← Chapters

အခန်း (၉၁၈-ခ)

Vol. 62 Ch. 918-B

အခန်း (၉၁၈-ခ)

Vol. 62 Ch. 918-B

ဂြိုဟ်တိုက်ပွဲ တည်နေရာကြီး၏ ကောင်းကင်ယံ အထက်ဆီမှ ထွက်ပေါ်လာသော ကြေညာသည့် အသံကို ကြားရသည့်နောက်မှာတော့ မိုရှန်ရှမ်းသည် ထိုင်ခုံပေါ်မှ ပြုတ်ကျလုမတတ်ပင် ဖြစ်သွား၏။

ကြေညာခြင်းများသည် အချိန်အတိုအတွင်းပင် ဆက်တိုက်ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့၏။ ဤဝရမ်းထုတ်ပြန် ခြင်းခံရသူသည် သိုင်းကျင့်ကြံသူတစ်သောင်း ကျော်ကို သတ်ဖြတ်ခဲ့၏။ တစ်ဖက်လူများ အားလုံးသည် ပြန်လည် မတိုက်ခိုက်ဘဲ လည်စင်းကာခံနေကြသည်လားပင် မသိရှိချေ။

မိုးကြိုးကပ်ဘေး … ဤအရာသည် မည်သို့သော အရာဖြစ်သနည်း။

“မြို့တော်ဝန်”

အဓိကဟောခန်း၏ အပြင်ဘက်တွင် မတ်တပ်ရပ်လျက်ရှိသော အကြီးအကဲသည် ထိတ်လန့်တကြားဖြင့် ပြောလိုက်၏။ “အပြင်ကို ထွက်ကြည့်ပါအုံး။”

ဆွစ် ဆွစ်

မိုရှန်ရှမ်းနှင့် တစ်ခြားသော အကြီးအကဲများအားလုံးသည် အဓိကဟောခန်း၏ အပြင်ဘက်ဆီသို့ ထွက်လာခဲ့ကြ တော့သည်။ ၎င်းတို့သည် ခေါင်းမော့၍ ကြည့်လိုက်သည့်အချိန်မှာတော့ ကောင်းကင်ကြီးတစ်ခုလုံးသည် ကြီးမားသည့် အပြောင်းအလဲကြီးများဖြစ်လာသည်ကို မြင်လိုက်ကြရသည်။

မိုးကြိုးတိမ်များကြားရှိ လျှပ်စီးတန်းများသည် ကောင်းကင်ကြီးတစ်ခုလုံးတွင် ပြည့်နှက်လျက်ရှိပြီး တည်နေရာတစ်ခုလုံး သည်လည်း မှောင်မဲလျက်ရှိနေတော့သည်။ လက်ရှိအခြေအနေမှာတော့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသည် အရောင် အဆင်းကင်းမဲ့သွားပြီး အဆုံးစွန်ထိ မှောင်မဲလျက်သာ ရှိနေတော့၏။

“ဖြစ်နိုင်တာက”

မိုရှန်ရှမ်းသည် ကြောက်ရွံ့စွာဖြင့် ပြောလိုက်မိသည်။ “ဒါက မိုးကြိုးကပ်ဘေးလား။”

…

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်ထဲမှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသူများအားလုံးသည် အလုံးစုံဆွံ့အလျက်ရှိနေကြတော့သည်။

တည်နေရာအကျယ်အဝန်းသည် စတုရန်းမီတာ တစ်သောင်းကျော် ကျယ်ပြန့်လာခဲ့သည်။ ဤအရာမှာ ရွာအဆင့် အနေအထားဆီသို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။

ဟုတ်ပေသည်။ အားလုံးသည် ဤကဲ့သို့ တည်နေရာကြီး ကျယ်ပြန့်လာသည့်အတွက် ထိတ်လန့်တုန်လှုပ်မိခြင်းမဟုတ်ပေ။ ၎င်းတို့ ထိတ်လန့်တုန်လှုပ်နေသည်မှာ ဟောခန်းသခင်ကျစ်သည် အချိန်တိုအတွင်း သိုင်းကျင့်ကြံသူ တစ်သောင်းကျော်တို့ကို သတ်ဖြတ်ခဲ့သောကြောင့်ပင်ဖြစ်သည်။

ဝရမ်းထုတ်ပြန်မှုများ ဆက်တိုက်ထွက်ပေါ်လာပြီး နောက်ဆုံးမှာတော့ မိုးကြိုးကပ်ဘေးကို ကျဆင်း လာခဲ့တော့၏။

ဟောခန်းသခင်ကျိ “ယုံချင်ယုံ။ မယုံရင်နေ။ ဒီကိစ္စကို ငါမလုပ်ဘူး။ ဒါက ဂိုဏ်းချုပ်တစ်ယောက်တည်း လုပ်တာ။ ငါက အနောက်ကနေ ရပ်ကြည့်နေရုံပဲ။”

“မိုးကြိုးအပြစ်ပေးမှုဟုတ်လား။”

အနားမှာရှိသည့် သိုင်းကျင့်ကြံသူများကို ဆက်လက်တိုက်ခိုက်ရန် ပြင်ဆင်နေသော ကျွင်းချောင်ရှောင်းသည် မိုးကြိုးလျှပ်စီးတိမ်များဖြစ်တည်လာသည်ကို မြင်ရသည့်အချိန်မှာတော့ မျက်မှောင်ကုတ်မိသွားသည်။

စနစ်၏ အမျိုးသမီးအသံက ပြောလိုက်၏။ “ခင်မင်ရသည့် ပါဝင်ယှဉ်ပြိုင်သူ လူတွေအများကြီးကို အချိန်တိုအတွင်း သတ်ဖြတ်ခဲ့သည်ဖြစ်တာကြောင့် အထက် နယ်မြေရဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခဲ့တယ်။ ဒါကြောင့် မိုးကြိုးအပြစ်ပေးမှုက ကျဆင်းလာတော့မယ်။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အဲဒါအရမ်းအားကောင်းလား။”

စနစ်၏ အမျိုးသမီးအသံက ခနလောက်ငြိမ်သက်သွား၏။ ပြီးနောက်ပြောလိုက်တော့သည်။ “တည်နေရာကြီး စတင်ဖန်တီးခဲ့တည်းက ဒီလို အပြစ်ပေးမှုကို မည်သူမှ မခံရဘူး။ ဒါကြောင့် ဘယ်လောက်အားကောင်း တယ်ဆိုတာကို မသိပါဘူး။”

…

…

ကျွင်းချောင်ရှောင်းသည် တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူသည် စည်းဓားမော့ကြီးကို ကိုင်ဆောင်ထားပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်၏။ “မိုးကြိုးအပြစ်ပေးမှုဟုတ်လား။ ဘာကိုကြောက်ရမှာလဲ။”

“ဂိုဏ်းချုပ်”

ထိုအချိန်မှာပဲ ကျိရှုသည် အသံပို့လွှတ်လိုက်တော့၏။ “မိုးကြိုးအပြစ်ပေးမှုဆိုတာ အထက်နယ်မြေဆီက လာတာ။ တစ်စုံတစ်ယောက်ရဲ့ ဝိညာဉ်ကိုတောင်မှ ဖျက်ဆီးနိုင်စွမ်းရှိတယ်။ ဒီနေရာမှာရပ်မနေနဲ့။ ပြေးတော့။”

“ကျုပ်ရဲ့ ဝိညာဉ်ကို ဖျက်ဆီးနိုင်တယ်ဟုတ်လား။”

ကျွင်းချောင်ရှောင်းသည် ထိတ်လန့်သွားမိ၏။ အနောက်ကို လှည့်ကြည့်လိုက်သည့်အချိန်မှာတော့ ကျိရှုသည် ထွက်ပြေးသွားခဲ့ပြီဖြစ်ကြောင်းကို နားလည်လိုက်မိ၏။

၎င်းအနေနှင့် မိုးကြိုးကပ်ဘေးအတွင်း ကျရောက်သွားမည်ကို စိုးရိမ်သည့်ပုံပေါ်သည်။ ကောင်းကင်တွင်ရှိသော မိုးကြိုးများနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ရုတ်တရက် စိတ်ပြောင်းသွားတော့သည်။

သူသည် အလျင်အမြန်ပဲ စက်အတောင်ပံကို အသက်သွင်းကာဖြင့် ထွက်ပြေးတော့သည်။ ကျိရှုသည် အစောကြီးတည်းက မိုင်အနည်းငယ်ထိ ရောက်အောင် ပြေးလွှားနှင့်ပြီဖြစ်သည်။ ရုတ်တရက်ဆိုသလိုပဲ သူ၏ အနောက်ဘက်ဆီမှ ဂိုဏ်းချုပ်တစ်ယောက်လိုက်ပါလာသည်ကို ခံစားမိ၏။ ထို့ကြောင့် အနောက်ကိုလှည့်ကြည့်ကာဖြင့် စိတ်ပျက် လက်ပျက် အော်လိုက်မိ၏။ “ဂိုဏ်းချုပ် ….. ကျုပ်နောက်မလိုက်နဲ့လေ။ မြန်မြန် …. မြန်မြန် …. တစ်ခြားကိုပြေး …. တစ်ခြားကိုပြေး …. ကျုပ်ပါ ပါသွားမှာပေါ့။”

ဝှစ် ဝှစ် …။

ကောင်းကင်ဘုံမှ မိုးကြိုးတိမ်များအားလုံးသည် ကျွင်းချောင်ရှောင်းဆီသို့ လိုက်ပါလာတော့သည်။ ပြီးနောက် ထိုတိမ်များအားလုံးသည် ကျွင်းချောင်ရှောင်းနှင့်ကျိရှုတို့အား ဖုံးလွှမ်းသွားသည်။

ဘုန်း ဘုန်း

ရုတ်တရက် မိုးကြိုးကြီးတစ်ခုသည် ဂြိုဟ်တိုက်ပွဲကြီးတည်နေရာထဲမှာ ဖြစ်တည်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်းအား ပစ်ချလိုက်တော့၏။

“မဟုတ်ဘူး။”

ထွက်ပြေးလျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် မိုးကြိုးကြီး သူ့ဆီသို့ ကျဆင်းလာသည်ကို ခံစားမိ၏။ ထို့ကြောင့် သူ၏စိတ်ထဲတွင်တော့ မကောင်းသည့်ခံစားချက်များရရှိနေသည်။

အား

ကျိရှုသည် ကျယ်လောင်စွာ အော်ဟစ်လိုက်တော့၏။ သူသည် အမှန်အတိုင်းပြောရမည်ဆိုလျှင် လွတ်ကင်းမည့် တည်နေရာတွင် ရှိနေသူဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် ပြေးစရာနေရာများ အလွန်ပေါများ လွန်းနေသော်လည်း မပြေးဘဲ သူ ရှိရာဆီသို့ ပြေးလာခဲ့သည်။ အဆုံးသတ်မှာတော့ မိုးကြိုးကပ်ဘေးထဲတွင် သူပါ ပါဝင်ပတ်သက်ခဲ့ရတော့သည်။ သောက်ကျိုးနည်း ဂိုဏ်းချုပ်ပါတကား။

ဘုန်း

အထက်နယ်မြေဆီမှ မိုးကြိုးကပ်ဘေးသည် အောက်ဆီသို့ ကျဆင်းလာခဲ့တော့သည်။ စွမ်းအင်များပေါက်ကွဲသွားပြီးသည့် နောက်မှာတော့ ဂြိုလ်တိုက်ပွဲအတွင်းတွင်ရှိနေသော သိုင်းကျင့်ကြံသူများ အားလုံးသည် မြေပေါ်သို့ပင် ဖင်ထိုင်ကျသွားရ၏။

၎င်းတို့၏ အမူအရာများသည် အလုံးစုံပုံပျက်ပန်းပျက်ဖြစ်လျက်ရှိနေပြီး ကြမ်းတမ်းလှသည့် တိုက်ခိုက်ချက်အောက် တွင်တော့ ကောင်းကင်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူပင်လျှင် တစ်ခါတည်း သေဆုံးသွားလောက်သည့် အားအင်မျိုး ဖြစ်နေသည်ကို အတိုင်းသား မြင်နေရသည်။

“သွားပြီပဲ။”

မိုရှန်ရှမ်းက ပြောလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ သိုင်းကျင့်ကြံသူကတော့ ဘယ်လိုမှ လွတ်မြောက်နိုင်မှာမဟုတ်တော့ဘူး။ သူ့ရဲ့ ဝိညာဉ်တစ်ခုလုံးတောင် ဖျက်ဆီးခံရနိုင်တယ်။ စည်းမျဉ်းစည်းကမ်းကို ကျော်လွန်ပြီး လူတွေအများကြီးကို သတ်ဖြတ်ပစ်တာ။ ဒီလိုကိစ္စမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။”

“ကြည့်ရတာ ဒီနေရာက လူတွေကို သတ်ဖြတ်ပစ်နိုင်တယ်ဆိုပေမဲ့ ကန့်သတ်ချက်တွေတော့ ရှိနေသေးတာပဲ။”

မိုရှန်ရှမ်းက ပြောလိုက်သည်။ “ကန့်သတ်ချက်ထက်ကျော်လွန်သွားရင်တော့ ဘယ်သူမှ တတ်နိုင်မှာမဟုတ်ဘူး။ သတ်ဖြတ်ခြင်းကိုပြန်ပြီးခံရလိမ့် မယ်။”

…

မိုးကြိုးပစ်ချခံရသည့်တည်နေရာထဲမှာတော့ မြေပြင်ကြီးသည် အက်ကွဲလျက်ရှိနေပြီး ကြမ်းတမ်းလှသည့် လျှပ်စီးဒဏ် များအားလုံးသည် တည်နေရာထဲတွင်ဖြစ်တည်လျက်ရှိနေ၏။

ထိုမိုးကြိုးပစ်ချခံရသောကြောင့် ဖြစ်တည်နေသည့် တည်နေရာအက်ကွဲကြောင်းကြီးသည် အလွန်တရာ ကြီးမားလွန်းလှသည်။

ဘုတ် ဘုတ်

ထိုအချင်းအရာကို မြင်သည့်နောက်မှာတော့ အဝါရောင်အဆင့် သိုင်းကျင့်ကြံသူများအားလုံးသည် ခြေတွေ၊ လက်တွေ တုန်ခါပြီးသည့်နောက် မြေပေါ်သို့ လဲပြိုသွားခဲ့ကြ၏။

မိုးကြိုးအပြစ်ပေးမှုနှင့် အနီးစပ်ဆုံးတွင် နေရသည့်မို့ ၎င်းတို့သည် စွမ်းအင်လှိုင်းများသီးခြားမထိခိုက်သော်လည်း သက်ရောက်မှုတစ်ချို့ကိုတော့ ခံယူလိုက်ကြရတော့၏။ ၎င်းတို့အားလုံးသည် ငရဲပြည်သို့ အလည်တစ်ခေါက်သွားလိုက်ရသလိုခံစားနေမိကြသည်။

“ဒါအထက်နယ်မြေရဲ့စွမ်းအင်တွေလား။ ကြောက်ဖို့ကောင်းလိုက်တာ။”

“ငါက ပုရွက်ဆိတ်တစ်ကောင်လောက်တောင် အားမရှိဘူးလို့ ခံစားရတယ်။”

“ဒါဆိုရင် ခွန်သားရဲနဲ့ မျက်နှာဖုံးစွပ်လူက သေသွားပြီလား။”

များပြားလှသော ကျင့်ကြံသူများအားလုံးသည် ထိတ်လန့်တုန်လှုပ်နေမိကြ၏။ လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်း၏ ပက်ပက်စက်စက်သတ်ဖြတ်မှုကို သူတို့အနေနှင့် ကြောက်လန့်ရုံသာမက မိုးကြိုးကပ်ဘေး ၏ ကြောက်မက်ဖွယ်ရာကောင်းသည်ကိုလည်း မျက်ဝါးထင်ထင်မြင်မိလိုက်ကြ၏။

ထို့ကြောင့် လက်ရှိအခြေအနေမှာတော့ မည်သူမှသည် အဘိုးကြီးကွမ်ဟိုင်ထားခဲ့သော အမွေအနှစ်ကို ဂရုစိုက်နိုင်စွမ်း မရှိကြတော့ချေ။

…..

“ငါအသက်ရှင်နေသေးတာဘဲ။”

ပုံရိပ်ယောင်တည်နေရာတစ်ခုတည်းမှာတော့ ခရမ်းရောင်ဘုရင်သည် မယုံကြည်နိုင်စွာ ပြောလိုက်၏။ မိုးကြိုးကပ်ဘေး ကျဆင်းလာသည့်အချိန်မှာတော့ သူသည် လူသားပုံစံကို ပြန်လည်ပြောင်းလဲလိုက်၏။ အဘယ့်ကြောင့်ဆိုသော် ၎င်း၏ ခန္ဓာကိုယ်သည် ကြီးမားလွန်းသောကြောင့် မိုးကြိုးအပြစ်ပေးမှု ကျဆင်းလာချိန်မှာ ကျိန်းသေပေါက် အရင်ဆုံးခံရမှာ ဖြစ်သည်။ ခန္ဓာကိုယ်သာသေးငယ်မည်ဆိုပါက အသက်ရှင်နိုင်ရန် အခွင့်အလမ်းရှိနေသေး၏။

သို့ပေမဲ့ ခရမ်းရောင်ဘုရင်သည် မိုးကြိုးကပ်ဘေးကြီး ကျဆင်းလာသည့်အချိန်တွင် မည်သို့မျှ မတတ်နိုင်သည့် ခံစားချက်များကို ရရှိခဲ့သည်။

ဂိုဏ်းချုပ်သည် လက်ကိုယမ်းခါလိုက်ပြီးသည့်နောက်မှာတော့ သူ၏ ရှေ့တွင်ရှိသော မြင်ကွင်းတစ်ခုလုံးသည် ပျောက်ကွယ်သွားခဲ့၏။

ပုံရိပ်ယောင်မြင်ကွင်းတစ်ခုသည် ပေါ်ပေါက်လာခဲ့တော့သည်။

ဝေါ့

ခြေချိတ်ကာပင် ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် သွေးတစ်လုတ် အန်ထုတ်လိုက်၏။ သူ၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်လျက်ရှိသည်။ “ဒါက အထက်နယ်မြေရဲ့ မိုးကြိုးကပ်ဘေးလား။ ကြောက်ဖို့ကောင်းလိုက်တာ။”

သေခြင်း၊ ရှင်ခြင်းအခြေအနေမှာတော့ သူသည် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီကို ထုတ်ယူကာ အကာ အကွယ်စနစ်ကို အသက်သွင်းခဲ့တော့၏။

မိုးကြိုးကပ်ဘေးကြီးသည် ကြောက်ဖို့ကောင်းလှသည်။ ထို့ကြောင့် သူသည် ဤအရာအား ခုခံနိုင်မလား၊ မခုခံနိုင်မလား ဆိုသည်ကို လောင်းကစားလုပ်ကာ ထုတ်ဖော်ခဲ့ခြင်းပင်ဖြစ်သည်။ သို့ပေမဲ့ သူစိတ်မပျက်ရချေ။ ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် မိုးကြိုးကပ်ဘေးကြီးအား ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ခဲ့တော့သည်။

ဟူး ဟူး

ရုတ်တရက်ဆိုသလိုဘဲ ကြမ်းတမ်းလှသော မိုးကြိုးဓာတ်သဘာဝများအားလုံးသည် တည်နေရာထဲတွင် ဖြစ်တည်နေ၏။

“ဒါက”

ခရမ်းရောင်ဘုရင်သည် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “မိုးကြိုးကပ်ဘေးထဲက မိုးကြိုးတွေလား။”

ဗွမ်း

အားရာသည် ကျွင်းချောင်ရှောင်း၏ရှေ့တွင် ပေါ်လာ၏။ သူသည် နှုတ်ခမ်းကိုစူကာ ပြောလိုက်တော့၏။ “ခုနကတိုက်ခိုက်တဲ့ မိုးကြိုးက အရမ်းကို အားကောင်းတယ်။ တစ်ဝက်လောက်ကိုပဲ ကျွန်မက စုပ်ယူထားနိုင်တယ်။ တစ်ခြားတစ်ဝက်ကတော့ ဖြုန်းတီးသလို ဖြစ်သွားခဲ့တယ်။”

ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီ၏ အကာအကွယ်စနစ်သည် နှစ်မျိုးနှစ်စားရှိ၏။ တစ်ခုသည် စေတီထဲသို့ စွမ်းအင်များကို စုပ်ယူခြင်းဖြစ်ပြီး အခြားတစ်ခုမှာတော့ ထိုအရာများကို သန့်စင်ပေးခြင်းပင် ဖြစ်သည်။

မိုးကြိုးကပ်ဘေးကြီးသည် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည်။ အားရာသည် ထိုစွမ်းအင်များ၏ တစ်ဝက်ကို သာစုပ်ယူနိုင်စွမ်းရှိနေတော့၏။ တစ်ခြားသောတစ်ဝက်သည် အပြင်ဘက်သို့ ရောက်ရှိသွားခဲ့တော့၏။ ထိုသို့ တစ်ဝက် လောက်ကို စုပ်ယူနိုင်ခဲ့သည်ဖြစ်သောကြောင့်သာ ကျွင်းချောင်ရှောင်းအနေနှင့် မသေဆုံးခဲ့ခြင်းပင် ဖြစ်တော့၏။

“အဆင်ပြေရင်ပြီးတာပဲ။”

ကုန်းရှန့်သည် လက်ရှိအချိန်မှာတော့ အသက်ရှင်နေရင်ပြီးတာပဲ ဆိုသည့်ခံစားချက်မျိုးပင် ရရှိနေခဲ့သည်။

“သခင်”

အားရာသည် သေးငယ်လှသော ကြာပွင့်လေးကို ထုတ်ယူကာ ပြောလိုက်မိ၏။ “စုပ်ယူလိုက်တဲ့ မိုးကြိုးဓာတ်သဘာဝတွေကို သေသေချာချာလေ့ကျင့်ပေးလိုက်မယ်။”

“အင်း အင်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ဖြောင်း ဖြောင်း ဖြောင်း

အားရာသည် လည်သာကြာပွတ်ကို လေထဲတွင် ရိုက်ခတ်လိုက်၏။

မိုးကြိုးအပြစ်ပေးမှု ဓာတ်သဘာဝများသည် လူသားတစ်ခုအသွင်ပြောင်းသွားသည်။ ပြီးနောက် ထောင့်တစ်ခုတွင် တုန်တုန်ရီရီနှင့် ချောင်ကပ်လျက်ရှိနေသည်။

“ဒါက”

ခရမ်းရောင်ဘုရင်သည် မျက်လုံးပြူးသွားမိ၏။ ဤအရာသည် ပုံပန်းသွင်ပြင်မရှိသည့် ဓာတ်သဘာဝစွမ်းအင်များ မဟုတ်လား။ အဘယ့်ကြောင့် ကြာပွတ်နှင့် ရိုက်နှက်၍ ရနေသနည်း။

“သခင်”

အားရာသည် အနီရောင်အတွင်းခံကိုသာ ဝတ်ဆင်ထားသော ခရမ်းရောင်ဘုရင်အား အထင်မြင်သေး သလိုကြည့်ကာ ပြောလိုက်သည်။ “ဒီလူကိုကော လေ့ကျင့်ပေးလိုက်ရမလား။”

“ကောင်မလေး။”

ဟောခန်းသခင်ကျိသည် အေးစက်စက်ဖြင့် ကြည့်လိုက်၏။ “စကားလုံးတွေကို သတိထား။”

ဆွစ် ဆွစ်

ပြောပြီးသည့်နောက်မှာတော့ အနီရောင်ကြိုးများသည် လေဟာနယ်ထဲတွင် ပျံသန်းလာပြီးသည့်နောက်မှာတော့ ခရမ်းရောင်ဘုရင်ကို ချုပ်နှောင်လိုက်၏။ ပြီးနောက် လေထဲသို့ ဆွဲတင်လိုက်တော့သည်။

အားရာသည် လယ်သာကြာပွတ်ကို အသာကိုင်၍ အေးစက်စက်ဖြင့် ပြောလိုက်တော့၏။ “ဒါကကျွန်မနေရာ လာပြီးမောက်မာမနေနဲ့။”

All Chapters