← Chapters

အခန်း (၉၁၃)

Vol. 62 Ch. 913

အခန်း (၉၁၃)

Vol. 62 Ch. 913

လီချင်းယန်သည် သူ၏ရောင်းရင်းများကို ဦးဆောင်၍ များပြားလှသော တောင်ထွတ်များပေါ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများကို စတင်တော့သည်။

ကျွင်းချောင်ရှောင်းသည် ဂြိုဟ်တိုက်ပွဲဆီသို့ သွားရောက်ရန် အလျင်မလိုချေ။ ထို့ကြောင့် အချိန်တော်တော် များများကို ကျင့်ကြံခြင်း၌ သုံးဖြုန်းထားခဲ့၏။

သူ့အနေနှင့် ဝိညာဉ်ကူးပြောင်း ရောက်ရှိလာကတည်းက ယခုအချိန်ထိ အကြိုးစားဆုံး လေ့ကျင့်နေသည်ဟု ဆိုရမည် ဖြစ်တော့သည်။

ဓာတ်ငါးပါးခန္ဓာကိုယ်ကို ရရှိပြီးသည့်နောက်မှာတော့ သူသည် ဓာတ်ငါးပါးအားအင်များကို စုစည်းရာတွင် ပိုမို၍ သန့်စင်ကာ အားကောင်းလာခဲ့တော့၏။ ဖန်းဖေးရှပို့လွှတ်လိုက်သော များပြားလှသည့် ကျောက်ရိုင်းတုံး များအားလုံးသည်လည်း ကျန်းယန် ဝတ်စုံများကို ဖန်တီးရန်အတွက် ပြည့်စုံလုံလောက်နေတော့၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း၏ လက်နက်စာရင်းသည် ပိုမို၍ တိုးပွားလာခဲ့၏။

ဟုတ်ပေသည်။ တပည့်များ အားလုံးကို ဖြန့်ဖြူးပေးရန်အတွက်တော့ အများအပြားလိုအပ်နေသေးသည်။

ထို့ကြောင့် သေသေချာချာစဉ်းစားပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လက်နက်ခန်းမဆောင်ကို စတင်ကာ တည်ထောင်လိုက်တော့၏။

ဂိုဏ်း၏ စုဆောင်းမှတ်များ များများပြားပြားရရှိလာမည်ဆိုပါက ထိုအရာများနှင့်လဲလှယ်၍ ရပေလိမ့်မည်။ သူ့အနေ နှင့် ဂိုဏ်းသားများအားလုံးကို တစ်ယောက်တစ်ခုစီ မပေးချင်ပေ။ မိမိတို့၏ ကြိုးစားမှုနှင့်ထိုက်တန်သော ရလဒ်များကို ရရှိအောင်သာ ဖန်တီးပေးထားသည်။

“ဂိုဏ်းချုပ်”

ရက်အနည်းငယ်ကြာပြီး သည့်နောက်မှာတော့ လီချင်းယန်သည် လာရောက်တွေ့ဆုံတော့သည်။ “မိုးဆွေတောင်ထွတ်ကို တည်ဆောက်ပြီးသွားပြီလေ။”

“ဟုတ်လား။”

ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ထွက်ကြည့်လိုက်၏။ ထိုမိုးဆွေတောင်ထွတ်သည် သံမဏိအရိုး တောင်ထွတ်နှင့် ဆက်စပ်လျက်ရှိနေ၏။ ထို့အပြင် ဟောခန်းများ၊ လေ့ကျင့်ရေးကွင်းပြင်နှင့် များပြားလှသည့် တစ်ခြားပစ္စည်းများအားလုံးလည်း စီစီရီရီနှင့် တည်ရှိလို့နေတော့၏။

ဟုတ်ပေသည်။

လီလိုရှုသည် သံမဏိအရိုးတောင်နှင့်အနီးစပ်ဆုံး ဆက်စပ်တောင်ပေါ်တွင် မိုးဆွေထေိုနေရာတွင် သစ်ပင်ပန်းမာန်များ စိုက်ပျိုးထားပြီး စိမ်းစိုလှပနေသည့် တောင်ထွတ်ကြီး တစ်ခုကို မြင်ရမှာ ဖြစ်တော့သည်။ ထို့အပြင် ဝါးတောကြီးတစ်ခုနှင့် မာဘယ်ပင်များအားလုံးကိုလည်း စိုက်ပျိုးထားသေး၏။ မြစိမ်းရောင်နှင့် ကြက်သွေးရောင်များအားလုံးသည် မိုးဆွေတောင်ထိတ်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းလျက်ရှိနေသည်။

“ဟောခန်းသခင်လီ အချိန်တစ်ခုရှာပြီးတော့ အဲကို ရွှေ့ပြောင်းကြရအောင်။”

“ဒီနေ့ ရွှေ့ပြောင်းတာ ပိုပြီးကောင်းမယ်လို့ထင်တယ်။”

“ကောင်းပြီ။”

လီလိုရှုသည် လီထျန်းထျန်း နှင့် စီမာကျုံးတ တို့အား တစ်ချက်လှမ်းကြည့်ကာ အမိန့်ပေးလိုက်၏။ နှစ်ယောက်သားသည် မိုးဆွေဟောခန်းဆီသို့ ပြန်သွားကြ၏။ မကြာခင်မှာဘဲ မိုးဆွေဟောခန်းမှ အဖွဲ့ဝင်များ အားလုံးသည် တောင်ပေါ်သို့ ရွှေ့ပြောင်းကြတော့သည်။

လက်ရှိအခြေအနေမှာတော့ မိုးဆွေဟောခန်းသည် အပြင်ဘက်ခြံဝန်းဆီမှ ခွဲထွက်ပြီးသည့်နောက်မှာတော့ သီးခြား တောင်ထွတ်ကြီးတစ်ခုပေါ်သို့ တရားဝင်ရွှေ့ပြောင်းရောက်ရှိသွားခဲ့ကြပြီဖြစ်၏။

ဤအရာသည် အစပဲရှိသေး၏။ လီချင်းယန်နှင့် တောဝက်ရိုင်းလေးတို့သည် တစ်နေ့လျှင် ၂၄ နာရီပင်မက တစ်ခြားသောရက်ဆီမှ နာရီများကိုပါ ချေးငှားကာ အလုပ်လုပ်နေကြရသည်။

သားရဲစီးတောင်ထွတ် သည်လည်း ရက်အနည်းငယ်ကြာတွင် အလုံးစုံပြည့်စုံသွားတော့မှာဖြစ်သည်။ များပြားလှသည့် ဟောခန်းများသည်လည်း သူတို့နှင့်သက်ဆိုင်ရာ တောင်ထွတ်ဆီသို့ ရွှေ့ပြောင်းရန် စီစဉ်ကြတော့၏။

စုရှောင်မို ပေးပို့လိုက်သော သတင်းများအရဆိုလျှင် ထိုက်ရွှမ်အအေးဂိုဏ်းသည် အတွင်းစည်းနှင့် အပြင့်စည်းဂိုဏ်းသားများကို ခွဲခြားထားကြောင်းကို သိရှိပြီးဖြစ်၏။ ထို့ကြောင့်သူသည် ထိုအရာကို မှီငြမ်းကာဖြင့် တပည့်များနေထိုင်သည့်နေရာတွင်လည်း အတွင်းစည်းတောင်ထွတ်နှင့် အပြင်စည်းတောင်ထွတ်ဟူ၍ ခွဲခြားလိုက်သည်။

ထိုကဲ့သို့ ခွဲခြားလိုက်သည့်နှင့်တပြိုင်နက် အပြင်စည်းတပည့်များအားလုံးသည် အတွင်းစည်းတောင်ထွတ်ဆီသို့ ရောက်ရှိရန်အတွက် ပြင်းပြင်းထန်ထန် ကြိုးစားကြပေလိမ့်မည်။

ထိုအရာသည် ၎င်းတို့အတွက် စံပြလူများကဲ့သို့ ထင်မှတ်မိစေရန် စီစဉ်ထားခြင်းပင်ဖြစ်တော့၏။ တပည့်အသစ် အနည်းငယ်တို့မှာတော့ မူလအတွင်းစည်းခြံဝန်းထဲတွင် နေထိုင်ပြီး ဆက်လက်ကျင့်ကြံကြရ၏။

ဟုတ်ပေသည်။ တပည့်များကိုသာ ခွဲခြားလိုက်ခြင်းပင်မဟုတ်ပေ။ ဂိုဏ်းချုပ်နှင့် အကြီးအကဲများအားလုံးသည်လည်း သက်ဆိုင်ရာတောင်ထွတ်များတွင် နေထိုင်ကြ၏။

တောင်တစ်ခု၏ မြင့်မားလှသော တည်နေရာတွင် ဂိုဏ်းချုပ်ကျွင်း နေထိုင်၏။ ထိုတည်နေရာကို နဂါးခေါင်းတောင်ထွတ်ဟု နာမည်ပေးထား၏။ နဂါးခေါင်းတောင်ထွတ်ဆိုသည်မှာ နဂါးများ၏ ခေါင်းဆောင်ကို ဆိုလိုခြင်းပင်ဖြစ်သည်။

ကျန့်ရာနှင့် တစ်ခြားသော အကြီးအကဲများအားလုံးသည်လည်း နဂါးကျောရိုးတောင်ထွတ်တွင် နေထိုင်ကြ၏။ အကြီးအကဲများအားလုံးသည် ဂိုဏ်း၏ အရေးကြီးဆုံး ထောက်တိုင်များဖြစ်၏။ ထို့ကြောင့် ဤနေရာအား နဂါးကျောရိုးတောင်ထွတ်ဟု နာမည်ပေးထားခြင်း ဖြစ်၏။

“ဂိုဏ်းချုပ်”

လီချင်းယန်ကပြောလိုက်သည်။ “စိတ်ကျေနပ်ပြီလား။”

“မဆိုးဘူး။ မဆိုးဘူး။”

နဂါးခေါင်းတောင်ထွတ်ပေါ်တွင် မတ်တပ်ရပ်ပြီးနောက် ကျွင်းချောင်ရှောင်းသည် သဘောတကျဖြင့် ပြောလိုက်သည်။

ဆောက်လုပ်ရေးပုံစံများသည် သူအစောကြီးကတည်းက မြင်ခဲ့ဖူးသော နေရာများသာဖြစ်၏။ ထို့အပြင် သူ၏ နဂါးခေါင်းတောင်ထွတ်ပေါ်တွင် သူကိုယ်တိုင်တောင်းဆိုထားခဲ့သော ရှုခင်းများကိုလည်း ထည့်သွင်းထားသေး၏။

ကြည့်ရှုလိုက်သည့်နှင့် ခန့်ညားလှသောအဆောက်အဦများတည်ရှိနေသည်သာမက ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံး သည် ဝင်လိုက်သည်နှင့် စိတ်အေးချမ်းမှုကို ရရှိစေသည့် ရှုခင်းများအဖြစ် ဖန်တီးထားသည်။ ပို၍စိတ်ဝင်စားစရာကောင်းသည့်အရာမှာ ဖန်တီးထားသော ရေကန်ငယ်လေးတစ်ခု တည်ရှိနေခြင်းပင်ဖြစ်သည်။ သူပျင်းရိနေသည့်အချိန်၌ ဤနေရာတွင် ငါးဖမ်းခြင်း သို့မဟုတ် ရေဆင်းကူးခြင်းများကို ပြုလုပ်နိုင်စွမ်းရှိသည်။

“ဒါက”

လီချင်းယန်သည် ခေါင်းကိုကုတ်ကာဖြင့် ပြောလိုက်မိသည်။ “တောဝက်ရိုင်းလေးက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ လက်ရှိဝင်ပြီးလုပ်နေတယ်လေ။ ဒီတော့ လက်ရှိမှာ ထကို မထနိုင်ဘဲ ပင်ပန်းနေတယ်။”

“ဒီလောက်အလုပ်လေးနည်းနည်းလုပ်တာကိုတောင် ပင်ပန်းနေတယ်ဟုတ်လား။” ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိလိုက်၏။

စနစ်သည် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။ “ဒီကောင်လေးဟာ လက်ခံသူရဲ့ ပထမဦးဆုံး ပဋိညာဉ်သားရဲပါ။ နဂါးလေးနဲ့ ရှောင်မိုရှန်တို့နဲ့ နှိုင်းယှဉ်လို့ရှိရင် သူ့ကို ဆက်ဆံပုံက အရမ်းကိုဆိုးရွားတယ်လို့ ခံစားမိတယ်။”

လက်ရှိအခြေအနေမှာတော့ တောဝက်ရိုင်းလေးအတွက် ဝင်ရောက်ပြောဆိုပေးမယ့်သူတစ်ယောက် ပေါ်လာခဲ့ပြီဖြစ် တော့သည်။

…

မဲမှောင်လှသည့် တိမ်များအောက်မှာတော့ မိုးများသည် တပေါက်ပေါက်နှင့် ရွာချလျက်ရှိနေတော့၏။ ဆေးပင် စိုက်ပျိုးရေးတောင်တစ်ခုတွင် တောဝက်ရိုင်းလေးသည် ခန္ဓာကိုယ်ကို ကွေးကွေးလေးပြုလုပ်ကာဖြင့် မိုးရေထဲတွင် လဲလျက်ရှိနေ၏။

လက်ရှိအခြေအနေမှာတော့ နှဲသံနှင့်အတူ နောက်ခံတေးဂီတကို ထည့်သွင်းလိုက်မည်ဆိုပါက အလွန်ဝမ်းနည်းစရာ ကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

သူသည် လီချင်းယန်၏ ခေါ်ဆောင်မှုကြောင့် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး လဝက်လုံးလုံးတစ်ရက်လေးမှ မနားရဘဲ ကြိုးစားခဲ့ရသည်။ နေ့စဉ်နေ့တိုင်းအစောကြီးထ၍ နောက်ဆုံးအချိန်မှ ပြန်၍ အနားယူရသည်။

ထို့ကြောင့် အလွန်မောပန်းလွန်းပြီး မြေပေါ်တွင် လဲလျက်ရှိနေတော့သည်။ သူ့တွင် မည်သည့်စွမ်းအားမှ မရှိတော့သလို ထင်မှတ်နေမိတော့၏။

အထူးသဖြင့် ပြိုင်စံရှားဂိုဏ်းသို့ ရောက်ရှိပြီးသည့်နောက်မှာတော့ ပြင်းထန်လှသည့် အလုပ်များကို ပြုလုပ်ရသည်ကို ပြန်လည်စဉ်းစားမိသည့်နောက်မှာတော့ သူ၏ မျက်လုံးများထဲတွင် မျက်ရည်များပင် ဝိုင်းလာသည်။

ဤကဲ့သို့ ဆိုးရွားလှသော နေ့ရက်များသည် မည်သည့်အချိန်တွင် ရပ်တန့်သွားမည်ကို သူကောင်းကောင်းမသိချေ။ တောဝက်ရိုင်းလေးသည် ငိုယိုလျက်ရှိနေ၏။ သို့ပေမဲ့ အပြင်ဘက်တွင် မိုးများရွာချနေပြီဖြစ်သောကြောင့် မိုးရေစက်နှင့် မျက်ရည်များသည် မသဲကွဲတော့ချေ။

သို့ပေမဲ့ သူ့မျက်လုံးများကို အတင်းကြိုးစားပြီးဖွင့်လိုက်သည့်အချိန်မှာတော့ ခြေထောက်တစ်ဖက်သည် သူ၏ မြင်ကွင်း ရှေ့သို့ ပေါ်လာခဲ့တော့သည်။ အတင်းကြိုးစားပြီး ခေါင်းမော့ကြည့်လိုက်သည့်အချိန်မှာတော့ သူ၏ သခင်သည် ရှေ့တည့်တည့်တွင် မတ်တပ်ရပ်နေကြောင်းကို မြင်လိုက်ရ၏။

မူလအားဖြင့် မောပန်းလျက်ရှိနေသော တောဝက်ရိုင်းလေးသည် ချက်ချင်းဘဲ ကြိုးစားကာ မတ်တပ်ထရပ်လိုက်၏။ သူ့အနေနှင့် အချောင်ခိုနေခြင်းမဟုတ်ဘဲ အလုပ်ကိုတော့ လုပ်လျက်ရှိနေသည်ဖြစ်ကြောင်းကို သိရှိစေချင်မိသည်။

သူသည် ကုန်းရှန့်၏ နဂါးစိမ်းလခြမ်းဓားမော့ကြီးနှင့် အကြိမ်ပေါင်းများစွာ လိုက်လံခုတ်ခြင်းကို ခံရပြီးသည့်နောက် မှာတော့ ပျင်းရိလေးကန်တတ်သည့် တောဝက်ရိုင်းလေးအဖြစ်မှသည် အလုပ်ကြိုးစားသည့် တောဝက်ရိုင်းလေးအဖြစ် ဆီသို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ နေ့ပေါင်းများစွာ အလုပ်ကြိုးစားပြီး သည့်နောက်မှာတော့ သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိသော အားအင်များသည် လုံးဝကုန်ခမ်းနေပြီဖြစ်သည်။ အလွန်တရာလည်း ပင်ပန်းနွမ်းနယ်နေ၏။

လက်ရှိ မတ်တပ်ထရပ်လိုက်ပြီးသည့်နောက် သူ၏ ခြေလှမ်းများသည် တဆတ်ဆတ် နှင့်တုန်ယင်နေ၏။ အချိန်မရွေး ပြိုလဲတော့မည်ပုံစံပင် ပေါ်နေတော့သည်။

“မင်းပင်ပန်းနေပြီလား။ ဒါဆိုရင်လဲှချလိုက်လေ။ ကိုယ့်ကိုယ်ကိုယ် အတင်းကြီးဖိအားမပေးရဘူး။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ဘုတ်

ပြောပြီးပြီးချင်းမှာဘဲ တောဝက်ရိုင်းလေးသည် မည်သို့မျှမခံစားနိုင်တော့ဟန်ဖြင့် မြေပေါ်သို့ လဲကျသွား၏။

သူ၏ မျက်လုံးများသည် မျက်ရည်များဖြင့် ရစ်သိုင်းလျက်ရှိနေတော့၏။ သူ၏ သခင် စိတ်မချမ်းမြေ့မည်ကို စိုးရိမ်၏။ ထို့အပြင် သူ၏သခင်သည် လက်နက်မျိုးစုံကို ထုတ်ယူကာဖြင့် သူ၏ ခေါင်းကို ရိုက်ရန် ကြိုးစားမည်ကိုလည်း ထိတ်လန့်ကြောက်ရွံ့မိသည်။

“မင်း ပင်ပန်းတယ်ဆိုရင်လည်း သားကောင်ဖမ်းဘောလုံးထဲကို ဝင်နေလို့ရတာကို။ ဘာလို့ဒီလိုနေရာမှာ လာလှဲပြီး ဟန်ရေးပြနေတာလဲ။” ကျွင်းချောင်ရှောင်းက မေးလိုက်၏။

သွားပြီ။ သူပြုလုပ်နေသည့် ရည်ရွယ်ချက်ကို သူ၏သခင်သည် ကောင်းကောင်းမြင်နေလေ၏။ တောဝက်ရိုင်းလေး သည် ထပ်မံကာ ကြောက်လန့်သွားခဲ့၏။

“တကယ်တော့”

ကျွင်းချောင်ရှောင်းသည် ထိုင်ချလိုက်၏။ ပြီးသည့်နောက်မှာတော့ တောဝက်ရိုင်းလေး၏ ဦးခေါင်းကို အသာပွတ်သပ် လိုက်၏။ “ဒီနှစ်အတွင်း ဂိုဏ်းအတွက် မင်းလုပ်ခဲ့တာတွေအားလုံးကို ငါကောင်းကောင်းသိတာပေါ့။”

တောဝက်ရိုင်းလေးသည် ဆွံ့အလျက်ရှိနေသည်။ သခင်သည် သူ့အား အမြဲတမ်းကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့၏။ လက်ရှိအချိန်တွင် ရုတ်တရက်ကြီး နူးညံသိမ့်မွေလျက်ရှိနေတော့သည်။ ကောင်းမွန်သည့်အရာမျိုး ဖြစ်မလာနိုင်သည်ကိုတော့ သူကောင်းကောင်းသိ၏။

“ကောင်းကင်ကြီးက ကြီးမားတဲ့တာဝန်ကို ပေးထားတယ်ဆိုတာ သူ့ရဲ့ စိတ်ကို စမ်းသပ်တာဘဲ။ သူ့ရဲ့ ခန္ဓာကိုယ်၊ သူ့ရဲ့ ကြွက်သား၊ သူ့ရဲ့ အရိုး၊ အရည် အကုန်လုံးကို စမ်းသပ်နေတာပဲ။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက မင်းကို လေ့ကျင့်ပေးဖို့အတွက် ငါပြုလုပ်နေတဲ့အရာတွေ။”

စနစ်ကပြောလိုက်သည်။ “ပေါက်ကရတွေ စပြီ။”

“ကောင်လေး မင်းမှတ်ထား။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါက ဒီလောကကြီးထဲမှာ အားအကောင်းဆုံးသူ ဖြစ်လာလိမ့်မယ်။ ငါ့ရဲ့ ပဋိညာဉ်သားရဲအနေနဲ့ မင်းကလည်း တစ်ခြားသူတွေမှာမရှိတဲ့စွမ်းရည်မျိုးကို ရှိနေသင့်တယ်။”

“လောကကြီးမှာ အားအကောင်းဆုံးသူ ဟုတ်လား။”

သခင်သည် ကြီးမားလှသည့် ရည်မှန်းချက်ကို ပိုင်ဆိုင်နေသည်။

“ကောင်လေး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကတိစကားလုပ်ကြရအောင်။”

“ကတိဟုတ်လား။” တောဝက်ရိုင်းလေးသည် ဇဝေဇဝါနှင့်ဖြစ်နေမိ၏။

ကျွင်းချောင်ရှောင်းသည် ကောင်းကင်ကြီးကို လက်ညှိုးထိုးကာဖြင့် ပြောလိုက်၏။ “မြန်မြန်အားကောင်းလာ အောင်လုပ်။ ပြီးရင် သခင်နှင့်အတူ ဘုံကိုးပါးဆီကို တက်ပြီးတော့ ကြီးကျယ် ခမ်းနားတဲ့ အရာ တွေကို ဖန်တီးကြမယ်။”

တောဝက်ရိုင်းလေးသည် မျက်လုံးပြူးသွားမိ၏။

ကျွင်းချောင်ရှောင်းသည် မတ်မတ်ရပ်ပြီးသည့်နောက်မှာတော့ အနောက်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။ “လောကမှာ အားအကောင်းဆုံးလူရဲ့ ပထမဦးဆုံး ပဋိညာဉ်သားရဲဖြစ်တာနဲ့အညီ ငါထိပ်ဆုံးကို ရောက်တာနဲ့ မင်းကလည်း ငါနဲ့ဘေးနားမှာ အမြဲတမ်းရှိရလိမ့်မယ်။ ဒီလိုမျိုးတောင်ရဲ့ ခြေရင်းမှာ နေရမယ့်သတ္တဝါမျိုးမဟုတ်ဘူး။”

သူ့အနေနှင့် စိတ်ဝိညာဉ်စွမ်းအင်များ၏ ဖုံးကွယ်ထားမှုကို ဖယ်ရှားလိုက်ပြီဖြစ်သောကြောင့် မိုးရေစက်များသည် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်သို့ ပြန်လည်ကျဆင်းလာသည်။

မူလအားဖြင့် စိတ်ဓာတ်ကျလျက်ရှိသော တောဝက်ရိုင်းလေး၏ စိတ်ဆန္ဒများသည် ပိုမို၍ အားကောင်းလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိသော သွေးများသည် ရူးရူးမူးမူးနှင့် ဆူပွက်လျက်ရှိနေတော့၏။

အု အု

ဤကောင်လေးသည် မနည်းကြိုးစားကာ မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် အားနည်းစွာဖြင့် အော်ဟစ်လျက်ရှိနေ သည်။

သူသည် သူ၏သခင်၏ ကတိစကားကို သဘောတူညီလိုက်ပုံပေါ်သည်။

ယနေ့မှာတော့ မိုးသည် ၄ နာရီတိတိ ရွာချခဲ့တော့သည်။ ကျွင်းချောင်ရှောင်းနှင့်တောဝက်ရိုင်းလေးတို့သည် ထိုမိုးရေထဲ တွင် ၄ နာရီတိတိ နေထိုင်ခဲ့၏။

ဒုတိယရက်မှာတော့ နှစ်ယောက်လုံးသည် အအေးပတ်ကာ ဖျားလေတော့သည်။

All Chapters