← Chapters

အခန်း (၉၁၂)

Vol. 61 Ch. 912

အခန်း (၉၁၂)

Vol. 61 Ch. 912

“ဂုဏ်သိက္ခာတွေ နောက်ခံတွေဆိုတာ ဘာမှမဟုတ်ဘူး။”

ရှရွှေယွင်က ပြောလိုက်သည်။ “မင်းအနေနဲ့ အားကောင်းလာရင် အရာအားလုံးကိုရနိုင်မယ်။”

စုရှောင်မိုသည် အတိတ်က အကြောင်းအရာများကို ပြောဆိုနေခြင်းဖြစ်ကြောင်း သူမကောင်းကောင်းသိလိုက်၏။ သူမ၏ စကားလုံးများသည် နှစ်သိမ့်ပေးရာရောက်သည်ဆိုသော်လည်း အေးစက်လှသည့်လေသံကြောင့် အဓိပ္ပာယ်မှာမူ ပြောင်းလဲနေသည်။

“ဒီတော့”

စုရှောင်မိုသည် မတ်တပ်ထရပ်၍ ရှရွှေယွင်၏ ရှေ့ဆီသို့ လှမ်းလျှောက်လိုက်၏။

ဝှစ်

သူသည် ရှရွှေယွင်၏ ပခုံးပေါ်သို့ လက်တင်ကာ ထည်ထည်ဝါဝါဖြင့် ပြောလိုက်မိသည်။ “ဆရာနဲ့တွေ့ဆုံပြီးနောက်မှာ ကျုပ် စုကုန်းရှန့်ဟာ လောကမှာရှိတဲ့ ဘယ်မိန်းမနဲ့မဆို ထိုက်တန်တဲ့လူဖြစ်တယ်။ ခင်ဗျား ရှရွှေယွင်အပါအဝင်ပေါ့။”

ဘုန်း

အွိ

အပြင်ဘက်တွင် အသာချောင်းလျက်ရှိသော စွန်းရင်ချွမ်သည် ကျယ်လောင်လှသည့် လက်သီးထိုးသံကြီးကို ကြားမိ သည့်နောက်မှာတော့ ချက်ချင်းပင် မျက်လုံးပြူးသွားမိ၏။

၎င်း၏ မြင်ကွင်းထဲတွင် ကုန်းရှန့်သည် ခြံဝင်းအပြင်ဘက်ဆီသို့ လွင့်စင်သွားခဲ့၏။ ပြီးနောက် ပုံပျက်ပန်းပျက်ဖြင့် မြေပေါ်သို့ ပြုတ်ကျလျက်ရှိနေသည်။

သူသွားကူညီမှဖြစ်ပေလိမ့်မယ်။ သို့ပေမဲ့ စွန်းရင်ချွမ်သည် အသာလှည့်၍သွားမည်ပြင်လိုက်ချိန်မှာပဲ ရှရွှေယွင်က လျှောက်ထွက်လာခဲ့၏။

သူမ၏မျက်နှာတစ်ခုလုံးသည် နှင်းမြူများကပ်လျက်ရှိနေပြီး ပတ်ဝန်းကျင်လေထုတစ်ခုလုံးသည် တဟူးဟူးနှင့် သူမ အား တိုက်ခတ်လျက်ရှိသည်။

“ချီးတဲ့မှ …. ဒီအမျိုးသမီးလုပ်လိုက်တာပဲ။ မဖြစ်သေးဘူး။ မဖြစ်သေးဘူး။ ငါလည်းခပ်ဝေးဝေးကို ရှောင်မှဖြစ်မယ်။”

စုရှောင်မိုသည် မနည်းကြိုးစားကာ ထရပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ အထိုးခံလိုက်ရသော သူ၏ ရင်ဘတ်ကို ပွတ်သပ်ကာ စပ်ဖြီးဖြီးနှင့်ပြောလိုက်၏။ “ကျုပ် ခင်ဗျားကို ပြန်ရိုက်လို့ မရသေးဘူး။ ဒါပေမဲ့ အတွင်းစည်းတပည့်ဖြစ်ပြီး ပိုမိုအားကောင်းလာပြီဆိုရင် အခွင့်ရေးရမှာမဟုတ်တော့ဘူး။”

“ဒီလောက်ယုံကြည်မှုပြင်းထန်နေတာလား။” ရှရွှေယွင်သည် အေးစက်စက်ဖြင့် ပြန်မေးလိုက်၏။

စုရှောင်မိုသည် သူ၏ ခန္ဓာကိုယ်အပေါ်တွင် ရှိနေသော ဖုန်များကို အသာပုတ်ကာဖြင့် ရှရွှေယွင်ဘေးနားတွင်ရှိသော ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ချလိုက်၏။ ပြီးသည့်နောက်မှာတော့ ပြုံးကာပြောလိုက်သည်။ “ဒီလောက်ယုံကြည်မှုမရှိဘူးဆိုရင် အနာဂတ်မှာ ခင်ဗျားနဲ့ ထိုက်တန်တဲ့လူ ဘယ်လိုဖြစ်တော့မှာလဲ။”

လက်ရှိ အခြေအနေမှာတော့ သူသည် သူမနှင့်ထိုက်တန်သည့်လူတစ်ယောက်ဖြစ်လာမည့်အကြောင်း ထပ်ခါတလဲလဲ ပြောဆိုလျက် ရှိနေတော့သည်။

ရှရွှေယွင်က ပြောလိုက်သည်။ “မင်းရဲ့ကျင့်ကြံခြင်းက ငါ့ကိုကျော်သွားပြီဆိုမှ အဲ့စကားကို ထပ်ပြီးတော့ပြောတော့။”

“ပြဿနာမရှိဘူး။”

စုရှောင်မိုသည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်တော့၏။ “အဲလိုနေ့တွေက မကြာခင်မှာ ရောက်လာတော့မှာပဲ။”

ရှရွှေယွင်သည် သူမ၏ အိမ်ဆီသို့ ပြန်လှည့်သွားတော့၏။ သို့ပေမဲ့ အခန်းထဲကို ရောက်ချိန်မှာတော့ သူမ၏ မျက်နှာ တစ်ခုလုံးသည် နီမြန်းလျက်ရှိ၏။

တစ်ဖက်လူသည် သူမ၏ ပခုံးပေါ်သို့ လက်တင်လိုက်သည့်အခြေအနေကို ပြန်လည်စဉ်းစားမိသည့်နောက်မှာတော့ ရင်ဘတ်တစ်ခုလုံးနွေးထွေးသွားသလို ခံစားနေမိသည်။

“စီနီယာအစ်မ”

ရုတ်တရက် အခန်းအပြင်ဘက်တွင် စုရှောင်မိုသည် မတ်မတ်ရပ်လျက်ရှိ၏။ “မနက်ဖြန်ကျရင် တာဝန်တူတူသွားလုပ်အုံးမှာလား။”

“ဟင် မင်းဘယ်လိုဝင်လာတာလဲ။”

ရှရွှေယွင်သည် အလောတကြီးနှင့်လှည့်ကြည့်လိုက်ပြီးသည့်နောက် သူမ၏ရှက်ရွံ့နေသောပုံပန်းသွင်ပြင်ကို တစ်ဖက်လူ မြင်သွားမှာကို စိုးရွံ့သွားမိ၏။

စုရှောင်မိုက ပြောလိုက်သည်။ “အစောကတည်းက တံခါးမပိတ်ထားတာလေ။”

“……”

ရှရွှေယွင်သည် အေးစက်စက်ပြောလိုက်၏။ “မနက်ဖြန်ကျမှ ပြောရအောင်။ အခုတော့ငါအနားယူတော့မယ်။”

“အင်း”

စုရှောင်မိုသည် သူမအား မနှောင့်ယှက်တော့ဘဲ အသာထွက်ခွာသွားခဲ့၏။ သူ၏ အိမ်ဆီသို့ ပြန်လည်ရောက်ရှိပြီးသည့် နောက်မှာတော့ ဇဝေဇဝါဖြင့် တီးတိုးရေရွတ်နေမိ၏။ “အနားယူမယ်ဟုတ်လား။ မဟုတ်သေးပါဘူး။ အခုမှမနက်အစောကြီးရှိသေးတာကို။”

…

“ဖန်းလင်းယု"

ပြိုင်စံရှားဂိုဏ်းထဲမှာတော့ နောက်ဆုံးသတင်းအချက်အလက်ကို ရရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်၏။ “ဒီအမျိုးသမီးက နည်းနည်းမောက်မာတယ်။ ဒီအမျိုးသမီးကိုမှ ငါရင်မဆိုင်နိုင်ဘူးဆိုရင် ဂိုဏ်းချုပ်ဝမ်ရဲ့ ဝိညာဉ်ကို ဘယ်လိုသွားပြီးတော့ မျက်နှာပြရမှာလဲ။”

သူ့အနေနှင့် စုရှောင်မိုကို သူလျှိုပြုလုပ်ရန် စေလွှတ်ခဲ့၏။ ထိုအချင်းအရာမှာ ထိုအမျိုးသမီးနှင့် လုချင်းချင်းတို့၏ အကြောင်း ကြားထဲတွင် ဖြစ်ပျက်ခဲ့သောကိစ္စများကို အဓိကစုံစမ်းချင်၍ ဖြစ်၏။

သို့ပေမဲ့ သူမသည် လူပုံအလယ်တွင် သူ၏တပည့်အား စော်ကားခဲ့၏။ ကျိန်းသေပေါက် သက်ညှာပေးရမည့်လူမျိုး မဟုတ်တော့ချေ။ ဤကဲ့သို့သောကိစ္စများဖြစ်ပွားခဲ့ပြီဆိုမှတော့ အစီအစဉ်အတိုင်း ဆက်၍ လုပ်နေ၍ မဖြစ်တော့ချေ။ အချိန်တစ်ခုရအောင်ကြိုးစားပြီးသည့်နောက်မှာတော့ စီစဉ်စရာရှိသည်များကို အမြန်ဆုံးစီစဉ်မှဖြစ်တော့မည်။

လီလိုရှုသည် ခေါင်းကိုခါယမ်းကာပြောလိုက်၏။ “ဒီဖန်းလင်းယုဆိုတဲ့မိန်းမက ထိုက်ရွှမ်အအေးဂိုဏ်းက လူတွေထဲမှာ တန်ဖိုးအထားခံရဆုံး တပည့်ပဲလေ။ အတွင်းစည်းထဲမှာ လေ့ကျင့်လျက်ရှိနေပြီးတော့ တစ်ခြားသူတွေကို မျက်လုံးထဲကို ထည့်တတ်တဲ့ လူမျိုးမဟုတ်ဘူး။”

“အလျင်လိုစရာမလိုဘူး။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မကြာခင်မှာ အခွင့်အရေးက ဖြစ်လာလိမ့်မယ်။”

…

ထိုက်ရွှမ်အအေးဂိုဏ်းထဲတွင်ရှိနေသော စုကုန်းရှန့်မှာတော့ သူလျှိုအဖြစ် ဆက်လက်လုပ်ဆောင်လျက်ရှိနေ၏။ သို့ပေမဲ့ ဖန်းလင်းယု၏ လူမြင်ကွင်း၌ အရှက်ခွဲမှုကို ခံရပြီးသည့်နောက်မှာတော့ သူသည် အပြင်ဆီသို့ မထွက်ဘဲ ပြင်းပြင်းထန်ထန် ကြိုးစားချင်ဟန်ဆောင်လျက်ရှိ၏။

“ဂျူနီယာညီလေးစုက တကယ့်ကို ကြိုးစားနေတာဘဲ။ ဘာပဲပြောပြော ယောကျာ်းဆိုတာဟာ ဒီလိုမျိုးလေးစားခံရမှုနဲ့ ထိုက်တန်တယ်လေ။ အလုပ်ကြိုးစားမှုက အသုံးဝင်မှာဘဲ။”

ထိုက်ရွှမ်အအေးဂိုဏ်းမှာ ရှိသော တပည့်များအားလုံးသည် စုရှောင်မိုအတွက် စာနာသနားလျက်ရှိနေကြ၏။ ပြင်းပြင်းထန်ထန်ကြိုးစားခြင်းအားဖြင့် ကြီးမားသည့် ဂုဏ်ထူးကို ရရှိနိုင်သည်ဖြစ်ကြောင်း သူတို့နားလည်မိ၏။ ထို့အပြင် ရှရွှေယွင်၏ ပါရမီသည် အလွန်ကောင်းမွန်လွန်းလှ၏။ ထို့ကြောင့် သူမအား လိုက်မီနိုင်ရန် အလွန့်အကျွံ့ကို ကြိုးစားမှ ဖြစ်ပေလိမ့်မည်။

…

“ဂိုဏ်းချုပ်ကျွင်း”

ဖန်းဖေးရှသည် အပြင်ဘက်ခြံဝန်းရှေ့တွင် မတ်တပ်ရပ်လျက်ရှိသည်။ သူသည် အလွန်မြင့်မားသည့် တောင်ထုကြီး ပေါ်တွင် အသာရပ်ပြီးသည့်နောက် တစ်ချိန်လုံးဆွံ့အလျက်ရှိနေတော့၏။ သူ၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် နှင့် တုန်ယင်နေ၏။ “ဒီကို ခနခနရောက်ဖူးပါတယ်။ ဒါပေမဲ့ ဂိုဏ်းက အခုတော်တော်ကြီး ပြောင်းလဲသွားသလိုပဲ။”

သာမန်အခြေအနေအရဆိုလျှင် သူသည် ဤကဲ့သို့သောကိစ္စမျိုးကို ပြောမည်မဟုတ်ချေ။ သို့ပေမဲ့ အလွန့်အလွန် ပြောင်းလဲသွားသည့်အခြေအနေမျိုးကို မြင်ယောင်ပြီးသည့်နောက် မည်သို့မျှမနေနိုင်ဘဲ ထုတ်ဖော်ပြောဆိုမိတော့၏။

ကျွင်းချောင်ရှောင်းက ပြုံးကာပြောလိုက်တော့သည်။ “ဂိုဏ်းချုပ်ဖန်း ပို့လိုက်တဲ့ ကျောက်ရိုင်းတုံးတွေရဲ့ အရည်အသွေးက အရမ်းကောင်းတယ်လေ။ ကျုပ်အရမ်းကို သဘောကျတယ်။”

“ဂိုဏ်းချုပ်ကျွင်း လိုချင်တဲ့ ကုန်ပစ္စည်းတွေကိုလည်း တစ်ခါတည်းယူခဲ့သေးတယ်။”

ဖန်းဖေးရှက ပြောလိုက်သည်။ ပြီးသည့်နောက် စိတ်ထဲမှာ ရေရွတ်မိသည်။ သူဘာလို့ ငါ့ကို ထမင်းကျွေးဖို့ မလုပ်တာလဲမသိဘူး။

“ဒါဆိုရင် ဂိုဏ်းချုပ်ဖန်း ပြန်တော့မှာလား။”

“အင်း။ လုပ်စရာတွေအများကြီးရှိသေးတယ်လေ။ မြန်မြန်ပြန်ဖို့လိုတယ်။”

“ဒါဆိုရင် လိုက်မပို့တော့ဘူးနော်။ ဂရုစိုက်ပါ။”

…

ဖန်းဖေးရှသည် စိတ်ထဲမှာ အော်ဟစ်လျက်ရှိသည်။ ဒီလောက်အဝေးကြီးကနေ ရောက်လာတာ ဘာလို့ ထမင်းလေးတစ်နပ်တောင် မကျွေးရတာလဲ။

“စားဖို့အချိန်ကြပြီ။” ထိုအချိန်မှာဘဲ လျှိုဝမ်ရှစ်သည် စားသောက်ခန်း၏ အပြင်ဘက်တွင် မတ်တပ်ရပ်၍ အော်လိုက်တော့သည်။

“အိုက်ယား။ ထမင်းစားဖို့အချိန်ရောက်နေပြီပဲ။”

ဖန်းဖေးရှသည် အလျင်မြန်ဘဲ ဝင်၍ ပြောလိုက်၏ “စားပြီးမှပဲ သွားတော့မယ်လေ။”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ဤလူသည် ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိလာသည်မှာ အစားအသောက်များကို အလကားကုန်းဆင်းချင်၍သာ ဖြစ်ပေလိမ့်မည်။

တစ်ခြားနည်းလမ်းလည်းမရှိချေ။ ထို့ကြောင့် အထဲကို ခေါ်ကာ ကျွေးမွေးမှဖြစ်ပေတော့မည်။

“ဂိုဏ်းချုပ်ကျွင်း စားလို့မကုန်တာတွေကို ထုတ်ယူသွားလို့ရသေးလား။”

ကျွင်းချောင်ရှောင်းသည် ရတယ်ဟု ပြောရန်ပြင်လိုက်သည့်အချိန်မှာတော့ တစ်ဖက်လူသည် ကြီးမားလှသည့် ထမင်း ပန်းကန်ကြီးကို ကိုင်၍ အားရပါးရစားရန် ပြင်ဆင်နေသည်ကို မြင်လိုက်သည့်အချိန်မှာတော့ မည်သို့မျှမနေနိုင်ဘဲ ပြောလိုက်မိ၏။ “မရဘူး။ ဒီမှာပဲ စားတော့။”

……

ဖန်းဖေးရှသည် ကျောက်ရိုင်းတုံးအများအပြားကို လာရောက်ပို့ဆောင်ခဲ့၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ကျန်းယန်ပစ္စည်းများနှင့် စတီးတောင်ပံအား သွန်းလုပ်သန့်စင်၍ ရနိုင်ခဲ့ပြီဖြစ်သည်။

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးအတွက်တော့ သူသည် လက်ရှိအခြေအနေတွင် တောင်ကြီးတစ်ခုလုံး တည်ဆောက်မှု နှင့်ပတ်သက်၍ အလုပ်များလျက်ရှိ၏။

ထို့ကြောင့် ဂြိုလ်တိုက်ပွဲတည်နေရာထဲသို့ သွားရောက်ရန် အစီအစဉ်မရှိသေးချေ။ သူ့အနေနှင့် ဂြိုဟ်တိုက်ပွဲဆီသို့ မသွားသေးသော်လည်း တစ်ဖက်လူများမှာတော့ ကြိုးစားလျက်ရှိနေတော့သည်။

ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးနဲ့ လင်းယွမ်ကုန်းမြေတိုက်တွင်ရှိသော သိုင်းကျင့်ကြံသူများ အားလုံးသည် ၎င်းတို့၏ ခံတပ်ထဲတွင် တစ်နေကုန်ပုန်းအောင်းလျက်ရှိနေကြ၏။

၎င်းတို့အားလုံးသည် ခြုံခိုတိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် အပြင်ဘက်သို့ မထွက်ရဲကြချေ။ များပြားလှသည့် တိုက်ပွဲများကို တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ၎င်းတို့၏ နှလုံးသားထဲတွင် အရိပ်မည်းကြီး တစ်ခုတည်ရှိနေအောင် ပြုလုပ်နိုင်ခဲ့ပြီဖြစ်သည်။

သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ သိုင်းကျင့်ကြံသူများအားလုံးသည်တော့ ဤကဲ့သို့ ဖြစ်ပျက်နေသည့် အကြောင်းအရာများကို မသိရှိကြချေ။ ၎င်းတို့အနေနှင့် အထဲကိုဝင်ရောက်ပြီးသည့်နောက်တွင် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးနှင့် လင်းယွမ် ကုန်းမြေတိုက်မှ လူများ၏ ပစ်မှတ်ထားခံရမည်ကို စိုးရွံ့လျက်ရှိနေကြ၏။

…………..

“အင်း”

တစ်ရက်မှာတော့ မူချန်းဟုန်သည် ပြိုင်စံရှားဂိုဏ်း၏ စားသောက်ခန်းတွင် ထိုင်လျက်ရှိနေတော့၏။ သူသည် ခေါင်းကို အသာခါယမ်းကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း ကျုပ် အခုတလော စားချင်သောက်ချင်စိတ် မရှိဘူး။”

“…….”

ကျွင်းချောင်ရှောင်းသည် မူချန်းဟုန်၏ ဘေးနားတွင် သပ်သပ်ရပ်ရပ်နှင့်စီထားသည့် စားပြီးသား ပန်းကန်ပြားအလွတ်များကို လက်ညိုးထိုးကာ မေးလိုက်သည်။ “ဒါဆိုရင် ဘာလို့ အဲလောက်အများကြီးစားနေတာလဲ။”

“စိတ်တိုလို့လေ။”

မူချန်းဟုန်သည် တူကို ကောက်ယူပြီးတော့ အားရပါးရနှင့်ပြောင်ရှင်းအောင် စားလျက်ရှိသည်။ ပြီးသည့်နောက် မှာတော့ ဘေးတွင်ရှိသော စွပ်ပြုတ်တစ်ခွက်ကို ကောက်မော့ကာ ပြောလိုက်တော့သည်။ “အရမ်းကိုစိတ်တိုနေလို့။”

ကျွင်းချောင်ရှောင်းသည် နှစ်သိမ့်လိုက်၏။ “ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နဲ့ လင်းယွမ်ကုန်းမြေတိုက်ဘဲမဟုတ်လား။ မြို့တော်ဝန်မူ”

“အရမ်းကြီးစဉ်းစားမနေပါနဲ့။ နောင်ငါးနှစ်ကြာပြီးတဲ့အချိန်မှာ ဒီဂြိုဟ်နှစ်ခုဟာ မရှိတော့တာလည်း ဖြစ်နိုင်တယ် မဟုတ်လား။”

သူ၏ ခနခနသွားရောက်တိုက်ခိုက်သည့်ပုံစံမျိုးနှင့်ဆိုလျှင် တစ်ဖက်ဂြိုဟ်နှစ်ခုမှ သိုင်းကျင့်ကြံသူများအားလုံးသည် နောင်ငါးနှစ်ကြာလျှင် ရှိပါအုံးမလားဆိုသည်တောင် မေးခွန်းထုတ်စရာ ဖြစ်နေတော့၏။

“တကယ်လို့ ဒီမူက ဂိုဏ်းချုပ်ကျွင်းပြောသလိုမျိုး မဖြစ်လာမှာကို စိုးရိမ်မိနေတာ။ ဒါကြောင့်ပဲ မစားနိုင်မသောက်နိုင်နဲ့ စိတ်လက်ပူပန်နေမိတာပေါ့။”

မူချန်းဟုန်သည် စားလျက်ရှိသော ထမင်းပန်းကန်အလွတ်အား ဘေးတစ်ဖက်ဆီသို့ အသာတင်၍ စိတ်မချမ်းမြေ့စွာဖြင့် ပြောလိုက်မိသည်။ “နောက်ထပ်ထမင်းတစ်ပန်းကန်လောက်ပေးပါအုံး။”

All Chapters