← Chapters

အခန်း (၉၀၈-ခ)

Vol. 61 Ch. 908-B

အခန်း (၉၀၈-ခ)

Vol. 61 Ch. 908-B

“မကြာခင်မှာ ထိုင်ရွှမ်အအေးဂိုဏ်း၏ လက်ရွေးစင်ဂိုဏ်းသားတွေက ဒီကိုရောက်ပြီး မင်းကို လာသတ်လိမ့်မယ်။ သူတို့ရောက်လာပြီဆိုရင် ငါ့အမိန့်ကို နာခံတော့။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“ထိုင်ရွှမ်အအေးဂိုဏ်းဟုတ်လား။” ရွှေရောင်ချည်မျှင်သားရဲ၏ မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်လာခဲ့၏။ ဤလူသားဂိုဏ်းသည် ရွှေကြေးခွံ တောင်တန်းဆီသို့ ရံဖန်ရံခါရောက်ရှိလာပြီး ပြဿနာရှာတတ်၏။ သူ၏တည်နေရာအား ဂရုစိုက်သည့်ပုံမပေါ်ချေ။

“သခင်”

သူသည် လေးလေးနက်နက်ပြောလိုက်၏။ “စကားနားထောင်ပါမယ်။”

မကြာခင်မှာဘဲ ထိုင်ရွှမ်အအေးဂိုဏ်းမှ လူများသည် ရောက်ရှိလာခဲ့ကြတော့သည်။ ၎င်းတို့အားလုံးသည် တောင်ပေါ်သို့ ရောက်ရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ခရမ်းရောင်လျှပ်စီးသားရဲကို ဆင့်ခေါ်ကာဖြင့် အကြီးအကဲများအား တစ်ခြားတစ်ဖက်ဆီသို့ ရောက်ရှိသွားအောင် မျှားခေါ်စေခဲ့၏။

ပြီးနောက်မှာတော့ ရွှေရောင်ချည်မျှင်သားရဲအား ၎င်း၏ နောက်လိုက်များကို စုစည်းကာဖြင့် စုရှောင်မိုနှင့် တစ်ခြား သောသူများအား သွားရောက်တိုက်ခိုက်ခိုင်းခဲ့တော့သည်။

“ပိုင်လျို အကြီးအကဲသုံးယောက်နဲ့သွားပြီးတော့ ရင်ဆိုင်လိုက်တော့။”

“ကောင်းပါပြီ။”

“သတိထား။ သူတို့ကို မသတ်လိုက်နဲ့။ ပြဿနာရှာရုံလောက်ဘဲ။”

“ကောင်းပါပြီ။”

ပိုင်လျိုသည် ချက်ချင်းပဲ တောအုပ်ထဲသို့ ထွက်ခွာသွားခဲ့၏။

“ထူးဆန်းလိုက်တာ။ ဘယ်ရောက်သွားတာတုန်း။ ခရမ်းရောင်လျှပ်စီးသားရဲက အဲလောက်ကြီးမမြန်ပါဘူး။”

ထိုက်ရွှမ်အအေးဂိုဏ်းမှ အကြီးအကဲသုံးယောက်တို့သည် နေ့တစ်ဝက်လောက် ရှာဖွေပြီးသည့်နောက်မှာတော့ မည်သည့်သားရဲကိုမျှ မတွေ့တော့ချေ။ အဘယ့်ကြောင့်ဆိုသော် ခရမ်းရောင်လျှပ်စီးသားရဲသည် ဂိုဏ်းချုပ်၏ သားကောင်ဖမ်း ဘောလုံးထဲသို့ ပြန်လည်ရောက်ရှိ သွားခဲ့ပြီဖြစ်၏။

“ခင်ဗျားတို့သုံးယောက်။”

ရုတ်တရက် ခါးကုန်းကုန်းအဖိုးအိုတစ်ယောက်သည် တောင်၏အတွင်းဘက်ဆီမှ လျှောက်ထွက်လာခဲ့တော့သည်။ “ဘာတွေရှာနေတာလဲ။”

ထိုက်ရွှမ်အအေးဂိုဏ်းမှ အကြီးအကဲသုံးယောက်တို့သည် လှမ်း၍ ကြည့်လိုက်၏။

ချက်ချင်းပဲ ထိုသူမှာ လူသားတစ်ယောက်မဟုတ်ဘဲ လူသားအသွင်ကို ပြောင်းလဲနိုင်စွမ်းရှိသော စိတ်ဝိညာဉ်သားရဲ တစ်ကောင်ဖြစ်မှန်း ကောင်းကောင်းသိလိုက်ကြ၏။ ထို့ကြောင့် အားလုံးသည် သတိအနေအထားပင် ဖြစ်သွားတော့ သည်။

“ဟားဟား ဟား ဟား ဟား။”

ပိုင်လျိုသည် ရယ်မောလိုက်၏။ “ဒီရွှေကြေးခွံတောင်က ကျုပ်ရဲ့ မျိုးနွယ်စုတွေ နေထိုင်တဲ့နေရာပဲ။ ဒီနေရာကို ကျူးကျော်ဝင်ရောက်လာပြီဆိုမှတော့ အသက်ရှင်ရက်နဲ့ ထွက်ခွာသွားဖို့ စဉ်းကိုမစဉ်းစားနဲ့။”

ဝှစ် ဝှစ်

သူပြောပြောပြီးချင်းမှာပဲ အလွန်ကြမ်းတမ်းလှသော အော်ရာများသည် ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာပြီးသည့်နောက် ထိုက်ရွှမ်အအေးဂိုဏ်းမှ အကြီးအကဲများဆီသို့ ချဉ်းကပ်လာတော့၏။

ဘုန်း …။

မြန်ဆန်လာသော အမြန်နှုန်းနှင့် အားကောင်းလှသော အော်ရာများဖြစ်တည်လာခဲ့တော့၏။ အကြီးအကဲများ အားလုံး သည် ခံစစ်အနေအထားဖြင့် ခုခံလိုက်ကြရသည်။

ထိုသို့ဆိုလျှင်တောင်မှ အနောက်သို့ လွင့်စင်သွားခဲ့ကြ၏။ ထိုအချင်းအရာကို မြင်တော့ အကြီးအကဲနှစ်ယောက်သည် ထိတ်လန့်တုန်လှုပ်သွား၏။ “ဒါက သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူထက် အားမနည်းတဲ့ စိတ်ဝိညာဉ်သားရဲပဲ။”

ပိုင်လျိုသည် အသာလှည့်ပြီးသည့်နောက် ထိုနှစ်ယောက်အား လက်သီးဖြင့် ထပ်မံထိုးလိုက်တော့သည်။

ဘုန်း ဘုန်း

တစ်ခြားသော အကြီးအကဲနှစ်ယောက်တို့သည်လည်း ချက်ချင်းမရှောင်နိုင်ကြချေ။ ချက်ချင်းပဲ အနောက်သို့ လွင့်စင်သွားခဲ့ကြ၏။

ပိုင်လျိုသည် သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် ကျင့်ကြံသူ သုံးယောက်တို့အား လွယ်လွယ်ကူကူပင် အနိုင်ယူနိုင်ခဲ့၏။ သို့ပေမဲ့ သူ၏ သခင်သည် မသတ်ဖြတ်ပစ်ရန် အမိန့်ပေးခဲ့သေးသည်။

“အနောက်ကိုဆုတ်”

အကြီးအကဲများထဲမှ တစ်ယောက်သည် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပြီးသည့်နောက်မှာတော့ လေးလေး နက်နက် ပြောလိုက်တော့၏။ ဤသားရဲ၏ အားအင်အဆင့်သည် အလွန်အားကောင်းလွန်းနေ၏။ သူတို့အနေနှင့် လှုပ်ရှားမှုနည်းစနစ်ကို မြန်မြန် ဆန်ဆန်အသုံးပြု၍ ထွက်ခွာသွားမှ ဖြစ်ပေလိမ့်မည်။

သို့ပေမဲ့ တောင်တစ်ရာဘုရင်သည် သူတို့၏ရှေ့တွင် ပိတ်ကာ ရပ်လျက်ရှိနေ၏။ ပြီးသည့်နောက်မှာတော့ ကြမ်းကြမ်း တမ်းတမ်းပင် ဝင်ရောက်တိုက်ခိုက်လေ၏။

ဘုန်း ဘုန်း

ချက်ချင်းပဲ အကြီးအကဲသုံးယောက်တို့သည် ဆိုးဆိုးရွားရွားအခြေအနေမျိုးထိ ရောက်ရှိအောင် ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ သူတို့သည် အရိုက်ခံနေရင်းမှ အနောက်ကို တစ်လှမ်းချင်းဆုတ်နေရတော့သည်။

ဤသိုင်းနယ်မြေတစ်ပိုင်း စိတ်ဝိညာဉ်သားရဲသည် အဘယ့်ကြောင့်ထွက်ပေါ်လာသည် ဆိုသည်ကို သူတို့မသိရှိချေ။ ဖြစ်နိုင်သည်မှာ ခရမ်းရောင်ဘုရင်သည် စည်းအစီအရင်ကို ချိုးဖြတ်ပြီးသည့်နောက် ဤအရာမျိုးကို ပြုလုပ်ခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။

ဘုန်း

ပိုင်လျိုသည် ဆက်လက်ကာ တိုက်ခိုက်ခဲ့၏။

အကြီးအကဲသုံးယောက်သည် ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိကြချေ။ အနောက်ဘက်သို့သာ တဆက်တည်း ဆုတ်ခွာ နေရ၏။ သူတို့သည် မည်သို့မျှ မခံစားနိုင်တော့ဘဲ သွေးများပင် အန်ထွက်လျက်ရှိနေသည်။

သူတို့အနေနှင့် ဤသားရဲကို အနိုင်ယူနိုင်စွမ်းမရှိချေ။ ထို့ကြောင့် မည်ကဲ့သို့ ပြုလုပ်ရမည်ကိုလည်း စဉ်းစား၍ မနိုင် တော့ချေ။

“သေစမ်း”

ပိုင်လျိုသည် သူ၏ လက်ချောင်းများကို ဖြန့်ကားပြီးသည့်နောက်မှာတော့ ကြမ်းကြမ်းရမ်းရမ်းတိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။

“ငါတို့တော့သေပြီပဲ။” ထိုင်ရွှမ်အအေးဂိုဏ်းမှ အကြီးအကဲသုံးယောက်တို့သည် စိတ်အားငယ်မိသွားကြ၏။

ဝှစ်

သို့ပေမဲ့ သူတို့၏ရှေ့တွင် အလင်းတန်းတစ်ခုသည် ရုတ်တရက်ရောက်ရှိလာပြီးသည့်နောက်မှာတော့ အကာအကွယ် ကြီးတစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်။

တစ်ဖက်သားရဲ၏ တိုက်ခိုက်ချက်သည် ထိုအကာအကွယ်နှင့်ထိမိချိန်မှာတော့ အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။

သေဆုံးတော့မည်ဟု မိမိကိုယ်ကိုယ် တွေးနေကြသော ထိုင်ရွှမ်အအေးဂိုဏ်းမှ အကြီးအကဲသုံးယောက်တို့သည် တည်နေရာမှာတွင် ကြောင်အစွာဖြင့် ရပ်လျက်ရှိနေကြ၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ရှေ့တွင် ငွေရောင်ဆံပင် နှင့် အဘိုးကြီတစ်ယောက်သည် တည်ရှိနေသောကြောင့်ပင် ဖြစ်သည်။

“ဘယ် ဘယ်သူလဲ။”

“အဘိုးကြီး”

ပိုင်လျိုသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ထပ်လာပြန်ပြီလား။”

၎င်းသည် ခံစားချက်အပြည့်နှင့် ထ၍အော်လိုက်တော့၏။ ပိုင်လျို၏ သရုပ်ဆောင်စွမ်းရည်သည် ပိုမို၍ အားကောင်းလာခဲ့ပြီ ဖြစ်သည်။

“ခင်ဗျားတို့သုံးယောက်။”

ငွေရောင်ဆံပင်နှင့်အကြီးအကဲက မေးလိုက်သည်။ “အဆင်ပြေရဲ့လား။”

“ကျုပ် ကျုပ် အဆင်ပြေပါတယ်။”

အကြီးအကဲများထဲမှ တစ်ယောက်သည် စိတ်ကို တည်ငြိမ်စွာ ထိန်းသိမ်းပြီး ပြောလိုက်တော့သည်။ “ကျုပ်တို့ကို ကယ်ဆယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ငွေရောင်ဆံပင်နှင့်အကြီးအကဲသည် ပိုင်လျိုအား လှမ်း၍ကြည့်ကာ ပြောလိုက်တော့သည်။ “ထွက်သွားတော့။”

ဝှစ်

ပြောပြောပြီးချင်းမှာပဲ အလွန်အားကောင်းလှသော အော်ရာများ ထွက်ပေါ်လာ၏။ ဓား နှင့်သိုင်းတာအို၏ အားအင်များသည် လေထုထဲတွင် ဖြစ်ပေါ်လာခဲ့တော့သည်။

အလွန်အားကောင်းလှသော ဓားစွမ်းအင်များသည် တည်နေရာပတ်ဝန်းကျင်တစ်ခုလုံးကို ဖိနှိပ်ထားခဲ့တော့၏။

ထိုင်ရွှမ်အအေးဂိုဏ်းမှ အကြီးအကဲသုံးယောက်တို့သည် အလွန်အားကောင်းလှသော ဓားစွမ်းအင်များ ဖြစ်တည်လာ သည်ကို မြင်ရသည့်နောက်မှာတော့ မျက်လုံးအပြူးသားဖြစ်သွားမိကြသည်။

ကောင်းကင်ဘုံ

“ဒီလူက နှစ်မျိုးနှစ်စားကျင့်ကြံတဲ့လူပဲ။ သူရဲ့အော်ရာတွေကို ကြည့်ရတာ သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူအဆင့်ကို ရောက်နေတာ သေချာတယ်။ ဒါက တကယ့်ကို ကျွမ်းကျင်သူပဲ။”

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် သိုင်းနယ်မြေအဆင့်ကျင့်ကြံသူကို တွေ့ရဖို့ဆိုသည်မှာ သာမန်ပင်ဖြစ်၏။ သို့ပေမဲ့ ဓားနှင့် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူတစ်ယောက်ကို တွေ့ရဖို့ဆိုသည်မှာ အလွန်ခက်ခဲလွန်းသည်။

ပိုင်လျိုသည် သူသခင်တစ်ယောက် အားအင်အဆင့်များကို ထုတ်ဖော်နေသည့် အခြေအနေမှာတော့ ချက်ချင်းပဲ အနောက်ဘက်ကို ဆုတ်ခွာသွားခဲ့သည်။ သူသည် ထိတ်လန့်တကြားဖြင့် ထွက်ပြေးချင်ဟန်ပင် ဆောင်ခဲ့သေး၏။

ဝှစ်

ကျွင်းချောင်ရှောင်းသည် ၎င်း၏ အော်ရာများကို ပြန်လည်ရုတ်သိမ်းပြီးသည့်နောက်မှာတော့ ပြောလိုက်၏။ “ခင်ဗျားတို့အခုလုံခြုံသွားပြီ။”

“ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။”

ထိုင်ရွှမ်အအေးဂိုဏ်းမှ အကြီးအကဲသုံးယောက်တို့သည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်မိ၏။ သူတို့သည် တကယ်ပင် လေးလေးစားစားဖြင့် ပြောဆိုဆက်ဆံခဲ့ခြင်းဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူသည် ဓားနှင့် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူတစ်ယောက်ဟု သိရှိခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ပြောဆို ဆက်ဆံပုံများ သည် အလွန်လေးစားနေမှဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ခင်ဗျားရဲ့အဖော်နဲ့ လူငယ်လေးတွေက သားရဲတွေရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတယ်။ ဘာလို့သွားပြီး မကူညီသေးတာလဲ။”

“ဘာ….”

အကြီးအကဲသုံးယောက်တို့၏ အမူအရာများသည် ပြောင်းလဲသွားသည်။ ၎င်းတို့သည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်၏။

ထင်မှတ်ထားသည့်အတိုင်းပင် ကျန်ရှိနေသော အကြီးအကဲတစ်ယောက်သည် ရွှေချည်မျှင်စိတ်ဝိညာဉ်သားရဲနှင့် တော၏ အပြင်ဘက်တွင် တိုက်ခိုက်လျက်ရှိနေ၏။ ကျန်ရှိတပည့်များမှာတော့ သားရဲများ၏ ဝိုင်းရံခြင်းကို ခံထားရသည်။ အလွန်ဆိုးရွားသည့် အခြေအနေသို့ပင် ရောက်ရှိ နေကြသည်။

“ဟင်း”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာပြောလိုက်၏။ “ခင်ဗျားတို့သုံးယောက်က ဒဏ်ရာရထားတာပဲ။ သားရဲတွေကိုလည်း နိုင်မှာမဟုတ်ပါဘူး။ ကျုပ်ပဲ ခင်ဗျားတို့အတွက် လုပ်ပေးတော့မယ်။”

ဝှစ်

ပြောပြောပြီးချင်းမှာဘဲ သူသည် ပျောက်ကွယ်သွားတော့၏။ အကြီးအကဲသုံးယောက်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ရှုလိုက်ကြသည်။ ပြီးသည့်နောက်မှာတော့ ဒဏ်ရာများကို ဖိနှိပ်ကာဖြင့် လျင်လျင်မြန်မြန်ပဲ တိုက်ပွဲတည်နေရာဆီသို့ ပျံသန်းလာခဲ့ကြတော့၏။

သူတို့တည်နေရာဆီသို့ ရောက်ရှိသည့်အချိန်တွင် သားရဲများအားလုံး ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး ရွှေချည်မျှင်သားရဲသည် လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီဖြစ်သည်။

ကျန်ရှိနေသော အကြီးအကဲသည် ရုတ်တရက်ပေါ်ပေါက်လာခဲ့သော ငွေရောင်ဆံပင်နှင့် အဘိုးအိုကို စူးစိုက် ကြည့်လျက်ရှိနေ၏။ ထိုအဘိုးအိုသည် သားရဲများအားလုံးကို ထွက်ပြေးအောင် ပြုလုပ်နိုင်စွမ်းရှိနေတော့၏။

“ဟူး ….”

ရောက်ရှိလာခဲ့သော အကြီးအကဲသုံးယောက်တို့သည် စိတ်သက်သာရာရသလို သက်ပြင်းအရှည်ကြီး ချလိုက်မိကြ၏။ အချိန်တိုအတွင်း မထင်မှတ်ထားသည့်ကိစ္စရပ်များ ဖြစ်ပေါ်သွားခဲ့သည်ဆိုသော်လည်း ကံကောင်းစွာဖြင့် ဘေးအန္တရာယ်ကြီးကြီးမားမားတော့ ကျရောက်ခြင်းမရှိခဲ့ချေ။

ဘုတ်

ရုတ်တရက် စုရှောင်မိုသည် အဝေးတစ်နေရာတွင် မြေပေါ်သို့ ဒူးထောက်ထိုင်ချလိုက်၏။ ၎င်း၏ ခန္ဓာကိုယ်နှင့် လက်များသည် တဆတ်ဆတ် နှင့်တုန်ယင်နေ၏။ အလွန်တရာထိတ်လန့်ကြောက်ရွံ့သည့်ပုံ ပေါ်နေသည်။

အကြီးအကဲလေးယောက်တို့သည် မျက်မှောင်ကုတ်မိသွား၏။

ဤကောင်လေးသည် အမှန်ပင် ကောင်းမွန်သည့်စိတ်စွမ်းအားကို ပိုင်ဆိုင်သည့် လူတစ်ယောက်ဖြစ်သည်မဟုတ်လား။ အဘယ့်ကြောင့် သားရဲများနှင့်တိုက်ခိုက်ပွဲကို တွေ့ကြုံပြီးသည့်နောက်တွင် ခြေလက်များပင် မခံစားနိုင်အောင် ကြောက်ဒူးတုန်နေရသနည်း။

“ကုန်းရှန့်”

စွန်းရင်ချွမ်သည် တီးတိုးပြောလိုက်သည်။ “မြန်မြန်ထ။”

ရှရွှေယွင်၏ မျက်လုံးထဲတွင်လည်း ဇဝေဇဝါအရိပ်အယောင်များပေါ်လာ၏။ တစ်ချိန်တည်းမှာပဲ စိတ်ပျက်သည့် အမူအရာများပင် ဖြစ်ပေါ်လာခဲ့တော့သည်။

စုရှောင်မိုသည် သူ၏ ဂိုဏ်းသားရောင်းရင်းနှင့်အကြီးအကဲများအားလုံးကို အလုံးစုံလျစ်လျူရှုထား၏။ ကြင်နာတတ်သည့်မျက်နှာပုံစံရှိသော ငွေရောင်ဆံပင်နှင့်အဘိုးအိုဆီသို့ အသာဦးခိုက်လိုက်၏။

သူ၏မျက်လုံးထဲတွင်တော့ မျက်ရည်များ တတောက်တောက်နှင့်ကျဆင်းလာခဲ့သည်။ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ဆရာ”

All Chapters