီချင်းယန်နှင့် တခြားသူများသည် အနောက်မှလိုက်၍ အောက်သို့ ပြုတ်ကျနေသော သိုင်းကျင့်ကြံသူများကို လိုက်လံသတ်ဖြတ်လျက်ရှိ၏။

ဝှစ် ဝှစ် ဝှစ်

လေထုထဲတွင်တော့ ရောင်စုံလှိုင်းများ ဖြစ်တည်လျက်ရှိပြီး စွမ်းအင်လှိုင်းများသည် တည်နေရာတစ်ခုလုံးတွင် လှိုင်းထလျက်ရှိ၏။ ခရမ်းရောင်ဘုရင်သည် အလွန်ကြီးမားလှသည့် ဝံပုလွေကြီးတစ်ကောင်ကဲ့သို့ဖြစ်ပြီး တောင်ရိုး တလျှောက်တွင် သိုးငယ်လေးများအား အမဲလိုက်သကဲ့သို့ လိုက်လံတိုက်ခိုက်နေခဲ့တော့သည်။ ကုန်းမြေတိုက်ကြီး နှစ်ခုဆီမှ သိုင်းကျင့်ကြံသူ အနည်းဆုံး နှစ်ရာကျော်တို့သည် ခရမ်းရောင်ဘုရင်၏ တိုက်ခိုက်ရိုက်နှက်ခြင်းကို ခံခဲ့ရတော့သည်။

မိနစ်အနည်းငယ်ကြာပြီးသည့်နောက် ခံတပ်၏ အပြင်ဘက် တည်နေရာတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့တော့၏။

“ဂိုဏ်းချုပ်”

တစ်ဖက်သူများဆီမှ သိုလှောင်လက်စွပ်များကို သိမ်းဆည်းပြီးသည့်နောက် ကျန့်ရာက ပြောလိုက်၏။ “ကျုပ်က လူတစ်ရာကျော်လောက်ကို သတ်ခဲ့တယ်လေ၊ ကျန်တဲ့လူတွေအကုန်လုံးက ထွက်ပြေးသွားကြပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် သိုလှောင်လက်စွပ်တွေ အားလုံးပေး”

ဂိုဏ်းချုပ်ကျွင်းသည် အစောကြီးကတည်းက အချမ်းသာဆုံး လူတစ်ယောက် ဖြစ်နေခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ သိုလှောင်လက်စွပ်များကို ဂရုစိုက်လျက်ရှိနေသေး၏။ ကုန်းရှန့်သည် ဘဝတွင် မည်ကဲ့သို့ နေထိုင်ရမည်ဆိုသည်ကို ကောင်းကောင်းနားလည်သူတစ်ယောက်ဖြစ်သည်။ အနာဂတ်တွင် သူ့အား လက်ထပ်မည့် ကောင်မလေးသည် …. ထားလိုက်ပါတော့ သူ့အားလက်ထပ်မည့် ကောင်မလေးဟူ၍ ရှိလိမ့်မည် မဟုတ်ချေ။

ဂိုဏ်းချုပ်၏ ညွှန်ကြားပြသမှုအောက်မှာတော့ တပည့်များအားလုံးသည်လည်း တိုက်ပွဲတစ်ခု ပြီးသွားသည့်နောက် အကျိုးအမြတ်များကို ရရှိရန် ကြိုးစားလျက်ရှိ၏။ ၎င်းတို့သည် ပြောနေစရာပင် မလိုဘဲ အလိုက်တသိနှင့် သိုလှောင်လက်စွပ်နှင့် တခြားသောပစ္စည်းများကို ရှာဖွေသိမ်းဆည်းခြင်း ပြုနေကြသည်။

ဝှစ် ဝှစ်

ခရမ်းရောင်ဘုရင်သည် အဝေးဆီမှ ပျံသန်းလာပြီးသည့်နောက် မြေပေါ်သို့ ဆင်းသက်လိုက်သည်။ ပြီးသည့်နောက် မှာတော့ ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ဒီကောင်တွေ ထွက်ပြေးတာ တော်တော်မြန်တာပဲ” သူ၏ အားအင် အဆင့်များ ပြန်လည်ရလာပြီးသည့်နောက် သူသည် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်ရန် အခွင့်အရေးကို ရချင်မိ၏။ သို့ပေမဲ့ တိုက်ခိုက်ရေးတည်နေရာတွင် သွေးပင်မပူခင် တစ်ဖက်မှလူများ အားလုံးသည် ထွက်ပြေးခြင်းကို ပြုမူကြ၏။

အစ်ကိုကြီး... ဒီလောက်ကြမ်းတမ်းတဲ့ ခင်ဗျားရဲ့တိုက်ခိုက်ပုံကို ဘယ်သူက ယှဉ်ပြီး တိုက်ခိုက်နိုင်မှာလဲ၊ ခေါင်းကို မြည်းကန်ခံထားရတဲ့လူတွေကပဲ ခင်ဗျားနဲ့ တိုက်ခိုက်လိမ့်မယ်။

“စိတ်မပူနဲ့၊ စိတ်မပူနဲ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘုံကိုးပါး ကုန်းမြေတိုက်ကြီးက ကျိန်းသေပေါက် ပြဿနာ လာရှာမှာပဲ၊ အချိန်ရောက်လာရင် ခင်ဗျားအနေနဲ့ စိတ်လိုလက်ရ ကျိန်းသေပေါက် တိုက်ခိုက်ရလိမ့်မယ်”

ခရမ်းရောင်ဘုရင်သည် တောက်လောင်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ “ဒီဘုရင်ကို စိတ်မပျက်စေဖို့ မျှော်လင့်မိတယ်”

...................

ယနေ့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးဆီသို့ ရောက်လာခြင်း၏ အဓိက ရည်ရွယ်ချက်သည် တစ်ဖက်ကုန်းမြေတိုက် ဆီမှ သိုင်းကျင့်ကြံသူများကို ခြုံခိုတိုက်ခိုက် သတ်ဖြတ်ရန်ပင် ဖြစ်တော့သည်။ သို့ပေမဲ့ သူတို့ ထွက်ခွာလာသည် နှင့်တပြိုင်နက် တခြားသောသူများ အားလုံးသည် သူတို့၏ ရှေ့ဆီသို့ ရောက်ရှိလာပြီး အသေခံခြင်းကို ပြုမူကြ၏။

ထို့ကြောင့် တစ်ဖက်သို့ ဆက်၍ တိုက်ခိုက်ရန် မလိုတော့ဘဲ ဂိုဏ်းဆီသို့ ပြန်ရန်သာ ဆုံးဖြတ်လိုက်ကြ တော့သည်။ သို့ပေမဲ့ သူ့အနေနှင့် ထွက်ခွာမသွားခင်တွင် လုပ်စရာတွေ အများကြီး ကျန်နေသေးသည်။

ကျွင်းချောင်ရှောင်းသည် ခံတပ်၏အပြင်သို့ လျှောက်ထွက်ပြီးသည့်နောက် မိုင်အနည်းငယ်အတွင်း မိုးကြိုးအစီ အရင်များကို ဖန်တီးတော့သည်။ သူ့အနေနှင့် နောက်တစ်ကြိမ် ဤကဲ့သို့အဖြစ်မျိုး ဖြစ်ပွားမည်ကို စိုးရိမ်နေမိ တော့၏။ တစ်ဖက်မှလူများအားလုံးသည် ပိုမို အဆင့်မြင့်မားသည့် အစီအရင်ကြီးကို ဖန်တီးကာဖြင့် ပုန်းကွယ် တိုက်ခိုက်မည်ဆိုလျှင် သူတို့အနေနှင့် ဒုက္ခရောက်သွားနိုင်၏။ ထို့ကြောင့် ထိုသူတို့အားလုံးသည် မိုးကြိုးအစီအရင် ထဲတွင် ဒုက္ခရောက်သွားစေရန် သူသည် စီစဉ်ထားခြင်းပင် ဖြစ်တော့၏။

“သွားကြရအောင်”

အားလုံးပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ ဂိုဏ်းသားများကို ခေါ်ဆောင်ကာ ဂိုဏ်းဆီသို့ ပြန်ခဲ့တော့သည်။ လီချင်းယန်သည် ထွက်ခွာမသွားခင်မှာပဲ အနည်းငယ် ပိုမို ကျယ်ဝန်းလာခဲ့သော ခံတပ်တည်နေရာကြီးကို ကြည့်ရှုလိုက်၏။ သူ၏ စိတ်ထဲတွင်တော့ သိုင်းအုပ်စိုးသူ အဆင့် ဆီသို့ အမြန်ဆုံး ချိုးဖြတ်ရောက်ရှိရန် မျှော်လင့်နေတော့သည်။

ပြိုင်စံရှားဂိုဏ်းမှ တပည့်များ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ သနားစရာ ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်နှင့် လင်းယွမ်ကုန်းမြေတိုက်တို့သာ ကျန်ရစ်ခဲ့တော့သည်။ အထူးသဖြင့် ပင်လယ်ပြာ နန်းတော်သခင်သည် သူ၏ဘက်မှ လူတစ်ရာကျော်လောက် ထပ်မံသတ်ဖြတ်ခြင်း ခံလိုက်ရသည်ကို သိရှိပြီးသည့် နောက်မှတော့ မည်သို့မှ မခံစားနိုင်တော့ဘဲ သွေးတစ်လုတ်ပင် အန်ထွက်လာခဲ့တော့၏။

..................

ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက် တပည့်များအားလုံးသည် မိမိတို့ အခန်းဆီသို့ဝင်၍ ထုံးစံအတိုင်း ကျင့်ကြံ ကြတော့သည်။ များပြားလှသည့် အစစ်အမှန်တိုက်ပွဲများကို ကြုံပြီးသည့်နောက်မှာတော့ ၎င်းတို့အားလုံးသည် သိုင်းအုပ်စိုးသူအဆင့်သို့ ရောက်ရှိရန်အတွက် အကူအညီဖြစ်ထွန်းပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ထပ်ကာ ထပ်ကာ စဉ်းစားပြီးသည့်နောက် ခဏကြာ အနားယူရန် ဆုံးဖြတ်လိုက်သည်။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးဆီသို့ လောလောဆယ် မသွားရန် ဆုံးဖြတ်ခြင်းပင် ဖြစ်တော့၏။

ဝှစ် ဝှစ်

ရက်အနည်းငယ်ကြာပြီးသည့်နောက် ဂိုဏ်း၏ ကောင်းကင်အထက်တွင် အဆင့်ချိုးဖြတ်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။ စိတ်ဝိညာဉ် စုစည်းခြင်းအစီအရင်ဆီ လှမ်းလျှောက်သွားခဲ့သော ကျွင်းချောင်ရှောင်းသည် အော်ရာထွက်ပေါ်လာသည့် တည်နေရာဆီသို့ လှမ်းကြည့်ပြီးနောက် ပြောလိုက်၏။ “ငါရဲ့ ဒုတိယတပည့်က အဆင့် တက်သွားပြီပဲ”

ဟုတ်ပေသည်။ ဤတစ်ကြိမ် အဆင့်တက်သူမှာ လီချင်းယန်ပင် ဖြစ်တော့၏။ ၎င်းအနေနှင့် အစစ်အမှန် တိုက်ပွဲ များကို တိုက်ခိုက်ချင်စိတ်ဖြင့် အဆင့်တက်ခဲ့ခြင်း မဟုတ်ပေ။ ခံတပ်တည်နေရာကြီးတွင် အဆောက်အဦများကို မြန်မြန်ဆန်ဆန် ဆောက်လုပ်ချင်သော မျှော်လင့်ချက်ဖြင့် အဆင့်တက်ခဲ့ခြင်းသာ ဖြစ်တော့၏။

၎င်း၏ ဒုတိယ တပည့် အဆင့်ချိုးဖြတ်မှုသည် အစပိုင်းသာ ရှိသေး၏။ နောက် မကြာခင် အချိန်အတောအတွင်းမှာပဲ ရှောင်ကျီ၊ လီဖေး၊ ထျန်းချီနှင့် တခြားသောသူများအားလုံးသည်လည်း အဆင့်ချိုးဖြတ်ပြီးသည့်နောက် သိုင်းဘုရင်ထိပ်ဆုံး အဆင့်မှသည် သိုင်းအုပ်စိုးသူ အဆင့်တစ်ဆီသို့ ချောချောမွေ့မွေ့ဖြင့် တက်လှမ်းနိုင်ခဲ့ကြသည်။

ဂိုဏ်း၏ သိုင်းအုပ်စိုးသူအရေအတွက်သည် ပိုမိုကာ များပြားလာခဲ့ပြီဖြစ်သည်။ ကျွင်းချောင်ရှောင်းအနေဖြင့် ဂိုဏ်းအား အဆင့်လေးဆီမှသည့် အဆင့်သုံးဆီသို့ အဆင့်မြှင့်တင်ရန် စတင်ကာ စဉ်းစားတော့၏။

All Chapters